မနို-ဘယ်လိုပြောရမလဲ
မနေ့က ညနေရုံးကနေ အိမ်ပြန်ရောက်တော့ မေမေရဲ့ ကျန်းမားရေးအခြေအနေက
အေးအေးဆေးဆေး ပါပဲ မနိုနဲ့ ဂျူနီယာနိုဗီ ထမင်းစား ပြီးတော့တီဗီကြည့်နေတဲ့ အချိန်မှာတောင်
မေမေကစကားပြော ရင်လုပ်စရာရှိတာ လုပ်နေသေးတယ်
8နာရီထိုးတော့ မေမေက အိပ်ယာထဲဝင်တယ် တယ်
ဂျူနီယာနိုဗီက စာကျတ် မနိုကတော့ မနက်စာအတွက် ညထဲကပြင်ဆင်ချက်ပြုတ်
ပြီးတော့ ဂျုံစေ့ကျိုစားချင်တာနဲ့ ဂျုံစေတွေပြုတ်ပြီးတော့မှ နွားနို့နဲ့ပြန်ကျို
ကျတ်သွားတော့ မနက် မေမေဆွမ်းတော်ကပ်ဖို့ ဦးဖယ်
ကိုယ်စားဖို့ ပုဂံလေးထဲထဲ့ပြီး ဂျိမ်းစဘွန်းကားလေကြည့် ဂျုံကျိုလေးစားပြီးဇိမ်ယူနေတာပေါ့
ဂျူနီယာနိုဗီကလည်း စာကျတ်ပြီးသွားတော့ တီဗွီကြည့်ရင် ဆော့နေတာပေါ့
အချိန်က ည 10း30 ကျော်နေပြီ
မေမေတောင် တရေးနိုးလာပြီ အပေါ့ထသွားရင်နဲ့ သူခေါင်းမူနေတယ်လို့ပြောပြီး
လေတွေလဲအန်တယ် ဒါနဲ့ B6 ဒိုင်ဂျင်ကို ့ကွေကာအုပ်လေနဲ့ တိုက်လိုက်တယ်
ပြီးတော့ စိတ်ရှင်းသွားအောင် သွေးတိုင်းပေးလိုက်အုံးမယ် ဆိုပြီ တိုင်းလိုက်တော့
မနိုငယ်ထိပ်ကို မြွေပေါက်တော့တာပဲ မေမေရဲ့သွေးပေါင်ချိန်က 200/120လောက် ပြနေတယ်
အရမ်းလန့်ပြီး ချွေးတွေတောင် ပြန်လာတယ် ဒီလိုနေအထားဆို လေဖြတ်တက်တယ်လေ
ဒါနဲ့ စိတ်ကို ငြိမ်အောင်ထားပြီးတော့ အောက်ထပ်အသိတွေဆီမှာ သွေးကျဆေးရှိလားလို့
ဖုန်နဲ့ လှမ်းမေးတော့ ရှိတယ်ဆိုတော့ သွားဆင်ယူ ညပိုင်းအိမ်ပင့်လို့ရတဲ့ ဆရာဝန်ရှိလားလို့ မေးတော့
သူတို့တွေကလည်း မနိုတို့လိုပဲ စမ်းချောင်းဘက် ပြောင်းပြီးနေတာ မကြာသေးတော့ မသိဘူးဖြစ်နေတယ်
ဒါနဲ့ပဲ အပေါ်ကို ပြန်တက် မေမေကို ဆေးတိုက် သွေးပြန်ချိန်တော့ မကျသေးဘူး သွေးခုံနှုန်းကလည် 55 လောက်ပဲရှိတယ်
ဂျူနီယာနိုဗီ ကို အဖွားနားမှာ သေချာစောင့်ကြည့်နေ မေမေ ဆရာဝန်လိုက်ရှာလိုက်အုံးမယ်ဆိုပြီ
ပိုက်ဆံအိတ်နဲ့ ကားသော့ယူပြီး အောက်ကိုပြန်ဆင်း အနီးဆုံးဖြစ်တဲ့ မဟာမြိုင်ကိုမောင်းရတာပေါ့
ဟိုရောက်တော့လဲ အမောကို ဆို့သွားတယ် ဂျူတီကျ ဆရာဝန်က တစ်ယောက်ပဲရှိလို့
မလိုက်နိုင်ပါဘူးတဲ့ လူနာခေါ်ခဲ့ပါတဲ့ မေမေကလည်း ဆေးရုံမသွားချင် လှေကားပေါ်ကလည်းမဆင်းနိုင်
ဒါနဲ့ ဗဟိုလမ်းဘက်ကို ပြန်မောင်း မြောင်းမြလမ်းထိပ်က ဂိတ်ထိုးထားတဲ့ ဆိုက်ကားဆရာတွေကို အကူအညီတောင်းကြည့်တော့
သူတို့သိတဲ့ ဆေးခန်းတွေကို ခေါ်သွားပေးတယ်
ကားကိုထားခဲ့ပြီး သူတို့နောက်ကနေ လိုက်ရတာပေါ့ ဆရာရာဝန်တွေကလဲမရှိတဲ့ သူနဲ့ ခရီးသွားနေတာနဲ့ နောက်ဆေးခန်း တစ်ခုကျတော့
အမျိုးသားဆရာဝန် တော်တော်ကြားကြားလေးခေါ်လိုက်တော့ ထွက်လာတယ်
အားရှိသွားတာပေါ့ ဆရာဝန်ပင့်လို့ ရပြီးပေါ့
မေမေရဲ့ အခြေအနေကို ပြောပြပြီ အိမ်ကို ကြွဖို့ ပင့်တော့ မခင်လို့ မသိလို့ မလိုက်နိုင်ပါဘူးတဲ့
ဆိုက်ကားဆရာလေးက ဆရာပဲအစကတော့ အိမ်လိုက်ကုတယ်ဆိုလို့ ပြောတော့
မလိုက်နိုင်ပါဘူးတဲ့( မနို – ဘယ်လိုပြောရမလဲ ) ဆိုတာ မသိတော့ပါဘူး
