Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ညဗေဒင်နှင့် လမင်းကြီး

koyin sithuAugust 23, 20121min100630

ပြတင်းဝမှ လှမ်းကြည့်မိသော ည၏ သဏ္ဍန်သည်ပီသခိုင်မာနေ၏ ကြယ်ပွင့်ငယ်တို့က နေထိုင်းမကောင်း၍ အလင်းအားနည်းနေသော မီးသီးလေးများပမာ ခပ်ဖျော့ဖျော့တောက်ပနေကြသည်။ ပင်လယ်လှိုင်းများက ကျွန်တော့်စိတ်ထဲတွင် ယိမ်းထိုးနေသလိုပင်။ လေပြေအေးအေးတို့က ညင်သာစွာ ဖြတ်သန်းလျက်ရှိကြသည်။ တိမ်စိုင်တို့သည် တိုးတိုးဖွဖွရွေ့လျားနေကြသည်။ တစ်ချက်တစ်ချက်တွင် စင်ရော်ငှက်အော်သံ စူးစူးတို့က ညကိုတစ်စိတ်တစ်ပိုင်းလှပစေသည်။ ပတ်ဝန်းကျင်သည် တိတ်ဆိတ်လျက်ရှိလေ၏ တစ်ချိန်က ဂျစ်ပစီလူငယ်လေး တစ်ယောက် ဂီတာတစ်လက်၊ ကတ္တီပါအိတ်မှာ ထည့်ထားသော တဲ့ရောတစ်ထုပ် နှင့် ထိုကဲ့သို့ ညတစ်ညတွင် လမင်းကို ဖတ်ရူ့နေခဲ့ဖူးလေသည်။ ယခုတော့ ထိုလူငယ်မှာ ညဗေဒင်တွက် နေလေ၏ ပြီးတော့ အမှားတွေကို ရင်ခုန်နေပြန်သည်။

တကယ်ပါဗျာ။ အရာအားလုံးဟာ ရူးသွပ်မှုတွေ လှလှပပဆွဲသားထားတာပဲ။တစ်ညမှာပေါ့။ လမင်းသာတဲ့ တစ်ညမှာ…..။ ရင်ထဲကို မှုတ်သွင်းပြီး ဂီတနဲ့ တဲရော့ခ်ကို အားရပါးရ ရူရှိူက်ပစ်ခဲ့ရတယ်။ တစ်ချိန်တုန်းက ဒီလိုညမျိုးတွေမှာ ခိုနားစရာမရှိလို့ လမ်းဘေးပလက်ဖောင်းပေါ်၌ ညလုံးပေါက် ထိုင်နေခဲ့ရတာမျိုး၊ အဓမ္မမှုကို တစ်ညလုံးပေါင်းခဲ့တာမျိုး…. အားလုံးကို ကျွန်တော် အမှတ်ရနေမိပါတယ်။ လမင်းကြီးကို လွမ်းလို့ပေါ့။

ပြင်ပသို့ကြည့်နေသော မျက်လုံးတို့အား အခန်းထဲသို့ရွှေ့လိုက်၏ အခန်းထဲတွင် လိပ်ပြာတစ်ကောင်မှာ ဟိုဟိုဒီဒီ ပျံဝဲလျက်။ ခေါက်ရိုးကျိုးနေသော ပင်လယ်အားခေါင်းအုံးအောက်တွင် အတိုင်းသားမြင်နိုင်သည်။ ခေါင်းရင်းနံရံတွင် ချိတ်ဆွဲထားသော မန္တလေးမဟာမြတ်မုနိဘုရားပုံမှာ ဖုန်တတ်နေ၏ စားပွဲပေါ်တွင် အတွဲမစုံတော့သော စွယ်စုံကျမ်းစာအုပ်များမှာ ဖရိုဖရဲပြိုကျနေသည်။

တစ်ချိန်က….။ ဟုတ်တယ်… အဲ့ဒီအချိန်တုန်းက ညတစ်ညမှာ ပလက်ဖောင်းတစ်ခုကို ခေါင်းအုံးပြီး သံသယနဲ့ လမင်းကြီးကို ငေးမောနေခဲ့ဖူးတယ်။ ညတွေမှာ ခုံမင်စွာ ရှင်သန်တတ်ခဲ့တယ်။ ဝိုင်မသောက်ပဲ ကျွန်တော့် နှလုံးသားဟာ ဂစ်တာကြိုးညှိရင်းနဲ့ မူးနေခဲ့ဖူးတယ်။ ကျွန်တော်တွေးမိတယ်။ ညဗေဒင်ကို တွေ့ထိ လေ့လာရင်း ညတွေကို ကျော်ဖြတ်နေကြတဲ့ လူငယ်တွေအားလုံးရဲ့ အကြောင်းကိုပေါ့။ အားလုံးဟာ ညီညာကြမယ်။ ရင်ခုန်ကြမယ်။ အဲ့ဒါအတွက် ရဲရင့်နေကြမယ်။ အရူးတွေ၊ အပေအတေ၊ ကလေကချေလေးတွေလို့ အပြောခံကြရမယ်။ ရပါတယ်… လမင်းကြီးရယ်… အားလုံးဟာ နမော်နမဲ့ ကြေကွဲကြရတာပါကွယ်။

