ငါရှိတာမသိပါစေနဲ့(ကြောက်တတ်သူများအဖတ်ရ) အပိုင်း-၂
ထိုစဉ်……အိမ်၏ထုပ်တန်းပေါ်မှ တစ်ခုခုကျလာသည်ကို ထူးဇင်တွေ့လိုက်မိသည်……. ဆေးပျယ်စပြုနေသော ဓာတ်ပုံလေးတစ်ပုံ…….မျက်နှာခြမ်းက ပျက်နေပေမယ့်…. မိန်းကလေးတစ်ယောက်၏ ပုံတစ်ပုံမှန်း သူသိလိုက်သည်။ ပုံထဲတွင် ဆံပင်မတိုမရှည်မိန်းကလေးတစ်ယောက်..သူမ၏ဘေးတွင်…ကလေးငယ်လိုလို…. တစ်ယောက်အားလက်ဆွဲထားသည်ကိုတွေ့ရသည်…….။ထိုစဉ်……….
“ချွမ်…”
နောက်ထပ် တစ်ခုခုကျလာသည်ကိုထူးဇင်တွေ့လိုက်မိသည်………..။
မိန်းကလေး ဆံညှပ်လေးတစ်ခု……..တနေ့ညက တစ်ခုတွေ့သည်…..ယခုတစ်ခု…..ဒါဆိုတစ်စုံပြည့်ပြီပေါ့။
ထူးဇင်အတွေးများဖြင့် ရှုပ်ယှက်ခက်နေသည်…အိမ်ရဲ့ထုတ်တန်းပေါ်…ဒီဆံညှပ်တစ်စုံနဲ့ ဓာတ်ပုံတစ်ပုံက မည်သို့ ရောက်နေသလဲ။ အတွေးများစွာဖြင့် ချာချာလည်နေသည်။
ထိုစဉ်………….။
“ဝုန်း……”
အိမ်အဝင်တံခါးက ရုတ်တရက်ပွင့်လာသည်…….။
“ထူးဇင်……..မင်းဘာလုပ်နေတာလဲ…..”
“ဝေဖြိုး…မင်းကွာ အသံမပေး ဘာမပေးနဲ့……”
“ငါခေါ်နေတာ တစ်ရာကိုးဆယ့်ရှစ်ခါက်လောက်ရှိပီ မင်းဖာသာမကြားတာ”
“ဟင်း…..ငါအတွေးလွန်နေလို့ကွာ…..မင်းသည်ည အိမ်မှာအိပ်ပေး….”
“ဘာဖြစ်တာလဲကွ….မင်းကလည်း…..”
………………. .
………. ………………….
ဝေဖြိုးခမှာ ပါးစပ်အဟောင်းသားဖြစ်နေသည်။
“မင်း ပြသနာက ခပ်ဆန်းဆန်းနော်…….. ဒါတိုက်ဆိုင်မှုတော့ မဖြစ်နိုင်တော့ဘူးနော်…ထူးဇင်”
“ငါလည်း စဉ်းစားနေတာကွ……… သည်အိမ်မှာ ငါ့အပြင်တစ်ယောက်ယောက်ရှိနေပြီ……..”
ထူးဇင်ပြောလို်က်မှ……ဝေဖြိုး ဟိုကြည့်သည်ကြည့်လိုက်ကြည့်နေသည်….သူ့မျက်လုံးတွင် ကြောင်လန့်သော အရိပ်အယောင်တော့ ထူးဇင်မမြင်ပေ……..။
“ငါလည်း သိချင်တာနဲ့အတော်ပဲ……ငါ့အိမ်ကို ဖုန်းဆက်ပြီး…….မင်းအိမ်မှာ တစ်ပတ်လောက်နေဦးမယ်ကွာ..”
****************************
ညဘက်နှစ်ယောက် အိပ်ရာပေါ်လှဲနေရင်း…….သူငယ်ချင်းနှစ်ယောက်စကားများပြောနေကြသည်။
“ဝေဖြိုး……မင်းတစ်ခုခု မခံစားမိဘူးလား……..”
“ဟေ ဘာလဲကွ….”
“ငါတို့ကို…..တစ်ယောက်ယောက်ကြည့်နေသလိုမျိုး ခံစားမှုလေ..”
