ကျွန်တော်..ရရှိလိုက်တဲ ့ မွေးနေ ့လက်ဆောင်
ကျွန်တော် မနေ ့က သူငယ်ချင်း အသစ်စက်စက် နှစ်ယောက်ကို မွေးနေ ့လက်ဆောင်အဖြစ် ရရှိ ခဲ့ပါတယ် ။
ဘာဖြစ်လို ့လဲ.ဆိုတော့ 21 . 7 .2012 . နေ ့….ည က ကျွန်တော် ့ မွေးနေ ့အကြို..။.ကျွန်တော့် သူငယ်ချင်းလေး အိမ်မှာ..
နွေးထွေးတဲ ့စကားဝိုင်းလေးတစ်ခု ပြုလုပ်ခဲ့ပါတယ် ။
ကျွန်တော် ့သူငယ်ချင်းလေးနဲ ့ ပက်သက် ဆက်နွယ်နေတဲ ့( မန်းတက္ကသိုလ်မှာ ကျောင်း အတူတူ တက်ခဲ့ကြတဲ ့)
သူတို ့နှစ်ယောက်နဲ ့ ခင်မင်ခွင့် ရခဲ့ပါတယ် ။
ကျွန်တော့်သူငယ်ချင်းရဲ ့ Nick name ကတော့ တောလေး..လို ့ခေါ်ပါတယ် ။ ကျန်..တစ်ယောက်ကတော့ ကျွန်တော့်မွေးနေ ့ပွဲ ကို မတက်ချင်လို ့လားမသိဘူး ။ တစ်နေကုန်လည်းမရှိ ။ တစ်ညလုံးလည်း.မရှိပါ ။
(ကျွန်တော်..စိတ်ဆိုး၍ ပြောနေခြင်းမဟုတ်ပါ ။) သူ ့မိဘအိမ် ပြန်တယ်..လို့တောလေးက ပြောပါတယ် ။ သူ ့အမည်ကတော့ ပိုင်ကြီးလို ့ခေါ်ပါတယ် ။
သူငယ်ချင်း အသစ် နှစ်ယောက်ရဲ ့အမည်ကို မိတ်ဆက်ပေးပါရစေ ။ တစ်ယောက်က တောင်ကြီးမှာနေတဲ ့အတွက် တောင်ကြီး..လို့ခေါ်ပြီး အနုပညာတက္ကသိုလ် ကျောင်းဆင်းတစ်ဦးပါ။
နောက်တစ်ယောက်ကလည်း တောင်ကြီးနဲ ့အတူတူကျောင်းပြီးထားတဲ့ ပြေညိမ်း လို့ခေါ်ပါတယ်။
ကျွန်တော်ကတော့ ပြေငြိမ်း..လို ့ခေါ်ဖြစ်ပါတယ်.။ တောင်ကြီးက စကားနည်းပါတယ်။ ပြေငြိမ်းကတော့ အလိုက်အထိုက်ပြောပါတယ်။
ညကမှ စတွေ ့ကြတယ် ဆိုပေမယ့် တောလေးကြောင့် ရင်းရင်းနှိီးနှင်္ီး…နေထိုင်ပြောဆိုခဲ့ပါတယ်။
ရန်ကုန်ကို အခုမှ ရောက်တာ.ဆိုတော့ ကျွန်တော့်အနေနဲ ့ နွေးနွေးထွေးထွေးကြိုဆိုရမယ်.လေ။
အိမ်ရှင်တစ်ယောက် အနေနဲ ့ ဧည့်ဝတ်ကျေချင်ပါတယ် ( လောလောဆယ်..ဒီညတော့ ကျွန်တော်.ရောက်နေတာ သူတို ့ရှိနေတဲ ့အိမ်ပါ။ )
လိုအပ်တာရှိရင်.. ညီအစ်ကိုတွေလို ပွင့်ပွင့်လင်းလင်း ပြောဖို ့ အခက်အခဲရှိရင်လည်း..ကူူညီဖြေရှင်းကြမယ်လို့ ကျွန်တော် ပြောခဲ့ပါတယ်။
တောလေးလိုလည်း ရင်းရင်းနှီးနှီ း နေနိုင်ပါတယ်။ ရောက်တတ်ရာရာစကားပြောရင်းနဲ့ စကားဝိုင်းက စည်ကားလာပါတယ်။
ကျွန်တော်ညလ်း.စကားတွေတော်တော် ပြောဖြစ်ပါတယ် ။ အဓ်ိက ကတော့ စာပေအကြောင်းကို တတ်သလောက်မှတ်သလောက်လေးပြောဖြစ်ပါတယ်။
ဆရာမ ဂျူး..ဝတ္ထု အကြောင်းလည်းပါရဲ့။ ဆရာတာရာမင်းဝေရဲ့အကြောင်းလည်း ပါရဲ့။
ပြေငြိမ်းရော.တောင်ကြီးရော တာရာမင်းဝေရဲ့ ဝတ္ထုအကြောင်းကို တော်တော်ပြောဖြစ်ပါတယ်။ သူတို ့နှစ်ယောက်ကလည်း.ဆရာ့ပရိတ်သတ် လို့ဆိုပါတယ်။
