Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မောင်မိုးပြာ၏ဆရာ ဘာ့ကြောင့် ပြာ(၁၂)

သို့

ဥက္ကဋ္ဌ

နိုင်ငံတော် သံဃာ့မဟာနာယက

ဇမ္ဗူဒီပကျောင်းဆောင်၊ ကမ္ဘအေးကုန်းမြေ။

ရန်ကုန်မြို့။

နေ့စွဲ့(၂ဝ-၁-၈၃)

အကြောင်းအရာ။    ။ ကျောက်သင်္ဘောဝါဒ ဝိနိစ္ဆယ စာအုပ်၌ အညေခန္ဓာ အညံ နိဗ္ဗာနန္တိ              အာမန္တာဟူသော စကားများ ကထာဝတ္ထု ပါဠိ အဘိဓမ္မာကျမ်း၌ မပါဝင်ပဲ ပါဝင်သည်ဟု နိုင်ငံတော် သီးခြား ဝိနိစ္ဆယအဖွဲ့ အမှတ်(၁)၏ မိန့်ကြားချက်အမှားကို ဖယ်ရှားနှိမ်နင်းပေးရန် လျောက်ထား စောဒနာလွှာပါ ဘုရား။

လျောက်ထားပါသည် ဘုရား-

နိုင်ငံတော် သီးခြား ဝိနိစ္ဆယအဖွဲ့ အမှတ်(၁) ၌ ပါဝင်ကြသော အဂ္ဂမဟာပဏ္ဍိတ အဘိဓဇ မဟာရဋ္ဌဂုရု ကိုင်းကုန်းဆရာတော်ကြီး အမှူးပြုသော ဆရာတော်တို့သည် ကျောက်သင်္ဘောဝါဒ ဝိနိစ္ဆယ စာအုပ်၌ နိဗ္ဗာန်ကို ဤကိုယ်တလံ အပြင်အပ၌ ရှိကြောင်း ပြောကြားလိုကြသောကြောင့် ကထာဝတ္ထု ပါဠိ အဘိဓမ္မာကျမ်း၌  အညေခန္ဓာ အညံ  နိဗ္ဗာနန္တိ အာမန္တာဟု မိန့်ဆိုထားကြောင်း မိန့် ကြားထားကြပါသည်။ အညေခန္ဓာ အညံ နိဗ္ဗာနန္တိ အာမန္တာဟူသော ပါဠိမှာ အဘိဓမ္မာကျမ်း၌ အကယ် မရှိသောပါဠိဖြစ်ပါသည်။ သီးခြားဝိနိစ္ဆယအဖွဲ့ အမှတ်(၁) ဆရာတော်တို့၏ လုပ်ကြံပါဠိမျှသာ ဖြစ်နေ ပါသည်။ ဤသို့ နိုင်ငံတော်အဆင့်ရှိသူများ ပါဠိမဟုတ်သည်ကို ပါဠိအတုလုပ် မိန့်ကြားချက် လွန်ကျူး မှုသည် သာသနာအတွက် များစွာဝန်လေးလွန်းလှသော လွန်းကျူးမှုဖြစ်ပါသည်

နိုင်ငံတော်သီးခြား ဝိနိစ္ဆယအဖွဲ့ အမှတ်(၁)မှ ဆရာတော်ကြီးများသည် အညေခန္ဓာ အညံ နိဗ္ဗာနန္တိ အာမန္တာဟူသော စကားကို ကထာဝတ္ထု ပါဠိ အဘိဓမ္မာကျမ်း၌  မပါရှိသည်ကို မသိသူများ မဟုတ်ကြပါ။ ဆရာတော်ကြီးများသည် ထိုမှ ဤမှ အညတရ မထင်မရှား ဆရာတော်ကြီးများ မဟုတ် ကြသော ဆရာတော်ကြီးများ ဖြစ်ပါသည်။ ကျေးရွာအဆင့် မြို့နယ်အဆင့်မျှရှိသော ဆရာတော်များပင် မဟုတ်ပဲ၊ တိုင်းအဆင့်မျှမက နိုင်ငံတော်ဗဟိုအဆင့်ထိ ရှိတော်မူကြသော ဝန်ဆောင်ဆရာတော်ကြီး များပင် ဖြစ်တော်မူကြပါသည်။ ဆရာတော်ကြီးများသည် စာပေအရ၌လည်း အဂ္ဂမဟာပဏ္ဍိတ အဘိဓဇ မဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ကို အလှူခံတော်မူရသည်အထိ ကြီးမားမြင့်မြတ်သော ဆရာ တော်ကြီးကိုယ်တိုင် ဦးစီးပါဝင်သော ဆရာတော်ကြီးများဖြစ်ပါသည်။