“ဟင်……..မင်းလည်း အဲလိုဖြစ်နေလား…..”
“ဟုတ်တယ်…..ငါအဲလို ခံစားမိနေတယ်…..”
“အေး….ငါလည်းပြောမလို့ပဲ…….ကဲ…. ငါတို့ကို ဘယ်သူကြည့်နေလဲ….. သောက်ရူးလာမလုပ်နဲ့ သတ္တိရှိရင် ထွက်ခဲ့…”
ဝေဖြိုးအသံခပ်ကျယ်ကျယ်ဖြင့်အော်လိုက်လေသည်………..။ ဘာသံမှမကြားရပါ……ထူးဇင်တောင် လန့်သွားမိသည်……။
“ထူးဇင်…..ဘာတွေလဲကွ….သည်မှာ…”
“ဟမ်…ဘာကိုပြောတာလဲ…….”
ထူးဇင်…ဝေဖြိုးပြောတဲ့နေရာ ညွှန်ပြလိုက်တော့အခါတွင်….ဝေဖြိုး၏ ခြေရင်းတွင်…ရေများရွှဲ၍နေသည်….။
“နေပါဦး…ဒါ ဘယ်ကလာတဲ့ရေတွေလဲ….”
ဝေဖြိုး အသံတွင် နည်းနည်းတော့ မတည်ငြိမ်မှန်း ထူးဇင်သိလာသည်။
“မျက်နှာကျက်က ထင်ပါတယ်….”
“မျက်နှာကျက် မိုးလည်း မရွာဘဲ ဘယ်လိုယိုတာတုန်းဟ……”
“ငါလည်း မသိဘူး မနက်ကျမှ အပေါ်တက်ကြည့်ဦးမယ်…..”
“ငါတော်တော်တင်းလာပြီ…..”
ဝေဖြိုးပြောပြောဆိုဆို ဟိုကြည့်သည်ကြည့်ထပ်ကြည့်နေသည်..။
“ကဲ…အိပ်ပါတော့ကွာ… မနက်ကျမှ ထပ်ကြည့်ကြတာပေါ့….”
နှစ်ယောက်သား မျက်နှာချင်းဆိုင်ကြည့်ပြီး သဘောတူကာ အိပ်လိုက်ကြတော့သည်။ ထူးဇင် သန်းခေါင်ကျော်လောက် ပြန်နိုးလာသည်…. ကြမ်းပိုးလား ခြင်လားမသိ ဟိုယား သည်ယားနှင့်..အိပ်လို့မရဖြစ်သည်နှင့် ခြင်ထောင်ထဲတွင် ငုတ်တုတ်ထိုင်လိုက်သည်။
“ဟင်………”
နှုတ်မှထွက်သွားမိသည်..။ တွေ့လိုက်သည်..တွေ့လိုက်သည်…တစ်ခုခုပဲ မှောင်မှောင်မည်းမည်းနှင့် သေချာမသဲကွဲပေ…။
“ဘယ်သူလဲ………”
အသံထွက်၍ ထူးဇင်မေးလိုက်သည်………။
“ဝှစ်……….ဝီးးးးးးးးးး”
မသိမသာ လေတိုးသံလိုပဲ ကြားလိုက်ရသည်………။
“ဘယ်သူလဲလို့ မေးနေတယ်…..”
“ထူးဇင် ဘာဖြစ်တာလဲ…”
သူ့အသံကြောင့် ဝေဖြိုးပါနိုးလာသည်….။
“ငါတစ်ခုခု မြင်လိုက်တယ်…ကြားလိုက် ကြားလိုက်တယ်……”
“လာကွာ……အချိန်မဆွဲနဲ့ ထကြည့်ကြရအောင်……သည်သရဲ အသေသတ်ပစ်မယ်…….”
