Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အီလက်ထရောနစ် စက်ပြင်သင်တန်း

( သင်တန်းအမျိုုးအစား)
အီလက်ထရောနစ် စက်ပြင် သင်တန်း

(သင်ကြားမည့် ဘာသာရပ်များ )
 အီလက်ထရောနစ် အခြေခံပစ္စည်းများ အကြောင်း၊ မာ(လ်)မီတာနှင့် တိုင်းတာနည်းမျိုးစုံ။
 ဆာကစ်လိုက်ခြင်၊ ဆာ့ကစ်ပုံများရေးဆွဲခြင်း၊ ဆာ့ကစ်ဖတ်ခြင်း။
 အခြေခံရေဒီယို လှိုုင်းများအကြောင်း၊ အသံချဲ့စက် စနစ်အမျိုးမျိုးနှင့် လက်တွေ့တည်ဆောက်ခြင်း။
 အင်ဗာတာ၊ မီးအားမြှင့်စက်၊ ဘက်ထရီအားသွင်းစက်။
 ရီမု(သို့)လက်ခုပ်သံဖြင့် လျှပ်စစ် ဖြတ်တောက် ဆာ့ကစ်၊ အချက်ပေးဆာ့ကစ် အမျိုးမျိုး။
 ခြင်နှင်စက်၊ အာရုံခံဆာ့ကစ် အမျိုးမျိုးနှင် ခေတ်ပေါ်အသုံးချဆာ့ကစ်များအား ကိုယ်တိုင်တည်ေ်ဆာက်ခြင်း။
 DVD, EVD နှင့် Laser ဖွင့်စက်အမျိုးမျိုးကို လက်တွေ့ပြုပြင်ခြင်း။

(သင်တန်းတက်ရောက်နိုင်မည့်သူများ)
အခြေခံပညာ ၅ တန်းနှင့်အထက်ရှိပြီး အီလက်ထရောနစ်ပညာရပ်အား ဝါသနာပါ၍ အမှန်တကယ်
တတ်မြောက်လိုသူများ။

( သင်တန်းကာလနှင့် အချိန် )
(၁)လတိတိ။ တစ်ပတ် (၆)ရက် တက်ရောက်ရမည်။ တနင်္ဂနွေ နေ့တိုင်း သင်တန်းပိတ်သည်။

(လိုအပ်ချက်များ )
ဗလာစာအုပ်၊ ဘောပင်၊ခဲတံ၊ ခဲဖျက်၊ ဖောင်ဖြည့်ရန် ပတ်စပို့ (၂)ပုံ။

(စာရင်းပေးသွင်းရမည့် အချိန်)
၅.၈.၂၀၁၂ (တနင်္ဂနွေနေ့)၊ နံနက် ၉ နာရီမှ ၁၂ နာရီအတွင်း တက်ရောက်လိုသူများ လာရောက်စာရင်းသွင်းအပ်နှံရန်။ ( ၈.၈.၂၀၁၂ )တွင် သင်တန်းစတင် တက်ရောက်ရမည်။
မှတ်ချက်။ ။ အထက်ပါ သင်ရိုးနှင့် ပတ်သက်၍ လိုအပ်သည်များကို သင်တန်းမှသာ ထောက်ပံ့သဖြင့် မည်သည့်ငွေကြေးမှ ကုန်ကျခြင်းမရှိ။

ဆက်သွယ်ရန်။ ။ ‘S.E.A Education Group ‘ အမှတ်(၅၂/ဘီ)၊ ၅ လွှာ။ လှည်းတန်းနှင့်
စံရိပ်ငြိမ် မှတ်တိုင်ကြား၊ ကမာရွတ်မြို့နယ်။ ရန်ကုန်။
Ph-09 421093267။ Email- sea.unity.2009@gmail.com

10 comments

  • P chogyi

    August 1, 2012 at 11:22 am

    စာသင်ကြားချိန် သိလိုပါတယ်။
    ဥပမာ- နံနက် ၉ နာရီမှ ၁၂ နာရီအထိ။

  • manawphyulay

    August 1, 2012 at 11:30 am

    အတတ်သင်လား… လက်မှတ်ပေးမှာလား။
    ယောက်ျားလေးပဲလား မိန်းကလေးကော ပါသလား။
    တစ်ပတ် ၆ ရက်ကို ဘယ်အချိန်တွေ တက်ရမှာလဲ..

