Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အခေါင်းဖက်ပြီး မလွမ်းပါနဲ့

အာဂAugust 4, 20121min90829

ကြေးစည်သံများက လူ့လောကကြီးထဲက ထွက်ခွာသွားသူတွေကို နှုတ်ဆက်နေသလိုလို။ဒါမှမဟုတ် လာရောက်ကြသူအပေါင်းတို့အား
မင်းတို့လည်း မင်းတို့အလှည့်ကိုစောင့်နေကျလို့ ကြိမ်းဝါးနေသလိုလိုပင်။ သုဿန် က သေဆုံးသူများရှင်သန်နေသူများ နှင့် နေ့စဉ်
ပြည့်နှက်လို့နေလေသည်။

နောက်ဆုံးခရီးကို လိုက်ပိုကြသူများထဲမှ အချို့က ပြင်ဆင်ထားသော အလောင်းစင်ပေါ်မှ သွားလေသူကိုကြည့်၍ သံဝေဂ ပူဆွေးမှုမျက်ရည်များ တသွင်သွင်
စီးဆင်းနေသည်။

ဆွေမျိုးများက ပူဆွေးမျိုးများဖြစ်ကုန်ကျ၏။ သူ၊သူမ၊ယောက်ျား၊မိန်းမ တစ်ယောက် သို့မဟုတ် တစ်စုံတစ်ယောက်က သွားလေသူရဲ့ အခေါင်းကိုဖက်ပြီး
လွမ်း….. ၊ငို …..၊ညီး…၊ရှိုက်….ငင်… ပြလိုက်သည်။
ထို့သို့ သူ၊ သူမ၊ယောက်ျား၊ မိန်းမ …တစ်ယောက်ယောက်က အခေါင်းထဲရှိ အလောင်းကောင် အား

၁။လွမ်းဆွတ်
၂။နှမြောတမ်းတ
၃။သံယောစဉ်
၄။မေတ္တာ
၅။ကျေးဇူးတရား
၆။နောင်တ
၇။အစားထိုးလို့မရသောခံစားမှု
……………….
စသဖြင့်………….
သောကဗျာပါက မြောက်မြားစွားနဲ့ ပူဆွေးသောကရောက်ပြီး..
၁။ငိုကြ
၂။တက်ကြ
၃။လွမ်းကြ
၄။ဖက်ကြ၊လျက်ကြ
၅။နမ်းကြ
၆။စကားပြောကြ
၇။အတိတ်အကြောင်းအလွမ်းဟောင်းတွေပြောကြနဲ့ အပိုတွေလုပ်ကြရ၏။

ထိုသို့ အငိုတွေရွဲရွဲစို။ သောကတွေ ပင်လယ်ဝေ။ မျက်ရည်တွေလှိုင်းထံနေချိန်မှာ

အခေါင်းထဲရှိအလောင်းကောင်မှာကား
၁။ မငို
၂။မရယ်
၃။မပြုံး
၄။မမဲ့
၅။မခံစား
၆။မမျှော်
၇။မပြော၊မဆို
၈။မလှုပ်မယှက်
၉။မတမ်းတ
၁၀။ မငို…. စသဖြင့်….ရှိကျလေသတည်း..။

(မှတ်ချက် ဘာရယ်မဟုတ်ပါဘူး..။တစ်လောက အသုဘတစ်ခုသွားရင်း ခံစားသူသာဝေဒနာရတဲ့အကြောင်းလေးကိုတွေမိလို့ပါ
အာဂရဲ့ စိတ်အချဉ်ပေါက် ပေါက်တတ်ကရအတွေး ဟုသာယူစစေချင်ပါတယ်။)

29 comments

  • padonmar

    August 4, 2012 at 6:41 pm

    ဂဂ ရေ
    သေမှမလွမ်းကြပါနဲ့၊မသေခင် ချစ်ကြပါပေါ့ ဟုတ်လား။

    • မောင်ပေ

      August 4, 2012 at 6:45 pm

      ဟုတ်ပ
      ကိုယ့်ဘေးမှာ ချစ်သူ ရှိနေချိန်သာ
      ဘဝအတွက် ပျော်ရွှင်စရာအကောင်းဆုံးအချိန်တွေပဲမို ့
      ချစ်သူရှိခိုက် လုံ ့လစိုက်ကာ ချစ်ချစ်ခင်ခင်နေကြပါ

