နိုင်ငံများ၏ အမည်များ

အညာတမာAugust 20, 20121min18815

၂၀၀၄ ခုနှစ် ဧပြီလထုတ် Reader Digest မဂ္ဂဇင်း၏ စာမျက်နှာ ၁၁ရ တွင် နိုင်ငံများ၏ တရားဝင်အမည်များနှင့်ယှဉ်၍ ကမာ္ဘကရှေးယခင်ကပင် သိထားပြီး အမည်များကို ဖော်ပြထားပါသည်။

ဖော်ပြထားသောနိုင်ငံများမှာ…..

တရားဝင်အမည်                             ကမာ္ဘကသိနှင့်ပြီးသောအမည်

(၁)     EllasGreece

(၂)     Shqiperia                                    Alvania

(၃)     Al-Maghriba-Aqsa                         Morocco

(၄)     Zhong Guo                                 China

(၅)     Suomi                                        Finland

(၆)     Konunggariket Sverige                  Sweden

(၇)     Bharat                                       India

(၈)     Magyarorszag                             Hungary

(၉)     Swweiz                                                Switzerland

(၁၀)    Nihou (Nipou)                             Japan

(၁၁)    Deutseh Land                              Germany

(၁၂)    Espaniol                                     Spain

ပြီးတော့ မြန်မာကိုတော့ ဒီလိုရေးထားပါတယ်။

(၁၃)    Myanmar                                    Burma

အထက်ပါဖော်ပြချက်ကို ကြည့်လိုက်လျှင် ကမာ္ဘ့အင်အားကြီးနိုင်ငံများဖြစ်သော တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည်ပင် ၎င်းတို့၏ တရားဝင်အမည်များအစား လူသိများပြီးဖြစ်သော အမည်များကို အသိအမှတ်ပြု သုံးစွဲနေကြပါသည်။ Made in China, India Airlines စသည်ဖြင့်၎င်း၊ အရှေ့၊ အနောက် စက်မှုနိုင်ငံကြီးများဖြစ်သော ဂျပန်၊ ဂျာမဏီ တို့သည်လည်း ၎င်းတို့၏ တရားဝင် အမည်များဖြစ်သည့် Nihou (Nipou), Deutseh Land အစား ကမာ္ဘကသမိုင်းနှင့်ချီ၍ သိပြီးဖြစ်သော Japan, Germany ဟူ၍သာ စိတ်လိုလက်ရ အသုံးပြုနေကြကြောင်း တွေ့ရှိရမည်ဖြစ်ပါသည်။

ကမာ္ဘ့လူသားတို့သည် ပထဝီ၊ သမိုင်း ဘာသာရပ်များ လေ့လာ သင်ကြားစဉ်ကတည်းက ရင်းနှီးပြီးသား တိုင်းပြည်အမည်များကို ကြားလိုက်ရသည်နှင့် ဘယ်နေရာတွင်ရှိသည်၊ ဘယ်လိုတိုင်းပြည်မျိုး ဖြစ်သည်ကို ခေါင်းထဲတွင် ပုံရိပ်ထင်ပေါ်စေပါသည်။ ကမာ္ဘ့လူအများစု၏ လျှာပေါ်တွင် ခေါ်၍လွယ်ကူသော စကားလုံးများသည်သာ ပို၍ မှတ်သားရ လွယ်ကူမည်သာ ဖြစ်တော့သည်။

ဒီကဗျာလေးကိုလည်းခံစားကြည့်ပါအုံး…..

ရွှေနှင်းဆီ ဘယ်အမည်ပေးပေး၊

မွှေးမပျက် ရှိမည်သာ။

အမည်ဆိုတာ လိုရာပေး၊

အရေးမဟုတ်ပါ။

15 comments

  • Liquid_Sn@ke

    August 20, 2012 at 2:36 pm

    ကျုပ် မေ နဲ့ ငြင်းနေတာ … အဲ့သည့် ဂျပန်နိုင်ငံကိစ္စ..
    အခု ကိုအညာတမာ လည်း တပုံစံတည်းပေါင်းတယ်ဆိုတော့…

    သည်လိုပါဗျာ..
    မေ က ပြောတယ်.
    Nihou (Nipou) Japan တဲ့….
    (သူလည်း Reader’s Digest ကပဲ ဆွဲထုတ်လာတာထင်ရဲ့)

    ရီဒါဒိုင်ဂျက်စ် လည်း ၂၀၀၄ ထုတ် ဆိုတော့ .. စာလုံးပေါင်း အကျအပေါက်များ
    ပါခဲ့သလား မဆိုနိုင်ဘူး …
    ကျနော် မှတ်ထားတာက Nihon (Nippon) Japan ဖြစ်လို့ပါပဲ..
    ဝီကီကတော့ သည်လိုဖွင့်လေရဲ့

    The Japanese name for Japan, 日本, can be pronounced either Nihon or Nippon. Both readings come from the on’yomi.
    日 (nichi) means “sun” or “day”; 本 (hon) means “base” or “root”. The compound means “base of the sun” or “sunrise” (from a Chinese point of view, the sun rises from Japan); it is of course a source for the popular Western description of Japan as the “Land of the Rising Sun”.