လူ့အသက်တစ်ချောင်းဆိုတာ ဒီလိုလွယ်လွယ်နဲ့ ငြင်းကောင်းသလားဆိုတာမသိတော့ပါဘူး
ဆိုက်ကားဆရာလေးတွေက အမမေကို ကျွန်တော်တို့ လိုက်ထမ်းပြီးချပေးမယ်
ဆေးရုံးပိုလို့ရအောင်တဲ့
ဆရာဝန်လိုက်ရှာနေရင် အဆင်ပြေမှာ မဟုတ်တော့ဘူးတဲ့
ဒါနဲ့ သူတို့ နှစ်ယောက်ကို ကားပေါ်တင်ခေါ်ပြီး အခန်းကိုပြန်ပြီး
မေမေရဲ့ အခြေအနေကိုကြည့်တော့ သက်သာပုံပေါ်တယ်
ဆေးခန်းသွားလိုက်ရအောင် ထမ်းမဲ့ လူလည်းခေါ်လာတယ်လို့
ပြောတော့ သက်သာတယ်တဲ့ မမူးတော့ဘူးတဲ့ မသွားတော့ဘူတဲ့
သွေးထက်ပြီး ချိန်ကြည့်တော့ 180/90လောက်ကျနေပြီး
စိတ်တော့နဲနဲအေးသွားတယ် ဆိုက်ကားဆရာလေးတွေကို
ကျေးဇူးတင်စကားပြော မုန့်ဖိုးပေးလိုက်တယ် မယူကျပါဘူး အတင်ပေးရတယ်
သူတို့တွေရဲ့ ကူညီချင်တဲ့ စိတ်ကလေးတွေကို ကျေးဇူးတင်နေမိတယ်
သူတို့တွေနဲ့ ခင်စရာ သိစရာမလိုပေးမဲ့ ကူညီချင်စိတ်အပြည့်ရှိနေကျပါတယ်
တစ်ချို့ ပညာတက်တွေကတော့ ခင်မှ သိမှ တဲ့
အော်.. မနို -ဘယ်လိုပြောရမလဲ
43 comments
ဦး ကျောက်ခဲ
August 17, 2012 at 12:32 pm
သတိထားဗျို့၊ မောင်ကျောက် ဖခင်ကြီးက သူ့ကျန်းမာရေးကို သူအရမ်း ဂရုစိုက်တာ။ တကယ်လဲဖြစ်ရော ၁၅မိနစ် အတွင်းပဲ အကောင်းကြီးကနေ မူးတယ်ဆိုပြီး လဲသွားတာ အသက်ပြန်မပါတော့ဘူး။ လွမ်းတယ် ဘိုစိန် ရယ်….
Novy
August 17, 2012 at 2:46 pm
ဦးကျောက်ခဲရေ.
မေမေက တခါမှ အဲ့လောက် သွေးမတိုးဘူးတော့
အရမ်းကို လန့်သွားပါတယ်
ko khin kha
August 17, 2012 at 12:52 pm
ကျွန်တော်တို့ မန်းမှာတော့ ပါမောက္ခဆရာဝန်ကြီးတွေကအစ on call ခေါ်လို့ရတယ်၊ အရေးပေါ်အိမ်လိုက်ရမယ်ဆိုရင်လည်း ပုပ္ပလိကဆေးရုံတွေက စီစဉ်ပေးပါတယ်၊
ပိုက်ပိုက်လေးတော့ ဆောင်ထားပေါ့။
Novy
August 17, 2012 at 2:48 pm
ကိုခင်ခရေ.
ဒီမှာတော့ အဲ့လိုလုပ်လို့ရတယ်လို့ ဆေးခန်းက အကြံမပေးပါဘူး
သူဆေးခန်းကိုသာ လူနာကို ခေါ်လာဖို့ပြောတယ်
kai
August 17, 2012 at 1:02 pm
ကျုပ်တို့ယူအက်စ်မှာတော့.. ဆရာဝန်ကအိမ်ကိုကြွမှာမဟုတ်..
သိသိ..မသိသိ…
၉၁၁ သာဖုန်းဆက်ခေါ်ရမှာ…။
လူနာတင်ကားက.. ချက်ချင်းလာပါရဲ့..
ဆေးရုံရောက်ရင်.. ပက်လက်လန်သွားမယ်..။ အရေးပေါ်ခန်းမှာလူနာတွေအများကြီးရှိတာ..
သာမန်ဆို.. ၂နာရီအသာလေးထိုင်စောင့်ပေတော့..
အဲလိုနဲ့.. အရေးပေါ်ခန်းမှာ..ဆုံးပါးသွားတာတောင်ရှိခဲ့ဖူးတယ်..
Foreign Resident
August 17, 2012 at 1:59 pm
အဘတို့ဆီမှာလည်း သူကြီးပြောသလိုပဲ ၊ အတူတူပဲ ။
တစ်ခုရှိတာက အသက်သိပ်ကြီးပြီး မထနိုင် တဲ့ အဘိုးကြီး အဖွားကြီးတွေဆိုရင် ၊
သူတို့ရဲ့ ပုံမှန် ဆရာဝန် ( Regular GP ) က အိမ်လိုက်ကြည့်ပေးတတ်တယ် ။
ဒေါ်လှ ရာချီပြီး ပေးရတတ်တယ် ၊ အစိုးရက စရိတ်ခံပါတယ် ။
ဒါက ပုံမှန် ကိစ္စမျိုးမှပါ ။
အရေးပေါ်ဆိုရင်တော့ ၉၁၁ နှင့် လူနာတင်ယာဉ် ပါပဲ ။
Novy
August 17, 2012 at 2:50 pm
သူကြီး @ အဘဖေါရေ.
