ဒီလို ဘဲ ကြည့် နေ တော့ မှာလား ??

ကထူးဆန္းAugust 23, 20122min17034

ဒီနေ့ ၂၃-၀၈-၂၀၁၂ မှာ လုပ်စရာ ရှိတာတွေ လုပ်ပြီး မှ ရုံးလာတော့ ၁ဝ နာရီ လောက်မှ ရုံးနားရောက်ပါတယ် ။ သိမ်ဖြူလမ်း ဝန်ကြီးများ ရုံးရှေ့ မှာ ယာဉ်ထိန်းရဲ အုပ်စု တစ်စု မီးပွိုင့် ဘက် ချောင်းနေကြတာ တွေ့ တော့ အင်း ဒင်းတို့ လမ်းစည်းကမ်း ထိန်းတယ် ဆိုပြီး ပိုက်ဆံတောင်းလို့ကောင်းတဲ့ without တို့ ၊ ရိုးရိုးသားသား ရှာစားနေတဲ့ ကုန်တင်ကားတို့ ကို ဖမ်းဖို့ ချောင်းနေပြန်ပြီလားလို့ တွေးပြီး လာခဲ့တာ သူတို့ ကို ကျော်လို့ သိမ်ဖြူလမ်းနဲ့ မဟာဗန္ဓုလလမ်း မီးပွိုင့် မှာ လူစုစု စုစု တွေ့လိုက်တော့ တိုက်ပြန် ပြီလို့ ။

ထင်တဲ့ အတိုင်းဘဲ ။ ဘယ်သူ မှားတယ် မှန်တယ် တော့ မသိပါဘူး မထသ ၄၃ ဘတ်စ်ကားက ကုန်သယ်ယာဉ် ဖင်ပိုင်းကို ဝင်ဆောင့် ထားတာပါ ။ ကုန်သယ်ယာဉ် ကတော့ ဘာမှ မဖြစ်ပေမဲ့ ဘတ်စ်ကားကတော့ အောက် မြင်ရတဲ့ အတိုင်းပါဘဲ ။ ခရီးသည်တွေ ဘယ်နှစ်ယောက် ဆောင့်မိပြု မိကြဦးမလဲ မသိပါဘူး ။

သိမ်ဖြူ နဲ့ မဟာ ဗန္ဓုူလလမ်းထောင့် မှာ တိုက်တဲ့ ဘတ်စ် (ရွှေ့ထားပြီး)
မထသ ၄၃

ဖြစ်နေကြတာတွေ ဖြစ်လို့ ဓါတ်ပုံ မရိုက်တော့ ဘူးလို့ဘဲ ။ ဒါပေမဲ့ ဗိုလ်မြတ်ထွန်းလမ်း နဲ့ မဟာ ဗန္ဒုလမ်း မီးပွိုင့် မှာ ၃၅ နောက်တစ်စီး ထပ်တိုက်ထားတာ တွေ့တာ နဲ့ နှစ်ပုံလုံး ရိုက်တင်လိုက်ပါတယ် ။ ၄၃ ကတော့ နေရာရွှေ့ပြီး ဖြစ်နေလို့ ရွှေ့ထားတဲ့ နေရာကပုံသာ တင်လိုက်ပါတယ် ။

မဟာဗန္ဓုလလမ်း နဲ့ ဗိုလ်မြတ်ထွန်း လမ်းထောင့်

၃၅ ကတော့ မီးပွိုင့် ဆောင့်နေတဲ့ ဆိုက်ကားကို နောက်ကတိုက်မိသွားပါတယ်တဲ့ ။ မတိုက်ခင်မှာ ဘေးပလက်ဖောင်းပေါ်က ရေတမာ ပင် ကိုတိုက် ပြီး ကားဘီးကလဲ ကွန်ကရစ် ဘောင်ထဲ ကျသွားလို့ ဆိုက်ကားဆရာ နဲ့ စီးလာတဲ့ အမျိုးသမီး ပွဲခြင်းပြီး မဖြစ်သွားတာ လို့ ပြောကြပါသည် ။ အမျိုးသမီး ကတော့ ဒါဏ်ရာ တော်တော်ရသွားတယ် လို့ သိရပါသည်။

သစ်ပင် နဲ့ လည်း တိုက် ကွန်ကရစ်ဘောင်ထဲလည်း ဘီး ဝင်သွားလို့ ဆိုက်ကားဆရာ နဲ့ ခရီးသည် အမျိုး သမီး ပွဲခြင်း မပြီး တာတဲ့ ။
ဒါတွေကတော့ ကုကိံ္ကုင်း ယာဉ်ထိန်း ရုံး ရှေ့ ဖြတ်သွားရင်း တွေ့လို့ ရိုက်ထားတဲ့ ပုံတွေပါ .

ဒီ အပေါ်ပုံတွေကတော့ ကုကိံ္ကုင်း မီးပွိုင့် မှာ မီးပွိုင့်စောင့် ရင် တိုက်ထားတဲ့ ဘတ်စကား တွေ တွေ့လို့ ရိုက်ထားတာပါ ။

ယာဉ်တိုက်မှု့ ကင်းမဲ့ဇုန် ရေး ဆိုင်းဘုတ် တင်ရုံ နဲ့တော့ ယာဉ်တိုက်မှု့ မကင်း ပါဘူး ။

ယာဉ်စည်းကမ်းထိန်းသိမ်းရေး တွေလည်း ယာဉ်မောင်း ယာဉ်နောက်လိုက်တွေဆီက နှစ်ရာစား ၊ ကွမ်းယာစား နဲ့ စားနေရလို့ ဥပက္ခာ ပြုထားတာတွေ ရှောင်သင့် ပါပြီ။

ယာဉ်ထိန်းရဲတွေလည်း ကိုယ့်အိတ်ဖောင်းဖို့ ဘတ်ဂျက်ရှာဖို့ ဦးစားပေးတာတွေ ရပ်ပြီး အများပြည်သူ ယာဉ်အန္တရာယ် ကင်းရှင်းအောင် ဆောင်ရွက်သင့်ပါပြီ။

ကိုယ့်အိတ်ဖောင်းအောင် ဘတ်ဂျက်ပြည့်အောင် အမှု ပြည့် ရုံ အစား ယာဉ်စည်းကမ်း ထိန်းသိမ်းမှု့တွေကို ဦးစားပေး လုပ်ဆောင် သင့် နေ ပါပြီ။

ယာဉ်တွေ ကိုကြံ့ခိုင်ရေး ထိန်းသိမ်းတာ ၊ ယာဉ်မောင်းတွေ စည်းကမ်းလိုက်နာအောင် ထိန်းသိမ်းတာတွေဖြစ်မြစ်အောင် ယာဉ်မောင်းတွေကို အရေးယူတာ သာ မက ယာဉ်ပိုင်ရှင်တွေ ၊ အစိုးရ ပိုင်တွေဆို တာဝန်ရှိသူ တွေကိုပါ အရေးယူသင့်နေပါပြီ။ ယာဉ်စည်းကမ်းလိုက်နာအောင် ထိန်းသိမ်းခိုင်းဖို့ တာဝန်ရှိတဲ့ ယာဉ်ထိန်းရဲတွေကိုပါ တာဝန် ပျက်ကွက် ရင် အရေးယူတာမျိုး လုပ်သင့်နေပါပြီ။

