“ငါ တ လုံး နယ်-သုံး ဆယ့် တ ဘုံ”
လယ် တီ ဆ ရာ တော် ဘု ရား ကြီး သည် ။ ရ ဟန်း ရှင် လူ အ ပေါင်း တို ့အား ။ သံ သ ရာ ဒု က္ခ မှ ကျွတ် လွတ် ရန် ။ အ လင်း ကြီး ငါး ပါး နှင့် ။ ဓါတ် ခြေ ခံ ပါး က မ္မဋ္ဌာန်း ပ္ပါး နည်း တို ့ဖြင့် စီ ရင် တော် မူ သော – အ လင်း ကျမ်း ။ နှင့် ပ ဋိ စ္စ သ မု ပ္ပါဒ် အ ကျဉ်း ။ သံ ဝေ ဂ လေး ချိုး ကြီး – စ တု ထ္ထ ပိုဒ် တွင် ပါ ရှိ သော ။ ငါ တ လုံး နယ် အ ဓိ ပ္ပါယ် ဖွင့် ဆို ထား ချက် အား ။ ဂေ ဇက် ရွာ စာ ချစ် သူ တို ့အား ။ ဗ ဟု တ အ ဖြစ် ပြန် လည် ဝေ ငှ အပ် ပါ သည် ။
ငါ တ လုံး နယ် ဆို သည် ကား ။
ငါ – ဟူ သော အ က္ခ ရာ တ လုံး ၏ ကျင် လည် ရာ နယ် ကို ဆို လို သည် ။ ထို ငါ အ က္ခ ရာ သည် ကား ။ သ မု ဒ ယ သ စ္စာ တ ဏှာ မှ ထွက် လာ သော တ ဏှာ မှ တ ဏှာ ၏ တမ်း ခွန် ပေ တည်း ။ မီး မှ ထွက် သော မီး ခိုး ကို မီး ၏ တမ်း ခွန် ဆို သ ကဲ့ သို ့ ့တည်း ။
ကာ မ တ ဆဲ့ တ ဘုံ တွင်း ရှိ ခ န္ဓာ စု သည် ကာ မ တ ဏှာ ဘန် ဆင်း အုပ် စိုး သော ခ န္ဓာ စု ပေ တည်း ။ ရှူ ပ တ ဆဲ့ ခြောက် ဘုံ ရှိ ခ န္ဓာ စု ကို ရှူ ပ တ ဏှာ ဘန် ဆင်း အုပ် စိုး မှု ပေ တည်း ။ အ ရှူ ပ လေး ဘုံ ရှိ ခ န္ဓာ စု ကို အ ရှူ ပ တ ဏှာ ဘန် ဆင်း အုပ် စိုး မှု ပေ တည်း ။ အုပ် စိုး ကြောင်း ကို လည်း မ ခံ ချင် တတ် သော သူ တ ယောက် ကို ခြေ နှင့် တို ့၍ စမ်း ။ ငါ့ ကို ခြေ နှင့် တို ့ရာ သ လော ဟု တို ့ရာ တိုင်း က ငါ့ အ က္ခ ရာ ပေါ် လ တ္တံ ့။ မင်း စိုး ရာ ဇာ တို ့မှာ မိ မိ တို ့အုပ် စိုး ရာ နိုင် ငံ တွင်း ဝယ် ဘယ် နေ ရာ ကို မ ဆို နိုင် ငံ ခြား မင်း တ ပါး တို ့က ထိ ပါး လာ ငြား အံ့ ရာ ဇ မာန် ငါ့ အ က္ခ ရာ ပေါ် လာ လ တ္တံ ့။ ထို ့ကြောင့် သုံး ဆယ့် တ ဘုံ ကို ငါ တ လုံး နယ် ဆို ပေ သည် ။
