” ရင်ကို ခွဲသော တောင်တန်းများ “
ပင်လယ်ထဲ မှာ နေ့တိုင်းရေတွေကိုပဲ ( ၁၃ ) ရက်လောက် တွေနေခဲ့ရဘူးတယ် ။ မအိပ်ခင်လည်းရေ အိပ်ယာက နိုးလို့မျက်လုံးလေး ဖွင့်တော့လည်းရေ ။ အဲဒီလို နေ့တိုင်း ရေနဲ့ ကိုယ်စီး နေတဲ့ စက်လှေကြီး နဲ့ အဲဒီ အပေါ်ကလူတွေဟာ ကိုယ့်ရဲ့ကဘာငယ်လေး တခုလို ဖြစ်လာတယ် ။ အဲဒီတုန်း က ကုန်းမြေနဲ့ သစ်ပင်တွေကို အရမ်း ကြည့်ချင် တြွေ.မင်ချင်ခဲ့တယ် ။ နောက်ဆို ပင်လယ်ထဲ ဘယ်တော့မှ မထွက်တော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်မျိုးလည်းချခဲ့တယ် ။ ပင်လယ်ကနေ ကုန်းပေါ်တက်တော့လည်း မြေပြင်က ရေပြင်လို လှုပ်ရှား တွန့်ခေါက် လူးလွန့်နေပြန်သေးတယ် ။ ကျဆိပ် ကနေ ကျောက်တိုင် ( ကျိုက်ခမီ ဘုရားကြီး အနီး ) ကို ဆိုက်ကားစီး တော့ ဆိုက်ကား ဆရာ က အဲဒါ ပင်လယ်ထဲ ကတက်လာခါစမို့ ကုန်းမူးတာလို့ သူကပြောတယ် ။ လှိုင်းမူး ပီးရင် ကုန်းမူး သတဲ့လေ ။ အဲဒီနောက် ပိုင်း တောင်တန်း ကုန်းမြင့် ဒေသတွေ ရှိရာကိုပဲ အရောက်များခဲ့ တာ ခု ချိန်ထိပါပဲ ။ ခုကျွန်တော် ရောက်နေတဲ့ နေရာကလည်း တောင်တန်း တွေ အရမ်းထူထပ်တဲ့ နေရာ အနီးမှာ ပေါ့ ။ ညနေ နေဝင်ခါနီး ဆိုရင် အရမ်းလှ တဲ့ မြင်ကွင်းတွေ တွေ.ရတဲ့ နေရာပေါ့ဗျာ ! နေလုံးကြီး တောင်တန်းတွေ ရဲ့ နောက်ကျောကို တိုးဝင်သွားတာကို ကြည့်ရင်း အဲဒီမြင်ကွင်းကနေ စိတ် အလျှင်က အတိတ်က တောင်တန်း တွေဆီ ရောက်ရောက် သွားတတ်လေရဲ့ ။ အဲဒီ အတိတ်ကတောင်တန်း တွေ ကိုတော့ ကျွန်တော် က ဒီလို နာမည် ပေးထား တယ် – ” ရင်ကို ခွဲသော တောင်တန်းများ” ။ ။
” ရင်ကို ခွဲသော တောင်တန်းများ ”
တောင်တန်း တွေ ကြားထဲ က မြို့ လေး တမြို့မှာ သူမနဲ့ ကျွန်တော် ရင်းနှီး လာခဲ့တာ တလကျော်ခဲ့ ပြီပေါ့ ။ အဲဒီ တလကျော် ကာလ အတွင်း မြိုသိပ်ထားခဲ့ရတာတွေကို ဖွင့်ဟဝန်ခံဖို့အတွက် မိုးတွေအုံ့နေတဲ့ တနေ့ သူမရှိရာ နေရာကို သွားပြီး သူမနဲ့အတူ အခြား သူငယ်ချင်းတွေကို အကြော်လိုက်ကျွေး ချင်ပါတယ်လို့ ပြောပြတောင်းဆိုခဲ့ပါတယ် ( သူမ တယောက်တည်း ရွေးခေါ်ရင် မလိုက် မှာ ဆိုးလို့လေ ) ။ ဒါပေမဲ့ သဘောကောင်း အလိုက်သိ တဲ့ သူမ သူငယ်ချင်း တွေက နောက်က လိုက်လာကြမယ် ပြောလို့ ကျွန်တော် နဲ့ သူမ နှစ်ယောက်တည်း ေ.