Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

(၃၁ ) ဘုံဘယ်မှာလဲ?…

Ko out of...August 4, 20121min47617

သင်္ခါရ လေးမျိုးရဲ့..ကိလေသာ၊ ကံ၊ ဝိပါက်၊ သံသရာ၊ သတ္တဝါ၊ လက္ခဏာ ဆိုတာ ဒီလိုပါ…

၁။ ကံ လေးမျိုး အနက်တစ်မျိုးမျိုး လုပ်ရင်ကောင်းမယ်လို့ အမြင်နဲ့ အတွေးတွေဟာ ကိလေသာတွေဘဲ…

၂။ ကိုယ်လုပ်တာ သူများနှစ်နာတာဖြစ်တော့ ကာမအကုသိုလ်ကံ၊ ကိုယ်အနှစ်နာခံတာကျ
တော့ ကာမကုသိုလ်ကံ၊ အသိမဲ့ နေတာကို လုပ်တော့ ရူပကုသိုလ်ကံ၊ အရှိမဲ့တာ လုပ်တော့ အရူပ ကုသိုလ်ကံ ဘဲ…

၃။ အဲဒီလိုလုပ်တာတွေက အားပါတော့ အဲဒီအားအရှိန်ကြောင့် ကံနဲ့ အတူဖြစ်တဲ့ တရားတွေ နာနာဘဝ = ထူးထူး ခြားခြားဖြစ်တာက ဝိပါက် ဇာတိဘဲ။ ထူးခြားတဲ့ အဖြစ်အပျက်ပျက်စီးမှု ဝိနာဘာဝ = ပျက်တဲ့ အဖြစ်က ဝိပါက် ဇရာ မရဏ ဘဲ…
ဝိနာဘာဝ = ဝိပါက် ဇရာ မရဏကြောင့် စိတ်လက်ကုန်ခမ်း ရမ်းရော်တဲ့ အမြင် အတွေးတွေဟာ ကိလေသာတွေဘဲ… ဒီလိုလည်ပတ်ဖြစ်ပွါးတာ သံသရာဘဲ…

၄။ ဒီလို ဖြစ်ပွါးရလို့ စိတ်ပြောင်း၊ ရုပ်ပြောင်း၊ ခံစားမှတ်သားတွေပါ ပြောင်းပြီး ဖြစ်ပေါ်နေတဲ့ အသွင်ဟာ သတ္တဝါလောကဘဲ…

၅။ အဲဒီ သတ္တဝါတွေဟာ ကောင်းမကောင်း၊ အသုံးကျ မကျ၊ ဆိုးရွှား မဆိုးရွှား ဒါတွေက လက္ခဏာတွေ ပေါ့…

၆။ ဒီလက္ခဏာတွေ သိတတ်တာက မဂ္ဂအရိယာသစ္စာ…အသိခံရတာတွေက ဒုက္ခအရိယာသစ္စာ…အသိခံတွေကိုသိရတော့ ဒီအသိခံတွေရဲ့ အကြောင်း ကိလေသာကိုပယ်တာက သမုဒယ အရိယာသစ္စာ..ပယ်တော့ အဲဒီ အသိခံ အရိယာသစ္စာတွေငြိမ်းရာရောက်တာက နိရောဓ အရိယာသစ္စာ ဖြစ်တာဘဲ…အကျယ်သိချင်ရင်..ဒီမှာလေ့လာ နိုင်ပါတယ်..

http://www.google.com/search?q=ariyathitsa.org&ie=utf-8&oe=utf-8&aq=t&rls=org.mozilla:en-US:official&client=firefox-a&source=hp&channel=np

17 comments

  • koyo

    August 4, 2012 at 5:57 pm

    ဘာလဲဗျာ အရိယသစ္စာ။ ဘာလဲဗျာ ဝိပါက်တွေ၊ လက္ခဏာတွေ။
    Ko out of… က ဘာအဓိပ္ပာယ်နဲ့ ဒီလိုစကားတွေပြောနေတာလဲ။ လူနားမလည်တဲ့ စကားလုံးတွေကို
    ပြောနေလို့ကတော့ လူတွေဘာသိမှာလဲဗျာ။ မသိရတဲ့ စကားလုံးတွေဖတ်ရတော့ မသိတာပဲ အဖတ်တင်
    မှာပေါ့။ လူနားလည်မယ့် စကားမျိုးပြောတာ မကောင်းဘူးလား။

