Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အပျိုကြီးများ အားသာချက်ပါတဲ ့

အပျိုကြီးတို့ကို “ဖက်လုံးအဖော်ပြုသူ” “တိရစာ္ဆန်ထိန်းကျောင်းသူ”
“အထီးကျန်သူ” စသည်ဖြင့် ထိခိုက်ပြောဆိုမှုတစ်ချို့ရှိကြသော်လည်း
အိမ်ထောင်မပြုကြသဖြင့် သူတို့တွင် အားသာချက်များရှိနေကြသည်။
ယင်းအားသာချက်များမှာ-

(၁) ရုပ်မြင်သံကြားကြည့်ပါက remote control လုစရာမလိုခြင်း။

(၂) နံစော်သောအဝတ်အစားများကို လျှော်စရာမလိုခြင်း။

(၃) ချွတ်ချင်ရာ ချွတ်ထားသော ဖိနပ်များကို လိုက်သိမ်းစရာမလိုခြင်း။

(၄) ရေချိုးခန်းကို စိတ်ကြိုက်သုံးခွင့်ရခြင်း။

(၅) တစ်ကိုယ်ရေသန့်ရှင်းမှုကို အထူးလုပ်စရာမလိုုခြင်း။

(၆) ‘ဘာဝတ်မှာလဲ’ ‘ဒါလေးဝတ်ပါလား’ ဟုနေ့စဉ် ပြောစရာမလိုုခြင်း။

(၇) အထူးချက်ပြုတ်၊ ကြော်လှော်၊ ဆေးကြောစရာ မလိုခြင်း။

(၈) မိမိမှာ တစ်ယောက်သောသူအတွက် ဖြစ်နေသည်ဟု စဉ်းစားစရာမလိုခြင်း။

(၉) စိတ်ထဲရှိသလို နေထိုင်လုပ်ကိုင် လွတ်လပ်မှုရှိခြင်း။

(၁၀) အရက်သောက်သူ၊ ဆေးလိပ်သောက်သူ၊ လောင်းကစားလုပ်သူတစ်ဦးဦးကို
စောင့်ကြည့်၊ ဆူပူ၊ ထိန်းချုပ်နေစရာမလိုခြင်း။

(၁၁) ကုတင်ပေါ်တွင် လွတ်လွတ် လပ်လပ် တစ်ကိုယ်တည်းစိတ်ကြိုက်အိပ်စက်ရခြင်း။

(၁၂) မည်သူနှင့်မျှ စကားမပြောလိုဘဲ တစ်ကိုယ်တည်းတိတ်ဆိတ်စွာ နေလိုပါကနေခွင့်ရခြင်း။

(၁၃) လွတ်လပ်စွာ ရွေးချယ်ခွင့်ရခြင်း။

(၁၄) သွားရည်များ ပေမနေသော ခေါင်းအုံးနှင့် အိပ်ခွင့်ရခြင်း။

(၁၅) ဟောက်သံကင်းကင်းဖြင့် အိပ်ခွင့်ရခြင်း။

(၁၆) သွားချင်ရာသို့ သွားချင်သည့်အချိန်တွင် သွားလာခွင့်ရခြင်း။

(၁၇) ဝယ်ချင်ရာကို ဝယ်နိုင်ခြင်း၊ အဝတ်ဗီရိုထဲထည့်ဖွက်ထားစရာလိုခြင်း၊
ဝယ်ထားတာကြာပါပြီဟု လိမ်ပြောစရာမလိုခြင်း။

(၁၈) စည်းကမ်းများ၊ တင်းကြပ်မှုများ၊ ဘောင်များကြားတွင် နေစရာမလိုခြင်း။

(၁၉) မိမိယုံကြည်ရာ ပြောလိုရာကို ပြောလိုသူနှင့်ပြောဆိုဆွေးနွေးနိုင်ခြင်း။

(၂၀) စားချင်ရာစားသောက်နိုင်ခြင်း။

(၂၁) လုပ်ချင်သည့် အလုပ်အကိုင် လုပ်ကိုင်နိုင်ခြင်း။

(၂၂) ညဖက် အလုပ်လုပ်နိုင်ခြင်း၊ စာဖတ်နိုင်ခြင်း၊
ရုပ်မြင်သံကြားကြည့်ရှုနိုင်ခြင်း၊ အိပ်ချင်သည့်အချိန်မှ
အိပ်ရာဝင်နိုင်ခြင်း။

