မြန်မာ့ဆက်သွယ်ရေး လုပ်ရပ် မကျေနပ်ကြ

the bestAugust 5, 20121min18716

“မြန်မာ့ဆက်သွယ်ရေး လုပ်ရပ် မကျေနပ်ကြ” ဆိုတဲ့သတင်းလေးကို

hotnewsweekly.com မှာဖတ်လိုက်ရပြန်ပြီ။

မြန်မာနိုင်ငံမှာ ပြည်သူတွေကို အနိုင်အကျင့်ဆုံး မြန်မာ့ဆက်သွယ်ရေး ရဲ့ မသမာတဲ့

လုပ်ရပ်လို ့မြင်မိတာကြောင့် ကူးတင်ပေးလိုက်ပါတယ်ဗျာ။

 

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း  မှ ကြိုးဖုန်းနှစ်စဉ်ကြေးများကို

ယခင်က တစ်နှစ်လျှင် ကျပ် ၅၄ဝ အစား တစ်နှစ်လျှင် ကျပ် ၆၀၀ဝ သို့

၂၀၁၂ မေလမှစ၍ သတင်းစာ တွင် ကြေညာခြင်းမရှိဘဲ တိုးမြှင့်  သတ်မှတ်လိုက်ကြောင်း သိရသည်။

 

“မီတာခတောင် တစ်ယူနစ် (၃၅) ကျပ်တိုးတယ်ဆိုတာ သတင်းစာထဲထည့်တယ်။

အခု ဟာက ကျွန်တော်တို့ ဘီလ်သွား ဆောင်မှသိရတယ်။

တာဝန်ရှိသူ  တွေကို မေးတော့နိုင်ငံတော်ပိုင်းက ပြည်ထောင်စုဝန်ကြီးကပြောင်းခိုင်း တာပါ၊

ခေတ်စနစ်နဲ့ အညီကောက်  ခံတာပါလို့ပြောတယ်။ ဒါက လွှတ်တော်မှာ ဆွေးနွေးသင့်တယ်၊

အခုလိုမသိမသာတိုးမြှင့်ကောက်  တော့ပြည်သူတွေကခံရတာပေါ့၊

ဘာပဲဖြစ်ဖြစ်တရားဝင်ကြေညာ သင့်တယ်”ဟု ရန်ကင်းမြို့နယ်နေ  အငြိမ်းစားဝန်ထမ်းတစ်ဦးကပြော ပြသည်။

 

ကြိုးဖုန်းအတွက် နှစ်စဉ် ကြေးများကောက်ခံရာတွင် သက်ဆိုင်ရာမြို့နယ်အလိုက်

စာတိုက်မှူးများသို့ ဖုန်းဘေလ်အား ဖြန့်ဝေ၍ ငွေကောက်ခံခြင်းဖြစ်ပြီး

နိုင်ငံပိုင်သတင်းစာများတွင် ကြေညာခြင်းမရှိဘဲ

ယခင်နှုန်းထား ထက်ဆယ်ဆကျော်သို့တိုးမြှင့်ခြင်း

အပေါ်ပြည်သူအများစုကလက်ခံ ကျေနပ်ခြင်းလုံးဝမရှိကြောင်း သိရသည်။

သတင်းချစ်သူ

http://www.hotnewsweekly.com/archives/8198

16 comments

  • မောင်ပေ

    August 5, 2012 at 7:13 pm

    ကြိုးဖုန်းနဲ ့ပတ်သက်ပြီး နိုင်ငံသူားတွေ ခံစားခဲ့ရတဲ့ ခံစားနေရစဲ ဝေဒနာဆိုးတစ်ခုရှိသေးတယ်
    များသောအားဖြင့်တော့.. ဈေးအနီးအနားက ဈေးဆိုင်ရှင်တွေ ၊ စီးပွားလုပ်ငန်းအကြီး အလတ် အသေး ပိုင်ရှင် အားလုံး ကြုံကြရမှာပါ
    ကြိုးဖုန်းတစ်လုံးရှိသော လုပ်ငန်းရှင်မှန်သမျှ တစ်လလျှင် တစ်ခါခန် ့ ၊ ဘာကြောင့်မှန်းမသိ ဖုန်းပျက်ခြင်း ဖြစ်၏ ။ လိုင်းမန်းသွားခေါ်ကာပြင်ခိုင်းရ၏ ။ မုန် ့ဖိုး၁၀၀ဝကျပ်ခန် ့ပေးရ၏ ။ တစ်ခါတစ်လေ လိုင်းမန်းများ ငတ်ကြီးကျလွန်းလျှင် တစ်လ တစ်ခါ ဖုန်းဖြတ်ရုံမက ၊ ဖုန်းကြိုးများပြတ်နေပါပြီ ၊ လဲရတော့မည် ဟု ဆိုကာ ဂွင်အကြီးစားဖန်၏။ ကြိုးအရှည် မည်ရွေ ့မည်မျှ လိုမည်ဟု တွက်ချက်ပြကာ သူ ့ထံတွင် ရှိနေသောကြိုးအပိုဖြင့် လဲလှယ်တပ်ဆင်ပေးမည်ဟု ပြောလာ၏ ။ ထိုအခါမျိုးတွင် ခါတိုင်း ဖုန်းပြတ်သလို ၁၀၀ဝကျပ်ပေးရုံဖြင့် မရတော့ ။ ၂သောင်း/၃သောင်းကျပ် ခန် ့ဖြင့် ညှိနှိုင်းရ၏ ။
    အကယ်ရွေ ့ ဖုန်းပိုင်ရှင် က မပေးနိုင်ဘူးကွာ ၊ နေပြည်တော်အထိတိုင်မယ် ဟု ပြောမိသော် ထိုဖုန်းပိုင်ရှင်၏ လိုင်းကြိုးမှာ အမှန်တစ်ကယ် ဓါးဖြင့် အပိုင်းပိုင်းလှီးခံရတော့လေသတည်း။