ထို့ကြောင့် ထိုဆရာတော်ကြီးများသည် အညေခန္ဓာ အညံ နိဗ္ဗာနန္တိ အာမန္တာဟူသော စကားကို ကထာဝတ္ထု ပါဠိ အဘိဓမ္မာကျမ်း၌  မပါဝင်ကြောင်း ဧကန်သိကြသော ဆရာတော်ကြီးများ ဖြစ်ကြပါ သည်။ လူများပြော၊ သူများပြော၊ ကြားကာမျှဖြင့် ယုံစားကြမည့် ဆရာတော်ကြီးများ မဟုတ်ကြပါ။ ကြားလျှင်ပင် စာအုပ်လှန်၍ မှန်,မမှန်ကြည့်နိုင်ကြသည့် ဆရာတော်ကြီးများ ဖြစ်ကြပါသည်။ နိုင်ငံ တော် ဝိနိစ္ဆယကဲ့သို့ အလေးအနက်လည်း ဆုံးဖြတ်ချက်ပြုရမည့်အရာဖြစ်၍ ကြည့်လည်း ကြည့်ကြ မည့် ဆရာတော်များလည်း ဖြစ်ကြပါသည်။ ထို့ကြောင့် ဆရာတော်ကြီးများသည် အညေခန္ဓာ အညံ နိဗ္ဗာနန္တိ အာမန္တာဟူသောစကားကို ကထာဝတ္ထု ပါဠိ အဘိဓမ္မာကျမ်း၌  မပါဝင်ကြောင်း ဧကန်အမှန် သိကြသူများ ဖြစ်ကြပါသည်။

ဤသို့ဖြစ်လျှက် အညေခန္ဓာ အညံ နိဗ္ဗာနန္တိ အာမန္တာဟူသောစကားကို ကထာဝတ္ထု ပါဠိအဘိ ဓမ္မာကျမ်း၌လာသည်ဟု ပြုလုပ်ကြခြင်းမှာ စေတနာအပြည့်ဖြင့် ပါဠိအတုလုပ်ကြခြင်းသာ အမှန်ဖြစ်ရာ ပါသည်။ ဤလုပ်ကြံမှုသည် သာသနာတော်ကို များစွာပင် အတိမ်းအစောင်းများ ဖြစ်ပွားစေနိုင်သော လုပ်ကြံမှုဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်သီးခြား ဝိနိစ္ဆယအဖွဲ့ အမှတ်(၁) ဆရာတော်များ၏ လုပ် ကြံကျူးလွန်မှုကို စိစစ်နှိမ်နင်းပေးရန် ဝိနည်းဓမ္မကံ အထိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံး၊ လုပ်နည်းများ­၊ စည်းမျဉ်းအပိုဒ် (၅၇)အရ တရားမဟုတ်သည်ကို တရားလုပ်မှုအဖြစ် နိုင်ငံ တော် သံဃာ့မဟာနာယက အဖွဲ့ခံ တပည့်တော်များ လျောက်ထား စောဒနာအပ်ပါသည်ဘုရား။