ရှက သွားခဲ့ကြတယ် ။ လဘက်ရည် ဆိုင်ရဲ့ ေ.ရှမျက်နှာစာ ထောင့်လေးမှာ ဖွင့်ထားတဲ့ အကြော် ဆိုင်မှာ အကြော်စုံတပွဲနဲ့ ဟင်းထုပ် ( ရှမ်းတောင်တန်း အစားအစာ ) တပွဲစီမှာပီး ထိုင်ခါစမှာ မိုးက လေနဲ့အတူ ရွာချလာပါလေကော ( သူမ နဲ့ ကျွန်တော် ပထမ ဆုံး စတင်ဆုံစည်း တဲ့နေ့ကလည်း ဒီလို မိုးတွေ လေ တွေ ကြားမှာ သူမစီးခဲ့တဲ့ စက်ဘီး နဲ့ တိုက်မိ မလိုဖြစ်ရင်း ကနေ စတင် ဆုံစည်းခဲ့တာပါ ) ။ အကြော်ဆိုင်က ခပ်သေးသေးမို့ ပက်မိုး မလုံတာ ကြောင့် လဘက်ရည် ဆိုင်ထဲမှာ ပြောင်းထိုင် ပေးဖို့ အကြော်ဆိုင်ပိုင်ရှင် ရှမ်း အမျိုး သမီးကြီး က ပြောလာပါတယ် ။ ဒါနဲ့ ကျွန်တော်တို့ နှစ်ယောက် လဘက်ရည် ဆိုင်ထဲ ပြောင်းထိုင် ခဲ့ကြပါတယ် ။ ဒီမိုး ဒီလေ အရ နောက်ကလိုက်လာမဲ့ သူတွေ မလာ နိုင်လောက်တော့ဘူးလို့ တွေးမိပြီး ကျွန်တော် က ပြုံးတော့ ဘာလို့ ပြုံးတာလဲ လို့ သူမ က စကားသံ ဝဲဝဲ လေးနဲ့ မေးလာတယ် ။ ဒါကို အခွင့်အရေး ယူပြီး ပြောစရာရှိလို့လို့ ကျွန်တော် က ပြန်ပြောတော့ သူမ က ပြောစရာက ပြုံးစရာ လားတဲ့ ။ သူမ ရဲ့ ထပ်ဆင့် အမေး ကြောင့် ကျွန်တော် စကားပြော လောသွားတယ်ဆိုတာ ကိုယ့်ဟာကိုယ် သိလိုက်တာ မို့ ကိုယ်ရှိန်သတ်တဲ့ အနေ နဲ့ ငှဲ့ ထားတဲ့ ရေနွေးကြမ်းကို ခပ်သွက်သွက် ယူသောက်လိုက်တယ် ။ အား— ပါး — ရေနွေး က လျှာပေါ် ရောက်မှ အတော် ပူမှန်းသိတယ် ။ လျှာကျက် လု မတတ် ဖြစ်သွား ပေမဲ့ ပါးစပ် က မအော် မိပါဘူး ။ သူမ ကတော့ ကျွန်တော် လုပ်နေသမျှကို ထိုင်ကြည့် နေသလို ဖြစ်နေတယ် ။ ဒါနဲ့ ကျွန်တော် လည်း ရုတ်တရက် ဘူးသီး ချောင်းကြော် တခုကို ခပ်တည်တည်နဲ့ ကောက်ဝါးလိုက်တယ် ။ အဲဒီ အခါကျမှ လျှာ တကယ် ကျက်ပီး မျက်ရည် ပါ လည်ထွက် သွားတယ် ။ ဘူးသီးချောင်း ကြော်ရဲ့ အပြင် အကာပိုင်း က မိုးငွေ. ပါတဲ့ လေနဲ့ ထိလို့ ခပ်နွေးနွေး ဆိုပေမဲ့ အတွင်းမှာက အပူကြီး ရှိသေးတယ် ။ ဒီတခါ မှာ တော့ သူမ က ပြုံးနေရာ ကနေ ရယ်ပါလေရော။ ပီးတော့ ခဏအကြာ နှစ်ယောက်လုံး ငြိမ်နေမိတယ် ။ ကျွန်တော် က ပြောစရာ ရှိတယ်လို့ ထပ်ပြောလိုက်တယ် ။ သူမ က ပြောလေ လို့ ဆိုလာတော့ ကျွန်တော် က သူမ လက်ခလေး တဖက် ကို ဆတ်ကနဲ ဆုပ်ကိုင် လိုက်ပီး ” ချစ်တယ် ” ဆိုတာကို ဖွင့်ပြော လိုက်တယ် ။ သူမ က