အဖော်ဆိုတာ အဲ့ဒီတုန်းက ကျွန်တော်မှာမရှိဘူး။ အားလုံးကိုတစ်ယောက်တည်း ရင်ဆိုင်ရတာ။ တိုက်ခိုက်ရတာ။ မိတ်ဆွေဆိုတာမျိုးတွေကလည်း ရင်ဆိုင်တိုက်ခိုက်နေချိန်မှာ မရှိကြပဲ အောင်ပွဲခံချိန်မျိုးမှာပဲ ရှိတတ်ကြတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ အသေအချာကို စိတ်မပျက်ခဲ့ဖူး။ ကျွန်တော်တို့ရဲ့ ဆေးလိပ်ခဲနေတဲ့ သူရဲကောင်းကြီးရဲ့ ပုံတူကို အငမ်းမရကြည့်ပြီး ကမ်းခြေမှာ သောင်တင်နေတဲ့ နက္ခတ်တွေကို သိမ်းဆည်းပြီး ကမာ္ဘမြေမှာ မေတ္တာအသစ်တွေမွေးဖွားပေးဖို့ ကျွန်တော်တို့ မွတ်သိပ်နေခဲ့ကြတယ်။ အရာအားလုံးဟာ မှိုင်တွေ ငေးငိုင်နေကြပေမဲ့ ခရီးအသေတွေကို ကျွန်တော်တို့ ခြေဆန့် ထုတ်လွှင့်နေခဲ့ပါရဲ့။

ထိုစဉ်တုန်းက (ကျွန်တော်တို့ ကြိုးစားနေစဉ်တုန်းက) အတုကို အမျိုးစုံကို ကြုံတွေ့ခဲ့ဖူးသည်။ တဖြည်းဖြည်း ရင့်ကျက်လာတော့ အတုတွေ အတွေ့ရနည်းလာ၏ သို့သော် တွေ့နေရဆဲပင်…။ (ကျွန်တော် ကြုံတွေ့ဖူးခဲ့ရသော အတုအမျိုးမျိုးအနက် အရက်တုနှင့် တင်တုမှာ အဆိုးရွားဆုံးဖြစ်နိုင်ပါသည်) လခြမ်းကွေးအောက်က ညတွေထဲ၌ ဂျင်းဘောင်းဘီအပြဲကို ဝတ်ဆင်လို့ ဆေးပေါ့လိပ်တစ်ချို့ကို ဖွာရှိူက်လို့ ညရောက်မှ ပွင့်တဲ့ပန်းတွေကို စိုက်ကြည့်လို့ ခပ်မာမာနေထိုင်ခဲ့ဖူးတာကို သတိရမိသည်။ လူတွေရဲ့ စိတ်ထဲမှာ တစ်ခုခုကို အလိုမကျရင် မျက်နှာမှာလာပေါ်နေတယ်ဆိုတာ သေချာပါ့မလား။ ကျွန်တော် ထိုစကားကို ဝေခွဲမရ…။

လမင်းကြီးရေ… လမင်းကြီးရေ…. ခင်ဗျားညံ့ပါသေးတယ်။ ညတိုင်းလင်းအောင်တောင် မလုပ်နိုင်သေးပဲကိုး။ ဒါနဲ့များတောင် ချစ်သူက ကျွန်တော့်ကို မုသားဆိုသေးရဲ့။ ဘာတဲ့…. ညတိုင်းလမင်းကြီးကိုကြည့်ပြီး အလွမ်းနေ့တွေ၊ မျက်ရည်ညတွေအကြောင်း တိုင်တည်ပြောဆိုပါသတဲ့။ ကျွန်တော် ရယ်မောမိပါသည်။ ငွေကြေးရယ်၊ ချစ်သူရယ် ပြည့်စုံနေစဉ်က ကျွန်တော့်ရက်စွဲတွေဟာ လှပခဲ့ဖူးတယ်။ လန်းဆန်းခဲ့ဖူးမယ်။ ပြီးတော့ အားလုံးပျက်စီးသွားခဲ့တယ်။

မိတ်ဆွေ… အဲ့ဒီ မောဟတွေကို အန်ထုတ်လိုက်ပါ။ အညောင်းဆန့်လိုက်တဲ့ညမှာ လေဘာတီရုပ်ထုလိုမျိုး ထီးထီးကြီးနဲ့ ကျွန်တော် အထီးကျန်ဆန်ခဲ့ရတယ်။ အဲ့ဒီညမှာ အိပ်ဆေးသောက်ပြီး ပိုလို့ မျက်စိကြောင်နေတဲ့ ညရထားတစ်စီး ခုတ်မောင်းသွားတယ်။ ဝန်းကျင်မှာ ဂီတသံတွေ ပေကျံလို့…။ အချိန်ဆိုတာ တန်ဖိုးအရှိဆုံး အရာတဲ့လား။ လူတိုင်းအတွက် အဲ့ဒီအချက်က မှန်နိုင်ပါ့မလား။ ကျွန်တော် သံသယရှိတယ်။