နိုင်ငံ တော် သံဃာ့မဟာနာယက အဖွဲ့ဆရာတော်များဘုရား။

တပည့်တော်တို့သည် အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ကိုင်းကုန်းဆရာတော်ကြီး အမှူး ပြုသော နိုင်ငံတော်သီးခြား ဝိနိစ္ဆယအဖွဲ့ အမှတ်(၁)ဆရာတော်များကို ကျောက်သင်္ဘောဝါဒ ဝိနိစ္ဆရ မိန့် ကြားချက်များ၌ နိဗ္ဗာန်ကို လူ့အပြင်အပဖြစ်ကြောင်း ပြသနိုင်ရန် အညေခန္ဓာ အညံ နိဗ္ဗာနန္တိ အာမန္တာ ဟူသော စကားကို ကထာဝတ္ထု ပါဠိ အဘိဓမ္မာကျမ်း၌မလာပဲ ပါဠိအတုလုပ်၍ လှည့်စားမှုဖြင့် မတရား သူ အဓမ္မဝါဒီများအဖြစ် မှားယွင်းလွန်ကျူးကြောင်း လျောက်ထားစောဒနာအပ်ပါသည် ဘုရား။

တပည့်တော်တို့သည် ကျောက်သင်္ဘောဝါဒီများ မဟုတ်ကြပါ။ ကျောက်သင်္ဘောဝါဒီဖြစ်၍ ကျောက်သင်္ဘော ဝိနိစ္ဆယကို မကျေနပ်သောကြောင့် ဝိနိစ္ဆယမှုကို လှုပ်ခြောက်ခြားရန် စောဒနာခြင်းဟု အထင်မမှားကြရန် လျောက်ထားရပါမည်။ တပည့်တော်တို့၏ ဤစောဒနာမှုသည် ကျောက်သင်္ဘော ဝိနိစ္ဆယမှုနှင့် မသက်ဆိုင်ပါ။ ကျောက်သင်္ဘော ဝိနိစ္ဆယ ဆရာတော်တို့၏ အမှားအတွက် သီးခြားဖြစ် သော စောဒနာချက်ဖြစ်ပါသည်။ ထို့ကြောင့် ဤစောဒနာချက်သည် ကျော်သင်္ဘောဝါဒီဖြစ်၍ စောဒနာ သော စောဒနာချက်မဟုတ်ကြောင်း လျောက်ထားရပါမည်။

တပည့်တော်တို့သည် ဤသာသနာတော်၌ မြတ်စွာဘုရားဟောကြားခဲ့သော အရိယာသစ္စာများ မှ ဒုက္ခကို ပိုင်းခြားသိပြီးသူ၊ သမုဒယကို ပယ်ပြီးသူ၊ နိရောဓကို ဆိုက်ပြီးသူ၊ မဂ္ဂကို ပွားပြီးသူ အရိယာ များ ဖြစ်ကြပါသည်။ ထို့ကြောင့် ဤစောဒနာချက်သည် သာသနာတော်အတွက် မဟာနစ်နာချက်များ မဖြစ်ပွားရန် တားဆီးသောအားဖြင့် စောဒနာသော စောဒနာချက်သာဖြစ်ပါသည်။ ထို့ပြင်လည်း တပည့်တော်တို့သည် ဤစောဒနာချက်ကို မစောဒနာလျှင် မဖြစ်သောကြောင့် စောဒနာရခြင်းဖြစ် ကြောင်း လျောက်ထားရပါမည်။

ယနေ့ သာသနာတော်သည် ပုထုဇဉ် (အမိုက်အကန်း) များ လွှမ်းမိုးနေပြီးဖြစ်သော သာသနာ ဖြစ်ပါသည်။ ထို့ကြောင့် သာသနာတော်အတွက် အာဏာရှိသူများက ပြုသည်ဆိုလျှင် မည်သူမျှ မပြော ဆိုဝံ့သည်အထိ ထိတ်လန့်ကြသူများ “ တသ ” ပုဂ္ဂိုလ်များချည်း ဖြစ်နေသည်အထိ ဖြစ်ပါသည်။ သူ့အ ပြစ်ပြောလျှင် ကိုယ့်အပြစ်ဖော်မည်ထင်၍ ကိုယ်စီကိုယ်င အပြစ်ရှိကြသောကြောင့် မပြောဝံ့ဝံ့ ရှိနေကြ ပါသည်။ ထာဝရပုဂ္ဂိုလ်ဟူ၍ တည်တည်တန့်တန့် ပြောဆိုဝံ့သူများ ဤသာသနာတော်၌ မရှိဖြစ်နေကြ ပါသည်။ ကျောင်းငဲ့၊ ကာငဲ့၊ အကျော် အစောငဲ့ ဖြစ်နေကြပါသည်။ ထို့ကြောင့် တစ်ဦးဦးက လက်ရဲဇက် ရဲ ပြုမူလုပ်ကြံကြမည်ဆိုလျှင် ထိုအမူကို မသိမမြင်လည်း ဖြစ်ကြပါသည်။ သု့ိသော်မှ တသ ပုဂ္ဂိုလ်များ ပီပီ ကြောက်ထိတ်စိုးရွံ့ပြီး မသိကျိုးကျွန် ပြုနေကြပါသည်။ တည်တည်တံ့တံ့ဖြင့် အမှားကို အမှားဟု ကြောက်ထိတ်ကင်းရှဲ ရဲဝံ့စွာတင်ပြဝံ့သူ ထာဝရပုဂ္ဂိုလ် မရှိဖြစ်နေပါသည်။