  • ရာဇဝင်လူဆိုး

    August 1, 2012 at 7:19 pm

    P chogyi ရေ.. ဟုတ်ပါတယ်…။ နံနက် ၉ နာရီမှ ၁၂ နာရီအထိ။ တနင်္ဂနွေနေ့တိုင်း ပိတ်ပါတယ်။
    မမနောရေ..။ ကျနော် သင်တန်ေးတာ့ ဟုတ်ဖူး။သူငယ်ချင်းတစ်ယောက် ဖွင့်ထားတာ။ သူ့အစား ကျနော်တင်ပေးတာပေါ့။ တစ်နှစ်ကိုတစ်ခါသူတို့က ပညာဒါန လုပ်ပေးတာ။ အခြေခံ အီလက်ထရောနစ်တွေက စပြီး အောက်စက်အထိ။ သင်တန်းဆင်းအောင်လက်မှတ် ထုတ်ပေးပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် နီးစပ်ရာ စိတ်ဝင်စားသူတွေကို လက်တို့လိုက်ပေါ့။ ယောက်ကျားလေးရော၊ မိန်းကလေးရော သင်လို့ရပါတယ်။ ကျနော်ပါ ဝိုင်းလုပ်ပေးနေတဲ့ NGO ဆန်ဆန် သင်တန်းတစ်ခုပါ။လောလောဆယ်တော့ ကျနော် ရန်ကုန်မှာ မရှိပါ။

    (စာရင်းပေးသွင်းရမည့် အချိန်)
    ၅.၈.၂၀၁၂ (တနင်္ဂနွေနေ့)၊ နံနက် ၉ နာရီမှ ၁၂ နာရီအတွင်း တက်ရောက်လိုသူများ လာရောက်စာရင်းသွင်းအပ်နှံရန်။ ( ၈.၈.၂၀၁၂ )တွင် သင်တန်းစတင် တက်ရောက်ရမည်။

    • myo tun

      August 1, 2012 at 7:33 pm

      ပညာ ရေးအလှူ လုပ်တာတော့ ကောင်းပါတယ် circuit ကို မသင် သေးခင် basic component အကြောင်း ကို အနည်းဆုံး ၃ လအချိန်ပေး သင် သင့်တယ် ထင်တယ်ဗျ ,,,,

  • the best

    August 1, 2012 at 9:38 pm

    အခြေခံပညာ ၅ တန်းနှင့်အထက်ရှိသူများကို
    ဒီလို သင်ရိုးတွေသင်ရမယ် ဆိုတော့ တော်တော်တော့မလွယ်တဲ့ ကိစ္စပါပဲ။

    သင်တန်းသားအရေအတွက် ကန် ့သတ်ထားတာမတွေ ့ဘူး။
    ဖြေရှင်းနိုင်တဲ့နည်းလမ်း စီစဉ်ထားမယ်လို ့ထင်ပါတယ်။

    လက်တွေ့တည်ဆောက်ခြင်းမှာ ကိုယ်တိုင်တစ်ယောက်စီလုပ်ရတဲ့အခါ
    လက်တွေ့တည်ဆောက်တဲ့ ပစ္စည်းတွေ ပြည့်ပြည့်စုံစုံ စီစဉ်ရမဲ့ အခက်အခဲတွေကလည်း
    တော်ရုံတန်ရုံ အင်အားနဲ ့လုပ်ရတာ မလွယ်ဘူး။
    စီစဉ်ထားသလောက် လက်တွေ့တည်ဆောက်တဲ့ ပစ္စည်းတွေနဲ ့
    တစ်ယောက်စီ ကိုယ်တိုင်အောင်မြင်အောင် တည်ဆောက်ဖို ့ ဆိုတာလည်းမလွယ်ဘူး။
    တစ်ယောက်စီ လိုက် ဖြေရှင်းရတာလည်း အချိန်အတော်ပေးရမှာ။

    ဘာဘဲဖြစ်ဖြစ် ဒီလိုစေတနာထားသင်ပေးနိုင်တာကို ကြိုဆိုရမှာပဲ။
    တစ်ကယ်တန်ဘိုးရှိတဲ့သင်တန်းတစ်ခုပါပဲ။
    အီလက်ထရောနစ်ပညာရပ် ဝါသနာပါ၍ အမှန်တကယ်
    တတ်မြောက်လိုသူများတွေ ပျိုးထောင်ပေးတဲ့
    “ S.E.A Education Group ” တိုးတက်အောင်မြင်ပါစေလို ့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

  • သဌ္ဇာနာဂရ

    August 1, 2012 at 9:43 pm

    အင် းးးးစိတ်ဝင်စားဖွယ် သင်တန်းတစ်ခုပါ။သို ့သော် သင်တန်း ကာလ(၁)လဆိုတာ
    နည်းလွန်းဘူးလားဗျာ

  • ပင်လယ် ပျော်

    August 1, 2012 at 10:49 pm

    ပညာဒါနဆိုတာ အရမ်းကိုမွန်မြတ်ပြီး ကုသိုလ်အလွန်ရပါတယ်ဗျာ…….

