…စာမျက်နှာ …၁၄…။

သုရွင္August 14, 20121min1383

စာမျက်နှာ ၁၄..

ငှက်တစ်ကောင်ဖြစ်ခွင့် ကို ကောင်/ကောင်မလေး တွေ အများစု ရေရွတ် တတ်ကြတယ်။ ဟိုး.. ကောင်းကင်ကြီးမှာ ပျံသန်းချင် လို့တဲ့။..ပါးလေးတွေ နီနေအောင်ကို လှတဲ့ ပတဲ့ အရွယ်လေးတွေ…။သစ်ရွက် တစ်ချက်အလှုပ်မှာ…ခိုးခိုးခစ်ခစ်။…။

တစ်ဦးတစ်ယောက်ရဲ့အကြည့်မှာ…မှိန်းမော..မိကြဖူးသူချည်းပါပဲ။ အဲဒီအရွယ်က..လေ။စာမျက်နှာ ၁၄…။ သူ တို့ကို  သူတို့ ဆုံးဖြတ်ချက်ချခွင့်အပေးမခံရသေးတာ တောင်.. တိတ်တခိုးလေး ကွယ်ရာမှာ တစ်ခုခု လုပ်လိုက်ရမှ ကျေနပ်တဲ့အရွယ်။အိပ်ချိန်တွေ မှာ..ဘာတွေက နေရာယူလို့ ယူထားမှန်းမသိအောင်…ယူထားလို့ အိပ်ခါနီးရင်

ဘယ်သူမှ မသိအောင် ပြုံးခဲ့ဖူးတာလဲ..အမော။ညာတယ် ဆိုတာ…တစ်ခါတစ်ခါ..သူတို့  အ တွက် နေ့စဉ်လုပ်ရိုးလုပ်စဉ်ထဲက တစ်ခုမျှ သာပါ။ ငယ်ငယ် လေး လို့ ကိုယ့်ကို ကိုယ်တော့ မမြင်ချင် သေး။ တစ်ခါတစ်ခါတော့ ချွဲချင်သေးတယ်။ စိတ်ဆိုးချင်တယ်။ ဘာအကြောင်းပြ ချက်မှ မရှိတာတောင်…စိတ်ကကောက်လိုက်ရမှ။ နေသာထိုင်သာ ရှိကြလေဟန်။ …

မာန အကြောင်းလား။ ဘယ်သူပြိုင်လို့ လှပါတော့နိုင် မဟုတ်ပါဘူး။ ဘယ်သူပြိုင်မလဲ။ မာန က အလိုလို ကြီးပြီးသား…။ ဘယ်သူမှ မပြိုင်နဲ့ မာန လည်းကြီးတယ်။လှလည်း လှချင်သေးတယ်။ တစ်ခုဘဲ ရှိတယ်။ အပြစ်တင်ရင်တော့ မခံဘူး။ ကိုယ့်ကို ကိုယ် အပြစ် မမြင်တတ်ဆုံးအရွယ်.. ဆိုရင်..အခုပေါ့။

သူတို့အရွယ်တွေကိ ု ဖြတ်သန်းသွားခဲ့ကြဖူးတဲ့သူတိုင်း ကပြောဆိုဆုံးမ ရင် …လက်မခံတတ် ကြဘူး။ ပြောဆိုဆုံးမ ဖူးတဲ့သူတွေကလည်း…ငယ်ငယ်တုန်းက သူတို့ဖြတ်သန်း ခဲ့စဉ် တုန်းက ခံစားချက်မျိုးကျ တော့ ကိုယ်ချင်းစာ မပေး ကြတဲ့ အချိန် မို့….ဒီအရွယ် တွေက..လူကြီး ဆို သူတွေ မျက်စိ စပါးမွှေးတွေ စူးကြတယ်။

လှလိုက်တာ…သူတို့မျက်စိတွေ ထဲမှာ…အလှတရားတွေက နေရာတကာ။ ပုံပြင်တွေ၊ ပြဇာတ် တွေ ၊ ကဗျာတွေ၊ ရုပ်ရှင် ဗွီဒီယို၊ စာပေဝတ္ထု တွေ….အထူးသဖြင့်..တီဗွီ ဇာတ်လမ်းတွဲ ကိုးရီးယားဇာတ်ကားတွေထဲက…မင်းသားမင်းသမီးတွေများ….။ဘာတွေ ဝတ်လိုက် ဝတ်လိုက် ၊ ဘာတွေ စားလိုက်စားလိုက် ၊ဘာတွေ ပြောလိုက်ပြောလိုက်၊ ဘာတွေလုပ်လိုက် လုပ်လိုက်…လှလို့ပ လို့..။အတု ယူစရာတွေ လို့ အလိုလို ထင်မှတ်။ အဲဒီ လိုအရွယ် ကိုမှ အဲဒီလို အလှတရားတွေက ပြုစုပျိုးထောင်ပေးနိုင်မှာ….။အဲဒါ သူတို့ ခံယူယုံ ကြည်ချက်။