ဒီမှာတော့ ဘယ်နံပါတ်ကို နှိပ်ရမုန်းမသိပါဘူး
မေမေ သေကံမရောက်လို့သာပေါ့
mocho
August 17, 2012 at 1:35 pm
မနို ရေ
ကျန်း မာရေး အတွက် ဆရာဝန် တစ်ယောက်ယောက်နဲ့ မိတ် ဆွေ ဖွဲ့ ထား ရ မလို ဖြစ်နေပြီ။ တကယ် လည်း ဆရာဝန်တို့ ၊ သူနာပြု တို့ မိတ်ဆွေ တွေ ရှိ ထား ရင် ပို ကောင်း တယ်။ ကျန်း မာရေးနဲ့ ပတ်သက်တဲ့ အကူ ညီ တို့ ၊ အကြံ ဉာဏ် တို့ တောင်း လို့ ရတာ ပေါ့ ။
မိုချို လည်း ရန်ကုန်ကပြန်လာပြီး တည်း က မနှစ် ကထက် ပိုပြီး ကျန်း မာရေး ချွတ်ယွင်း လာတဲ့ အမေ့ ကို ထား ခဲ့ ရတာစိတ် မချ ဖြစ်နေတာ၊ ခုတော့ ပို စိတ် ပူသွား ပြီ။ အမေ က တော့ ကိုယ် တိုင် သူ နာပြု ဆိုတော့ သူဘာသူ ဆေးတွေ နဲ့ ထိန်း ထား လို့ တော်သေးတယ်။ ကိုယ်က တောင် ဒီ က တကောက်ယောက် နေ မကောင်း ဖြစ်ရင်ဘာလုပ် ရမလဲ လို့ ဖုန်း နဲ့ လှမ်းမေး ပြီး ဂျီ ကျ ဖြစ်သေးတယ်။
Novy
August 17, 2012 at 2:52 pm
မိုချိုေ၇.
မနိုမေမေလဲ 79 ဆိုတော့သူကို မျက်စိအောက်ထားပြီး
အမြဲစိတ်ပူနေရပါတယ်
ahnyartamar
August 17, 2012 at 1:37 pm
မနိုဗီ…ပုသိမ်လမ်းထိပ်က “ဝင်နှစ်တော်ဝင်” က ဆရာက အိမ်လိုက်ကြည့်ပေးတယ်လေ၊ ပြီးတော့ ဇေယျှဝတီ လမ်း (ဗဟိုလမ်း) က “ဖြူ” ဆေးခန်း (ရေနတ်သမီး အလှမွေး ငါး အိမ်ဘေးခန်း) က ဆရာမဆိုလည်း အိမ်ကို လိုက်ကြည့်ပေးတယ်လေ။
ကျတော့ ဘကြီးကိုတော့ အရေးပေါ်ဆို သူတို့ကိုပဲ အားကိုးရတာပဲ။
အဆင်ပြေပါစေဗျား
Novy
August 17, 2012 at 2:38 pm
ahnyartamar@
ဝင်းနှစ်တော်ဝင်မှာတော့ ပြဘူးပါတယ်
အိမ်ကိုလိုက်ကြည့်ပေးဖို့ တော့ မမေးမိဘူး နောင်ကျရင်
အိမ်မှာလိုက်ကြည့်ပေးဖို့ မိတ်ဆက်ထားရမယ်
Shwe Ei
August 17, 2012 at 1:44 pm
ကျမတို့ လှည်းတန်းကုန်းတံတားအဆင်းက အခန်းမှာ ငှားနေဖြစ်တုန်းက သူငယ်ချင်းနေမကောင်းတော့ မနက်စောစော ဘယ်ဆေးခန်းမှမဖွင့်တာနဲ့ လှည်းတန်းဈေးထဲက ဆရာဝန်သွားပင့်ဖူးတယ်။ ဆရာဝန်အကိုကြီးက မိန်းကလေးတွေချည်းနေတဲ့ အခန်းမို့လိုက်လို့ဖြစ်ပါ့မလားမေးပါတယ်။ ကံကောင်းချင်တော့ နေမကောင်းတဲ့ သူငယ်ချင်းအမေက အဲဒီနေ့မနက်မှ နယ်ကရောက်နေတာနဲ့ မဟုတ်ပါဘူး လူကြီးရှိပါတယ်ဆိုပြီး ခေါ်ရတာ။ လိုက်လာတယ်ဗျ။ ဟိုတယောက်က လမ်းမလျှောက်နိုင် ခေါင်းမထူနိုင်ဖြစ်နေတာနဲ့ ၅လွှာက ထမ်းချရရင် လျှာထွက်မှာကျိန်းသေဘဲ။ ဆရာဝန်ကို ကျေးဇူးတင်လိုက်တာ မပြောပါတော့နဲ့။
မနိုလဲ အိမ်မှာသွေးတိုးတတ်တဲ့ လူကြီးရှိတော့ အိမ်လိုက်ကုမဲ့ ဆရာဝန်ရှာထားပေတော့။ မဟုတ်လို့ကတော့ မလွယ်ဘူး။ သွေးတိုးတာက သွေးကျဆေးသောက်တိုင်း အဆင်မပြေဘူး ကြားဖူးတယ်။
Novy
August 17, 2012 at 2:43 pm
အကြံပေးတာ ကျေးဇူးပါရွှေအိရေ
မောင်ပေ
August 17, 2012 at 2:09 pm
