Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Aung San Suu Kyi at a glance

WowOctober 8, 20151min111622

ကဲ တရားနာပိတ်သတ် မတွေ့ရတာလဲကြာဘီ…

အဝှာအုပဒေအောင်ပွဲခြိမ့်ခြိမ့်သဲပီး သကာလ ကျောက်ဖြုံသီးစကပ်နဲ့ အုပ်… မိုးကြိုးလွှဲပါ တရားနာ ပိတ်သတ်ရဲ့…. :mrgreen:

အားလုံးဝိုင်းမဆဲခင်… လိုရင်းလေး ပြောရရင်….

တမြန်နေ့က ဂျီးဒေါ်တို့ရုံးကို ချင်ကျားပူနှစ်ယောက် ရောက်လာပြီး marketing ဆင်းသပေါ့ကွယ်…

(အဲ့လို လူကြုံရှိမှန်းသိ ဂျီးဒေါ်ချွိဆီက 6+ လေး အလှူခံခိုင်းလိုက်ပါတယ်)

:mrgreen:

လူမိုက်ခင်ဇော်သာ နာမည်ကြီးနေတာ အလှူအတန်းအင်မတန်ရက်ရောပြီး ရုပ်ချော သဘောကောင်းလေးဘာာာာာာာာ ရှိတာ အကုန်ချွတ်လှူ… အဲလေ… အကုန်တော့မချွတ်ဝူးပေါ့…..

ကလေးတွေ ပြန်ဂျပြန်ဂျ.. တန်းစီကြည့်မနေနဲ့ :mrgreen:

.

.

ပိတ်သတ်ကြီး…. အဝှာလေးဆက်ရရင် အဲလေ.. လိုရင်းလေးဆက်ရရင်….

ဘစ်ဇနက်အကြောင်း ဆွေးနွေးကြရင်း နိုင်ငံရေးပါလာသပေါ့ကွယ်….

ချင်ကျားနှစ်ယောက်က ရွေးကောက်ပွဲပြီးမှပဲ စီးပွားရေးတွေ ရင်းနှီးမြုတ်နှံမှုတွေ ပိုမိုပွင့်လမ်းလာမယ်ထင်ကြောင်း ပြောရင်းနဲ့ နိတို့ တိုင်းပြည်မှာဘယ်လို နာတို့တိုင်းပြည်မှာဘယ်လို အကြီးအကျယ်ပြိုင်ဂျရင်း သူတို့ပြောသွားတာက…

စင်္ကပူမှာကတော့ လီကွမ်ယုက ဖောင်ဒေးရှင်းကောင်းကောင်းချပြီးဖြစ်လို့ ဘယ်အစိုးရ/ဘယ်သူတက်တက် အများကြီးပြောင်းလဲ မသွားဘူး၊ အခြေခိုင်သွားပြီပြောပါတယ်….

လီကွမ်ယုက ပညာရေးကို အဓိက အခြေခံကောင်းကောင်းတည်ဆောက်ပေးခဲ့တယ်၊ နိုင်ငံရဲ့ လူလတ်တန်းစား တိုးတက်မှ နိုင်ငံတိုးတက်တာ၊ ပညာတတ်များလာတော့ ပညာတတ်တွေက အဖြောင့်အတိုင်းကောင်းကောင်းတွေးတယ်…

တွေးခေါ်ပုံတွေ အဆင့်တူတော့ တိုင်းပြည်အုပ်ချုပ်ရတာ လွယ်တယ်၊ တိုင်းပြည်တိုးတက်တယ်ပေါ့…. စသဖြင့် ဆွေးနွေးသွားပါတယ်…

ဆိုတော့..

ဒေါ်စုကလည်း ဒီလမ်းအတိုင်းသွားနေတာပါလားဆိုတဲ့ အတွေးလေးဝင်လာတယ်…

ဘယ်သူက ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလား… ပြောပြော သူမကတော့ သူမလမ်းကြောင်းအတိုင်း မှန်မှန်သွားနေတာပါပဲ..

အမေ့အိမ်ပညာရေးသင်တန်းကျောင်းတွေ၊ စာကြည့်တိုက်တွေနဲ့ NLD လူငယ်တွေနဲ့ ပြည်သူတွေကို စနစ်တကျ အခြေခံကစ သင်တန်းပေးနေပါတယ်…

အောက်စဖို့ဆင်း သူမကိုယ်တိုင် အရည်အချင်းအပြင်… ချင်ကျားပူကို လေယဉ်စီးလုံးနဲ့ ဖိတ်ခေါ်ပြီး လီကွမ်ယုကြီးက ဂိုဒ်လိုင်းတွေ အကြံမပေးခဲ့ဘူးလို့ မပြောနိုင်ပါဘူး….

သူမရဲ့ NLD ကိုယ်စားလှယ်တွေကလည်း မှတ်ကျောက်အတင်ခံဝံ့တဲ့သူတွေချည်း ရွေးထားတာပါ။

ဒီလူတွေအားလုံး မြန်မာနိုင်ငံရေးထဲ ဝင်လာရင် မြန်မာ့နိုင်ငံရေး အနည်းနဲ့အများ အခြေအနေကောင်းလာမှာပါ….

ဒါပေသိ ပြသနာက အစိတ်သားနဲ့ အဝါရောင်အုပ်စု…..

(အီနေရာမှစပြီး မန်းဂွဇက် ဒဂျီး မဖတ်ရ) :mrgreen:

.