ကျွန်တော်တို ့စကားဝိုင်းလေး စည်ကားနေတဲ့အချိန်မှာ တောလေးက လက်ဖက် ထပ်သုပ်ပေးပါတယ်။ ပြီးတော့ အိပ်ပါတယ် ။
စကားပြောရင်းနဲ ့နာေးထာင်ဖို ့ ဘွန်ဂျိုဗီ နဲ ့ရော့စတီးဝပ် သီချင်းတွေကို ပြေငြိမ်းက တိုးတိုးလေး ဖွင့်ထားပေးပါတယ်။
ဒါက ကျွန်တော့်အကြိုက်ပါ။ ဒါနဲ့ စကားပြောကြရင်း တောင်ကြီးနဲ ့ပြေငြိ်မ်းကို အမှတ်တရ တစ်ခုခုရေးပေးပါလို ့ ပြောတော့ အမှတ်တရတွေရေးပေးကြပါတယ် ။
တောင်ကြိးရေးပေးတာလေးကတော့
” အကို…
သိပ်လည်းမတွေးနဲ့ ။
သိပ်လည်းမငေးနဲ့
အားနာမှုကိုရှေ့တန်းမတင်နဲ့ ။ ခဏခဏ မတောင်းပန်နဲ ့။
အယောင်ဆောင် ပညတ်တွေနဲ့
လောကဓံ ကျီ စယ်မှုကြားမှာ
အေးအေးဆေးဆေးနေပါ။ ”
တောင်ကြီး
————————
ပြေငြိမ်းရဲ ့အမှတ်တရကတော့
” အမှားနဲ ့အမှန်နဲ့
တရားရဲ့အသံနဲ့
ဒီစကားဝိုင်းထဲမှာ ဘယ်သူတွေပါသလဲ..
ကျွန်တော်ပါတယ်။
ခင်ဗျားပါတယ်။
တောလေးပါတယ် ။
တောင်ကြီးပါတယ်။
နောက်ပြီး.. ခင်ဗျားကြိုက်တဲ ့အင်္ဂလိပ်သီချင်းတွေပါတယ်။
နောက်ပြီး.. ည ကြီး တစ်ခုလည်းပါတယ်။
အဲဒီ ပါတာတွေအားလုံးကို အသစ်လဲလိုက်ရအောင် ။
ဘာဖြစ်လို့လဲဆိုတော့ ..
မနက်ဖြန် ခင်ဗျားရဲ ့နှစ်လေးဆယ် ။
အနောက်နိုင်ငံမှာတော့ နှစ်လေးဆယ်မှ ဘဝ စတာတဲ့ ။
အကို့အတွက် ပြေငြိမ်း ”
ဘယ်လောက် ခင်စရာကောင်းလိုက်တဲ့သူငယ်ချင်းတွေလဲ ။
ကျွန်တော်ကတော့ တောလေးနဲ ့ပက်သက်ပြီး ခင်မင်ခွင့်ရခဲ့ပေမယ့် ဟိုးတုန်းက ခင်မင်ပြီး ခဏတာ ခွဲခွါသွားခဲ့တဲ့ သူငယ်ချင်းတွေကို ပြန်တွေ့ရသလို
ခံစားရပါတယ်။ ဒါကြောင့် ကျွန်တော့်မွေးနေ့မှာ အမှတ်တရတွေ အများကြီးထဲကမှ မှတ်မှတ်ရရဖြစ်စေတဲ့ သူငယ်ချင်းအသစ်နှစ်ယောက်ပါ..လို ့ တင်စားပါရစေခင်ဗျာ.။
ချစ်ခြင်းမေတ္တာဖြင့်
မိုးမင်းသား
ဝန်ခံချက် ။ ။ သူငယ်ချင်းလေးဖြစ်သော တောလေးနှင့် ပိုင်ကြီးအား အထူးပင်ကျေးဇူးတင်ရှိပါသည်။
ကျွန်တော့်မွေးနေ့ကို အသိအမှတ် ပြုသော သူငယ်ချင်းများအားလုူံးကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါသည်။
နာမည်တွေက်ု နာမည်ရင်းအတိုင်း သုံးထားတဲ့အတွက် မင်းတို ့နှစ်ယောက် ကျေနပ်ပေးလိမ့်မယ်.လို ့ထင်ပါတယ် ။ ။
တိုင်ကြားချက် ။ ။ သူကြိးရေ…. ကျွန်တော့်မွေးနေ့ကို ချန်ဒူး ရောက်မလာပါဘူးခင်ဗျာ..။
9 comments
စိန်ဗိုက်ဗိုက်
August 5, 2012 at 7:08 pm
ဟဲလို..သဂျီး..ဟလိုသဂျီး..
ရထားထွက်လား.ရထားထွက်လား..
အာလူးချန်ဒူး..အာလူးချန်ဒူး..