(၂၃) အဝတ်ဗီရိုကို စိတ်ကြိုက်အသုံးပြုနိုင်ခြင်း။

(၂၄) မိမိစိတ်မဝင်စားသည့်အကြောင်းအရာ ပစ္စည်းပစ္စယတို့ကို
လိုက်ပါစိတ်ဝင်စားနေစရာမလိုခြင်း။

(၂၅) မိမိမကြိုက်သောအပြုအမူ၊ အနေအထိုင်၊ အသံဗလံများကို
အထူးသည်းခံခွင့်လွှတ်စရာမလိုခြင်း။

(၂၆) လွတ်လွတ်လပ်လပ် လေပုပ်ထုတ်နိုင်ခြင်း။

(၂၇) အမျိုးသမီးလစဉ်သုံးပစ္စည်းကို လွတ်လွတ်လပ်လပ်ထားနိုင်ခြင်း။

(၂၈) မိမိမသုံးဘဲ ရေအိမ်ကိုရေဆွဲချစရာ၊ တိုက်ချွတ်သန့်ရှင်းစရာမလိုခြင်း။

(၂၉) စိတ်မပါသော်လည်း သည်းခံစိတ်လျှော့ကာ ပြုစုနေစရာမလိုခြင်း။

(၃၀) မိမိကို ထားရစ်ခဲ့မှာကို စိတ်ပူစရာမလိုခြင်း။

(၃၁) တစ်စုံတစ်ဦးကို မှီခိုအားကိုးနေစရာမလိုခြင်း။
စသည်တို့ဖြစ်ပါသည်……။

(ပြောပြသူသယ်ချင်ကို ကျေးဇူတင်သတိရစွာဖြင့်)

16 comments

  • ကြောင်ဝတုတ်

    August 21, 2012 at 12:29 pm

    ကိုမျိုးချစ်နဂါးရေ….

    – မင်န်ဘာတဦးသည် တရက်လျှင်ပို့စ် ၂ခုထက်ပိုမတင်ရ

    အဲဒါလေးကိုတော့ ဂရုပြုစေချင်ပါတယ်…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • ဦး ဂျစ်

    August 21, 2012 at 12:40 pm

    အိမ်း… အပျိုကြီး ဖြစ်ရတာ ကောင်းတဲ့ အတိတ်နိမိတ် တွေပါလား …
    ရွာသူ အပျိုကြီးများ ဖတ်ရင်း အားတက်နေကြတော့မှာပဲ ….
    ကောင်းလေစွ….ကောင်းလေစွ ….။

  • YE YINT HLAING

    August 21, 2012 at 12:50 pm

    လူပျိုကြီးများ အားသာချက်ပါ ရေးဦးလေဗျာ !

  • ရွှေ ကြည်

    August 21, 2012 at 1:41 pm

    အရာရာတိုင်းမှာ အားနည်းချက်၊ အားသာချက်ဆိုတာရှိတယ်ဆိုတော့ကာ
    ကြိုတင်ခွဲခြားသုံးသပ်ပြီးဖြစ်လာတဲ့ဘဝမှာကောင်းအောင်နေနိုင်ဖို့သာလျှင်အဓိကကျပေတော့သည်တကား။
    😀
    ခုလိုမျှဝေပေးလို့ကျေးဇူးပါ။

    ကိုကြောင်ဝတုတ်ပြောသွားတာလေးကိုထပ်ဆင့်သတိပေးပါရစေနော်။

    • မျိူးချစ် နဂါး

      August 23, 2012 at 2:14 pm

      Thanks..Iကအားတုန်းလေးမို ့စွတ်ရေးမိသွားတာ…so sorry..