ထို့ကြောင့် သူများမပြရဲသော အမှားကို အမှားဟုပြရန်တာဝန်သည် တပည့်တော်တို့ကဲ့သို့ သောသူများအတွက် သက်သက် တာဝန်ကဲ့သို့ ဖြစ်လာပါသည်။ ထို့ကြောင့် ဤစောဒနာသည် တပည့် တော်တို့ မပြုလျှင် မဖြစ်သော စောဒနာဖြစ်၍ စောဒနာရခြင်းလည်းဖြစ်ပါသည်။ ဆရာတော်များဘုရား အညေခန္ဓာ အညံ နိဗ္ဗာနန္တိ အာမန္တာဟူသောစကားမှာ ကိုင်းကုန်းဆရာတော်ကြီး အမှုးရှိသော နိုင်ငံ တော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁)ဆရာတော်များ လုပ်ကြံထားသော ပါဠိဖြစ်ပါသည်။ နိုင်ငံ တော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁)ဆရာတော်များသည် ဤပါဠိကို ကထာဝတ္ထုပါဠိတော်ဟု ကျောက်သဘောင်္ ဝိနိစ္ဆယစာအုပ်၌ အတိအကျ ညွှန်ပြထားပါသည်။ ဤပါဠိမှာ ကထာဝတ္ထုပါဠိ အဘိ ဓမ္မာကျမ်း၌ လုံးဝ ပါဝင်ခြင်းမရှိပါ။

ထို့ကြောင့် ဤပါဠိမှာ ပါဠိအတုသာဖြစ်ပါသည်။နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (၁) ဆရာတော်များ လုပ်ကြံထားသော ပါဠိသာဖြစ်ပါသည်။ ပါဠိ၌ မရှိသည်ကို အရှိ, ပါဠိ၌ မဟောသည်ကို အဟောပြုခြင်းသည် သာသနာတော်ကို များစွာနစ်နာစေပါသည်။ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇ မဟာ ရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးဦးစီးသော ဆရာတော်များစကား ဖြစ်ခြင်းကြောင့်လည်း ပို၍ နစ်နာစေပါသည်။ အမှားကြာလျှင် အမှန်ဖြစ်ဟူသော ပရိဘာသာအတိုင်း၊ နှောင်အခါ အရှည်ကြာလာ လျှင် ဤကဲ့သို့သော ဆရာတော်ကြီးများ၏ စကားဖြစ်သည်ဟုဆိုကာ ကျောက်ထီးတန္တု အလေးပြုစရာ ဟု မှတ်ယူကာ အမှန်ပြုသွားကြမည်ဖြစ်ပါသည်။