ကျွန်တော် ဆုပ် ကိုင်ထားတဲ့ လက်ခလေးကို ရုန်းလိုက်ပီး ” ဒီဆိုင် က အကို ဝမ်းကွဲ ဆိုင်တဲ့ ” ။ ကျွန်တော် လဲ အင်ကနဲ ဖြစ်သွားတယ် ။ ကျွန်တော် မှ မသိတာ ။ ဒါပေမဲ့ ကျွန်တော် က ဆက်ပီး အဖြေတောင်း တယ် ။ သူမက ရှက်ပီးခေါင်းငုံ့ ရင်း က စဉ်းစားဦးမယ်လို့ ပြောလာတယ် ။ ကျွန်တော် ကလည်း မရဘူး ဘယ်တော့ အဖြေ ပေးမှာလဲ ထပ်ပီး ဇွတ်မေးတော့ နောက်တခေါက် ဒီကို လာရင်လို့ သူမ ကဖြေတယ် ။ နောက်တခေါက် အဲဒီမြို့လေး ကိုရောက်ချိန် သူမ ရှိရာရွာကိုသွားတော့ သူမက အနွေး အိင်ကျီ အိတ်ထဲက သကြားလုံးလေး တလုံးပေးလာတယ် ။ ကျွန်တော် က သကြားလုံး မလိုချင်ဘူး အဖြေ လိုချင်တာလို့ ပြောတော့ သူမ က သကြားလုံး မှာ အဖြေရှိတယ် သကြားလုံး စားလေလို့ ပြောတော့ ကျွန်တော်လည်း ကြောင်တောင်တောင်နဲ့ သကြားလုံး ကို ဖြည်ပြီး စားမယ်အလုပ်မှာ သကြားလုံးမှာ ပါတ်ထားတဲ့ စက်ကူ သေးသေးကို တွေ.လိုက်တယ် ။ စက်ကူ ပတ်လေးဖြည်ကြည့်တော့ အဲဒီ အပေါ်မှာ ရေးထားတဲ့စာလေးကို ဖတ်လိုက်ရတယ် ။ သူမ ရေးထားတာက” ချစ်တယ် ” တဲ့ ။
ဒီလိုနဲ့ သူမ နဲ့ ကျွန်တော် ချစ်သူ တွေ ဖြစ်ခဲ့ကြတယ် ။ သိပ်ချစ်ကြတဲ့ သူတွေ အဖြစ်နဲ့ပေါ့ ။ကျွန်တော် က သူမကို “လု” ဒါမှမဟုတ်” လုလု” လို့ ခေါ်ပြီး သူမကတော့ကျွန်တော့ ကို ” ကို ” ဒါမှမဟုတ် ” အကို “လို့ ခေါ်ခဲ့တယ် ။ တောင်ကြီး တန်ဆောင်တိုင် ဆိုလည်း ကျွန်တော် တို့ နှစ်ယောက် ရောက်တယ် ။ ကတ်ကူ ဘုရားပွဲ ဆိုလည်း ရောက်သွား ကြတာပဲ ။ တောထဲမှာ တောပန်းလေး တွေ ခူးပီး စမ်းချောင်းလေး ထဲ ကိုလည်း မျှောခဲ့ဘူးတယ် ။ ဒညင်းသီးတွေ ထောပတ်သီး တွေ ကိုလည်း နှစ်ယောက် အတူခူးခဲ့ကြတယ် ။ ကျွန်တော် သွားတဲ့ အချိန် စပါးစိုက် တာနဲ့ကြုံနေရင် သူမ ဘေးကနေ မစိုက်တတ်စိုက်တတ်နဲ့ စပါးကူစိုက်ပေးခဲ့တယ် ။ ပါတ်ဝန်းကျင်က ရိုးသားတဲ့ တိုင်းရင်းသား/သူ တွေကလည်း ကျွန်တော့ ကို လက်ခံကြတယ် ။ ခင်မင် ကြပါတယ် ။ ရွာသားတွေ က လည်း သူတို့ရွာသူ ချောချောလေး ကို ဘယ်ကလာမှန်းမသိတဲ့ ဗမာကောင် လာကပ်နေတယ်ဆိုတဲ့ အပြောမျိုး အကြည့် မျိုးနဲ့ မဆက်ဆံပဲ ခင်ခင်မင်မင် ဖော်ဖော်ရွေရွေ ဆက်ဆံ ခဲ့ကြပါတယ် ။ ဒီလိုနဲ့ ရက်တွေ လတွေ ကနေ နှစ်တွေကြာသွားတယ် ။ အဲဒီ မှာရှိတဲ့ ကျွန်တော့ အလုပ် ကလည်း ပီးလု ပီးခင်ပေါ့ ။ ကျွန်တော် တို့ နှစ်ရောက်ကလည်း ခွဲရခါနီး လေပိုချစ်လေပေါ့ ။