    ဆိုတော့ ..ဂငယ်တွေ သူတို့ကိုယ်သူတို့ ခေါ်တဲ့ နာမည် ဆိုပါတော့ဗျာ .. ၂ခုဖြစ်နေတာကတော့…
    ကျနော်တို့တွေလည်း ကိုယ့်ကိုကိုယ် မြန်မာ လို့ ..ပြောရတာ ..အားသိပ်မရတဲ့အခါ … သံပြင်းပါတဲ့
    ဗမာ လို့ ပြောချ တတ်သလိုမျိုး … သူတို့လည်း ..မျိုးချစ်စိတ် ကြွတက်လာတဲ့အခါ…
    (Hon အစား ..အသံတဝက်နောက်တဲ့ Pon) လို့ပြောင်းသုံးပြီး
    ရှေ့က Ni နဲ့ကြားမှာ အသံပိုကပ်သွားအောင် ဖိပြီး ရွတ်တော့ Nippon ဖြစ်လာသတည်းပေါ့…။
    မြန်မာစာလုံးနဲ့ အသံကွဲပုံကို ပေါ်လွင်အောင်ရေးရင်..
    နီဟွန်း နဲ့ နစ်ပွန်း ဖြစ်လေရဲ့ဗျို့….။

    တပ်မခွင်ခွင်နဲ့ တွေ့မှ ကျနော်တို့ ခန်းခိုခု 韓国 လို့ခေါ်တဲ့
    သူတို့ ကကြီးတွေ ကိုယ့်ကိုကိုယ် ဘယ်လိုခေါ်ကြတုန်း ..မင်းကြည့်ချင်မိကြောင်း….

    ခင်တဲ့

  • may flowers

    August 20, 2012 at 3:43 pm

    ဗဟုသုတဖြစ်စရာမို့ ဖတ်သွားပါတယ် ကိုahnyartamar ရေ။

  • nigimi77

    August 20, 2012 at 4:10 pm

    韓国 = 한국 = ဟာန်း ဂု (က်) လို ့ခေါ်ပါသဗျား ။

    နဲနဲ ဖင်ခေါင်းကျယ်ကျယ် (မျိုးချစ်စိတ် တက်ကြွစွာ) နဲ ့ ပြောရရင်တော့

    대한민국 = ဒယ် ဟာန်း မင်(န်) ဂု(က်) လို ့ အော်တတ်တယ် ။

    ဂျာပွန်တွေကိုတော့ ကကြီးတွေက 日本人 = 일본인 = အီလ် ဘို(န်)း အင်(န်)

    လို ့ခေါ်ကြတယ် ။ တရုပ်တွေကတော့ (ရွတ်ပန်း) လို ့ ခေါ်တယ်ဆိုပဲ ။

    ဂျာပွန်တွေက ကျုပ်တို ့ကို ဘိရုမာ လို ့ ခေါ်သလားပဲ ။

    ကကြီးတွေ (ဘောလုံးသမား ဗဟာဒူး ခေတ်) က ကျုပ်တို ့ကို ဘောမား လို ့ပြောမှ သိပါတယ် ။

  • pooch

    August 20, 2012 at 5:18 pm

    Myanmar ဆိုလို့ ခုနောက်ပိုင်း သတိထားမိတာလေး ပြောရအုန်းမယ်။
    ကြည့်နေကျ channel တခုက ခါတိုင်း South East Asia ဆိုရင် ဘယ်သောအခါမှ ကိုယ့်တိုင်းပြည်ကို အရေးလုပ်လေ့မရှိတာ ခုတော့ သူတို့ နာမည်ကြီး အစီအစဉ်တခုကို ကြေငြာရာမှာ South East Asia ဆိုရင် Myanmar ဆိုပြီး အရေးတယူ ထည့်လာတာတွေ့တယ်။

    မှတ်မှတ်ရရ အဲ့နေ့က အမေစု ကို အနောက်က သောင်းသောင်းဖျဖျကြိုနေကြတဲ့ အချိန်ပေါ့။
    စိတ်ထဲလည်း တွေးမိတယ် အော် .. ကိုယ်တွေက အမေ့ခံ ဘဝကလွတ်လာပြီလို့..

