C J အဖြစ် သတင်းပို့တာပါခင်ဗျာ-၃

City JoggerAugust 20, 20121min14610

နေရာ။ ။ သမိုင်းလမ်းဆုံ ၊ အင်းစိန် လမ်းမကြီးပေါ်။

ဖြစ်ရပ်။ ။ကားလမ်းလမ်းဆုံ တြိဂံပုံကျွန်း၊ ပန်းစိုက်ခင်း????? လူသွားစင်္ကြန်????။

တာဝန်ရှိသူ။ ။ စည်ပင်-????????။

ကားလမ်းမီးပွိုင်.ဘေး တြိဂံ ပုံ ကျွန်းလေးကို လူသွားလမ်းပေးမထားဘဲ ပန်းအပြည့်စိုက်ထားခဲ့တာ မကြာသေးပါ။ စိတ်ထင် ၂လ လောက်ဘဲရှိပါအုံးမယ်။ အခု ဓါတ်ပုံထဲကလိုဖြစ်နေပါပြီ။

အပြစ်ရှိသူလား

ဖြတ်လျောက်တဲ့သူတွေကို အပြစ်မတင်ချင်ပါ။မတင်ရက်ပါ။

ဒီလောက်ကားရှုပ်တဲ့နေရာ၊လူကူးများတဲ့နေရာမှာမှ –အများပြည်သူတွေ မီးပွိုင့်ကို အန္တရာယ် ကင်းကင်း ဖြတ်ကူးနိုင်ဘို့ ထည့်မစဉ်းစားခဲ့တဲ့—-တာဝန်ရှိသူတွေရဲ့ အားနည်းချက်သာဖြစ်တယ် လို့ယူဆမိလို့ C J အဖြစ် သတင်းပို့တာပါခင်ဗျာ။

၈မိုင်လမ်းဆုံ မီးပွိုင့် က အလားတူနေရာ ပန်းစိုက်ခင်းလေးဘေးမှာတော့ လူသွားစရာ အုတ်ခုံလေး လုပ်ပေးထားပါတယ်။

သာဓု၊သာဓု— ၂ ခွန်းခေါ်ပါတယ်။ အဲဒီ လူတစ်ယောက်သွားသာရုံအုတ်ခုံလေးပေါ်မှာမှ ဓါတ်တိုင်စိုက်ထားပါလေရော၊

City Jogger တစ်ယောက် ဘယ်သွားသွား ( အဲ လေ Jogger ဆိုတော့ ဘယ်ပြေးပြေး) မြင်မိတွေ့မိတဲ့ မတော်ဘူးထင်တာလေးတွေ တင်ပြတာကို ဝိုင်းဝန်းဆွေးနွေးပေးကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။

ကောင်းသည်ထက်ကောင်းအောင်ကြိုးစားနေမယ့် C J မောင်မောင်ကိုကိုဦးဦး။

10 comments

  • chityimhtoo

    August 20, 2012 at 10:59 am

    အသင်လူသားခုလိုဖေါ်ပြပေးတာကောင်းပါဒယ်…ဒါပေမဲ့ နင့်ဟာက မြောင်းတွေရိုက်ပြလိုက် ပလက်ဖေါင်း
    တွေရိုက်ပြလိုက်နဲ့ ဒီထက်သတင်းထူးတာလေးတင်ပါဦးကောင်မရယ်။:P

    • City Jogger

      August 21, 2012 at 10:06 am

      ကိုကိုထူးခင်ဗျား
      အကြီးကြီးတွေနောက်ထား၊အခုတင်ထားတဲ့သေးသေးလေးတွေကိုတောင် တုံ့ပြန်မှုမရသေးပါခင်ဗျ။
      ကျောက်တုံးမရွေ့သရွေ့ အလုပ်မဖြစ်ပေါ့ခင်ဗျာ။
      ကျနော်တို့မှာ ဝါသနာလည်းပါ၊ သူကြီးမျော်လင့်ချက်တွေပေးထားသလို Citizen Journalist တွေအားကောင်းလာစေဘို့ ကိုယ်မြင်တာလေးဘဲ တင်ပြ ကြည့်နေရတာပါ။
      တရားဝင်ဂျာနယ်တွေတောင် အပိတ်ခံနေရသေးတဲ့ ဒီကာလမှာ ဘာအထောက်အထားမှမရှိတဲ့ကျနော်တို့တွေ ဓါတ်ပုံရိုက်တာက အစ ဂရုစိုက်ရပါတယ်။
      နားလည်ခွေးလွှတ်ပေးပါနော်။
      ဝိုင်းဝန်းဆွေးနွေးပေးကြတော့ တစ်ချိန်ချိန် ကြရင် ကျောက်တုံးရွေ့နိုင်လို့ပါ။
      မန့်ပေးကြသူတွေအားလုံးကိုလည်းကျေးဇူးပါ၊ ကျနော် ဆက်ပြေးဘို့တွန်းအားမို့ပါခင်ဗျာ။