    • me dain

      August 4, 2012 at 8:27 pm

      koyo လိုဘဲ ကျွန်တော်လည်း အရင်တုံးက ..ကိလေသာ၊ကံ၊ဝိပါက် ဆိုတာ ကျွန်တော်လည်း နားမလည်ခဲ့ဘူးဗျာ…

      ဒါပေမဲ့ … သိအောင်လေ့လာရင်းနဲ့ …ပြုလုပ်ချင်တာ..ကိလေသာ..ပြုလုပ်တာက ကံ…ပြုလုပ်သူဖြစ်တာက… ဝိပါက် လို့နားလည်ခဲ့ရပါတယ်…

      ပြုလုပ်ချင်တာ..ပြုလုပ်တာ…ပြုလုပ်သူဖြစ်တာ တွေဟာ တခုကိုတခု အကြောင်းသည်ပင်လျှင်..အကျိုး..အကျိုးသည်ပင်လျှင် အကြောင်းခံ ပြီး လှည်ပတ်တာက သံသရာပေါ့…အဲဒါ ကိုယ်လုပ်တဲ့ သင်္ခါရပေါ်မူတည်ပြီး သတ္တဝါ အမျိုးမျိုးဖြစ်တယ်..အဲဒီလက္ခဏာ
      တွေက..အနိစ္စ(ပျက်စီးတယ်)၊ ဒုက္ခ(ဆိုးဝါးတယ်)၊ အနန္တ(အသုံးမကျ)၊ အသုဘ(မလှမပဖြစ်တယ်.ဆိုတဲ့ လက္ခဏာတွေဖြစ်တယ်..

      ဒါကိုနားမလည်ရင်..ဥပမာ ပန်ကာ သုံးရွှက်ကို ပထမပန်ကာရွှက်ကို.. ကိလေသာ လို့သတ်မှတ်ကြည့်မယ်..ဒုတိယ ပန်ကာရွှက်ကို..ကံလို့သတ်မှတ်မယ်…တတိယပန်ကာရွှက်ကို.. ဝိပါက်လို့ သတ်မှတ်မယ်..
      ဒီပန်ကာလှည်တဲ့ အခါ နဂိုရှိပြီး ပုံစံနဲ့ မတူတော့ဘူးမဟုတ်လား..ပန်ကာပုံစံပေါ်မူတည်ပြီး လည်ပတ်တဲ့ ပုံ မတူသလို..ကိုယ်ပြုလုပ်တဲ့ သင်္ခါရပေါ်မူတည်ပြီး..သတ္တဝါအမျိူးမျိူးဖြစ်တယ်..
      ဒီလှည်ပတ်နေတဲ့ ပန်ကာကို ဘယ်လိုရပ်အောင်လုပ်မလဲ?..သိတဲ့လူကတော့ ခလုတ်တချက်ပိတ်လိုက်ရင် ပန်ကာရပ်ပေမဲ့…မသိတဲ့ လူကတော့ ..
      ပန်ကာရပ်အောင်..လက်နဲ့ဘဲဖြစ်ဖြစ်..ဒုတ်နဲ့ဘဲဖြစ်ဖြစ်
      ရပ်ရင်ရော.မရဘူးလား..ရတယ်သို့သော်..ဒါကမှန်ကန်တဲ့ နည်းတော့မဟုတ်ဘူး..ယခုမြန်မာ
      ပြည်ကရိပ်သာတွေမှာ..ပန်ကာရပ်အောင်သင်တဲ့နည်းက လက်ပြတ်အောင်သင်တဲ့ နည်းဖြစ်နေပါကြောင်းပါခင်ဗျာ… ..

