လူပျိုကြီးများနှင့်ပြောဖြစ်သောအချစ်စတိုင်ထုတ်မှုများ
မနေ့က သူငယ်ချင်းလူပျိုကြီးနှစ်ယောက်နှင့် ဘီယာဆိုင်လေးထိုင်ရင်း ဘဝမှာဖြတ်သန်းခဲ့ဖူးသော အချစ်ဒသနများ၊ အချစ်ဟုထင်မှတ်မိသောအချစ်မဟုတ်သောအကြောင်းအရာများ၊ ငယ်ရွယ်နုပျိုစဉ်မှာ ကြုံတွေ့ခဲ့ရသောအချစ်စမ်းမှုများအကြောင်းကို ရောက်တတ်ရာရာပြောဆိုမိကြသည်ပေါ့…
အရင်တုန်းက ကျွန်တော်ရေးဖူးသလိုပေါ့ဗျာ… When I was younger… ကျွန်ုပ်ရမ်းကားစဉ်အချိန်တုန်းက…
ကျွန်တော်တို့လူပျိုပေါက်အချိန်တုန်းက Rocker ကြီးတွေခေတ်စားသကိုး… အခု Punk တို့ Rapper တို့ခေတ်စားသလိုပဲ… တေးဂီတရဲ့ Fashion ထဲမှာ ကျွန်တော်တို့စီးမျောခဲ့ဖူးပါတယ်…
Jeans ဘောင်းဘီကျပ်ကျပ်၊ အရိုးခေါင်းပုံတို့ လျှပ်စီးပုံတို့ပါတဲ့ T-Shirt အနက်လေးတွေဝတ်တဲ့အရွယ်… အိမ်နဲ့အတိုက်အခံလုပ်ပြီး ဆံပင်ရှည်ရှည်ထားတတ်တဲ့အရွယ်ပေါ့… အဲဒီနောက်မှာ မကောင်းတဲ့အကျင့်တစ်ခု ပါလာတာက စီးကရက်စသောက်ခြင်းပေါ့ဗျာ… စီးကရက်လေးကို ဟန်ပါပါခဲထားခြင်းကလဲ စတိုင်တစ်ခုကိုဖန်တီးခြင်းပေါ့…
ကျွန်တော်အသက် ၁၅၊ ၁၆ လောက်… နေတဲ့မြို့က တောင်ကြီးမြို့… ရာသီဥတုအေးအေးနဲ့ သိပ်ပြီးစတိုင် ထုတ်လို့ကောင်းသကိုး… အဲဒီလိုပဲ ကားနဲ့ဆိုင်ကယ်သာရှိတဲ့မြို့ဆိုတော့လဲ ဘယ်သွားသွား၊ ဘယ်လာလာ ဆိုင်ကယ်လေးကိုယ်စီနဲ့တော်တော်လေးဆွဲဆောင်မှုရှိတဲ့မြို့လေးပေါ့ဗျာ…
ညနေဘက်ဆိုရင် မင်းလမ်း (ဗိုလ်ချုပ်လမ်း)ပေါ်က ကျူရှင်ဆင်းတဲ့ကောင်မလေးတွေကို လက်ဘက်ရည်ဆိုင် ကနေစောင့်ပြီး လိုက်ကြောင်ရတဲ့ဘဝက အမှတ်ရစရာလေးကိုး… အခုအဲလိုပြန်လုပ်ပါဆိုရင် ဘယ်လာလုပ်ရဲပါ့မလဲ… ငယ်ဘဝအမှတ်တရလေးတွေပြန်ရေးတော့ ကိုယ့်ပေါင်ကိုလှန်ပြီးနာနာကျိတ်ရသ ကိုး… ဒါလဲသိပ်လွယ်လှသည်တော့မဟုတ်…
ကျွန်တော်တို့ခေတ်က ဇော်ဝင်းထွဋ်ခေတ်… လေးဖြူနဲ့ အိုင်စီက ဘာမှမဟုတ်သေးတဲ့အချိန်… ကျွန်တော်ကိုယ်တိုင်လဲဝန်ခံဖူးပါတယ်… ကိုညီထွဋ်ခရေဇီတစ်ယောက်ပါဆိုတာ… အဲဒီအချိန်တုန်းက ကိုညီထွဋ်ဆံပင်ညှပ်လိုက်တယ်ဆိုတာတောင် လိုက်ညှပ်တဲ့အရွယ်လေးကိုး…
ကျွန်တော်ကြိုက်တဲ့ကောင်မလေး သချင်္ာကျုရှင်အဆင်းကို ကျူရှင်လမ်းဝမှာသွား စောင့်ပြီး စကားလိုက်ပြော နေကြပေါ့… အဲဒီတုန်းက ကျွန်တော်ကြိုက်တဲ့ကောင်မလေးက တော်တော်လေးအသဲမာတယ်ဆိုရမယ်… ကျွန်တော့်မြင်ရင် မျက်နှာအတည်ပေါက်နဲ့ ကျွန်တော်လဲတစ်ခါမှ စကားပြန်မရသလို… တစ်ချက်လောက် ငဲ့ကြည့်တာတောင်မခံရဖူးဘူး… အနည်းဆုံး (၁၅)ခေါက်လောက် စကားလိုက်ပြောဖူးတာကိုနော်…