ဒီလိုဘဲ မနိုင်လို့ ဆိုပြီး ကြည့် နေတော့မှာလား ။ တာဝန်ရှိသူများ ရှက် သင့် ပါပြီ။

34 comments

  • ပန်းစံပါယ်

    August 23, 2012 at 1:35 pm

    ယာဉ်မောင်းတွေပါမက အားလုံး စည်းကမ်းလိုက်နာအောင် ထိထိရောက်ရောက်ဆောင်ရွက်သင့်ပါတယ်။ ဟိုတစ်လောက ကြားလိုက်မိပါတယ်။ လူကူးမျဉ်းကျားကမကူးတဲ့လူတွေကို ဒါဏ်ငွေရိုက်တယ်။ ဒါဏ်ကြေးငွေက တစ်ယောက် ကျပ် ၂၀၀ဝ ဝန်ကျင်ပဲ။ အတိအကျတော့ မမှတ်မိဘူး။ ငွေ ၂၀၀ဝ လောက်ကတော့ အများအားဖြင့် အမှုမထားကြပါဘူး။ ဆောင်လိုက်မယ်ဆိုတဲ့သူတွေများပါတယ်။ ကိုယ့်အသိစိတ်နဲ့ကိုယ် မလုပ်ဆောင်ကြတဲ့နောက်မှတော့ ဒါဏ်ငွေတစ်မျိုးတည်းရိုက်တာထက် ဒါဏ်ငွေရော လူကိုအပြစ်ပေးတာရော ၂မျိုးလုံးလုပ်သင့်တယ်ထင်ပါတယ်။ အပြစ်ပေးရာမှာလည်း ထိရောက်တဲ့အပြစ်ပေးမှုဖြစ်ဖို့လိုပါတယ်။ ဥပမာ လမ်းပြင်တဲ့နေရာ (သို့) လူမြင်ကွင်းက အလုပ်တစ်ခုခုကို လုပ်ခိုင်းတာမျိုး(လမ်း၊ ကျောင်း သန့်ရှင်ရေးလုပ်တာတို့ အမှိုက်သိမ်းတာတို့)။ အဲဒီလိုလုပ်ခိုင်းတဲ့နေရာမှာလည်း စည်းကမ်းမလိုက်နာလို့ပြစ်ဒါဏ်ခံရတယ်ဆိုတာ လူအများသိအောင် လည်ပင်းမှာ စာဆွဲခိုင်း။ ကျောင်းမှာဆရာ ဆရာမတွေက ကျောင်းသားတွေကို ဒါဏ်ပေးသလိုမျိုးပေါ့။ အဲဒီလိုဆိုရင် သူတို့အလုပ်ပျက်မယ် ဝင်ငွေကိုထိခိုက်မယ် တစ်ချို့က ရှက်မယ်။ အဲဒီနည်းက ငွေဒါဏ်သက်သက်ရိုက်တာထက် ပိုထိရောက်မယ်ထင်တယ်။ နိုင်ငံအတွက်လည်း လုပ်အားရတာပေါ့။ ပြစ်ဒါဏ်ကိုကြောက်လို့ ဆင်ခြင်ရာက ကြာလာတော့ ကျင့်သားရပြီး စည်းကမ်းရှိသွားမယ်ထင်ပါတယ်။ တစ်ခုတော့ရှိတယ် တာဝန်ရှိသူများဘက်ကလည်း ကျောသားရင်သားမခွဲခြားပဲ လုပ်ဆောင်ဖို့အရေးကြီးပါတယ်။ လမ်းကူးရာမှာ ပြည်သူတွေအတွက် လိုအပ်တဲ့အရာတွေနဲ့ စနစ်တကျ ပြည့်စုံမှုရှိဖို့တော့ လိုပါတယ်။

    • htoosan

      August 23, 2012 at 10:38 pm

      ပန်းစံပါယ် ရေ .. ဟိုတလောက ကြားပြီး အခု မကြားတော့တာတွေလည်း ပြဿနာ ပေါ့ ။ ရေတက် ငဇင်ရိုင်း လိုဖြစ်နေတယ် ။ လုပ်တော့ လုပ်နေပါတယ် ။ လက်ပါတ်တွေ နဲ့ နေ့စားတွေ ကားတစ်စီးပေါ်မှာ တော့ တွေ့တယ် ။ အလုပ်ပြယုံ လောက်ကတော့ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး။ နှစ်ထောင်ဆိုတာလည်း သာမာန် တစ်ယောက်အတွက်တော့ မနဲပါဘူး ။ အဖမ်းခံရပြီး ကားပေါ် ပါသွားရင် ကို အလုပ်အကိုင်ပျက်နေပါပြီ ။ တစ်ခါ အဖမ်းခံရရင် မှတ်လောက်ပါတယ် ။
      လူတွေ လမ်း ဖြတ်ကူး နိုင်အောင်လည်းဘာမှ မလုပ်ပေးနိုင်သေးတာလဲ ပြဿနာ တစ်ခုလေ ။ မျဉ်းကြားက မီးနီ မီးစိမ်းတွေ အလုပ်ဖြစ်အောင်မှ မလုပ်နိုင်တာ ။ မီးပွိုင့်က ယာဉ်ထိန်းရဲ ဆိုတာ တွေကလည်း လူလည်ကြီးများလာရင် လက်ပြဖို့လောက် ထားတာ ဖြစ်နေတော့ မဆုံးနိုင်တဲ့ သံသရာ တွေ ဖြစ်နေဆဲပါ…

  • surmi

    August 23, 2012 at 1:45 pm

    အပြည် ့မဝထောက်ခံပါတယ်ဗျို ့
    ဒီလိုပို ့မျိုးလဲ မကြာမကြာတင်သင် ့ပါတယ်
    ဘတ်စ် ကားသမားတွေရမ်းကားပေါင်းများနေပါပြီ

  • ဦး ဂျစ်

    August 23, 2012 at 2:21 pm

    ကြောက်စရာတွေပါ…
    တက္ကဆီနဲ့ ဘတ်စ်ကြီး တွေကို ပဲ သတိထားနေရတယ်…
    တက္ကဆီယာဉ်ငယ်တွေက လဲ လမ်းကြပ်တာအကြောင်းပြ အတင်းဝင် အတင်းထွက်
    တိုးဝှေ့မောင်းနေကြတော့ နေ့စဉ်နဲ့အမျှ ပြဿနာဖြစ်ကြရတော့တာပဲလေ …
    ရန်ကုန်လမ်းနဲ့ ကားတွေနဲ့ မမျှမတ ဖြစ်နေတော့လဲ ကားတွေကကြပ်ပါသဘိနဲ့
    ကားစီးရတာ ကားမောင်းရတာ အသက်ရှုတောင်ကြပ်ပါရဲ့ဗျာ …။