.

.

ကျနော်က အစိတ်သားတောင် အဲ့လောက်ပြသနာမထင်ဝူး… ချင်ကျားပူမှာလို စစ်မှုမထမ်းမနေရ အုပဒေပြဒါန်းလိုက်ရင် ကြာရင် တသွေးတသားထဲ ဖြစ်သွားမှာပဲ….

အဲ့မှာ စတွေ့တာ တရားနာပိတ်သတ်….. :mrgreen:

၁၈နှစ်ပြည့် ဘုန်းကြီး မဖြစ်မနေဝတ်ရမယ် အုပဒေလဲ ပြဌာန်းလို့မရ….

စားအူးစားဖျားစားပြီး… ထင်ရာလုပ်နေတဲ့ အုပ်စု…… ဆိုတော့ ကျနော့်သဘောသာဆို သာသနာတော် သန့်ရှင်းရေးလုပ်ဖို့ လိုပြီ….

စီးမျဉ်းအုပဒေတွေထုတ် ဖောက်ဖျက်ရင် ဒဏ်ချ၊ ရာထူးချ…

ဟီးးးး ကိုယ်တော်တို့တောင် ဒဂါမဒွေအုစောင့်… အဲလေ မျိုးစောင့်ဂျသေးးးတာ ….

ဒဂါ/ဒဂါမဒွေလဲ ကိုယ်တော်တို့ပြန် အုပဒေ ထုတ်ပျဇေ….. :mrgreen:

ကိုယ်တော်တွေ ဘောမရှိရ…. အဲလေ.. ဘောပွဲမကျိရ၊ (၂)လုံး (၃)လုံး မလုပ်ရ၊ အတိတ်စိမ်းမပေးရ…. :mrgreen:

.

.

.

ဒါလေးက ကျွိကျွိ ဆီက “မ” လာတာ

.

Credit ဘိန်းစားဘွန်ဟောင်း

ဒီပုံပြင်ကို ၁၈+ ထဲထည့်ထားပါတယ်။

ကိုယ်ပိုင်ဦးဏှောက်နဲ့ဆုံးဖြတ်နိုင်ဖို့အတွက်ပေါ့။

နောက်တစ်ခုသေသေချာချာအသိပေးချင်တာက ဒီပုံပြင်ဟာ မဘသ မပေါ်ခင်ကထည်းကရှိခဲ့တဲ့ပုံပြင်ဖြစ်ပြီး ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူးလို့။

ကဲ….. စပြီ။
တစ်ခါကရွာတစ်ရွာမှာမြန်မာပြည်ပေါက်တရုတ်ကြီးလင်မယားဟာ သားသမီးမထွန်းကားရှာတော့ သားသမီးမွေးစားဖို့ကြံစည်သတဲ့။

အလွန်ချေးများတဲ့တရုတ်ကြီးဟာ သားသမီးမွေးစားဖို့အခွင့်ကြုံလာတိုင်း…
“တီခလေးက မျိုးရိုးမီကောင်းဘူး။ သူ့အီဖေက အသားမည်းတဲ့မျိုးရိုး၊

သူ့အီမေက အကျင့်မီကောင်းဘူး။ သူ့အမေက ရီးစားများလယ် မီကြိုက်ဖူး၊ သူ့အီဖေကခိုးတဲ့အကျင့်စိလယ်..”
ဆိုပြီး အပြစ်ရှာပြီးချေးများနေတော့ မွေးစားခလေးတောင် မရနိုင်ဘူးဖြစ်နေသတဲ့။

ဒီလိုရှိနေစဉ် တစ် ရက်မတော့ တရုတ်ကြီးဟာ ကောင်လေးတစ်ယောက်ကို မွေးစားလိုက်တယ်ဆိုတော့ ဒီရွာထဲမှာဒီသတင်းဟာ အဆန်းဖြစ်သွားပြီး စုံစမ်းဖို့အတွက်

တရုတ်ကြီးအိမ်ကို လူတွေတော်တော်များများတောင် ရောက်နေကြတယ်ဆိုပဲ။ ဒါနဲ့လူတစ်ယောက်ကမေးတယ်……
“တရုတ်ကြီး မွေးစားဖို့ခလေးကို ဘယ်လိုအရည်အချင်းကြည့်ပြီးရွေးလိုက်တာလဲ” လို့မေးလိုက်တော့ ကျေနပ်အားရနေတဲ့ တရုတ်ကြီးက…

“ဒီခလေးက တကယ့်ကို ဆူတော်ကောင်းခလေးပဲ… ဘယ်လောက်ထိ ဆူတော်ကောင်းလဲဆို သူ့အီဖေက ဘုန်းကြီး၊ သူ့အီမေက မယ်သီလရှင်” တဲ့……။

ဆိုတော့ တရားနာပိတ်သတ်…..

ဒန်ပေါက်ထုတ်လေးများ ယူပြီးပြန်လို့ရပါဘီ….

.

.

