35 ပန်းမရမ်း
- 36 ဘောလုံးပန်းရောင်
“ပန်းပျိုးဥယျာဉ် တစ်ခုသို့အလည်သွားခြင်း”(နှစ်)
ခြံအတွင်းထဲရောက်တဲ့အခါမှ အပြင်ကလှမ်းမမြင်ရတဲ့ အပင်တွေကိုတွေ့ရပါတော့တယ်။
ပန်းလေးတွေထဲမှာရောင်စုံစက္ကူပန်းတွေများပါတယ်။
အရှေ့ဘက်ဆုံးထွက်လိုက်တော့ ကန်တော်ကြီး ရေပြင်။
နံဘေးနားက တဲအိမ်လေးနားမှာတော့ ပုစွန်ဆီအရောင်အသွေးနဲ့ခေါင်ရမ်းပင်၊
တစ်ခြံလုံးပါတ်ပါတ်လည်မှာ စက္ကူပန်းပင်တွေနဲ့ဝေဝေဆာဆာ။
စက္ကူပန်းကတော့တစ်ပင်ထဲမှာကို အရောင်မျိုးစုံ။
လိုက်ပြတော့ အဒေါ်ကြီးကတော့ ကျနော်ပန်းပင်တစ်ပင်နားရောက်ရင်တစ်ခါရှင်းပြ။
ခက်တာက အခုပြန်တွေးတော့ နာမယ်တွေမမှတ်မိတော့။.
ထူးဆန်းတဲ့အပင်လေးကတော့ ဂမုန်းမျိုးစိတ်ဖြစ်ဘို့များပါတယ်။
လိပ်ပြာလေးပျံနေတဲ့ပုံစံ။
နောက်ထူးခြားတဲ့ပုံစံလေးပွင့်နေတဲ့အပင်လေးမေးကြည့်တေ့ာ မီးပုံးပန်းတဲ့.။
ကျနော်အတော်စုံအောင်ရိုက်ပြီးပြန်အထွက်မှာတာ့
“ကျမတို့ခြံကို ပန်းပင်ဝယ်ချင်တဲ့သူလွှတ်ပေးနော်”လို့ရိုးသားစွာ ဖိတ်ခေါ်ပါတယ်။
ဒါကြောင့်လဲပြန်အထွက်မှာခြံနံမယ်လေးသတိတရရိုက်ခဲ့ပါတယ်။
ပဒုမ္မာ ပါတဲ့။
ကဲသွားချင်တဲ့မန်းလေးက မိတ်ဆွေများကို နေရာလေးညွှန်းပေးလိုက်ပါမယ်။
အရှေ့ဘက်ကနေ ကန်တော်ကြီးအတိုင်းတည့်တည့်ဝင်လာ။
ကော်ဖီတာဝါစင်ကြီးနားမရောက်ခင်မှာတွေ့ရမယ့် လမ်းထဲကို ချိုးဝင်လိုက်ပါ။
အဝင်ဝကနေ နည်းနည်းသွား။.
ညာဘက်လမ်းအတိုင်းကွေ့ ရင် စတွေ့ရတဲ့ခြံလေးကတော့ ဂန္ဓမာ ပျိုးဥယျာဉ်ပါဘဲ။
သွားကြည့်လိုက်နော် ပန်းတွေစုံတယ်။
အော် နှင်းဆီပင်လေးတွေကတော့ နောက်တစ်ခြံနော်။
ကန်တော်ကြီး အရှေ့မြောက်ဘက်ခြမ်းက အဝင်ဝကခြံလေးပါ။
ကိုပေါက်လမ်းသလားနေသည်
(11-8-2012)
Post Views: 484
19 comments
YE YINT HLAING
August 20, 2012 at 10:40 am
ပန်းကလေး များ နဲ့ ဒီဂဘာမြေ— ရောင်စုံလှပ စိမ်းစိုနေ —
ကိုရင်ကို ရဲ့ သီချင်းလေးနဲ့ ဝင်ကြည့်သွားပါတယ် ဦးပေါက်ရေ !
ကိုပေါက်(မန္တလေး)
August 20, 2012 at 3:28 pm
ပန်းကလေး များ နဲ့ ဒီဂဘာမြေ— ရောင်စုံလှပ စိမ်းစိုနေ —
ကျနော်လဲလေ ကံကောင်းပါရစေ………………………
ဒါက ဘိုထွဋ် သီချင်းလေ
YE YINT HLAING
August 20, 2012 at 3:37 pm
ဟား — ဟုတ်တယ် — ကျွန်တော် က ကိုရင်ကို လို့ပဲ စိတ်ထဲ စွဲနေတာ — ဦးပေါက် က သီချင်းတွေ အများကြီး ရတယ်နော် !
marblecommet
August 20, 2012 at 11:53 am
အခုတော့
ပန်းမုဆိုး
ဖြစ်သွားပြန်ပြီပေါ့
ကိုကြီး….