  • may flowers

    August 23, 2012 at 2:29 pm

    ကိုထူးဆန်းရေ အရမ်းတန်ဖိုးရှိတဲ့ ပိုစ့်လေးပါပဲ…သက်ဆိုင်ရာ တာဝန်ရှိသူတွေလည်း ဖတ်မိနိုင်ကြပါစေလို့

    ဆုတောင်းရင်း….ဒီဆောင်းပါးလေးအတွက် လက်မထောင်ခဲ့ပါတယ်။

  • Foreign Resident

    August 23, 2012 at 3:44 pm

    ” ယာဉ်မောင်းတွေကို အရေးယူတာ သာ မက ယာဉ်ပိုင်ရှင်တွေ ၊
    အစိုးရ ပိုင်တွေဆို တာဝန်ရှိသူ တွေကိုပါ အရေးယူသင့်နေပါပြီ ”

    ဒီဖက်နိုင်ငံတွေမှာတော့ ၊
    အဲဒီလို တိုက်ရိုက် အပြစ် မရှိတဲ့သူတွေကို အရေးယူမယ့်အစား ၊
    ပို စံနစ်ကျတဲ့နည်း နှင့် ဖြေရှင်းကြတယ် ။

    ၁ ။ Public Transport တွေကို အာမခံ မြင့်မြင့်ထားခိုင်းတယ် ။
    ( ဥပမာ – လူတစ်ယောက် သေရင် ဒေါ်လာ သိန်းချီ ၊
    မြန်မာငွေ သိန်း ထောင်ချီပြီး လျှော်ကြေး ပေးရတယ် )

    ၂ ။ ဘတ်စကား သမားတွေကို မက်မောလောက်တဲ့ ၊
    လစာ ပေးထားတယ် ( ခေါက်ရေ နှင့် မဟုတ်ဘူး )

    ၃ ။ ဘတ်စကား သမားတွေရဲ့ လိုင်စင်ကိုလည်း ၊
    တင်းတင်း ကျပ်ကျပ် စစ်ဆေးတယ် ။

    ၄ ။ ကားပေါ်မှာလည်း CCTV တပ်ထားပြီး ၊
    အမြဲတမ်း စောင့်ကြည့် စစ်ဆေးတယ် ။

    ဒါတွေကတော့ ချမ်းသာတဲ့နိုင်ငံတွေမှာ သုံးတဲ့ စံနစ်တွေပါ ။
    မြန်မာ နိုင်ငံမှာတော့ ချက်ချင်း မဖြစ်နိုင်သေးပါဘူး ။

    ရထားခ ကားခ လည်း လိုက်ဈေးတက်မှ ရမှာလေ ။
    အဘ အိမ်ကနေ မြို့ထဲ တစ်ခါ အသွားအပြန် ရထားခ က
    ၁၅ ဒေါ်လာလောက်ကျတယ် ။
    မြန်မာငွေ နှင့်ဆို နေ့စဉ် ခရီးစရိတ် ၁၃၅၀ဝ ကျပ် ကျမယ် ။

    • htoosan

      August 23, 2012 at 10:51 pm

      ဘဖောရေ ..

      ၁ ။ Public Transport တွေကို အာမခံ မြင့်မြင့်ထားခိုင်းတယ် ။
      ( ဥပမာ – လူတစ်ယောက် သေရင် ဒေါ်လာ သိန်းချီ ၊
      မြန်မာငွေ သိန်း ထောင်ချီပြီး လျှော်ကြေး ပေးရတယ် )

      အဲ့ဒါလည်း ယာဉ်ပိုင်ရှင်တွေ ကို အပြစ်ပေးနည်း တစ်မျိုးဘဲလေ ။ အာမခံ မြင့်လာတာဟာ ပိုင်ရှင်တွေကို ရမ်းကားတဲ့ ယာဉ်မောင်းတွေ ကို ပေးမမောင်းစေတဲ့ နည်း တစ်ခုဘဲလေ။ ယာဉ်ပိုင်ရှင်တွေလည်း ဒါမှ ပို ဂရုစိုက် လာတော့မှာ ။ ကား တစ်စီး မကောင်းတာဟာ ယာဉ်ပိုင်ရှင်မှာလည်း တာဝန်ရှိပါတယ် ။ ပြင်ပေးသင့်ရဲ့သား နဲ့ မပြင်တာ ၊ လဲသင့်ရဲ့သားနဲ့ မလဲတာတွေဟာ ယာဉ်ပိုင်ရှင်တွေ ၊ တာဝန်ရှိသူ တွေ မှာ တာဝန်ရှိပါတယ်။

      ၄ ။ ကားပေါ်မှာလည်း CCTV တပ်ထားပြီး ၊
      အမြဲတမ်း စောင့်ကြည့် စစ်ဆေးတယ် ။

      ဒီမှာလည်း ဝ မရှိဘဲ ဝိလုပ်ဖို့ ကြိုးစားပါသေးတယ် ။ ခရီးသည် ထိုင်ခုံတောင် ကောင်းအောင် မထိန်းသိမ်းနိုင်ပါဘဲနဲ့ cctv တွေ တပ်ပြီး ဘယ်လို စောင့်ကြည့် ထိန်းသိမ်းမယ် အော်နေပါတယ် ။
      ထင်တာတော့ ( အထင်နော်) ဘယ် လူကြီး အမျိုး ( ဘဖောတောင် ပါနေလားမသိ .. 😀 နောက်တာနော်) တွေရဲ့ ကုမ္မဏီ တွေက မြှောက်ပေးပြီး တပ်ခိုင်းနေလဲ မသိပါဘူး ။ ပစ္စည်း တစ်ခု တပ်ဆင်ပြီးရင် maintenance ကိုထည့်သွင်းစဥ်းစားလေ့ မရှိတဲ့ ကျွန်တော်တို့တိုင်းပြည်မှာ တရားသဘော နဲ့ ညီမျှစွာဘဲ ဘယ်အရာ မှ တည်မြဲလေ့ မရှိပါဘူး ။ အမျိုးတွေကို စောင့်ရှောက်ရမယ်ဆိုတဲ့ တရားတော် နဲ့ အညီတော့ လုပ်ကြပါတယ် ။ မီးပွိုင့်တွေမှာ မီးမပျက်အောင် ဆိုပြီး ဆိုလာ ဘန်းတွေ တပ်လိုက်တာ ။ ဘာ မှ မကြာခင်မှာ ဘဲ ဒုံးရင်း ပြန်ရောက်နေပြီး အခု အဲ့ဒီ့ ဘန်းတွေလည်း မတွေ့ တော့ပြန်ပါဘူး ။
      မီးပွိုင့် တွေမှာ လည်း cctv တွေ တပ် ၊ ကင်မရာတွေ တပ်နဲ့ ။ အလုပ်လုပ်တာ လည်း အခုထိတော့ မတွေ့သေးပါဘူး ။ အဲ့ဒီ့ အစာ အဓိက ကျတဲ့ မီးနီ မီးစိမ်း မီးဝါတွေ မှန်မှန် အလုပ်လုပ်ပြီး အားလုံး တစ်ပြေးညီ ဖြစ်အောင် အရင်လုပ်တာက ပို တန်ဖိုးရှိမယ် ပို သဘာဝကျမယ် လို့ ကျွန်တော့ ဦးနှောက် သေးသေးလေးနှင့် တွေးမိပါသည်။