ဘယ်ရမလဲ တရားပွဲပြီးမှဝေတာ နို့မိုမပြီးခင်ပြန်ရင် မရှိတဲ့ အခွက်တွေရှဲကုန်မာာာာ

:mrgreen:

22 comments

  • ဇီဇီခင်ဇော်

    October 8, 2015 at 2:47 pm

    ဖျားသခင်
    မြတ်စွာဘုရားး
    အလာ ကယ်ပါ။

    နာ့ ကို ရိုက်ပေါက်ဆို လူသိရှင်ကြား ရှယ်တာ အစဉ်အလာ။
    :mrgreenn:
    သများက ပုံလေးပဲပြောပြတာပါ ပိတ်သတ်ကြီးး
    ဆဲချင်ရင် ပို့(စ) ပိုင်ရှင်ကို ဆဲဂျဘာ။
    :mrgreen:

    ဒီဘက်က လူကြုံ လွတ်သွားလို့ ဝမ်းမနည်းနဲ့ သလားး
    သူတို့ အပြန်နဲ့ ထည့်ပေးစရာရှိတာတွေ ထည့်ပေးလိုက်။
    :k:

    နာ့ ကို လှူချင်လို့လှူတယ်မြန်းမှတ်မနေဂျနဲ့။
    ထောင်မြင်လို့ ရာစွန့်တာ။
    ဒီယုန်မြင်လို့ ဒီခြုံထွင်တာ။
    ဟိဟိ။
    :mrgreenn:

    မေမေ အကွက်တွေက စိတ်ထားလှမှ မြင်နိုင်တာ၊။
    ဘာမှ လာမပြောဂျနဲ့၊.

    ၊မေမေနိုင်မှ ဖြစ်မှာပါ။
    ဒါဘဲ။

    မေမေမနိုင်ရင် ဖေဖေလီ ဆီမှာပဲနေတော့မှာ။

    :kwi:

    • Wow

      October 8, 2015 at 3:18 pm

      အဘနိုင်ရင် လိုင်စင်ရှိ တြားဝင်ဖိနပ်စီးရမာ…… လိမ်မာဘာာာာ သာမီးးးး :mrgreen:

      • ဇီဇီခင်ဇော်

        October 8, 2015 at 3:25 pm

        အတွင်းခံကိုပါ လိုင်စင်ယူဝတ်ရမဲ့ ပါမစ်ပေးမှာရားးးး

        :k:

  • ဇီဇီခင်ဇော်

    October 8, 2015 at 3:00 pm

    အမယ်မယ်
    နာပြောတဲ့ထဲ ဘာကို မကြိုက်လို့ နီ သွားတယ်မသိ။
    ထပ်ပြောအူးမှာ
    :kwi:

    ကာကွယ်ရေး အဖွဲ့အစည်း ယူနီဖောင်းတွေ မြင်ရင် ကြောက်ရ၊
    သာသနာ့ အဖွဲ့အစည်း ယူနီဖောင်းတွေ မြင်ရင် လန့်ရ တာ က ရော
    ကပ် ၃ ပါးထဲ ပါသလားး??
    ကိုယ် ဦးချကန်တော့ရတဲ့ အဖွဲ့အစည်းထဲပါ အာဏာရှင် လက်သစ်လေးတွေကို စိမ့်ဝင်အောင်ထည့်ထားရင်တော့
    ဘယ် သံဃာမှ ဦးမချရဲ မကန်တော့ရဲဖို့ပဲ ရှိတော့တယ်။
    ဘုရား ရဲ့ တရားတော်ကို ရင်မှာ မတည်နိုင်ပဲ ထင်ရာလုပ်နေတဲ့သူတွေတော့ သင်္ကန်းကြည့်ပြီး မကိုးကွယ်နိုင် မဦးချနိုင်ဘူး။
    ရတနာ ၃ ပါးထဲက ဘုရားကို အာရုံပြုပြီး တရားကိုစိတ်မှာထားပြီး
    ကွကိုယ် တောခို (အဲလေ) တောထွက်ရတော့မား မသိဘူးး
    ထွက်စရာ တောကလဲ ဥတေဇ ခုတ်လို့ ကုန်ဘီ။

    :a:

    • Wow

      October 8, 2015 at 3:17 pm

      နီနီခင်ဇော်… အဲလေ… ဇီဇီခင်ဇော်ကွ….
      ဘယ်ညှောင်မှ လူထင်ဝူးးးး :mrgreen:

  • ဇီဇီခင်ဇော်

    October 8, 2015 at 3:13 pm

    ခရက်ဒစ် – Soe Myint Thein

    ဒေါ်စုကို လေးစားတာကို သိပ်မှန်တယ် လို ့ ကိုယ့်ကို ကိုယ် အစွန်း မရောက်ချင်ဘူး ။
    ဘာ့ကြောင့် ဆိုတဲ့ အကြောင်းပြချက်တွေ တော့ ရှိနေတယ်။
    .
    ဗိုလ်ချုပ်သမီးဖြစ်လို ့ ။
    (ဒါက ဘောနပ်စ် သက်သက်လေးပါ)
    ဒါ့ကြောင့်ပဲ ကမ္ဘာက လေးစား ရရောလား ။ ကိုယ်ကလဲ ရောယောင် လေးစား ရတော့မလား ။ မဖြစ်နိုင်တာ ။
    အောင်ဆန်းဦး ဆိုတဲ့ ဗိုလ်ချုပ်ရဲ့ ရေမရော သားကြီးကို ကျတော့ ကိုယ်တွေတောင် ဘယ်ရောက်နေမှန်း မသိ ။
    .
    နောက်တစ်ချက် ။ ကိုယ့်နိုင်ငံသားတွေ အကြောင်းကို ကိုယ်တွေ အသိဆုံးပဲ ။
    တကယ် စေတနာထား အုပ်ချုပ်ခဲ့ကြရရင် ဘယ်လောက်မွဲမွဲ အသည်း မနာနိုင်တဲ့ လူမျိုးတွေဟာ မြန်မာ လူမျိုးတွေပဲ ။
    သူတို့အသိုင်းအဝိုင်း ကြွယ်ဝနေဖို ့အတွက်
    ကိုယ့်ပြည်သူတွေကို လူသားတွေလို ့ မမြင်နိုင်အောင် အာဏာ ငတ်ချီး ကျကြတဲ့ လူမျိုးတွေအောက်မှာ ပညာတုံး l ကျန်းမာရေး တုံး l စီးပွားရေး တုံး ။ နှစ်ပေါင်းများစွာ တုံးသုံးဝ နဲ့ ဘဝတွေ သေနေကြရတာတဲ့အထိ ဖြစ်ခဲ့ကြရတယ် ။
    ဒါကို တွန်းလှန်ဖို ့ အဓိက ဦးဆောင်သူဟာ ဗိုလ်ချုပ်သမီးကလွဲပြီး ဘယ်သူ ရှိသေးလို ့လဲ ။
    .
    နောက်တစ်ချက် ။
    ပြည်သူတွေအပေါ်ထားတဲ့ သူ ့ရဲ့ မေတ္တာတရား ။
    ပုထုဇဉ် လူသားတွေ ရဲ့ “မနိုင်၍ ခန္တီစ ရခြင်း” ဆိုတဲ့ ခေတ်ထဲမှာ ရန်သူကိုတောင် မေတ္တာ မပျက်ခဲ့ဘူး ဆိုတာ သူ့ မိန့်ခွန်းတွေမှာ ကြည့်ပါအုံး ။
    ဒါဟာ သူ ့ရဲ့ ကြီးမြတ်မှုတွေထဲက ခပ်ပါးပါး လေးပဲ ရှိသေးတယ် ။
    .
    နောက်တစ်ချက် ။
    ပညာဉာဏ် အမြော်အမြင် ကြီးတယ် ။
    သူပြောလိုက်တဲ့ မိန့်ခွန်းတိုင်းဟာ စဉ်းစားစရာတွေ တွေးခေါ်စရာတွေ ပါလာတတ်တယ် ။
    ဒါ့ကြောင့်ပဲ ကိုလံဘီယာတက္ကသိုလ်လို ဗြိတိန် စစ်တက္ကသိုလ် လို နေရာ မျိုးတွေ မှာ မိန့်ခွန်း ခြွေခွင့် ရခဲ့တာ ။
    .
    နောက်တစ်ချက် ။
    မှန်တာကို ရဲရဲဝံ့ဝံ့ ထောက်ပြ ပြောဆိုရဲသလောက် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ ဘယ်တော့မှ မလုပ်တတ်တဲ့ ခေါင်းဆောင်ကောင်း ဆန်တဲ့ သတ္တိတွေ ရှိတယ် ။
    တစ်ချို့ လူကြီး လူကောင်းအဖြစ် နဖူးမှာ တံဆိပ်တော်တွေ နှိပ်ပြီး ဟိုအတန်းက ဟိုဟာမတွေလို ပါးစပ် သရမ်းပြီး မဲဆွယ် တာမျိုးတွေ မြင်ရတော့ ဒေါ်စုကို ပိုပြီး လေးစားရတယ် ။
    .
    နောက်တစ်ချက် ။
    သူကိုးကွယ်တဲ့ ဘာသာတရားကို ကိုင်းရှိုင်းသလောက် ဘာသာခြားတွေကိုလဲ စာနာစိတ် lလေးစားစိတ် အပြည့် ရှိတယ် ။
    ဒါဟာ ကမ္ဘာက စံပြုထားရတဲ့ ကမ္ကာ့ပါလ တရား။
    (အဲဒီ စိတ်ထားကြောင့် မွတ်မယား ဆိုပြီး တိုက်ခိုက် ခံရတဲ့ အထိ ဖြစ်ခဲ့တယ် )
    လူနည်းစု တိုင်းရင်းသားတွေ အပေါ် လေးစားသမှု နဲ့ တန်းတူ အခွင့်အရေး ရဖို ့အတွက် အမြဲ အလေးထားတယ် ။
    ဆင်းရဲ ချမ်းသာ မရွေး ပကတိ ရိုးသားစိတ်နဲ့ တုန့်ပြန်တယ် ။
    (ဗိုလ်ချုပ်ရဲ့ ရိုးဂုဏ် တွေကိုတောင် ပြန်အမှတ် ရစေတယ် ။ )
    အရင်တုန်းက ကိုယ်တိုင် အားမလို အားမရ ဝေဖန်ခဲ့ဖူးတာတွေ ရှိခဲ့ဖူးပါတယ် ။
    နောက်ပိုင်း စဉ်းစားတတ်လာလေ l ကိုယ်ဟာ မှားလေ ဖြစ်ဖြစ်လာ ခဲ့တယ် ။
    သူ့ရဲ့ ဂုဏ်ပုဒ်တွေ ချရေး ရရင် ကုန်နိုင်ဖွယ် မရှိပါဘူး ။ ကိုယ့်စိတ်ကို ရိုးရိုးသားသား ဆန်းစစ် ကြည့်ပါ ။ မညှာမတာ ဆင်ခြင် ကြည့်ပါ ။ ဒေါ်စုကို မလေးစား လာဘူး ဆိုရင်တောင် သူ ့ကို ရှုံ့ချ မှု မလုပ်ဖြစ်တော့မှာ သေချာတယ် ။ (ခင်ဗျားကိုယ် ခင်ဗျား လူသား ဆန်တယ် ဆိုရင်ပေါ့ )