      • snow white

        August 5, 2012 at 1:10 pm

        မသေခင်ချစ် သေရင်ပစ် အဲ့တာအမှန်တရားပဲ

    • snow white

      August 5, 2012 at 1:09 pm

      မသေခင်ချစ် သေရင်ပစ် အဲ့တာအမှန်တရားဘဲ။။

  • Khaing Khaing

    August 4, 2012 at 6:45 pm

    သေမှ မငိုနေတာထက် မသေခင်မှာ ချစ်ကြ လုပ်ပေးစရာရှိလုပ်ပေး …. အဲဒီစိတ်ကလေးတွေ ထားတာအကောင်း ဆုံးပါပဲ … ဂဂရယ် ……

  • ဇောက် ထိုး

    August 4, 2012 at 6:59 pm

    မသေခင်ချစ်…………. သေလျှင်ပစ်……….. အနှစ်မပါ………ဒီခန္ဓာ…….
    မသေခင်ကောင်း………သေလျှင်ဂျောင်း……….. အကောင်းမပါ ……….ဒီခန္ဓာ……
    မသေခင်ဟုတ်……….သေလျှင်ပုပ်……………….စက်ဆုပ်စရာ……………………ဒီခန္ဓာ………

    အကောင်းဆုံးကတော့………. မရှိတော့တဲ့သူကို……. ကိုယ့်အသိမှာ မရှိတော့ဘူးဆိုတဲ့ စာရင်းသွင်းနိုင်ရင် အကောင်းဆုံးပဲ။…

    • aye.kk

      August 4, 2012 at 7:37 pm

      ဪ….
      အမြင်….
      အမြင်…
      ကျမအမြင်မှာပေါ့နော်…
      ဇောက်ထိုးရေးတဲ့အောက်ကဖော်ပြထားတဲ့အဓိပါယ်စာသားလေးကိုဖတ်ပြီး
      ဆက်စပ်ပြီးတွေးမိလိုက်တာပါ။
      (မရှိတော့တဲ့သူကိုကိုယ့်အသိမှာမရှိတော့ဘူးဆိုတဲ့စာရင်းသွင်းထားနိုင်သူတွေက)
      ဂျူလိုင်(၁၉)ရက်မှာဥဩမဆွဲနိုင်တော့တာဖြစ်မယ်နော်။။(တရားကျစရာကောင်းပါ၏)

      • စိန်ဗိုက်ဗိုက်

        August 4, 2012 at 7:42 pm

        ထောက်ချက်ကတော့ ရေလည်မိ..
        အူးဘဇင်း ကိုကိုဇောက်တို ့ နားပြားပီ..
        ဂိန်..ဂိန်..
        😆

        • ဇောက် ထိုး

          August 4, 2012 at 9:53 pm

          အင်း…………ဒီနေ့ ရွာထဲဝင်… ဒီနေ့ပဲ ပြဿနာတွေပါလား….

          နတ္ထီတိ ဝိမုခံ ပေတံ… လူတစ်ယောက်ဆုံးသွားတဲ့အခါ.. သူမရှိတော့ဘူး ကိုယ်လုပ်ချင်ရာလုပ်မယ်ဆိုပြီးလဲ
          မျက်နှာလွဲ ခဲပစ် မလုပ်သင့်ပါဘူး။

          အတ္ထိ သညာယ ကရဏံ…မရှိတဲ့ ဆုံးသွားတဲ့သူကို ရှိသေးတယ်ဆိုတဲ့ အမှတ်သညာကြီးနဲ့လဲ ပြောလိုက် ငိုလိုက် .. ကြွေးလိုက်… ဆိုတာမျိုးတွေလဲ မလုပ်သင့်ပါဘူး…..

          အန္တေ ဒွေ အနုပဂမ္မ….. အဲဒီ အစွန်းနှစ်ခုက လွတ်အောင်..

          ပဋိဇာနာထ တံ ကတံ…. သူ့ရဲ့ အကောင်းအဆိုးလုပ်ရပ်တွေကြောင့် သူဖြစ်သွားတဲ့ အကောင်းအဆိုး အဖြစ်အပျက်တွေကို သိအောင်မြင်အောင် ကျိုးစားပြီး သင်္ခန်းစာယူပြုလုပ်တာမျိုးပဲဖြစ်သင့်တယ်တဲ့။

          ဂျူလိုင် ၁၉=ရက် ဥဩဆွဲတာဟာ… မရှိတော့တဲ့သူကို ရှိသေးတယ်ဆိုပြီး ဥဩဆွဲတာလား……

          တကယ်မရှိတော့တဲ့ သူကို ရှိသေးတယ်ဆိုပြီးလက်ခံလိုက်တာဟာ..ဗုဒ္ဓအလိုကျလား… သို့မဟုတ်.. တကယ့်အမြင်မှန်လား….
          သူ့ရဲ့လုပ်ဆောင်ချက်..တိုင်းပြည်ချစ်စိတ်.တွေကို အသိအမှတ်ပြု လေးစားပြီး ဂုဏ်ပြုတာလား….