တစ်ခါတစ်ခါ ဒီလိုပေါ့။ ကိုယ်သေချာမသိတဲ့ ကိစ္စတွေကို လိုက်ပြီး စဉ်းစားနေရတာ အရသာတွေ့သလိုပဲ။ အရသာမရှိတဲ့ ဘဝမှာ အရသာရှိအောင် နေတတ်တာကိုက ထူးချွန်မှုတစ်ခုမဟုတ်လား။ ညဗေဒင်ကို သွေးပျက်မတတ်ရူးသွပ်ဖူးတဲ့ လူငယ်တစ်ယောက်ဟာ အခုတော့ ရိုးရိုးလေးပဲ လမင်းကြီးကို ငေးကြည့်နေခဲံတယ်။ သူ့ရင်ထဲမှာရော ဘယ်လိုရှိမလဲဆိုတာ ခင်ဗျားတို့မသိချင်ကြဘူးလား

စိတ်အိုက်လာ၍ အခန်းအပြင်သို့ထွက်ရန် ကျွန်တော်စဉ်းစားလိုက်သေးသော်လည်း ဘယ်ကိုသွားရမှန်း မသိသဖြင့် ဘယ်မှမသွားဘဲ ကျွန်တော်နေလိုက်သည်။ ရေငတ်နေသော ကျွန်တော်ရင်ခွင်သည် ညဗေဒင်ကို တစ်စတစ်စယုံကြည်လာ၏ အိမ်မြှောင် တောက်သံကြောင့် ညဗေဒင်ကို ထိခိုက်စေနိုင်မလားဟု အတွေးရောက်မိသေးသည်။ ညဗေဒင်ကတော့ ဆက်လက်ဟောပြောနေတုန်းပင်ရှိ၏

ညဗေဒင်၏ ဟောပြောချက်များက ကျွန်တော့်ကို ပင်လယ်လုပ်ငန်းမှာ အလုပ်သမားတစ်ယောက်အဖြစ် လုပ်ရန် မဟောဖြစ်ခဲ့ပါ။ ဟောကြားချက်တွေ မှားယွင်းနေတာကလည်း မဖြစ်နိုင်ပါ။ ဘယ်လိုလွဲချော်နေခဲ့သလဲဆိုတာ ကျွန်တော် ဉာဏ်မမီသဖြင့် မစဉ်းစားတတ်။ ညဗေဒင်နှင့် လုံးလုံးလျားလျားလွတ်ကင်းသူဟူ၍ အလွန်ရှားပါးပါလိမ့်မည်။

နှစ်အတန်ကြာ တွေးတောခဲ့ရ၊ စဉ်းစားခဲ့ရ၊ ရာသီသုံးပါးရဲ့ ဒဏ်ကိုခံခဲ့ရတဲ့ ကျွန်တော့်ဦးခေါင်းကြီးကို အနားယူစေချင်သည်။ မာယာများသော ကံကြမ္မာကိုလည်း ဒီခေါင်းကြီး သုံးကာ ကျွန်တော် ကျော်ဖြတ်ခဲ့ရသည်။ ရီဝေလျက်  ခေါင်းအုံးပေါ်တွင် ဖြည်းညင်းစွာ ကျွန်တော့်ခေါင်းကို လှဲချပလိုက်သည်။ မျက်စိကိုစုံမှိတ်လျက်အားလုံးကို ခေါင်းထဲမှ တစ်ခုချင်းစီ ဆွဲထုတ်ပစ်နေလိုက် ၏  အကြောင်းအရာတို့သည်ကား အစီအစဉ်ကျစွာ ခေါင်းထဲမှ အပြင်သို့ ထွက်လျက်ရှိ၏ ခဏကြာတော့ ကျွန်တော့်ဘဝ နဂ္ဂတစ်ဟောင်းများသည် အမှောင်းခန်းမတစ်ဆင့် ဓါတ်ပုံများ ဖြစ်လာတော့လေသည်။ ကောင်းကင်တွင် လပြည့်ဝန်းသည် အရည်လဲ့လျက်ရှိ၏ ခေါင်းအုံးပေါ်တွင် မှေးစက်နေသော ကျွန်တော့်ခေါင်းကို တစ်ဖက်ဆီသို့ စောင့်ငဲ့လိုက်သောအခါ အရည်လဲ့နေတဲ့ မျက်ဝန်းများမှ မျက်ရည်စက်တစ်ချို့ သည် ခေါင်းအုံးပေါ်သို့ ကျလာလေသည်။