    မှတ်မိသလောက် တရုတ်တွေအသံထွက်တာ 日本 ကို ရွတ်ပန် ( RiBen ) လို့ ထွက်တယ်။

    韓国 ကို တရုတ်လို ဟာန်းကော် လို့ ထွက်တယ်။

  • မောင်ပေ

    August 20, 2012 at 8:37 pm

    ကိုတမာ ရေ ကဗျာလေးက တိုပေမယ့် ကောင်းလွန်း မှန်လွန်းတယ်ဗျာ
    နာမည် ဆိုတာ လုပ်ရပ်ပေါ်မှာ အခြေခံပြီး ဆိုးတယ် ကောင်းတယ် ဖြစ်လာတာကလား…. နော

  • nigimi77

    August 20, 2012 at 8:59 pm

    မောင်ပေ အလွန်မူးနေသည် ဟု ဝန်ခံသွားပါသည် …..ခုခိ ခုခိ :mrgreen:

    • မောင်ပေ

      August 22, 2012 at 9:41 pm

      ဟိုက်ရော
      ပလိန်းကိတ်ပါလားကွယ်
      ကိုလျီးယားပြန် ခင်မောင်စိန် ရယ် ငှယ်ငှယ်

  • မဟာရာဇာ အံစာတုံး

    August 20, 2012 at 10:40 pm

    ကျနော်လည်း …
    အပေါ်က နိုင်ငံတွေထက် ..
    အောက်က ကဗျာလေးကိုသာ မျက်စိကျမိသွားပါသည် …
    ” …
    ရွှေနှင်းဆီ ဘယ်အမည်ပေးပေး၊
    မွှေးမပျက် ရှိမည်သာ။
    အမည်ဆိုတာ လိုရာပေး၊
    အရေးမဟုတ်ပါ။
    … ”

    ကဗျာလေးကို ကြိုက်တယ်ဗျာ ..

  • padonmar

    August 20, 2012 at 11:17 pm

    ကိုတမာကို ထောက်ခံ လက်မပေးခဲ့ပါတယ်။
    ရွှေနှင်းဆီ ဘယ်အမည်ပေးပေး မွှေးဖို့သာလိုရင်းပါ။

  • ahnyartamar

    August 21, 2012 at 8:59 am

    ၂၀၁၂ ခု ဩဂုတ်လ ၁၃ ရက် နေ့ထုတ် ဒီလိူင်းစာစောင် အတွဲ (၁) အမှတ်(၃၀) မှာ အထက်ပါ အကြောင်းအရာလေးကို ဖတ်ရတော့ ရွာသား/သူ တွေကို share ချင်စိတ်ဖြစ်လာတာကြောင့် post တင်လိုက်တာပါ။ သိပြီးသားတွေဆိုရင်တော့ လွန်တာရှိ၊ ဝန္ဒာမိ ပါဗျို့။
    သဂျီးမင်းခဗျာင်္း…ဘာတွေဖြစ်ကုန်လဲ မသိဘူးဗျို့၊ post က နှစ်ခု ထပ်နေတယ် တခုကို ဖျက်ပေးပါခဗျာင်္း…
    လေစားစွာဖြင့်…..
    အညာတမာ။

  • kyeemite

    August 21, 2012 at 9:13 am

    အညာတမာရေ..ခုလိုဖတ်မိ မှတ်မိတာလေးတွေ
    တစ်ဆင့်ဖေါက်သည်ချပေးတော့ မှတ်သားရတာပေါ့ဗျာ..
    Myanmarခေါ်ခေါ် Burma ခေါ်ခေါ် တိုင်းပြည်တွင်းက
    တိုင်းရင်းသားလူမျိုးစု အားလုံး နေထိုင်တဲ့ နိုင်ငံတော်ကို
    ကိုယ်စားပြုရင် ပီးရောမဟုတ်လား..
    ဒုတိယမြောက်လက်မလေးထောင်သွားပါဂျောင်းးးးးးးးး

  • ahnyartamar

    August 21, 2012 at 9:17 am

    ဟုတ်တယ် ကိုဂီရေ တကယ် ပါးစပ်အသံထွက်ခေါ်ကြည့်ရင်တော့ မြန်မာလို့ ခေါ်ရတာနဲ့ ဗမာလို့ခေါ်ရတာ မတူဘူး၊ ဗမာလို့ခေါ်ရတာက လေးလေးပင်ပင်နဲ့ ပိုခေါ်လို့ကောင်းတယ်။

  • ရဲစည်

    August 21, 2012 at 9:57 am

    ဖတ်သင့်ဖွယ်ရာ
    ထိုထိုစာမို့ အားပေးသွားပါကြောင်း
    ကဗျာလေးလဲ ကြိုက်တယ်ဗျို့
    အူးလေးအန်ကယ် ကျန်းမာသက်ရှည်
    စာတွေများများ ဖတ်နိူင်ပါစေ ……….

  • Shwe Ei

    August 23, 2012 at 11:49 am

    မှန်ပဗျာ။ နိုင်ငံအရေးနဲ့ နိုင်တော်နာမည်ပေးကင်ပွန်းတပ်ရေး မှားတွေးနေကြသူများရှိရင် အမြင်မှန်ရကြပါစေကြောင်း။

  • nigimi77

    August 23, 2012 at 1:48 pm

    ကျုပ် ရောင်းရင်း တယောက်ရှိတယ်

    နာမည်က ” ဗသန်းညွန် ့” တဲ့

    ဗမာပြည်ကို မြန်မာပြည်လို ့ ပြောင်းလိုက်တော့

    သူ ့နာမည်ကိုလည်း ပြောင်းရမယ်

    ” မသန်းညွန် ့” :mrgreen:

Leave a Reply