သုံး သွယ် မြုံ သိုက် ဆို သည် ကား ။ ကာ မ ဘုံ တ သွယ် ။ ရှူ ပ ဘုံ တ သွယ် ။ အ ရှူ ပ ဘုံ တ သွယ် ပေ တည်း ။ ။ မြူ မ ချန် ဟူ သည် ကား ။ ဖြစ် ဘက် ပျက် ဘက် စ ကြ ဝ ဠာ ကု ဋေ တ သိန်း ကို အ စု စု ထား ၍ ရှူ ။ ။ တည် ဆဲ က မ္ဘာ မှ ရှေး အ န မ တ ဂ္ဂ အ တိတ် က မ္ဘာ စု တွင် တ ခု ခု သော က မ္ဘာ နှိုက် စ ကြ ဝ ဠာ ကု ဋေ တ သိန်း ရှိ သော ရေ မြေ တော တောင် စ သော အ ဝိ ညာ ဏ က ခ န္ဓာ ခဲ စု ။ လူ ကောင် နတ် ကောင် နွား ကောင် ကျွဲ ကောင် ဆင် ကောင် မြင်း ကောင် စ သော သ ဝိ ညာ ဏ က ခ န္ဓာ ခဲ စု သည် ယ ခု မြူ မျှ မ ရှိ ပြီ ။
ဤ က မ္ဘာ တွင် လည်း ဤ အ န္တ ရ ကပ် တွင် လည်း အာ ယု ကပ် ဟူ သော အ သက် တမ်း ခြင်း ပိုင်း ၍ ရှူ ။ အ သက် တမ်း တွင် လည်း တ ရာ တမ်း ဖြစ် လျှင် ရှေ ့တ ရာ နောက် တ ရာ ပိုင်း ၍ ရှူ ။ ။ ရှေ ့တ ရာ တွင် အ စ စွာ ရှိ နေ သော ခ န္ဓာ စု သည် ။ နောံ့ နောံ့ တ ရာ တို ့၌ မြူ မျှ အ ကြွင်း အ ကျန် မ ရှိ ပြီ ။ အ မြဲ စ တေ ၊ မ စဲ ချွေ ဆို သည် ကား ။ ဘယ် အ ချိန် မှာ မ ဆို ဘယ် အ ရပ် မျက် နှာ ကို မ ဆို လက် ညိုး ထိုး လိုက် လျှင် ထိုး ရာ တိုင်း ထိုး ရာ တိုင်း မှာ ပင် လက် ညိုး တဲ့ ရာ အ ရပ် မျက် နှာ သေ ဆဲ သ တ္တ ဝါ အ န န္တ အ နန္တ ထိုး မိ သည် ချည်း မည် ၏ ။
အ မှိုက် ကယ် ဝဋ် နွယ် ဆို သည် ကား ။ ရာ ဂ မီး ။ ဒေါ သ မီး ။ မော ဟ မီး ။ ဇာ တိ မီး ။ ဇ ရာ မီး ။ မ ရ ဏ မီး ။ သော က မီး ။ ပ ရိ ဒေ ဝ မီး ။ ဒု က္ခ မီး ။ ဒေါ မ န ဿ မီး ။ ဥ ပ ယာ သ မီး ။ ဟူ သော တ ဆဲ့ တ ပါး သော မီး တို ့ ၏ ။ လောင် စာ လောင် သင်း မြက် ထင်း အ မှိုက် တွေ သာ ဖြစ် ချေ ၍ သုံး ဆဲ့ တ ဘုံ တွင် လက် ရှိ လက် မဲ့ အ လုံး စုံ အ ကုန် ကို အ မှိုက် စု အ မှိုက် ခဲ တွေ ဆို ပေ သ တည်း ။
အ သက် ရှိ ဖြစ် သော ကိ လေ သာ တ စု ။ ကံ တ စု ။ ဝိ ပါက် တ စု ။ သုံး စု ခွဲ ၍ အ ဝိ ဇ္ဖာ တ ဏှာ ဥ ပါ ဒါန် ဤ သုံး ပါး သည် ကိ လေ သာ စု တည်း ။ သ င်္ခ ါ ရ က မ္မ ဘ ဝ ဤ နှစ် ပါး သည် ကံ စု တည်း ။ ဝိ ညာဏ် ၊ နာမ် ရုပ် ၊ သ ဠာ ယ တ န ၊ ဖ ဿ ၊ ဝေ ဒ နာ ဤ ငါး ပါး သည် ဝိ ပါက် စု တည်း ။ အ ဝိ ဇ္ဖာ ၊ တ ဏှာ ၊ ဥ ပါ ဒါန် ရှိ လျှင် သ င်္ခ ါ ရ က မ္မ ဘ ဝ ဟု ဆို အပ် သော