ရောက်ရာ အရပ်က အမြန်ထူး..
တွီ..တွီ..တွီ..တွီ..ရှဲ..ရှဲ..ရှဲ…
မိုးမင်းသားရေ
ဘဒ်ဒေး မလာနိုင်ပေမဲ့..အခုနေရာကပဲ ဟပ်ပီးဘတ်ဒေးလုပ်လိုက်ပါတယ်ဗျား..
သဂျီးရေ..
ချန်ဒူးကို ရှာပေးလိုက်ပါဦး
🙂
မောင်ပေ
August 5, 2012 at 7:16 pm
ဟက်ဘီ ဘက်ဒေးပါ မိုးပရင့် ရေ
မွေးနေ ့ကို ချန်ဒူး မလာလို ့စိတ်ညစ်နေရင်
မောင်ပေ တို ့ရပ်ကွက်ထဲက ဂန်ဒူးတွေ လွှတ်ပေးလိုက်ချင်ပါရဲ ့
ဘက်ဒေးပါတီမှာ အတူပျော်ကြပေါ့ကွယ်
ဟီဟိ
မဟာရာဇာ အံစာတုံး
August 5, 2012 at 7:29 pm
မိုးမင်းသားလေးက ခုမှ ဘဝ စမှာပေါ့နော် ..
၄ဝ ဆိုတာ တွေ့လိုက်မိသလားလို့ဘာ .. 😀
ဟက်ပီးဘက်ဒေးပါ ခညာ …
အပေါ်ဂ လူဂျီးက သူရို့ ရပ်ကွက်ထဲ ဘူမှ မရှိလို့
သူကိုယ်တိုင်ဘဲ လာမှာဘာဒဲ့ .. 😀
မောင်ပေ
August 5, 2012 at 9:21 pm
ပြောနေရင်းနဲ ့ကို တစ်ယောက်လွှတ်လိုက်ပါတယ်နော်
မွေးနေ ့ကစလို ့နောက်လာမယ့်နေ ့တိုင်းသည်
ပျော်ရွှင်စရာအပြည့်ဖြစ်ပါစေဗျား
အတိသဌ္ဇနာဂရ
August 5, 2012 at 8:27 pm
” အကို…
သိပ်လည်းမတွေးနဲ့ ။
သိပ်လည်းမငေးနဲ့
အားနာမှုကိုရှေ့တန်းမတင်နဲ့ ။ ခဏခဏ မတောင်းပန်နဲ ့။
အယောင်ဆောင် ပညတ်တွေနဲ့
လောကဓံ ကျီ စယ်မှုကြားမှာ
အေးအေးဆေးဆေးနေပါ။ ”
တောင်ကြီး
————————ဒီကဗျာလေး ပိုကြိုက်တယ်ဗျ။
snow white
August 6, 2012 at 11:45 am
ကျရောက်မည့်မွေးနေ့ရက်မှသည်နောင် နှစ်ပေါင်းများစွာတိုင် စိတ်၏ချမ်းသာခြင်း
ကိုယ့်၏ကျန်းမာခြင်းနဲ့ပြည့်စုံပါစေ။။
မဂွတ် ထော်
August 6, 2012 at 1:06 pm
မွေးနေ့မှစ ကျန်းမာပျော်ရွှင်သူတစ်ယောက်ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်
မိုး မင်းသား
August 6, 2012 at 6:15 pm
စိန်ဗိုက်ရေ……ရထားကြီးထွက်လို ့သွားပြီ……
မနောက်နဲ ့ဗျာ…ကျွန်တော်တကယ်သတိယနေတာဗျ….
စနိုးလေးနဲ ့မဂွတ်ရေ…….
ပေးတဲ ့ဆုနဲ ့ပြည် ့ပါရစေခင်ဗျာ….နှစ်ယောက်လုံးကိုကျေးကျေးပါ…..
မဟာရာဇာရေ…..
ဟုတ်ပါတယ်….ကျွန်တော် ့ဘဝအခုမှစတာပါလေနော်…..
ကျေးဇူးတင်ပါတယ်လေ….
ကိုပေနဲ ့နာဂရရေ……
ပေးသောဆုနဲ ့တလုံးတဝပြည် ့ပါရစေ…..
နာဂရကတောင်ကြီးရဲ ့အမှတ်တယလေးကိုကြိုက်တယ်ဆိုတာသိရတော ့ပိုတောင်ဝမ်းသာမိပါတယ်…..
ချစ်ခြင်းမေတ္တာဖြင် ့
မိုးမင်းသား
အလင်းဆက်
August 6, 2012 at 7:10 pm
ဥိးပေ..ဂန်ဒူး..လို ့ပဲ.ပြောတာနေမှာပါ ။
ချန်ဒူး လို ့..မှာေးရးတာ ဖြစ်မယ်။
မိုးမင်းသားကလည်း..အသက်ပဲ… 60 ကျော်ပြီ..ဒါတွေ.မလျှော့သေးဘူးလား။