“လမင်းကြီးရယ်…….. ” ကျွန်တော် ဆွဲဆွဲငင်ငင်အော်လိုက်တော့ သူက ကျွန်တော့်ကို ဘာမှမတုံ့ပြန်ဘူး။ တစ်ခုခုကို ပေးဆပ်ဖို့အတွက် ထပ်ပြီး ကျွန်တော်ပေးဆပ်ရတော့မယ်။ အဲ့ဒီနောက်မှာ အချိန်ယန္တရားဟာ လျင်မြန်စွာလည်ပတ်လာတော့တယ်။ အဲ့ဒီယန္တရားထဲမှာပဲ ကျွန်တော်က ရိုမီယိုလို အချစ်သူရဲကောင်းလည်း ဖြစ်ချင်နေရဲ့။ နပိုလီယန်လို ကမာ္ဘကိုခြိမ်းခြောက်ချင်နေရဲ့။ ပီကာဆိုလို ပန်းချီတွေ ဆွဲချင်နေရဲ့။ မာရာဒိုနာလို ကမာ္ဘဖလားမှာ ရင်သပ်ရှူ့မော့ဖွယ်ဂိုးတွေလည်း သွင်းချင်နေသေးရဲ့။

အမှန်တော့ လူဆိုတာ မလုပ်ဖြစ်ခဲ့တဲ့ အရာတွေကိုပဲ ထိုင်စဉ်းစားနေဖို့ မသင့်ဘူးမဟုတ်လား။ အချိန်တို့သည် တစ်စတစ်စ ကုန်ဆုံးနေကြပြီ။ မကြာခင် မိုးစင်စင်လင်း၍ ရောင်နီလာတော့မယ်။ ညဗေဒင်နှင့် ပတ်သက်သော ကျွန်တော်ရဲ့ ဆွဲငင်မှုမှာ ပိုမိုအားကောင်းနေတယ်။ ချွန်မြနေသော ကျွန်တော့်စိတ်ကူးတို့မှာ ကျေနပ်စရာပင်။ ရိုးဖြောင့်မှုဆိုတာ တစ်ခုတည်းနဲ့ အရာအားလုံးကို ပြီးမြောက်စေနိုင်ပါ့မလား။ ညဗေဒင်ရဲ့ နောက်ဆုံး ဟောကြားချက်ကို ကျွန်တော်စတင်ဖတ်ကြားလိုက်တယ်။

ညဗေဒင်ကို ထာဝရပင် ကျွန်တော် ယုံကြည်နေခဲ့တယ်။ ကျွန်တော့်လက်ချောင်းတို့မှာ လမင်းကို ခူးဆွတ်ဖို့ ဟန်ပြင်နေကြတယ်။ အောက်အရပ်ကလာသော လေပြည်လေညင်းတို့က မှိန်ပြပြရောင်နီကို ဝေ့လိုက်ဝဲလျက် ကြိုဆိုကြလျက်…။ လမင်းက ခပ်ဝါးဝါးရှိနေရာမှ လုံးဝပျောက်ကွယ်သွားခဲ့တယ်။ ရောင်နီကို သန်းသန်းပျ မြင်နေရလေပြီ။ ဒီအချိန်ရဲ့ သန့်စင်မှုကို ဘာနဲ့မှ ကျွန်တော်မလဲနိုင်ဘူး။ ဘယ်သူမှ လက်မခံလည်း ညဗေဒင်ကို ကိုယ်ဘာသာကိုယ် ဖန်တီးလို့ရတာပဲ။ “Astro for no sake” ကျွန်တော် နှစ်နှစ်ကာကာပြုံးမိသွားတယ်။ လမင်းကြီးကို အဓိကသရုပ်ဆောင်တဲ့ စာတမ်းတစ်ခုကို ကျွန်တော် ပြုစုရမယ်။

အဲ့ဒီအချိန်မှာပဲ ညဗေဒင်ရဲ့ နောက်ဆုံး ဟောပြောချက်မှာ တချို့သော လမ်းများသည် မသေချာသော်လည်း ကိုယ့်ကိုယ်လေးစားသောအားဖြင့် ကျွန်တော်ကတော့ ဆက်လျှောက်ရပေဦးမည်။

30 comments

  • မောင်ပေ

    August 23, 2012 at 7:24 pm

    ညဗေဒင်
    မငွေခင်
    လှစေချင်
    ကလေတင်
    ညနေဝင်
    ဘလေချဉ်
    ထမေသခင်

  • မဟာရာဇာ အံစာတုံး

    August 23, 2012 at 8:49 pm

    ကိုရင်ကြီး ..
    ရေးထားတာ မိုက်တယ်ဗျာ ..
    စကားလုံး သုံးထားတာတွေလည်း ကြိုက်တယ်ဗျာ ..
    ဒီ .. “လမင်းကြီးရေ… လမင်းကြီးရေ…. ခင်ဗျားညံ့ပါသေးတယ်။”
    ဆိုတဲ့ အပိုဒ်လေးကို အကြိုက်ဆုံးပဲဗျို့ ..