သု စ ရိုက် ဒု စ ရိုက် ဖြစ် ပေါ် မြဲ ။ သု စ ရိုက် ဒု စ ရိုက် ကံ မှု ရှိ လျှင် ဘ ဝ သစ် ခေါ် ရ သော ဝိ ပါက် အ စု ဧ ကန် ဖြစ် ပေါ် မြဲ ။ ဝိ ပါက် အ စု ဖြစ် ပြန် ၍ လူ ကောင် နတ် ကောင် ဖြစ် ပြန် လျှင် ထို လူ ကောင် နတ် ကောင် ကို အစွဲ ပြု ၍ ကိ လေ သာ အ စု ဖြစ် ပေါ် မြဲ ။ ငါ ငါ ဟူ ၍ ၎င်း ။ ငါ့ ဟာ ငါ့ ဟာ ဟူ ၎င်း ။ ငါ့ အ တ္တ ငါ့ အ တ္တ ဟူ ၍ ၎င်း ။ ငါ မင်း ၊ ငါ ပု ဏ္ဏား ၊ ငါ သူ ဌေး ၊ ငါ သူ ကြွယ် ဟူ ၍ ၎င်း ၊ ငါ နတ် ၊ ငါ သ ကြား ၊ ငါ ဗြ ဟ္မာ ၊ ငါ ဣ တ္ထိ ၊ ငါ ပု ရိ သ ဟူ ၍ ၎င်း ။ ဤ သို ့စ သည် ဖြင့် စွဲ လမ်း သော ကိ လေ သာ တို ့သည် ဗာ လ ပု ထု ဇ္ဖန် တို ့မှ ဧ ကန် ဖြစ် ပေါ် မြဲ ဟူ လို သည် ။
ကိ လေ သာ ရှိ ပြန် လျှင် လည်း ကံ အ စု ဧ ကန် ဖြစ် ပွား မြဲ ။ ကံ အ စု ဖြစ် ပွား ၍ ထင် ရှား ရှိ ပြန် လျှင် လည်း ဘ ဝ သစ် ခ န္ဓာ သစ် ဟူ သော ဝိ ပါက် ကောင် ဧ က န္တ ပေါ် မြဲ ။ ဝိ ပါက် ကောင် ပေါ် ပြန် လျှင် လည်း သာ ယာ စွဲ လမ်း သော ကိ လေ သာ စု ဧ က န္တ ဖြစ် လာ မြဲ ။ ဤ သို ့အ မှန် လေး ချက် ကို အ ပိုင် သိ သော ယ ထာ ဘူ တ ဉာဏ် ကို မ ရ သ မျှ ကာ လ ပတ် လုံး မ ရပ် မ တည် ဟူး ဟူး လည် ၍ နေ သော ကြောင့် အ စု ကြီး သုံး ပါး ကို ဝဋ် နွယ် ဆို သည် ။ ။ အ ဖြစ် မ စဲ ၊ အ သစ် လဲ ၊ သဲ သဲ ကြွယ် ဟူ သည် ကား ။ အ သေ မီး က မြူ မျှ မ ကျန် အောင် အ တွင် လောင် ၍ လိုက် ငြား သော် လည်း စ ကြ ဝ ဠာ အ န န္တ နှင့် အ ပြည့် အ ပြည့် ပင် မ စဲ မ ပြတ် အ သစ် သစ် ဖြစ် ပေါ် ပြောင်း လဲ ၍ စ ကြ ဝ ဠာ အား လုံး အုံး အုံး သဲ သဲ အ မြဲ စည် ပင် ပြည့် ကြွယ် သည့် သာ ဖြစ် ၏ ဟူ လို သည် ။
အ ကယ် မ ထောက် ၊ သူ က သာ မောက် တော့ ဆို သည် ကား ။ ထို ကဲ့ သို ့စ ကြ ဝ ဠာ အ န န္တ လုံး ပြည့် အောင် အ သစ် အ သစ် မ စဲ အောင် ဖြစ် ပွား ၍ နေ သော် လည်း ။ သ င်္ခါ ရ တို ့က ပို မို ၍ သွား နိုင် သည် မ ရှိ အ သေ မီး က သာ ပို မောက် လျှက် ရှိ တော့ သည် ဟူ လို ။
