မြန်မာနိုင်ငံမှာ လွတ်လပ်မှု ့မရှိဘူးလို ့ ဘယ်သူပြောလဲ

phone_kyawAugust 18, 20121min28818

မြန်မာနိုင်ငံက လွတ်လပ်မှု ့မရှိဘူးလို ့ပြောတယ်။ သေချာစဉ်းစားကြပါအုံး။ မြန်မာနိုင်ငံဟာ ဩစတျေးလျနိုင်ငံနဲ ့စာရင် အင်မတန်လွတ်လပ်ပါတယ်။

ရန်ကုန်မှာ ကြိုက်တဲ့ နေရာ ကားပါကင်ထိုးလို ့ရတယ်။ ဆိုင်ကယ်လည်း ရတယ်။ လမ်းဘေးမှာလည်း ဈေးရောင်းလို ့တယ်။ ကုန်ကုန်ပြောရရင် လမ်းဘေးမှာလည်း အီးအီးပါကြတယ်။ ဩစတျေးလျမှာ ဒါမျိူးလုပ်ကြည့်ပါလား ပိုက်ဆံတွေကို ဂုံနီအိတ်နဲ ့ဆောင်ထားရမယ်။ ပါကင်ထိုးတာ နာရီဝက်လောက်ကျော်လို ့ဒေါ်လာ ငါးဆယ်နီးပါး ဒဏ်ငွေဆောင်ရတာကြားဘူးလား။ လမ်းဘေးမှာသေးပေါက်လို ့ လုပ်အားပေး နှစ်လအခမဲ့လုပ်ပေးရတာကြားဘူးလား။ လူမြင်ကွင်း ပန်းခြံထဲမှာ ခွင့်ပြုချက်မရပဲ ဘီယာသောက်မိလို ့ဒဏ်ငွေတစ်ထောင်ကျော်ပေးရတာကြားဘူးလား။ ဒါ့ကြောင့် မြန်မာပြည်ဟာ ဩစီထက် လွတ်လပ်တယ်။

မြန်မာနိုင်ငံမှာ ပိုက်ဆံရှိရင် မိန်းမတွေ နေရာတကာ ယူလို ့ရတယ်။ ဒါပေမဲ့ ဩစီမှာ ယူမလို ့ရဘူး။ ကွဲသွားရင်တော့ ယူပေါ့။ မကွဲပဲနဲ ့ဘယ်သူမှ မယူရဲဘူး။ တလင်တမယားစနစ်ကို မလိုက်နာရင် ဒဏ်ငွေဆောင်ပါ။

လမ်းဘေးမှာ ဈေးရောင်းချင်လို ့ဆိုပြီး ဆိုင်သေးသေးလေးကို ဝါးနဲ ့ဆောက် ပြီးရင်းလင်ပန်းလေးနဲ ့ မြန်မာနိုင်ငံမှာ ဈေးရောင်းလို့ရတယ်။ ဩစတျေးလျမှာ ဘယ်နေရာမှ အဲလိုလုပ်လို ့မရဘူး။ ဈေးရောင်းချင်ရင် စီးပွားရေးလုပ်ချင်ရင် အေဘီအမ်လို ့ခေါ်တဲ့ နံပါတ်လျှောက်ရသလို စီးပွားရေးအတွက် မှတ်ပုံတင် နေရာထိုင်ခင်းစတဲ့ဟာတွေကို လုပ်ထားပါ။ မလုပ်ထားရင်တော့ ဒဏ်ငွေလာထားပဲ။ ဒါ့ကြောင့် ဘယ်သူမှ မြန်မာပြည်လို ့လမ်းဘေးမှာအော်ရောင်းနေတာ တွေ ့ဘူးလား။ လုံးဝမရှိဘူး။

မလွတ်လပ်တာတွေ အများကြီးကျန်သေးတယ်။ နေရာတကာ စည်းကမ်း နေရာတကာ စည်းကမ်းဆိုတော့ ဘယ်မှာလဲ လွတ်လပ်မှု ့။ မြန်မာနိုင်ငံမှာ ကျူးကျော်ရပ်ကွက်တွေရှိတယ်။ တောတောင်တွေထဲမှာ ကြိုက်သလို ငါးဖမ်းဖားဖမ်းပြီး အိမ်ဆောက်နေလို ့ရတယ်။ ဘယ်ရဲမှာ လာမဖမ်းဘူး။ ဩစတျေးလျမှာ ဖမ်းလို ့နေလို ့ရတယ်ထင်လား။ မရဘူး။

အကုန်လုံးကို ချူပ်ချယ်ထားတော့ မြန်မာနိုင်ငံသားတွေဟာ အော်စီတွေထက် အင်မတန်လွတ်လပ်မှု ့ရှိတယ်။

ဝိုင်းပြီးဆွေးနွေးကြပါအုံး။

18 comments

  • မဟာရာဇာ အံစာတုံး

    August 18, 2012 at 11:25 am

    အဲ့ဒါပြောတာပေါ့ ..
    နေတတ်ရင် ကျေနပ်စရာကြီးပါ ဆိုတာလေ ..
    အဲ့ .. သို့ပေသိ ..
    အကွပ် မပါတဲ့တောင်းဟာ မကောင်းဘူးဆိုပဲ ..