အဲဒီမှာ ကိုယ်ကြိုက်တဲ့ကောင်မလေးကိုစကားလိုက်ပြောတယ်ဆိုတော့ ဝတ်စားထားတဲ့စတိုက်ကလဲ တစ်ပြားမှလျော့လို့မရဘူးလေ… Levi’s 501 မိုးပြာရောင်လေးရယ်… T-Shirt အနက်လေးနဲ့ လယ်သာဂျက်ကင်၊ ဆံပင်ရှည်ရှည်ဒီဇိုင်း… ဖိနပ်ကြတော့ Tony Lama Country Shoe ကို မြွေသားရေနဲ့… အဲဒီတုန်းက ကိုညီထွဋ်နဲ့ဆင်တူဆိုမစားရက်မသောက်ရက်စုဝယ်ရတာ… ခေတ်စကားနဲ့ပြောရရင်ဂိုက်ပေး ကြမ်းခဲ့တာကိုး… အခုအချိန်မှာတော့ အဖိုးကြီးဖက်ရှင်ဆိုနိုင်သပေါ့လေ…
တစ်နေ့ မိုးကလဲဖွဲဖွဲလေးရွာ…
ကျူရှင်ဆင်းချိန်ကျတော့… ကောင်မလေးသွားမယ့်လမ်းမှာ ဓာတ်တိုင်လေးမှီပြီး သူလေးကိုစောင့်…
အချိန်မှန်ပါပဲ… ကျူရှင်ထဲကနေ ငြင်ငြင်သာသာခြေလှမ်းလေးနဲ့ လမ်းလျှောက်ပြန်အလာ…
ကျွန်တော့်နားမရောက်ခင် ဓာတ်တိုင် (၂)တိုင်လောက်အလိုမှာ ကျုပ်ကလဲဟန်ပါပါ… ဂျာကင်ထဲက မာဘိုရိုဗူးပျော့ (Soft Pack) လေးကိုထုတ်…
ဘောင်းဘီခါးအိတ်ထဲက Zippo မီးခြစ်ကိုထုတ်…
ဆေးလိပ်လေးကိုနှုတ်ခမ်းမှာတေ့ပြီး… မီးအညှိ…
ကံများဆိုးချင်တော့… ဖွင့်လိုက်ပိတ်လိုက်… ဘောင်းဘီခါးနားကအိတ်သေးလေးထဲမှာထည့်လိုက်နဲ့ ဘယ်အချိန်ကတည်းက ပြုတ်ချင်နေမှန်းမသိတဲ့ မီးခြစ်အဖုံးပတ္တာလေးကပြုတ်ပြီး ကောင်မလေးလာရာလမ်းမှာ ကလောင်…. ကလောင်…. ကလောင်… ဆိုပြီးပြုတ်ကျသွားတော့… အဲဒီအချိန်က ၃၀၀ဝ ကျော်တန်တဲ့မီးခြစ်မို့ မထားခဲ့ရက်တာကြောင့်… ကောင်မလေးလဲကိုယ့်ကိုကျော်အသွား… မီးခြစ်အဖုံးလေးကို အပြေးလေးကောက်… ကျော်သွားတဲ့ကောင်မလေးကို အမီလိုက်ဖို့ စပိလေးတင်ပြီးနောက်အလှည့် စီးထားတဲ့ Country Shoe က အောက်မှာ အထစ်တွေမပါတဲ့ဖိနပ်ဆိုတော့ မိုးရေခပ်စပ်စပ်မှာ ရှီးကနဲ… မှောက်ယှက်လဲတော့မှ…
ဘယ်တုန်းကမှလှည့်မကြည့်တဲ့… ချစ်သူ့ရဲ့အကြည့်တင်မကဘူး… ခွိဆိုတဲ့ရယ်သံလေးတောင်ရလိုက် သေးတယ်လို့…
လူပျိုကြီးများနဲ့စကားလေးတွေပြောရင်း ငယ်ဘဝပေါက်ကရဖြစ်စဉ်များနဲ့ ငယ်စဉ်ရင်ခုန်မှုများကို ရင်ခုန်လက်စ လူပျိုကြီးများအားမျှဝေရင်း… တစ်ညတာ စီးကရက်လေးဖွာရင်း စကားစမြည်ပြောမိပါတော့တယ်…
ခင်မင်လျက်-
ကြောင်ဝတုတ်
33 comments
နွယ်ပင်
August 1, 2012 at 1:33 pm
ဟိ …. ကိုဖက်အဖြစ်ကလည်း ……
ဒါပင်မယ့် လှည့်ကြည့်ဖော်ရသေးတယ်ဆိုတော့ တော်သေးတာပေါ့လေ .