Ma Ei
August 20, 2012 at 12:08 pm
27 ဂမုန်းလိပ်ပြာ
50 မီးပုံးပန်း
ခုမှတွေ့ဘူးတာပါ…
မီးပုံးပန်းလေးတွေ အတော်လှတာဘဲနော်…
ဒီက ခြံတွေမှာရှာကြည့်လိုက်ပါဦးမယ်…
ကိုပေါက်(မန္တလေး)
August 20, 2012 at 1:11 pm
ပဒုမ္မာ ပါတဲ့။လို့မှားရေးတာလေးကို
ဂန္ဓမာလို့ပြင်ဖတ်ပေးကြပါခင်ဗျာ…………………………..
shwe kyi
August 20, 2012 at 2:14 pm
နှင်းဆီမျိုးစိတ်တွေတော်တော်များပုံပဲနော်။ အရောင်စုံ၊ ပုံစံစုံပဲ။
မီးပုံးပန်းဆိုတာအခုမှမြင်ဖူးတယ်။
ကိုပေါက်(မန္တလေး)
August 20, 2012 at 3:39 pm
အခုရက်ကတော့ ပန်းတွေဘဲဆက်တိုက်လာနေပါမယ်နော်
မောင်ပေ
August 20, 2012 at 9:14 pm
ကျွန်တော့် အသဲနှလုံးလေး နာမည်မှာလဲ ပန်း ဆိုတာပါတော့
ပန်းမှသမျှ ချစ်ရပါ၏ ။
maythakhin
August 20, 2012 at 9:11 pm
မင်္ဂလာပါကိုပေါက်ရေ……
က်ိုပေါက်ကတော့ လူတွေကို အေးချမ်းမှုပုံရိပ်တွေပေးတတ်သော ပုံလေးတွေတင်ပေးနေတာပါ။ အမြဲလေးစားလျှက်ပါ။
TTNU
August 20, 2012 at 9:20 pm
ကိုပေါက်ရေ…
(အဒေါ်ကြီးကတော့ ကျနော်ပန်းပင်တစ်ပင်နားရောက်ရင်တစ်ခါရှင်းပြ။
ခက်တာက အခုပြန်တွေးတော့ နာမယ်တွေမမှတ်မိတော့။)
ဒါကြောင့်သေချာမှတ်ပါပြောတာ။(၂၆)နာမည်သိချင်တယ်။ဒါပဲ။
😈
မဟာရာဇာ အံစာတုံး
August 20, 2012 at 10:01 pm
ဖေဂျီး …
ပန်းပုံတွေ တင်ပုံထောက်ရင် ..
ပြန်နုချင်နေပီဒဲ့ တယ်ဒယ် ..
မာမီပေါက်နဲ့ တိုင်ပြောလိုက်မှာနော် ..
အဟင်း .. ဟင်း .. 😀
ကိုပေါက်(မန္တလေး)
August 20, 2012 at 10:28 pm
မာမီပေါက်နဲ့တိုင်လိုက်ရင် မင်းကိုမိန်းမတောင်းပေးမယ် ဆိုတဲ့အစီအစဉ်ဖျက်လိုက်မှာပေါ့
ဒွမ်……………………….
မဟာရာဇာ အံစာတုံး
August 20, 2012 at 10:32 pm
အဟဲ ..
နောက်တာဘာဂျ ..
ဖေဂျီးဂလည်း ..
တိုင်ဒေါ့ဘူးနော် … အဟီးးးး
ကိုပေါက်(မန္တလေး)
August 20, 2012 at 10:24 pm
မာမီ 26က ခေါင်ရမ်းပန်းလို့ပြောပါတယ် အပွင့်ကရှည်ရှည် ကျနော်က အဆန်းထွင်ပြီးအပေါ်စီးကရိုက်မိလို့
မာမီမျက်စေ့လည်သွားတာနေမှာ။
အဲဒီခြံထဲက နိုင်ငံခြားမျိုးစိတ်တွေများတယ်
Novy
August 21, 2012 at 10:00 am
44 လှသွေးစိုစို/49 နှင်းဆီဖြူ ကို အရမ်းသဘောကျပါတယ်
လေးပေါက်ရေ ကူးလိုက်မယ်နော်
မီးပုံးပန်း/ လိပ်ပြာဂမုန်း ကိုတော့ အခုမှပဲမြင်ဘူးပါတယ်
ကိုပေါက်(မန္တလေး)
August 21, 2012 at 10:25 am
မနိုရေ မီးပုံးပန်းရော လိပ်ပြာဂမုန်းရော ကျနော်လဲအခုမှမြင်ဘူးတာဗျ။
ကြိုက်တဲ့ပုံယူလို့ရပါတယ်။
ဒီပုံတွေက တင်လို့လွယ်အောင်ဆိုက်ချုံ့ထားတာပါ။
သိပ်အကြီးကြီးတော့ချဲ့လို့မရလောက်ဘူး။
ဝါးသွားရင်ပြောပါ မေးလ်ကနေ မူရင်းပုံပို့ပေးပါမယ်။
Novy
August 21, 2012 at 1:14 pm
ကျေးဇူးပါလေးပေါက်ရေ.
ပန်းလေးတွေလှရင် သိမ်းထားပြီး ပြန်ပြန်ကြည့်ပြီး
စိတ်အေးချမ်းမှု့ကို ယူတက်တဲ့ အကျင့်ရှိလို့ပါ
ကြည်ဆောင်း
August 21, 2012 at 3:12 pm
အသွင်ဆန်းဆန်း ရဲရဲတောက်တောက် မီးပုံးပန်းတွေကို ခံစားကြိုက်နှစ်သက်သွားပါတယ်..
ပန်းကလေးတွေ လန်းနေတော့ ကြည့်သူတွေလဲ လန်း လေးပေါက်လဲ အပန်းပြေသွားမှာ မြင်ယောင်မိသေးတယ် ..