နှစ်ယောက်သား ပြိုင်တူ ခြင်ထောင်ထဲမှ ထွက်လိုက်သည်…..။အိမ်တံခါးမကို ဖွင့်လိုက်သည်…….ခြံအပြင်ဘက်ကို ဝေ့ကြည့်လိုက်သည်……ခြံတံခါးဝ လှုပ်ခတ်သွားသည်မှ အပငြိမ်သက်ဆဲပင်……။
“ထူူးဇင် ဖိနပ်ချွန်ပေါ်မှာ ဘာလဲမသိဘူး……”
ဖိနပ်ချွတ်ပေါ်တွင်….အရာတစ်ခုကို ထူးဇင် ကြည့်လိုက်မိသည်…….။…စာရွက်တစ်ရွက် ဟောင်းနွမ်းနေသဖြင့်… အဝါရောင်ပင်သန်းနေသည်… စာရွက်ပေါ်တွင်….ပုံတစ်ပုံနှင့် စာသားတစ်ချို့…။
*******************
ထူးဇင် နှင့် ဝေဖြိုး …. တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကြသည်။ နှစ်ယောက်စလုံး နားမလည်နိုင်သော မျက်လုံးများဖြင့်…….။ အိမ်တံခါးမကိုပိတ်၍ နှစ်ယောက်သား ပြန်အလှည့်တွင်….
“ချွမ်း…ကလောက်…ကလောက်..”
ထူးဇင်….နောက်သို့ဆုတ်ရပ်မိသား ဖြစ်သွားသည်….။ မှောင်မှောင်မည်းမည်းထဲတွင်… တွေ့လို်က်ရသော အရာတစ်ခုသည်….. ကလေးငယ်ငယ်လေးများ ကစားသော ချွင်ချွင်နှင့်မြည်သော… လက်ကိုင် ဘောလုံးလေးနှင့် ချလူလေး တစ်ခုဖြစ်သည်…။
“ဒါ ဘယ်ကကျလာတာလဲ… ထူးဇင် မင်းအိမ်က သွေးရိုးသားရိုး မဟုတ်ဘူးနော်… တစ်ခုခုစုံစမ်းဦးကွာ…”
“အေးကွာ…ငါလည်းအိမ်လေးကိုကြိုက်လို့သာ ငှားလိုက်တာ …. နောက်ကြောင်းကို မစုံစမ်းမိဘူး.. ကဲကွာ အချိန်လည်း မနည်းတော့ဘူး အိပ်ကြရအောင်…”
************************
“ထူးဇင် ဘာကြားသေးလဲ ဟေ့ကောင်….”
“ဘာမှတော့ မကြားရတော့ဘူးကွာ…. နောက်ဘာတွေ့ဖြစ်ဦးမလဲတော့မသိဘူး…ငါတော့တော်တော်ညစ်နေပြီ”
အမှန်ပြောရရင် ထူးဇင်ကိုယ်တိုင်လည်း အနည်းငယ် ကြောက်လန့်လို့နေလာမိသည်။ နောက်ဘာတွေဆက်ဖြစ်ဦးမလဲ။
တက္ကသိုလ်ကျောင်းကြီးကတော့ လှပဆဲဖြစ်သည်။
“ဟေး……….ထူးဇင် ၊ ဝေဖြိုး….”
အတွေးကိုယ်စီနှင့် နှစ်ယောက်သား… လန့်သွားမိသည်။
“ထူးဇင် နင့်ကိုအကူအညီတောင်းမလို့ဟ…”
မီမီ က စရျ်ပြောလိုက်သည်…..ထူးဇင်မျက်ခုံးပင့်သွားမိသည်။ ထူးဇင်နှင့် ဝေဖြိုးရှေ့တွင် မီမီ ၊ ကြည်ပြာ ၊ အောင်ခန့် ၊ အာကာ ၊ သဇင် တို့ ငါးယောက်သား မျက်နှာငယ်လေးများနှင့်….။
“ကဲ…ပြော..ဘာအကူအညီလဲ….”
လျှာသွက် အာသွက်ဖြင့် မီမီမှစရုျ်ပြောလေသည်…။
“သည်လိုဟာ… အောင်ခန့်နဲ့ ကြည်ပြာက မွေးနေ့တူတူပဲလေ နင်လည်း သိသားနဲ့… နက်ဖန်သူတို့မွေးနေ့လေ နင်တို့ နှစ်ယောက်မေ့နေတယ်မဟုတ်လား…. ငါတို့သူငယ်ချင်း(7)ယောက်… ပါတီအသေးစားလေးပေါ့ဟာ…လုပ်ချင်လို့”
“အဲဒါနဲ့…ငါက ဘာကူညီရမှာလဲ….”