  • kai

    August 23, 2012 at 3:48 pm

    ကားအာမခံဗျို့.. ကားအာမခံ..
    အခုဖြစ်နေတဲ့.. ကားနဲ့ပါတ်သက်တဲ့.. ပြသနာတွေ.. ၅ဝရာခိုင်နှုန်းအထက်.. အိုကေသွားလိမ့်မယ်..

    • မဟာရာဇာ အံစာတုံး

      August 23, 2012 at 8:59 pm

      သဂျီး ..
      ခု မြန်မာပြည် အာမခံလုပ်ငန်းမှာ ..
      ကား အာမခံတွေ အရင်ထက်စာရင် အတော်တိုးလာတယ်လို့ ကြားပါတယ် ..
      ပြီးတော့ ဈေးဆိုင်ခန်း အာမခံတွေရောပေါ့ …

    • htoosan

      August 23, 2012 at 10:59 pm

      အာမခံ က တိုးတာ လာတာ ။ အရေးကြီးတာက အလုပ်လုပ်ဖို့ လိုတာ ။
      အံဇာရေ .. ကြားဖူးတဲ့ အာမခံဆိုတာက အထိအခိုက်မရှိရင် ဈေးကျလာရပြီး ထိခိုက်ရင် တိုးတိုးယူရတယ်လို့ ကြားဖူးတာဘဲ ။ ဟုတ်မဟုတ်တော့ သူကြီး ဖြေပေးပါဦး ။
      ဆိုတော့ သူကြီးပြောချင်တာ တကယ် အလုပ်လုုပ်တဲ့ အာမခံ ။ ယာဉ်တိုက်မှုဖြစ်ရင် ထားရတဲ့ အာမခံ များများ များများ လာအောင် လုပ်ထားတဲ့ စံနစ် ။ အာမခံ မရှိရင် လမ်းပေါ်မတက်ရ ။ ဒါကြောင့် မဖြစ်အောင်ထိန်းဖို့ လို့ ထင်ကြောင်းပါ ။

      ဒီမှာက အာမခံ မထားမနေရ ။ ပြီး ဖြစ်ခဲ့ရင် လုပ်ရတဲ့ procedure ကများလွန်း ၊ ယာဉ်ထိန်းရဲတွေက ရစ်လွန်းဆိုတော့ ဘယ်သူမှ ထိခိုက် ပျက်စီးရင် ပြန် claim လုပ်တာလဲမရှိ ။ မသွင်းမနေရ မို့လို့ သွင်းပြီး အာမခံက နှစ်စဉ် ဘယ်လောက်မြတ်ပါတယ် ဆိုတာ ၆မြင် ကပ်ကပ် နဲ့ နားထောင်နေရတာ ..

      • kai

        August 23, 2012 at 11:30 pm

        မှန်ပါတယ်..။
        အခြေခံအားဖြင့်.. မတော်တဆမှုနည်းလေ..အာမခံပရီမီယံကြေးကျလာလေပါ..။ မတော်တဆများလေ.. တက်လေ..။
        ဆိုတော့..
        အရက်မူးပြီးဖမ်းခံရတတ်တဲ့အသိဆို.. တလ.. အာမခံကြေး၁၀၀ဝကျော်တာတောင်တွေ့ဖူးတယ်..။
        ကျုပ်ကတော့.. ကိုယ်မှားတဲ့အက်စိဒန့်တခါမှမရှိဖူးလို့.. တလ ၁၀ဝ ကျော်ပေးရတယ်..။

        လူတွေလူတွေအရေးကြီးပါတယ်..။ အာမခံကိုယုံသင့်တာပေါ့..။ ဒီလိုနဲ့.. စနစ်ကဆွဲခေါ်သွားမှာပေါ့..။
        စနစ်စဉ်းစားပုံကအလွယ်လေး..။
        ဥပမာ.(တကယ်).. :mrgreen:
        .. ကျုပ်ဆီ..
        .. တနှစ်ကျပ်၁သိန်းသွင်း.. သွင်းတဲ့သူ.. ရန်ကုန်မှာကားတိုက်သေရင်.. ရဲအထောက်အထားသာပြ..
        သိန်း၁၀ဝ ချက်ချင်းလျှော်ပေးမယ်..။
        ကျုပ်ပြောတဲ့စည်းကမ်း ၁ခုပဲလိုက်နာ.. ကားတိုက်သေတာနဲ့.. သိန်း၂၀ဝလျှော်ပေးမယ်..။
        ကျုပ်ပြောတဲ့စည်းကမ်း.. ၅ခုလိုက်နာ.. ကားတိုက်သေတာနဲ့.. သိန်း၃၀ဝ ချက်ချင်း(ချက်ချင်း)လျှော်ပေးမယ်..။
        အဲဒါ..

