ပထမဆုံးညည်းညူသံ

Tun Tun NaingAugust 24, 20121min19719

မနက်ဖြန်ဆို ကျွန်တော့်မွေးနေ့ပါ… အရင်လို မှတ်မှတ်ရရ နဲ့ happy birthday လို့ ပြောပေးမယ်သူငယ်ချင်းတွေမရှိတော့ဘူး..
အလုပ်ဆိုတဲ့ အခွံထဲ ဝင်အောင်းပြီးကတည်းက ဘဝက အပျော်နဲ့တဖြည်းဖြည်းဝေးလာခဲ့တယ်…
ချစ်ရသူနဲ့ပါ ဝေးလာခဲ့တယ်..လမကုန်ခင် အသုံးပြတ်တဲ့ဘဝနဲ့ ရင်းနှီးလာခဲ့တယ်..နေ့မြင်ညပျောက်လစာနဲ့
နေပူမရှောင်မိုးရွာမရှောင် အပြင်ထွက်ရတဲ့ Marketing သမားတစ်ယောက်ဘဝက လူမြင်တိုင်း ပါးစပ်ဖြဲပြရတဲ့အလုပ်မှန်း
အခုမှသိခဲ့ရတယ်
သူများတွေလိုမျှော်လင့်ချက်ကြီးကြီး မထားခဲ့တာတောင် မျှော်လင့်ချက်သေးသေး လေးကလည်းမပြည့်ခဲ့ပါဘူး…
ဘဝက လူ့အောက်ကိုကျ ပြီးရင်းကျပဲ …။
စိတ်ညစ်လိုက်တာဗျာ အသက်က လည်း 23 Years ပြည့်ပြီ..အခုထိ နေရာတစ်နေရာမှာ မရပ်တည်နိုင်သေးဘူး
ဘဝ ဘဝ ဘဝ… ဘာမှမပြည့်စုံတော့လည်း နေရတာ တော်တော် လေး ကျဉ်းကျပ်ပါတယ်ဗျာ..
ဒါကတော့ ကျွန်တော့်ဘဝရဲ့ ပထမဆုံး ညည်းညူသံလေးပါဗျာ…..

19 comments

  • P chogyi

    August 24, 2012 at 2:50 pm

    အခု လက်ရှိဘဝကလည်း နေရာတစ်နေရာပဲလေ။
    နှစ်သက်ခြင်း၊ မနှစ်သက်ခြင်းပဲ ကွာတာပါ။

  • Khaing Khaing

    August 24, 2012 at 3:27 pm

    23နှစ်ဆိုတော့ နေရာတစ်နေရာရဖို့ အချိန်တွေရှိပါသေးတယ် ….. လိုချင်မှုရယ် ဝါသနာရယ်ပေါင်းစပ်ပြီး တိုးတက်လမ်းကိုရှာပါ …. ထိပ်ဆုံးကိုရောက်ချင်သူက တစ်ချိန်တော့ထိပ်ဆုံးရောက်မှာသေချာပါတယ် …. ယောက်ျားတစ်ယောက်ဖြစ်တဲ့အတွက် ကြိုးစားမှုဟာပိုမိုထိရောက်စေမှာပါ .. မနက်ဖြန်အတွက် Happy Birthday ပါနော် ………

    • Tun Tun Naing

      August 24, 2012 at 5:16 pm

      Thank fri ကျေးဇူးအများကြီးတင်ပါတယ်ဗျာ တကယ်ပါနော်

  • kotun winlatt

    August 24, 2012 at 3:35 pm

    အော်..ဘကြီးတို့လို အသက်အရွယ်နဲ့ အလုပ်လက်မဲ့ ဆိုရင် ဘယ်လောက်များ ညာဉ်းနေမလဲကွယ်..
    ဘကြီးထွန်းတို့တော့ ပျော်ပျော်နေသေခဲ..မော်တော်နေ ရေထဲဆိုသလိုပါပဲ..
    ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ…