ဒါနဲ့ ကောင်မလေးနာမယ်က ဘယ်လိုခေါ်သလဲဟင် …
ဘာရယ်တော့ မဟုတ်ပါဘူး ဒီအတိုင်းလေးပဲ မေးကြည့်တာပါနော် … 😛
ကြောင်ဝတုတ်
August 1, 2012 at 2:00 pm
(၁) အခုယူထားတဲ့မိန်းမမဟုတ်တာသေချာကြောင်း
(၂) အခုထက်အထိအကြိမ်ကြိမ်စဉ်းစားသော်လဲ မျက်နှာလေးသာပေါ်လာပြီး နာမည်ကိုစဉ်းစားမရတော့ပါကြောင်း
(၃) ယခုအချိန်တွင်ပြန်တွေ့မည်ဆိုပါက သူလဲပဲ အသက်(၃၀)ကျော် အန်တီအရွယ်ကြီးဖြစ်နေလောက်ပါကြောင်း
ခင်မယ်လျက်-
ကြောင်ဝတုတ်
shwe kyi
August 1, 2012 at 2:09 pm
အယ်တော့ ကိုကြောင်ဝတုတ်အသက်(၃၀)ကျော်အန်တီအရွယ်ကြီးတဲ့လား။
သွားပြီရွှေကြည်လည်းနောက် ၂ နှစ်လောက်ဆိုအန်တီကြီးဖြစ်ပါပေါ့လား
အခုတော့ အန်တီလေးပေါ့ 😀
ကြောင်ဝတုတ်
August 1, 2012 at 2:17 pm
လူပျိုကြီးများနှင့်ပြောသောစကားများပြီးရင်…
အပျိုကြီးများနှင့်ပြောသောစကားများလာမယ်…
ဒါနဲ့စကားမစပ်… ရွှေကြည်က အပျိုကြီးလားဟင်…
ခင်မင်လျက်-
ကြောင်ဝတုတ်
mamanoyar
August 1, 2012 at 1:41 pm
ဪ ဖစ်မှဖစ်ရလေ
ကိုကြောင်ရယ်
သနားစရာပါလားနော်
ကောင်မလေးရှေ့ မှောက်ရက်လဲရတဲ့ဘဝ
pan pan chit
August 1, 2012 at 1:44 pm
မှောက်လဲတာလား
ပက်လက်လန်ကျတာ ဟုတ်ဘူးလားဟင်င်
ခုချိန်တော့ အဲ့လိုလဲကျသွားရင် မြေတုန်သွားမှာပဲ 😆
Solid_Sn@ke
August 1, 2012 at 1:49 pm
ကျနော်တို့ ခေတ်ကျတော့ … ဘွိုင်းဘန် ဂဲလ်ဘန်တွေ ခေတ်စားတဲ့ အချိန်ဗျို့…
တိပ်ခ်သက်ခ် ကကွဲသွားပြီး ..ထိပ်ဆုံး ဘွိုင်းဇုံ ခေါင်းထောင်လာတယ်..
ပီး ..ဘက်စွိဘွိုင်း… ဟန်ဆင်စ် နောက်တော့ ..မကြာပါဝူး အန်ဆင့် တို့ …၉၁၁ တို့
ဖိုက်ဘ် တို့ ..နိုင်တီအိပ် ဒီဂရီ တို့ ..အလျိုလျို …..
အဝတ်အစားပိုင်းကတော့ ..နည်းနည်း ကတ်စူယယ် ဝဲ ဖြစ်ကုန်ကြပြီ ဆိုပါတော့…
ကျုပ်ကတော့ ဆယ်ကျော်သက်ကတည်းက နားရွက်တခုတည်း ၁၉၈ဝပြည့်လွန် နှောင်းပိုင်းနဲ့ ၁၉၉ဝ ရှေ့ပိုင်း နှစ်တွေမှာ ကျန်ရစ်ခဲ့လေတော့…
ဟီး …… ပြောရမှာ ရှက်လည်း ရှက်ပါရဲ့ ..ရှက်လည်း ရှက်တော့ ပါဝူးရယ်..
ဘောင်းဘီကို ဘဲလ် ပန် … မှမဝတ်ရရင် ရိုက်ဒါ မှ ရိုက်ဒါပဲ…
စကင်းနီးဂျင်း ဆိုတာ မပေါ်ခင်ကတည်းက စကင်းနီး ဖြစ်အောင် ပြင် ဝတ်တာ…
အကျင်္ ီကတော့ …အဲရစ်မာတင် ကို ကြွေသူဆိုတော့ …ရှပ်လက်ရှည် ပွပွဂျီးတွေကို
လက်စက ခေါက်ဝတ်တာ …. အတော်ကြည့်ရဆိုးမှာပါဗျာ…ခုနေပြန်စဉ်းစားကြည့်ရင်
အဲ … အဲ့သည့်တုန်းက မာလ်ဘိုရို အနီကို သောက်ဖြစ်ပေမယ့် ..ရံခါ မီတာ၂၀ဝ
ပတ်ချာလည်လောက်က အနံ့ရတဲ့ … ဂူဒမ်ဂဒမ်း ဆိုတဲ့ အင်ဒိုနီးရှားထုတ်
လေးညင်း စီးကရက်ပေါ့ဗျာ …. မသိရင် ဒံပေါက်ထမင်း စားထားတဲ့အတိုင်း..
ဟီး ….
😀
ပြန်လာပါဦးမယ်ဗျာ…
အလွဲတွေအကြောင်း…
surmi
August 1, 2012 at 1:53 pm
ဒါလေးဖတ်ပြီးပြန်ငယ်သွားသလိုဘဲမောင်ဖက်ရေ
ကိုယ် ့အကြောင်းတော ့ပေါင်တွေနာလွန်းလို ့မပြောတော ့ပါဘူး
နောင် ဆုံတဲ ့အခါမှဘဲ တိ်ုးတိုးတိတ်တိတ်ဗျုးချင်ဗျုး
ဦး ကျောက်ခဲ
August 1, 2012 at 2:18 pm
ကိုယ့်ဆရာရေ RC-2 မှာတက်တုံးက Physics က ကိုယ်တော် တစ်ယောက်ကို သွားအမှတ်ရမိတယ်။ Boot အမြဲစီးပြီး Country Style နဲ့ ဂိုက်ပေးကြမ်း သပေါ့ဗျာ။ ဒါပေမည့် သူ့မျက်နှာမှာ ဝက်ခြံဘု အမြဲရှိသမို့ မောင်ကျောက်တို့ နာမည် ပေးထားတာက…….
