မုနိရှင်ကန်တော်တွင်းမှာ—လွှတ်သွင်းကာ လှုမိသော “ငါး”
—–မန္တလေးရွှေမြို.တော်ကြီးကိုတော. လူတော်တော်များများ ရောက်ဘူးကြလိမ်.မယ်ထင်ပါတယ် ။အထက်ဗမာပြည်ရဲ. အထင်ရှားဆုံး၊ လူသိအများဆုံး၊ တန်ခိုး အကြီးဆုံး ဘုရားတစ်ဆူဖြစ်တဲ. မဟာမုနိရုပ်ရှင်တော်မြတ်ကြီး (မန္တလေးသူ/သား များကတော. ဘုရားကြီးလို.ခေါ်ကြတယ်) ကိုလဲ ဖူးဘူးကြလိမ်.မယ် ထင်ပါတယ်။ အင်မတန်မှ ကြည်ညိုဖွယ်ရာကောင်းလှတဲ. လောကရဲ. အမြတ်ဆုံး ဗုဒ္ဓဘုရားရှင်ရဲ. ရင်ငွေ.တော် ခိုလှုံရာ ရုပ်ပွားတော်မြတ်ကြီး တစ်ဆူပဲဖြစ်ပါတယ်။
————-×××××××××××××——————-×××××××××××————-
မြောက်ဘက်မုဒ်ကနေ ဘုရားကြီးထဲကိုလျှောက်လှမ်းပြီး ဝင်လာနေတဲ. ကျွန်တော်တို.အတွဲကို လူတွေအလွယ်တကူမြင်တွေ.နိုင်တယ် ခင်ဗျ။ အဓိက ကတော.ဗျာ ကျွန်တော်.ရဲ. အင်မတန် ခံ့ညားလှတဲ. ပြောင်စပ်စပ် မျက်နှာပေးကြီးရယ်ပေါ.၊ ကျွှန်တော်.ကောင်မလေးက ကျွန်တော်.ရဲ. ဘယ်ဘက်ကနေ အတူတူလျှောက်လာရင်း ကျွန်တော်. ညာဘက် လက်က နောက်ကျောကနေ တိတ်တိက်လေးပတ်ပြီး သူ.ရဲ. ကျောမှာ ရှိတဲ. ဆံပင်ကို ဗျစ်ကနဲ. မည်အောင် ဆွဲထဲ.လိုက်တော. ဘာပြောကောင်း မလဲ သူရဲ. ၁၂ ပေါင် တူ တမျှ သန်မာလှတဲ. လက်သီးကြီးက အဟွတ်ဟွတ်ချောင်းဆိုးသံ မည်အောင် ကျုပ် ကျောပေါ်ကို ကျလာတော.တာပေါ.။ အဲဒီလောက် အိန္ဒြေ ကောင်းလှတဲ. ကျုပ်တို. အတွဲ ကို စာရှုသူများ မျက်လုံးထဲ မြင်တော်မူကြပါကုန်။ တော်သလင်းလလဲ မရောက်သေးပဲနဲ. ဆိုတဲ. အကြည်.တွေနဲ. လူတွေက ကြည်.ကြသဗျ။
ဒါနဲ.ပြောရအုံးမယ်ဗျ အဲဒီနေ.က ကျွန်တော်. မဒီလေး ရဲ. မွေးနေ.ဗျ ၊ ကျွန်တော်က ဘုရားမသွားပဲနဲ. ပန်းခြံထဲသွားရအောင်လို. ပြောတော. ဘာကြောင်.လဲမသိဘူး စိတ်ဆိုးလိုက်တာဗျာ ၊အကုသိုလ်ကောင်ပီပီ သူ.ရဲ. အမိန်.တော် အတိုင်း စိတ်မပါလက်မပါနဲ. ဘုရားကြီးထဲကို မျောက်ပါးရိုက်ခံထားရတဲ. ရုပ်နဲ. လိုက်ခဲ. ရတာကိုးဗျ။ သူနဲ. ကျွန်တော်တို. ဘုရားအတူတူ ဖူး၊ ပန်း နဲ. ရွှေသင်္ဃန်း လှုပြီး သကာလ၊ ကျွန်တော်က ဘုရားကို ပုဆိန်ပေါက်သလို မြန်မြန်ပဲ ဦးချလိုက်သဗျ။ ရွှေသင်္ဃန်း ကို ကိုယ် တိုင် တက်ပြီး ကပ်လှုပေး လို.ကောင်မလေးက ကျုပ်ကိုပြောတော. ဟာကွာ လူတွေအများကြီးပဲ ၊ ဂေါပကတွေ ကို လှုခိုင်းလိုက်စမ်းပါကွာ လို. ပြန်ပြောလိုက်တယ်။ ဘယ် ကျုပ်က အကြံနဲ.ကိုဗျ ဘုရားက မြန်မြန် ပြန်လစ်ပြီး ပန်းခြံမသွားဖြစ်မယ်.အတူတူ ရုပ်ရှင်ရုံထဲ ရအောင်ခေါ်သွားမလို.ခင်ဗျ၊ ဇောတွေ–ဇောတွေ–။
