ကျွန်တော့် အတွေး (ဝေဖန်ချက်)

ကျွန်တော်ဒီနေ့ည သတင်းကြည့်ဖြစ်တယ်။ (အရင်က မကြည့်ဖြစ်တာ များပါတယ်) တိုက်တိုက်ဆိုင်ဆိုင် လွှတ်တော် သတင်းလာနေပါတယ်၊ ကျွန်တော်က အတွေးသမားဆိုတော့ နည်းနည်းကြားလိုက်ရုံနဲ့ဆက်တွေးဖြစ်တယ်ဗျာ .. ။ နောက်တစ်ခုက ကျွန်တော်တို့မှာ နှိုင်းယှဉ်စရာတွေကလည်း ရှိနေပြန်တော့ .. .. .. ။

သတင်းစလာတယ် အမျိုးသားတစ်ယောက်က ကြေငြာပေးတယ် .. ထုံးစံအတိုင်းပဲပေါ့ ၊ ။ ဘယ်မဲဆန္ဒနယ်က လွှတ်တော်အမတ်ဘယ်သူက ဘယ်ကိစ္စနဲ့ပတ်သက်ပြီးတော့ ဘယ်လိုဆွေးနွေးတယ်ဆိုတာမျိုး မဟုတ်ဘူးဗျ ။ သူတို့ဟာက သတင်းစာရှင်းလင်းပွဲ ပုံစံကြီး ။ အောက်က မေးလိုက် ဟိုတစ်ယောက်က ဖြေလိုက် နဲ့ ။ ဘာလဲဗျ ။ တစ်ကယ်ဖြစ်ရမှာက ဥပမာတစ်ခုဗျာ “ ကျွန်တော်က ဘယ်မဲဆန္ဒနယ်က ဘယ်သူပါ .. ကျွန်တော်ဆွေးနွေးချင်တာက TV မှာ သတင်းလာရင် လွှတ်တော်သတင်းတွေကို မူရင်းအသံ တိုက်ရိုက်လွင့်ပေးစေချင်တာပါ ” အဲလို ဖြစ်နေရမှာ … ခုဟာက လျှောက်မေးလိုက် ဟိုက ပြန်ဖြေလိုက်နဲ့ အဲလို တစ်ယောက်က ဆွေးနွေးတော့မှ နောက်တစ်ယောက်က ကျွန်တော်လည်း ထောက်ခံပါတယ် .. ကျွန်တော်လည်း သဘောတူပါတယ် .. လက်ခံပါတယ် … ဖြစ်သင့်ပါတယ် .. ဆိုတာမျိုးတွေ လုပ်လာရမှာ ။ အဲတော့မှ အထက်လွှတ်တော်တင် ပေါ့ နောက် သမ္မတ ပေါ့ ပြီးတော့ ဥပဒေ ထုတ်ပေါ့ ။ (မင်းသိရင် မင်းဝင်ပြီး အရွေးခံလို့ မပြောပါနဲ့နော် ..)ကျွန်တော်က ဝေဖန်တဲ့သူ တစ်ယောက်ပါ ။

ခုသူတို့လုပ်နေတဲ့ဟာက မီဒီယာ က လုပ်ရမှာ၊ မီဒီယာကနေ မေးရမှာတွေကို လွှတ်တော်မှာ မေးနေကြတယ်။ ပြီးတော့ သတင်းကြေငြာတော့ တိုက်ရိုက် အသံအတိုင်း မလွင့်ပေးဘူး။ သတင်းစာထဲ ရေးပြန်တော့ သတင်းမှာ ကြေငြာတဲ့ အတိုင်းကြီးရေးတယ် ။ဒါကို အမတ်တွေအနေနဲ့ကလည်း သူတို့ ပြောတဲ့အတိုင်း သတင်းစာမှာ ရေးသလား ဆိုတာမျိုး ပြန်စစ်ဆေးသင့်တယ် ။ ဥပဒေ ကြောင်းအရကြည့်ရင်လည်း သက်သေခံမဝင်ပါဘူး ။အမတ်ပြောတဲ့ အတိုင်းကျွန်တော်တို့မကြားရဘူး ၊ ကြားစကား (တဆင့်စကား)ကိုပဲကြားရပါတယ်။

နောက်တစ်ခုက အမတ်တစ်ယောက်က မေးတာကို ပြန်ဖြေတဲ့သူက ဝေ့လည်ကြောင်ပတ် လုပ်ပြီးဖြေတယ်.. ဘာမေးချင်မှန်း ကျွန်တော် သဘောပေါက်လိုက်တယ် ဒါပေမယ့် အဲဒါကို တည့်တည့်မဖြေဘူး ၊ အဲလိုဖြေနေရင် မရ,ရအောင်မေးသင့်ပါတယ်။ ပြည်သူတွေက မိမိတို့ကိုယ်စား ဆောင်ရွက်ပေးပါဆိုပြီး မဲ ပေးထားတာလေ။ လက်ညှိုးထောင်၊ ခေါင်းညိတ် လုပ်ပြီး 300000 မယူသင့်ပါဘူး ။

