အခုထိ မပြင်ကျသေးဘူးဗျာ

ဆုိးဆုိးAugust 7, 20121min814
ကျွန်တော်ပြောချင်တာက မော်တော်ပီကယ် ကိုကိုမမဦးဦးဒေါ်ဒေါ်ညီငယ်ညီမငယ် တို့ကိုပါ။ 69 လမ်း 35 လမ်းမှာ အလုပ်ဆင်းချိန် 5နာရီ 20 မီနစ်လောက်ဆို လမ်းမှာ ယဉ်တွေပိတ်နေပြီး ဟိုဘက်ကမောင်း ဒီဘက်ကမောင်းနဲ့ လုမောင်းနေကျတော့ ပိတ်ပြီးပေါ့။ သူတို့ကိုလဲ အပစ်ပြောလို့မဖြစ်ဘူး မီးပွိုင့်မရှိဘူး၊ ပီကယ် လဲမရှိဘူးလေ။
အမြဲတမ်းတော့မဟုတ်ပါဘူး တစ်ပတ်ကို 5 ရက်လောက်။

နောက်တစ်နေရာကတော့ နန်းရှေ့ ရေနီမြောင်း တံတားမှာ ဖြစ်ပါတယ်။ အဲနေရာ လမ်းခြောက်ခုဆုံတဲ့နေရာဆိုတော့ ပိုဆိုးတာပေါ့။ ဆိုင်ကယ်၊ ကား ၊စက်ဘီးတင်မဟုတ်ဘူး ထော်လာဂျီ နဲ့ ဆယ်ဘီးကားကြီးတွေပါတယ်။ နံနက် 8 နာရီ 30 လောက်ဆို သွားပြီ။ အလုပ်သွားသူ၊ကျောင်းပို့သူ ထော်လာဂျီတွေ နဲ့ လမ်းကို ပိတ်ညက်နေတာပဲ။ ဟိုဘက်ကမောင်း ဒီဘက်ကမောင်းနဲ့ လုမောင်းနေကျတော့ ပိတ်ပြီပေါ့။ သူတို့ကိုလဲ အပစ်ပြောလို့မဖြစ်ဘူး မီးပွိုင့်မရှိဘူး၊ ပီကယ် လဲမရှိဘူးလေ။
အမြဲတမ်းတော့မဟုတ်ပါဘူး တစ်ပတ်ကို 5 ရက်လောက်။

ကျွန်တော်တို့ မန်းတလေးမှာ မည့်သည်နေရာတွေ လမ်းပိတ်ဆို့နေအုန်းမလဲတော့မသိ။ အခုပြောတဲ့လမ်းတွေကတာ့ သွားနေကျမို့ပါ။

ဘာကြောင့်တုန်းတော့မသိဘူးဗျ 35 လမ်း ကန်ဘောင်ထိပ်နားက ဧရာဝတီနိူင်ငံခြားကျောင်းနဲ့ ၊တခြား နိူင်ငံခြား ကျောင်းတွေရှိတဲ့နေရာကျ ဘာလို့လဲမသိဘူးဗျ။မနက် 8 နာရီဆို ပီကယ် နှစ်ယောက်ရှိတယ်ဗျ။ လမ်းကိုရှင်းလို့……………အဲလိုဘာကြောင့်ဖြစ်ရလဲ ဆိုတာ ကျွန်တော်မစဉ်းစားတက်လို့ ……..စဉ်းစားပေးကျပါအုန်းဗျာ……..:D ။

4 comments

  • P chogyi

    August 7, 2012 at 2:32 pm

    မစဉ်းစားတတ်ရင်မစဉ်းစားနဲ့။
    သူများကိုလည်းမစဉ်းစားခိုင်းနဲ့။
    အေးအေးဆေးဆေးပဲနေပါရစေ။

  • နွေဦး

    August 7, 2012 at 5:15 pm

    အဲဒီနား အကြံအဖန် အာရကေ မရလို့နေမှာပေါ့ ။
    အနည်းဆုံး အလကားသောက်ရမဲ့ လဘက်ရည်ဆိုင် မရှိဘူးထင်တယ်…။

  • snow white

    August 7, 2012 at 6:56 pm

    သိဘူးလေ ကိုယ့်ဘာသာ မေးကြည့်လိုက်ပါလားဦးဦးမော်တော်ပီကယ်တွေကို မေးကြည့်လိုက်လေ ။။

Leave a Reply