  • ပင်လယ် ပျော်

    August 23, 2012 at 11:58 pm

    ကိုရင်ရေ…မကြာခင်ရက်ပိုင်းလေးမှာပဲ ကျွှန်တော်လည်း ကိုရင်ခံစားသလို ခံစားရတော့မယ်ဗျ…ရန်ကုန်ကတစ်နှစ် လောက်နှင်ထုတ်ခံရတော့လည်း ပင်လယ်မှာပဲသွားပျော်ရတော့မှာပေါ့ဗျာ…

    • Foreign Resident

      August 24, 2012 at 9:06 am

      ပင်လယ် ပျော် ရေ ။
      ပြန်ရောက်တာ ဘယ်လောက်ရှိပြီတုန်း ။
      သိပ်တောင် မကြာသေးသလိုပဲ ။

      • Khaing Khaing

        August 24, 2012 at 2:08 pm

        အဘရေ …….. စက္ကန့်တွေနဲ့တွက်ရင်တော့ကြာပါပီ …….. ငယ်တုန်းလေးရှာထားမှပေါ့ ….. တစ်ချို့ဆို ၁ လတောင်မကြာဘူး ပြန်သွားကြတာ ……..

        • Liquid_Sn@ke

          August 24, 2012 at 2:15 pm

          အဘရေထဲဆင်းတုန်းကတော့. ဘာဖစ်တယ်ညာဖစ်တယ်နဲ့

          သူ့ချစ်ချစ်ကျတော့. ငယ်တုန်းရှာရတာတဲ့

          တယားကျဇယာ

          🙂

        • ကိုရင်စည်သူ

          August 25, 2012 at 11:34 am

          ကိုပင်လယ်ပျော်နဲ့ မခိုင်ရေ… ကျနော် အားအကျရဆုံး စုံတွဲပါပဲဗျာ…
          ငယ်တုန်းရှာထားဆိုပေမဲ့… မိသားစုအတွက်တော့ အချိန်တွေ ပင်လယ်ထဲ
          သိပ်မဖြုန်းစေချင်ဘူးရယ်… ကိုရင်ကတော့ ကြွေးဟောင်းကိုလည်း ဆပ်ရဦးမယ်..
          ကြွေးသစ်ဆပ်ဖို့လည်း ပြင်ဆင်ရဦးမယ်… ကိုပင်လယ်ပျော်တို့ မိသားစုက အကြွေးသစ်လေး
          တစ်ခုက ငယ်သေးတော့… ရုန်းထားလို့ပဲ ပြောရမှာဘဲ… 😆 😆
          မခိုင်ကလည်း ကိုပင်လယ်ပျော့ကို ရေထဲသိပ်မလွတ်ပါနဲ့… ကိုရင်တို့ဆို
          ရန်ကုန်မှာ မုန်းလောက်အောင် ကဲပြီးတော့မှ… ထွက်တာ… အဟီးး… 😛 😛
          လူပျိုတွေဆိုတော့လေ… ဆိုတော့လေ… 😳 😳

        • Foreign Resident

          August 25, 2012 at 12:49 pm

          ဟုတ်ပါ့ ၊ ဂီဂီ ရေ ။ 😛

          ဒါပေမယ့် Khaing Khaing ပြောတာလည်း မှန်ပါတယ် ၊
          ” ငယ်တုန်းလေးရှာထားမှပေါ့ ”
          တိုင်းသူပြည်သားတွေကို ချမ်းသာစေချင်ပါတယ် ။
          တစ်ဦးချင်း ချမ်းသာအောင် အစွမ်းကုန် ကြိုးစားကြပါကွယ် ။
          တစ်ဦးချင်း ချမ်းသာ လာမှ တိုင်းပြည်လည်း ချမ်းသာလာမှာ ။
          သင်္ဘောသားအလုပ်ဆိုတာ နိုင်ငံခြားက ငွေ ဝင်လာတာလေ ၊
          သမာအာဇီဝ လည်းဖြစ်တယ် ၊ ရှာထား ။

