ယနေ့မနက် အဓိပတိကားနှင့် စစ်ကားတီအီးကားနဲ့ ချိတ်မိခြင်း

manawphyulayAugust 8, 20121min25218

ယနေ့မနက် စီးလာတဲ့ကား ကားဂိတ်တွင် လူချနေတုန်းရှိသေးတယ်။ ဘေးမှ စစ်ကားတစ်စီးအတင်းထိုးဝင်လာတာ အကုန်ငြိကုန်လို့ ကားပြောင်းစီးခဲ့ရပါတယ်။

မနက်က လမ်းကြောင်းတွေပိတ်နေလို့ အလုပ်နောက်ကျရတဲ့ကြားထဲ ကိုယ်စီးလာတဲ့ကားက မှတ်တိုင်မှာ လူဆင်းလူတက်လုပ်နေတုန်းရှိသေးတယ် ဘေးက မှန်ထဲကို ကားဘေးမှန်ကြီးဝင်လာတယ်။ ကြည့်လိုက်တော့ စစ်ကားတီအီးကားကြီးဖြစ်နေတယ်။ ဘယ်လိုမှ ခွာထုတ်လို့မရဘူး။ ကားဘီးချင်းက ငြိနေတာ ဘယ်လိုမှ လုပ်လို့မရဘူး။ ရုံးနောက်ကျနေလို့ စိတ်တိုနေရတဲ့ကြားထဲ ဒီလိုဖြစ်တော့ ကားသမားအပြောမစောင့်တော့ပဲ ကားပေါ်ကနေထွက်တဲ့အပေါက်မှာ ကိုယ်ခန္ဓာစောင်းထွက်ပြီး နောက်ကားပြောင်းစီးရတဲ့အဖြစ်အပျက်ပါပဲ။ ဘယ်လိုတွေဆက်လုပ်ကြလဲတော့မသိ။ မြင်တဲ့အတိုင်းပါပဲ။

ဒီပုံကတော့ ကားပြောင်းစီးခါနီး လှမ်းရိုက်လိုက်တာ။

18 comments

  • ko khin kha

    August 8, 2012 at 4:57 pm

    ကားပေါ်ကနေထွက်တဲ့အပေါက်မှာ ကိုယ်ခန္ဓာစောင်းထွက်ပြီး နောက်ကားပြောင်းစီးရတဲ့အဖြစ်အပျက်ပါပဲ။
    မနှောဖြူလေးက မော်ဒယ်လေးလိုပိန်လို့နေမှာပေါ့။
    ကျွန်တော်တို့ဆိုရင် တစ်ရေးအိပ်စောင့်ရမလားဘဲ။

  • tra

    August 8, 2012 at 5:21 pm

    လူကောင်သာသေးတယ် တယ်လက်သွက်ပါလား

  • tra

    August 8, 2012 at 5:36 pm

    အဓိပတိ ယဉ်လိုင်းကလူတွေက တစ်ခုခုဆို ဆင်းရိုက်တယ်ပြုတယ် ကြားဖူးတာပဲ ဒီတစ်ခါကော ဆင်းမရိုက်ကြဘူးလား

  • Mလုလင်

    August 8, 2012 at 6:10 pm

    ကားဂိတ် မှာလူချ တုန်း ဆိုတော့ …………….. လမ်းလယ်ခေါင် မှာ လူချ တာ ပေါ့ နော့ …. ဖအေတူ အမေကွဲ ညီအစ်ကို တွေပဲဗျာ .. အချင်းချင်း ဖုန်းဆက် လိုက်ရင် ပြီးသွားမှာပါ …။

  • memeseku

    August 8, 2012 at 6:52 pm

    ဒီတခါတော့ ဆင်းပြီး ဦးအောင် ရှိခိုးတယ်ဆိုလားပဲ အတင်းတားယူရတယ်… :p …. ဟိုကသူတို့ကို ထောင်ထမင်းကျွေးမှာဆိုးလိုတဲ့
    🙂

  • snow white

    August 8, 2012 at 7:32 pm

    တော်သေးတာပေါ့ ကားပေါ်ကလူတွေဘာမှမဖြစ်ကျလို့ ကံကောင်းသွားတယ် နောက်ဆို သတင်းထူးကြားနေရအုံးမယ် မကြားချင်တဲ့သတင်းကြားနေရအုံးမယ် ဒီလောက်လေးပြီးသွားတာတော်သေးတယ်။။

  • အတိသဌ္ဇနာဂရ

    August 8, 2012 at 10:14 pm

    ခုလို ထိထိမိမိရိုက်ယူလာတာကို လေးစားပါတယ်ဗျာ။စစ်ကားကတော့ စစ်ကားဆိုတော့…
    ဟူးးးးးးးအရင်လိုတော့ မလုပ်ကြနဲ ့ဗျာ။

  • gyinkalay

    August 9, 2012 at 12:16 am

    လမ်းလယ်ခေါင်မှာ လူချတာကို ဘေးမှ ကပ်မရပ်ပဲ နည်းတောင်နည်းသေးတယ်……စစ်ကားဆိုတော့ရန်တောင်ဆင်းတွေ ့ရဲ ့ပါ့မလား…အဓိပတိရယ်..