    • အတိသဌ္ဇနာဂရ

      August 5, 2012 at 8:22 pm

      ကိုပေကြီး ဒဲ့တို းကိုဆော်သဗျား။မှန်ပါပေ့ဗျာ။နယ်ဖက်တွေမှာတော့ အဲ့တိုင်းအပြင်
      ဖုန်းဘီလ်ကလဲ သုံးလလောက်ကျော်မှ စာတိုက်ကလာသဗျာ။ဥပမာ-ဇန်နဝါရီအတွက်
      ဆိုရင် မေလလောက်မှ လာသဗျ။စဉ်းစားကြည့်ပါအုံးဗျာ။ဘာတွေ အကြောင်ရိုက်ဖို ့
      နောက်ဆုတ်ထားပါလိမ့်

  • ဝေးလွင့်တိမ်

    August 5, 2012 at 7:37 pm

    မှန်ပါသည် ခင်ဗျား … ။

  • သစ် တည်

    August 5, 2012 at 8:37 pm

    တောင်းလဲပေးရမှာပဲလေ
    ခေတ်မှမကုုန်သေးတာနော်………..

  • winkyawaung

    August 5, 2012 at 9:03 pm

    မြန်မာပြည်မှာ ဟိုဘက်ခေတ်ရော ဒီဘက်ခေတ်ပါ ပြည်သူတွေကို အနိုင်ကျင့်ပြီး အတောင်းကြမ်းတာ မြန်မာ့ဆက်သွယ်ရေးပါဗျာ..။ သူများနိုင်ငံတွေ ဖုန်းတွေ အလကားပေးပြီး ဖုန်းပြောခတွေကို အပြိုင်အဆိုင်ဈေးချနေပါပြီ….။ ဒီမှာတော့…မြန်မာ့ဆက်သွယ်ရေးက ထင်ရာစိုင်းနေတုန်းဘဲဗျိူ့…..။

  • TNO

    August 5, 2012 at 9:37 pm

    လမ်းတွေမှာ ဖုန်းတိုင်တွေကိုကြည့်လိုက်ပါ၊ စာဗူးတောင်းသိုက်လို ရှုပ်ရှက်ခတ်အောင်
    တမင်လုပ်ထားတယ်၊ အဲဒါမှ လူသစ်တွေ မျက်စိလည်ပြီး သူတို ့ကို အားမကိုးလို ့
    ့မရအောင်လုပ်ထားတယ်၊ သေချာစဉ်းစားကြည့်ပါ ဖုန်းကြိုးလည်းဝါယာကြိုးဘဲ၊ လျှပ်စစ်
    ကြိုးလည်းဝါယာကြိုးဘဲ၊ လျှပ်စစ်ကြိုးက တနှစ်နေလို ့တခါပြတ်လို ့လား၊ ဖုန်းလိုင်းမင်းကို
    ကြည့်လိုက်ရင် အမြဲတမ်းအလုပ် ရှိနေတာဘဲ

  • ko khin kha

    August 5, 2012 at 10:27 pm

    ခေတ်အဆက်ဆက်လုပ်စားနေတာလေ။

  • nature

    August 5, 2012 at 10:49 pm

    ၁နှစ်ကို ၅၄ဝကျပ်ဆိုတော့၁ရက်ကို ၁.၅ဝကျပ်နှုန်းလောက်ပဲရှိလို့မဖြစ်သင့်တော့ပါဘူး။ အခုနှုန်းက ၁ရက်ကို ၁၅ကျပ်နှုန်းလောက်ဆိုတော့ သင့်မယ်ထင်ပါတယ်။ ယူလဲယူလိုင်းမပျက်အောင်လည်းလုပ်ပေးဖို့လိုမယ်ထင်တယ်။