    ~~~~~~~~~~~~~~

    ဝမ်းသာလို့ လာပို့ထားတာ ဝါးး

    သူက အရင်က မျိုးချစ်စိတ်ရှိတဲ့သူမို့ ရခိုင်ကိစ္စ အပြီးမှာ ဒေါ်စု ကို အမြဲဝေဖန်နေခဲ့တာ။
    နည်းနည်းမှ အမှားမခံဘူးး။
    သန်းမကြီးကို အရမ်းအကောင်းမြင်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ပါ။

    တွေးတတ်တဲ့သူဆိုတော့လည်း နောက်ပိုင်း ပြန်ပြီး စဉ်းစားမှန်း သူ့စတေးတပ်တွေကမြင်နိုင်တယ်။
    ဒီနေ့ ဒါလေး တင်ထားလို့ ဝမ်းသာပြီး လာပြတာ။

    🙂

    • Wow

      October 9, 2015 at 8:58 am

      တော်ရုံတွေးတတ်တဲ့သူဆိုရင်တောင် ရေရှည်မြင်သာပါတယ်အေ… ဖင်ပိတ်ညင်းသူတွေသာ :mrgreen:

  • ကျောက်စိမ်း တိန်ညင်

    October 8, 2015 at 5:13 pm

    🙂 🙂 🙂
    လာသာ ကြည်​့တာ ဘာမှ မမြင်​ရဘူး​ဟေ့
    ​ဖောင်​့​တွေ ၆တလွဲဖြစ်​​နေလို့

  • Ma Ma

    October 8, 2015 at 9:05 pm

    (“ဒီခလေးက တကယ့်ကို ဆူတော်ကောင်းခလေးပဲ..)
    အရွေးမှန်လိုက်လေခြင်းးးးးးးး
    :k: :k: :k:

  • မြစပဲရိုး

    October 8, 2015 at 11:59 pm

    အရီး တော့ အခု ရက် ဒေါ်အောင်ဆန်းစုကြည် ရဲ့ မျက်နှာ ပရိုဖိုင်း လုပ်ပြီး FB ထဲ က
    အန်တီ DASSK အသိုင်းအဝိုင်း ထဲ မှာ ကြော်ငြာ ဝင်နေပြီ။ lol:-)))
    မကြိုက်လို့ Unfriend လုပ်သွားလဲ စကားပြောရ သက်သာ တယ် တွေး မိနေတယ်။
    မဟုတ်ရင် သူတို့ ကြွားသမျှ တွေ ကို လိုက် လုပ် အားပေးနေရတာ လက်ညောင်းပြီ။
    အခုထိတော့ အဆက်အသွယ် မဖြတ်ကြသေးဝူး။ 😉

  • kai

    October 9, 2015 at 2:47 am

    ကျုပ်ကတော့…ပြီးခဲ့တဲ့လ.. အယ်ဒီချာ့အာဘော်ထဲ… ဦးသန့်စကား…” မြန်မာတို့ ဘာသာရေးလိုက်စားခြင်းကို… လျှော့သင့်သည်”ရေးလိုက်တာ… အဆဲခံနေရတယ်…။
    ဆိုတော့…
    တည့်တည့်ပဲ…ပြန်ရေးကြည့်မယ်..။

    “ဘာသာရေးသည်.. ဘိန်း…။”
    ငါရေးတာမဟုတ်… သူ….သူ…။ :k:

    “Religion is the opium of the people”
    “Die Religion … ist das Opium des Volkes” – Karl Marx (1843)

    • မြစပဲရိုး

      October 9, 2015 at 3:32 am

      ဗုဒ္ဓ ပြောတာတွေ က ဘာသာရေး မဟုတ်ဘူး ဆို။
      သူ ဘဲ ပြောပြီး။ lol:-))))

      • kai

        October 9, 2015 at 4:27 am

        အမှန်က… ဗုဒ္ဓဘာသာသာသနာဟာ.. ကိုးကွယ်ရာမဟုတ်..
        ကိုးကွယ်ရမယ့်သူမပါ..။
        ဆုတောင်းတာမပါ…။
        ဖန်ဆင်းရှင်မရှိ..။ ဖန်တီးတာမရှိ…။
        ဗုဒ္ဓပြောတာတွေက.. တရားဓမ္မ….။
        တရားထိုင်တာမပါ…။ ပုတီးစိတ်တာမပါ…။
        လူတွေလက်တွေ့ကျင့်ကျံလုပ်ဆောင်ရမှာတွေ…။

        ဘာသာ(သာသနာ)ရေး.. Religion လို့.. ခေါင်းစဉ်မတတ်ရင်ပိုကောင်း….။

        စကားအတင်းစပ်..
        ဘာသာရေး… သာသနာရေး.. ဘာသာစကား.. ဟာ..
        မြန်မာစကားထဲ.. အသဲ(အသည်း)နဲ့.. နှလုံးလို.. တော်တော်ပတ်ရှုပ်နေ.. :k:

  • Alinsett @ Maung Thura

    October 9, 2015 at 7:13 am

    ဓါးမကူးဆရာတော် ဆိုလားးး
    အဲ့ဘုန်းကြီးအကြောင်း ဖတ်ခဲ့ရတာကို သတိရသွားတယ်
    ဒကာမတစ်ယောက်နဲ့ ညဘက် ကျောင်းထဲ နှစ်ယောက်ထဲ အတူနေရချိန်မှာ
    ဓါးမကြီးနဲ့ သူ့ကိုယ်သူ ဒဏ်ရာရအောင်လုပ်ပြီး
    အနာကို တရားမှတ်နေတယ်ဆိုတာလေ

    ဘုန်းကြီးတိုင်း မယ်သီလတိုင်းကတော့ ကိုယ့်ကိုယ်ကို ကိုယ် ဓါးမနဲ့ ဘယ် ခုတ်ချင်မလဲနော့
    သူတို့လည်း အဟွှာကြီးတွေနဲ့ကိုးးး
    (အဟွှာ = သွေးနဲ့ကိုယ် သားနဲ့ကိုယ်)

    ဝါဝါဝင်း မြင်တိုင်း ရွှေအစစ်လို့ ထင်ရင် မှားတဲ့ခေတ် တောင် ရောက်နေပါပေါ့လား

  • ဇီဇီခင်ဇော်

    October 9, 2015 at 10:37 am

    Credit to Andrew Aung
    ~~~~~~~~~~~~~

    တကယ်တမ်းတော့ ဒေါ်စုက နိုင်ငံရေး လုပ်ကို မလုပ်သင့်တာ။
    အထူးသဖြင့် ဒီနိုင်ငံမှာပေါ့။

    နိုင်ငံရေးသမားဆိုတာ ကိုယ့်ပြိုင်ဘက်ရဲ့ အားနည်းချက်ကို ရှာရမယ်။
    အဲ့ဒီ အားနည်းချက်ကို ဖိနင်းပြီး သူ့လူတွေကို ကိုယ့်ဘက်ပါလာအောင် စည်းရုံးသိမ်းသွင်းရမယ်။ မ
    ျက်ရည်ခံ ထိုးစရာရှိရင် ထိုးရမယ်။ ကိုယ့် မရှိတဲ့ ဂုဏ်ကိုတောင် ထင်ရှားလာအောင် ကြံဖန်ပြီး ဖော်ရမယ်။ ဒါဟာ သာမာန်သမာသမတ်ကျပါတယ်ဆိုတဲ့ နိုင်ငံရေးသမားတွေ လုပ်လေ့လုပ်ထရှိတဲ့ နည်းပရိယာယ်တွေပါ။

    ဒေါ်စု လုပ်နေတာတွေက အဲ့ဒါတွေနဲ့ ဆန့်ကျင်ဘက်တွေချည်းပဲ။
    သူ့ အကျယ်ချုပ် ချုပ်ခံနေရတုန်းမှာ အစိုးရရဲ့ နှိပ်စက်မှုတွေကို အနည်းအကျဉ်းလောက် ပြောလိုက်ရင်ကို တစ်သက်လုံး သောက်သုံးမကျ လုပ်လာတာမို့ အမေရိကန်က တရားစွဲမယ်ဆိုတာနဲ့တင် “ညည်းဟာ ကျုပ်တို့ဟာပါ” တစာစာအော်ပြတတ်တဲ့ ကိုယ့်မြန်မာတွေက နေရင်းထိုင်ရင်း ကရုဏာသက်ကြဦးမှာပဲ။
    (လုပ်ဇာတ်ဖြစ်နေတာတော့ မပြောတော့ဘူး)။
    ဒါပေမဲ့ ခုချိန်ထိ ဒါမျိုး ဒေါ်စု တစ်ခါမှ ပြောပြပြီး မဲဆွဲတာ မတွေ့ဖူးဘူး။

    ခု သူ့ပါတီကို မွတ်ပါတီလို့ စွပ်စွဲနေတာတွေကိုလည်း “ဘယ်သူက လယ်တီသိမ် ဖြိုတာလဲ။ ဘယ်ပါတီက ဘုန်းကြီးတွေကို မီးဗုံး ကပ်တာလဲ” လို့ တစ်ခွန်းမှ ပြန်မပြောဘူး။
    ပြိုင်ဘက်ရဲ့ ချို့ယွင်းချက်တွေကို နင်းပြီး မဲဆွယ်ဖို့ နေနေသာသာ ကိုယ့်ပါတီကို မဟုတ်မတရား အပုပ်ချတာတောင် ပြန်ပြီး ဖြေရှင်း မနေဘူး။
    (တခါတခါ အမေရိကန်ကလို သမ္မတလောင်းတွေ စကားစစ်ထိုးပွဲတွေ လုပ်စေချင်တယ်)။
    လက်ရှိအစိုးရကို နင်းဖို့အတွက်ဆို ပြစ်ချက်တွေဆိုတာ နည်းတာမှ မဟုတ်တာ။