  • mocho

    August 23, 2012 at 4:11 pm

    ကို ထူးဆန်းရေ
    ယာဉ်တိုက်မှု တွေ ဖတ် ရတိုင်း ရင် တုန် မိတယ်။ ကိုယ့် မိသား စု အပါ ဝင် နေ့ စဉ် အပြင်ထွက် အလုပ်လုပ်နေ ရတဲ့ မိတ်ဆွေတွေရော၊ ရန် ကုန် က လူတွေအားလုံး အတွက် စိတ်မအေး ရဘူး။ ဒီ တခေါက် ရန်ကုန် ပြန်တော့ ကားစီးတဲ့ အခါတိုင်း ရုတ်တရက် ဘရိတ် ဆောင့် အုပ် လိုက် တာတွေ ၊ ကား တစ်စီးနဲ့ တစ်စီး ပွတ်ကာသီကာလေး ရှောင်လိုက် တာတွေ ၊ တိုက်မိ မလိုဖြစ် တာတွေ အပြင်ထွက်တိုင်း ကြုံ တယ်။ ကိုယ် တွေ နဲ့ မတိမ်း မယိမ်း ပြန်တဲ့ အသိ ကောင်လေး ဆို ခွင့် စေ့ လို့ ပြန်မဲ့ ည မှာ အိမ်နား က ဘုရား ကို အသွား ၊စီးလာတဲ့ ဆိုက်ကား ကို ကား က ဝင်တိုက် တာ ညီ အကို ၂ ယောက် ၁ ယောက် က ညှပ်ရိုး ကျိုး ၊ ၁ ယောက် က ခေါင်း ကို ထိ ပြီး ကံကောင်း လို့ မသေတယ်။
    ကားတွေ က များ လာ ၊ မောင်း တဲ့ လူ တွေ က စည်းကမ်း မရှိ၊ စည်း ကမ်း ရှိအောင် ပညာပေး ထိန်း ကျောင်း ပေးရမဲ့ သူတွေက စည်းကမ်း ထိန်း သိမ်း တယ် ဆိုပြီး အိမ် က မိန်း မ ရှော့ပင်း များများ ထွက် နိုင် ဖို့ ပိုက်ဆံ ပဲ များများ ရှာ ။ အသိ ထဲက ဘဲဥ မိန်း မတွေ သုံး ချက် ကတော့ လက်လန်တယ်။ တစ်ရက် ကို သုံးသောင်း လောက် နေ့တိုင်း သုံး နိုင်တယ်။
    လမ်း လျှောက်တဲ့ သူတွေ ကျ ပြန်တော့လူကူး မျဉ်း ကြားတွေ က ထင်ထင်ရှားရှား မရှိ၊ ရှိ တော့ လည်း ဘယ် ကား မှ ရပ် မပေးနဲ့ ကျမ တို့ တွေ ရန်ကုန် ပြန်တဲ့ အချိန် ဆို လမ်း မကူး တတ်တော့ လို့တောသား မြို့ ရောက် သလိုပဲ။
    စလုံး မှာ ကိုယ့် ကို ကိုယ် စိတ်ကြီး ဝင်မိတဲ့ အချိန် တစ်ချိန် ရှိတယ်။ အဲဒါ မျဉ်း ကြား ကနေ ကားလမ်း ကူး တဲ့ အချိန်ပဲ။ ဘာကားကြီး ဖြစ်နေနေ မျဉ်း ကြား မှာ လူကူးနေတဲ့ အချိန် ရပ်ပေး ရတယ်။ ကိုယ့် ဆီ မှာလည်း အဲလိုမျိုး မြန်မြန်ဖြစ်စေချင် လှပြီ။ အခုတော့ ရန်ကုန် သူ ရန်ကုန် သား တွေ မှာ လမ်း ပေါ် ရောက် တာနဲ့ အသက်ကို ဖက်နဲ့ ထုပ်ထား ရမလို ဖြစ်နေပြီ။

    • htoosan

      August 23, 2012 at 11:03 pm

      မျဉ်းကြားမှာ လူကူးတဲ့ အချိန် ကားရပ်ပေးထားဖို့ က လူတန်းကလည်း မပြတ်နိုင်ဆိုတော့ မီးစိမ်းမီးနီတွေလည်း စကာင်္ပူ လိုကောင်းဖို့လိုသလို စကာင်္ပူ မှာက underpass တွေ overpass တွေ နဲ့ဆိုတော့ ဤခရီး မနီးသေးပါ ဘဲ ပြောရတော့မှာဘဲ မိုချိုရေ ..

    • Foreign Resident

      August 24, 2012 at 1:07 am

      ” အသိ ထဲက ဘဲဥ မိန်း မတွေ သုံး ချက် ကတော့ လက်လန်တယ်။
      တစ်ရက် ကို သုံးသောင်း လောက် နေ့တိုင်း သုံး နိုင်တယ်။ ”

      ဟယ် ၊ အဘတောင် အဲဒီလောက် ပိုက်ဆံ ၊
      နေ့တိုင်း မသုံးဘူး ။ အံ့ဩချက် ။

  • ster

    August 23, 2012 at 4:22 pm

    (ကားတွေကို maintainance မလုပ်၊ မောင်းလို. ရသလောက်ထိမောင်း၊ တွေ.ကရာနေရာမှာ ပျက်၊ သူတို. ရပ်ချင်သလို ရပ်၊ မောင်းချင်သလို မောင်း၊ တိုက်မိရင် ထွက်ပြေး၊) အဲဒီ ပုံစံထဲက ထွက်အောင် သက်ဆိုင်ရာက မလုပ်နိုင်ကြတော.ဘူးလား မသိဘူး။

  • YE YINT HLAING

    August 23, 2012 at 6:19 pm

    ရန်ကုန်မြို့မှာ သွားရလာရ လိုင်းကားစီးရတာ တကယ်တွေးကြည့် ကြောက်စရာပဲဗျို့ ! ယဉ်တိုက်မှု ဖြစ်ရတာနဲ့ ဂက် ( စ ) အိုးတွေ ယိုတာ စိမ့်တာ ပေါက်တာတွေနဲ့ ။ တလောက လူကြတ်နေတာကို ရပ်ထားတဲ့ကား က အတင်းထွက်ရင်း တူမလေးခြေဖျား ကြိတ်မိသွားတယ်ဗျာ ! အဲဒါ အနီးမှာရှိတဲ့ ရဲက ကားဆရာကော တူမလေးနဲ့သူ့အဖေကော ကို စခန်းခေါ်သွားတယ် ။ ကလေးဆေးအရင် ကုဖို့ထက် သူတို့ အမှုလုပ်ဖို့ ကပိုအရေးကြီးနေတာတွေ.ရတော့ ယောက်ဖကပေါက်ကွဲပြီး လောလောဆယ် ခင်ဗျားမေးတာ မဖြေနိုင်ဘူးဗျာ ! ခုကလေးဆေးခန်းပြဖို့ အရေးကြီးတယ်ပြောတော့ စစ်နေတဲ့ ရဲက မင်းဘာကောင်လဲ ငါဘာကောင်လဲလုပ်နေသေးတယ် ။ ကလေးနာလို့ အော်ငိုနေတာတောင် သောက်ဂရု မစိုက်ဘူး ! ဒါနဲ့ လူကြီး တယောက်ကို ဖုန်းဆက်တိုင်မယ်လုပ်ခါမှ ကလေးကို အရင်ဆေးခန်းပြခွင့်ရတယ် ။တော်တော် မုန်းဖို့ကောင်းတဲ့ လူတွေဗျာ ! ကားပိုင်ရှင် နဲ့ ကားဆရာ နောက်ရက် အိမ်အထိ လိုက်လာပြီး ကလေး အတွက် လက်ဆောင်နဲ့ ဆေးဖိုးသဘောမျိုးလာပေးပါတယ် ။ လက်ဆောင်ကို လက်ခံလိုက်ပေမဲ့ ငွေကိုတော့ လက်မခံလိုက်ပါဘူး !

    • htoosan

      August 23, 2012 at 11:10 pm

      ဖြစ်ပြီးရင်တော့ မျက်နှာ ငယ် လေးတွေနဲ့ မသနား သနားအောင်ပြောပြီး လုပ်ချင်ရာ လုပ်ကြတာ ကိုရဲရင့်လှိုင်ရေ..