  • the best

    August 5, 2012 at 11:37 pm

    ကြိုက်သလောက်သတ်မှတ်ပါ။ကြိုက်သလောက်တောင်းပါ။

    မြန်မာပြည်မှာ ဆက်သွယ်ရေးနဲ ့ပတ်သက်ရင် မြန်မာ့ဆက်သွယ်ရေးပဲရှိနေတယ်ဆိုတော့
    တောင်သလောက်ပေးရမှာပဲ။

    ပြည်သူတွေကို အနိုင်ကျင့်ပြီး ဘာမှအသိမပေးပဲ
    စည်းကမ်းမဲ့ ထင်ရာစိုင်းနေတာတော့ မလုပ်သင့်ပါဘူး။

    ပြည်သူတွေဆီက ပိုယူထားတဲ့ ကြိုတင်ငွေတွေကိုလည်း
    မှန်မှန်ကန်ကန် ပြန်ပေးဖို ့ စနစ်တကျစီစဉ်ပါအုံး။

  • P chogyi

    August 6, 2012 at 9:43 am

    နောက်ဆုံးတောက်တဲ့ မီးတောက်လေးမို့ အရမ်းလင်းနေတာပါ
    ခွင့်လွှတ်ပေးကြပါ။
    ဆီကုန် မီးငြိမ်းတော့မှာပါ။

  • lwin oo

    August 6, 2012 at 10:44 am

    nature လဲမှန်ပါတယ် ..ဒါပေမဲ့ သူတို့ကိုပေးဆောင်ရသည့် မည်သည့် အခကြေးငွေမဆို ပြည်သူလူထု
    မြင်သာထင်သာရှိအောင် သတင်းစာမှ အတိအလင်း ကြေငြာ သင့်ပါသည်။ ခုဟာဘာဘဲလုပ်လုပ် မသိ
    လိုက်ရတာတွေ များနေလို့ပါ။

  • cherry nwe

    August 6, 2012 at 11:22 am

    တို့ကတော့ ဘာဖုန်းမှမရှိတော့ ဒီဒုက္ခတွေကင်းတယ်တော့ ဘဘဦးပေကတော့ သူချမ်းသာကြောင်းကြွားနေတာ

  • etone

    August 6, 2012 at 2:20 pm

    ဆက်သွယ်ရေးနဲ့ ပတ်သတ်လို့ ………… သိပ်အခဲမကြေနေတဲ့ အချိန်ဒီပို့စ်လေးဖတ်လိုက်ရတာ …. ဘဝတူတွေ ရှိပါလားလို့ ခံစားမိပြီး အားတက်သွားတော့တယ် …. ။

    ပြီးခဲ့တဲ့ တပတ်ကျော်ကတည်းက …. လှိုင်သာယာက ဖုန်းလိုင်း တစ်ထောင်ကျော် ပျက်ပါတယ် …. ။ ပျက်တဲ့ အကြောင်းကလည်း … ဖုန်းလိုင်းတွေပေါ်ကို ဓါတ်ကြိုးပြုတ်ကျလို့ပါတဲ့ ……. ။ ရုံးမှာ ရုံးဖုန်းတွေ အများကြီးရှိတာ အခုထိ နှစ်လုံးပဲ ပြန်ကောင်းသေးပြီး .. ကွန်ပလိမ်းတက်တော့လည်း .. ပြင်နေပါတယ် .. ရပါတော့မယ် … ဒီလိုပဲပြောတာ … အခုဆို … ဆယ်ရက်နီးပါးရှိသွားပြီ … ။ ကျွန်မတို့အလုပ်မှာ Internet က မရှိမဖြစ်လိုပါတယ် ….. ။ ရုံးမှာက ကွန်ပျူတာတွေများတော့ … ဘရော့ဘမ်း ၊ ADSL ၊ wireless သုံးခုစလုံးနဲ့ … အဖွဲ့တွေခွဲပြီးသုံးနေရာက … ADSL လုံးဝ သုံးမရတော့ဘူး …. ။ အချိန်နဲ့ တပြေးညီ လှုပ်ရှားနေရတာကြောင့် ….. အီးမေးလ်မဝင်တာနဲ့ ……. မိုးကြိုးပစ်သလို အသံစုံကို ထွက်ပြီး ၊ ဘရော့ဘမ်းချိတ်တဲ့ လူကလည်း ချိတ် ၊ ဝိုင်ဖိုင်ဘက် ကူးသုံးသူလည်း သုံးနဲ့ ……… လိုင်းတွေ အကုန်နှေးကုန်တာ …. ဘယ်ဟာမှ .. ကောင်းကောင်သုံးလို့ မရတဲ့ အထိပါပဲ …. ။