“ဘုစီး ဗြုတ်ထ” တဲ့
စိန်ဗိုက်ဗိုက်
August 1, 2012 at 2:20 pm
လူပြိုဂျီး..လူပြိုဂျီး ရှိုပီး ခေါင်းစဉ်တပ်လိုက်တိုင်း ကျော်ဖြင့် ကိုမတ်ကိုပဲ ပြေးပြေးမြင်နေမိတယ်ဗျာ..
လူပြိုဂျီးများ ပြောပြသော အချစ်စတိုင်ထုတ်မှုလေးတွေလဲ သိပါရစေဗျို ့
🙂
Rose Minn
August 1, 2012 at 2:48 pm
-ဟင်း ဒါမျိုးစတိုင်ဆို မိ Rose တို့က မကြိုက်။ ကိုဇော်ဝင်းထွဋ် ကိုသီချင်းတွေသာ ကြိုက်တာ။ ပုံစံဖြင့်မကြိုက်ပေါင်။ ဇော်ဝင်းထွဋ်ကြိုက်လို့ထင်တယ် ကိုဖက်တို့က ဆိုလိုက်ရင် “မျက်ရည်များနဲ့ မနမ်းပါနဲ့ ဆိုတာကြီးပဲ”
– တောင်ကြီးသူ လေးက Rose နဲ့ အကြိုက်ချင်းတူလို့ ထင်တယ်။ Roker မကြိုက်တာ ခိခိ။
ငါ့သူငယ်ချင်းကြီး ကံကောင်းလို့ လူပျိုကြီးမဖြစ်တာ တော်သေးတယ် ကယ်တင်ရှင်လေး ပေါ်လာလို့ ရယ်။ 😛 ( လူပျိုကြီးများကို ကံမကောင်းပြောခြင်းမဟုတ်ပါ) 😀 အာဟိ။
ကြောင်ဝတုတ်
August 1, 2012 at 4:28 pm
ရွှေကြည်ရေ…
အသက်(၃၀)ဆိုတာ လူလတ်ပိုင်းလို့ဆိုသလို ဘဝမှာအရုန်းကန်ရဆုံးအချိန်လို့လဲဆိုချင်ပါတယ်နော်…
အသက်(၄၀)ကျော်မှတည်ငြိမ်တဲ့အရွယ်ကြတော့လဲ (၃၀)လောက်ကအပင်ပန်းဆုံးအချိန်တွေကို ပြန်ပြီးပျက်ရယ်ပြုမိချင်လဲ ပြုမိမှာပါ… (၃)ထိပ်စည်းပြောင်းတော့မယ်ဆိုရင် အိမ်ထောင်ပြုဖို့စဉ်းစားပါ… (မပြုရသေးရင်ဆိုပါတယ်…) မဟုတ်ရင် အပျိုကြီးဆိုတဲ့ခေါင်းစဉ်အောက်မှာ ပြားပြားဝပ်ရတော့မယ်…
ညီမလေးပန်ပန်ချစ်ရေ-
မှောက်ယှက်လဲတာပါဆို…ဟွန်း
အရေးထဲလာပြီး ဂျောက်ဂျက်ခွဲနေတယ်…
ဦးဆာမိရေ…
တစ်ခါတစ်လေ အလုပ်ထဲမှာစိတ်ပင်ပန်းတဲ့အချိန်မှာဆိုရင် စိတ်ထွက်ပေါက်လေးဖြစ်တဲ့ ငယ်ဘဝလေးတွေကိုပြန်ပြောရင်း…
ကိုယ့်ကိုကိုယ်ပြန်ရယ်ရတာကို အရသာတွေ့နေတာကြာပါပြီ… အထူးသဖြင့် လူပျိုကြီးများနဲ့အချစ်အကြောင်းလေးတွေပြောတဲ့အချိန်ပေါ့… ဟီး…
ဦးကျောက်ခဲရေ…
အမှန်အတိုင်းပြောရရင် ဦးကျော်ခဲရဲ့ကြပ်အကြောင်းတွေကိုဖတ်ရင်းနဲ့ ကျွန်တော်ကို ငယ်ဘဝတွေဆွပေးသလိုမျိုးပါပဲ…
အဲဒီကြောင့် ဒီပိုစ့်လေးကိုရေးဖြစ်သွားတယ်ဆိုရင်လဲမမှားဘူးနော်…
ကိုစိန်ဗိုက်ဗိုက်ရေ-
ခင်ဗျားကော်မန့်ကိုဖတ်ပြီးတော့ ရွာထဲကအခုထက်အထိ ငြိမ်နေတဲ့လူပျိုကြီးတစ်ယောက်က ကျွန်တော်နဲ့ထိုင်တာသူမဟုတ်ကြောင်းပြောခိုင်းတယ်ဗျာ… ကျွန်တော်ရေးတဲ့အထဲ နာမည်များပါသွားလား…
ကြည့်ကြပါဦးဗျာ… ကျွန်တော့်အထင်တော့ ပရောဂမှန်လို့ တုန်ဆင်းလာထင်ပါ့…
မမရိုစ့်ရေ-
ကျွန်တော့ကံဇာတာက အရင်တကည်းက လူပျိုကြီးဖြစ်မယ့်ကံဇာတာမျိုးမဟုတ်ဘူးဗျ…
အရွယ်ငယ်ငယ်နဲ့ အိမ်ထောင်ကျဖို့ (၂)ခါလောက်ဖြစ်ဘူးတယ်… (တလွဲမတွေးရ)
နောက်ဆုံးတော့ ဖူးစာမှန်လို့ဆုံတယ်ဆိုပါတော့…
အော်…ဒါထက် ကျွန်တော့်အသိလူပျိုကြီးတွေထဲမှာ ဂိုက်ပေးကြမ်းပါလျက် အခုအချိန်အထိ
လစ်လပ်ရာထူးတပ်ထားတဲ့လူပျိုကြီးတွေရှိနေသေးတော့… သူတို့ကိုပဲ ကံမကောင်းသူစာရင်းပဲသွင်းရမလား…
လိုတာမရ ရတာမလိုစာရင်းပဲသွင်းရမလား စဉ်းစားတုန်းပါဗျာ…
မမအုံလဲ ထိပ်စည်းပြောင်းနေပြီဆိုတော့… အပျိုကြီးစာရင်းဝင်နေပြီနော်… အဲဒီခေါင်းစဉ်အောက်မှာ ပြားပြားမဝပ်ပါစေနဲ့…ဟိ…
ခင်မင်လျက်-
ကြောင်ဝတုတ်
kotun winlatt
August 1, 2012 at 5:58 pm
ကိုဖက်….