    • Foreign Resident

      August 24, 2012 at 1:20 am

      ” လက်ဆောင်ကို လက်ခံလိုက်ပေမဲ့ ”

      ဘာလို့ လျှော့ပေးတာလဲ ။
      အဘ အိမ်ကကား ကားတိုက်မှုဖြစ်တော့ ။

      ဟိုဘက်က မလျှော်နိုင်လို့ ၊ ငိုယိုတောင်းပန်နေတဲ့ ၊
      Bus ကား ဒရိုင်ဘာ အဖိုးကြီးကို ၊
      ထောင်ကျတဲ့ အထိ ဆက်လုပ်ပြစ်လိုက်တယ် ။

      မတော်တဆ ဆိုရင် နားလည်ပေးလို့ ရပေမယ့် ၊
      တမင်သက်သက် Bus ကားမို့ လူပါးဝပြီးမေါင်းတဲ့ ပုံစံမို့ ၊
      ထောင်ကျတဲ့ အထိကို ဆက်လုပ်ပြစ်လိုက်တယ် ။

      • YE YINT HLAING

        August 24, 2012 at 2:44 am

        အမ ကော ယောက်ဖကော နှစ်ယောက်လုံး က အတော်အေးကြပါတယ် ။ ဖြစ်ဖြစ်ခြင်း ဒေါသဖြစ်ကြပေမဲ့ နောက်ပိုင်း ဖြေတွေး နဲ့ ပဲ ကျေအေးလိုက်ကြတယ် ။ ကားဆရာ ကော အုံနာကော ကံကောင်းသွားကြတာပေါ့ ။ အမှု မလုပ်တာက ရဲကို အမြင်ကပ်သွားတာလဲ ပါတာပေါ့ ! မူကြိုအရွယ် ကလေးငယ် ကားကြိတ်ခံရလို့ အော်ငိုနေတာတောင် ဆေးခန်းအရင်ပြနိုင်ဖို့ တော်တော် ပြောယူရတယ် ။ သူတို့ အမှုရဖို့က ပိုအရေး ကြီးနေတယ်လေ ။ ဆေးခန်းပြတဲ့ အချိန်လေးတောင် မစောင့်နိုင်ဘူးတဲ့လား ! သူတို့သားသမီး ဆို ဘယ်လိုနေမလဲမဘူး ! ဒါကြောင့် ဒေါသ က ရဲ ဖက်ပြောင်းသွားတာ ။

      • MaMa

        August 24, 2012 at 7:28 am

        အဘဖောကို အပြည့်အဝ ထောက်ခံတယ်။
        မဖြစ်ခင်မှာ မဆင်ခြင်ပဲ ပရမ်းပတာ မောင်းတဲ့ မျက်နှာနဲ့။
        တကယ်ဖြစ်ပြီဆိုတော့မှ လျှော်စရာ မရှိလို့ပါ။
        မိဘကို လုပ်ကြွေးနေရတာပါ။
        မိသားစုက သူ့လုပ်စာစားနေရတာပါ၊ ဆိုပြီး အမျိုးမျိုးတောင်းပန်တာ ခံရဖူးတယ်။
        မကျေမနပ်နဲ့ပဲ ကြေအေးပေးလိုက်ရဖူးတယ်။
        ခုရက်ပိုင်း ယာဉ်တိုက်မှုတွေ ပိုများလာသလားလို့။
        ပြောရရင် လမ်းတွေဆိုးလွန်းတာလည်း တပိုင်းပါတယ်။
        တလောကပဲ ကုန်ကားကြီး ဖြေးဖြေးမောင်းနေပါလျှက်နဲ့ စက်ဘီးက ချိုင့် (ဂျိုင့်) ထဲကျပြီး ကားရှေ့မှောက်၊ ကားက တက်ကြိတ်မိပြီး ပွဲခြင်းပြီး သေသွားရှာတယ်။

  • kotun winlatt

    August 23, 2012 at 6:37 pm

    အားလုံးကောင်းမှ အားလုံးကောင်းမယ်…
    အားလုံးကောင်းမှ အားလုံးကောင်းမယ်…
    အားလုံးကောင်းမှ အားလုံးကောင်းမယ်….
    ကိုထူးဆန်းရေ….
    ဒီလို ဘဲ မကြည့်နေလောက်ပါဘူးးးး
    သူတို့ တစ်ခုခုတော့ လုပ်နေပုံရပါတယ်….(…ဟီးးးး…)

  • padonmar

    August 23, 2012 at 7:36 pm

    CJ ကြီးရေ
    ဒီလောက် အော်နေကြတာလည်း နားတွေမပါဘူးလား မသိတော့ပါဘူး။
    ကားသစ်တွေကျတော့ ဘာမှ မမှားလည်း အတင်းခေါ်စစ်၊
    ထင်သလိုမောင်းနေတဲ့ ဘတ်စကားတွေကျ ဘာမှ အရေးမယူ။

    • htoosan

      August 23, 2012 at 11:07 pm

      အန်တီရေ .. ကားသစ်တွေ က without လား ၊ ဘာနဲ့ ညိလဲ ၊ ညိရင် ဝါးရအောင်လို့ ဒါဘဲ စစ်နေတာ ၊ အခုဆို ကားသစ်တွေရယ် ၊ ကုန်သယ် လာတဲ့ ကားတွေရယ်ဘဲ တစ်ဖွဲ့ လေးယောက်လောက်နဲ့ နေရာ တကာစစ်နေတာ..

  • နေဝန်းနီ

    August 23, 2012 at 9:31 pm

    ဟိုတစ်ယောက်ပြောသလိုပဲ….။။ အဲဒိအခန်းဖြတ်ဆိုတဲ့ အထဲမှာလေ……… ” ကြည့်လို့တော့ကောင်းသားပဲဗျ” ဆိုတာ………

  • ဦးဦးပါလေရာ

    August 24, 2012 at 1:02 am

    ထုံးစံအတိုင်း
    ပြောချင်တာက များပြီးရှည်နေပြန်တယ်….
    လိုရင်းချုပ်ရရင်တော့
    စကားတစ်လုံးပဲရှိပါတယ်…
    miss management

    တနေ့တော့ ဘတ်စ်ကား ကုန်ကားနဲ့ ဒရ

  • Foreign Resident

    August 24, 2012 at 1:03 am

    ” Public Transport တွေကို အာမခံ မြင့်မြင့်ထားခိုင်းတယ် ”

    ကိုထူးဆန်းရေ ။
    ကျနော် သေချာ မရှင်းမိလို့ပါ ။
    အာမခံ မြင့်မြင့်ထားတယ်ဆိုတဲ့ အချက်တစ်ခုတည်းနှင့် ၊
    အားလုံး အဆင်ပြေသွားမှာပါ ။

