Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဦးနှောက်နဲ ့ခံစားကြည့်ပါ

aye.kkAugust 22, 20121min39217

စားပွဲတင်ပန်း
အမြင်ကန်းတော့
ပန်းအိုးထင်မိ
ပန်းကိုသာသိ
အိုးမကြည့်ခဲ့….။။

ရခဲလှသောတိုတောင်းလှတဲ့လူ ့ဘဝလေးမှာ၊အကောင်းဆုံးကိုမျှော်လင့်ကြတာကလူတိုင်းရဲ ့ရည်မှန်းချက်ပါဘဲ။
အကောင်းဆုံးတွေကိုဖန်တီးရင်းနဲ ့မမျှော်မှန်းခဲ့သောလွှဲမှားမှုနဲ ့ကြုံကြိုက်ရရင်အကောင်းဆုံးပန်းတိုင်နဲ ့လွှဲချော်သွားနိုင်တယ်မဟုတ်လား။
ဒါကြောင့်ဖြစ်နိုင်မယ်ဆိုရင်မျက်တောင်တဆုံးမကြည့်ဘဲမျက်စိတဆုံးကြည့်ရမယ်။
ဒါမှလွဲချော်နေဦးမယ်ဆိုရင်တော့ရှေးကဝိပါက်ပေါ့။။။

17 comments

  • etone

    August 22, 2012 at 1:13 pm

    အန်တီအေးရေ …….
    လူတိုင်းကတော့လေ .. အကောင်းဆုံးလို့ ထင်တာတွေကို ရည်မှန်းခဲ့ကြပေမယ့် …. တစ်ခါတစ်လေတော့လည်း မှန်း ချက်နဲ့ နှမ်းထွက် မကိုက်တာမျိုးလည်း ရှိတတ်ပါတယ် ။ အဲ့ဒီအခါကျမှ မျှော်လင့်သလို ဖြစ်မလာလျှင် အပြင်းထန်ကြီး စိတ်ဝေဒနာရတတ်တာမျိုးပေ့ါလေ ။
    မျက်စိတဆုံးကြည့်တတ်ဖို့ဆိုလျှင် မှန်းထားတာများသလောက် ၊ ဆုံးရှုံးနိုင်ခြေလည်း များတယ်ဆိုတော့ …. ကိုယ်လိုသလို မဖြစ်တဲ့ လောကကြီးထဲ ….. ဘာကိုမှ မမျှော်လင့်ချင်တော့ပါဘူး အန်တီအေးရယ် … ။ အကောင်းဆုံးကို ရည်မှန်းနေမယ့် အစား …ပစ္ဆုပ္ပန်ကိုပဲ အကောင်းဆုံးအဖြစ်ဖန်တီးယူမယ် ၊ လက်ခံနားလည်မယ်လို့ စိတ်ကူးထားပါတယ် ။
    မေ့နေတဲ့ ကဗျာလေးကို ပြန်အစဖော်ပေးတဲ့ အန်တီကို ကျေးဇူးလည်းတင်ပါတယ်နော် ။ 🙂

  • kotun winlatt

    August 22, 2012 at 1:20 pm

    ဦးနှောက်နဲ့ တွေးခေါ် နှလုံးသားနဲ့ ခံစား အမှားတွေလည်းတွေ့မယ်..
    အမှန်တွေလည်း တွေ့မယ်…
    ဆုံးရှုံးရင် မဲ့လိုက် ..အောင်မြင်ရင်ပြုံးလိုက်…
    ဒီလိုနှင့်သာ လောနေအောင် ကပြရသဖြင့် လောကဟု အမည်တွင်သတတ်…
    ဒီတော့ ..ဘကုန်းနဲ့ ဝလုံးးကြားမှာ..
    ဘုန်းခနဲလဲပြီး ဝုန်းခနဲ မကွဲစေဖို့…ကြိုးစားရဦးမယ်လေ…
    ဘဝဆိုတာက တာတို ခရီးမဟုတ်…မာရသွန်ခရီးလို့ဆိုထားကြတယ် မဟုတ်လားးး