ဖြစ် သ မျှ သော သ င်္ခ ါ ရ တို ့မည် သည် ပျက် ခြင်း လျှင် အ ဆုံး ရှိ ကြ ကုန် ၏ ။ ပျက် ခြင်း ကို လွန် ၍ အ မြဲ တည် နေ နိုင် သော သ င်္ခ ါ တ ရား ဟူ ၍ တ စုံ တ ခု မျှ မ ရှိ ။ နောံ့ နောံ့ က မ္ဘာ ၊ ဘန် ဘန် လာ လဲ ၊ အ စာ သူ ့တွင် တ စု သာ ဝင် ကြ ရ ဆို သည် ကား ။ နောံ့ နောံ့ က မ္ဘာ သစ် ဆက် ၍ စ ကြ ဝ ဠာ အ န န္တ နှင့် အ ပြည့် အ ပြည့် ဖြစ် လာ သော သ င်္ခ ါ ရ ဓ မ္မ တို ့သည် မ ရ ဏ မီး ၏ အ စီး အ ပွား သာ ဖြစ် ကုန် ၍ သူ ့လက် တွင်း ၌ မီး စာ ထင်း မှိုက် အ ဖြစ် နှင့် သာ တ ခု မ ကျန် တ လုံး တ စု တည်း ဝင် ကြ ရ ကုန် ၏ ဆို လို သည် ။
အ ဟုတ် ဉာဏ် မ တင် စီး နိုင် ရ ဆို သည် ကား ။ တ ယောက် ယောက် သော ပြည့် ရှင် မင်း သည် ဘီ လူး မ ကို အ တု မ ရှိ လှ ပ သော မင်း သ မီး မှတ် ထင် ၍ နန်း တင် လေ ၏ ။ ထို မင်း သည် ဘီ လူး ၏ ကြောက် ဘွယ် ဆိုး ရွား သော ဇာ တိ ရုပ် သွင် ကို မြင် နိုင် သော ဒိ ဗ္ဗ စ က္ခု နတ် ဆေး မ ရ သေး သ မျှ ကာ လ ပတ် လုံး ထို ဘီ လူး မ ၏ နတ် သ မီး အ သွင် ထင် မြင် အောင် ဘန် ဆင်း ၍ မာ ယာ ပ ရိ ယာယ် ဖြင့် ပြု သ မျှ သော အ တင် အ စီး တို ့ကို ခံ ရ လေ ၏ ။ ဒိ ဗ္ဗ စ က္ခု နတ် ဆေး ကို ရ ၍ မျက် စိ ၌ ကွင်း ၍ ကြည့် သော အ ခါ မှ ဇာ တိ ရုပ် သွင် ကို ဟုတ် တိုင်း မြင် ရ သ ဖြင့် ချည် နှောင် ရိုက် ခတ် အ သေ သတ် ၍ ထို မင်း က တင် စီး နိုင် လေ ၏ ။
ထို အ တူ ဤ သ တ္တ ဝါ အ ပေါင်း တို ့သည် ။ ယ ထာ ဘူ တ ဉာဏ် ကို မ ရ ကြ သေး သ မျှ ကာ လ ပတ် လုံး သ င်္ခ တ ရုပ် နာမ် တ ရား တို ့၏ အ တင် စီး ကို ခံ နေ ကြ ရ ကုန် ၏ ။ တင် စီး ပုံ ကား ။ ပု ဂ္ဂိုလ် သ တ္တ ဝါ ယောက် ကျား မိန်း မ မ ဟုတ် ကြ ကုန် သော ရုပ် နာမ် တ ရား တို ့သည် ပု ထု ဇ္ဇန် သ တ္တ ဝါ တို ့အား ပု ဂ္ဂိုလ် သ တ္တ ဝါ ယော ကျ်ား မိန်း မ ထင် အောင် ပြ ၏ ။ ပု ဂ္ဂိုလ် ထင် ကြ ရ ၏ ။ သ တ္တ ဝါ ထင် ကြ ရ ၏ ။ ယော ကျ်ား မိန်း မ ထင် ကြ ရ ၏ ။ ပု ဂ္ဂိုလ် သ တ္တ ဝါ ယော ကျ်ား မိန်း မ အ လှ အ ယဉ် ထင် မြင် စွဲ လန်း ကြ ၍ ချစ် ကြ ခင် ကြ ကုန် ၏ ။ ချစ် မှု ခင် မှု သည် သံ သ ရာ ၌ မာ ရ် မင်း င ရဲ မင်း ကြီး တို ့၏ သံ ကြိုး သံ လွန် ပေ တည်း ။ ထို သံ ကြိုး သံ လွန် တို ့ဖြင့် အ သဲ နှ လုံး တို ့၌ အ တင်း အ ကြပ် ချည် တုတ် မိ လျက် ရှိ နေ ကြ ကုန် သော အ န္ဓ ပု ထု ဇ္ဇန် သ တ္တ ဝါ တို ့သည် မာ ရ် မင်း င ရဲ မင်း တို ့၏ လက် မှ မ လွတ် နိုင် ကြ ကုန် ပြီ ။
ဤ ကား သ င်္ခ တ ရုပ် နာမ် တို ့၏ ဇာ တိ အ သွင် ကို ထင် မြင် နိုင် သော ယ ထာ ဘူ တ ဉာဏ် ကို ရ ၏ ။ ထို အ ခါ မှ စ ၍ က လျာ ဏ ပု ထု ဇ္ဇန် စူ ဠ သော တာ ပန် အ ဖြစ် သို ့ရောက် ကြ ကုန် ၍ ရုပ် နာမ် တ ရား တို ့၏ တင် စီး ချက် မှ လွတ် စ ပြု ၏ ။ ရုပ် နာမ် တ ရား တို ့ကို မိ မိ တို ့က အ နိ စ္စ ဟူ ၍ တင် စီး နိုင် ကြ ကုန် ၏ ။ ဒု က္ခ ဟူ ၍ ၊ အ န တ္တ ဟူ ၍ ၊ ပု ဂ္ဂိုလ် မ ဟုတ် ဟူ ၍ ၊ သ တ္တ ဝါ မ ဟုတ် ဟူ ၍ ၊ ယော ကျ်ား မိန်း မ ဟူ ၍ ၊ သူ မ ဟုတ် ဟူ ၍ ၊ ငါ မ ဟုတ် ဟူ ၍ ၊ တင် စီး နိုင် ကြ ကုန် ၏ ။ အ ဟုတ် အ မှန် အ မြင် သန် သော ယ ထာ ဘူ တ ဉာဏ် ဖြင့် နာမ် ရုပ် တ ရား တို ့ကို အ ပြစ် ဒေါ သ ဘေး ဘ ယ တို ့နှင့် ရှုတ် ချ ဘိ စီး နိုင် ကုန် ၏ ။ ဤ ကား က လျာ ဏ ပု ထု ဇ္ဇန် စူ ဠ သော တာ ပန် တို ့က ရုပ် နာမ် တ ရား တို ့ကို တင် စီး ပုံ တည်း ။
ဤ ကဲ့ သို ့ယ ထာ ဘူ တ ခေါ် သော အ ဟုတ် ဉာဏ် ဖြင့် သ င်္ခ တ ရုပ် နာမ် တို ့ကို မ တင် စီး နိုင် ရ မ ဘိ စီး နိုင် ရ ဆို လို သည် ။
သည် မီး တာ ဘယ် တ ကိန်း မှာ မှ ၊ ငြိမ်း ပါ့ မယ် လို ့ဆို သည် ကား ။ ဘုံ တ ခွင် ကို အ တွင် လောင် မြိုက် ။ အ ပြောင် တိုက် ၍ နေ သော အ သေ မီး နှင့် တ ကွ တ ဆဲ့ တ ပါး သော မီး တို ့၏ တာ ဝန် မှ လွတ် ငြိမ်း ခွင့် ကို ဘယ် တ ကိန်း မှာ ရ ပါ အံ့ နည်း ဆို လို သည် ။ တ ကိန်း ဆို သည် ကား ။ တ ဆူ တ ဆူ သော မြတ် စွာ ဘု ရား တို ့၏ ဖြစ် ပွင့် တော် မူ ရာ သာ သ နာ ကျွတ် ကိန်း ကြီး ကို သာ သ နာ ကျွတ် ပွဲ ကြီး ကို ဆို သည် ။။