    ဥပမာ –
    Bus ကုမ္ပဏီတစ်ခုက ယာဉ်မတော်တစ်ဆ ထိခိုက်မှု အာမခံ ၊
    သိန်း တစ်သောင်း ထားတယ် ဆိုပါစို့ ၊
    အာမခံ ကုမ္ပဏီ ကလည်း ငါ့လက်ကလွတ် ဗြွတ်ဆိုပြီး ၊
    လက်ခံတာ မဟုတ်ပါဘူး ။

    Bus ကား တစ်ခါတိုက်လို့ လူဆယ်ယောက်သေရင် ၊
    အာမခံ ကုမ္ပဏီ က လူတစ်ယောက် သိန်း တစ်ထောင် နှုန်း နှင့် ၊
    လူဆယ်ယောက်စာ သိန်း တစ်သောင်း လျှော်ပေးရမှာလေ ။
    ကား နှစ်ခါလောက် တိုက်ပြီးတာနှင့် ၊
    အာမခံ ကုမ္ပဏီ ချက်ချင်း မွဲသွားမှာလေ ။
    သူတို့လဲ ဒီလောက် ဘယ်တုံးမလဲ ။

    ၁ ။ ကားရဲ့ စဝင်ဝင်ခြင်း Condition ကို ၊
    လက်ခံနိုင်ဖွယ် ရှိမရှိ စစ်ဆေးပါတယ် ။
    ဂျပန် ကားအဟောင်းတွေဆို လက်မခံလောက်ဘူး ။

    ၂ ။ အမြဲတမ်း ထိမ်းသိမ်းထားရမယ့် အခြေအနေ တွေကို ၊
    သတ်မှတ်ပါတယ် ။ အမြဲ စောင့်ကြည့်ပါတယ် ။
    ဥပမာ – တပါတ်မှာ တစ်ရက် နားကိုနားပြီး ၊
    Authorized & Approved Car Service Centre မှာ ၊
    အားလုံးကို check, refill & repair as necessary လုပ်ရပါတယ် ။
    တစ်လပြည့်တာနှင့် ကောင်းကောင်း မ ကောင်းကောင်း ၊
    ရှိသမျှ Tyre အားလုံး လဲရပါမယ် ။

    ၃ ။ Bus ကား မေါင်းတဲ့သူကို
    အရည်အချင်း တင်မက ၊ Psycho Test ပါလုပ်ပါတယ် ။
    Customer Feed Back မကောင်းရင် အလုပ်ဖြုတ်ပါမယ် ။
    Drink Test ကို Surprise လုပ်ပါမယ် ။

    ၄ ။ Bus ကုမ္ပဏီ ရဲ့ အုပ်ချုပ် စီမံ ပုံ အဆင့်အတန်းကို မြှင့်ပေးရပါတယ် ။
    ဥပမာ – Bus ကုမ္ပဏီ ဟာ ISO-9000 နှင့် ISO-14000 ရရပါမယ် ။
    အဲဒီ ISO ဆိုကတည်းက Document Control System &
    Environmental Awareness အကုန်ပါသွားပါပြီ ။
    ကား က မီးခိုးထွက်တာနှင့် မေါင်းခွင့် မရှိတော့ပါဘူး ။

    အများကြီး တောင်းဆိုမှာပါ ။
    အဲဒီ အချက်တွေကို အာမခံ ကုမ္ပဏီက ၊
    တိုက်ရိုက် / သွယ်ဝိုက် တစ်ချိန်လုံး စစ်နေမှာပါ ။
    တစ်ခုခု လျော့သွားတာနှင့် ၊
    ( ဥပမာ Tyre ကောင်းသေးတယ်ဆိုပြီး မလဲမိရင် )
    ချက်ချင်း အာမခံ Policy က Void ဖြစ်သွားမှာပါ ။
    သွင်းထားပြီးသမျှ အာမခံကြေးတွေ ဆုံးပါပြီ ။
    အာမခံ မရှိတာနှင့် အဲဒီ Bus ကုမ္ပဏီ မှာရှိတဲ့ ၊
    Bus ကားတွေ အကုန်လုံးကို ချက်ချင်း ရပ်ခိုင်းမှာပါ ။
    နောက်တစ်ခါ အာမခံ ပြန်ထားမယ် ဆိုရင် ၊
    အဲလို အမှားကျူးလွန်တဲ့ Record ရှိတဲ့အတွက် ၊
    အာမခံကြေး Premium ကို မြှင့်လိုက်မှာပါ ။

    Bus ကုမ္ပဏီ ပိုင်ရှင် လှုပ်တောင် လှုပ်လို့မရအောင် ၊
    ထိန်းချုပ် ( ကျပ် ) ထားတာပါ ။
    အဘတို့ နိုင်ငံတကာ သင်္ဘောလိုင်တွေကတော့ ၊
    အဲဒီ Practice နှင့် အရမ်း ရင်းနှီးနေတဲ့အတွက် ၊
    Comment ထဲမှာ သေချာ မရှင်းပြမိတာပါ ။

    ဥပမာ – အမေရိကန် ပိုင်နက်အတွင်းကို ဝင်ချင်တဲ့ သင်္ဘောတိုင်းဟာ ၊
    TOVALOP ဆိုတဲ့ တစ်ခုခုဖြစ်ရင် US$ Billion နှင့်ချီပြီး လျှော်ပေးနိုင်ပါတယ် ဆိုတဲ့ ၊
    အာမခံ မရှိရင် အမေရိကန် ပိုင်နက်ထဲကို ပေးကို မဝင်ပါဘူး ။

    တစ်ခု ပြောပြပါမယ် ၊
    အဘ အိမ်မှာ ယခုစီးနေတဲ့ ကားဟာ ၊
    အဲလိုပဲ အာမခံ ထားထားရပါတယ် ၊
    သူတို့ သတ်မှတ်တဲ့အတိုင်း Servicing မှန်မှန်ပို့ရပါတယ် ။
    အဘ တို့ စီးနေတာ ၃ နှစ်ကျော်ပါပြီ ၊
    မြင်ဘူးချင်လို့ တစ်ခါ ဖွင့်ကြည့်တာကလွဲရင် ၊
    ဘောနက် စက်ဖုံးကို ဖွင့်ကို မဖွင့်ဘူးတာပါ ။

    ဩဇီမှာ Bus ကား Accident ဖြစ်တယ်ဆိုတာ ၊
    မကြားမိသလောက် ရှားပါတယ် ။

    ရွာသူားများ ဗဟုသုတ အတွက် ရေးမိတာပါ ။

    • Foreign Resident

      August 24, 2012 at 1:10 am

      အင်း မှန်တာကိုပြောရရင် ၊
      ဘယ်ကိစ္စမဆို အခြေအမြစ် လိုက်လိုက်ရင် ၊
      နောက်ဆုံးတော့ ဆင်းရဲခြင်းမှာ လမ်းဆုံးတာ များပါတယ် ။ 🙁