သူငယ်ချင်းလူပျိုးကြီးနဲ့ပြောတာတွေဖတ်ရတော့..
ကိုယ်ငယ်ငယ်လည်း ဒီလိုတွေဖြစ်ခဲ့ပါလားလို့ တွေးမိပြီးး
ပြုံးလိုက်မိပါသေးရဲ့ဗျာ….။
etone
August 1, 2012 at 8:18 pm
အဲ့ဒီတုန်းက အဝတ်စားနဲ ့ ဒီကိုယ်ခန္ဓာ မျက်လုံးထဲ မြင်ကြည့်လိုက်တာ …. အတော်ရယ်ရတယ် …. ။ ဟီးဟီး
အရင်တုန်းက ဒီဝိတ်လောက်မရှိသေးတော့ ချော်လဲတာပေါ့…. အခုနေများ လဲပါဆိုလျှင်တောင် မလဲတဲ့ ပစ်တိုင်းထောင်ရှိပ်ဖြစ်နေပြီး ဟိဟိ …… ။ 😛
မဟာရာဇာ အံစာတုံး
August 1, 2012 at 8:57 pm
သိဘာဘူး ..
တောင်မလေးက ပြေးများ
ဖက်လိုက်လေတော့မလားလို့ …
သမင် လည်ပြန် အကြည့်လေးနဲ့ …
ပါးစပ်ဖျားက ဆည်းလဲသံလေး ရိုက်ခတ်သွားရုံလေးကိုး … 😀
အဲဂလို ဖြစ်ပုံကို မျက်စိထဲမှာ
ကျုပ်မြင်ဖူးတဲ့ ကိုဖက်ကတ် ပုံနဲ့ မြင်ကြည့်လိုက်တော့ ..
ခွီ .. ခွီ .. ခွိ … 😀 😀
မောင်ပေ
August 1, 2012 at 9:05 pm
လီဗိုင်း ဂျင်းဘောင်းဘီ
တိုနီလားမား
ဇစ်ပို
မာဘိုရို
= ဘောစိကြောင်ဝတုတ်
🙂
ကြောင်ဝတုတ်
August 3, 2012 at 9:41 am
ကိုပေရေ-
ကြောင်ဝတုတ်က မချမ်းသာပါဘူးဗျာ…
(၁၀)တန်းအောင်တော့ ကျွန်တော်နေတဲ့ရုံးဝင်းကြီးထဲမှာ စာစီစာရိုက်ဆိုင်လေးတောင်းဖွင့်ရင်း စာချုပ်တွေရိုက်ပေးလိုက်… ကွန်ပျူတာလေးတွေလိုက်ပြင်လိုက်နဲ့ တစ်လကိုအနဲဆုံး ၃သောင်းလောက်ဝင်ငွေရှိခဲ့ဖူးပါတယ်… ၁၉၉၈ ခုနှစ်လောက်ကပေါ့…
အဖေက (၁၀)တန်းအောင်တဲ့အချိန်မှာ ကွန်ပျူတာတစ်လုံးဝယ်ပေးဖူးတယ်…
အဲဒါက သူပထမဆုံးနဲ့ နောက်ဆုံးဝယ်ပေးလိုက်တဲ့ကွန်ပျူတာပါပဲ…
နောက်ပိုင်းကျွန်တော့်ပိုက်ဆံနဲ့ကျွန်တော် ရပ်တည်ခဲ့တာအခုချိန်အထိဆိုပါတော့…
၁၉၉၈ ခုနှစ်လောက်မှာ Levi’s 501 က တစ်ထည်ကို ၉၀၀ဝ ပဲရှိတာမို့ ရှာသမျှပိုက်ဆံ အိမ်ပြန်ပေးစရာမလိုတဲ့ကျွန်တော်ဝယ်နိုင်တယ်ဆိုပါတော့…
တိုနီလားမားတစ်ရံကို ၃သောင်းဝန်းကျင်ပဲရှိတာမို့ (၃)လလောက်နဲနဲစုလိုက်ရင်ဖြစ်နိုင်တဲ့အနေအထားပါ…
ချမ်းသာတာမဟုတ်ပေမယ့် ဂိုက်ပေးကြမ်းချင်တော့လဲ အငတ်ခံရသကိုးဗျာ…
အဲဒီကတည်းက အဖေမုန့်ဖိုးမပေးတော့တာ အခုအချိန်အထိဆိုပါတော့… အဟင့်
ခင်မင်လျက်-
ကြောင်ဝတုတ်
ပင်လယ် ပျော်
August 1, 2012 at 9:31 pm
အနော်မှာလည်း စီလိုဇာတ်လမ်းမျိုးတွေရှိတယ်ဂျ..ရှက်လို ့Beer ဆိုင်ကျမှ ကျောကြတာပေါ့…..
ကြောင်ဝတုတ်
August 3, 2012 at 9:43 am
နောက်တစ်ခါတွေ့ရင်ပြောနော်…ဟိဟိ
pooch
August 1, 2012 at 10:36 pm
တော့်….. ကိုဝတုတ် ၃ဝ တန်းကို အန်တီခေါ်တော့ အတော်လေး ဝမ်းနည်းသွားတယ်။
ပြောရက်လိုက်တာ။ 🙁
အခုတလော အမေနေမကောင်းလို့ အသဲငယ်နေပါတယ် ဆိုမှ ဦးမိုက်ကလည်း when we are old တဲ့ ခုလည်း အန်တီတဲ့ နည်းမျိုးစုံသုံးပြီး ခြိမ်းခြောက်နေတယ်။ ;?
ဒါနဲ့ အဲ့ဒီတုန်းက ပေါင်ချိန်က ခုတိုင်းပဲလား ဒါဆိုရင်တော့ လဲတဲ့ အချိန် အတော်လှမှာ။ 😀
နောက်တခု အတည်သိချင်တာ ရှိသေးတယ်။ အမှန်တိုင်းလေး ဖြေပေးပါ။ ရှင်တို့ ယောက်ျားလေးတွေ အဲ့ဒီအချိန်မှာ တွေ့ခဲ့တဲ့ မိန်းကလေးကို နာမည်တောင် မမှတ်မိတော့ဘူးဆိုတာ လူတိုင်းပဲလား။
ဒါဆိုရင် တော့ ဝမ်းနည်းခြင်း နှစ်ထပ်ကွမ်းပဲ ။ 😥
Moe Z
August 1, 2012 at 11:01 pm
ဖြစ်နိုင်ပါတယ် မမပူးချ်ရဲ့ သူ့အသက် ၁၅ ၁၆ဆိုတော့ အခုအသက့်ဆိုရင် မမှတ်မိတာသေချာတယ်
ပြီး ရည်းစားလည်းမတော်လိုက်ရဘူးထင်တယ်
ယုတ်လားဟင် ကိုကြောင်ဝတုတ်
Moe Z
August 1, 2012 at 11:10 pm
အယ် ဆောရီး ဟ နဲ့ ယ လွဲသွားတယ်ပြင်ဖတ်ပေးပါရှင့်
ကိုပေါက်(မန္တလေး)
August 1, 2012 at 11:08 pm
ဒါနဲ့ဘဲ အဲဒီကောင်မလေးနဲ့ ဇာတ်လမ်းတွေဖြစ်သွားတယ်ထင်ပါရဲ့နော့်
ရဲစည်
August 1, 2012 at 11:16 pm
အိမ်း
မောင်ကြောင်ဝတုတ်ရေ
အနှီမောင်တို့ ခေတ်က အကြောင်းတွေ တွေးရင်း အဘလည်း လွမ်းမိသကိုး
ခုအိမ်က ဟာကြီးနဲ့ မတွေ့ခင် အဘတို့ခေတ် ဘလေဇာကုတ်ဝတ် နွေရက်ကြီး မာဖလာ တဖားဖားနဲ့ အချစ်အတွက် အပင်ပန်းခံခဲ့တာတွေ ပြန်တွေးရင်း အောက်မေ့သကွာ
ခုတော့လဲ အရွယ်ရနေသမို့
ပိုက်ပိုက်ရှာပီး စပွန်ဆာသာ ပေးနေရပါကြောင်း… ဟောင်း….ဟောင်း
မိုးတိမ်
August 2, 2012 at 1:40 am
အဟီး ငယ်ငယ်က ဘဝကိုတောင်ပြန်ပြန်လွမ်းလာတယ်။
တောင်ကြီးက အခုခေတ်လုံမငယ်တွေက ပိုပိုလန်းလာသလိုပဲဗျ။
မသိရင် နိုင်ငံဂျားရောက်နေသလိုလိုပဲ၊စူဠာမုဏိဘုရားရောက်မှ အော်မြန်မာနိုင်ငံကိုးလို့ အမှတ်ရသဗျား။
လှတော့လဲ စိတ်ဝင်စား၊စိတ်ဝင်စားတော့ကြည့်မိ အင်းအပြစ်တော့ မရှိတန်ကောင်းပါဘူးရဲ ့။
လွန်တာရှိလဲ ဝန္ဒာမိပါပဲဗျာ။တတ်နိုင်ဘူး သူတို့ကချောသကိုးးးးး:mrgreen:
ကြောင်ကြီး
August 2, 2012 at 9:39 am
၈၈အရေးအခင်း ပြီးခါစ စက်ဘီးတခေတ်ထချိန် ညနေစောင်းဆို ရန်ကုန်မြို့ လမ်းမဂျီးများတလျောက် အပျိုဂျီး အပျိုလေးများ ဘီးသလားကြတယ်။ နောက်ကနေ မစားရအညှော်ခံ လိုက်ကြောင်းတဲ့အခါ စက်ဘီးချင်းချိတ်လဲကျလို့ အဆဲခံကြရတာ ခဏခဏပဲ။ အဲဒီကနေ ချစ်သူများဖြစ်သူဖြစ်၊ အခန့်မသင့် စက်ဘီးပျက်သွားရင် လျော်ပေတော့…။ တချို့များ မတောင်းပန်တဲ့အပြင် ထွက်ပြေးသူများတောင် ရှိသေးသဗျား..။
marblecommet
August 3, 2012 at 12:51 am
ကျော်တို့က
စင်းလုံးချောနော်
ကိုဖက်….