  • ဦးဦးပါလေရာ

    August 4, 2012 at 7:45 pm

    ပစ္စုပ္ပန်ကမ္မဝါဒ ကို ဒီလောက် တိုတိုရှင်းရှင်းနဲ့ ပိုင်ပိုင်နိုင်နိုင် ချုပ်ပြီးရှင်းပြတာ ဗဟုသုတရပါတယ်။
    အယူဝါဒတခုကို သာသနာပြုတယ် ဖြန့်ဝေတယ်ဆိုတာ ဒီလိုပုံမျိုးဖြစ်ရင် အကောင်းဆုံးပါပဲ။

    • koyo

      August 4, 2012 at 8:25 pm

      အယူဝါဒတွေများရတဲ့အထဲ အယူဝါဒတစ်ခုကတိုးလာပြန်ပြီ။

      • mggwa

        August 4, 2012 at 11:17 pm

        စိတ်ကြိုက်ရွေးရတော့ ပို မကောင်းဘူးလား koyo။
        ကံစမ်းမဲပါ ပေးရင်တော့ ပိုကောင်းတာပေါ့နော့ 😀

      • KyawThein

        August 5, 2012 at 11:22 am

        အဲဒါကြီင်္းကမိုးပြာဝါဒလေ
        အောက်က မောင်ဂွကလည်း မိုးပြာဆရာကြီးဘဲ
        ဇောက်ထိုးကလည်း မိုးပြာပွဲဆိုရင် လာမန်းကျ
        လူတွေကတော ့ အလွန်တော်ပါတယ်
        သူတို ့ဝါဒကိုသာမကြိုက်တာပါ

        • mggwa

          August 5, 2012 at 10:50 pm

          အင်း လက်ရှိ အာဏာရ ထေရဝါဒပါတီရဲ့ အယူနဲ့ မတူတိုင်းသာ
          မိုးပြာလို့ သမုတ်နေကြရင်တော့ ခက်ပြီကော။
          ဗုဒ္ဓတောင် ဒီခေတ်မှာ ပြန်ပွင့်လာပြီး တရားဟောလို့
          ထေရဝါဒနဲ့ မတူရင်တောင် မိုးပြာလို့ သမုတ်မလားမသိ။

          မိုးပြာကို ဂလောက်တောင်ကြောက်နေကြတယ်ဆိုတော့
          ဘယ်တူက မှန်ပြီး၊ ဘယ်တူက မွှားနေ အဲလေ မှားနေကြလဲလို့
          မောင်ဂွစဉ်းစားနေမိလေ၏။ 8)

  • aye.kk

    August 4, 2012 at 8:33 pm

    (၃၁)ဘုံဘယ်မှာလည်းဆိုတော့
    ပရိယတ်ကိုအရင်သိအောင်လုပ်ဘို ့လိုပါသည်။။

  • ဇောက် ထိုး

    August 4, 2012 at 10:16 pm

    ဦးပါလေရာပြောသလိုပဲ me dain တင်ပြတာ တကယ် ရှင်းပါတယ်။

    လူကောင်းလေးတစ်ယောက်…
    ခိုးချင်စိတ်ဖြစ်တာ… ကိလေသာ…
    ခိုးချင်စိတ်ကြောင့် …ခိုးလိုက်တာ….. ကံ…
    ခိုးလိုက်တဲ့အတွက်ကြောင့် …. သူခိုးဖြစ်သွားတာ… ဝိပါက်….
    အဲဒီသုံးခု လူမှာ… ခိုးချင်စိတ်ဖြစ်လိုက်… ခိုးလိုက်….. သူခိုးဖြစ်လိုက်..နဲ့လည်ပါတ်နေတာ သူခိုးသံသရာလည်နေတာပဲ…. အဲဒီလိုမဟုတ်လား….
    အဲဒီသူခိုးကနေ…. တဖြည်းဖြည်းနဲ့ လုယက်ချင်စိတ်ပေါက်လာပြန်ရော…
    လုယက်ချင်စိတ်ဖြစ်တာ …. ကိလေသာ…
    လုယက်လိုက်တာက…. ကံ…
    လုယက်သူဖြစ်သွားတာက… ဝိပါက်…
    အဲဒီတော့…. သူခိုးဘဝကနေ…တဖြည်းဖြည်းနဲ့ ဓားပြဘဝရောက်သွားပြန်ရော…
    အဲဒီလိုပြောတာလို့ နားလည်မိပါတယ်။ စာမူရှင်တင်ပြတာက နည်းနည်းရှုပ်နေပါတယ်။ နားမလည်ပါဘူး…..