(ငါ တ လုံး နယ်- သုံး ဆဲ့ တ ဘုံ ၊ အ နက် အ ဓိ ပ္ပါယ် ကို ဘော် ပြ ရာ ဖြစ် သော သံ ဝေ ဂ လေး ချိုး ကြီး ဖြစ် ပါ သည် )
၁၂၈ရခုနှစ်။တန်းခူးလ။၈၄-လမ်း၊ဓါးတန်း။ဂုဏဝတီစာပုံနှိပ်တိုက်။မှထုတ်ဝေသောအလင်းကျမ်းစာအုပ်မှကူးယူဖော်ပြခြင်းဖြစ်ပါသည်။
7 comments
ကြောင်ကြီး
August 20, 2012 at 5:28 am
ဒါဆို အနော်တို့သဂျီး ကျန်ခဲ့ဗျံပီပေါ့နော်…။
ကျွတ်ပွဲ
ချွတ်လွဲ
စွပ်ဆဲ
ဗြွတ်တွဲ
မွတ်သဲ
အွတ်ကနဲ..။
YE YINT HLAING
August 20, 2012 at 5:58 am
နှစ်ပြည်ထောင်မင်းနှစ်ပါးဟာ ထီးနန်းကို စွန့်ပြီး တောအရပ်မှာ ကျောင်းငယ်လေး ဆောက်တည် သီတင်းသုံးကြသတဲ့ ။ တချိန်က ဘုရင်နှစ်ပါး ဖြစ်ခဲ့တဲ့ အဲဒီရဟန်း နှစ်ပါးဟာ တနေ့တော့ မိုးလေကျတာနဲ့ ဆွမ်းခံ မကြွနိုင်တာမို့ ဆွမ်းအလို့ငှါ တောကျောင်းမှာပဲ ချက်ပြုတ်ကြသတဲ့ ။ အဲဒီမှာ တပါးသော ရဟန်းက ဆွမ်းဟင်းကို မြည်းကြည့်ရင်း အတန်ငယ် အရသာပေါ့နေတာတွေတော့ ကျောင်းခေါင်မိုး တံဆက်မြိတ်မှာ သူထိုးပြီး သိမ်းစည်းထားခဲ့တဲ့ ဆားထုပ်ကိုယူပြီး ဟင်းအိုးထဲ ခပ်သတဲ့ ။ ဆွမ်းဘုန်းပေးချိန်ရောက်တော့ နှစ်ပါးလုံး ဘုန်းပေးကြတာပေါ့ ။ ဆွမ်းဘုန်းပေးပြီး တနေ့တာကာလရဲ့ အချိန်တွေ တဖြေးဖြေးကုန်လာတော့ ဟင်းအိုးထဲ ဆားခပ်ခဲ့တဲ့ ရဟန်း က ကျန်ရဟန်း ကို ” ကိုယ်တော် ! တနေ့ လုံး စကား တစ်ခွန်းမှ မပြောပါလား ! ဘယ်လိုအကြောင်းများ ရှိလို့ပါလဲ ” လို့လျှောက်တော့ နှုတ်ဆိတ်နေတဲ့ ရဟန်းက ” ကိုယ်တော် ! ထီးနန်းကိုတောင် စွန့်ပြီး တောအရပ်မှာ လာပြီးတရား အားထုတ်နေပြီ ။ ဘယ်သဟာကြောင့် တွယ်တာပြီး တံဆက်မြိတ်မှာ နေ့ဖို့ညစာသိမ်းရ သနည်း ။ ” လို့ ပြန်လျှောက်တော့ ဆားခပ်ရဟန်းလည်း သူ့အမှားသူသိသွားသတဲ့ ။ ( တရားစာဖတ်ပြီး တချိန်က စစ်ကိုင်းတိုင်း ကလေးမြို့ နယ် နတ်ချောင်းကျေးရွာ တောရကျောင်းမှာ သင်းကြန်တွင်း ( ရ ) ရက် တရားစခန်းဝင်တုန်းက တရားပြဆရာတော် ဟောကြားခဲ့တဲ့ နာခဲ့ဘူးတဲ့ တရားလေး သတိရ သွားတာပါ )
နာယူဖတ်ရှုသွားပါတယ် အန်တီအေး ခင်ဗျာ !