  • Mon Kit

    August 24, 2012 at 3:46 pm

    “Pre Happy Birthday Tun Tun Naing”
    ဇွဲလုံ့လ မလျှော့လိုက်ပါနဲ့… ငယ်ပါသေးတယ်…
    ခု ကြိုးစားမှုတွေဟာ နောင်တချိန်အတွက် အရမ်းကို တန်ဘိုးရှိလာမှာပါ…
    ဘဝမှာ အောက်သက်ကျေ ခဲ့ရင် အောင်မြင်မှု့တွေဟာ လက်တကမ်းအလိုမှာ ရှိနေပါတယ်..
    ရတနာသုံးပါး နဲ့တကွ မိဘ၊ ဆရာတို့ရဲ့ သွန်သင်ဆုံးမမှုကို နာခံလိုက်နာကျင့်သုံးရင် ဘဝမှ အရာရာ အဆင်ပြေချောမွေ့လာပါလိမ့်မယ်…

    come on boy!!!

  • YE YINT HLAING

    August 24, 2012 at 4:06 pm

    ညီလေးရေ အားမလျှော.နဲ့ စိတ်မပျက်ပါနဲ့ကွာ — ရသလောက် တတ်နိုင်သလောက်ကြိုးစားနေရင်း ကနေ တနေ့တော့ ညီလေးလိုချင်တဲ့ အခြေအနေ ရောက်လာပါလိမ့်မယ် ။ မနက်ဖြန်မှာကျရောက်မဲ့ ညီလေးမွေးနေ့မှာ အမှတ်တရ ကောင်းမှုလေးတွေလုပ်ရင်း ပျော်ရွှင်သောမွေးနေ့လေး ဖြစ်ပါစေဗျာ !

  • ရွှေ မင်းသမီး

    August 24, 2012 at 4:15 pm

    သူငယ်ချင်း ရေးထားတဲ့ စာမှာ ကိုယ့်ကိုယ်ကို ရင့်ကျက်စပြုလာတယ် ဆိုတဲ့ စာကြောင်းလေး ဖြည့်ရေးလိုက်ရင် ဘယ်တော့မှ ပြည့်စုံတယ် မရှိတဲ့ ဘဝ ဟာ ပိုပြီး ကျဉ်းကျပ် သွားလိမ့်မယ် မဟုတ်ဘူးလို့ ထင်တာပဲ၊ ချမ်းသာခြင်း အစစ်အမှန်ဟာ တင်းတိမ်ရောင့်ရဲခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သားပဲ၊ လူတိုင်းတော့ မဟုတ်ဘူးလေ၊ ဒါပေမယ့် အကောင်းမြင်သမားတွေက အဲဒီလို ယူဆဖို့ သိတ်အခက်အခဲ ရှိမှာ မဟုတ်ပါဘူး ဆိုတာ ယုံကြည်တယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့၊ မနက်ဖြန်မှာ ကျရောက်တဲ့
    သူငယ်ချင်းရဲ့ မွေးနေ့အတွက် ဟက်ပီဘတ်ဒေး ပါ။

  • မွန်မွန်

    August 24, 2012 at 4:24 pm

    မနက်ဖြန်မှာ အိပ်ယာနိုးချိန်ကစလို့ မွေးနေ့တစ်နေ့တာလုံး ပျော်ရွှင်ချမ်းမြေ့စွာနဲ့ ဖြတ်သန်းနိုင်ပါစေ… နောင်နှစ်ပေါင်းများစွာတိုင် ချစ်သော မိသားစု၊ ချစ်သောသူငယ်ချင်း များနဲ့ အတူ အေးချမ်းပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါစေ…

    အရင်ဆုံးမွေးနေ့ဆုတောင်းပေးလိုက်ပါတယ်ရှင်..မွန်မွန်က မွေးနေ့ဆိုရင် တစ်ရက်ကြိုပြီး ဆုတောင်းပို့တတ်တယ်… 🙂