      ကောင်းသည်ထက်ကောင်းအောင်ပြေးနေမည့် C J မောင်မောင်ကိုကိုဦးဦး။

  • htoosan

    August 20, 2012 at 12:52 pm

    အားပေးပါတယ်ဗျို့ ။
    သေးသေးကြီးကြီင်္း လိုအပ်တာက လိုအပ်တာပါဘဲ ။

  • kai

    August 20, 2012 at 1:23 pm

    တန်ဖိုးရှိပါတယ်..
    ကျုပ်သာ…မြန်မာပြည်မှာသတင်းစာလုပ်ဖြစ်ရင်.. ဒီလို.. နေ့စဉ်ဘဝထဲက.. CJ စာတွေ..ယူသုံးတယ်..

    • Liquid_Sn@ke

      August 20, 2012 at 1:35 pm

      ဟောဒီမှာတော့ ဟောသလို ပြောဖူးတာလေး မှတ်မှတ်ရရ ရှိနေပါကြောင်း….
      ဒါနဲ့ ဘယ်တော့တုန်းဟင်င်င်င်

      မြန်မာပြည်မှာ ပြန်လုပ်ဖို့အစီအစဉ်တော့ ရှိပါတယ်..
      မန္တလေးဂေဇက်က.. မြန်မာပြည်ကနေ..ဟိုးအရင်ကတည်းကတည်းက.. ကြည့်လို့ရနေပြီး.. အခုလည်းရနေတာပါ..
      ဆိုတော့..
      တခြားမီဒီယာတွေနံ ပုံစံတူမယ်တော့မထင်ဘူး..။
      ..
      အဲလောက်ပဲ…။

      http://myanmargazette.net/97198/economic-news-international-news-news-industry-people-in-the-news-us-news-news/myanmar-burma-burmese-bama-myanmarian-myanma-news

      • kai

        August 20, 2012 at 1:38 pm

        အဲလောက်ပဲ… 🙂
        နောက်လတော့ ဗီအိုအေက.. သမ္မတကိုဗျုးတဲ့သူကို.. ဗျုးမလားလို့… အဲ..ဗျုးမလို့… :grgreen:

  • the best

    August 20, 2012 at 3:07 pm

    ရန်ကုန်မြို ့တော် စည်ပင်က တာဝန်ကျေရဲ့လား ဆိုတာမေးလိုက်ပါရစေ။
    တစ်မြို ့လုံးကို ပတ်ကြည့်လိုက်ပါ။ လမ်းတွေက လမ်းနဲ ့တောင်မတူတော့ပါဘူး။

    ကားတွေက နှစ်တိုင်းစည်ပင်ခွန်တွေအပြည့်ပေးနေရပါတယ်။
    မောင်းရတဲ့လမ်းတွေက ဘယ်လိုဖြစ်နေသလဲဆိုတာ
    ရန်ကုန်မြို ့တော် စည်ပင်က သိပါရဲ့လား။

    နိုင်ငံကို အရှက်ရအောင်မလုပ်ပါနဲ ့
    ရန်ကုန်မြို ့တော် စည်ပင်ရေ။

  • manawphyulay

    August 20, 2012 at 4:18 pm

    ဒီထက်သတင်းထူးတာတွေတစ်ပုံကြီးရှိသေးတယ်… မြို့လယ်ကောင်မှာ ကြာခွက်ကလေးတွေနဲ့ အတော်ကြည့်ကောင်းတဲ့နေရာလေးတွေလေ…

  • may flowers

    August 20, 2012 at 5:48 pm

    သတင်းသမားပီသ ပါပေတယ်…………အားပေးပါတယ်ဗျို့။

  • ကိုသင်း

    August 21, 2012 at 1:53 am

    စည်ပင်ဆိုတာ သူတို့ ့တွေအတွက်ပဲ စည်ပင်သာယာ
    ဝပြောအောင်လုပ်နေကြတာပါ။အယူသာရှိပေမဲ့ ပြန်
    ပေးတာ ဘယ်တုန်းကမှ မရှိခဲ့တဲ့ ဌာနတစ်ခုပါ။

Leave a Reply