တူ တူ ပုန်းတမ်း ကစားမယ်။

ခင္ခAugust 24, 20121min1048

တူ တူ ပုန်းတမ်း ကစားမယ်။

ဒီအပတ်ထုတ် 7 DAY NEWS Journal မှာ ဖတ်လိုက်ရတဲ့ သတင်းတပုဒ်က-

သတင်းဂျာနယ်များအား စီစစ်ဖြတ်တောက်မှု ရပ်ဆိုင်း

ပြည်တွင်းထုတ် သတင်းဂျာနယ်နှင့် စာစောင်၊ မဂ္ဂဇင်းများအားလုံး ဩဂုတ် ၁ဝ ရက်မှစ၍ စာပေစီစစ်ရေးသို့ ကြို၍တင်စရာမလိုတော့ဘဲ ပုံနှိပ်ပြီးမှ တင်ပြရသည့် ထုတ်တင်စနစ်သို့ ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း စာပေ စီစစ်နှင့်မှတ်ပုံတင် ညွှန်ကြားရေးမှုးမှာပြောကြားသည်။

ပုံနှိပ်ထုတ်ဝေခြင်းမပြုမီ စာများကို ကြိုတင်စီစစ်ဖြတ်တောက်သည့် စာပေစီစစ်ရေးနှင့် ပုံနှိပ်ထုတ်ဝေရေးဦးစီး ဌာနသို့ ယခုကဲ့သို့ မိတ္တူနှစ်စောင် တင်ပြနေ ရခြင်းမျာက ဆယ်စုနှစ် ၅ ခုနီးပါးကြာခဲ့ပြီဖြစ်ပြီး ယခုနောက်ဆုံး အဆင့်အဖြစ် သတင်းဂျာနယ်များကို ဖြေလျော့ပေးလိုက်ခြင်းဖြစ်သည်။“ပုံမနှိပ်မီ ကြိုတင်ခဲ့ ရတဲ့ ကာလက ၄၈ နှစ်နဲ့နှစ်ပတ်ရှိပါပြီ၊ ခုတော့ အားလုံးစီစစ်ခြင်းမရှိတော့ပါဘူး´´ ဟု စာပေစီစစ်နှင့်မှတ်ပုံတင် ညွှန်ကြားမှုဦးစီး ဌာန ဒုတိယ ညွှန်ကြားရေး မှုးချုပ် ကပြောကြားသည်၊———————-။  စသည်ဖြင့်ဖတ်လိုက်ရပါတယ်။

စာရေးနေတာကောင်းကောင်းမရေးရဘူး ဆူညံ့ညံ့နဲ့ဘာသံပါလဲ၊ အော် FM ဖွင့်နေတာကို-

( xxxxx ထိုအချိန်ဝယ် လတပေါင်းသို့xx ကျညောင်းပြောင်းတယ်xxx ဟောင်းရွက်များချွေသွား xxxxxxxxxxx ရွှေနန်းတော်အတွင်း xxx အဖော်အသင်းများရေ xxx ဘုတ်တလုပ်ခေါ် ကန်တော်တွင်းဝယ်xxx အပေါင်းအဖော် များနဲ့ရယ်xxx စုစုရုံးရုံးသွားမယ်xxx တူတူပုန်တမ်းကစားမယ်xxx တူ တူ ပုန်းတမ်း ကစားကြ ပါစို့ကွယ် )

