ဗိုက်ပူနံကားနှင့် တောက်တဲ့

သုရွင္August 27, 20121min1997

ခေါင်းကအောက်က ကိုယ်ခန္ဓာက အပေါ်က လူမျိုးသင်တို့တွေ့ဖူးကြပါသလား။ ဒီမှာပါ။ ဗိုက်ပူနံကား။ ဇာတ်လိုက်ကျော် ကြီး ဗိုက်ပူနံကားက ဘယ်လိုဖြစ်လို့ ခေါင်းက အောက်က ကိုယ်က အပေါ်က ဖြစ်နေရလေသနည်း။ အကြောင်းရှိပါသည်။ သူက သစ်ပင်ပေါ်တတ်ပြီး ခြေနှစ်ခြောင်းကို သစ်ကိုင်းမှာ ချိတ် ပြီး တွဲလန်းကြီး ချထားပါတယ်။ ရွာထွက်က မန်ကျည်းပင် ပေါ်မှာ ပါ။ရုတ်တရပ်ကြည့်ရင် တော့ လင်းဆွဲလိုလို သရဲလိုလို ပေါ့ဗျာ။ ပြောထားခဲ့သည့်အတိုင်း ဗိုက်ပူနံကားတွင် အရှက်တရား ကလည်း အလွန်တကာမှ နည်းလွန်းရကား။ ပုဆိုးကြီးကလည်း ကျွတ်လို့ခင်ဗျ။ လူမမြင်ဝံ့စရာပါ။လက်ထဲမှာလည်း တောက်တဲ့ကြီးနဲ့ခင်ဗျ။

ဟုတ်ပါတယ်။ ဗိုက်ပူနံကား တောက်တဲ့ ဖမ်းနေတာပါ။အခုတလော ရွာထဲမှာ သတင်းတစ်ခု ထွက်နေတယ်။ တောက်တဲ့ တစ်ကောင်( အစိတ်သား ကျော်ပါက ) ၁၀၀၀၀ဝ ဆိုပဲ။ ဒါနဲ့ ဗိုက်ပူနံကား မန်ကျည်းပင်ပေါ် အားကျိုးမာန် တက်နဲ့တက်ခဲ့တာ ။ တက်တာတော့လွယ် တယ် ထင်တာဘဲ။ သို့သော် အဆင်းမှာ ခြေချော်သွားတယ်။ သူ့ခင်ဗျာ မိထားတဲ့တောက်တဲ့ကြီး ကိုလည်း မလွှတ်ချင် ၊ မလွှတ် ရင်လည်း လက်က မအား၊ အားတဲ့လက် တစ်ဖက်ကလည်း ပုဆိုးကြီး ကို ကိုင်ထားရသေးတယ် မဟုတ်လား။နို့မဟုတ်ရင် ပုဆိုးကြီးက ကွင်းလုံးကျွတ်ကြီး။ တော်သေးတယ် ခင်ဗျ။ ဒီနေရာက ရွာစွန်ဆိုတော့နည်းနည်းလည်း လူကပြတ်တော့ အခုအချိန်အထိ ဘယ်သူမှတော့ မမြင်သေးဘူး။လူမလာပြန်ရင်လည်း ဘယ်သူ့ကို မှ အကူအညီက တောင်းမရ ။ ဆိုတော့ ဗိုက်ပူနံကားခင်ဗျာ လူလာပါစေ ဆုတောင်းရမလိုလို။ မလာပါစေနဲ့ ဆုတောင်းရမလိုလို။

အဲဒီတော့ ဗိုက်ပူနံကား ဆုကို ရွေးတောင်းဖို့ ဆုံးဖြတ် လိုက်တယ်။ လူတော့လာပါစေ။ ပြီးတော့ ယောက်ျားလေးဖြစ်ပါစေ။ဟဲဟဲ။ အဲလို ဗိုက်ပူနံကား က လည် တာ။တောက်တဲ့ကြီး က ခပ်မွဲမွဲတောက်တဲ့ကြီး ခင်ဗျ။ ဒါကြီးကို ကြည့်ပြီး ဗိုက်ပူနံကား လွှတ်ပစ်လိုက်ဖို့ လုံးဝ မဖြစ်နို်င်ဘူးဆိုတာ ပိုပြီး သိလာ တယ်။ သေရေးရှင်ရေး ဇောက်ထိုးကြီး ဖြစ်နေတာတောင်မှ ဗိုက်ပူနံကားက တောက်တဲ့ကြီးကို ဆ..ကြီးလိုက်သေးတယ်။ အင်း..ခန့်မှန်းချေ…. တစ်ခွဲသား နီးနီးရှိမယ်ဗျာ။ ဗိုက်ပူနံကား ရဲ့ ဆုံးဖြတ်ချက်ပိုပြီး ခို်င်မာသွားတယ်။ ဘယ်လိုနည်းနဲ့မှ ဒီကောင်ကြီးကို တော့ အဆုံးအရှုံးမခံနို်င်ဘူး။ အားလားလား။။