ဒီအချိန်မှာ မချောက တစ်စခန်း ထလာပါလေရော လိပ်ကန်၊ ငါးကန် တွေဘက် သွားထိုင်ရအောင်တဲ.–ကဲ–သွားပေါ.–ငြင်းဆန်နိုင်သော သတ္တိမှ အနော်.မှာ မရှိ တာဗျာ။ ဒီလိုနဲ. အရှေ.မုဒ်ဘက်ထွက်ရင်း ငါးကန်တွေ ရှိရာ ရောက်ခဲ.ကြရောဆိုပါတော. –ငါးလေးတွေ လွှတ်လို.ရတယ်နော်–ဆိုတဲ.အသံကြားလို. ကြည်.လိုက်တော. ကလေးမလေးတစ်ယောက် စားပွဲပေါ်မှာ ကော်ဖလားလေးတွေနဲ. ငါးပေါက် ကလေးတွေ ထည်.ပြီးအော်ရောင်းနေတာ တွေ.ရတယ်။ ဒါနဲ. မဒီလေးကို ငါးလွှတ် ပါလား လို.တိုက်တွန်းပြီး ငါးလွှတ်ခြင်းရဲ. အကျိုးကဘယ်လို ဘယ်ပုံ ဆိုပြီး ဆရာကြီးလေသံ၊ ဂေါပက လူကြီးလေသံနဲ. ပြောတော. အင်တင်တင်နဲ. ခေါင်းညိမ်.တော်မူသဗျ။ ဒါနဲ.ငါးထည်.တဲ.ဖလားလေး ၂ ခုဝယ်ပြီး ရေကန်ရှိရာဘက် လာခဲ.ကြတော.တယ်။ရေကန်ထဲမှာ တော. ငါးရံ.ကြီးတွေ၊ ငါးကြင်းကြီးတွေနဲ. နှုတ်ခမ်းမွှေးကားကား ငါးခူ ကြီးတွေ ပွက်နေတာ အများကြီးမှ အများကြီးပေါ.ဗျာ။ ကျွန်တော်တို.နှစ်ယောက်လဲ ဖလားလေးတွေကိုယ်စီကိုင်ရင်း နင်တို.အသက် တခါလွှတ် ၊ ငါတို.အသက် ဆယ်ခါလွတ် ဆိုပြီး ကန်ထဲကို လောင်းထည်.လိုက်ကြတယ်။
ကျွန်တော်ပြောချင်တဲ. ဇာတ်လမ်းက အခုမှစရောဗျို. ၊ ကျွန်တော်တို.၂ယောက် လွှတ်လိုက်တဲ. ငါးလေးတွေ ခမျာ ရေထဲ ရောက်လျင်ရောက်ချင်းပဲ စောစောက ပွက်ထနေတဲ. ငါးရံ.နဲ. ငါးခူတွေကပြေးလာပြီး ထိုးသုတ် လိုက်ဟတ်ပြီး စားပါလေရော မိတဲ.အကောင်တွေလဲ မိသွား၊ထွက်ပြေးတဲ.အကောင်တွေလဲ သေရေးရှင်ရေး အတွက် ကူးပြေးလိုက်ကြတာဗျာ ဘယ်လွတ်လိမ်.လေမလဲ။ ကျွန်တော်တို. အပေါ်ကနေပြီး ဘာလုပ်လို. လုပ်ရမှန်း မသိအောင်အံ.ဩတကြီးဖြစ်ပြိး စိတ်မကောင်း ခြင်း ကြီးစွာနဲ. ကြည်.နေ ရတော.တာပေါ.ဗျာ။ ကျွန်တော်တို.ရဲ. ရည်ရွယ်ချက်က သူတို.ကို လွတ်လပ်စေချင်တဲ. စေတနာ သက်သက်ပါဗျာ။ ဒီလို ဖြစ်လိမ်.မယ် ဆိုတာသိရင် လွှတ်ဖြစ်မှာ မဟုတ်ပါဘူးဗျာ ။
အပြန်ခရီးမှာ ကျွန်တော်.ကို မျက်စောင်းတထိုးထိုး နဲ. လိုက်လာခဲ.တဲ. မဒီကိုမသိကျိုးကျွံ ပြုရင်း အတွေးနယ်ချဲ. မိပါရဲ.။ သူ.သဘောကတော.ဗျာ ကျွန်တော် လွှတ်ခိုင်းလို. ဒီငါးတွေကို လွှတ်ရတယ် ဆိုတဲ. သဘောပေါ.။ မိန်းမတွေများ သူတို.သဘောတူတုန်းက တမျိုး၊ ပြသနာဖြစ်တော. တမျိုး သူတို.ပယောဂမပါသလိုလို ကောင်းကိုမကောင်းဘူး။ ကျွန်တော်.ရဲ. ရုပ်ရှင်ရုံ ဇာတ်လမ်းကလဲ စိတ်မကောင်းတဲ.စိတ်ကြောင်. ကြက်ပျောက် ငှက်ပျောက်———–။။။။။
ps—ကျန်တာလေးပြောရအုံးမယ် ကျွန်တော်မိန်းမရတော.လဲ ဒီမိန်းမကြီနဲ.ပဲဗျ—–။
10 comments
ထိပ်တင် တုတ်ကြီး