နောက်ဆုံးတခေါက် သူမရှိရာ ရွာကိုသွားခဲ့တယ် ။ နံနက် ( ၁ဝ ) ကျော်မှာ ကျွန်တော် အဲဒီ ကို ရောက်သွားတော့ သူမက ရွာထဲက အိမ်မှာ မရှိဘူး ။ ဒေသ အခေါ် ပန်းနှမ်းတို့ ပြောင်းတို့ စိုက်တဲ့ ခြံ ရှိရာ ရွာ နဲ့ သုံးလေးမိုင် အကွာ ရောက်နေတယ် ။ ဒါနဲ့ အဲဒီနေရာကို တယောက်တည်း ခြေလျှင် လိုက်သွားတယ် ။ ခြံ ကို ရောက်တော့ မနက်တပိုင်းသိန်းခါနီးနေ ပြီး မနက်တပိုင်းပဲ လုပ်တာမို့ အားလုံး ထော်လာဂျီ နဲ့ ပြန်မယ် လုပ်တော့ ကျွန်တော်တို့ နှစ်ယောက် က လမ်းလျှောက်ပီး နောက်က လိုက်လာမဲ့ အကြောင်း ပြောခါ ကျန်ခဲ့ကြတယ် ။ အားလုံး ပြန်သွား ကြပြီးတဲ့ နောက်မှာ ကျွန်တော် က သူမ ကို ဗိုက်ဆာ တယ်လို့ ပြောတော့ သူမ က ကို့မှာ မီးခြစ် ပါလား လို့ မေးတယ် ။ ပြီးတော့ ကျွန်တော့ မှာ ပါလာတဲ့ မီးခြစ်နဲ့ သကြား ပြောင်းတွေ ချိုးပြီး မီးဖုတ်ကျွေးတယ် ။ သူမ ပြောင်းဖူး မီးဖုတ်နေချိန် ကျွန်တော် ပတ်ဝန်းကျင် ကို လေ့လာကြည့် မိတော့ အရှေအရပ် မလှမ်းမကမ်း မှာ မြူတွေ ဆိုင်းနေတဲ့ တောင်သုံးလုံး တန်းကို တွေ.တယ် ။ အဲဒီ တောင်သုံးလုံးတန်းရဲ့ နောက်ခံ မှာလည်း မြင့်မား ရှည်လျှား တဲ့ တောင်တန်း ပြာကြီးရှိတယ် ။ ကျွန်တော် ကြည့် နေတာကို ပြောင်းဖူးဖုတ်ရင်း သူမ က မြင်တော့ ” ကို !အဲဒီ ရှေနားမှာ ရေချောင်း နဲ့ မီးကျည် ပစ်တဲ့ ကွင်းရှိတယ် လို့ သူမ ကပြောလာတယ် ။ ဒါနဲ့ သူမနဲ့ ကျွန်တော် ရေချောင်း ရှိရာကို သွားကြတယ် ။ တောပန်း လေးတွေကို သူမနဲ့ အတူ လိုက်ခူးပီး ချောင်းရေထဲ မှာ စကားပြောရင်းမျှောနေခဲ့ ကြတယ် ။ အချိန်တွေ ကုန်လို့ ကုန်မှန်း မသိခဲ့ကြဘူး ။ မိုးတွေ အုံ့ဆိုင်း လာပြီး ရွာ မည့် ဟန်ရှိချိန်မှာတော့ ” ကို! မိုးတွေ ရွာတော့ မယ် ” လို့ သူမ က ပြောပီး ကျွန်တော့ လက်ကိုဆွဲကာ အနီး သရက်နှစ်ပင် ပူးနေတဲ့ အောက်ကို ခေါ်သွားပါတယ် ။ မကြာ ပါဘူး မိုးတွေ ဝေါ ခနဲ ရွာချလာတယ် ။ ကျွန်တော် တို့ နှစ်ယောက် သရက်နှစ်ပင် အောက်မှာ မိုးခိုနေရင်း ကျွန်တော်က ဒီဒေသ မှာ ရှိတဲ့ ကျွန်တော့ လုပ်ငန်းပီးတော့မဲ့ အကြောင်း နဲ့ ကျွန်တော် သွားမဲ့ အစီအစဉ် တွေ ကို သူမကို ပြောပြတယ် ၊ အဲဒီ အထဲမှာ သူမရှိရာကို လူကြီး မိဘတွေ ခေါ်လာပီး သူမကို လာပြီးတောင်းရမ်း လက်ထပ် ယူမဲ့ အကြောင်း လည်း ပါတယ် ။ သူမ က သရက် ရွက်တွေ က လုံခြုံအောင် ကာရံ မထားနိုင်တဲ့ မိုးစက်တွေ အောက်မှာ ကျွန်တော် ပြောသမျှကို ကျွန်တော့မျက်နှာ ငေးစိုက်ကြည့်ရင်: ပြုံးလို့သာနားထောင်နေပါတယ် ။ မိုးက သည်းသည်းမည်းမည်းရွာလာ သလို လေက တဟူးဟူး တိုက်လာတာကြာတော့ မြန်မာပြည် အလယ်ပိုင်း အပူပိုင်းဒေသမှာ မွေးခဲ့တဲ့ကျွန်တော် အချမ်းဒဏ် မခံနိုင်ပဲ အသားတွေ တဆတ်ဆတ်တုန်လာတယ် ။ ခြေဖျား လက်ဖျား တွေ အေးစက် ထုံကျင်လာတယ် ။ ဒါကြောင့် သူမ က ကျွန်တော့ ကို တင်းတင်း ပွေ.ဖက် ပေးထားတယ် ။ ဒါပေမဲ့ ကျွန်တော် အချမ်း မပြေနိုင်လို့ သူမ နဲ့ အတူ လာခဲ့တဲ့ ခြံထဲက တဲအို လေးဆီသွားရအောင်လို့ ပြောပီး သရက်နှစ်ပင်အောက်က နေထွက်ခဲ့ ကြပါတယ် ။ တဲလေး ကမိုးမလုံ့တလုံ ပါ ။ ဒါပေမဲ့ သရက်ပင် အောက်ထက်တော့ လုံတာပေါ့ ။ တဲထဲက မိုးလွတ်တဲ့ မီးပျိုးလို့ ရသမျှ ကို ရှာကြံပြီးမီးဖို တယ် ။ မြွေရေခွံ အိတ်ပိုင်းလေးတွေ ဆက်ချုပ်ထားတာတွေတော့ နှစ်ယောက်သား ခင်းထိုင် ခဲ့ကြတယ်။မီးဖိုဘေးမှာ တယောက်ကိုတယောက်ဖက် မီးလှုံရင်း အတန်ကြာ နွေးလာတော့ သူမ က ကျွန်တော့ အိန်ကျီ ချွတ်ခိုင်းပီး ရေညှစ် မီးကင်ပေးပါတယ် ။ အတန်အသင့် ခြောက်သွားချိန် ကျွန်တော့ ကို ပေးဝတ်တော့ ကျွန်တော် က ယူမဝတ်ပဲ” လု! အိန်ကျီ ကို ချွတ် အကို့ အိန်ကျီ ဝတ်” လို့ ပြောပီး နောက်လှည့်ပေးလိုက်တယ် ။ သူမချွတ်ပေးတဲ့ အိန်ကျီ ကို ယူပီး ကျွန်တော်က မီးပြန်ကင်ပေးတယ် ။ ခြောက်သွားပီဆိုမှ ကိုယ့်အိန်ကျီ ကိုယ်ပြန်ဝတ်ကြတယ် ။ ပြီးတော့ မီးစာကုန်ခါနီး မီးဖို လေးဘေးမှာ သူမက ကျွန်တော့ ရင်ခွင်ကို မှီပြီး ထိုင်နေရင်း ကနေ” ကို— လု ကို ချစ်လားဟင် ? ” လို့ မေးတယ် ။ ချစ်တာပေါ့ လုရယ်လို့ ပြန်ဖြေရင်း သူမ ပါးပြင် နုနု ရဲရဲ လေး နှစ်ဖက်ကို ချစ်လွန်းလို့ နမ်းမိတယ် ။ အဲဒီ အချိန်မှာ တဲရှိရာ ကို မောင်းလာ တဲ့ ထော်လာဂျီ သံကြားလို့ ကြည့်မိတော့ သူမ ရဲ့ မောင်လေး လိုက်လာတာကိုတွေရတယ် ။ အဲဒီနေ့ က ကျွန်တော်တို့နှစ်ယောက်ရဲ့ နောက်ဆုံး အကြိမ် တွေဆုံမှုလေးဆိုတာ သူမကော ကျွန်တော်ကော နှစ်ယောက်စလုံး မသိခဲ့ကြဘူးဗျာ !