ထိုစဉ်…အာကာမှ
“သည်လိုကွာ… မင်းတစ်ယောက်တည်းအိမ်ငှားနေတော့… မင်းအိမ်လေးမှာ ငါတို့ညဘက် မွေးနေ့ပွဲလေးလုပ်ရမလားလို့….”
“ဟေ…..”
“ဘာ…….”
ထူးဇင် နှင့် ဝေဖြိုး နှစ်ယောက်သားပြိုင်တူထွက်သွားလေသည်။
“နင်တို့ကလည်း သရဲသဘက် တွေ့တာကျနေတာပဲ ဒါလေးကို….”
“ဟေ…အော်.. ရပါတယ်ဟာ… နင်တို့မွေးနေ့ပဲ ငါကူညီရမှာပေါ့……”
“ဟေးးးးးးအိုကေ…ဒါဆို နက်ဖန် ညနေ(3)နာရီ….ငါတို့တွေ ဈေးဝယ်ထွက်ပီးရင် နင့်အိမ်လာခဲ့မယ်.. လိပ်စာပေးလိုက်………”
***************************************
ဘာတွေဆက်ဖြစ်ဦးမလဲမသိ… ထူးဇင်စိတ်ထဲလေးနေမိသည်။ ဝေဖြိုးဘက်လှည့်ကြည့်မိတော့လည်း သူလည်း ထူးဇင်လို တွေးနေသည်မှာမလွဲပင်။ သူတို့မဟုတ်သော တစုံတယောက်ကတော့ ရှိနေသည်မှာအသေအချာပင်… ဒါပေမယ့် … လူကို အန္တရာယ်မပေးသေးတာကိုပင် ကျေးဇူးတင်ရဦးမည်…။
“တွေ့ပြီဟေ့….ဒီမှာ ဒီမှာ ထူးဇင်တို့အိမ်…”
အသံခပ်ကျယ်ကျယ်နှင့် မီမီအော်သည်ကို ထူးဇင်ကြားလိုက်ရျ် အားလုံးကို ထွက်ကြိုလိုက်သည်။
“ဘီယာဆိုတာ အရက်တော့မဟုတ်ပါ…တငွေ့ငွေ့လေးပေါ်လာ….”
အောင်ခန့်၏ အသံဖြစ်သည်.. ဘီယာကဒ်လိုက် ဆွဲလာရင်း ခြံထဲသို့ဝင်လာလေသည်။
သောက်ကြစားကြရင်း… မွေးနေ့ပွဲလေးကတော့ စည်စည်ကားကား….ပင်။ မီမီတေစ်ယောက် ကင်မရာတစ်လုံးဖြင့် အလုပ်ရှုပ်နေလေသည်။
“ကင်မရာကို ကြည့်ကြ… ဓာတ်ပုံရိုက်မယ်……..”
“ပြန်ပြဦးဟာ… ငါ့ပုံလှမှ လှပါ့မလားမသိဘူး….” ကြည်ပြာတစ်ယောက် ကင်မရာကို…ကြည့်နေလေသည်။
“ဟင်… ဒါဘယ်သူ့ပုံလဲဟ…. ထူးဇင်ဘေးမှာ တစ်ယောက်ယောက်ပဲ…”
“ငါ့ဘေးမှာ…တစ်ယောက်မှ မရှိပါဘူး….”
“ဟင်ဒါဆို…ဘယ်သူလဲ…မှုန်ဝါးဝါးလေးပေါ်နေတယ်…” မီမီက အသံစူးစူးဖြင့် ပြောနေသည်…။
“ပြစမ်း….” ကင်မရာကိုထူးဇင် လှမ်းယူလိုက်သည်။ ထူးဇင်ဘေးတွင် ဝေဖြိုးလည်း ရှိနေလေသည်။
ထူးဇင်နှင့်ဝေဖြိုးကြားတွင်..မထင်မရှား အရိပ်တစ်ခု… သေချာသည်က… ဆံပင်အရှည်နှင့် မိန်းကလေးတစ်ယောက် ဖြစ်ပုံရသည်………။ ထူးဇင်နှင့်ဝေဖြိုး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်သည်။
ဝေဖြိုးက စတင်ပြောလိုက်သည်…….။
“နင်တို့တွေအကုန်လုံး သည်ည အိပ်လို့ရတယ်နော်… သည်မှာ… ငါအကြောင်းစုံပြောပြမယ် သည်ကိစ္စက ငါတို့အားလုံး ဖြေရှင်းမှပြီးမယ်ထင်တယ်….”