  • ကိုရင်စည်သူ

    August 22, 2012 at 1:25 pm

    ဒါနဲ့ စကားမစပ်ပါ… အန်တီ
    ဘာပဲလုပ်လုပ် လွဲနေတယ်… အဆင်မပြေဘူးဖြစ်နေရင်
    ကြွေပန်းကန်ပြားတစ်ချပ် အလယ်ပေါ်မှာ အပ်တစ်ချောင်း တင်ပါ။
    ထိုအပ်ပေါ်မှာ မတ်စေ့တင်ပြီး… ထိုမတ်စေ့ပေါ်မှာ ဖယောင်းတိုင်ထွန်းပြီး
    ဗုဒ္ဓမြတ်စွာဘုရားအား နေ့စဉ်မီးပူဇော်ပါ။ လိုရာကို နေ့တိုင်းသာ
    အပ်ကျမတ်ကျ အဆင်ပြေပါစေဆုတောင်းပါ။
    ပညတ်သွားရာ ဓါတ်သက်ပါဆိုလား…
    အဘဆရာရဲ့ ကတ်ကင်းရိုက်ချက်တွေပေါ့ဗျာ….
    ကျနော်လည်း လက်တွေ့စမ်းသပ်ပြီး တစ်လမကြာ
    အကျိုူးထူးကြောင်းတွေ့ရပါတယ်… အန်တီခင်ည…
    မသိသူကျော်သွား သိသူများ ဖော်စားနိုင်ဖို့ စေတနာကောင်းရယ်ပါနော့… 🙂 🙂
    တေ့လွဲခဏခဏ လွဲနေတဲ့ရွာသဂျီးဦးခိုင်တောင် အမေလိကားမှာ အဲ့ ယတြာလုပ်ဖို့
    ရန်ကုန်ခဏလာပီး အပ်နဲ့ မတ်စေ့ရှာသွားတယ်ဆိုလားပဲ… (အတွင်းသတင်း..) 😛 😛 😛

    • etone

      August 22, 2012 at 1:35 pm

      အယ် ..တယ်ဟုတ်ပါလား ဒီရက်ပိုင်း ဘာလုပ်လုပ် အဆင်မပြေတဲ့ သူငယ်ချင်း တစ်ယောက်အတွက် လက်တို့ပေးလိုက်ဦးမယ် … ။ သူ့ခမျာ … စိတ်ထောင်းကိုယ်ကြေတောင် ဖြစ်နေရှာပြီ .. ဘာပဲ လုပ်လုပ် ကမောက် ကမချည်းပဲ ဖြစ်နေရှာတယ် … ။ဟုတ်သော်ရှိ မဟုတ်သော်ရှိ .. စိတ်ထွက်ပေါက်အနေနဲ့ …. လုပ်ခိုင်းလိုက်မယ်… ။
      ကျေးဇူးအများကြီးတင်ပါတယ် …ကိုစည်သူရေ …

      • ကိုရင်စည်သူ

        August 22, 2012 at 1:45 pm

        မအိတုန်ရေ.. လမ်းညွှန်ပေးမယ်ဆိုတော့ အတိအကျလေး လုပ်စေချင်တာက
        ၁။ ။ မနက် ၉နာရီတိုင်း ညကိုးနာရီတိုင်းမှာ မီးထွန်းပြီး ယုံယုံကြည်ကြည် ပူဇော်ရပါမယ်..
        ၂။ ။ စိတ်ထဲကနေ ကြံစည်သမျှ အပ်ကျမတ်ကျ အဆင်ပါစေသတည်း အဖန်ဖန် ဆင်ခြင် ပွားများရပါမယ်။
        ၃။ ။ အနှစ်ချုပ်ကတော့ မပူဇော်မီ သရဏဂုံသုံးပါးနဲ့ ငါးပါးသီလကို ခိုင်ခိုင်ခံခံ စိတ်နှလုံးမှာ တည်စေချင်တရ်။
        မအိတုန်း ဘော်ဒါလည်း စိတ်ထွက်ပေါက်အားဖြင့်လည်း အဆင်ပြေပါ့မယ်။ အကျိုးလည်း ထူးပါလိမ့်မယ်..
        ကျွန်တော်လည်း ကျေးဇူးအများကြီးတင်ပါတယ်…။
        အပ်ကတော့ အဝတ်ချုပ်တဲ့အပ်နော်… ဆေးထိုးတဲ့အပ်မဟုတ်ဘူး.. အဟီး… 😛 😛 😛