နောက်တစ်ခု က အမတ်တွေပါ ၊ အမတ်တွေကလည်း ဘာမှန်းမသိတာတွေကို လျှောက်လုပ်နေပါတယ် ။ တစ်ကယ် လုပ်သင့်လုပ်ထိုက်တာတွေကိုကျတော့ မလုပ်ဘူး၊ မသိလို့ မလုပ်တာလား၊ မသိရင် ပြည်သူတွေကို မေးလေ ၊ ပြည်သူတွေ ရဲ့ ရင်ထဲက ခံစားချက်ကို လွှတ်တော်မှာ ဆွေးနွေးလေ ။
တိုင်းပြည် တိုးတက်ရာ တိုးတက်ကြောင်းကို ဆွေးနွေးလေ။ တိုင်းပြည်မှာ ပညာရှင်တွေ အများကြီး လိုအပ်နေတာကျတော့ရော .. နောက်ပြီးတော့ အရေးကြီးတဲ့ သမိုင်းကြောင်း ..

ကျွန်တော်တို့မှာ သမိုင်းဆိုတာ ရှိခဲ့တယ်။ ဒါပေမယ့် ခုနောက်ပိုင်းမှာ ဘယ်သူကမှ သမိုင်းမတင်ကြတော့ဘူး ။ဒီလိုဆိုရင်နောက်နှစ် 100 ကြာရင် ကျွန်တော်တို့ ခင်ဗျားတို့ရဲ့နောင်မျိုးဆက်တွေကို ဘယ်လိုပြောပြကြရမှာလဲ ။ မြတ်စွာဘုရားလက်ထက်ကလို နှုတ်တိုက်ကျက်ရမှာလား ။ 2007. ခုနှစ်က ဘယ်လိုဖြစ်တယ်။ ဘယ်အစိုးရတက်တယ် ။ ဘယ်လိုဖြစ်တယ် ။ သမိုင်းဆိုတာ အကုန်ရေးရမယ်။ အမြင် အမျိုးမျိုး ဘက်က ရေးကြရမယ်။

ဒီနေရာမှာ နည်းနည်းရှည်ချင်တာက အမှန်တရား ဆိုတာကိုပါ။ တော်တော်လေးကို ပြောရခက်တဲ့ စကားပါပဲ ။ သမိုင်းတင်တော့မယ်ဆိုရင် ဝေဖန်ခံရတော့မယ် သမိုင်းရေးတာ မှားလို့ဆိုပြီး ပြောကြလိပ့်မယ်။ ဆရာစံ ကိုလူတိုင်းသိမှာပါ ။ တောင်သူလယ်သမားအရေးတော်ပုံ ။ သူ့ကို အင်္ဂလိပ်က ဓားပြ၊ လူဆိုး ဆိုပြီး ဖမ်းကြတယ်၊ ကြိုးပေး လိုက်တယ်။ မြန်မာလယ်သမားတွေဘက်ကကြည့်ရင် သူက Hero ပဲ ၊ သူရဲကောင်းပဲ ။ အဲဒါ ဘယ်ဟာက မှန်သလဲ ???အဲဒီ အတွက်ကြောင့်ပဲ သမိုင်းမတင်ကြသလော ၊ ကြောက်လို့ပဲ မတင်ကြသလော မသိပေမယ့် ကျွန်တော်ကတော့ သမိုင်းပျောက်မှာ စိုးမိပါတယ်။ ။

ဘာရယ်မဟုတ်ပါဘူးဗျာ သတင်းကြည့်ရင်း တွေးမိတာလေးတွေ ရေးလိုက်တာပါ
ဝေဖန်နိုင်ပါတယ်
ချစ်ရင်ထူး

3 comments

  • ချစ်ရင်ထူး II

    August 6, 2012 at 9:58 pm

    ကျွန်တော် ပြောတဲ့စကားနဲ့ပတ်သက်ပြီး မရှင်းလင်းတာ ရှိရင် မေးမြန်းနိုင်ပါတယ်.. ဝေဖန်နိုင်ပါတယ်.. သူများကိုလည်း ဝေဖန်ပါတယ် ..

  • အတိသဌ္ဇနာဂရ

    August 7, 2012 at 8:28 am

    အကို ရေ မြန်မာပြည်မှာက လွှတ်တော်ထဲဝင်မယ်ဆိုရင် စာကိုကြည့်ဖတ်တတ်ရမယ်၊စာရွက်မကိုင်ဘဲ
    ပြောရင် စာမတတ်ဘူးအပြောခံရနိုင်တယ်ဗျာ။အော်. ဖွတ်တွေကြီးစိုးနေတဲ့ လွှတ်တော်ကတော့
    ချွတ်ချော်နေအုံးမှာပါ

  • ကြောင်ကြီး

    August 8, 2012 at 11:11 am

    အမှန်တရား
    ညဏ်များ
    စံထား
    ရန်မပွား
    ငန်သလား
    ချန်သွား
    တန်အများ
    ဂန်ဖလား..။

Leave a Reply