    ရန်ကုန်ဆေးရုံကြီး တိုးတတ်လာတာတွေ။ လူငယ်တွေကို သင်တန်းတွေ ပေးပြီး အလုပ်အကိုင် ရစေတာတွေ။ ဒါတွေ တစ်ခုမှ မပြောဘူး။ ဒီအချိန်မှာ တဖက်ကတော့ ရွေးကောက်ပွဲပြီးမှ နောက်လမ်းတစ်ခြမ်း ခင်းပေးမယ်တို့။ အစိုးရအလုပ် အစိုးရ မလုပ်ပဲ ဒေါ်စုကိုတောင် ဘယ်လမ်းခင်းဖူးလဲ။ ဘယ်တံတား ဆောက်ဖူးလဲက အရှက်မရှိ လုပ်သေးတာ။ ဒါတွေက သူတို့ ပါတီ မလုပ်မဖြစ် လုပ်ရမှာတွေလေ။ သူတို့ အလုပ် သူတို့ မလုပ်ပဲ “ဟေ့ကောင် မင်းဘာလို့ ငါ့အလုပ်ကို ပြီးအောင် မလုပ်တာလဲ” လို့ အရှက်မရှိ သူခိုးက လူကိုဟစ်နေသလိုပဲ။

    နောက်ဆုံး ပြောရရင် လက်ရှိ အာဏာရအစိုးရရဲ့ နိုင်ငံရေးသမားတွေဆိုတာ သူများနိုင်ငံက နိုင်ငံရေးသမားတွေထက် ပိုရွံစရာကောင်းပါတယ်။ သူများတွေက တဖက်သားရဲ့ အမှား (အားနည်းချက်) ကို နင်းတာ။ သူတို့က မရှိတဲ့ ချို့ယွင်းချက်ကို သူတို့ဟာသူတို့ ဖန်တီးပြီး သိက္ခာမရှိ ကျင့်ဝတ်မရှိ “နှစ်ခါလာ နှစ်ခါနမ်း” ဆိုတာတွေနဲ့ အော်ဂလီဆန်စရာကောင်းအောင်ကို ယိုသူမရှက် မြင်သူရှက် ဖြစ်လာသည်အထိ အောက်တန်းကျကျ ခြေထိုးဖို့ ကြိုးစားနေတာလေ။

    ဒီ ဇကောလောက်မှ ဇောက်မနက်တဲ့ အစိုးရကို တွန်းလှန်နေရုံတင် မကသေးပါဘူး။ အသိဉာဏ်တစ်စက်မှ မရှိ
    (ရိုင်းရိုင်းပြောရရင် အ-ှ ွးနဲ့ညှိပြီး အသေလေး မွေးလာရမှာလို့ ပြောချင်စရာကောင်းလောက်အောင် အလိုက်ကန်းဆိုးမသိတဲ့ ပြည်သူတချို့ကိုကလည်း ဆွဲတင်နေရသေးတယ်။
    “ဖုန်းကဒ်ကို ၁၅၀ဝ နဲ့ရအောင် လုပ်ခဲ့တာ သူ”
    “ခုလို ဖေ့ဘွတ်ပေါ်မှာ ဆဲလို့ရအောင် လုပ်ခဲ့တာသူ”
    “ဧရာဝတီကြီး ဆက်စီးနေအောင် လုပ်ခဲ့တာ သူ” ဆိုပဲ။
    စကတည်းက ဖုန်းဈေးတွေ ကြီးနေတာလည်း သူ သောက်သုံးမကျလို့။ ဖေ့ဘွတ်တို့ စာပေလွတ်လပ်ခွင့်ဆိုတာဆို သူပေးမှ ရရမှာ မဟုတ်ဘူး။ စ
    ကတည်းက ပေးထားရမယ့် အရာတွေ။ ဧရာဝတီကို ရောင်းစားထားတာကလည်း သူနဲ့ အပေါင်းအပါတွေပဲ” ဆိုတာကျ ဆက်ပြီး တွေးတတ်ဖို့ ဦးဏှောက်က ပါမလာဘူး။
    မုဒိန်းကျင့်ခံနေပေမယ့် နောက်အပေါက်တော့ ရန်မရှာပါဘူး။ ကျေးဇူးကြီးလိုက်တာလို့ ရှာကြံ ချီးမွှန်းနေသလိုပဲ။ (နားနဲ့မနာ ဖဝါးနဲ့ နာပါ)။

    “အရင်အစိုးရတုန်းက ဒါတွေ ရခဲ့လို့လား။ ခုမှ ရတာ မဟုတ်လား” ဆိုတော့
    “ဟေး မင်းတို့ကောင်တွေ အရင်က ဒီလမ်းကို သွားတောင် သွားလို့ မရဘူး။ ငါတို့က ခု မင်းတို့ကို သွားခွင့်ပြုတယ်။ သွားကြ ခြေကျင်” ဆိုသလိုပဲ။
    ဟုတ်ကဲ့။ ခု အဲ့ဒီ ခရီးကိုပဲ အိသီယိုပီးယားက လျှပ်စစ်ရထားနဲ့ သွားနေပြီလေ။ ဒါကို ခြေကျင်သွားခိုင်းလို့ ထိုင်ကန်တော့ခံချင်သေးတာလား။
    လဒူပိန်းတိန်းလေးတွေက ပြောပြန်တယ်။ “ကိုယ်လုပ်မှ ကိုယ်စားရတာ” တဲ့။ ကိုယ်လုပ်မှ ကိုယ်စားရမှာပေါ့။ ဘာမှ မလုပ်ပဲ စားချင်ရင်တော့ သူတောင်းစားသာ လုပ်တော့။ ဒါပေမဲ့ ကိုယ်တွေလည်း တရက် (၈) နာရီ လုပ်တယ်။ သူများတွေလည်း တရက် (၈) နာရီ လုပ်တယ်။ လုပ်ရတာချင်းတူတူ သူတို့တွေက ချောင်ချောင်လည်လည်။ ကိုယ်တွေကျတော့ ငတ်မသေရုံ စားရတယ်။ ဒါ ဘာ့ကြောင့်လဲဆိုတာတော့ မြင်အောင် မကြည့်တတ်ဘူး။