  • etone

    August 18, 2012 at 11:37 am

    ကိုဘုန်းကျော်ရေ ….

    ဖွံ ့ဖြိုးဆဲ နိုင်ငံနဲ့ .. .ဖွံ ့ဖြိုးပြီး နိုင်ငံတော့ ..ဘယ်ယှဉ်လို့ ရပါ့မလဲ …. ။
    တခြားတော့ … သိပ်မပြောချင်ပါဘူး … မြန်မာနိုင်ငံမှာ ပိုက်ဆံရှိလျှင် မိန်းမတွေ နေရာတကာယူလို့ ရတယ်ဆိုတာတော့ .. နည်းနည်းပြောချင်တယ် … ။ကိုဘုန်းကျော်ဆိုလိုတာ … တရားဝင်ယူတာကိုပြောတာလား ဘာလား သေချာမသိပေမယ့် … ။ မြန်မာနိုင်ငံမှာ … ကလပ်တက်၊ မူးရူးပြီး ၊ ထိုးကျွေး မနက်ကျမှ ထပြန်သွားတဲ့ … လူမသိသူမသိအဖြစ်တွေကတော့ .. ကိုဘုန်းကျော်တို့နိုင်ငံထက် .. နည်းပါလိမ့်မယ် … ။

    နောက်ပြီး ကိုဘုန်းကျော်ရေ … မြန်မာနိုင်ငံက တစ်လင်တစ်မယားစနစ်ကိုသာ ဦးစားပေးခဲ့တဲ့ နိုင်ငံဆိုတာ မေ့များနေရော့သလား ။ ဝါသနာပါလို့ လိုက်စားတဲ့ လူတွေကိုတော့ မပြောပါဘူး … လူအများစုက … အိမ်ထောင်ကွဲဇာတ်ရှုပ်ဆိုလျှင် မကြိုက်ကြပါဘူး … ။ ဥပဒေအရ မယားပြိုင်ယူခွင့် ဘာညာလျှောက်ပြောပေမယ့် … လူ့ယဉ်ကျေးမှုအရတော့ … ဒါတွေက ကန့်ကွက်စရာပါ … ။ ပတ်ဝန်းကျင်မှာ အရှက်ရစရာ ၊ သိမ်ငယ်စရာကိစ္စမျိုးလို့ လူများ စု ခံယူထားတာမို့ ….. ဖွံ ့ဖြိုးပြီးနိုင်ငံကလူတွေလောက်တော့ .. မျက်နှာပြောင်တိုက်ပြီး အပေးကမ်း မရက်ရောကြဘူးပဲ … ။ 🙄

  • Foreign Resident

    August 18, 2012 at 12:07 pm

    ဩဇီမှာ တစ်ဝက် ၊ မြန်မာပြည်မှာ တစ်ဝက် နေနေတဲ့ ၊
    အဘ သဘောထား ပြောရရင် ၊ ကို ဘုန်းကျော် ပြောတာမှန်ပါတယ် ။

    မြန်မာပြည် ဟာ ဩဇီ ထက် အများကြီး ၊
    လွတ်လွတ်လပ်လပ် လုပ်ချင်တာ လုပ်လို့ရပါတယ် ။

    ဩဇီမှာ စည်း ဘောင် ဥပဒေ တွေနှင့် တင်းကျပ်ထားပြီး ၊
    မြန်မာပြည်က အဲဒီလောက် မတင်းကျပ်ထားပါဘူး ။
    ဩဇီမှာ စက်ဘီးစီးရင်တောင် ဦးထုပ် ဆောင်းရပါတယ် ။ 🙁

    ကျန်းမာရေး ၊ လူမှုဖူလုံရေး နှင့် လေ ၊ ရေ ၊ အစားအစာ မသန့်တာတွေ ၊
    လူတွေ စည်းကမ်း မရှိတာ ၊ ဝင်ငွေ နည်းတာ ၊ အင်တာနက် နှေးတာ တွေကို သည်းခံနိုင်ရင် ၊
    မြန်မာပြည်ဟာ တော်တော် နေလို့ကောင်းပါတယ် ။