မနိုရေ ““ အရမ်းကျေးဇူးတင်ပါတယ် ”” လို ့ပြုံးပြပြီးပြောပါ ဗျာ
နောက်ပြီး မနိုအမေအတွက် ဖန်မလီဒေါက်တာ တစ်ယောက်လောက်ကို ထားပေးပေါ့
အကြောင်းရှိရင် တန်းခေါ်လို ့ရတာပေါ့ဗျာ
အဲ့လို ထင်ပါတယ်
Novy
August 17, 2012 at 2:41 pm
ဒဂုံနဲ့ 8မိုင်မှာ နေတုံးကတော့ မိသားစု ဆရာဝန်ရှိတယ်
စမ်းချောင်းပြောင်းလာတာမကြာသေးတော့
ဆရာဝန်တွေနဲ့ မိတ်ဆွေသိတ်မဖြစ်သေးဘူလေး
etone
August 17, 2012 at 4:54 pm
ဪ .. မနိုရယ် ..စိတ်မကောင်းလိုက်တာ..ဖြစ်မှ ဖြစ်ရလေ .. ။
ဆရာဝန်တွေ အတော်များများ .. အိမ်လိုက်ကုတာ ရှားပါတယ် .. (ဆေးခန်းချိန်) ဆိုလျှင်ပေါ့နော် … ။ ဆေးခန်းထိုင်ချိန်ပြင်ပဆိုလျှင်တော့ လိုက်ကြပါတယ် … ။
အမေဆိုတာ အစားထိုးလို့ မရပါဘူး မနိုရေ .. တစ်ခုခုများ အကူညီလိုတာရှိလျှင် …
ညီမဖုန်းကိုပဲဖြစ်ဖြစ် … AKKO ဆီကိုပဲ ဖြစ်ဖြစ် တိုက်ရိုက်ဖုန်းခေါ်လိုက်ပါ …. ။ အချိန်မတော်အရေးတကြီးဆိုလည်း …ကူညီပေးပါ့မယ်နော် … ။
Novy
August 18, 2012 at 9:11 am
အိတုံ..
ကျေးဇူးပါညီမရေ
ဖြစ်တဲ့ညက အိတုံ နဲ့ akko ကို သတိရတာပေါ့ ဖုန်းခေါ်မလို့တောင် လုပ်သေးတယ်
အချိန်က ည11နာရီကျော်နေလို့ အားနာလို့မခေါ်ဖြစ်တော့တာပါ
etone
August 18, 2012 at 9:47 am
မနိုရယ် .. နောက်ဆို အားမနာပါနဲ့ …. ကျန်းမာရေး ကိစ္စအရေးကြီးလျှင် လှမ်းသာဆက်လိုက် … တက်နိုင်သမျှ လုပ်ပေးပါမယ် … ။ ဆယ့်တစ်နာရီဆိုတာ … နောက်ကျသေးတာမဟုတ်ဘူး … ၊ သာမန်အိပ်ချိန်က 12 နာရီနဲ့ 12ခွဲကြားပေမယ့် …. ဖုန်းက အမြဲဖွင့်ထားတော့ … ညရေးညတာ .. အဆင်မပြေတာရှိလျှင် လှမ်းသာ နှိုးလိုက်ပါ …။
အရီးခင်လတ်
August 17, 2012 at 5:16 pm
မနိုရေ
ကြားရတာ စိတ်ထဲ မကောင်းပါဘူး။
တော်ပါသေးရဲ့။
ဆိုးဆိုးဝါးဝါးဖြစ်မသွားပေလို့နော်။
နောက်ဆို တုံတုံ နဲ့ အေကေ ကို သတိရလိုက်ပေါ့။
နောက်ပြီး လိုလို မယ်မယ် နီးရာဆေးခန်း က ဆရာဝန် ကို လဲ အသိဖွဲ့ထားသင့်သလားဘဲ။
လူကြီး ဆိုတာက တော်ရုံ ဆေးရုံဆေးခန်း မသွားချင်တာ သဘာဝဘဲ။
အရေးဆို ဆရာဝန်ကို အိမ်ကိုသာပင့် လိုက်တာ အကောင်းဆုံးပါဘဲ။
ဆရာဝန် ဘက်ကလဲ မသိရင် လိုက်ဖို့ ခက်သားကလား။
ကျန်းမာရေး က အရေးအကြီးဆုံး ဆိုပေမဲ့ အဲဒါက နိုင်ငံတကာပြသနာ ဖြစ်နေတာပါဘဲ။
(ပညာရေးက တော့ ဒုတိယပေါ့။)
ဒါထက် သမီးလေးက အတော်အားကိုးရတယ်။
အဖွားကို စောင့်ရှောက်ခဲ့တယ်။
သူကြောင့်လဲ အဖွားအမြန်သက်သာ သွားတာနေမှာ။ 🙂
အသက် ရှစ်ဆယ် နီးပါး လဲ ဂရုတစိုက် နေရင် နေလို့ နေပျော်ပါသေးတယ်။
မိဘ တွေ က သားသမီး တွေ ကို ဆရာဝန်ဖြစ်အောင် လုပ်ခိုင်းကြတာ လဲ ဒီနေရာမှာ တော့ အသုံးဝင်သား။
ဒါပေမဲ့ ပြောသာပြောရတယ်။
ကိုယ့်ဆွေမျိုး ရင်းချာ ဖြစ်ရင် ခေါင်းပူပြီး အမှန် ကုနိုင်ပါ့မလားတော့ မသိဘူး။