    • နွေဦး

      August 4, 2012 at 11:17 pm

      “အဲဒီသူခိုးကနေ…. တဖြည်းဖြည်းနဲ့ လုယက်ချင်စိတ်ပေါက်လာပြန်ရော”
      ဒီနေရာလေး နဲနဲချဲ့ချင်လို့ပါ ဦးဇောက်ရေ…။
      “… ခိုးချင်စိတ်ဖြစ်လိုက်… ခိုးလိုက်….. သူခိုးဖြစ်လိုက်..နဲ့လည်ပါတ်နေတာ သူခိုးသံသရာလည်နေတာပဲ….”
      သံသရာလည်နေတဲ့ သူခိုးက တဖြည်းဖြည်းနဲ့ လုချင်စိတ်ပေါက်လာရတာလဲပေါ့ .။
      ရှိနေတဲ့ နေရာကနေ လောဘ ကပ်လာလို့သာ တဆင့်တက်ပြီး လုယက်တဲ့ ဓားပြ ဘဝရောက်ရတယ် မဟုတ်လား ။
      အဲဒီလောဘ ဘယ်က ရောက် ဘယ်ကရ သလဲ ။ ဒီလောဘ ရောက်လာတဲ့နေရာ ရောက်လာရတဲ့ အကြောင်းသိရင်
      မရောက်အောင် တားလို့ရတာပေါ့ ။ လောဘဆိုတာ မကောင်းဘူးလို့လဲ သိထားရင်ပေါ့လေ ။ ဒီလိုတားနိုင်ရင် နောက်တဆင့်တက်ပြီး ဓားပြ ဖြစ်မလာဘူးပေါ့ ။
      အေးဗျာ..ဒါလေးနဲ့ ဆိုရင်တောင် တော်တော်လွယ်လွယ် သိလွယ်ပါရဲ့….။

      • ဇောက် ထိုး

        August 5, 2012 at 9:14 am

        ခုလို အားပေးတာ ကျေးဇူးပါ ကိုနွေဦးရေ… ကိုရင်မောင်ပြောတာလဲ ဟုတ်ပါတယ်။ ကျွန်တော် အဲဒီပြဇာတ်ခွေတွေ နားထောင်ဘူးပါတယ်။ စာအုပ်တော့ ကျွန်တော် မဖတ်ဖူးဘူးဗျ… ရှိသေးရင်တော့ ဖတ်ချင်သား….
        ဒါပေမယ့် 31=ဘုံ ဘုရားဟောတယ်ဆိုတာကိုတော့ ကျွန်တော် လက်ခံတယ်ဗျ….
        ယုံလဲ ယုံကြည်တယ်။..
        ဒါပေမယ့် စဉ်းစားနေတာကတော့…..လူထဲမှာလား….လူပြင်ဘက်မှာလားဆိုတာကိုတော့ စဉ်းစားဆဲပဲ…..
        အဲဒီသုံးဆယ့်တစ်ဘုံက လွတ်မှ နိဗာန်ကိုဗျ…..
        မှားမှားမှန်မှန် အားလုံးကိုဆွေးနွေးကြလို့ ကျေးဇူးပါ။