အညေခန္ဓာ အညံနိဗ္ဗာနန္တိ အာမန္တာဟူသောစကားကို အမှန်စကားစု အပြုခံရလျှင် သာသနာ တော်အတွက် မဟာနစ်မူကို မလွဲမသွေ ရင်ဆိုင်ရပြီးဖြစ်ပါသည်။ ခန္ဓာနှင့် နိဗ္ဗာန် တစ်ခြားစီဆိုတာ ဟုတ်တယ် ဟူသောစကား သာသနာတော်အတွင်း မင်းမူပြီဆိုလျှင် သစ္စာယန္တရား အပျက်ပြားခံရပြီ ဖြစ်ပါသည်။ သစ္စာယန္တရား ပျက်ပြားပြီဆိုလျှင် သစ္စာကို အနှစ်ပြုတည်ဆောက်ထားသော သာသနာ တော်လည်း ပျက်ပြီဟုပင် ဆိုရမည်ကဲ့သို့ဖြစ်ပါသည်။ ထို့ကြောင့် အညေခန္ဓာ အညံ နိဗ္ဗာနန္တိ အာမန္တာ ဟူသော ပါဠိ ပါဠိ၌ မရှိပဲ အရှိလုပ်ညွှန်ပြခြင်းသည် သာသနာတော်ကို မပျက် ပျက်အောင်ဖျက်ခြင်းပင် ဖြစ်ပါသည်။

အညေခန္ဓာ အညံနိဗ္ဗာနန္တိ အာမန္တာဟူသောစကားသည် မြတ်စွာဘုရား၏ အရိယသစ္စာ အဘိ ဓမ္မာကို ပုတ်ခတ်တိုက်ခတ် ဖျက်စီးသောစကားဖြစ်ပါသည်။ မြတ်စွာဘုရား၏ အရိယသစ္စာ အဘိ ဓမ္မာ  ၌ ဒုက္ခကိုပိုင်းခြားသိမှု၊ သမုဒယကို ပယ်မှု၊ နိရောဓဆိုက်မှု၊ မဂ္ဂကို ပွားများမှုများသည် တချိန်စီပြား၍ တစ်ခြားစီဖြစ်ကြသည် မဟုတ်သော တရားများဖြစ်ကြပါသည်။

ဒုက္ခကို သိပြီးနောက်မှ သမုဒယကို တစ်ခါပယ်နေရသည် မဟုတ်ပါ။ ဒုက္ခသိမှုနှင့် သမုဒယ ပယ်မှုမှာ ဒုက္ခကိုသိခြင်းသည်ပင် သမုဒယပယ်ပြီး ဖြစ်ပါသည်။ တချိန်တည်း၌ ဖြစ်ကြပါသည်။ ထို့အ တူ ဒုက္ခသိမှု၊ သမုဒယပယ်မှုနှင့် နိယောဓဆိုက်မှုမှာလည်း တချိန်တည်းဖြစ်ပါသည်။ သိမှု၊ ပယ်မှု ဖြစ် ခြင်းသည်ပင် ငြိမ်းအေးမှုဆိုက်ခြင်းဖြစ်ပါသည်။ သိမှု၊ ပယ်မှုပြုသည်က တခြား၊ ငြိမ်းအေးးမှု ဆိုက် သည်က တခြား၊ ဤသို့မဟုတ်ပါ။ သိ၍ပယ်ပြီးနောက်မှ ငြိမ်းအေးမှုကို သီးသန့်သွားဆိုက်နေရသည် မဟုတ်ဟု ဆိုလိုပါသည်။ သိ၊ ပယ်၊ ဆိုက်၊ ပွားနှင့်ပွားလည်း ဤအတူ တချိန်တည်းဖြစ်ပါသည်။