          ဦးဗိုက် သိတယ်မဟုတ်လား… ဇောက်ထိုး……ဟဲဟဲဟဲ

      • aye.kk

        August 4, 2012 at 10:32 pm

        ပုထုစဉ်လူးသားတယောက်ရဲ ့အမြင်နဲ ့
        တရားရှိသူတွေရဲ ့နှလုံးသွင်းမှန်မှု နဲ ့ကတော့ကွာပါတယ်။

    • ရဲစည်

      August 5, 2012 at 8:28 am

      ဒါဆို တပည့်တော်က ပိုပြတ်တယ် ဘုရား
      လက်ရှိရှိနေတဲ့ သူတွေကိုလဲ လုံးလုံးကို စာရင်းမသွင်းပါကြောင်း
      ရှင်းရှင်းပြောရရင် ကိုယ့်ကိုတောင် စာရင်းထဲ မသွင်းပါကြောင်း။

      ဒါနဲ့ ဝါတွင်း၃လ အူးပဇင်း စာမရေးတော့ဘူးမှတ်နေတာ 😀

      • မိုက်ကယ်ဂျော်နီအောင်ပု

        August 5, 2012 at 8:51 am

        လောကီနဲ့လောကုတ္တရာကိုရောလို့မရနိုင်ပါဘူး
        လောကုတ္တရာသဘောထဲကပြောရရင် အကြောင်းရာတစ်ခုကို ( လောကဓံ )
        ကြုံတွေ့တဲ့အခါ တုံလှုပ်တာ ဖြစ်ပျက်သဘောတို့ကို ( အနိစ္စ )
        ဆင်ခြင်ခဲ့ဘူးလေ့မရှိခြင်းကြောင့်ဖြစ်ပါတယ်
        လောကီထဲကတော့
        ဒီလင်ဒီသားဒီမယားဒီပစ္စည်းတွေကမှ တွယ်တာစရာအစစ်ဘဲ

      • ဇောက် ထိုး

        August 5, 2012 at 8:51 am

        ဘာကြောင့်လဲဗျ …ကိုရဲစည်။ ဝါဆိုတာတွေက ဘုန်းကြီးတွေလုပ်မှာလေ….ကျွန်တော်က ဇောက်ထိုးကြီးကို…..
        ကျွန်တော့်ကို မျက်စိများနောက်နေလို့လားဗျာ….. အနှောက်အယှက်ဖြစ်ရင် ခွတ်လွတ်ပါဗျာ…
        အဲဒါပေမယ့် သိပ်တော့ စာမရေးဖြစ်လောက်တော့ဘူးဗျ… ဝါတွင်းနဲ့တော့ မဆိုင်ပါဘူး…
        ကျွန်တော် ပြောတတ်တာလဲ သိပ်မရှိတော့ပါဘူး…
        ကျွန်တော် ပြောချင်တာလဲ ပြည့်စုံသွားသလိုခံစားမိပါတယ်။
        နောက် ကျွန်တော် စာကြည့်ချိန်ပိုရချင်ပါတယ်။
        ဘုရားရဲ့ သက်တမ်းတစ်လျှောက်လှုပ်ရှားခဲ့ပုံတွေကို နှစ်အလိုက်ဝါအလိုက် လေ့လာချင်လို့ပါ။

  • aye.kk

    August 4, 2012 at 7:27 pm

    အသုဘဘာဝနာတရား၊ပွားများအားထုတ်နိုင်ပါစေ။။။

  • ဦးဦးပါလေရာ

    August 4, 2012 at 7:49 pm

    မသာတခေါက် ကျောင်းဆယ်ခေါက်…တဲ့
    အသုဘဆိုတာ ဥပမာနှိုင်းရရင် ခပ်ပြင်းပြင်းရိုက်ပြီး သတိပေးလိုက်သလိုမျိုး……..