    နေတတ်အောင်သာ နေပါရှင်… ကြာလာရင် တစ်ယောက်တည်းနေရတာ အေးချမ်းမှန်း သိလာပါလိမ့်မယ်…. ရုံးပိတ်ရက် တစ်ယောက်တည်း လှိမ့်ပိတ်အိပ်၊ စားချင်တာချက်စား၊ ကော်ဖီတစ်ခွက်နဲ့ စာဖတ်၊ ကျွန်မကတော့ တစ်ယောက်တည်းနေရတာ ပိုကြိုက်မိတယ်… အမေလာရင်တောင် မနည်းနေတတ်အောင် ကြိုးစားနေရတယ်….

    မျှော်လင့်ချက်ဆိုတာ ဘယ်အခါမှ ပြည့်တယ်မရှိပါဘူး…လွန်ခဲ့တဲ့ နှစ်နှစ်ကျော်၊ အလုပ်ဝင်စကထက် ငါးဆနီးပါးလောက် လခကို ရနေပေမယ့်လည်း ငွေကိုစိစစ်သုံးနေရတာက အဲဒီအချိန်ကအတိုင်းပါပဲ… မပြောင်းလဲပါဘူး…

    စိတ်ဓာတ်မကျဘဲ ဆက်ကြိုးစားပါလို့ ပြောချင်ပါတယ်ရှင်…

    • Tun Tun Naing

      August 24, 2012 at 5:13 pm

      လုပ်သက်ကတစနှစ်ပြည့်တော့မယ် လစာကဒီအတိုင်းပဲဖြစ်နေတုန်းပါဗျာ

      • အရီးခင်လတ်

        August 24, 2012 at 7:46 pm

        ဒီလောက် နဲ့တော့ မညည်းသင့်သေးပါဘူး သားရေ။
        ဒီအရွယ်မှာ ပိုက်ဆံပေးပြီး တောင် ပညာရှာကြရပါသေးတယ်။
        အတွေ့အကြုံ နဲ့ ပညာ ကို အရင်ကြိုးစားပြီး ယူလိုက်ပါဦး။ 🙂

  • Wow

    August 24, 2012 at 5:09 pm

    နက်ဖန်မွေးနေ့အတွက် Happy Birthday ပါမောင်လေးရယ်…
    ယုံကြည်စရာ အနာဂတ်မရှိရင် လူဆိုတာ ပျက်စီးတတ်တယ်ကလေးရယ်… တဲ့ .. ဆောင်းဦးလှိုင်သီချင်းပါ.. ကိုယ့်ဘက်က စပြီး ကူညီနိုင်သလောက် ကူညီပြီး အလုပ်ခွင်မှာ ပျော်အောင်ကြိုးစားကြည့်ပါလား.. ပျော်တာလဲ ဒီစိတ်.. မပျော်တာလဲ ဒီစိတ်ပါပဲ… ဘယ်သူမှ ဘဝမှာ 100% ပြည့်စုံပျော်ရွင်မနေကြပါဘူး…

  • manawphyulay

    August 24, 2012 at 5:26 pm

    Happy Birthday မွေးနေ့တိုင်း အောင်မြင်သော ဘဝများ ပိုင်ဆိုင်ပြီး အေးချမ်းစွာ ဖြတ်သန်းနိုင်ပါစေ..

    နည်းလမ်းတစ်ခုကို ယူပြီးလုပ်ကြည့်တာက ဘဝပေးအသိဖြစ်တယ်။
    မအောင်မြင်ဘူးဆိုရင် ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ပြီး နောက်တစ်နည်းနဲ့ ကြိုးစားပါ။ ဒါပေမယ့် ဖြစ်နိုင်စရာ အကောင်းဆုံးကတော့ တစ်ခုခုကို ကြိုးစားနေပါ။