    • kai

      August 24, 2012 at 2:51 am

      အဘဖောက..
      အာမခံကုမ္ပဏီက.. သူ့စည်းကမ်းဘောင်ထဲရှိမရှိ.. အသကုန်လိုက်စစ်တော့တာကို … ပြောပြနေတာပါ..။ အစိုးရလုပ်ပုံနဲ့မတူတော့ဘူးလေ..
      ဘယ်သူမှားသလည်း.. ဘယ်သူမှန်သလည်း.. ဘာဖြစ်လို့လည်း..
      အကုန်ညစ်..ရစ်တော့မှာ…

      အပေါ်က.. ကားမတော်တဆမှုမျိုးမှာဆို.. ကားကမှားသလား.. လူကမှားသလား.. ဓါတ်တိုင်နေရာကမှားသလား.. ပလက်ဖောင်းကမှားသလား. လမ်းကမကောင်းလား..
      ကားကိုစစ်ထားပြင်ထားတဲ့.. ဝပ်ရှော့ကမှားသလား..။ ဒရိုင်ဘာသောက်လာတဲ့..အရက်ကပြင်းနေသလား..
      အကုန်ကြည့်မှာ.
      … မှားတဲ့ဖက်ကငွေလျှော်ရမှာလေ..
      အစိုးရမှားရင်.. အစိုးရလျှော်ပဲ..။

      ဆိုတော့..
      လိုရင်းပြောရရင်.. အာမခံရှိတဲ့သူက.. ထိုက်တဲ့လျှော်ကြေးရပါမယ်..
      အာမခံစနစ်ကြောင့်.. လူတွေက.. စည်းကမ်းရှိလာကြလေသတည်း.. ပေါ့..။

  • kokothandar

    August 24, 2012 at 9:18 am

    ko htoosan ရေ တာဝန်ရှိတဲလူတွေ ကို ဒီပိုစ်ထဲမှာ ရှက်သင့်ပါတယ်ပြောတော့ အထူးအဆန်း ပမာငြိမ်သွားတယ် ခဏနေတော့ ပြိုင်တူပြန်မေးတယ် ရှက်တယ် ဆိုတာ ဘာကိုဆိုလိုတာလဲတဲ့???????

  • kokothandar

    August 24, 2012 at 9:24 am

    ko htoosan ရေ တာဝန်ရှိတဲ့လူတွေ ကို ဒီပိုစ်ထဲမှာ ရှက်သင့်ပါတယ်လို့ ပြောတယ်ဆိုတော့ အထူးအဆန်း ပမာငြိမ်သွားတယ် ခဏနေတော့ ပြိုင်တူပြန်မေးကြတယ် ရှက်တယ် ဆိုတာ ဘာကိုဆိုလိုတာလဲတဲ့???????

  • nozomi

    August 24, 2012 at 10:56 am

    ကိုထူးဆန်း ဒီလို ပို့စ် မျိုးလေးတွေ ခဏခဏ တင်တယ် ၊ ကိုထူးဆန်းကို တကယ်ကိုကျေးဇူးတင်ပါတယ်

    ကျွန်တော်နေတဲ့ နေရာက ရန်ကုန်မှာ ယာဉ်တိုက်မှုအများဆုံး(၁၀) နေရာစာရင်းဝင်
    ခဏခဏ အုန်းကနဲ ဂျိမ်းကနဲ အသံကြားရတယ်

    ဘာကြောင့်ဖြစ်တယ် ဆိုတဲ့ သုံးသပ်ချက် ဘယ်လိုထွက်လာတယ် ဘယ်လို ကာကွယ်ကြတယ်တော့ မသိ

    အဲဒီနေရာမှာ အရင်ကထက်ပိုထူးလာတာက အရှိန်လျှော့မောင်းပါဆိုတဲ့ ဆိုင်းဘုတ်တစ်ခုလာစိုက်တယ်

    နောက် အဲဒီနေရာက လမ်းကွေ့ဖြစ်နေလို့ ယာဉ်မောင်းတွေ အရှိန်လျော့မောင်းဘို့ ရည်ရွယ်သလားတော့ မသိဘူး ကားလိုင်းက တာဝန်ရှိသူ ၃ ယောက်လောက် မိုးတွင်းဆိုတော့ ယာယီမိုးကာလေးတွေနဲ့ ထိုင်နေတယ် လိုင်းကားတွေ အဲဒီနားရောက်ရင် ဆင်းပြီး လက်ဆွဲနုတ်ဆက်ကြတယ်

    ဒီ ၂၀၁၂ အတွင်း ရန်ကုန်မှာ ယာဉ်တိုက်မှုကြောင့် ၅ ရက်မှာ လူ ၄ ယောက်သေနေရတယ်တဲ့

    ကိုထူးဆန်းရေ ဆက်တင်ပါဦး အားပေးပါတယ်
    တစ်ခုခုတော့ ထူးကိုထူးလာရမှာပေါ့ ( ကိုထူးဆန်းလုပ်တာပဲ ဟာ )
    အဆင်ပြေတဲ့ အခါ အချက်အလက်တွေ စုံနိုင်သလောက် စုပြီး ကျွန်တော်လဲ တစ်ပုဒ်လောက်တော့ တင်ပါဦးမယ်

  • snow white

    August 24, 2012 at 6:32 pm

    ဒီလိုဘဲကြည့်နေရတော့မှာပေါ့ တိုက်ပြီးနေပြီကို ကားတွေတိုက်ပြီးနေပြီကို လို့။။

  • အရီးခင်လတ်

    August 24, 2012 at 7:38 pm

    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ကြီး
    မန္တလေး ဂဇက် စာမူဆုပေးရေး ဆပ်ကော်မတီဝင်ကြီး
    စီဂျေကြီး ကထူးဆန်းအား
    အလေးပြုသွားပါသည်။ 🙂

    ဆက်လက်ပြီး ထိုသို့ မဖြစ်အောင် အရေးယူ ဆောင်ရွက်မှုများကို ကို အရေးတယူလုပ်ပြီး စဉ်းစားနိုင်ကြပါစေ။

  • မောင်ပေ

    August 25, 2012 at 9:28 pm

    ဆြာထူးဆန်း ရဲ ့ပို ့စ်ကို ဒီနေ ့မှ ဝင်ဖတ်ဖြစ်လို ့ ၊ ဆြာထူးဆန်းတင်ဆက်ထားတဲ့ သတင်းတွေ ကို အခုမှ ဖတ်ရ မြင်ရတယ်..။ ဘာအကြံပြု ရမလဲ လို ့စဉ်းစားကြည့်တော့ ဘာမှပြောစရာကို မလိုအောင် ဆြာထူးဆန်းရဲ ့အိုက်ဒီယာ နဲ ့ဖြစ်သင့်တာတွေကို ရေးထားတာ အားလုံးပြည့်စုံပါတယ်ဗျား

Leave a Reply