အဲဒီလို ကြားဘူးလို့။ 😀
Novy
August 18, 2012 at 9:32 am
အရီး@
ကျေးဇူးပါ အိမ်မှာလဲ သမီးလေးပဲအားကိုးနေရတယ်
ပင်လယ် ပျော်@
စိတ်…စိတ်…ပါကွယ် ..ဆိုတဲ့ သီချင်းလေးအတိုင်းပါပဲ
ဒါပေမဲ့ ဘယ်သူမပြုမိမိမှု့ လို့ပဲယူဆလိုက်ပါတော့မယ်
ပင်လယ် ပျော်
August 17, 2012 at 5:48 pm
မနိုရဲ့ post လေးမှာဘာတွေ ့လဲဆိုတော့ ပညာတတ်ဆရာဝန်ရဲ့ စိတ်ထားနဲ ့ဆိုက်ကားဆရာရဲ့ စိတ်ထားပါ…အခုနောက်ပိုင်း ကိုယ်နဲ ့မဆိုင်ရင်လစ်လျုရျှချင်တဲ့ စိတ်ထားတွေ ပေါများလာပြီနော်…
ရဲစည်
August 17, 2012 at 5:49 pm
ဖတ်ရတာ စိတ်မကောင်းဘူးဗျို့
ဘယ်သူ့မှလည်း အပြစ်မပြောချင်ဘူး
အပြစ်လဲ မတင်ချင်ဘူး ……………
လူတိုင်းမှာ အကြောင်းပြချက် ကိုယ်စီနဲ့မို့ ပြောနေရင်လဲ ထူးမှာ မဟုတ်ဘူး
ကျနော် ဆရာဝန်တွေနဲ့ ပတ်သတ်ရင် ခံစားချက်တော့ ရှိသဗျ ……………
အပေါ်မှာ သဂျီးတို့ ဦးFR တို့မန့်သွားသလို ၉၁၁ ခေါ်ရအောင်လဲ အားလုံး သိတော်မူကျတဲ့ အတိုင်း
နောက်တချက်က ဖုန်းဆက်လို့ လာချေအုံးတော့(မထင်) သူရို့ဆီလို အထပ်မြင့် တိုက်တွေက ဓာတ်လှေကား မရှိဘူးလေ
ဒီ ခန္ဓာကိုယ်ကို ၅လွှာ ၆လွှာက ဘယ်သူ ထမ်းချမတုန်း … ထားပါ
ကိုယ်တွေ့တော့ မဟုတ်ဘူး( တဝက်လောက်ပေါ့)
ကျနော့် အဖေ သိပ်ကျန်းမာရေး ဂရုစိုက်တာ သူ့ဖာသာ သွေးချိန်တယ်၊ ဆေးသောက်တယ်
အမြဲ မက်ဒီကမ် ချက်ကပ်လုပ်တယ် အဲ…..တနေ့တော့ မူးတယ် ပြောရင်း သတိလစ်သွားလို့
အထူးကုဆေးခန်းကြီး ပို့လိုက်တယ်။ ဦးနှောက်သွေးကြော ပေါက်တာတဲ့ ………………….
မနက် ၄နာရီက ဆေးရုံတင်ထားတာ ပါရဂူ မအားလို့ ညနေ ၃နာရီမှ ခွဲရတယ် ပြီးတော့ ပြောသွားတယ်
၅၀/၅ဝ တဲ့ သေရင်သေ မသေရင် ဘရိန်းဒက်တဲ့ ….။
အော် အဲဒါများဗျာ
ဦးနှောက်သွေးကြော ပေါက်တာ အပြင်မှ ထွက်မကျတာ(သွေးတွေ)
ကျနော့် အဖေ ကတုံးနဲ့ ဘယ်အသေခံမှာတုန်း သေမယ့်သေ လှလှပပ
ဝင်းဦးကေလေးနဲ့ အသေခံမှာပေါ့ …. 🙁
တော်ပါပြီဗျာ ပြန်တွေးရင် စိတ်ထဲ ခလုခလုဖြစ်တယ်
………………………………………………………. ။
အဲတော့ ဂရုသာ စိုက်ပါ အမရေ
အမအမေကိုလည်း ကြိုပြောထား သတိမလစ်စေနဲ့လို့
အမြဲဖြစ်နိူင်ရင် တရားမှတ်သာ ခိုင်းထား
အရေးရယ် အကြောင်းရယ်ဆို ဆရာဝန်က အသက်ကယ်နိူင်တာ မဟုတ်ဘူး
ဒါလေးဘဲ ကိုယ့်နောက်ပါမှာ
ကျနော်တောင် တယောက်ထဲနေလို့ အမြဲသရဏဂုံ တည်နေရတယ်
သေရင်တောင် ဘုန်းကြီး မရှိတဲ့ အရပ်မို့ …. ဟူး
အလင်းဆက်
August 17, 2012 at 6:25 pm
အင်း..။
ဆက်ဆက်လည်း..ဘယ်လိုပြောရပါ့မလဲ.။။
အတိသဉ္ဖာ နာဂရချစ်သူ
August 17, 2012 at 6:51 pm
သွေးပေါင်ခြားနားချက်က ၉ဝ ဆိုတော့ မကောင်းပါဘူးးး
Novy
August 18, 2012 at 9:41 am
ရဲစည်
သူသတိလစ်မှာဆိုး တစ်ချိန်လုံးစောင့်ကြည့်နေရတယ်
တရားတန်ခိုးနဲ အခုတော့ သက်သာစပြုနေပါပြီ
