♥♥♥အချစ်ဆိုတာကို အတိအကျ မသိပဲနဲ့♥♥♥

အချစ်ဆိုတာကို အတိအကျ မသိပဲနဲ့ `ငါ မင်းကို ချစ်တယ်´ လို့ ပြောနေကြတဲ့
လူတွေ အားလုံးအတွက် စဉ်းစားကြည့်ရအောင်လို့ တင်ပြလိုက်ပါတယ်။

ဇောချွေးတွေ ပြန်နေတာလား။ ရင်ခုန်နှုန်းတွေ တဒုန်းဒုန်းနဲ့ ဖြစ်နေတာလား။
ပြောဖို့ စကားတွေက ရင်ခေါင်းထဲကနေကို မထွက်ဘူး ဖြစ်နေတာလား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ သဘောကျတာပါ။

မင်းရဲ့ မျက်စိအောက်က အပျောက်ကို မခံနိုင်ဘူး။ တစ်ခဏလေး
လက်တွဲဖြုတ်ရမှာကို သိပ်စိုးရိမ်နေတယ်။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ရမ္မက်ပါ။

ဂုဏ်ယူပြီး သူ့ကို ထုတ်ကြွားမယ်။ အဲဒီလို ထုတ်ကြွားရတာကိုပဲ သဘောကျနေတယ်။
ဒါ အချစ် မဟုတ်ဘူး။ မင်း ကံကောင်းလို့ပါ။

မင်းရဲ့ အနားက တစ်ဖဝါးမှ မကွာ သူ့ကို နေစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အထီးကျန်လို့လေ။

လူတိုင်း လိုလားအပ်တဲ့ အရာတစ်ခုမို့ သူ့ကို မင်းအနားမှာ ရှိစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ ပိုင်ဆိုင်ချင်စိတ်ပါ။

သူက မင်းကို အနမ်းလေး ပေးတယ်။ မင်းရဲ့ လက်ကလေးကို မြဲမြဲ
ဆုပ်ကိုင်ထားလို့ မင်း သူ့အနားမှာ ရှိနေတာလား။
ဒါ အချစ် မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းနေလို့ပါ။

အချစ်ပါလို့ ဖြောင့်ချက်ပေးပြီး သူ့အနားမှာ မင်းနေပေးတာ သူ့ကို လုံးဝ
မထိခိုက်စေချင်လို့ မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ သနားတာလေ။

သူ့ရဲ့ အကြည့်တစ်ချက်မှာ ရင်ခုန်သံ ရပ်တန့်မတတ် ဖြစ်သွားလို့ သူ့ကို
ပုံအပ်လိုက်ချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အရူးအမူး စွဲလမ်းတာ လောက်ပါ။

သူ့ကို သိပ် ဂရုစိုက်လို့ သူ့အပြစ်တွေကို ခွင့်လွတ်ပေးနိုင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုပါ။

အတွေးထဲမှာ နေ့တိုင်းလိုလို သူ့တစ်ယောက်တည်းပဲ ရှိနေတယ်လို့ မင်း သူ့ကိုပြောသလား။
ဒါ အချစ် မဟုတ်ဘူး။ လိမ်နေတာ။

သူ့အတွက် ကိုယ့်ကြိုက်တဲ့ အရာအားလုံးကို စွန့်လွှတ်ဖို့ ဝန်မလေးဘူး မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ပေးကမ်း စွန့်ကြဲ ရဲတဲ့ စိတ်ဓါတ်ပါ။

သူ ဝမ်းနည်းတဲ့အခါ မင်း အသည်းကြွေမတတ် ခံစားရသလား။
ဒါမှ အချစ်လေ။

သူရဲ့ နာကျင်မှုတွေ အတွက် အပြင်ပန်း မဟုတ်တောင် စိတ်ထဲက ကျိတ် ငိုကျွေးခဲ့ရသလား။
အဲဒါ အချစ်လေ။

မင်းရဲ့ မေတ္တာစစ် မေတ္တာမှန်နဲ့ မင်းရဲ့ ရင်တွင်း ခံစားချက်တွေကို သူ
မြင်နိုင်ရဲ့လား။
ဒါမှ အချစ်လေ။