စင်းလုံးချော……
အာဟိ..
nozomi
August 3, 2012 at 1:03 am
ပို့စ် လေးကို ဖတ်ရင်း
တစ်ယောက်ယောက်ကိုလွမ်းသလိုလို သတိရသလိုလို နဲ့
တဒုတ်ဒုတ် အသံကြားလို့
လိုက်ရှာမိတော့
ကိုယ့်နှလုံးခုန်သံ ဖြစ်နေလို့ အံဩနေမိတယ်
အော် ဒီလို မခုန်ရတာတောင် ကြာပါပေါ့လား
marblecommet
August 3, 2012 at 3:27 am
ဟာ……..
အစ်ကိုကြီး နိုဇိုမိ…..
ဟား ……အစ်ကိုကြီးဘာသာ အစ်ကိုကြီး
ရင်ခုန်သံကို အလဟသ ဖြုန်းတီးနေတာပါလား
နှမြောထှာဂျာ….
အာဟိ
နောက်ထှာ….
ကြောင်ဝတုတ်
August 3, 2012 at 9:16 am
ကိုထွန်းဝင်းလတ်ရေ-
ငယ်ငယ်တုန်းကအကြောင်းလေးတွေက အခုအချိန်ပြန်တွေးကြည့်တော့ရယ်စရာတွေပေါ့…
အဲဒီအရွယ်တုန်းကတော့ တော်တော်လေးရူးသွပ်ခဲ့တယ်ပေါ့ဗျာ…
ဒီနေရာမှာ ဦးကြီးမိုက်ရဲ့စကားလေးတစ်ခွန်းကိုသတိရမိတယ်ဗျ… “ဟာသပါဗျာ” တဲ့….
ဒေါ်အိတုန်း… တုန်း(စ)ရေ…
အဲဒီတုန်းက ကျွန်တော့်အရပ် ၅ပေ၊ ၁၁လက်မနဲ့… ပေါင်ချိန် ၁၆၅ပေါင်ဆိုတော့ကာ
အခုလို ပစ်တိုင်းထောင်ရှိပ်မဖြစ်သေးတာတော့သေချာတယ်ဗျို့…
သို့သော်လဲ ဘယ်ပုံစံနဲ့ ချော်လဲလဲ ဂျောက်ဂျက်ကွဲခဲ့တာတော့ သေချာကြောင်း…
ကိုအံဇာကြီးရေ…
အဲဒီတုန်းကတော့ ဆဲလည်းသံလေးကရိုးရိုးအသံမဟုတ်ဘူးဗျ… ကိုနေဝင်းကြီးစကားနဲ့ပြောရရင်…
ဆဲလည်းလှိုက်သံလေးဗျို့… ရင်ထဲကိုလှိုက်ဝင်သွားတာ…
အခုတော့လဲ…
အန်တီပုချ်ရေ…
အရင်ဆုံးအမေနေကောင်းပါစေလို့ဆုတောင်းပေးပါတယ်ဗျာ…
ထိပ်စည်း (၃)တွေကို အန်တီလို့ခေါ်တာစိတ်မကောင်းပါဘူး…
ကျွန်တော့်ကိုယ်တိုင်တောင်ဦးလေးအခေါ်ခံရတာအကြိမ်ပေါင်းမနည်းပါဘူး…
ပိုဆိုးတာက ဦးလေးလို့ခေါ်တာခံလိုက်ရတိုင်း ၂ဝပတ်ဝန်းကျင်ကလေးမလေးတွေချည်းပါပဲ…
နောက်တစ်ခုက လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်လောက်က ဘာမှမဆိုင်လိုက်ရတဲ့သူ
တစ်ယောက်နာမည်ဆိုတော့တကယ်ကိုမေ့သွားပြီ…
ပတ်သက်ခဲ့ဖူးတာတွေတောင် မေ့တေ့တေ့…
စိတ်ထိခယက်ပေါင်းများခဲ့ပါပြီ…
ညီမလေးဇက်နဲ့ ဘဘပေါက်ရေ…
ဒီနှစ်ယောက်ကိုပေါင်းခေါ်ရတဲ့အကြောင်းအရင်းရှိပါတယ်…
သူတို့နှစ်ယောက်က အဲဒီကောင်မလေးနဲ့ ကျွန်တော့်ကိုငြိခဲ့လားဆိုအဖြေထုတ်ခဲ့သူနှစ်ဦးကိုး…
ဘဘပေါက်ရှုံးပါတယ်ဗျာ… ညီမလေးဇက်နိုင်သွားတယ်ဗျို့…
အဲဒီကောင်မလေးကို လက်လေးတောင်မကိုင်လိုက်ရပါဘူးဗျာ…
သူက ကျွန်တော့်မြင်ရင်ရယ်စရာလို့ကို သဘောထားလိုက်တာကိုး… အဲဒီမှာဂွမ်းတာပဲ…
ဘဘရဲရေ…
ဘဘကိုခေတ်က ဘလေဇာကုတ်နဲ့ နွေခေါင်ခေါင်မာဖလာပတ်တာလောက်တော့သနားသေးဗျာ…
အခုခေတ် ရန်ကုန်နွေမှာ ဂျာကင်ဝတ်ပြီး ဦးထုပ်လဲဆောင်းခေါင်းမှာလဲပဝါပတ်လို့…
ဘောင်းဘီပွပွနဲ့ ရက်(ပ)ပါဖက်ရှင်ကို ခံစားမရလို့… ညီလေးမအိုက်ဘူးလားလို့ ဘတ်စ်ကားပေါ်မှာမေးဖူးတယ်…
ဘာပြန်ဖြေတယ်မှတ်တုန်း… ဦးလေးတို့လို ဂျင်းအကြပ်ကြီးနဲ့မှ ပုပ်ပြီးပြတ်ကျမှာတဲ့….