အလင်းဆက်
မနိုလဲ ဘာပြောရမှန်းမသိပါဘူး
အတိသဉ္ဖာ နာဂရချစ်သူ
သွေးပေါင်ချိန်ကြောင့် လေဖြတ်မှာ စိုရိမ်မိပါတယ်
padonmar
August 17, 2012 at 7:17 pm
မနိုရယ်
အမလည်း ဘယ်လိုပြောရမလဲမသိတော့ပါဘူး။
လိုအပ်ရင် အမဆီ ဖုန်းလှမ်းဆက်ပါ။ဖုန်းနံပါတ်ပေးဘူးတယ်ထင်ပါတယ်။
ဝင်းနှစ်က သူငယ်ချင်းနဲ့လည်း အပ်ပေးလို့ရပါတယ်။ဖြစ်နိုင်ရင်တော့ နေ့ပိုင်းတွေမှာ သွားပြပြီး အရင်အပ်ထားတာပိုကောင်းပါတယ်။ သူလည်း လူနာအကြောင်းသိထားတော့ အရေးဆို စဉ်းစားလို့ ပိုရတာပေါ့။
ဆရာဝန်ဖက်က ရှေ့နေလိုက်ရရင်တော့ ရှုပ်ထွေးလှတဲ့ လောကကြီးမှာ သူတို့လည်း ကိုယ့်တွက်ကိုယ် အရင် ကာကွယ်ကြတယ်ထင်ပါရဲ့။
လွန်ခဲ့တဲ့နှစ်က (အင်းစိန်ဖက်မှာ ဆရာဝန်တစ်ယောက် ဒေါက်တာ ဝင်းချို လို့ထင်ပါတယ်) လူနာယောင်ဆောင်ပြီး အနုကြမ်းစီးခံလိုက်ရတာ သတင်းစာထဲ ဖတ်လိုက်မိပါတယ်။
လူဆိုတာ ပိုင်ဆိုင်မှုများလာတာနဲ့အမျှှ ကြောင့်ကြစိုက်ရတာတွေများလာတော့ မဖြူစင်နိုင်ကြတော့ဘူး။
padonmar
August 17, 2012 at 7:21 pm
Home Medicare Service 30 ရွှေတောင်တန်းလမ်း လမ်းမတော်၊225791 /2257850
က အိမ်လိုက်ကြည့်ပေး၊Drip သွင်းပေး။ ECG ဆွဲပေး၊ဓာတ်မှန်တော့ မသေချာဘူး ရတယ်ထင်ရဲ့။ကြေးတော့ ကြီးမှာပေါ့နော်။
Novy
August 18, 2012 at 10:10 am
မမပဒုမ္မာကျေးဇူးတင်ပါတယ်
ဒီနေ့ ဝင်းနှစ်ကို ရောက်ရင် မမပဒုမ္မာဆီကို ဖုံးဆက်လိုက်မယ်နော်
Home Medicare Serviceကို လည်းဖုံးဆက်မေးလိုက်တယ်
သူတို့လဲလာပေးနိုင်ပါတယ်တဲ့
Novy
August 20, 2012 at 10:11 am
မမပဒုမ္မာ
စနေနေ့ကအတွက် ကျေးဇူးအထူးတင်ရှိပါတယ်လို့
ko khin kha
August 17, 2012 at 8:50 pm
မနိုရေ အိမ်ရောက်မှ တိုလီမိုလီစင်မှာရှာပြီး ရေးပေးရတာမို့-
၁။ ဖန်ခွက်ထဲမှာ ရေအပြည့်ထည့်၍ ထိုရေထဲတွင် သံပုရာသီး တစ်လုံးညှစ် ထည့်ကာ သောက်ပါ။ ပြီးသံပရာအစေ့ကို ဝါးစားပေးပါ။ ခဏနေ သွေးတိုးသက်သာ စေပါတယ်၊ ( အရေးပေါ် တိုင်းရင်းဆေးနည်း)
၂။ ဘုမ္မရာဇာ ကို အမှုန့်ပြု၍ လေလုံစွာထားပြီး၊ဂရမ်ဝက် (လဘက်ဇွန်းလေးပုံတပုံ)ကို နံနက် ည နို့ သို့မဟုတ် ရေအေးနှင့် သောက်ပါ၊ ပုံမှန် တလလောက်သောက်ရင် ကြာမြင့်စွာဖြစ်သောသွေးတိုးကို သက်သာစေပါတယ်။ ( တိုင်းရင်းဆေးနည်း)
၃။ AML-SUN 5 ( Amlodipine Tablets 5 mg ) နဲ့ BETANEX 50 ( Atenolol Tablets USP 50 mg ) နှစ်မျိုးကို နေ့စဉ် မနက်စာစားပြီး ပုံမှန်သောက်သွားပါ ၃-၄ လလောက်သောက်ပြီးရင် သွေးတိုးခြင်းကောင်းမွန်စေပါတယ်တဲ့။
( ဆရာဝန်တော့ မေးကြည့်ပေါ့။)
Novy
August 18, 2012 at 10:32 am
ကိုခင်ခရေ. မြန်မာဆေးနည်းလေးတွေမှတ်ထားလိုက်ပါတယ်
အရေးကြုံရင် သုံးလို့ရအောင်
မယ်ပုရေ.