ဒုက္ခတွေ သုခတွေနဲ့ စည်းနှောင်ထားပြီး အဲဒီ ကြီးမားတဲ့ အားတွေက မင်းတို့
နှစ်ယောက်ကို လက်တွဲညီညီ ဖြစ်အောင် ဖန်တီးထားတာလား။
ဒါဆို အချစ်လေ။

သူ့ရဲ့ အားနည်းချက်တွေကို သူ့ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ လက်ခံထားတာလား။
အဲဒါ အချစ်ပါ။

တခြားသူတွေကို စွဲဆောင်ဖို့ ကြိုးစားပေမယ့် သူ့ကိုပဲ
အကြောင်းပြချက်မရှိဘဲ သစ္စာရှိရှိနဲ့ အတူ လက်တွဲနေသလား။
ဒါဆို အချစ်လေ။

မင်းရဲ့ နှလုံးသား၊ မင်းရဲ့ အသက်နဲ့ မင်းရဲ့ ဘဝကို သူ့ကို ပေးဖို့ ဝန်မလေးဘူးလေ။ဘာလိုသေးလဲ
ဒါဟာ အချစ်ပဲပေါ့။(အဟဲ…အဲဒါပါပဲ

12 comments

  • မမ အညာသူ

    August 9, 2012 at 2:18 pm

    အချစ်ဆိုတာ ငါ့အတွက်တော့ ချစ်နေရုံသက်သက်ပါပဲ………………….

    • အရင့်ရောင်

      August 9, 2012 at 2:41 pm

      ဪ………….
      အချစ်ဆိုတာ
      မမ အညာသူ တို့က ချစ်နေရုံသက်သက်ပါတဲ့………..ဟိဟိ

  • မွန်မွန်

    August 9, 2012 at 3:40 pm

    ငါနင့်ကို ချစ်တာ ငါ့ကိုယ်ငါ ချစ်လို့ပါ။ နင်ရှိနေရင် ငါပျော်ရွှင်တဲ့အတွက်ကြောင့် ငါပျော်နေဖို့ နင့်ကို ချစ်တာပါ.. (ဟိဟိ… 🙂 )

  • ပင်လယ် ပျော်

    August 9, 2012 at 5:28 pm

    ၁၅၀ဝ ဆိုတဲ့ အချစ်ထဲမှာ အကုန်ပါဝင်ပါတယ်… ဘယ်လောက်ပဲ အနုအရွတွေပဲရေးရေး …….
    ချစ်ဖူးသူတိုင်းသိပါတယ်…

    • အရင့်ရောင်

      August 9, 2012 at 5:35 pm

      ပင်လယ်ပျော်တို့ကတော့
      ဟြေတယ်ဟေ့……….
      မချစ်ဖူးရင် မသိဘူးပေါ့နော်……..
      ဟိဟိ

      • ပင်လယ် ပျော်

        August 9, 2012 at 5:47 pm

        ဟုတ်ပါ့ဗျာ…ချစ်စတော့အရူးထပြီး…ကြာတော့လည်း အရူးမထနိုင်တော့ဘူးဗျို ့…

    • အရင့်ရောင်

      August 10, 2012 at 10:12 am

      အချစ် ၄ လာအုံးမယ်ထင်ပါ့နော်
      ဟိဟိ

  • အတိသဌ္ဇနာဂရ

    August 10, 2012 at 12:32 pm

    သူက မင်းကို အနမ်းလေး ပေးတယ်။ မင်းရဲ့ လက်ကလေးကို မြဲမြဲ
    ဆုပ်ကိုင်ထားလို့ မင်း သူ့အနားမှာ ရှိနေတာလား။
    ဒါ အချစ် မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းနေလို့ပါ။

    • အရင့်ရောင်

      August 10, 2012 at 4:18 pm

      ယုံကြည်မှုအပြည့်အဝထားရှိပါနော်………
      အားတွေပြည့်လာမှာပါ………
      မှတ်ချက်။ ။ အချစ်ခွန်အား………

  • we R one

    August 10, 2012 at 2:44 pm

    သူ ဝမ်းနည်းတဲ့အခါ မင်း အသည်းကြွေမတတ် ခံစားရသလား။
    ဒါမှ အချစ်လေ။

    • အရင့်ရောင်

      August 10, 2012 at 4:17 pm

      သေချာတယ်နော်……..ဟိဟိ

Leave a Reply