သည်လိုဟ…………………….
အားလုံး၏ မျက်လုံးထဲတွင် အရောင်တစ်မျိုးစီ လက်သွားကြသည်။ သေချာသည်က… ထိုအရောင်ထဲတွင် ကြောက်ရွံ့မှုအရိပ်အယောင်များပါသည်မှာ မလွဲပင်ဖြစ်သည်ဟု ထူးဇင်သိနေလေသည်။
“ဟဲ့…ဟဲ့ ဟိုမှာ ဟိုမှာ ငါမြင်လိုက်တယ်…..” မီမီအသံစူးစူးက သူလက်ညှိုးထိုးသည့်ဘက်ကို အားလုံး၏အကြည့်များရောက်သွားကြသည်…။
သူတို့အားလုံးမြင်လိုက်ရသော မြင်ကွင်းတစ်ခုကတော့……….
****************
အပိုင်း(၃) ဆက်ပါဦးမည်
အောင်မိုးသူ
7 comments
YE YINT HLAING
August 25, 2012 at 12:10 pm
ဆက်မိသွားအောင် အပိုင်း ( ၁ ) ပြန်ဖတ်လိုက်ဦးမယ် ! စာရေး တော်တော် ကောင်းတယ်ဗျာ !
ကိုရင်မောင်
August 25, 2012 at 12:18 pm
ကဲ မောင်မျိုးသူလေးရေ တနေ့ကို ပို့စ်နှစ်ပုဒ်တင်လို့ရတယ်ကွဲ့….ဟဲဟဲ
စောင့်မျော်ဖတ်ရှု့နေပါကြောင်း….[:-bd]
_________________________
I added cool smileys to this message… if you don’t see them go to: http://s.exps.me
aung moethu
August 25, 2012 at 12:50 pm
အောင်မိုးသူ ပါဗျ…. စာတွေဖတ်တဲ့အတွက် ကျေးဇူးပါ။
ရန်ကုန်သား
August 25, 2012 at 1:01 pm
အပိုင်း (၃)ကိုစောင့်ဖက်မယ်နော်
မောင်ပေ
August 25, 2012 at 1:01 pm
ထူးဇင်တို ့များ ကံကောင်းချက်ကတော့
သရဲမ နဲ ့ဇါတ်လမ်းဖြစ်တာတောင် ၊ ကလေးတစ်ယောက်အမေ သရဲမ နဲ ့တဲ့
ကိုအောင်မိုးသူရေ ဇါတ်လမ်းကတော့ ဇါတ်ရှိန်မြင့်နေပြီဗျို ့
pooch
August 26, 2012 at 12:06 am
ကောင်းခန်းကတော့ ရောက်နေပြီ နောက်တပိုင်း သွားဖတ်လိုက်အုန်းမယ် ။ တော်သေးတယ် တနေ့ထဲ တင်ပေးလို့။
etone
August 27, 2012 at 1:44 pm
အပိုင်းတစ်ကတည်းက စိတ်ဝင်တစား ဖတ်လာတာ … တစ်နဲ့ နှစ်က … ရက်ခြားသွားတယ်နော် … ။
ဒီလို စာမျိုး မဖတ်ရတာ ကြာပေါ့ ..အရင်ကဆိုလျှင် စာရေးဆရာ ဒဂုံရွှေမြှားတို့ ၊ သတိုးတေဇတို့ ၊ အောင်သင်းတို့ စာတွေကိုပဲ ရွေးဖတ်တာများခဲ့တာ …. စိတ်ကူးယဉ်ဆန်ဆန်မှန်း သိသိနဲ့ကို … ဒီလို ဇာတ်လမ်းမျိုးကို သဘောကျလို့ ဖတ်ဖြစ်ခဲ့တာ … ။ အားပေးပါတယ် နောက်ထပ်အများကြီးထပ်ရေးနိုင်ပါစေနော် ။ 🙂