ကမ ္ဘာကျော်အောင်လုပ်မယ်…လို့ ဒီအရွယ်တော်တော်များများမှာ…ရည်ရွယ်ချက်တွေ..ထား ရှိကြစမြဲ။ အနုပညာနဲ့ ပေါ့။ သူ့အမြင်၊ သူ့အတွေး။ တစ်မူထူးပြီး ဆန်းကျယ်နေတာ မျိုးမဟုတ် လား။ သူတို့ပြောပြောနေကျ စကားက…မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ မိဘ တွေ ထက်..ခြေတစ် လှမ်း သာမှ …. ခြေတစ်လှမ်း စွာမှ…မိဘ တွေက ချီးကျူးကြမှာ မဟုတ်လား။

သူ့မှာ ပြစရာတွေရှိတယ်။ မေမေကြည့် ပါလား …ဟောဟိုက..ဘယ်သူဆိုရင် ဘာလုပ်လို့ ဘာကြီးဖြစ်နေပြီ။ သမီး/သား လည်းလုပ်ကြည့်ချင်တယ်။ သူတို့မှာ ယုံကြည်မှုအပြည့်.           ခဲ မှ မမှန်ဖူးသေးတာကိုး….။ ဒဏ်ရာ ရခဲ့ဖူးသူတွေကို တောင် အ.လို့ ညံ့လို့ ဆိုပြီး အပြစ် တင်တတ်တဲ့ အရွယ်။ ပြီးတော့ ပြောသေးတယ်…သူတို့နေရာမှာ ငါသာဆိုရင်…တဲ့။

လမ်းဆုံလမ်းခွ ရောက်နေပြီလို့ သူတို့ကို သူတို့မမြင်..သူတို့ထင်ရာကို လျှောက်မယ်လေ။ တို့ရွေးချယ်လိုက်တာ မှားလားလို့ သူတို့ ဘယ်တော့မှ အဲဒီအချိန်မှာ မစဉ်းစားမိသေးဘူး။ သူတို့စိတ်ထဲမှာ..သူတို့ လေးတွေက ဘာမဆို လုပ်နိုင်တယ်လေ။ အားတွေ အင်တွေ… ကိုယ်ခန္ဓာ တွေကလည်း နုသစ်လှပ ဖွင့်ဖြိုးစ အရွယ်မဟုတ်လား။ သူတို့ ပိုင်ဆိုင်ထား တဲ ့ အလှအပ တွေနဲ့ ချည်းပဲတင်..အားလုံးကို ညှို့ယူဖမ်းစားခြင်း ခံနေရတယ် လို့ ယူဆ ထားကြ တဲ့ အရွယ်။

ချစ်ခြင်းဆိုတာလောက်..အရေးကြီးတာ ..ဘယ်ရှိမလဲ..နော်။ ကိုယ့်အသက်ထက်တောင်.. တစ်ခါတစ်ခါ တန်ဖိုးထားတတ်ကြသေးတဲ့ အဲဒီအချစ်ကို..သူတို့လေးတွေ အရွယ်မှာ…ဖြူ စင်အောင် ထိန်းထားနိုင်ကြသေးလေရဲ့။ မျက်ဝန်းလေးတွေ…။အပြုံးလေးတွေ..။ ပြီးတော့.. နားဝင်ပီယံ ချိုမြမြ..စကားသံလေးတွေ..။ သူတို့..ယိမ်းနွဲ့လိုက်တိုင်း အလှတရားက…လိုက်ပါ ကခုန်လို့…။ သူတို့..ခမြာ..နေတတ် ထိုင်တတ်ကြမှ..သင့်တော်မယ်လို့ ..လူကြီးတွေ ကပြောပြော နေရတယ်။