  • Ko Khin Lwin

    August 4, 2012 at 8:58 pm

    လူတိုင်းကြုံရမှာ မလွဲဘဲလေ။

  • ဇောက် ထိုး

    August 4, 2012 at 9:52 pm

    အင်း…………ဒီနေ့ ရွာထဲဝင်… ဒီနေ့ပဲ ပြဿနာတွေပါလား….

    နတ္ထီတိ ဝိမုခံ ပေတံ… လူတစ်ယောက်ဆုံးသွားတဲ့အခါ.. သူမရှိတော့ဘူး ကိုယ်လုပ်ချင်ရာလုပ်မယ်ဆိုပြီးလဲ
    မျက်နှာလွဲ ခဲပစ် မလုပ်သင့်ပါဘူး။

    အတ္ထိ သညာယ ကရဏံ…မရှိတဲ့ ဆုံးသွားတဲ့သူကို ရှိသေးတယ်ဆိုတဲ့ အမှတ်သညာကြီးနဲ့လဲ ပြောလိုက် ငိုလိုက် .. ကြွေးလိုက်… ဆိုတာမျိုးတွေလဲ မလုပ်သင့်ပါဘူး…..

    အန္တေ ဒွေ အနုပဂမ္မ….. အဲဒီ အစွန်းနှစ်ခုက လွတ်အောင်..

    ပဋိဇာနာထ တံ ကတံ…. သူ့ရဲ့ အကောင်းအဆိုးလုပ်ရပ်တွေကြောင့် သူဖြစ်သွားတဲ့ အကောင်းအဆိုး အဖြစ်အပျက်တွေကို သိအောင်မြင်အောင် ကျိုးစားပြီး သင်္ခန်းစာယူပြုလုပ်တာမျိုးပဲဖြစ်သင့်တယ်တဲ့။

    ဂျူလိုင် ၁၉=ရက် ဥဩဆွဲတာဟာ… မရှိတော့တဲ့သူကို ရှိသေးတယ်ဆိုပြီး ဥဩဆွဲတာလား……

    တကယ်မရှိတော့တဲ့ သူကို ရှိသေးတယ်ဆိုပြီးလက်ခံလိုက်တာဟာ..ဗုဒ္ဓအလိုကျလား… သို့မဟုတ်.. တကယ့်အမြင်မှန်လား….
    သူ့ရဲ့လုပ်ဆောင်ချက်..တိုင်းပြည်ချစ်စိတ်.တွေကို အသိအမှတ်ပြု လေးစားပြီး ဂုဏ်ပြုတာလား….

    ဦးဗိုက် သိတယ်မဟုတ်လား… ဇောက်ထိုး……ဟဲဟဲဟဲ

  • အတိသဌ္ဇနာဂရ

    August 4, 2012 at 10:10 pm

    တခါတလေ တနေ ့ကိုယ်သေရမယ်ဆိုတာကို နှလုံးသွင်းဖို ့မေ့နေတတ်ပါတယ်။
    ကျေးဇူးပါ ကိုအာဂရေ။

  • ကိုရင်မောင်

    August 4, 2012 at 11:15 pm

    အများအားဖြင့် အသုဘလိုက်ပို့တဲ့အခါ
    သေသူကိုအကြောင်းပြုလို့အသိမိတ်ဆွေတွေ
    ပြန်ဆုံးတတ်ကြ ရှေ့ဟောင်းနှောင်းဖြစ်တွေပြန်ပြောကြနဲ့
    ကိုအာဂ အတွေးမျိုးတွေးမိတဲ့သူကခတ်ရှားရှားရယ်….
    ခုလိုသတိပေးလိုက်တာကျေးဇူးဘဲကိုအာဂ……..

  • နွေဦး

    August 4, 2012 at 11:30 pm

    ကြောက်တတ်ရင် နှစ်ခါသေရတယ်တဲ့..။
    မသေခင်လေးကြိုတင်ပြင်ဆင်ပေါ့ ။
    အသေတတ်ဖို့လိုပါသည် ။

  • ဆူး

    August 5, 2012 at 11:13 am

    တနေဝင်လို့ တနေပြန်ထွက်တဲ့ အခါ သေဖို့ရက် တရက်တော့ ပိုနီးလာကြတာပေါ့..
    လူဆိုတာ သေမျိုးပါပဲ..
    သေမှ လွမ်းမှာ ထက်စာရင်တော့ မသေခင်မှာ လုပ်သင့်တာကို လုပ်ကြတာ အကောင်းဆုံးပါပဲ။
    မိမိချစ်ခင် လေးစားရသော မိဘတွေ ချစ်သောသူတွေ အားလုံး အားလုံး အတွက် သေမှ ငိုပြီး ဝမ်းနည်းနေမဲ့ အစား မသေခင်မှာ ဆန္ဒနဲ့ ဘဝ တထပ်တည်းကျအောင် လုပ်ဆောင်ကြတာ ပိုကောင်းမယ်လို့ ထင်တယ်။