  • ကိုရင်မောင်

    August 4, 2012 at 11:49 pm

    ၃၁ဘုံဝါဒဗုဒ္ဓလက်မခံခြင်း ဆိုတဲ့စာအုပ်ထွက်ခဲ့ဘူးတယ်….
    စာရေးဆရာကဦးကိုကိုကြီး (ရှင်ဥက္ကဌတပည့်) ရေးသည်လို့ထင်ပါတယ်…
    တိတ်ခွေ ဇာတ်လမ်း တွေ ခေတ်စားတဲ့အချိန်တုန်းကလဲ
    လူငယ်နိုင်လင်း ထုတ်ခဲ့တဲ့ ဘုံကမာ္ဘ ဘုံရှင်းတမ်း ၊ ဗြူဟာဘုံ ဆိုတဲ့အခွေတွေ
    ထွက်ခဲ့ဘူးပါတယ် အသံနဲ့သရုပ်ဆောင်တဲ့သူတွေထဲ့မှာ ရုပ်ရှင်သရုပ်ဆောင်
    ဦးထွန်းဝေတို့ပါခဲ့ပါတယ် နောက်ပိုင်း ဆရာတော်ကြီးတွေက ကန့်ကွက်ကြလို့…
    ဆရာတော်ကြီးတွေကိုဝန်ချတောင်းပန်ခဲ့ကြရပါတယ်လို့ သိခဲ့ဘူးပါတယ်…..

  • kai

    August 5, 2012 at 1:05 pm

    အိုင်စတိုင်းသီအိုရီအရ.. အလျှင်နဲ့အချိန်က.. တိုက်ရိုက်အချိုးကျတယ်..
    အလျှင်မြန်လာတာနဲ့.. အချိန်က..ရှည်ကြာသွားတာပါ…

    ဆိုတော့…
    အလင်းအလျှင်နဲ့နီးလာတာနဲ့.. အချိန်ကလည်း.. အရမ်းကိုရှည်ကြာလာတယ်ဆိုပါစို့..
    အဲဒီအချိန်ဆိုတာဟာ.. ကမ္ဘာ့အချိန်ကာလနဲ့မတူတော့ပါဘူး..
    . လူ့ပြည်(ကမ္ဘာ့မြေ) နှစ်၁၀ဝဟာ.. အလျှင်တခုနဲ့ခရီးနှင်နေတဲ့.. တခုခုပေါ်မှာ.. တရက်ပဲရှိတာမျိုးလည်း.. ဖြစ်သွားပါတယ်..။
    သိပ္ပံအရ.. သက်သေပြချက်လည်း…ရှိပြီးသားပေါ့..

    နတ်ပြည်ဆိုတဲ့.. ဒေသတွေဟာ.. အလျှင်တခုနဲ့ခရီးနှင်နေတဲ့အခါမှာ.. ဘွားကနဲ့ပေါ်လာနိုင်ပါတယ်..
    ပန်ကာပဲဆိုပါစို့..
    ပန်ကာလည်ပါတ်နှုန်းဟာ.. အလင်းအလျှင်နားရောက်လာတာနဲ့.. ပန်ကာရွက်တွေဟာ.. နတ်ပြည်အဆင့်ဆင့်ကို.. ကျော်ဖြတ်မြင်သွားမှာဖြစ်ပါကြောင်း.. :mrgreen:

    http://www.thebigview.com/spacetime/timedilation.html

  • မိုးတိမ်

    August 5, 2012 at 7:48 pm

    ဒီကသူကြီးအပါအဝင် မောင်ဂွ၊ကိုရို၊မီဒိန်း၊အပြင်ကကောင်(ဒီဆောင်းပါးရှင်)။ အဆိုးဆုံးကတော့ ဇောက်ထိုးဆိုပြီး ဗုဒ္ဓသားတော်ရဟန်းအယောင်ဆောင်ကောင်ပါပဲ ။ဇောက်ထိုးငရဲကိုသွားရမှာမလွဲပါဘူး။ပါရာဇိက ထဲမှာ
    သံဃာသင်းခွဲ၊ ဝိဝါဒကွဲပြားအောင်လုပ်ဆောင်တာ ဘယ်လောက်အပြစ်ကြီးလဲဆိုတာ ဇောက်ထိုး သိမှာပါ။
    ဖြစ်နှိုင်ရင် ဒေဝဒတ်အဖြစ်ကို ကျန်တဲ့ သူတွေကိုပြောပြလိုက်ပါ။ ကိုဘေးနွားကင်စားရပါစေဆုတောင်းနေပေါ့
    ဖြစ်နှိုင်တာကတော့ အကင်စားမခံရအောင် တစ်နေ့(၅)ကြိမ်ဖင်ထောင်ဆုတောင်းနေတာ အကောင်းဆုံးဖြစ်ပါ
    ကြောင်း [:D]

    _________________________
    I added cool smileys to this message… if you don’t see them go to: http://s.exps.me

  • Ko out of...