မြတ်စွာဘုရား၏ သစ္စာလေးပါး ယန္တရားသည် အခြားအခြားသော စက်ယန္တရားများနှင့် အတူ ပင် စက်အစိတ်အပိုင်းများ တစ်ပြိုင်နက် အလုပ်လုပ်နေကြသော ယန္တရားဖြစ်ပါသည်။ သစ္စာတပါးနှင့် တပါး အချိန်ခြား၊ နေရာခြား၍ ဖြစ်ပွားကြသည် မဟုတ်ပါ။ ဒုက္ခ၊ သမုဒယ၊ မဂ္ဂသစ္စာများသာ ခန္ဓာမှာရှိ ၍ နိရောဓသည် ခန္ဓာမှ တစ်ခြားမှာရှိသည်ဆိုလျှင် အရိယသစ္စာလေးပါးသည် စက်ယန္တရားပင် အ ဘယ်သို့ ဖြစ်ပါတော့မည်နည်း။ စက်တစ်ခု၌ အစိတ်အပိုင်းလေးခုရှိရာ သုံးခုမှာသာ ဤမှာရှိ၍ တစ်ခု သည် အပြင်မှာရှိသည်ဆိုလျှင် ဤစက်သည် လည်၍ နှိုး၍ရသောစက်ပင် မမည်ရာပါ။ ထို့ကြောင့် အညေခန္ဓာ အညံနိဗ္ဗာနန္တိ အာမန္တာဟူသော  ကိုင်းကုန်းဆရာတော်ကြီး အမှုးရှိသော နိုင်ငံ တော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁)ဆရာတော်များ၏ လုပ်ကြံပါဠိ အဘိဓမ္မာမှာ မြတ်စွာဘုရား၏ အရိ ယသစ္စာ သာသနာတော်ကို ရစရာမရှိအောင် ပုတ်ခတ်တိုက်ခိုက် ဖျက်ဆီးသော များစွာဆိုးညစ် ယုတ်မာသော လုပ်ကြံမှုစကားသာဖြစ်ပါသည်။

ဤသို့် သာသနာတော် လုပ်ကြံခံရမှုသည် လောကအတွက်လည်း များစွာမှပင် နစ်နာမှုများ ဖြစ်စေမည် ဖြစ်ပါသည်။ လူများသည် သစ္စာယန္တရား၏ ရှင်သန်လည်ပတ်မှုကို မတွေ့မမြင်နိုင်ကြရ ဖြစ်ကြပါမည်။ သစ္စာယန္တရား အစိတ်အပိုင်းဖြစ်သော ဒုက္ခ၊ သမုဒယ၊ မဂ္ဂတခြား နိဗ္ဗာန် နိရောဓ တစ် ခြား တွေ့ကြရမည်သာ ဖြစ်ပါသည်။ ယန္တရားမဟုတ်ပဲ၊ ယန္တရားအစိတ်အပိုင်းများဖြင့် လူတို့အတွက် အဘယ်သို့ မျက်စေ့လည် ပြေကြပါမည်နည်း။ ပို၍ပင် မျက်စေ့လည်ကြရပါမည်။ နိရောဓသစ္စာဆိုက် မှုသည် ဒုက္ခသိခြင်း စသည်မှ တစ်ခြားဖြစ်သည်ဆိုလျှင် နိရောဓသစ္စာသည် နိဂဏ္ဍနာတပုတ္တ၏ ဓမ္မဖြစ် သော သံသရာမှ ပြေးလွှားရမှုများ ရပ်ဆိုင်းမှုဟူသည်နှင့် အဘယ်သို့ ခြားကြပါမည်နည်း။ နိဂဏ္ဍများ သည် မမွေးမှီကအမှုများကုန်ရန် ဒုက္ခခံကြသည်။ မကုန်လျှင် သေပြီး ကျင်လည်ရဦးမည်ကြောင့်ဖြစ် သည်။ ကုန်လျှင် သေပြီး မကျင်လည်ရတော့ဟု ဖြစ်သည်။