  • si tone

    August 9, 2012 at 4:12 pm

    ဟာ ဆရာမ က ကံကောင်းတယ်….
    စစ်ကား က လွန်တယ်……….. ဒါပေးမဲ့ ငါ့ဆရာမ အလုပ်ရှုပ်သွားတာပေါ့နော်…

  • ဆူး

    August 9, 2012 at 4:19 pm

    လမ်းစည်းကမ်း နဲ့ လူတွေ ရဲ့ အသက်တွေကို ဘယ်တော့များ တန်ဖိုးထားလာကြမလဲ မသိဘူး။

    လမ်းပေါ်မှာ ရပ်ပြီး လူတင် လူချ လုပ်တယ် ဆိုကတည်းက မှားနေပြီ။
    နောက်ကားက ဆင်း နေတဲ့ လူတွေကို ဖြတ်တိုက်သွားလို့ သေသွားရင် ဘယ်သူ တာဝန်ခွဲ ယူပေးမလဲ။
    ဒုက္ခ ဒုက္ခ..

  • ster

    August 9, 2012 at 4:22 pm

    မှတ်တိုင်အဆင်းအတက် လုပ်တဲ.နေရာက မိုက်လှချည်လား။
    လူတွေ အန္တရာယ် မဖြစ်တာ တော်သေးတာပေါ.။
    BUS ကားများ လုပ်ပုံ။

  • Kyaw Nyein Lwin

    August 9, 2012 at 4:33 pm

    အဲဒီနေရာက ကြည့်မြင်တိုင်ထီးတန်းအိမ်ရာ သဲကွင်းမှတ်တိုင်ပဲ ။ အဲဒီနေရာမှာ စစ်ကား(လို့ပြောတဲ့ ဦးပိုင်ဆီလှောင်ရုံတွေက စားအုံးဆီပေပါသယ်တဲ့ကား)တွေက လမ်းနှစ်ထပ်အမြဲရပ်ပါတယ်။ ခုလည်း လမ်းစွန်ယာဉ်ကြောနဲ့ဒုတိယယာဉ်ကြောကို ပိတ်ဆို့ရပ်တန့်ထားလို့ လမ်းလယ်ယာဉ်ကြောမှာ ခရီးသည် တင်/ချလုပ်တုန်း နောက်က၊ဘေးက ဝင်အောင်းတာ ဖြစ်မယ်။ အဲလိုနေရာမျိုးနောက်တစ်ခုက ထော်လီကွေ့မှတ်တိုင်အကျော် သခင်မြပန်းခြံမှတ်တိုင် (စာရင်းရုံးသင်တန်းကျောင်း) မရောက်ခင် တစ်ကြော MIP အေးရှားဝေါလ် ဆိပ်ကမ်း အဝင်ကားတွေပေါ့။
    အဓိပတိတွေကလည်း လူသတ်/ရိုက် လို်င်စင်ရ တွေဆိုတော့ ဒီလိုပဲ အရှိန်လျှော့ ၊ အတင်းတင်/ချ ၊ဆွဲချ ဆဲဆို ။ ဒါတွေနဲ့ပဲ စခန်းသွားနေတာပါ။

  • Uncle Lay

    August 9, 2012 at 5:51 pm

    အထူးကား နဲ့ — ကား မို့တော်သေးတယ် …။

    တစ်ခြားကားဆိုရင်တော့ ဂိတ်ကလူတွေပြန်ခေါ်ပြီး သံတုပ်ကိုယ်စီနဲ့ ပြန်လာမှာသေချာတယ်..။

  • kyaw moe myint

    August 10, 2012 at 1:42 pm

    ဘတ်စကားတွေစည်းကမ်းမရှိတာကတော့ နေ့စဉ်နဲ့ အမျှပါပဲ။ ဘတ်စကားစီးတိုင်းကိုယ်ဆင်းမဲ့မှတ်တိုင်
    မရောက်ခင်ဘာများဖြစ်မလဲဆိုပြီး ရင်မောနေရပါတယ်။ ဆင်းမယ့်မှတ်တိုင်ရောက်လို့ဆင်းရင်တောင် အပြိုင်
    အဆိုင်မောင်းလာတဲ့ကား၊ လူရဖို့ပဲသိပြီး ခရီးသည်တွေကိုဂရုစိုက်ရကောင်းမှန်းမသိတဲ့ကား၊ စသဖြင့်စုံနေလို့
    သတိထားဖို့တော့လိုပါလိမ့်မယ်။ စစ်ကားတွေကလည်း ငါကကားကြီးဆိုပြီး ဘယ်အစွန်ကြောကနေ ဘယ်သောအခါမှမဖယ်ပါ။ ယာဉ်မောင်းတွေအားလုံး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာကြပါမှ အခုလို
    အဖြစ်တွေကနေ ရှောင်ရှားနိုင်မှာပါ။ ယာဉ်ထိန်းရဲတွေကလည်း ပိုက်ဆံတောင်းဖို့လောက်သာမစဉ်းစားပဲ လိုအပ်တဲ့နေရာတွေမှာ လိုအပ်သလို ကူညီကြပ်မတ်သွားဖို့လိုတယ်ဆိုတာ ပြောချင်ပါတယ်။

  • ရွာစားကျော်

    August 10, 2012 at 3:18 pm

    ကံသီပေလို့ ဘာမှ မဖြစ်ကြတာပေါ့ မနောရေ
    ကားသမားတွေ စည်းကမ်းမရှိတာ.. ခံရရင် ခရီးသည်တွေပါထိတာ
    ဆင်ခြင်ကြပါ ကားဆရာတို့

  • ma me kyaw

    August 10, 2012 at 3:59 pm

    မနောရေကားနဲ့သွားရင်သတိထားဘုရားတရားမမေ့နဲ့

  • yadanar nwe

    August 15, 2012 at 10:53 am

    ဘတ်စ်ကားနေ့တိုင်း စီးရတာ ကုသိုလ်တော့ တော်တော် ရတယ်
    ကြောက်လန့်ပြီးတော့ ဘုရားစာတွေရွတ်ရလွန်းလို့လေ း)

Leave a Reply