Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ခ = ခက်ခဲလှတဲ ့အရာတွေ……

alinsettAugust 7, 20121min44710

ကကြီးပြီးတော့…ခ အက္ခရာ ရဲ ့ အလှည့်ကို ရောက်လာပါပြီ။

ခက်ခဲ လှတဲ့ အရာတွေ..အကြောင်း နည်းနည်းပြောပြချင်ပါတယ် ။

လူသားဘဝမှာ..ကြုံရ ဆုံရသမျှတွေထဲမှာ.. ခက်ခဲ ပင်ပန်းစွာကြိုးစား..ရယူမှ ရနိုင် တဲ ့အရာတွေ အများကြိးပါ ။

တန်ဖိုးကြီးတယ်..ဆိုတဲ ့အရာတော်တော်များများကလည်း… လွယ်လွယ်နဲ ့တော့ မရတတ်ပါဘူး။

( လွယ်လွယ်ကူကူ ရလိုက်ပြီ…ဆိုရင်လည်း..အဲဒီ အရာဟာ.. တန်ဖိုးတစ်ခု အနေနဲ ့ ( တစ်နည်းနည်းနဲ ့တော့ )

နိမ့်ကျ….နေမှာပါ ။)

လောလောဆယ်တော့…..

ကျွန်တော်ကိုယ်တိုင်…. ခက်ခဲ တဲ ့ လမ်းတစ်ခု ကို….လျှောက် လှမ်းနေရပါတယ် ။

လှမ်း..လျှောက်နေတယ်..လို ့ ပြောချင်ပါတယ် ။

လမ်း..လျှောက်နေတာ မဟုတ်ပါဘူး။

ြိကိုးစား…အားယူပြီး..လှမ်း…လှမ်း..လျှောက်နေရတာပါ ။

တကယ်တော့….. ခက်ခဲတဲ ့လမ်းပါ ။

အနုပညာလမ်း… စာပေလောက လမ်း..စသည်ဖြင့်..ပြောတာတွေဟာ..စကားလှအောင် သုံးတာပါ ။

စာပေလောက ထဲ..တိုးဝင်ရတာဟာ…. တော်တော်လေး..ပင်ပန်း ခက်ခဲပါတယ် ။ စာပေလောက ထဲကို တိုးဝင်နေသူအားလုံး သိနိုင်ကြပါတယ် ။

(ငွေကိုလမ်းခင်းပြီး..ဝင်လာသူ တချို့ကတော့ ချွင်းချက်ပေါ့ဗျာ..)

နိုင်ငံကျော် စာရေးဆရာကြီးတစ်ယောက် ဖြစ်ဖို့… ကျွန်တော်… မျှော်လင့်ချက် ထားဖူးပါတယ် ။

ဒါက ခက်ခဲလှတဲ ့အရာကို…မျှော်လင့်ခြင်းပါ။

နိုင်ငံကျော်စာရေးဆရာကြိီး တစ်ယောက်ဖြစ်ဖို ့..ဆိုတာ A B C D လေး ရေးတတ်ရုံနဲ ့တော့… မဖြစ်နိုင်ပါဘူး။

ပေါက်ကရ အယူအဆတွေ..ချရေးနေလို ့လည်း..မရပါဘူး။

စာတွေ အများကြီး ဖတ်ရမယ် ။

စာတွေအများကြီး..ရေးရမယ် ။

အတွေးတွေ.. အများကြီး….အများကြီးကိုလည်း..တွေး နိုင် မှ ရမှာ ပါ ။

ကျွန်တော် အများကြီး..လိုအပ်နေပါသေးတယ် ။

ကျွန်တော်နဲ ့အတူ…. ခက်ခဲတဲ ့လမ်းထဲ….လိုက် .လျှောက် …ဝင်လာသူ တချို ့….

ကျွန်တော့် နောက်မှာ…၊

တချို ့ကတော့..ကျွန်တော့်ကို……ကျော်တက်ပြီး… ကျွန်တော့်ရှေ ့မှာ…. ရဲ..လို ့ ဝံ ့..လို ့ ။

တချို ့ကတေ့ာ ခက်ခဲ ကြမ်းရှ လှတဲ ့လမ်းကို…. မလျှောက်တော့ဘူးကွာ..ဆိုပြီး..

နောက်ဆုတ်..ပြန်လှည့်…. ၊

အခြား ..လွယ်ကူတဲ ့ ဖြတ်လမ်းတွေဆီ… လှည့်ထွက် သွား..ကြ…။

ကျွန်တော်ကတော့….

ခက်ခဲမြဲ..ခက်ခဲတဲ ့လမ်းထဲ….

တိုးမြဲ..တိုးဆဲ….