        • ကိုရင်စည်သူ

          August 25, 2012 at 1:05 pm

          ပြောမယ့်သာ ပြောတယ်.. တစ်ဦးချင်းစီရဲ့ သင်္ဘောသား နိုင်ငံခြားဝင်ငွေဟာ
          သိပ်တော့ တိုင်းပြည်ချမ်းသာအောင် မထောက်ပံ့ပေးနိုင်ဘူး ထင်တာပဲလေ…။
          သင်္ဘောလုပ်ငန်းနှင့် ဆပ်စပ်နေသော တစ်ဦးချင်းစီဝင်ငွေတွေ တကယ်ကောင်းချင်ရင်တော့
          မိမိနိုင်ငံမှာ ကုန်စည်ဝင်ထွက်လို့ရမယ့် ဆိပ်ကမ်းတွေထောင် သင်္ဘောတွေဝယ်ထောင်
          မြန်မာသင်္ဘောသားတွေကို သင်္ဘောပေါ်တင် အခြေခံဥပဒေနဲ့ ကာကွယ်ပေး။
          စလုံးလိုမျိုး တကယ်လုပ်နိုင်မယ်ဆိုရင်တော့ သင်္ဘောသားလုပ်ငန်းမှ မဟုတ်ဘူး
          ရေလုပ်ငန်းနဲ့ ပတ်သက်တာတွေ ဖွံ့ဖြိုးပြီး တိုင်းပြည်ဝင်ငွေ အင်မတန်တိုးတက်လာမယ်
          မြင်တာပဲ။။ သို့သော်လည်း.. သို့သော်လည်း
          အဘဖောပြောပြောနေတဲ့ နောက်ဆုံးတော့… ဆင်းရဲလို့.. လို့.. ဆိုလား..
          သဂျီးပြောတဲ့ ဘာကျိန်စာဆိုလား.. ဆိုလား…
          သိတော့ဘူးဗျာ… ရတဲ့လစာလေးစုပြီး
          ပြန်အိပ်တာဘဲကောင်းပါဒယ်… 😀 😀

        • Khaing Khaing

          August 28, 2012 at 2:54 pm

          ရေထဲဘယ်လွှတ်ချင်မှာလည်း ကိုရင်တို့ရယ် …. ဘဝပေးအခြေအနေအရသွားခိုင်းရတာပါ …. ရေထဲကြာကြာမနေစေချင်လို့ …. အဘတို့လိုရာထူးမျိုးရအောင်တောင်မကြိုးစားခိုင်းဘူး …. တသက်လုံးရေထဲဆင်းပိုက်ဆံရှာ မိသားစုနဲ့ပျော်ပျော်နေရမယ့်အချိန်ဆိုတာမရှိဘူး ငွေရှိပြီး ပျော်ရွှင်မှုမရှိတဲ့ဘဝကို မလိုချင်ဘူး …. အတော်အတန်လောက်ရှိရင် ဘဝမှာပျော်ပျော်နေသွား လို့ရပါတယ် ……….

        • Foreign Resident

          August 28, 2012 at 3:30 pm

          ” ရေထဲဘယ်လွှတ်ချင်မှာလည်း ကိုရင်တို့ရယ် ”

          ဒီစကားလေးတွေကို ပင်လယ်ပျော်တို့ ကြွေနေတာလေ ။ 😛

          ” အဘတို့လိုရာထူးမျိုးရအောင်တောင်မကြိုးစားခိုင်းဘူး ”

          သမီး Khaing Khaing ရယ် ။
          ဒီ ရာထူး ရမှသာ စောစော နားနိုင်မှာနော် ။
          ( အဘ အသက် ၅ဝ ကျော်ရင်
          retire သွားဖို့ စဉ်းစားထားတယ် )
          နို့မို့ရင် နားနိုင်ဖို့ မလွယ်ဘူးနော် ။

        • ကိုရင်စည်သူ

          August 28, 2012 at 4:19 pm

          အိမ်ထောင်ရှိတဲ့ သင်္ဘောသားတွေဟာ သင်္ဘောဆက်လိုက်ဖို့
          ရည်ရွယ်ချက်ရှိရင် အရာရှိဖြစ်မှ ရတဲ့ ဝင်ငွေမှသာ အသက်ရှူချောင်မယ်
          မြင်မိပါတယ်…
          ကိုယ်တွေ့အနေနဲ့ဆို အိမ်ထောင်မရှိတဲ့ လူပျိုကြီး (ကြော်ငြာ) 😳 ကိုရင်တောင်
          ရတဲ့လစာလေးနဲ့ စားလောက်သောက်လောက်ရုံပဲရှိပါဒယ်.. ရတဲ့လစာတောင် အိမ်ကို
          မနည်းကျစ်ပြီး ပြန်ပို့ရပါတယ်။ ။
          အရာရှိစာမေးပွဲထပ်ဖြေဖို့လည်း တစ်နှစ်ခွဲနဲ့ သိန်း ၆ဝ လောက်
          လက်ထဲ ဘက်ကက်ရှိနေမှ ရပါမယ်။ ဒါတောင် တစ်ခါတည်း အောင်အုန်းမှနော်..
          ပြောရရင်တော့ လွယ်ပါဘူး.. သင်္ဘောသားဘဝနဲ့ အပြီးနားချင်ရင်တော့
          Second Mate လောက်ဖြစ်မှ နားရင်တောင် လူမြင်တင့်တဲ့ အခြေအနေလောက်ရမှာပါ။
          ဒါတောင် ယူထားတဲ့မိန်းမက စုတတ်ဆောင်းတတ် သစ်စာရှိအုန်းမှ… ။ ။ 😉 😉
          အင်း…….. ဒီလူ၊ ဒီရေ၊ ဒီလှေ၊ ဒီလှော်တက်နဲ့ကတော့…
          ကိုရင့် ပခုံးပေါ် ဘားရဖို့တော့… 😕 😕 😕

  • marblecommet

    August 24, 2012 at 12:49 am

    ကိုရင်ကတော့ ရင်ထဲမှာ ခံစားချက်တွေ
    များလွန်းလို့ထုတ်မကုန်ဖြစ်နေတယ်ထင့်
    ကျုပ်များ အခုတလော
    ဘာခံစားချက်မှကိုမရှိလို့
    ဟောင်းလောင်းပေါက်နေရတယ်….