ရုတ်တရက် အဖေဆုံးသွားခဲ့တာကလည်း သိပ်မကြာသေးတာရယ် အမေ့ကိုလည်း သနားတာရယ်ကြောင့် ကျွန်တော့ အစီအစဉ်လည်း ရက်ရွှေ. သွားခဲ့တယ် ။ ဒီလိုနဲ့ အချိန်ကုန် သွားတယ် ။ ဒါပေမဲ့ တပတ် ( ၂ – ၃ ) ကြိမ် ဖုန်းဆက်ဖြစ်ပါတယ် ။ သူမက နားလည်ပေးသလို အားလည်းပေးတယ် ။ တနေ့ ညနေ ( ၆ ) နာရီလောက် အမအိမ်နားက( ထိုစဉ်က အမဖြစ်သူက ရွှေပြည်သာမှာနေပါတယ် ) ကျွန်တော် သူမကို ဆက်နေကျ ဖုန်း ဆိုင်ကို ရှမ်းပြည်က ဖုန်းလာတယ် ပြောလို့ သူမဆက်တာပဲလို့ အတပ်သိတဲ့ အတွေး နဲ့ အပြေးတပိုင်း ဖုန်းကိုင်မိတော့ သူမ အိမ်ဘေးက ကျွန်တော်နဲ့ အရမ်းခင်တဲ့ အမကြီး က ငိုပြီးတော့ သူမ ဆုံးသွားပြီဆိုတဲ့ သတင်း ကို ပေးလာတယ် ။ ကျွန်တော့ တသက်မှာ ဘယ်တုန်းကမှ မတွေးဘူး မမျှော်လင့်ဘူးတဲ့ စကား – အိပ်မက်တောင် မမက်ဘူးတဲ့ အဖြစ် ။အမျိုးသမီးပုံမှန်လာနေတဲ့အချိန် မေ့ပြီး ဇီးဖြူသီးလည်း စားမိတယ် ။ ရေချိုးလည်း မှားသွားတယ်တဲ့ ။ တောင်ကြီး ဆေးရုံ ပို့ဖို့စီစဉ်နေတုန်းမှာပဲ နာတယ် နာတယ် နဲ့ ဗိုက်ကိုဖိအော်ရင်း ကနေ ဆုံးသွားတယ်တဲ့ဗျာ ! သူမ နဲ့ ဖုန်းပြောခဲ့တဲ့ အချိန်တိုင်း ကျွန်တော့ ကို လွမ်းတယ်လို့တော့ တ ဖွဖွပြောတယ် ။ အလွမ်းစိတ်ကြောင့် စိတ်နဲ့ကိုယ်နဲ့ မကပ်ပဲ သတိ လက်လွတ် ဖြစ်သွားတယ်ထင်တယ်ဗျာ ! သူမရွာမှာ ကျွန်တော် သူမအတွက် အုတ်ဂူလေးတလုံးတည်ပေးထားတယ် ။ အဲဒီ အုတ်ဂူလေးထဲမှာ သူမ အမြတ်တနိုး သိမ်းစည်း ထားခဲ့တဲ့ ကျွန်တော်ဝယ်ပေးခဲ့တဲ့ လက်ဆောင်လေးတွေကို သူမနဲ့ အတူ ထားပေးထားတယ် ။ ဒါကြောင့် တောင်တန်း တွေကို မြင်ရင် ကျွန်တော် ဝမ်းနည်းတယ် ။ တခါတရံ မိုးတွေရွာတိုင်း အတိုင်းမသိ သတိရတိုင်း ငိုတယ် ။ ကိုထီး ရေးခဲ့တဲ့ လင်းခေးအဝင် ဆိုတဲ့ တောင်ပေါ်သီချင်းလေးကို နားထောင်မိတိုင်း ကြေကွဲစွာ ငိုကြွေးမိတယ်ဗျာ ။ကျွန်တော့ကိုချန်ထားခဲ့ပြီး ဘယ်လိုမှ ပြန်မဆုံ နိုင်တဲ့လမ်း ရှိရာကို သူက အစောကြီးထွက်ခွါသွားရက်တယ်ဗျာ ။