သီချင်းလာနှောက်တာနဲ့ဘဲ ဘာဆက်ရေးရမှန်းတောင် တွေးမရတော့ဘူးဗျာ။

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

8 comments

  • P chogyi

    August 24, 2012 at 3:00 pm

    စာပေစိစစ်ရေးဖျက်သိမ်းတာကောင်းပါတယ်။
    ဒါပေမဲ့ သတင်းတွေကို မိမိဂျာနယ်အစီအစဉ်နဲ့
    စိစစ်သင့်ပါတယ်။
    တစ်ခါတစ်လေ သတင်းတွေက အမှန်တစ်ဝက်/အမှားတစ်ဝက်
    ဘာရေးလို့ရေးမှန်းမသိ။
    အကြောင်းအရာတစ်ခုကို ဂျာနယ်တစ်ခုထဲမှာ ရှေ့စာမျက်နှာမှာ
    သတင်းထောက်တစ်ယောက်ကတစ်မျိုးရေးတယ်
    နောက်စာမျက်နှာမှာ နောက်တစ်ယောက်က အဲဒီအကြောင်းကိုပဲ
    အဓိပါယ်နောက်တစ်မျိုးနဲ့ရေးတယ်။
    ဘာကိုအမှန်ယူရမှန်းမသိဘူး။

  • kotun winlatt

    August 24, 2012 at 3:13 pm

    စီစစ်ရေး မရှိတော့ဘူးဆိုတော့..ကောင်းတယ်ပြောရမှာပေါ့..
    သတင်းထောက်တွေလည်း ကောင်းဘို့ လိုတာပေါ့..
    ဂျာနယ်တွေလည်း ကောင်းဘို့ လိုတာပေါ့..
    အားလုံးကောင်းမှ အားလုံးကောင်းမှာ…ပါ…။

  • YE YINT HLAING

    August 24, 2012 at 3:53 pm

    ကိုထွန်းဝင်းလတ် ပြောသလို ပါပဲ — အားလုံးကောင်းမှ အားလုံးကောင်းမှာ…ပါ…။

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 24, 2012 at 6:51 pm

    ကျုပ်ကတော့ အပေါ်ကဘိုးတော် ပီ chogyi says: ပြောသလိုပေါ့
    kotun winlatt says: ပြောတဲ့ ဂျာနယ်တွေလည်း ကောင်းဘို့ လိုတာပေါ့.. ဆိုသလိုဘဲ
    သတင်းတွေလွပ်လပ်ခွင့်ရပြီဆိုပြီး စိတ်ရှိလက်ရှိလုပ်ကြရင်တော့ အဆိုဖက်ရောက်သွားနိုင်သေးတယ်

  • မောင်ပေ

    August 24, 2012 at 8:44 pm

    ကျုပ်ကတော့ ဒီလိုမြင်တယ်
    အသရေဖျက်မှုတွေ နဲ ့တရားဆိုင်ကြတာကို
    အများကြီး တွေ ့ကြရတော့မှာပဲလို ့

  • ကို ခင်ခ

    August 24, 2012 at 10:02 pm

    ကိုပေရေ ကျွန်တော်ဆိုလိုချင်တာလဲ အဲဒါပါဘဲဗျာ။
    သတင်းတွေရေးလိုက် မကျေနပ်တော့ တရားစွဲရော အဲဒီတော့
    ရှောင်ကာပုန်းလို့ တူ တူ ပုန်းတမ်းဆော့ကြမယ်လေ။

  • ရဲစည်

    August 25, 2012 at 6:22 am

    ဆော့ဂျဘာဇေ
    ဆော့ဂျဘာဇေ …
    ငယ်ငယ်က ကျွဲချီးပုံကို တုတ်နဲ့ မွှေသလို
    ဟုတ်ဟုတ် … မဟုတ်ဟုတ်
    ကောင်းတာတွေရော
    ဆိုးတာတွေရော … ဂျာနယ်စာမျက်နှာတွေထက် တက်လာတော့မှာ သေချာသဗျ
    အဲ .. ဂျာနယ်တွေ၊ သတင်းထောက်တွေ ကြားထဲလဲ အဆင့်အတန်းနဲ့ ရပ်တည်မှုတခု
    ခိုင်ခိုင်မာမာ ဖြစ်လာနိူင်သမို့ အားပေးပါကြောင်း ……………………။
    နိူ့မို့ ရောကြော်တွေများတော့ ကိုရွှေအောင်တို့ ကိုပီတာတို့ အိပ်ငိုက်နေမပေါ့ဗျာ 🙂

Leave a Reply