    • ကိုရင်စည်သူ

      August 25, 2012 at 11:36 am

      ကိုကမ်းကြီး.. ရင်ထဲဟောင်းလောင်းဖြစ်နေရင်
      နိုက်စ်ဒေးလ်သွားပီး.. ရင်ထဲ အပြည့်ပြန်ထည့်လိုက်ပါလား.. ဟီးး..
      တားတားတောင် ရေးရင် နှစ်ပုဒ်လောက်ရောက်တယ်…
      ဒါတောင် တခါတည်းရယ်နော့်… ခွစ်ခွစ်… 😛 😛

  • YE YINT HLAING

    August 24, 2012 at 1:51 am

    ကိုရင်စည်သူ ရေ — ဆရာမင်းခိုက်စိုးစန် နဲ့ နင်လား ငါလား ပဲဗျာ ! ဒီလိုရေးပုံမျိုးလေးနဲ့ ဝတ်ထုရေးရင် ကောင်းမယ်ဗျာ !

  • aye.kk

    August 24, 2012 at 8:31 am

    စည်သူရေ။
    ညဗေဒင်နဲ ့လမင်းကြီးအကြောင်းကိုလာဖတ်သွားပါတယ်နော်။
    လမင်းကလူ ရဲ ့စိတ့်နှလုံးကိုကြည်လင်စေတဲ့ခွန်အား
    တရပ်ဖြစ်စေတယ်လို ့အန်တီကလက်ခံယုံကြည်ထားတယ်။
    ဒါကလည်းအန်တီအဖေရဲ ့ရိုးရာဓလေ့အရအရိုးစွဲအောင်
    လက်ခံယုံကြည်လာမှုကနေဆင်းသက်ဖြစ်ပေါ်လာတာပါ။စည်သူpostကိုဖတ်ပြီး
    လမင်းနဲ ့ဖြတ်သန်းခဲ့တဲ့ဘဝနေ ့ရက်တွေကိုပြန်သတိရမိတယ်။
    လသာတဲ့ညရက်များစွာကို
    အမြဲအမှတ်ရနေအောင်ပျော်ရွှင်စရာတွေနဲ ့ဖြစ်အောင်ထားပေးတဲ့
    အဖေ့ကျေးဇူးကိုပြန်သတိရနေမိပါတယ်။ရာသီဥတုကောင်းမွန်နေတဲ့အချိန်
    ထိန်ထိန်သာနေတဲ့လမင်းကြီးကိုကြည့်ပြီးမိသားစုတွေလေညှင်းထွက်ခံတဲ့
    ညရက်ပေါင်းများစွာနဲ ့ဖြတ်သန်းကြီးပျင်းလာခဲ့တဲ့အေးချမ်းလှတဲ့ဘဝဟာ
    ခုချိန်ခါမှာတော့ပျောက်ဆုံးသွားတဲ့နိဗ္ဗာန်ဘုံတခုလိုပါဘဲ။
    ကိုယ့်လမ်းကိုယ်လျှောက်လာခဲ့မိတဲ့နေ ့ရက်တွေကစလို ့လျှောက်လာခဲ့
    လိုက်တာ……။ခုချိန်ထိကိုခံစားမှုတွေကတော့ပေါင်းစုံနေတော့တာပါဘဲ။
    ရှေ့ကိုဆက်လျှောက်နေရင်း…။(စည်သူရေးတဲ့ညဗေဒင်နဲ ့လမင်းကြီးအကြောင်းကိုဖတ်ပြီးခံစားမိပါတယ်)

  • surmi

    August 24, 2012 at 11:05 am

    အဲဒီလိုညမျိုးတွေကိုကျုပ်လည်း နှစ်နှစ်ချိုက်ချိုက်ဖြတ်သန်းခဲ ့ဖူးတယ်
    ပင်လယ်ထဲမှာတော ့မဟုတ်ဖူးပေါ ့
    ကိုရင် ့အတွေးနဲ ့ စကားလုံးတွေကိုသဘောကျသဗျာ
    ဒီပို ့စ်လေးကို ကိုရဲစည်တို ့ ဆုအတွက်ဒီနေရာကဘဲ ဗုတ်လိုက်ပြီဗျို ့

  • Novy

    August 24, 2012 at 11:36 am

    ညဗေဒင်နဲ့လမင်းကြီးကို ကြည့်ရင်း
    ကိုရင်ရဲ့ ဒီစာသားလေးတွေအတွက် ဂုဏ်ပြုလိုက်ပါတယ်
    “တချို့သော လမ်းများသည် မသေချာသော်လည်း ကိုယ့်ကိုယ်လေးစားသောအားဖြင့်
    ကျွန်တော်ကတော့ ဆက်လျှောက်ရပေဦးမည်။”