9 comments
mamanoyar
August 4, 2012 at 9:12 am
အဖြစ်မှန်များလား
တော်တော်လေးကို အသက်ဝင်ပြီး ဖတ်လို့ကောင်းပါတယ်
စိတ်မကောင်းလိုက်တာ
အဖြစ်မှန်မဟုတ်ပါစေနဲ့လို့ ဆုတောင်းမိပါတယ်
linnlinnn
August 4, 2012 at 10:28 am
တကယ်ကိုအသက်ဝင်ပြီးခံစားရပါတယ်။ ငယ်ငယ်က မိုးရွာတဲ့အချိန် တောင်တန်းတွေကြားထဲက လျှပ်စီးလက်နေတာကို လှမ်းမြင်ရတဲ့ တောင်တန်းတွေကို လွမ်းမိပါတယ်။
မောင်ပေ
August 4, 2012 at 12:25 pm
““ ကိုယ်တစ်ယောက်ထဲ…. မင်းမရှိရင် အသက်မရှင်ချင်ဘူး အချစ်ရေ… မနေ ့က ငါသေဆုံးသွားခဲ့.. ””
manawphyulay
August 4, 2012 at 12:47 pm
အင်း အဖြစ်အပျက်လေးက တကယ့်အဖြစ်အပျက်ဖြစ်မယ်ထင်တယ်နော်။ စိတ်မကောင်းစရာပဲ။
ဒီလိုဆိုရင်လည်း တောင်တန်းတွေရှိတဲ့ဘက်ကို မသွားပါနဲ့လား..
ko khin kha
August 4, 2012 at 2:52 pm
အော် ဖြစ်မဖြစ်ရလေကွယ်၊ စိတ်မကောင်းလိုက်တာဗျာ။
စိန်ဗိုက်ဗိုက်
August 4, 2012 at 3:17 pm
တစ်ဂယ်ပဲ ဖစ်ဖစ်
မ ၁ ဂယ်ပဲ ဖစ်ဖစ်
ဖတ်ပြီးတဲ့အခါ ရေလည် ခံစားသွားရတယ်ဗျား….
ဇီးဖြူသီးလည်း မစားနဲ ့
ရေချိုးလည်း မမှားကြစေနဲ ့နော..
Phaung Phaung
August 4, 2012 at 4:28 pm
ကောင်းလိုက်တဲ့ဇာတ်လမ်းလေး… ဝတ္တုတိုဖြစ်ဖြစ်/ ဗီဒယိုဖြစ်ဖြစ်ရိုက်ဖို့ကောင်းတယ်
ဖတ်ရင်းနဲ့တောင် လွမ်းသလိုလိုပဲ…
မသေသင့်ပဲသေသွားရတာ နှမြောစရာနော်….
အတိသဌ္ဇနာဂရ
August 4, 2012 at 10:25 pm
ဖြစ်ရပ်မှန် မဟုတ်ခဲ့ရင်လဲ ရင်နဲ ့ခံစားရေးဖွဲ ့စွမ်းကို လေးစားပါတယ်ဗျာ။
snow white
August 5, 2012 at 1:51 pm
သေခြင်းတရားရှောင်လွဲလို့မှမရတာ သနားပါတယ် ဇာတ်လမ်းလေးက ဇာတ်နာလိုက်တာ တော်တော်လေးဖတ်လို့ကောင်းတယ် မျက်ရည်တောင်ဝဲမိတယ် ။နောက် ကိုယ့်တွေ့လေးတွေရှိရင်လည်းပို့စ်တင်ပါအုံးနော် ။