    Even, မြန်မာပြည် မှာ ပြဿနာရှိလာရင်လည်း ၊
    ငွေနှင့်ပေါက်ပြီး အကုန် နီးပါး ဖြေရှင်းလို့ ရပါတယ် ။

    သိပ်ကောင်းတဲ့ မြန်မာပြည် ပါ ။
    အဘ အသက်ကြီးရင် ၊ မိန်းမကလည်း ခွင့်ပြုရင် ပြန်လာနေချင်ပါတယ် ။
    I Love Myanmar. 😛

  • YE YINT HLAING

    August 18, 2012 at 12:19 pm

    တယောက်တည်း နေရင်တော့ စည်းကမ်းတွေ ဘာတွေ သိပ်မလိုဘူးပေါ့ဗျာ ! ဒါပေမဲ့ အများနဲ့နေရင်တော့ စည်းကမ်းတွေ တားမြစ်ချက်တွေ ရှိဖို့လိုအပ်ပါတယ် ။ ဒါပေမဲ့ ကျွန်တော် အပါအဝင် လူတိုင်းလူတိုင်းဟာ စည်းကမ်း နဲ့ လွတ်လပ်မှု ဘယ်ဟာ ကြိုက်လဲမေးရင် လွတ်လပ်မှု ကို ကြိုက်တယ်လို့ပဲ ဖြေပါလိမ့်မယ် ။ကျွန်တော့ အနေနဲ့ တခါတရံ ကိုယ်နဲ့ အသားမကျ တဲ့ စည်းကမ်း တွေ တားမြစ်ချက်တွေနဲ့ ကြုံရတဲ့ အခါ အဲဒါကို စည်းကမ်းလို့ မမြင်မိပဲ ချုပ်ချယ်မှု လို့ပဲ မြင်တယ်ဗျာ !

  • myo ma

    August 18, 2012 at 2:10 pm

    လိုတာတွေကို ပြောရရင် အများကြီးပေါ့ အကောင်းဆုံးဖြစ်အောင်ဝိုင်းပြီး ကြိုးစား ကြရမှာ ပါ.
    လုပ်လည်း လုပ်နေကြပါတယ်..
    ဘေးထိုင် ဘိုင်ကြ ဘုပြော ဘောက်တီး လုပ်မနေနဲ့
    လဒ လောက်တော့ ငှက်တိုင်း လှတယ် ..
    နှမ်း တစ်လုံး အဖြစ် ပါ ဝင်ရမယ်ဆိုတဲ့ အသိ အခုချိန် မှာ ရှိသင့်ပါတယ်..
    ကျနော့် ကိုယ် ကျနော် ပြန်ပြော ပြန်ဆုံးမ တဲ့ စကား လေးရေးတင်တာပါ..

  • kai

    August 18, 2012 at 3:00 pm

    ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့.. လမ်းပေါ်ဆေးရိုးလှမ်းတဲ့.. လွတ်လပ်ရေးဖြစ်နေပါ့မယ်ကိုရင်ရယ်…
    ငါကတော့လွတ်လပ်တယ်.. ဆိုပြီး.. လမ်းမပေါ်ဗြစ်ကနဲ့.ကွမ်းသွေးလှမ်းထွေးတယ်..
    တဖက်က.. ကွမ်းသွေးစင်သူမှာတော့…

    ဆိုတော့…
    စကားအတင်းစပ်…
    ကွန်ဂရက်ကျူလေးရှင်းပါကိုရင်ဘုန်းကျော်…
    ပျော်ပါစေဗျာ… 🙂

      • Foreign Resident

        August 18, 2012 at 5:25 pm

        သိမှာပေါ့ ။ သူကြီး က IP တွေအကုန် မြင်နေတာကိုး ။

    • Foreign Resident

      August 18, 2012 at 5:22 pm

      ” ကွန်ဂရက်ကျူလေးရှင်းပါ ကိုရင်ဘုန်းကျော်…ပျော်ပါစေဗျာ… ”

      အင်း ဘာကို ရှင်းတာလဲတော့ မသိဘူး ။
      အို ဘာပဲဖြစ်ဖြစ် သူကြီး ရှင်းမှတော့ လိုက်ရှင်းလိုက်တာပဲ ကောင်းပါတယ် ။
      ကွန်ဂရက်ကျူလေးရှင်းပါ ကိုဘုန်းကျော် ။ ဟဲဟဲ ။ 😛

  • mayjuly

    August 18, 2012 at 3:26 pm

    လွတ်လပ်တယ်ဆိုတာကောင်းပေမယ့် … မကောင်းတဲ့ အနေအထားတွေလဲ ရှိပါတယ်..