        • etone

          August 22, 2012 at 2:34 pm

          အဟီး …… ကျေးဇူးပါချင့် ………. ။
          အပ်အကြောင်းလေးသေချာအောင် သတိပေးတဲ့အတွက် … thanks in advanced ပါ ။
          ပို့မယ် ပို့ ကူးတို့ရောက်အောင ်ပို့လိုက်ပါမယ် … အပ်ချုပ် အပ်ဆိုလျှင် … စက်ရုံမှာ ရှိတယ် … ။ ဆေးထိုးအပ်ဆိုလျှင် .. ဆေးခန်းမှာ ရှိတယ် ………. အပ်ပါ စပွန်ဆာပေးလိုက်မယ် ……. ခွိခွိ :mrgreen:

        • manawphyulay

          August 23, 2012 at 10:38 am

          ည ၉ နာရီအိပ်နေလောက်ပြီး မနက် ၉ နာရီ အလုပ်သွားရင်ကော ဘယ်လိုနည်းလမ်းနဲ့လုပ်ရမလဲ ကိုရင်စည်သူရေ…

    • aye.kk

      August 23, 2012 at 8:11 am

      etone,….ရေ။
      ပထမဆုံးကွန်မန်းအတွက်…ကျေးဇူးပါ။
      ပစ္စုပ္ပန်ကိုပဲအကောင်းဆုံးအဖြစ်ဖန်တီးယူမယ်…လက်ခံနားလည်မယ်လို ့
      စိတ်ကူးထားတာ….သိရလို ့ဝမ်းသာမိရပါတယ်။
      စိတ်ကိုရောင့်ရဲနိုင်မှုထားနိုင်တာက…..အကောင်းဆုံးပါဘဲ……ကိုယ့်ကိုကိုယ်လည်း…..
      ပျော်ရွှင်သုခရရှိခံစားရပါတယ်။
      တခါတခါမှာ….ဖြစ်ချင်တဲ့အတိုင်းဖြစ်မလာပါဘဲ…..အကျိုးနဲ ့အကြောင်း
      တရားလေးတွေက….သူ့အလိုလို…..တိုက်ဆိုင်ပြီး….
      ပေါ်လာတဲ့အခါမျိုး…..ကြုံရတဲ့အခါ….အန်တီ
      အနေနဲ ့က……ရှေးဝိပါက်ကြမ္မာကြောင့်လို ့သာ..သဘောထားမိပါတယ်။
      ————————————————————————————————————-
      kotun winlatt,…ရေ။
      ကျေးဇူးပါ။
      အမြင်အယူအဆလေးကသင့်ပါတယ်။
      လောကီလူသားမှန်သမျှ၊အားလုံးမာရသွန်ခရီးဆက်နေကြရတာပါဘဲ။
      ကံ,ဉာဏ်,ဝိရိယလည်းပြည့်စုံရင်အတိုင်းထက်အလွန်အကောင်းဆုံးပါဘဲလို ့ပြောချင်ပါတယ်ကွယ်။
      ————————————————————————————————————-
      ကိုရင်စည်သူ,..ရေ။
      နည်းပြောပြပေးတာ၊ဝမ်းသာမိရပါတယ်။
      အန်တီကဗေဒင်ယတြာလေ့လာရတာကိုဝါသနာပါတယ်။
      အန်တီမသိသေးတာကို၊သိလိုက်ရတဲ့အတွက်ကျေးဇူးပါနော်။

  • ကို ခင်ခ

    August 22, 2012 at 1:46 pm

    ( အကောင်းဆုံးကိုမျှော်လင့်ကြတာကလူတိုင်းရဲ ့ရည်မှန်းချက်ပါဘဲ။)
    မအေးရေ ကျွန်တော်ကတော့ အကောင်းဆုံးဆိုတာထက် ကောင်းမှာဘဲဆိုပြီး မျှော်လင့်ပါတယ်။
    အကောင်းဆုံးမျှော်လင့်လို့ မဖြစ်ခဲ့ရင် ခံစားရတာက ပိုမှာစိုးလို့ပါ။
    ကောင်းမှာဘဲဆိုတာတောင် ကောင်းမလာခဲ့ရင် အတော်ခံစားရတာလေ။

  • pooch

    August 22, 2012 at 6:54 pm

    ခုနောက်ပိုင်း အသုံးများ လာတဲ့ စကားကြတော့ အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်ထားကြပါတဲ့ အန်တီအေးရေ။