ဟိုးနေ့က..ဟိုး…တစ်နေ့က..ဘယ်သူက သူ့ကို စိုက်ကြည့်နေခဲ့ဖူးတယ်။ ဘယ်သူကဖြင့်. ဘာတွေ ပြောခဲ့ဖူးတယ်။ ဒီ..အရွယ်ရဲ့ ချစ်ခြင်းသတိရမှုလေးတွေက ဘယ်အရွယ်ထိ ကိုမဆို.. သယ်ဆောင်သွားတတ်ကြသေးတယ်။ ရင်တွေ ခုန်လိုက်တာများပြောမနေပါနဲ့ ..လို့။ အချင်း ချင်း ရယ်မော ပြောဆိုရင်း အပေါင်းအသင်းဆိုတာ…သူတို့ ကမ ္ဘာကြီး တစ်ခုပါ။ သူတို့ ရှင်သန် ကြဖို့..ရေလောင်းပေါင်းသင်..ပေးတဲ့သူဆိုရင်…သူတို့မျက်မုန်းကျိုးတတ် တယ်။ ဆရာ ကြီး လာလာ လုပ်တယ်လို့ သူတို့ ထင်လို့လေ။

လူပျိုကြီး အပျိုကြီးတွေ မြင်ရင် စချင် နောက်ချင်စိတ်ကလည်း ဖုံးလို့ဖိလို့ ကိုမနိုင်တဲ့အရွယ်။ သူတို့ က လူပျို၊ အပျိုကြီးတွေကို ညံ့တယ် လို့လဲ တစ်ထစ်ချ မှတ်ယူတတ်သေးတယ်။ …..ကွယ်ရာမှ..ခိုးခိုးခစ်ခစ်..။ အသင်းတုတ်ခံရတဲ့ ဓါးစာခံ။ သူတို့ အဲဒီအပျိုကြီး လူပျိုကြီး..တွေ မဖြစ်မချင်းတော့ ကိုယ်ချင်းဘယ်စာနာတတ်ပါ့မလဲ။

စာမျက်နှာ ၁၄ မှာ…။ ဖတ်လက်စ..စာအုပ်တစ်အုပ်ရှိခဲ့ဖူးကြတယ်။

စာမျက်နှာ ၁၄ မှာ…။ တိတ်တခိုး ပြုံးခဲ့ကြဖူးတယ်။

စာမျက်နှာ ၁၄ မှာ…။ ခေတ်ပေါ် တေးသီချင်းတွေ ကို ခံစားရင်း..တစ်စုံတစ်ဦးအကြောင်း..   စဉ်းစားခဲ့ဖူးကြတယ်။

စာမျက်နှာ ၁၄ မှာ…။ ကြယ်ကြွေတွေ နောက်လိုက်ကြည့်ရင်း..နောင်မပြည့်မယ့် ဆုကို တောင်း ဖူးကြတယ်။

စာမျက်နှာ ၁၄ မှာ…။ ဇာတ်လမ်းတစ်ခု ရဲ့ ဇာတ်ရှိန် တော်တော် တက်တယ်။

စာမျက်နှာ ၁၄ မှာ…။ အခုအသက်အရွယ်ရောက်ရင်အခုလို ဖြစ်နေလိမ့်မယ်လို့ မတွေးခဲ့ကြ ဖူးဘူး..။

စာမျက်နှာ ၁၄ မှာ…။ စိတ်ထဲ ကတော့ ဆန့်ကျင်ဖက်လိင် နဲ့ ချစ်တင်းနှောနေကြပြီ။…..။

သုရှင် ( ၁၄-၀၈-၁၂ ) အင်္ဂ ါ

3 comments

  • မောင်ပေ

    August 14, 2012 at 9:09 pm

    စာမျက်နှာ၁၄အတွက် ကလောင်တံဟာ ထက်မြက်ပြီး ဖြူစင်သန် ့ရှင်းမှဖြစ်မယ်
    ဒါဟာ ပိုးတုံးလုံးကောင်ရဲ ့တောင်ပံတွေ ရှင်သန် ပျံသန်းဖို ့ခတ်တော့မယ်အချိန်လိုပေါ့

  • Shwe Ei

    August 15, 2012 at 5:02 pm

    ဆယ်ကျော်သက်တွေ အတုယူလောက်တဲ့ အပြုအမူ အရည်အချင်းမျိုးပိုင်ဆိုင်တဲ့ ဆယ်ကျော်သက်တွေရဲ့ ဘဝတွေကို အမြင့်ရောက်အောင်တွန်းပို့ပေးနိုင်တဲ့ ဆယ်ကျော်သက်တွေရဲ့ နုနယ်တဲ့ဘဝတွေ လုံခြုံမှုအပြည့်နဲ့ ရှင်သန်ဖွံ့ဖြိုးလာဖို့ အထောက်အကူပြုနိုင်တဲ့ ခေါင်းဆောင်ကောင်းနဲ့ စနစ်ကောင်းများ ကျနော်တို့ ဗမာပြည်မှာ တိုးတက်ထွန်းကားပါစေဗျာ။

Leave a Reply