ထိုးဖောက် ..ဝင်ရောက်ဆဲ..ပါပဲ.။

အခက်အခဲ.တွေကြောင့်..စိတ်ပျက် လုလု ကြောက်ရွ ံ ့လာတဲ ့အခါ……..

ကျွန်တော်..သတိရမိတာက………

ငါ့ ဒိန်ခဲကို ဘယ်သူနေရာရွှေ ့သလဲ… ဆိုတဲ ့စာအုပ်ကလေးနဲ ့…၊

တာရာမင်းဝေ ရဲ ့အရှေ ့မြို ့ရိုးမှ မိုးရေစက်များ…. ဝတ္ထုထဲက..

ဇာတ်ကောင် ဂျူနို..ပြောခဲ့တဲ့ စကားတစ်ခွန်း….

” ရပါတယ်…။

အခက်အခဲနဲ ့ကြုံတော့လည်း…

အရည်အချင်းကို ထုတ်သုံးရုံပေါ့ ။

ဆောင်းရာသီကိုမှ….

နှင်းနဲ ့…လာပေါက် တာကိုး…….”

____________________________________

တချို ့က………………

ခက်ခဲတဲ ့အရာဆိုရင်….. ရအောင် .ယူဖို ့…. သိပ်ပြီးတော့… စိတ်မပါကြဘူး ။

ပင်ပင်ပန်းပန်း..ခက်ခက်ခဲခဲ…ယူ မှ..ရမယ့် … အရာတွေဟာ…သူတို ့အတွက်တော့

ကြောက်စရာ တစ်မျိုး ဖြစ်နေတယ်..ဆိုပါတော့..။

တချို ့ကတော့…

အခက်အခဲ..ဆိုတာ… ကိုယ် ့အရည်အချင်းကို… လာ..စိန်ခေါ်တဲ ့အရာ..လို ့ သတ်မှတ်… ယှဉ်ပြိုင်…အနိုင်ယူပစ်ချင်ကြပါတယ် ။

______________________________________________________

ကျွန်တော်ကတော့….

အခက်အခဲဆိုတာ…..

သချင်္ာပုစ္ဆာ တစ်ပုဒ်ကို အဖြေမှန်ထွက်အောင်…. တွက် ရတာလို ့ သဘောထားပါတယ် ။

စိတ်ဝင်စားစရာကောင်းလှပါတယ် ။

ပြိးတော့…. ခက်ခဲ တဲ ့အရာတစ်ခုကို အောင်မြင်အောင် ဆောင်ရွက်ရတာဟာ….

လမ်း အသစ် တစ်ခုကို….. ကိုယ်တိုင် ခုတ်ထွင် ရှင်းလင်းပြီး…… လျှောက်လှမ်းရသလိုမျိုး..မို ့……

စိတ်ဝင်စားစရာလည်း..ကောင်းလှပါတယ်.။

အဲဒီ စိတ်ဝင်စားစရာကောင်းခြင်း…ထက်….

ပို အရေးကြီးတဲ ့ ရလဒ်တစ်ခု..ကို….. ခက်ခဲခြင်း ဆီက ရနိုင်ပါသေးတယ် ။

အဲဒါကတော့…………………..

ခက်ခဲလှပါတယ်..ဆိုတဲ ့အရာ တစ်ခုကို……. ရအောင် လုပ်ယူပြီးချိန်မှာ…

ရလိုက်တဲ ့….. အောင်မြင်မှု..ပါ ။ ကျေနပ်မှုပါ ။

ခက်ခဲခြင်းကို ကျော်လွှား….. အနိုင်ယူ အောင်မြင် လိုက်တဲ ့အခါ…..

ဘာနဲ ့မှ မတူတဲ ့…….. ကျေနပ် ပျော်ရွှင်မှုကို…. ရပါတယ် ။

အဲဒီ…ကျေနပ် ပျော်ရွှင်မှုဟာ….

တန်ဖိုးမဖြတ်နိုင်တဲ ့ရလဒ်ပါပဲ..။

_________________________________

ခက်ခဲလှတဲ ့အရာတွေ….ကို

ရအောင် ..ကြိုုးစား..ယူရခြင်းမှာ….

ကျွန်တော်..ပျော်ရွှင်တယ် ။

ခက်ခဲလှတဲ ့….. အရာတွေက်ို……

ကျွန်တော်…………….

ချစ်တယ် ။

_____________________________________

ရိုးရိုးလေးတွေးတဲ ့အတွေးကို….
ရိုးရိုးလေးပဲ ချရေးဖြစ်တာပါ ။


______________________________________

ဂ = ?

__________________

လေးစားစွာ ဖြင့်……..