August 9, 2012 at 12:14 am
ကျွန်တော်၁ဝ တန်းနှစ်(၁၉၉၃)လောက်က ကလောင်သစ်မဂ္ဂဇင်း ဆိုတာကို ဝိုင်နီ ဆိုတဲ. ကလောင်နာမည်နဲ. ပို.ဖူးခဲ.တဲ. ဝတ္ထုတိုလေး ကိုပြန်လည် ဝေမျှခြင်းဖြစ်ပါတယ်။ ထူးဆန်းတဲ.အကြောင်းအရာလေးတစ်ခုလဲ ပြောပြပါမယ်။ အဲဒီတုန်းက ဒီစာမူလေးကို ကျွန်တော် ပို.လိုက်တော. အယ်ဒီတာအဖွဲ.ကနေပြီး စာတစောင်လာရောဗျ။ ဖတ်ကြည်.တော. စာရေးသားတာ မဟုတ်သေးဘူး။ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ. သူတို.ကူညီမယ်ဆိုပြီး တလကိုမဂ္ဂဇင်းတစ်အုပ် စာတိုက်ကနေ ပို.ပြီး ရောင်းပါလေရော။ကျုပ်မှာဗျာ ပိုက်ဆံမှ မရှိရတဲ. အထဲ ကိုယ်.စာလေး ပါလိုပါငြား ဝယ်နေရတာပေါ.။ နောက်တော.တစ်ခြားစာရေးဆရာရင်.မာကြီးတွေက ဝေဖန်ကြတော.မှ ရပ်သွားတော်မူတယ်ဗျာ ။ကျွန်တော်က စာရေးဆရာ လုပ်စားဖို.လဲ မရည်ရွယ်ပါဘူး၊ကျွန်တော်.အဆင်.နဲ.လဲ မဖြစ်နိုင်ပါဘူး။ ဝါသနာအရ တောင်ခြစ်မြောက်ခြစ်ပါ ။ဒါပေမယ်. သူတို.အရှက်မရှိပုံက ကျွန်တော်.ရဲ. ဒီစာကိုမှီးပြီး ဝတ္ထုတပုဒ် ပါလာသဗျာ။ အကြောင်းအရာကလဲ အတူတူပဲ။ ကဲ ဘယ်.နှယ်.ရှိစ—-(ကျုပ်စာလေးကို အချိန်ကုန်ခံပြီးဖတ်ပေးတာ ကျေးဇူးအထူးပါ)
မောင်ပေ
August 9, 2012 at 1:24 am
ဒီအခုပိုစ့်ကို မှီးပြီး လုပ်စားတယ် ဆိုတဲ့ မက်ဂဇင်းကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်ရမယ်ဗျ
နာမည်ပြောဗျာ
အုန်းနှောက်ဖောက်စားတယ်ဆိုတာ အဲဒါမျိုးမှ အစစ်
ရဲစည်
August 9, 2012 at 1:25 am
အပြန်ခရီးမှာ ကျွန်တော်.ကို မျက်စောင်းတထိုးထိုး နဲ. လိုက်လာခဲ.တဲ. မဒီကိုမသိကျိုးကျွံ ပြုရင်း အတွေးနယ်ချဲ. မိပါရဲ.။ သူ.သဘောကတော.ဗျာ ကျွန်တော် လွှတ်ခိုင်းလို. ဒီငါးတွေကို လွှတ်ရတယ် ဆိုတဲ. သဘောပေါ.။ မိန်းမတွေများ သူတို.သဘောတူတုန်းက တမျိုး၊ ပြသနာဖြစ်တော. တမျိုး သူတို.ပယောဂမပါသလိုလို ကောင်းကိုမကောင်းဘူး။
ဒီစာကြောင်းလေးတော့ လွှတ်ကြိုက်သဗျို့ ……
ဘာရယ်မဟုတ်ပါဘူးဗျာ
ခုလတ်တလော ဖြစ်နေတာလေးတွေနဲ့ တိုက်ဆိုင်လို့ ဆွဲယူပြီး တွေးမိတာပါ။
သိ်ပ်ကောင်းတဲ့ အတွေးအရေးမို့ သိမ်းထားမိပါကြောင်း
ပြန်တော့ မရှဲရဲဘူးဗျို့ ကိုယ့်ဆြာက ကွမ်းမန့်မှာ ထည့်ရေးထားပီးသားဆိုတော့
ကြောက်.. ကြောက် ါ်)
၉၃ကစာ ကနေ့အထိ ဖတ်ကောင်းဆဲမို့ ဗယာကြော်ပါ အာစိရယ်…
ရဲစည်
August 9, 2012 at 1:30 am
စကားမစပ်
ကိုဆာမိ ရေးတဲ့ပုံမျိုး နည်းနည်းတူသဗျ
ကျွန်တော့် … အောက်ကမြင့်နေရာမှာ ကျွန်တော်. ဆိုတာမျိုးလေး
ခဲ့ ခဲ.