ကြောင်ကြီး
August 20, 2012 at 8:10 am
ဒီဖက်ခေတ်မှာလည်း ရှိပါတယ်ဗျ။ ထင်ရှားတဲ့ ဆရာတော်ကြီးတပါး (လယ်တီဆရာတော်ကြီးလားမသိ မသေချာ) နယ်တနယ်ရောက်တော့ တောထွက် ဧရီစာကျင့်နေတဲ့ ရသေ့တပါးဆီကြွတယ်။ လူတရပ်စာ တဲအဝင်ဝ ဆံမြိတ်မိုးပေါ်မှာ ရသေ့ကြီး လိုရမယ်ရ ဆောင်ထားတဲ့ ဆားထုပ်တွေ့တော့ အကုန်လုံးစွန့်လာပြီးမှ ဆားထုပ်မက်နေရသလားလို့ မာန်မဲသတဲ့..။ ကျုပ်တို့ သဂျီးနဲ့တော့ ကွာပါ့ဗျာ။ သူ့ခင်မျာ အသက်၆ဝရှိပြီ၊ ရှာလို့ကောင်းတုန်း၊ သိပ်လောဘမကြီးနဲ့ သဂျီးရေ သေရင် ပါမသွားဘူး၊ သမီးဒေါ်လေးအတွက် ရှာတယ်ဆိုရင် အားပေးပါတယ်၊ ကြောင်ကြီးက အခြစ်ပဲ ချမ်းသာတာဗျ။ 😳
aye.kk
August 26, 2012 at 12:05 pm
ကြောင်ကြီး..ရေ။
သံသရာဒုက္ခမှကျွတ်လွတ်ရန်၊အသိတရားရှိဘို ့အတွက်
ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီးရေးသားခဲ့တာတွေက
တန်ဖိုးမဖြတ်နိုင်အောင်အဖိုးထိုက်တန်လှပါတယ်။
—————————————————————————————————
YE YINT HLAING…ရေ။
နာယူဖတ်ရှူသွားတယ်ဆိုတာ
သိရလို ့ဝမ်းသာမိပါတယ်။
ဖြည့်စွက်ပြီးပြောပြတာလည်းကျေးဇူးပါနော်။
MaMa
August 26, 2012 at 8:07 pm
ကျေးဇူးရှင် လယ်တီဆရာတော်ကြီးဘုရားကြီး ရေးသားခဲ့တဲ့ ရှေးဟောင်းရှားပါးစာပေကို ဂေဇက်ရွာမှာ မှတ်တမ်းတင်ပေးလိုက်နိုင်တာပဲ။
စာအုပ်က ၁၂၈ရ ခုနှစ်က ဆိုတော့ နှစ်ပေါင်း ၉ဝ လောက်တောင် ရှိပြီနော်။
တိုက်တိုက်ဆိုင်ဆိုင် ၁၂၈ရ ခုနှစ်က အဖေမွေးတဲ့ ခုနှစ် ဖြစ်နေတယ်။
တဏှာစွဲကနေ ဖြစ်လာတဲ့ ငါဆိုတဲ့ စကားတစ်လုံးကြောင့် ၃၁ ဘုံကနေ မထွက်နိုင်ဖြစ်ကြရတယ် ဆိုတာကို မှတ်သားသွားပါတယ်။
ကြောင်ကြီး
August 26, 2012 at 8:12 pm
သဂျီးတို့များ ဂရုတောင်မစိုက်၊ ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့မထင်…။ ရောက်အုံးမယ် နိဗ္ဗာန်..။
aye.kk
September 8, 2015 at 4:17 pm
မမ
ဖတ်ရှုအားပေးတာ
ကျေးကျေးပါ
ကြောင်ကြီး
ဒီနယ်ထဲမှာ သံသရာလည်နေကြတာပါ။