  • ma me kyaw

    August 21, 2012 at 3:53 pm

    ဟုတ်လေစွ၊ ဟုတ်လေစွ၊

  • မဟာရာဇာ အံစာတုံး

    August 21, 2012 at 4:53 pm

    အားသာချက်တွေ ပီးရင် ..
    အားနည်းချက်တွေလည်း ရေးဘာဦး ..
    ဒါမှ သိရမှာ .. ကွိ .. ကွိ .. 😀

  • etone

    August 21, 2012 at 4:57 pm

    ယက်ရစ်နဲ့ ပြိုတဲ့ … အပြိုဂျီးများရဲ့ အားသာချက်လေးလည်း .. ရေးပေးပါဦးနော်…. ခွိခွိ 😆

  • Uncle Lay

    August 21, 2012 at 5:25 pm

    အများစုသော အပျိုကြီး လူပျိုကြီး တို့၏ စရိုက်လက္ခဏာများ
    ၁။ ဘာသာရေး ကိုင်းရှိုင်းတတ်သည်။
    ၂။ ဇီဇာကြောင်တတ်သည်။
    ၃။ တိရိစ္ဆာန်ကလေးများကို ချစ်တတ်သည်။
    ၄။ တူ၊တူမကလေးများကို အချစ်ကြီးတတ်ကြသည်။
    ၅။ တူ၊တူမကလေးများကို သူတို့လိုနေရန် တိုက်တွန်းတတ်ကြသည်။
    ၆။ ဆုံးဖြတ်ချက်တစ်ခုခုကျဘို့ အကြာကြီးစောင့်ရတတ်သည်။
    ရ။ အမြဲလိုလို ဟိုဟာကောင်းနိုး၊ဒီဟာကောင်းနိုးရွေးရခက်နေတတ်သည်။
    ဂ။ အဖေ၊အမေ ကို သူများထက် ပိုချစ်တတ်သည်။
    ၉။ ကိုယ့်ကိုကိုယ် လည်း သူများထက်ပိုချစ်တတ်သည်။
    ၁၀။ အချစ်၊အိမ်ထောင်ရေးအကြောင်း သူများထက် ပိုသိဟန် ပြတတ်သည်။
    ၁၁။ အချစ်၊အိမ်ထောင်ရေးအကြောင်း သူများထက် ပိုမိုစိတ်ဝင်စားတတ်သည်။
    ၁၂။ မိုးလေဝသလို ခန့်မှန်းရခက်တတ်သည်။
    ၁၃။ လိုရင်းမရောက်ဘဲ ဝေ့လည်ကြောင်ပတ် ပြောတတ်သည်။
    ၁၄။ အတိတ်၊နမိတ် ၊တဘောင် တို့ကို ယုံကြည်တတ်သူများဖြစ်သည်။
    ၁၅။ မရွာသောမိုးကို မျှော်ကိုးတတ်သည်။
    ၁၆။ နှမြောတွန့်တိုသော်လည်း အလှူဒါန အပေးအကမ်း ရက်ရောတတ်သည်။
    ၁၇။ စိတ်ထားကောင်းသော်လည်း တဗျစ်တောက်တောက် ပြောတတ်သည်။
    ၁၈။ လူစိမ်းများကိုအားမကိုးဟန်ပြသော်လည်း ရင်းနှီးသူများကိုအားကိုးလွန်တတ်ကြသည်။
    ၁၉။ သီချင်း၊ဝတ္တု၊ရုပ်ရှင် (အနုပညာ)များကို နင့်နင့်နဲနဲ ခံစားတတ်ကြသည်။
    ၂၀။ တစ်ခုခုကိုကြိုက်မိလျှင်ဖြစ်စေ၊မကြိုက်လျှင်ဖြစ်စေ ပြောမပြီးတတ်ကြချေ။
    ၂၁။ အရှက်၊အကြောက် သာမန်ထက်ပိုကြီးတတ်သည်။
    ၂၂။ ဒိုင်ယာရီလိုစာအုပ်မျိုးကို ရေးဖို့ထက်သိမ်းထားဖို့ စိတ်ဝင်စားသူများဖြစ်တတ်ကြသည်။
    ၂၃။ အသက် မေးလျှင် (စိတ်တွင်းက) စိတ်ဆိုးနေတတ်ကြသည်။
    ၂၅။ ဗေဒင်၊လက္ခဏာ၊နတ် တို့ကို သူများထက် စိတ်ဝင်စားတတ်ကြသည်။
    ၂၆။ အတိတ်အကြောင်းကို လွမ်းမောနေလေ့ရှိသော်လည်း ထုတ်ဖော်ပြလေ့မရှိကြ။
    ၂ရ။ အစိုးရိမ်ကြီးတတ်၊ပူပင်သောကကြီးတတ်ကြသည်။
    ၂ဂ။ အပျိုကြီး၊လူပျိုကြီး ဟုအပြောခံရမှာကြောက်တတ်ကြသည်။
    ၂၉။ သို့ရာတွင် အိမ်ထောင်ရှင်ဟုအထင်ခံရမည်ကို ပိုပြီးကြောက်တတ်ကြသည်။
    ၃၀။ အိမ်ထောင်ပြုချင်နေသောသူ ဟု အထင်ခံရမည်ကိုကား အကြောက်ဆုံးဖြစ်သည်။
    ၃၁။ သရဲ ၊တစေ ္ဆ ထက် လူ ကို ပိုကြောက်တတ်ကြသည်။
    ၃၂။ ဆွေမျိုးသားချင်းများကို အိမ်ထောင်ချပေးရန်မှာ သူတို့တာဝန်ဟု ထင်တတ်ကြသည်။
    ၃၃။ အိပ် လျှင် ကျယ်ကျယ်ပြန့်ပြန့်၊လွတ်လွတ်လပ်လပ် အိပ်ချင်ကြသည်။
    ၃၄။ စည်းစနစ်ကြီးသူများ ဖြစ်တတ်ကြသည်။
    ၃၅။ အိမ်ထောင်ထိန်းသိမ်းမှုတာဝန်ကို ချစ်မြတ်နိုးသူများဖြစ်တတ်ကြသည်။
    ၃၆။ ဖြစ်ကတတ်စမ်း နေလေ့ရှိသူများ မဟုတ်တတ်ကြပါ။
    ၃ရ။ ဓါတ်ပုံ(အလှပုံ)ရိုက်ရန် ဝန်လေးနေတတ်သူများဖြစ်သည်။
    ၃၈။ သူတို့အချစ်ကို အဝေးမှcelebrities များအပေါ် ပုံအောထားဟန်ပြုတတ်ကြသည်။
    ၃၉။ မိမိအားနည်းချက်ဟုတွေးထင်ထားသောအရာများ များပြားနေတတ်သည်။
    ၄၀။ မိမိအားနည်းချက်ဟုထင်သောအရာများကို ဖုံးဖိရန်ကြိုးစားတတ်ကြသည်။
    ၄၁။ မိတ်ဆွေအိမ်ထောင်ရှင်များကို အိမ်ထောင်ဝန်ပိနေသူများဟုထင်တတ်ကြသည်။
    ၄၂။ အစား ကောင်းကောင်းလုပ်စားတတ်ကြသည်။
    ၄၃။ မိမိစိတ်ခံစားချက်များကို ဖုံးကွယ် ၊ဖိနှိပ်ထားတတ်သူများဖြစ်ကြသည်။
    ၄၄။ အများအားဖြင့် ဟန်ဆောင်ကောင်းတတ်သည်။
    ၄၅။ တိတ်တိတ်ကလေးကြေကွဲနေတတ်သူများဖြစ်တတ်သည်။
    ၄၆။ မင်္ဂလာဆောင်များကို သွားရန်ဝန်လေးတတ်ကြသည်။
    ၄ရ။ ပြေးကြည့်ဘို့ထက် တွေးကြည့်ဘို့ ပိုအားသန်တတ်ကြသည်။
    ၄ဂ။ အလုပ်တွင်စိတ်ကိုနှစ်၍ ကြိုးစားတတ်သူများဖြစ်သည်။
    ၄၉။ ကိုယ့်ကိုကိုယ် ယုံကြည်မှုအားကြီးတတ်သည်။
    ၅၀။ ဘဝတူ လူပျိုကြီး၊အပျိုကြီး စာရင်းကို ပြုစုထားရှိကာ အားတင်းထား တတ်ကြသည်။
    ၅၁။ ဘဝရည်မှန်းချက်ကြီးသူ များဖြစ်တတ်သည်။
    ၅၂။ ပညာရေးလိုဘကြီးတတ်ကြသည်။
    ၅၃။ မရေရာသော အကြောင်းပြချက်များ ဆွဲကိုင်ထားတတ်ကြသည်။
    ၅၄။ ထောက်ထားညှာတာစရာ များစွာ ရှိတတ်ကြသည်။
    ၅၅။ တစုံတခုတွင် နှစ်မြုတ်ရင်း မေ့ပင်အောက် ရောက်နေတတ်သည်။
    ၅၆။ ရွေးရင်းရွေးရင်းနှင့် နောက်ထပ်ရွေးစရာကိုထပ်မျှော်နေတတ်ကြသည်။