    ကြိုးစားနေတဲ့သူတစ်ယောက်အတွက် နေရာဆိုတဲ့ရပ်တည်မှုတစ်ခုကို ပိုင်ဆိုင်ထားပြီးပြီဆိုတာ သဘောပေါက်ထားလိုက်ပါ… ဘယ်နေရာပဲရောက်ရောက် ပျော်ရွှင်မှုနဲ့ပတ်ဝန်းကျင်ကို တည်ဆောက်သွားမယ်ဆိုရင်တော့ နေတတ်သွားမှာပါ။
    လစာကတော့ ဒီတိုင်းဖြစ်နေကြတာပါပဲ။ ကိုယ်တစ်ယောက်ထဲမဟုတ်ဘူးဆိုတာ အရင်ဆုံးသိထားဖို့ လိုအပ်ပါတယ်။ မနောကျင့်နည်းလေးပြောပြမယ်။ အလုပ်တစ်ခုလုပ်လို့ မလောက်ရင် နှစ်ခုလုပ်ပါလို့ မှာချင်ပါတယ်။

  • အရီးခင်လတ်

    August 24, 2012 at 7:43 pm

    May you be blessed with happiness & success today and always!!!
    May all your dreams come true!!!
    A Very Happy Birthday!

  • ကို ခင်ခ

    August 24, 2012 at 8:25 pm

    မောင်ထွန်းထွန်းနိုင်ရေ ဘဝမှာလှေခါးထစ်တွေ အများကြီးတက်ပြီး ဖြတ်ကျော်ရအုံးမှာပါ။
    အခုမှ တက်ခါစရှိသေးတာ အားအင်တွေစုစည်းပြီး ကြိုးစားစမ်းပါကွာ။
    မိမိအတွက်စွမ်းအားဟာ မိမိမှာဘဲရှိတယ် ဆိုတာမမေ့ပါနဲ့လေ။
    အသက်အရွယ်က ၂၃ ဆိုတော် ကျွန်တော်နဲ့ သိပ်မကွာလှဘူးဘဲ။
    ကျွန်တော်က ၂၃နှစ်+၂၄နှစ် ဘဲလေ။
    Happy Birthday နော်။

  • Liquid_Sn@ke

    August 24, 2012 at 8:44 pm

    Marketing ကို စိတ်ဝင်စားရင် Marketing လေ့လာပေါ့ဗျာ

    ငယ်သေးတာပဲ. တခုလေး လက်တို့ခဲ့ပါရစေ
    အခု လုပ်နေတာတွေကို Sale force လို့ခေါ်တယ်ဗျ
    marketing ဘာဆိုတာကို. မသိလို့သော်လည်းကောင်း
    သိသိလျက်သော်လည်းကောင်း. Sale force လို့သုံးပြီး အလုပ်ခေါ်ရင်
    ညီရေးထားသလို နေပူမိုုးရွာမရှောင် ထွက်ရတဲ့ အလုပ်ဆိုပြီး
    လာမလျှောက်ကြမှာ စိုးရိမ်လို့
    Marketing လို့ တံဆိပ်ကပ် အလုပ်ခေါ်တြယ်လို့ မြင်ပါတယ်
    Local company အတော်များများက.
    အဲ့ဒါတွေ ကျော်လွန်အောင် ကြည့်တတ် မြင်တတ်ပါစေဗျား

    Happy birthday ပါ

    တော်သေးဘီ
    ခင်တဲ့
    (လုံးဝ) ဈေးမရောင်းတဲ့
    Marketing Pro: တစ်ဦး

  • မောင်ပေ

    August 24, 2012 at 8:48 pm

    ညီငယ်ထွန်းထွန်းနိုင်ရေ… အငဲ ရဲ ့ “ နယ်မြေသစ်များစွာ ” ဆိုတဲ့ သီချင်းကို ကြိုက်သလားတော့ မသိဘူး
    …..ဘဝဟာ ဂိမ်းတစ်ခုဆိုလဲ … နောက်တစ်ခန်း သွားရမှာပဲ….
    ဆိုတဲ့စာသားလေးကို အရမ်းကြိုက်တယ်