    ကိုယ့်ကိုယ်လေးစားသောအားဖြင့်
    ဘဝလမ်းကို ဆက်လျှောက်နေသူ
    နိုဗွီ

  • Ma Ei

    August 24, 2012 at 2:36 pm

    ကိုရင်ရေ …
    တချို့သော လမ်းများသည် မသေချာသော်လည်း
    ကိုယ့်ကိုယ်လေးစားသောအားဖြင့် ကျွန်တော်ကတော့
    ဆက်လျှောက်ရပေဦးမည်။…တဲ့လား..
    ဆက်လျှောက်ပါ…
    ဆက်လျှောက်ရင်လမ်း ဖြစ်လာမှာ သေချာပါတယ်…

  • kotun winlatt

    August 24, 2012 at 3:01 pm

    ညတစ်ရေးနိုး လမင်းကြီး မြင်တော့မှ ယောင်ယမ်းပြီး အရင်တုန်းက အခုညမျိုး ကိုယ်ပြန်အောက့်မေ့ ဘယ်သူမှ မရှိ…ကိုအငဲရဲ့ သီချင်းလေးကို သတိရသွားမိတယ်ခင်ဗျ…။

  • pooch

    August 24, 2012 at 4:54 pm

    လပြည့်ညမှာဆိုရင် တချို့သော စိတ်ဝေဒနာရှင်များက စိတ်ပိုပြီး ဖောက်ပြန်နိုင်တယ်လို့ ဆိုကြတယ် ။
    လပြည့်ညရဲ့ ဒီရေ အတက်အကျတွေဟာလည်း လရဲ့ ဆွဲငင်အားကြောင့်လို့လဲ ပြောကြတယ်။ လူတွေရဲ့ သွေးလည်ပတ်မှုအားကလည်း အဲ့လိုနေ့တွေမှာ အားကောင်းနေတယ်လို့လည်း ပြောကြပြန်တယ်။

    ကိုရင်ကတော့ မာယာများတဲ့ ပင်လယ်နဲ့ ဖျားယောင်းတတ်တဲ့ လမင်း နှစ်ခုကြားမှာနေပြီး ညဗေဒင် ကို အဖြေထုတ်နေတယ်ပေါ့။

  • min min san

    August 24, 2012 at 10:02 pm

    ko yin!!

    very modern post ever i read from you, i like it very much,actually you can crate more and more if you have mood ,,,,,,,,,,,,please go on for it .

  • Zu

    August 28, 2012 at 1:19 pm

    ကိုရင်ရေ.. ကြိုးစားထား……….. 🙂

    • ကိုရင်စည်သူ

      August 28, 2012 at 1:22 pm

      ကြိုးစားမရ်.. မိန်းမယူဖို့.. အဟီးးး 😆 😆
      နီကီနီတာက ဇု နတ်သမီးဖြစ်တွားပါရား.. 😀 😀

      • Inz@ghi

        August 28, 2012 at 1:23 pm

        လာဗြန်ဘီနောက်တတွဲ
        ရွာထဲလာ အကြည်စိုက်နေကြတယ်

        စိတ်ထိခိယက်ပါတယ်အေ

        • ကိုရင်စည်သူ

          August 28, 2012 at 1:26 pm

          နာရိုဖစ်နဲ့ တိုတိုဂီ့… တားတားတို့ဂ
          နီကီတာကို ရွာပြင်မှာ အထာတပြင်ပြင်နေနေလို့..
          အကြည်စိုက်အပီခိုက်လာအောင်
          ရွာထဲအတင်းပြန်ခေါ်ထားရလို့… 😳 😳

      • Zu

        August 28, 2012 at 1:47 pm

        Zu နတ်သမီးမဟုတ်ပါဘူး
        nickname .. zuri က zu ကို ယူထားတာ…

  • Juvenilemay

    October 26, 2012 at 3:22 am

    မှန်လိုက်တဲ့ စာသားတွေ။ အတွေးလှလှနဲ့ အရေးကလည်းလှပါ့ဗျာ………………..

  • padonmar

    October 26, 2012 at 3:59 am

    ကိုရင်၊ကိုရင်
    ဟိုဖက်မှာတော့ ခြင်္သေ့ကျွန်းက ဇာလေးဆီ လက်ပစ်ကူးသွားမယ်ဆို ၊
    (အတို့အထောင်လုပ်လိုက်ပြီ)

  • MaMa

    October 26, 2012 at 8:30 am

    ကိုရင်လည်း-
    ကြောင်ကြီးဂိုဏ်းဝင်လား….
    ကြောင်အသေးလေးလား…..
    ကြောင်ကြီးနေရာကို လုမယ့်လူလား…
    တစ်ခုခုတော့ တစ်ခုခုပဲ :harr:

Leave a Reply