    ဒီကြားထဲ ဘောပြေးပြေး “မ” ပြီး အဘွားအရွယ် အမျိုးသမီးကိုက အားရင်အားသလို ဝင်ဝင် အပုပ်ချရသေးတာ။
    အသက် (၇၀) ကျော် အဘွားအိုက အရှက်မရှိတဲ့ အစိုးရကို တွန်းလှန်ရတာတဖက် နလပိန်းတုံးလေးတွေကို ပညာပေးရတာ တဖက် သူမို့လည်း ခုထိ စေတနာပါပါ လုပ်နေနိုင်တယ်။
    ချီးတွင်းထဲကျနေလို့ ဟိုက လက်လှမ်းပေးတာကို “ဟင့်အင်း မတတ်ချင်ဘူး။ အပြင်မှာ နေပူတယ်” လုပ်နေကြတယ်။

    ပြောရရင် တဖက်က အောက်လုံးတွ သုံးပြီး တိုက်ခိုက်နေတဲ့အချိန်မှာ ကိုယ့်ဘက်က သာမာန်သမာသမတ်ကျပါတယ်ဆိုတဲ့ နိုင်ငံရေးသမားလောက်တောင် တဖက်သားကို မတိုက်ခိုက်ချင်တဲ့၊ ကိုယ့်ဂုဏ်ကို မဖော်လိုတဲ့ ဒေါ်စု နိုင်ငံရေးလုပ်ကို မလုပ်သင့်တာ။
    သူ့လည်း ဒီလူတွေကို ချစ်နေတာကိုက သူ့ ဝဋ်ဖြစ်နေတော့တာပဲ။

    • kai

      October 9, 2015 at 3:24 pm

      ပြောလို့သာပြောတာ… ဒေါ်စုလွန်ကာလတွေ… နှစ်တွေမှာ.. မြန်မာနိုင်ငံရေးသမား.. ၂ဖက်လုံးကသူတွေ.. ကမ္ဘာတန်းအဆင့်တော်တော်များများ.. ရောက်သွားလောက်တယ်..။

      ဒီချုပ်ကသူတွေကျ… ပညာယူကြနဲ့ပေါ့..။
      အတိုက်အခံ( ပြည်ခိုင်ဖြိုး..။ တသီပုဂ္ဂလ..။ မဘသ..။ ဘာညာတွေ)ကျ… ဒေါ်စုကိုဖြုတ်ချဖို့.. ညှစ်ထုတ်ကြရတာပေါ့…။

      သမိုင်းကျန်ရစ်ပါပြီ…။
      အနည်းဆုံးတော့.. မြန်မာပြည်….အရင်လို..အိညှောင်အိညှောင်ဘဝကနေ.. တဆင့်..၂ဆင့်..၃ဆင့်မြင့်.. တက်သွားလောက်ပါတယ်..။

      • Wow

        October 9, 2015 at 4:42 pm

        တပြီလုံး ဘုန်းကြီး၊ မယ်သီလ မဝတ်မနေရဆိုရင် ….. ၄ ဆင့် ၅ ဆင့်လောက် မြင့်သွားမာ :mrgreen:

      • Wow

        October 9, 2015 at 4:51 pm

        တကယ်လို့များပေါ့လေ….
        မဘသတွေ အရမ်းအင်အားကြီးလာပြီး မျိးစောင့်ဥပဒေ၊ မျိုးသန့်ဥပဒေ၊ မျိုးဥပဒေ တွေပါ ပြဌာန်းပြီး…
        မျိုးစောင့်ရုံတင်မက.. မျိုးပါသန့်သွားအောင်ဆိုပီး…. ပုဂံခေတ်ကလို ပန်းဦးဆက်ရမဲ့ ဥပဒေ တွေဘာတွေ ပြဌာန်းလာရင်…
        မဘသ ထောက်ခံသူများ
        မဘသ ဆွမ်းမလောင်းဘူး ဆိုလို့ ဆတ်ဆတ်ခါသူများ….
        ကိုယ့်မွေးမ ကွကိုယ် ကိုယ်တော်တွေဆီ ပို့ဂျနော်…..

        စတာဘာ… စတာဘာာာာာာ :mrgreen:

  • Shwe Ei

    October 13, 2015 at 2:33 pm

    -အခုတစ်လော သင်ကန်းခြုံထားပြီး…မိန်းခလေး ငယ်ငယ်တွေတွေ့ရင်
    -ညီမလေး ခေါ်ပြီး အတင်း အလှူခံတဲ့ ကိုယ်တော်တွေ မတွေ့ပြန်ဘူး…
    -မ.ဘ.သ ထဲရောက်သွား ပလားမပျောတတ် 😛

    • Wow

      October 14, 2015 at 8:47 am

      တာဝန်အရဘုန်းကြီးဝတ်တယ် ဆိုတဲ့သူတွေဖစ်မယ် 🙁

  • ဦးကြောင်ကြီး

    October 18, 2015 at 5:47 am

    .ငိုးဝေါင်း
    .ဆိုးကြောင်း
    .ထိုးရောင်း
    .ဇိုးလောင်း။

Leave a Reply