လယ်တီဆရာတော်သည် နိဗ္ဗာန်အဖွင့်၌ ခန္ဓနိဗ္ဗာန်သည် ဤအတိုင်းဖြစ်ပါသည်။ လယ်တီ၏ ခန္ဓနိဗ္ဗာန်သည် သစ္စာယန္တရားကို တစ်ခုစီလွင့်ကျဲနေသည်ဟု အယူမှားကြောင့် ဖြစ်ပွားသော ဥစ္ဆေဒ မိစ္ဆာဒိဋ္ဌိသာ ဖြစ်ပါသည်။ အညေခန္ဓာ အညံနိဗ္ဗာနန္တိ အာမန္တာဟူသော  အယူအဆများကဲ့သို့ သစ္စာ လေးပါးကို ကာလ၊ ဌာန တစ်ခြားစီ အယူအဆမှားကြောင့် ဖြစ်ရခြင်း ဖြစ်ပါသည်။ ပထမရွှေကျင် ဆရာတော်၏ ရုပ်ထူး၊ နာမ်ထူး နိဗ္ဗာန်သည်လည်း သစ္စာယန္တရား၏ အစိတ်အပိုင်းဖြစ်သော ဒုက္ခသိမှု စသည်က တစ်ခြား၊ နိရောဓဆိုက်မှု စသည်က တစ်ခြား၊ ဤသို့ သစ္စာများ ကာလ၊ ဌာန ခြားသော ကြောင့် ဖြစ်ပွားသော သဿတမိစ္ဆာဒိဋ္ဌိသာ ဖြစ်ပါသည်။ အညေခန္ဓာ အညံနိဗ္ဗာနန္တိ အာမန္တာဟူသော  ကိုင်းကုန်းဆရာတော်ကြီး အမှုးရှိသော နိုင်ငံ တော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁) ဆရာတော် များ၏ လုပ်ကြံအဘိဓမ္မာသည်၊ ဤသို့ပင် လူသားအား သဿတ၊ ဥစ္ဆေဒမိစ္ဆာဒိဋ္ဌိဆရာများ ဖြစ်ပွားပြီး ဒုက္ခရေယာဉ်ကြော မျောအောင်ပြုနေသော ဆိုးဝါးသော လုပ်ကြံမှုဖြစ်ပါသည်။

ဤကဲ့သို့ လောက၊ သာသနာ နှစ်ဖြာလုံးကို ရစရာမရှိအောင် ဖျက်ဆီးနေသော အမှားကို နိုင်ငံ တော်အဆင့်ဖြင့် ပါဠို၌မရှိဘဲ အရှိလုပ်၍ ရမ်းကားကျူးလွန်းခြင်းဖြစ်သောကြောင့် ဤလွန်ကျူးမှုကို နိုင်ငံတော်အဆင့်ထိ လူသိရှင်ကြား မှားမှန်းသိအောင် အကျယ်တဝံ့ စီရင်နှိပ်ကွပ် ဖယ်ရှားဖြန့်ဝေပေး ကြရန် တပည့်တော်များက အလေးအနက် လျှောက်ထားတောင်းဆိုအပ်ပါသည်ဘုရား။

 

 

ရှင်ဉာဏ+ရှင်ဂုဏဝန္တ

-ရွှေမြင်တင်တောင်၊ မင်းကွန်းတောင်ရိုး

-စစ်ကိုင်းမြို့နယ်။

-မင်းကွန်း-မန္တလေးစာတိုက်။

-မိတ္တူကို—-

-ပါတီဥက္ကဋ္ဌကြီး၊ ရန်ကုန်။

-ပါတီသုတေသနဌာန၊ ရန်ကုန်။

-နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ၊ ရန်ကုန်။

-နိုင်ငံတော်ဝန်ကြီးချုပ်၊ ရန်ကုန်။

-သာသနာရေးဝန်ကြီး၊ ရန်ကုန်။

-တိုင်းနှင့်ပြည်နယ်အသီးသီးရှိ၊ သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌများသို့ ပေးပို့သည်။

One comment

  • lionking

    August 26, 2012 at 2:30 pm

    ကာလကတော့ကောင်းလာပြီ မောင်မိုးပြာ။
    ဉာဏကတော့ ထောင်းနာသည် ချောင်ထိုးကာ။
    ကိုင်း…ကိုယ့်လူ အမှုသည် လက်သည်ရှာပြီး လွတ်လပ်တဲ့ ခေတ်ရဲ့ ဖန်ဆင်းရှင် ပီပီ ဒီမိုကရေစီ နိုင်ငံတော် ကြီးထဲ ခုန်ချပြီး လက်ပစ်ကူးကြည့်ကြရအောင်။
    ဘာတွေဖြစ်လာမလဲပေါ့။
    လွတ်လပ်တယ်လို့ပြောတဲ့ နိုင်ငံ။ ဘယ်လောက် ကကွက်ကျိုးနေသလဲပေါ့။
    ဘာသာရေးရဲ့ နှိပ်စက်ခံအကျဉ်းသားတွေ လွတ်မြောက်ပါစေပေါ့။

Leave a Reply