  • မောင်ပေ

    August 22, 2012 at 8:42 pm

    ပန်းကိုလည်းကြည့်
    အိုးကိုလည်းသိ
    လေးညို ့သံကိုလည်းနားထောင်
    ညောင်သီးကိုလည်းစား

    • aye.kk

      August 23, 2012 at 7:41 pm

      ကိုခင်ခ,..ရေ။
      မှန်ပါတယ်လို ့ပြောလိုက်ပါရစေကွယ်။
      အကောင်းဆုံးဖြစ်ဘို ့အတွက်ကို…။
      မျှော်လင့်ချက်တွေထားပြီးကြိုးစားခဲ့တာတောင်ဖြစ်ချင်တာတွေကမဖြစ်လာပါဘူး။
      ကံကြမ္မာကိုပဲယိုးမယ်ဖွဲ ့ပြောရလေမလား၊ရှေးဝိပါက်ကြောင့်လို ့သာဆိုချင်မိပါတော့တယ်။
      ——————————————————————————————————
      အတိသဉ္ဖာ နာဂရ,…ရေ။
      ကျေးဇူးပါဘဲကွယ်။
      ဦးနှောက်နဲ ့ခံစားသွားပါတယ်ဆိုလို ့ပီတိဖြစ်မိရပါတယ်။
      ——————————————————————————————————
      pooch,..ရေ။
      အဆိုးဆုံးအတွက်မပြင်ဆင်ထားမိရင်၊ရုူးသွတ်သွားနိုင်ပါတယ်။
      လောကဓံတရားရဲ ့အလှည့်အပြောင်းကကြောက်စရာကောင်းလွန်းလှလို ့ပါဘဲကွယ်။
      ——————————————————————————————————
      ကိုပေ,..။
      ကျေးဇူးပါ။
      သိထားနိုင်မှသာတော်ရာကြမှာ။
      ခေတ်ကာလကမလွယ်ဘူးလေ။

  • ကြောင်ကြီး

    August 23, 2012 at 9:07 am

    အိုးခြင်းထား
    အိုးခြင်းထိ
    ကြိုးခြင်းထား
    ကြိုးခြင်းငြိ
    ပိုးမင်းသား
    ထိုးကွင်းရှိ
    ပျိုးခင်းနား
    ဖြိုးဆင်းညှိ
    ဟိုးမင်းတား
    ဂိုးသွင်း၏..။

  • Novy

    August 23, 2012 at 11:12 am

    မမအေးရေ.
    နိုဗွီလည်း လောဘ၊သောကအပူမီးတွေများလွန်းလို့
    ဖေဖေ မဆုံးခင်ကပြောသွားတဲ့ စကားလေးကို အမြဲအမှတ်ရပြီးနေနေရတယ်
    ” သမီးရယ် နင့်ကြည့်ရတာ ပင်ပန်းလိုက်တာတဲ့
    အပေါ်ကြီးပဲ မကြည့်ပဲ အောက်ခြေကိုလည်းပြန်ကြည့်ပါ
    စိတ်အေးချမ်းမှု့ရအောင်တဲ့ တရားမမှတ်နိုင်ရင်တောင်
    ထွက်သက်ဝင်သက်လေးမှတ်ပါတဲ့ “

  • aye.kk

    August 23, 2012 at 7:49 pm

    ကြောင်ကြီး,..။
    ကျေးကျေးပါကွယ်။
    မတူတဲ့အတွေးနဲ ့…
    သူရေးသားကာပေးတဲ့…
    ကဗျာလေးကတော့ထိထိမိမိပါဘဲလို ့ပြောလိုက်ပါရစေ။။
    ——————————————————————————————————————–
    Novy,…ရေ။
    ကျေးဇူးနော်။
    ထွက်သက်ဝင်သက်လေးမှတ်နိုင်မှသာ။
    စိတ်ဆိုတာကိုအေးငြိမ်းတည်ငြိမ်နိုင်စေတာမို ့အကောင်းဆုံးပါပဲကွယ်။

  • မဟာရာဇာ အံစာတုံး

    August 23, 2012 at 8:19 pm

    အကောင်းဆုံးကို မျှော်လင့်ထားပေမယ့်
    အဆိုးဆုံးတွေအတွက် ကြိုတင်ပြင်ဆင် ထားရမယ် .. တဲ့ ။
    လူကြီးတစ်ယောက်ကတော့ ဒီလို ဆုံးမခဲ့ဖူးပါတယ် ခင်ဗျာ ..

Leave a Reply