တဲ့ တဲ. အလိုလေးတွေ တိုက်တိုက် ဆိုင်ဆိုင်လာတူနေလို့
အမှတ်မှားရင်လဲ ခွင့်လွှတ်ပါဗျို့
ဒါတောင် ခွေးလွှတ်ဆိုပီး ယောင်ရေးတော့မလို့
အရီးခင်လတ်
August 9, 2012 at 4:34 am
{ မိန်းမတွေများ ……………… }
ဒါကတော့ မိန်းမ မှ ယောကျာင်္း မှ မဟုတ်ပါကွယ်။
လူ ရဲ့ စိတ်ပေါ်ဘဲ တည်ပါတယ်။ 🙂
ဇာတ်လမ်းလေး က စိတ်ဝင်စားစရာ ဖြစ်အောင် ရေးနိုင်ပါတယ်။
kai
August 9, 2012 at 5:46 am
ငါးကြီးတွေကို.. အစာဒါနပြုတယ်မှတ်ပါကွယ်..။
စိတ်ထားတတ်ရင်.. ကုသိုလ်ရပါတယ်..။
P chogyi
August 9, 2012 at 8:40 am
ဒီမိန်းမကြီးဆိုတာတော့ မနိပ်ပါဘူး။
အသက်ကြီးမှယူမိလို့လား။
kyeemite
August 9, 2012 at 11:04 am
ငယ်စဉ်ကအတွေးလေးနဲ့ အရေးလေးက
ဖတ်လို့ကောင်းပါတယ်..သဂျီးမင်းမိန့်တော်မူသလို
ကြံဖန်ပြီးသာ ကုသိုလ်ယူဗျို့..
padonmar
August 9, 2012 at 7:25 pm
မျောက်ပါးရိုက်ခံထားရတဲ့မျက်နှာဆိုတာလေး ခုတလောမှ ကြားဖူးတယ်။
ရဲရင့်လှိုင်ရဲ့ နေပါစေ ချစ်လို့ထဲမှာ ထင်ပါရဲ့။
စဖတ်ကတည်းကပြုံ့းလာရတာ
“ကျန်တာလေးပြောရအုံးမယ် ကျွန်တော်မိန်းမရတော.လဲ ဒီမိန်းမကြီနဲ.ပဲဗျ” ဆိုတော့မှ ထရယ်လိုက်မိတော့တယ်။
ဆက်ရေးပါအုံးနော်။အားပေးနေပါတယ်။
ထိပ်တင် တုတ်ကြီး
August 9, 2012 at 10:21 pm
ငယ်ငယ်ကအတွေး၊အရေးလေးကို နှစ်ခြိုက်ကြတဲ.အတွက် ကျေးဇူးအထူးပါ။ ကိုရဲစည် နှစ်သက်ရင် ပြန်လည် ဝေမျှနိုင်ပါတယ်။ p chogyi ရေ ဒီမိန်းမကြီး ဆိုတာက အရင်တုန်းကတော. ခပ်သေးသေးပဲ။ ဒီစာရေးရင်းနဲ. သူ.ကို ခု ပြန်ကြည်.မိတော. ကြည်.ရင်း ကြည်.ရင်းနဲ. သောက်မြင်ကပ်လာလို. ဒီမိန်းမကြီးလို. တင်စားပြီး ရေးမိတာပါဗျာ။