  • မဟာရာဇာ အံစာတုံး

    August 5, 2012 at 11:32 am

    အခေါင်းဖက်ပြီးလည်း မလွမ်းကြနဲ့
    ရောင်းစားတတ်သူတွေနဲ့လည်း အမျိုးမဖက်နဲ့
    တိုးတက်တယ်ဆိုတာက ဆေးရုံ
    ရောက်သွားတဲ့ အခိုက်မှာတော့
    တရားကျစရာ အဖုံဖုံ ..
    အကုန်ကုန် စွန့်လွှတ်လို့
    တောထွက်မယ်လို့ ကြံရုံ
    နပ်စမ လေးရဲ့ အလှက
    ရင်ကို ဂလုံ ဂလုံ ………

    ဥအာဂဂျီး ..
    ဘာမှ ဟုတ်ဘူးနော် …
    မန့်မိ မန့်ရာ မန့်တာဒါဘာလို့ …….

  • ကြောင်ကြီး

    August 5, 2012 at 11:42 am

    မကောင်းတတ်
    အခေါင်းဖက်
    ပေါင်းဇာတ်
    နှောင်းခက်၊
    ဝေါင်းဟပ်
    ညောင်းနှပ်
    အောင်းမြတ်
    ရောင်းဝက်။

  • နေဝန်းနီ

    August 5, 2012 at 3:16 pm

    အပိုအရှုပ်
    မလိုဖြုတ်စို့
    ခင်ဗျားတို့ကျုပ်တို့ အားလုံးသတိ!

    ကိုလေး-အင်းဝဂုဏ်ရည်

  • R Ga

    August 6, 2012 at 5:09 pm

    စိတ်ကူးပေါက်သမျှရေးထားသော ပေါက်တက်ကရ အတွေးအခေါ်ကို အခုလို ဝိုင်းဝန်း ပြီး ဆွေးနွေးပေးကြတဲ့ ရွာသူ၊ရွာသား ။ ဦးဦး၊ဒေါ်ဒေါ်၊ကိုကို၊မမ ။ များကို အထူးပဲကျေးဇူး တင်ရှိပါတယ်ခင်ဗျား…။

    ဘဝမှာ အမှားခပ်များများကလွဲလို့ ဘာဆိုဘာမှမပိုင်ခဲ့တဲ့

    အာဂ

  • we R one

    August 6, 2012 at 5:33 pm

    လွန်ခဲ့တဲ့ ၁၄ နှစ်က အရမ်းချစ်ရတဲ့ အဖေ့ ကို ခွဲခဲ့ရတယ်…။ ပြီးခဲ့တဲ့ နှစ် ရ လပိုင်း. အရမ်းချစ်ရတဲ့ အစ်ကို ကို မမျှော်လင့်ပဲ ရုတ်တရက် ခွဲခဲ့ရတယ်…။ အဲလို ပဲ… မမျှော်လင်ပဲ.. ဘယ်သူက ခွဲထားခဲ့မလဲ..။ ဘယ်သူတွေကို ကိုယ်က ခွဲထားခဲ့ရမလဲ တထိတ်ထိတ်နဲ ပဲ သံသရာ ကို စိုးရွံလို့ လာမိတယ်…။

  • ကြာဖြူ

    August 8, 2012 at 5:43 pm

    အရမ်းကြီး ချစ်ပြန်တော့လည်း ကြာတော့ အမြင်ကတ်လာတယ်… အမြင်ကတ်လာတာ ကြာတော့လည်း သတိရလာတယ်…။ သတိရလာတော့ တွေ့ချင်လာတယ်… တွေ့ချင်လာတော့ အနားမှာ မရှိပြန်ဝူး… မရှိပြန်တော့ စိတ်ပျက်လာတယ်… စိတ်ပျက်တာ ကြာလာတော့ ပြန်ချစ်လာတယ်….။ အချစ်သံသရာ ဝဲဂရက်ထဲမှာ ချစ်သူတစ်ယောက်ထဲနဲ့ ကို လည်နေပီ ……..။

Leave a Reply