  • ရာဇဝင်လူဆိုး

    August 2, 2012 at 12:00 pm

    ကိုမျိုးထွန်းရေ…တကယ်တမ်းသင်မယ်ဆိုရင်တော့ basic component က အဲဒီလောက်အချိန်မှ လုံလောက်မှာပါ။ ဒါပေမယ့် ကာလတိုမှာ သိသင့်တဲ့ သိအိုရီပဲသင်ပြီး လက်တွေ့ကိုပဲတကယ်ရသွားအောင် ချုံ့လိုက်ရတာပါ။ အဓိကကတော့ လက်တွေ့လုပ်ဆောင်တဲ့အခါမှာ သိထားသင့် ၊ကျွမ်းကျင်ထားသင့်တဲ့အရာတွေပဲ ဦးစားပေးသင်ကြားပေးမှာပါ။

    the best ရေ..ဆုတောင်းပေးလို့ကျေးဇူးတင်ပါတယ်။ လက်တွေ့တည်ဆောက်တဲ့ အခါ အုပ်စုတွေခွဲပြီးလုပ်ဆောင်စေပြီးမှ နောက်ပိုင်း Project တွေကို တစ်ဦးကို တစ်မျိုးစီ လက်တွေ့စာမေးပွဲဖြေခိုင်းဦးမှာပါ။ ကျနော်တို့ ဦးစားပေး ဦးတည်တာက သက်တမ်းလွန်ပညာရေးလို့ခေါ်တဲ့ ပညာတစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်လိုက်ရတဲ့ လူငယ်တွေကိုပါ။ ပညာတစ်ပိုင်းတစ်စနဲ့ဆိုတော့ ဒီလိုအသက်မွေးဝမ်းကြောင်း ပညာလေးတစ်ခုတတ်ထားတော့ ကိုယ်ပိုင်ဝင်ငွေရှာနိုင်အောင်ပါ။ နောက်ပြီး အီလက်ထရောနစ်ကို ဝါသနာပါတဲ့ သူတွေအားလုံး အတွက်ရည်ရွယ်ပါတယ်။ ပြောရရင် ကျနော်တို့နိုင်ငံမှာ အီလက်ထရောနစ်ပညာက တော်တော်ကို ခေတ်နောက်ကျ နေတယ်လို့ ထင်ပါတယ်..။ တစ်ဖက်တစ်လမ်းက ကြိုးစားကြည့်တာပါ။

    သဌ္ဇာနာဂရ ရေ..။ အမှန်အတိုင်းပြောရရင် အချိန်က နဲပါတယ်။ ကျနော်တို့ အခြားအတန်းတစ်ခုကို ဖြုတ်ပြီး စီစဉ်လိုက်တာကြောင့်ပါ။ ဒါပေမယ့် သင်တန်းကာလပြီးလို့ ကျွမ်းကျင်မှုလိုအပ်တယ်ဆိုရင် နောက်ထပ် ၂ လ အခမဲ့လေ့လာခွင့်ရှိအောင် စီစဉ်ထားပါတယ်။

  • မောင်ပေ

    August 2, 2012 at 9:03 pm

    ကျွန်တော့်အနေနဲ ့တော့
    ကိုရာဇဝင်လူဆိုးတို ့သင်ပေးမယ့် ပညာရပ်တွေနဲ ့ပတ်သက်ပြီး မသင်ခဲ့ဘူးလို ့မသိလို ့ဘာမှ မပြောတတ်ပေမယ့် ကိုရာဇဝင်လူဆိုးရဲ ့ပညာပေးကုသိုလ်အတွက် လေးစားစွာဖြင့် သာဓု သုံးကြိမ်ပဲ ခေါ်ဆိုလိုက်ပါတယ်ဗျား

  • ရာဇဝင်လူဆိုး

    August 3, 2012 at 4:32 pm

    ကိုပေရေ… ကျေးဇူုးတင်ပါတယ်။ ကိုပေ သင်တန်းလာတက်ရင်တော့ ကျနော်တို့ ထမင်းပါကျွေးမယ်။ ဘီအီးတော့ ပါဘူးနော်။ နောက်တာ….။

Leave a Reply