အဲ့ဒီ့နေ့က မေမေကအောက်ကို လုံးဝကို မဆင်းနိုင်တဲ့
အနေအထားဆိုတော့ အိမ်ကို ပင့်ဖို့ ကြိုးစားရင်
ရင်မောခဲ့ရပါတယ်
pooch
August 18, 2012 at 2:45 am
မနိုရေ ကိုယ်ချင်းစာပါတယ်။ အမေကလည်း သွေးတိုးသမားမို့ပါ။ ကျမလည်း အမြဲသွေးတိုင်း အရိပ်အခြေ ကြည့်နေရတာပါ။
ဒီမှာတော့ မိသားစု ဆရာဝန် ၁ ယောက်ရှိတဲ့အပြင် အိမ်နားဆေးခန်းက ဆရာဝန်ကလည်း ပင့်ရင် လိုက်ပေးတာမို့ သိပ်မဆိုးလှဘူးပြောရမှာပါ။
ရန်ကုန်မှာတော့ အရေးအကြောင်းဆို ဆေးရုံဆေးခန်းကို အရင်သွားတာပဲ အဆင်ပြေမယ်ထင်တယ်။ အသိမရှိချိန်ဆိုရင်ပေါ့။
ဒီမှာလည်း မသိရင် လိုက်လေ့မရှိဘူး မနိုရေ။ သူတို့ ပြောတဲ့ အကြောင်းပြချက်ကလည်း ဟုတ်နေတာကိုး။
ဟိုုနေ့က ပြောပြတဲ့အတွက်လည်း ကျေးဇူးပါနော်။ ခုအဆင်ပြေသွားပါပြီ ။ ဒီနေ့ စပြီးပြန်စိုက်တယ်။
ကြောင်ကြီး
August 18, 2012 at 10:50 am
ကလင် ကလင်… ဟဲလို ဒေါက်တာအီးဒုံးဂျီး… ကျနော်ကြောင်ကြီး ပြာသိုလရောက်ရင် ဂဏာမငြိမ် စိတ်တွေဖောက်လာလို့ အဲဒါ.. ဒေါက်တာဂျီးရဲ့လက်ထောက် ဒေါက်တာAKKOကို ခဏလောက် လွှတ်ပေးပါနော်…။ ရောဂါ သိပ်ကြီးကြီးမားမား မဟုတ်လို့ ဒေါက်တာဂျီးကိုယ်တိုင် မလာပါနဲ့…။
နိုဗွီဂလေး
ဆိုမြည်အေး
ဟိုဆီအတွေး
ကိုယ်မရီငေး
ပျိုပလီသွေး
ခိုချီဖွေး
အိုတပြည်ဝေး
ငိုပြီလေး…။ 😥
R Ga
August 18, 2012 at 1:30 pm
မနိုရေးတဲ့စာကိုဖတ်ပြီး ကျွန်တော် ရှာဖွေတွေ့ရှိမိတာကတော့ စေတနာ ဆိုတဲ့ စကားလုံးလေးပါပဲ။
ပညာတတ်ခြင်း၊ မတတ်ခြင်း ထက် စေတနာ ထားတတ်မှု တစ်ဖက်သားကို ကူညီမှုဆိုတဲ့ မြန်မာတို့ ရဲ့ အသိစိတ်လေးများခေါင်းပါးမသွားဖို့လည်း
ဆုတောင်းမိတယ်။
၁။ဆရာဝန်တွေက မသိလို့ မကူညီနိုင်ဘူး(အရင်တုန်းကတော့ အိမ်လိုက်ကုပြီးအခုမှဘာလို့မကုသလဲဆိုတာတော့ကျွန်တော်လည်းနားမလည်းဘူး။
၂။ဒါတောင် မနိုတို့လိုပိုက်ဆံရှိတဲ့လူ ကခေါ်တာနော့(ပိုက်ဆံမရှိတဲ့လူဆိုရင်တော့ပိုဆိုးမယ်)
၃။ပညာမတတ်သော်လည်း စေတနာမခေါင်းပါးတဲ့ ဆိုက်ကားသမားလေးတွေရဲ့ စိတ်ဓာတ်(သူတို့က ပိုက်ဆံလိုချင်လို့ကူညီတာမဟုတ်မှန်းတော့အစ်မ ရေးထားတာဖတ်ပြီးပိုလို့တောင်လေးစားမိတယ်။)
၄။ အစ်မပြောသလိုဘဲ ဘယ်လိုပြောရမှန်းကို မသိတော့ပါဘူး။
Novy
August 20, 2012 at 9:42 am
အာဂရေ..
ဘယ်သူကတော့ ဘယ်လို လို့ ပြောမထွက်တော့ပါဘူး
အချိန်မတော်ကြီး သွေးထတိုးတဲ့ ကျန်းမာရေးကို ပြောလို့မရသလို
မသိလို့ မလိုက်တဲ့ ဆရာတွေကိုလဲ ပြောလို့ မရပါဘူး
မသိပေးမဲ့ လိုက်ပြီး ကူညီပေးတဲ့ ဆိုက်ကားသမားလေးတွေကို ကျေးဇူးတင်နေရင်း…….
MaMa
August 18, 2012 at 8:30 pm
မနို်ရေ-
ဖျက်ဆီးရေးဘက်က ပြောတာတော့ မဟုတ်ဘူးနော်။
ဆရာဝန်ဘက်ကပြောလို့ ကြားဖူးတာလေး ပြန်ပြောပြချင်လို့။
အစ်မတစ်ယောက်က ငယ်ငယ်ကတည်းက ဆရာဝန်ဖြစ်ချင်တယ်ဆိုတဲ့ ဘဝရည်မှန်းချက်နဲ့ စာကြိုးစားတယ်။
တကယ်လည်း ဆရာဝန်ဖြစ်ခဲ့တယ်။
ကိုယ့်မြို့ကိုယ့်ရွာပြန်ပြီး ဆရာဝန်ပြန်လုပ်တာ အောင်လည်း အောင်မြင်ခဲ့တယ်။
ဒါပေမယ့် နှစ်အတော်လေးလည်း ကြာရော ဆရာဝန်မလုပ်ပဲ နားလိုက်တယ်။
တသက်လုံးလုပ်ချင်ခဲ့တဲ့ အလုပ်ကို အောင်မြင်ပါရဲ့နဲ့ ဘာလို့များ မလုပ်တော့ပါလိမ့်လို့ မေးကြည့်မိတော့….
အောင်မြင်တဲ့ဆရာဝန်တစ်ယောက်မှာ ကိုယ်ပိုင်အချိန်ဆိုတာမရှိပဲ (ကိုယ့်မြို့ မျက်နှာသိတွေလည်း ဖြစ်နေတော့ လူနာလာခေါ်တိုင်း) နေရာမရွေး အချိန်မရွေး လိုက်ရတော့ နားချင်တဲ့အချိန်မှာ ဆရာဝန်လာပင့်တယ်ဆိုတဲ့ အသံကြားရမှာကို ကြောက်နေမိတယ်တဲ့။
အဲလိုနဲ့ ကြာရင် နှလုံးရောဂါဖြစ်တော့မယ်ဆိုပြီး ဆရာဝန်အလုပ်ကို ဆက်မလုပ်ဖြစ်တော့တာ ဆိုပဲ။
[:(]
Novy
August 20, 2012 at 10:05 am
မမရေ.