  • htoosan

    August 25, 2012 at 6:27 am

    Happy Birthday ပါ ကိုထွန်းထွန်းနိုင် ..
    ဒီနေ့ပြည့်မြောက်တဲ့ မွေးနေ့ က စလို့ ရွှင်လန်းချမ်းမြေ့ နိုင်ပါစေ။

  • ရဲစည်

    August 25, 2012 at 6:33 am

    အစ်ကိုရေ
    အားတော့ မလျော့ပါလေနှင့်
    ကျနော်ဆို အလုပ်ရဖို့ နယ်ကနေတက်လာတာ ၆လ ကျော်ပါတယ်ဗျာ
    ဒီလိုဘဲ ဖြစ်အောင် ခြိုးခြံရှာဖွေပီး နေထိုင်စားသောက် ခဲ့ရတာ …….။
    အလုပ်ရတော့လဲ ကိုယ့်စိတ်ကြိုက် ဆိုတာထက် ဘဝဝမ်းရေးကို ဦးစားပေးသမို့ ဒီအတွေး မတွေးအားပါဘူး
    ကျနော်က ဇွန်လက ၂၂နှစ်ပြည့်တယ်ဗျ … ဒီလိုပါဘဲ မနက်စောစောထ မုန့်ဟင်းခါး ၅ပွဲ ဝယ်ပီး ရပ်ကွက်ထဲ ဆွမ်းခံကြွတဲ့ သံဃာတွေ လောင်းလှူ တရားတွေဘာတွေ အသာထား မျက်စေ့လေးမှိတ်ပီး ကုသိုလ်အဖို့ ကြည်နူးမှု ရယူလိုက်တာပါဘဲ …

    ဘဝက ကြံဖန်ရယူ နေထိုင်တတ်ဖို့ဘဲ လိုပါတယ်ဗျာ …
    အစ်ကိုကမှ အွန်လိုင်းတက်ပီး ငြီးငြူချိန်ရသေးတယ် …
    ကျနော့်တုန်းကများ အင်တာနက် ဆိုင်ဆိုတာ ဝေလာဝေးဗျို့
    ဇကားမစပ်
    အလုပ်ရတာ ၂လဘဲ ရှိသေးတယ်ဗျ …………………………………………..။
    အနားမှာ အားပေးဖော်လေးတော့ မျှော်တော်ယောင် စိတ်ကူယဉ်နေမိကြောင်း 🙂

  • မောင်မောင်ဂေါက်

    August 25, 2012 at 11:37 am

    ညီငေးရေ ..
    “ဘဝဆိုတာ ဟာသ” ဆိုပြီးတော့လည်း ဒက်ဖနေးရှင်း ဖွင့်တတ်ကြသေးသကွဲ့ …
    ညီငေး အရွယ်တုန်းက အကိုဆိုလည်း အဲ့ဂလိုပါပဲ …
    ခုထိလည်း ဒုံရင်းပဲ ရှိပါသေးတယ် ..
    စိတ်ဓါတ် မကျပါနဲ့၊ ငါ့လိုလူတွေလည်း အများကြီး ရှိနေတယ်လို့ မှတ်ထားပါကွယ် ..
    ပြီးတော့ ပေါ့ပေါ့ပါးပါးနဲ့ ဘဝတိုးတက်ရေးအတွက် ကြိုးစားလိုက်ပေါ့ ..

    ကိုင်း ..
    ယနေ့မှာ ကျရောက်တဲ့ ညီငေးရဲ့ မွေးနေ့မွေးရက်မှစလို့ နောင်လာမယ့် ရက်ပေါင်း၊ လပေါင်း၊ နှစ်ပေါင်း များစွာတိုင်အောင် ပျော်ရွှင်တိုးတက်နေသော ဘဝခရီးလမ်းကို လျောက်လှမ်းသွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ကွယ် ..

    ဖိုးဖိုးဂျီး ..
    ဂေါက်ဂေါက်

Leave a Reply