    ဘယ်အရာမဆို အဆိုးနဲ့ အကောင်းက ဒွန်တွဲနေတတ်ပါတယ်ဗျ …

  • ရဲစည်

    August 18, 2012 at 3:38 pm

    “မြန်မာနိုင်ငံမှာ လွတ်လပ်မှု ့မရှိဘူးလို ့ ဘယ်သူပြောလဲ ”

    ဘယ်သူမှ မပြောပါဘူး ခင်ည
    အဲ့ လွတ်လပ်မှု ရှိခြင်း၊ မရှိခြင်းရဲ့ တန်ဖိုးကို နားမလည်တာရယ်
    နားလည်ပါးရိုက် လက်တလုံးခြား လုပ်တာရယ်………………..
    အဲ့ဒီ လွတ်လပ်ခြင်း ဆိုတာကိုဘဲ စည်းနဲ့ကမ်းနဲ့
    အနှစ်သာရ ရှိရှိ မခံစားတတ်
    အသုံးမချတတ်
    နားလည်မှုလွဲ
    ဝိဝါဒကွဲ နေကြတာပါ ခင်ည …..

  • pooch

    August 18, 2012 at 4:15 pm

    သူ့နေရာနဲ့သူပေါ့ ကိုဘုန်းကျော်ရယ် အကောင်းအဆိုးကတော့ နေရာတိုင်းမှာ ဒွန်တွဲနေတာပါပဲ။

  • kyeemite

    August 18, 2012 at 4:37 pm

    လွတ်လပ်တယ်ဆိုတာစည်းကမ်းနဲ့တွဲနေမှကောင်းတာပါ..
    ဗိုလ်ချုပ်ပြောသလိုပေါ့..လွတ်လပ်ပြီကွဆိုပီး လမ်းမပေါ်ဆေးရိုးတက်လှမ်းတာတော့
    ဘယ်ဖြစ်သင့်ပါ့မလဲ..စည်းမရှိကမ်းမရှိနေချင်သလိုနေလို့ရတယ်ဆိုတာ
    ပျော်စရာ နှစ်ချိုက်စရာတစ်ခုမဟုတ်ပါ..ဒါကြောင့် မြန်မာနိုင်ငံဟာ လွတ်လပ်ပါတယ်ဆိုတာ
    ရွဲ့ပြောတာပါ…လွပ်လပ်ပါတယ်ဆိုတာမှန်ရင် လူ့အခွင့်အရေးကိုရော ဘယ်နားသွားထားမလဲ..
    တကယ်တော့ နုံချာတဲ့အစိုးရအုပ်ချုပ်တဲ့ တိုင်းပြည်မို့ ဥပဒေတွေရှိရက်နဲ့ မစည်းကြပ်နိုင်လို့
    ဗရမ်းဗတာဖြစ်နေတာစိတ်ပျက်စရာပါ…အဘဖေါကပြောသေးတယ်…
    Even, မြန်မာပြည် မှာ ပြဿနာရှိလာရင်လည်း ၊
    ငွေနှင့်ပေါက်ပြီး အကုန် နီးပါး ဖြေရှင်းလို့ ရပါတယ် ။

    အဲဒါအဓိကပြသနာပါဘဲ..ငွေမရှိ ဆင်းရဲသားနင်းပြားများအဖို့မှာတော့
    ဥပဒေရဲ့ ကာကွယ်မှုလည်းမရ.နာမကျန်းလို့မှ.ဆေးကုသခွင့်လည်းမရ
    ငွေကြေးမတတ်နိုင်လို့ အစိုးရက လူရာသွင်းပြီးထည့်တောင်စဉ်းစားတာမဟုတ်…
    ဒါနဲ့များလာလာချည်သေး..ဘာတဲ့`ဆင်းရဲမွဲတေမှုပပျောက်ရေး´ဆိုလား..
    ပပျောက်သွားမှာသေချာပါရဲ့..ငတ်လို့ ဆေးဝါးမကုသနိုင်လို့
    အလိုလိုသေကုန်ပြီးပပျောက်သွားမှာ…တကယ်တော့ ငွေကြေးတတ်နိုင်သူတွေ
    လုပ်ချင်ရာလုပ်လို့ရတဲ့ ပျော်စရာနိုင်ငံကြီးဆိုပေမဲ့….
    သာမန်လက်လုပ်လက်စားပြည်သူကိုးဆည်ရာခိုင်နှုံးအတွက်တော့
    လူကိုလူလို့တန်ဘိုးထားမခံရတဲ့ တကယ့်လောကငရဲပါ..