ဖျက်ဆီးရေးဘက်ကလို့ မတွေးမိပါဘူး
လူတွေက ကိုယ်တိုင် ခံစားဘူးမှ သိတာပါ
သကြားကို မစားဘူးရင် ချိုမှန်းမသိသလိုပေါ့
လူတိုင်းမှာ ကိုယ်ပိုင် လွတ်လပ်ခွင့် ဆိုတာရှိပါတယ်
ဒါပေမဲ့ ကိုယ်က ဘယ်လို့နေရာကို ရောက်နေလည်းဆိုတာတော့
ကိုယ်တိုင် အသိဆုံးပါပဲ မိမိတာဝန်ကို် မိမိထမ်းဆောင်ရမှာတော့ မလွဲမသွေပါပဲ
တစ်ခါတစ်လေမှာ ကိုယ့်ဘဝကို ကိုယ်မပိုင်တဲ့ အချိန်တွေရှိခဲ့ဘူးပါလိမ့်မယ်
ဒါတွေကို ကြောက်လို့ နောက်ဆုတ်လိုက်လို့ ရပ်တန့်လိုက်လို့
ဘဝကြီးအေးချမ်းသွားပြီ အနားရပြီလို့ ထင်လိုက်ရင်တော့
ဒါဟာ တစ်ခဏတာပဲလို့
လူတွေဟာ ဘဝသံသရာရထားကြီး မရပ်သရွေ့ ဘယ်တော့မှ အနားရမှာ မဟုတ်ပါဘူး
ကြောင်ကြီး
August 20, 2012 at 7:41 am
ဦးကြောင်ကို အရေးမလုပ်နဲ့ နိုဗွီ့ကို မုန်းတယ်။ အရင်ကပေးထားတဲ့ စာတွေပြန်ပေးပါ။ နိုနိုဝယ်ပေးထားတဲ့ ရွှေဆွဲကြိုး၊ လက်စွပ်နဲ့ နာရီကိုလည်း အပေါင်ဆိုင် ပို့လိုက်ပြီ။
နို့ဗွီ့ကို ရင်ထဲအသည်းထဲ အူလှိုက်သဲလှိုက် ရင်တုန်ပန်းတုန် ပစ်ပစ်ခါခါ မုန်းနေတဲ့ တချိန်က နိုဗွီချစ်လှပါချီရဲ့ဆိုတဲ့ ကိုကြောင်…
Novy
August 20, 2012 at 10:09 am
အုကြောင် ပြာသိုလမရောက်သေးဘူး ပျာယာခက်နေတယ်
ပြာသိုလရောက်ရင်တော့ တိုက်ပိတ်ထားမှ ရမယ်ထင်တယ်
အရမ်းအေးတဲ့လမို့ စိုးရိမ် လို့ပါ
manawphyulay
August 20, 2012 at 10:41 am
မနိုဗီရေ… အမတို့ဘက်မှာက အရင်က ဆရာဝန်တွေအိမ် ဓားပြတိုက်ဖူးတာ ကြားဖူးခဲ့တယ်။ ဒါကြောင့်ထင်တယ် ဆရာဝန်တွေက မသိရင်မလိုက်တာနေမှာနော်။ ခက်တော့လည်းခက်တယ် မြို့လယ်ခေါင်တောင် ဆရာဝန်မရှိ ဖြစ်နေတာ။ တကယ်လို့သာ နယ်မှာဆိုရင်တော့ မနိုဗီလို သွေးလည်းမတိုင်းတတ်၊ ဆေးလည်း မရှိတဲ့နေရာမှာဆိုရင်တော့ အတော့်ကို မတွေးဝံ့စရာပါပဲ။ ကိုယ်ချင်းစားပါတယ်လေ..
surmi
August 20, 2012 at 1:24 pm
ကျနော ့အဖေတုန်းကတော ့ တခါထဲသတိလစ်သွားတာ အပြီးဘဲ
ကံသိပ်ကောင်းလို ့ပေါ ့အမရယ်
ကိုယ်တိုင်ထိုက်သင် ့သလိုပြုစုတတ်တာလဲကောင်းတယ်ဗျ
အရေးပေါ်အတွက်တော ့ ကြိုတင်စဉ်းစားထားရတော ့မှာနော
ဒေါ်အိတုန်တို ့ AKKOတို ့ လဲအားကိုးရပါတယ်ဗျာ
ကျနော်တို ့လဲမှတ်ထားရဦးမယ်
Ma Ei
August 20, 2012 at 4:45 pm
နိုဗွီရေ…
အိမ်မှာလဲ 82 နှစ်အမေရှိနေတော့
ကိုယ်ချင်းစာမိပါတယ်…
တစ်ကယ်လိုအပ်တဲ့ အချိန်မှာ
ကူညီသူများကို ကျေးဇူးတင်ရမှာပါ…
နိုဗွီရဲ့အမေကျန်းမာပါစေကြောင်း
ဆုတောင်းပေးပါတယ်…
Novy
August 21, 2012 at 9:39 am
မနော၊ ကိုဆာမိ၊ မအိ ရေ
အခုလို စိတ်ပူပေးတဲ့ အတွက် ကျေးဇူးပါ
အခုတော့ မေမေ တော်တော်လေး သက်သာလာပါပြီ
အိမ်မှာလဲ သောက်နေကျဆေးတွေအပြင်
ပုံမှန်သွေးကျဆေး / အရေးပေါ်သွေးကျဆေးတွေကိုပါ ဆောင်ထားလိုက်ပါပြီလို့
ရွာသူားအားလုံကိုလဲ ကျေးဇူးတင်ပါတယ်လို့