    ဒီနိုင်ငံက ဆက်သွယ်ရေးကတော့ … ငါ့လှေငါထိုး ပဲခူးရောက်ရောက်ဆိုပြီး……. တနေ့ ဖုန်းတလုံး နှုန်းပဲ ရမ်ဒမ်ခေါက်ပြီး … ပြင်နေသလားမသိပါဘူး ….. ။ ဘာမှ တိကျ သေချာတဲ့ အာမခံချက်မပေးနိုင်ပဲ ………. ပြင်နေပါတယ် .. ပြင်နေပါတယ်နဲ့ …… တကယ်ပဲ စိတ်ကုန်ရပါတယ် ။
    လူများပြီး ပွဲမစည်လို့သာ အလုပ်တွေ ပြီးသင့်သလောက် မပြီးတာလို့ ထင်မိပါတယ် ။

  • ko khin kha

    August 6, 2012 at 3:27 pm

    လူများပြီးပွဲမစည်သာမဟုတ်ဘူး ပွဲပျက်နေတာပါ၊ သူတို့ကိုယ်၌က ဘာလုပ်ရမယ်ဆိုတဲ့ ကိုယ့်အလုပ်ကိုကော သိရောသိကြရဲ့လားလို့ဗျာမေးလိုက်ချင်ပါရဲ့။
    မြန်မာ့ဆက်သွယ်ရေးဖုန်းလိုင်းတွေကတော့ အမည်နဲ့လည်းလိုက်ပါပေ့ ဆက် ပြီး သွယ် ရတာကခပ်များများ။

  • ကိုသင်း

    August 6, 2012 at 11:32 pm

    ဆက်သွယ်ရေးကို……………..
    အပြစ်မမြင်ပါဘူး၊ ခြစ်ချင်တာပဲ သိတယ်နော်

  • evolution

    August 7, 2012 at 12:36 pm

    အင်း.. ရန်ကုန်မှာချည်းအဲလိုခံရတာမဟုတ်ပါဘူး နယ်တွေမှာလည်းဒီလိုပါပဲ။
    ပြီးခဲ့တဲ့အပတ်က အလုပ်နားရက် မော်ကျွှန်းမြို့ကိုတစ်ခေါက်ပြန်တော့ အိမ်ကဖုန်းလိုင်းကပျက်နေပါတယ်။ အဲဒါနဲ့မေးကြည့်တော့ ဒီမိုးတွင်းထည်းမှာတင်ပျက်လို့ခေါ်ပြင်ရတာ သုံးကြိမ်ရှိပါပြီတဲ့။ တစ်ခါပြင်ရင် သုံးထောင်အနည်းဆုံးပေးရပါတယ်တဲ့။ ပိုက်ဆံပေးတဲ့အခါမှာလည်း လိုင်းမန်းကလုံးဝမယူပါတဲ့၊ လှေကားထမ်းသမားကသာဒိုင်ခံယူပေးပါတယ်တဲ့။ စဉ်းစားသာကြည့်ကြပါတော့။
    အဲဒါနဲ့ဆက်မေးကြည့်တော့ နောက်ဆုံးအခေါက်လာပြင်တုန်းက လိုင်းကြိူးမှာအပျက်တွေများနေလို့ဖြစ်နေတာ ကြိုးလဲလိုက်ရင်ကောင်းသွားမယ်လို့ပြောခဲ့တယ်တဲ့။
    ကြိုးလဲတော့လဲပြသနာဖြစ်သေးတယ် သူတို့ကြိုးအဟောင်းတွေဆတ်ပြီးလာတပ်လို့လေ။
    အသေးစိတ်တော့်နောက်မှပို့အသစ်ရေးပြီးတင်ပေးလိုက်တော့မယ်။ ဘယ်လိုအကုသိုလ်တွေမှန်းမသိပါဘူးဗျာ။ စကားပြောရင်အဆင့်လည်းမရှိဘူး။ တော်တော်စိတ်ပျက်ဘို့ကောင်းတယ်။
    MPT ကလူတွေကလဲဝန်ထမ်းရွေးတာ ဘယ်လိုရွေးလဲမသိဘူး။ သူတို့အမျိုးတွေကိုပဲ ခန့်ထားတာဆိုရင်တော့ သူတို့ကိုသွားပြောလဲ ဒီလိုဆက်ဆံရေးမျိုးပဲပြန်ရမှာပဲ။ လစာယူထားပြီးပြည်သူတွေကို ဆော်ကားနေတာတွေ ဖြုတ်ထုတ်သတ်တော့လုပ်ဘို့လိုအပ်နေပြီ။

Leave a Reply