    ၅ရ။ မိသားစုအားလုံး၏တာဝန် ကိုယ့်တာဝန်ဟု မှတ်ယူတတ်ကြသည်။
    ၅၈။ ကိုယ်တိုင်သာမက အားလုံးကအကြိုက်ညီတာမျိုးကို ရှာဖွေတတ်သည်။
    ၅၉။ တစ်ယောက်ယောက်၏ မပေးရသေးသောမှတ်ချက်ကိုပင် ကြို၍ကြောက်တတ်သည်။
    ၆၀။ အပြစ်ရှာမြန်တတ်သည်။
    ၆၁။ တစ်နှင့်တစ်ပေါင်းလျှင် နှစ်ထက်ပိုကြီးနိုင်သည် ဟု လက်မခံလိုကြ။
    ၆၂။ ခံစားချက်မရှိသူ ဟုအပြောခံရမှာကြောက်တတ်ကြသည်။
    ၆၃။ ခံစားချက်ရှိသူ ဟုပြောလျှင်လည်း မကြိုက်တတ်ကြ။
    ၆၄။ ဘယ်တော့စားရမလဲ ဟုမေးလျှင် (စိတ်ထဲက) ကြေနပ် နေတတ်ကြသည်။
    ၆၅။ ပစ္စည်းများကို တစ်ယောက်ကိုင်အဖြစ်ပဲ သုံးချင်တတ်ကြသည်။
    ၆၆။ သိပ်ကြိုက်သည့်ပစ္စည်းဆိုရင် ပုံစံတူနှစ်ခုလောက်ဝယ်တတ်ကြသည်။
    ၆၇။ မည်သည့်အရာကိုမျှ ကိုယ် ကို တိုင်လောက် စိတ်မချချင်တတ်ကြပေ။
    ၆ဂ။ လူစိမ်းတွေကြားမှာ ခပ်တည်တည်ကြီးနေတတ်ကြသည်။
    ၆၉။ မိတ်ဆက်ပေးလျှင် ဟက်ဟက်ပက်ပက် မရှိတတ်ကြ။
    ၇၀။ ပထမဦးဆုံးတွေ့တာဖြစ်လျှင် ဆံပင်အစ၊ခြေသည်းအဆုံး ချက်စ်တတ်ကြသည်။
    ၇၁။ စားသောက်ဆိုင် တစ်ဆိုင်ရောက်လျှင် ပထမဦးဆုံးရေအိမ်ဝင်တတ်ကြသည်။
    ၇၂။ လူရှင်းရာနေရာ ရှာ၍ ပုဆိုး၊ထမီ ကိုဖြန့်ပြီး သေသပ်အောင်ပြင်တတ်ကြသည်။
    ၇၃။ နှုတ်ခမ်းနီ(သို့) ခေါင်းဘီး နေရာတကာ ယူတတ်ကြသည်။
    ၇၄။ အကျည်းတန်မဟုတ်သော်လည်း မှန်ကြိုက်တတ်ကြသည်။
    ၇၅။ မည်မျှမှန်ကြည့်ပြီးသည်ဖြစ်စေ အဆင်ပြေရဲ့လား ထပ်မေးတတ်သည်။
    ၇၆။ နောက်ကျောမလုံတတ်ကြချေ။
    ၇၇။ ထီ ကို လူမသိအောင် ထိုးတတ်ကြသည်။
    ၇၈။ ပိုက်ဆံ ကို လူမသိအောင် စုတတ်ကြသည်။
    ၇၉။ သီချင်းကို လူမကြားအောင် ဆိုတတ်ကြသည်။
    ၈၀။ သနပ်ခါး(မိတ်ကပ်)၊ပေါင်ဒါ(ခေါင်းလိမ်းဆီ) မရှိမဖြစ်ဆောင်တတ်သည်။
    ၈၁။ အချော့ကြိုက်တတ်ကြသည်။
    ၈၂။ စိတ်ကောက်မြန်တတ်ကြသည်။
    ၈၃။ စိတ်ပြေဘို့ အချိန်တော်တော်ကြာအောင် ယူတတ်ကြသည်။
    ၈၄။ အားလျှင် ခြေသည်း၊လက်သည်း သ နေတတ်ကြသည်။
    ၈၅။ စ တာ၊ နောက် တာ ကို အတည်ဟု မှတ်ယူတတ်ကြသည်။
    ၈၆။ ချစ်သူစုံတွဲယုယုယယနေတာကို မြင်ပြင်းကတ်တတ်ကြသည်။
    ဂရ။ လိုတာမရ၍ မဟုတ်ပဲရတာမလို၍ဟူသောလက်သုံးစကားကို
    တွင်တွင်သုံးတတ်သည်။
    ၈၈။ လူပျိုကြီး၊အပျိုကြီးဖြစ်ကြောင်း မကြေညာသော်လည်း သိနေစေချင်ကြသည်။

