-မေတ္တာလက်ဖြင့် ကမ္ဘာအား အလင်းဖွင့်-

လက်စားချေခြင်းဆိုတာ…

သံသရာလည်အောင် ပိုလှည့်နေသလိုမျိုး

ရပ်တန်သွားမှာ မဟုတ်ဘူး။

သည်းခံဖို့အတွက် ရင့်ကျက်မှုလိုသလို

စိတ်ထားမြင့်မြတ်မှ ခွင့်လွှတ်တတ်နိုင်မယ်။

ဆင်ခြင်စဉ်စား

အတ္တပူဖာင်းအား စိတ်ကြိုက်လေမှုတ်သွင်းရင်

နောက်ဆုံးမှာ…

ပေါက်ကွဲပျက်စီးရတာချည်း။

သို့မို့ကြောင့်…

ငြိမ်းချမ်းရေးတေးသံ ပုလွေအားမှုတ်ဖို့ ဝန်မလေးနှင့်

ကိုယ်ချင်းစာတရား အနည်ကျအောင် ဓာတ်ခွဲဖော်ထုတ်ပါ

မေတ္တာအရိပ်အား လူတိုင်း ခိုလှုံခွင့်ပေးပါ။

အဲ့ဒါဆိုရင်…

အနာဂတ်ကမ္ဘာကြီးဟာ မီးတောင်လို မပေါက်ကွဲတော့ဘူး။

ကိုယ်လုံးတီး အရှက်မမဲ့တော့ဘူး။

ဘေးထွက်ဆိုးကျိုး မရှိတော့ဘူး။

အစာအဆိပ်မသင့်တော့ဘူး။

ရေတိမ်မနစ်တော့ဘူး။

နာမကျန်းမဖြစ်တော့ဘူး။

ဒေါင်ဒေါင်မြည် ကျန်းမာဖို့သေချာပေါ့။

သန့်ရှင်းလတ်ဆတ် သက်တမ်းရှည်အုံးမည့်

ဤကမ္ဘာ။ ။

စေပိုင်ထွဋ်(ပုသိမ်)

7 comments

  • အလင်းဆက်

    August 1, 2012 at 6:48 pm

    အတ္တပူဖာင်းအား စိတ်ကြိုက်လေမှုတ်သွင်းရင်

    နောက်ဆုံးမှာ…

    ပေါက်ကွဲပျက်စီးရတာချည်း။

    စာသားတွေက… အမြင့်စားတွေပါလား…ဗျ ။

    ဖတ်ရတာ..အရသာ ရှိတယ်..ဗျာ..။

    တကယ်ပါ ။

    • စေပိုင်ထွဋ် (ပုသိမ်)

      August 5, 2012 at 3:29 pm

      ကျေးဇူးအထူးပါ

  • သဌ္ဇာနာဂရ

    August 1, 2012 at 7:35 pm

    ငြိမ်းချမ်းရေး ကဗျာတစ်ပုဒ်လို ့ယူဆမိပါတယ်ဗျာ။
    ပထမဆုံး ခက်မလးထောင်သွားပါ၏

  • amatmin

    August 1, 2012 at 8:10 pm

    မေတ္တာဓါတ် မျှဝေမှု ဇောင်းပေးတဲ့ကဗျာကို..
    မေတ္တာ အတွေး ဇွတ်မွေးပီး
    ဖတ်လိုက်မိလို့လားမသိဘူး..
    ခံစားလို့ ရတယ် ဆရာရေ့…
    မှတ်ထားလိုက်မိတာတော့…
    ရင့်ကျက်မှု..မြင့်မြတ်မှု စကားလုံးတချို့ပဲ..

    • စေပိုင်ထွဋ် (ပုသိမ်)

      August 5, 2012 at 3:30 pm

      ကျွန်တော် စေတနာမေတ္တာထားပြီး တတ်နိုင်သမျှ
      ရေးသလို
      စေတနာမေတ္တာနဲ့ ဖတ်လို့ နားလည်သွားတာပါ။

  • မောင်ပေ

    August 1, 2012 at 9:02 pm

    မေတ္တာသုတ် ကို အလွတ်မရလို ့၊ အသံမထွက်တတ်လို ့ဆိုပေမယ့်
    ကျန်းမာပါစေ ချမ်းသာပါစေ ဘေးအန္တရာယ် ကင်းရှင်းကြပါစေ လိုအင်ဆန္ဒပြည့်ဝကြပါစေ လို ့ဆုတောင်း ရင်လဲ မေတ္တာပို ့တာပါဘဲကလား

    • စေပိုင်ထွဋ် (ပုသိမ်)

      August 5, 2012 at 3:31 pm

      မေတ္တာဆိုတာ လူတိုင်းနှလုံးသားမှာ
      အစဉ်အမြဲ ကျင့်သုံးနိုင်ရင် အကောင်းဆုံးပါပဲဗျာ..

Leave a Reply