ကိုမိုးတမ်ရေ…
တောင်ကြီးက လုံမငယ်တွေကလန်းတာတော့ပြောမနေပါနဲ့ဗျာ…
သီချင်းတောင်ရှိသေးတယ်မဟုတ်လား… ရှမ်းမလေးတွေချောတယ်… ပေါတယ်…ဆိုတာလေ….
အင်း… တောင်ကြီးပြန်ဦးမှ…
ကိုကြောင်ကြီးရေ…
ရန်ကုန်မှာတော့ စက်ဘီးခေတ်ပေါ့ဗျာ…
တောင်ကြီးမှာ စက်ဘီးကစီးမရတဲ့ကိစ္စကိုး… အဲဒီတော့ဆိုင်ကယ်ခေတ်ပေါ့…
ညနေဆို ဆိုင်ကယ်တဝီဝီနဲ့ လိုက်ကြောင်တဲ့ဘဝလေးအကြောင်းလဲ ရေးပါဦးမယ်…
အခုတလော လူပျိုကြီးတွေနဲ့အချစ်အကြောင်းတွေက ပြောဖြစ်နေဦးမှာလေ…
ကိုကမ်းကြီးရေ…
ခင်ဗျားလို အနုပညာသမားတစ်ယောက်က နှလုံးသားလှသူလို့ဆိုချင်သကိုး…
အဲဒီလိုပဲ နှလုံးသားနုသူလို့လဲဆိုလိုက်ပြန်ဦးမပေါ့…
နောက်တစ်ခါကြုံရင် ကိုကမ်းနဲ့လဲ အချစ်အကြောင်းလေးတွေပြောချင်ပါတယ်…
ခေါင်းစဉ်ကြိုပေးထားမယ်နော်…
” လူပျိုကြီးသုံးယောက်နှင့်ပြောဖြစ်သောအချစ်အကြောင်း ” ဆိုပြီး…
အစ်ကိုကြီးနိုဇိုးမိရေ…
ကျွန်တော်လဲရေးပြီးခါစက တစ်ယောက်ယောက်လွမ်းသလိုတော့ခံစားရသား…
ဘယ်တစ်ယောက်လဲဆိုတဲ့ခေါင်းစဉ်ကိုတပ်မရတာပဲရှိတယ်…
ရင်ကလဲ ခုန်နေတုန်းဆိုတော့… အချစ်စိတ်တွေသေသွားတာတော့မဟုတ်ဘူးဗျ…
နှလုံးသားတစ်ထောင့်တစ်နေရာမှာ ရှင်သန်နေဆဲလို့ထင်သဗျ…
ကျွန်တော်တို့ထဲက အစ်ကိုကြီးတစ်ယောက်ပြောဖူးတယ်… အသက်(၄၀)ကျော်ရင်မယားငယ်ယူတတ်တဲ့အရွယ်တဲ့…
အစ်ကိုအသက်(၄၀)ကျော်ပြီလားဟင်… ရင်ပြန်ခုန်လို့ရပါတယ်လို့…
အားလုံးကိုခင်မင်လျက်-
ကြောင်ဝတုတ်
PS: ဒါနဲ့စကားမစပ်… ကျွန်တော့်သူငယ်ချင်းအရင်းခေါက်ခေါက် ကိုအမတ်မင်းကြီးများတွေ့မိလားဗျာ…
တွေ့ရင်ပြောလိုက်ပါဗျာ… ကျွန်တော်စောင့်နေတယ်လို့…
Moe Z
August 3, 2012 at 10:05 am
သိနေတယ်လေ အဟိ .. 😀
padonmar
August 4, 2012 at 9:46 pm
ဘုရားဘုရား
ဒါပြီးရင် အပျိုကြီးများနဲ့ အင်တာဗျူးလာမယ်ဆိုပါလား။
အနိစ္စ ဒုက္ခ။
မောင်မတ်ကို အရင်ဗျူးပါကွယ်။သူသာချော်လဲရင် မျက်မှန်ပါကွဲမှာ။
အတိသဌ္ဇနာဂရ
August 4, 2012 at 10:18 pm
ဘာမှ မပြောရသေးခင်ချော်လဲရတော့ဗျာ။