    • မျိူးချစ် နဂါး

      August 23, 2012 at 2:15 pm

      စုံစေ့နေပါလား….လေးစားသွားပြီဗျာ…

  • ဘရားသား

    August 21, 2012 at 8:34 pm

    ဪ အပျိုကြီးကျမ်းကျေသူများ ဖြစ်ချေသည်တကား ။
    ဧကန်အမှန်တော့ အပျိုကြီးများကို ချဉ်းကပ်လေ့လာသူများလည်းဖြစ်ချေသည်တကား ။

  • မောင်ပေ

    August 21, 2012 at 8:51 pm

    ကောင်းပဗျာ…. အပျိုကြီးတွေ အပျင်းပြေ ဖတ်ပေါ့
    ကျုပ်လဲ ဖတ်တာပေါ့

  • kotun winlatt

    August 21, 2012 at 9:08 pm

    ဟုတ်ပါ့..ဟုတ်ပါ့….
    တင်တော့လည်းးးဖတ်ရတာပေါ့လေ…
    ဖတ်သွားးပါတယ်….ဖတ်သွားးပါတယ်…ဖတ်သွားပါတယ်ခင်ဗျာ…။

  • pu ma

    August 21, 2012 at 9:49 pm

    ကိုမျိုးချစ်ရေ
    ၈၉။ တူတူမတွေနှင့်အပြိုင်စိတ်ကောက်တတ်ခြင်း
    ၉၀။ လူတွေကိုလုံးဝမယုံတတ်ခြင်း
    ၉၁။ ပစ္စည်းဥစ္စာခြောက်ခြင်း
    ၉၂။ ဧည့်သည်လာလျှင်အိမ်နောက်ဘက်တွင်သာပုန်းကွယ်နေတတ်ခြင်း
    ၉၃။ ဆွေမျိုးဖြစ်နေပါစေထမင်းတဝိုင်းထဲမစားခြင်း(အိမ်နောက်ဖေးတွင်သီးခြားထိုင်စားခြင်း)
    ၉၄။ပစ္စည်းစုတ်နေသော်လည်းလွှင့်ပစ်ရန်နှမျောတတ်ခြင်း
    ( အိမ်ကညီမအပျိုကြီးကိုကြည့်ပြီးထပ်ဖြည့်ရေးပေးခြင်းဖြစ်ပါတယ်။မည်သူ့ကိုမျှမရည်ရွယ်ပါ)
    သူမသိခင်မြန်မြန်ရေးတင်မှ……ဟိဟိ

  • MaMa

    August 22, 2012 at 7:47 am

    ရေးနေကြတဲ့စာတွေဖတ်ပြီး မျက်မမြင်ဆင်စမ်းနေတယ်လို့ ထင်မိတယ်။
    လူဆိုတာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုနည်းနဲ့မှ မတူနိုင်ကြဘူး မဟုတ်လား။
    အပျိုကြီးများသည်လည်း လူထဲက လူသာ လျှင် ဖြစ်ပါကြောင်းးးးးးးးးးးးးးးး
    ပုံ/
    ဖွားဖွားကြီး
    😛

  • Crystalline

    August 22, 2012 at 11:39 am

    I totally agree with you all. 🙂
    Spinster Crystalline

Leave a Reply