    August 5, 2012 at 8:00 pm

    ကျွန်တော်ရေးတဲ့ ပိုစ့်တိုင်းရဲ့ ရည်ရွှယ်ချက်က လူတွေ ရန်ဖြစ်ဖို့ မဟုတ်ဘူးဗျာ…

    စဉ်းစားဖို့တွေ ချည်းချည်းပါဘဲ…

    အဟောင်းမှန် သမျှသစ်အောင် ပြင်ပေးတဲ့လူကို ရန်ပြုတာ သမိုင်းနဲ့ အပြည့်တွေနိုင်တာဘဲ…အဟောင်း သမားတွေဟာ မစဉ်းစားချင်ကြဘူး…

    အဟောင်းသမားတွေဟာ လက်တွေ့နယ်ရဲ့ တဖက်မှာပါ..

    သစ်အောင် ပြင်ပေးတဲ့ လူတွေဟာ လက်တွေ့နယ်ထဲမှာပါ..ဒါကြောင့် ရန်ဖြစ်စရာ အကြောင်းမရှိပါဘူး…
    အသစ် သမားတွေဟာ လူအကြောင်း မပြောဘူး…မူ အကြောင်းဘဲပြောပါတယ်…

  • realman

    August 5, 2012 at 8:19 pm

    ဗုဒ္ဓဘုရားဟာ ဟိန္ဒူအယူအဆ ဝေဒကျမ်းတွေ လွှမ်းမိုးနေတဲ့ ခေတ်မှာ
    ပေါ်ထွန်းခဲ့ရတာဆိုတော့ လူ့အရည်အသွေး သတ်မှတ်ချက်မှာလည်း
    ဝေဒကျမ်းတွေမှာ ပါရှိတဲ့ ၃၁-ဘုံဆိုတဲ့ သတ်မှတ်ချက်နဲ့ပဲ သတ်မှတ်ခဲ့ရတယ်လို့
    ပြောဆိုတဲ့ ပညာရှင်တွေလည်း ရှိပါတယ်။

    အခုခေတ်မှာသာ ဗုဒ္ဓပွင့်မယ်ဆိုရင် သိပ္ပံပညာလွှမ်းမိုးတဲ့ ခေတ်ဖြစ်နေခြင်းကြောင့်
    လူ့အရည်အသွေး သတ်မှတ်ချက်ကိုလည်း ဒီ ၃၁-ဘုံဆိုတာကြီးနဲ့
    သတ်မှတ်ပါ့မလားဆိုတာ စဉ်းစားစရာပါ။

    တကယ်ကတော့ ဒါတွေဟာ လူ့ရဲ့ စွမ်းရည်တွေကြောင့် ဖြစ်နေရတဲ့
    အရည်အသွေးတွေပါလို့ နားလည်မိပါတယ်။

  • maungmoenyo

    August 6, 2012 at 7:51 am

    (၃၁) ဘုံက တကယ်တော့ ကိုယ့်ခန္ဓာက သံသရာထဲလည်နေတဲ့တရားဖြစ်ပါတယ်။ လူနေတဲ့နေရာက လူ့ဘုံလို့သတ်မှတ်ပြီး၊ ငရဲဆိုတာနဲ့ ကိုယ့်အောက်ကိုကြည့်ရင်မှားပြီပေါ့။ တခါ နိဗ္ဗာန်ဆိုတိုင်းကောင်းကင်ကိုမော့်ကြည့်ပြန်ရင်လည်းမှာပြန်ပြီပေါ့။ ဒီ(၃၁)ဘုံက ကိုယ့်ခန္ဓာထဲတကယ်လည်နေတဲ့ စိတ်၊စေတသိက်၊ ရုပ် နဲ့ နိဗ္ဗာန် ပရမတ်တွေပါဘဲ။

Leave a Reply