    • Foreign Resident

      August 18, 2012 at 5:10 pm

      ” ဒါကြောင့် မြန်မာနိုင်ငံဟာ လွတ်လပ်ပါတယ်ဆိုတာ ရွဲ့ပြောတာပါ ”

      ဪ ကြည့် ။
      အဘက လူကြိုက်များမလားလို့ ပြောမိပြန်တော့လည်း ၊
      ရွဲ့ ပြောတယ် ထင်ကြပြန်ရော ။
      ဒုတ်ခွ ။ ဒုတ်ခွ ။ 😛

  • ပင်လယ် ပျော်

    August 18, 2012 at 5:06 pm

    အခုလိုဖြစ်နေတာကိုလွတ်လပ်တယ်လို ့မခေါ်ပါဘူး.. .မြန်မာပြည်မှာလဲ နေရာတိုင်းအတွက်ဥပဒေရှိပါတယ်… အားလုံးသိတဲ့အတိုင်းပဲ… အကုန်လုံးလျှော့တိလျှော့ရဲဖြစ်နေတယ်… စည်းကမ်းမရှိဖြစ်နေတယ်… ဒီလိုဖြစ်ချင်တိုင်းဖြစ်နေတာကို အပေါ်ယံ ကြောကြည့်ရင် လွတ်လပ်တယ်လို ့ထင်ရတယ်…ေ သချာကြည့်မယ်ဆိုရင် ဒီအတွက်ဒုက္ခရောက်တဲ့လူတွေအများကြီးရှိပါတယ်… ကိုယ်ကလုပ်ချင်တိုင်းလုပ်တော့ တစ်ဖက်ကသက်ရှိဖြစ်စေသက်မဲ့ဖြစ်စေ နစ်နာမှုတွေဖြစ်စေတယ်… ဥပမာ မပေးတော့ဘူး..ဘာလို ့လဲဆိုတော့ အားလုံးပဲကြုံတွေ ့ဖူးမယ်ထင်လို ့ပါ… ကိုဘုန်းကျော်တို ့ရဲ့ဩစီက စည်းကမ်းတင်းကျပ်ထားတော့ အပြစ်ရှိတဲ့သူပဲဒဏ်ခတ်ခံရမှာပါ.. .တစ်ခြားသူ မထိခိုက်ပါဘူး… ဒီ်မှာချက်ချင်းတင်းကျပ်လိုက်ရင် ဘာဖြစ်သွားမလဲ… လူအများစုဒုက္ခရောက်သွားမယ်… အိုးမဲ့အိမ်မဲ့ဖြစ်သူနဲ ့ဈေးသည်တွေရောင်းမရတာနဲ ့စသည်ပေါ့ဗျာ…… စည်းကမ်းရှိအောင်ပြုပြင်ဖို ့ဆိုတာကလဲ ခက်ခဲလှပါတယ်… ဒီတော့အားလုံးအတွက် ချင့်ချိန်ပြီးလုပ်မှရမှာပါ…တစ်စတစ်စနဲ ့ပြုပြင်ပြောင်းလဲမှဖြစ်မှာပါ… “တစ်နေ ့တစ်လံ ပုဂံဘယ်ရွှေ ့မလဲ”ပေါ့ဗျာ…..

    • Foreign Resident

      August 18, 2012 at 5:12 pm

      ” ဒီ်မှာချက်ချင်းတင်းကျပ်လိုက်ရင် ဘာဖြစ်သွားမလဲ…
      လူအများစုဒုက္ခရောက်သွားမယ်
      ဒီတော့အားလုံးအတွက် ချင့်ချိန်ပြီးလုပ်မှရမှာပါ…
      တစ်စတစ်စနဲ ့ပြုပြင်ပြောင်းလဲမှဖြစ်မှာပါ…”

      မှန်ပါတယ်ကွယ် ။

  • မင်း ခန့် ကျော်

    July 18, 2014 at 12:50 pm

    အခုဆိုရင် ပိုတောင်လွတ်လပ်သေး :mrgreen:

  • အရီးခင်

    July 18, 2014 at 1:03 pm

    အော် ကိုဘုန်းကျော် ၊ ကိုဘုန်းကျော်
    ရှင်ကတော့ ရက်ရက်စက်စက် ပစ်ထားခဲ့ ပေမဲ့ ရှင့် စာတွေက ကျန်တုန်း။
    လာကြည့် လှည့်ပါအူးလား လူ ဆိန်းဂါးဂျီး ရဲ့။ :-)))

Leave a Reply