အလင်းဆက်

alinsett.art@gmail.com

10 comments

  • မောင်ပေ

    August 7, 2012 at 7:09 pm

    ခ..ခခွေး
    ပိန်ချိုသေး
    လိမ်ဖို ့အရေး
    ငြိမ်ဆိုပြေး
    အိမ်သို ့ပေး

  • အလင်းဆက်

    August 7, 2012 at 7:19 pm

    ဦးပေ…ရေ..
    စာသင်ခန်းထဲ.ပြန်ရောက်နေသလိုပဲ.နော် ။
    အဟိ ။

  • P chogyi

    August 7, 2012 at 8:47 pm

    ခက်ခဲလှတဲ့ ဘဝ ခယောင်းလမ်းကို ချောချောမွေ့မွေ့ ဖြတ်နိုင်ပါစေ။

  • မဟာရာဇာ အံစာတုံး

    August 7, 2012 at 9:11 pm

    ကိုလင်းဆက်က တိုးဝင်နေပြီ ..
    ကျနော်မှာတော့ ..
    တိုးဝင်ဖို့ကို မဝံ့မရဲ ….
    ဘယ်လို လုပ်ရမလဲဗျာ …..

  • ရဲစည်

    August 7, 2012 at 10:33 pm

    ကိုအလင်းဆက်ရေ
    တွေးနိူင်တယ်ဆိုတာ လူတိုင်းလုပ်နေကြပါ
    ဆိုလိုတာက စိတ်ကူးထဲမှာ စာတွေ ကဗျာတွေ ကိုယ်ပိုင်အဆိုအမိန့်တွေ စသဖြင့်ပေါ့
    တခါတလေ သမ္မတထက်တောင် ပိုကောင်းတဲ့ အတွေးတွေ အိမ်သာတက်ရင်း ရတတ်သဗျို့

    ရေးတာကတော့ အမှန်တကယ် မလွယ်လှပေဘူး
    ဆိုချင်တာက
    အတွေးနဲ့ အရေး ထပ်တူကျလာပီဆိုရင်ဖြင့် လေးစားသမှု ပြုရတော့မည်ဖြစ်ကြောင်း
    မြှောက်မပေးဘဲ
    အားပေးပါ၏

    မှားတာရှိရင်တော့ ခွင့်လွှတ်ဗျို့

  • ချစ်တိုးလေး

    August 8, 2012 at 12:16 am

    ကိုအလင်းဆက်ရေ ကြံ ့ကြံ ့ခံပြိံးလျောက်လာတာကိုလေးစားပါတယ်။အားပေးနေပါ့မယ်။ အမြဲအပေါ်ပဲလှမ်းမကြည် ့ပါနဲ ့အောက်ကိုလည်းပြန်လှမ်းကြည့်ရင်း အားတင်းထားပါ ့

  • aye.kk

    August 8, 2012 at 9:05 am

    ခ-ခက်ခဲလှ…
    ဘဝဒုက္ခ…
    မကြုံချင်လည်းကြုံကြရ။

  • ကြောင်ကြီး

    August 8, 2012 at 10:46 am

    ခက်ခဲ
    နက်နဲ
    ကြက်ဆွဲ
    အရက်ပွဲ
    ဓာတ်သဲ
    လာဘ်ရွှဲ
    ဖျက်ကျွဲ
    ဂတ်ထဲ..။

  • အလင်းဆက်

    August 8, 2012 at 6:11 pm

    P chogyi ရေ ။ ဆုတောင်းစကားလေး..အတွက်..ကျေးကျေးဘာ…။
    _____________
    ကိုခင်ခ…
    ………..
    ………..
    _____________

    ဦးအံစာ…ရေ..
    တားတားလည်း.. တိုးသာ..ဝင်နေရတယ်.။ ခပ်လန် ့လန် ့ဗျ ။
    သတ္တိရှိတယ် ။ ထုတ်မသုံးရဲသေးဘူး..။ အဟိ ။
    _____________-
    ကိုရဲ..ရေ..
    အတွေးနဲ ့အရေး…. ကို..တွေး ပေးသွားလို ့..ကျေးဇူးပါပဲ.ဗျာ.။
    ________________-
    ချစ်တိုးလေးရေ…
    အားပေးစကားလေး ကြောင့်..အား တက်ရပါတယ် ။
    ကျေးဇူးပါ…
    _____________
    အေးကေကေ..ရေ
    အမှန်ပဲ.ပေါ့ဗျာ.။ မကြုံချင်တာတွေလည်း… ကြုံကိုကြုံရတာပါပဲ..နော် ။
    _______________

    ဦးကြောင်………..
    ဂတ်ထဲ… က ဘယ်လိုလုပ် ရောက်လာရတာတုန်းဗျ ။

    ______________-

    စာချစ်သူများ အားလုံးကို ခင်မင်လေးစားလျက် …
    အလင်းဆက်

Leave a Reply