ဗိုက်ပူနံကား စိတ်ကူးယဉ်နေတုန်း ပေါ်နေတဲ့ခြေသလုံးပေါ်ကို ပုရွက်ဆိတ်တစ်ကောင် တက်လာပြီး ကိုက်လို်က်တယ်။ ခြေထောက်နှစ်ဖက်နှင့် ကလိမ်ကွပ် ပြီး ကိုယ်ခန္ဓာ ကြီးကို ထိန်းထားရတာမဟုတ်လား။ ဗိုက်ပူနံကားက ကိုယ်ကို နည်းနည်းကိုင်းလိုက်ပြီးတော့ ပုရွက်ဆိတ်ကို လေနဲ့ မှုတ်လိုက်တယ်။ ဖူး…ဖူး….။ ဗိုက်ပူနံကားက အမှုတ်ကတော့ အတော်သန်သားခင်ဗျ။ ပုရွက်ဆိတ်ကလေးခင်ဗျာ လွှင့်ထွက်သွားတော့မတတ်ပါပဲ။ ဒါကြောင့် ဗိုက်ပူနံကားရဲ့ ခြေသလုံးကို ပိုပြီး ခဲထားရတာပေါ့။ နောက်မို့ဆို လေထဲလွှင့်သွားမှာ မဟုတ်လား။ တောက ပုရွက်ဆိတ်က မြို့ပုရွက်ဆိတ်လို ဗလံ လေးမဟုတ်ဘူး ခင်ဗျ ။ တော်တော် ထွားတယ်။ ဒါကြောင့် ..ဗိုက်ပူနံကား..သူ့ကို အသိအမှတ်ပြုရတယ်။ အား……။

ဟာ…ဒီ ပွက်ဆိတ် ကလဲ

ဗိုက်ပူနံကား ဒေါသ ထွက်လာတယ်။ ပုဆိုးကိုင်ထားတဲ့ လက်နဲ့ ပုဆိုးကို ပုရွက်ဆိတ် ဆီကို ဖိပွတ်ဆွဲလိုက်တယ်။ သေဟ ငနာ ပွက်ဆိတ်။ လက်အလှုပ်မှာ.. ဗိုက်ပူနံကားကိ ုလေက ဟပ်သဗျ။ ဗိုက်ပူနံကား အေးခနဲ အေးခနဲ ခံစားရတယ်။ ….။ဒါကြောင့် ခက်မြန်မြန် လေး ပြန်အုပ်ထားလိုက်ရတယ်။

ဒါတောင်…ဟယ်တော့ ဘယ်သူကြီးတုန်း…။

ဟူသည့်အသံကို ဗိုက်ပူနံကားကြီး ကြားလိုက်ရသေးတယ်။ သွားပြီ။ ကြီးတော်သေးလှီ ရဲ့ သမီးထွေးလေး မိရှက်ပြာ။

 ဒူကြီးတုန်းလို့။

မိရှက်ပြာ က လှမ်းအော်မေးသေးတယ်။

ဗိုက်ပူနံကားဟေ့ ဗိုက်ပူနံကား ပါဟ။

သူမက မှတ်မိသွားဟန်ဖြင့် …အော်လိုက်သေးတယ်။

ဟယ်တော်..ဗိုက်ပူနံဂါးဂျီး တော့။

အော်လည်း အော် ခုန်လည်း ခုန်ဖြင့် မျောက်ပြပွဲကို အားပေးနေသည့်နှယ် မြူးထူးနေတော့တယ်။ ဗိုက်ပူနံကား က

ဟေ့မိရှက်ပြာ ပေါ်ကို မကြည့်နဲ့နော် ငါပြောတာကို သေသေချာချာနားထောင်…

မိရှက်ပြာက

ဘာ။ ကိုဗိုက်ပူနံဂါးဂျီး ..ဘာ။

သူမက မကြားချေ။ မကြားသဖြင့် ဗိုက်ပူနံကား မျက်နှာကို သေသေချာချာ ကြည့်ရန်အလို့ငှာ သစ်ပင်အောက်သို့ ရောက်လာတယ်။

အပေါ်ကို မော့မကြည့်နဲ့ လို့။

ဗိုက်ပူနံကားက လည်ချောင်း ကြောတွေ ထောင်နေအောင် အော်ပြောလိုက်တယ်။သူ့အကြောင်းနဲ့ သူကိုး

အော်..အင်းပါ။ ဘာလို့တုန်း။ မျက်စိထဲ အမှုန် ဝင်မှာ ဆိုးလို့လား။

သူမ က ပြောလည်းပြော ခေါင်းကလည်းတငြိမ့်ငြိမ့်ဖြင့် သူ့အပေါ်စေတနာ ထား သော ဗိုက်ပူနံကားကြီးကို သေသေချာချာ လေးကို မော့ကြည့်လိုက်တယ်။

ဟယ်။ ကိုဗိုက်ပူနံဂါးဂျီး။ တော် ချိတ်ထားတဲ့ ကိုင်းမှာ မန်ကျည်းသီးမှည့် အခိုင်ကြီးလားမသိဘူး အပြွတ်လိုက်ကြီးပါလား။ အတော်ပဲ အမေက မန်ကျည်းသီးတက်ခူးခိုင်းလိုက်တယ် ကျုပ်ကို ချွေချပေးပါလား။

ဗိုက်ပူနံကား ပြန်အော်လိုက်တယ်။

အော်..ဒီကောင်မလေးနှယ် ခက်တော့တာဘဲ။ သူများဒုက္ခရောက်နေတာကို မမြင်။ သူ့မန်ကျည်းသီးက အရေးကြီးနေသေးတယ်။

 

အေးပါ ရှက်ပြာမ ရယ် ချွေပေးမယ် ဟုတ်ပြီလား အခု ငါ့တောက်တဲ့ကြီးကို နင့်ဆီကို ပစ်ချလိုက်မယ် ။ သေသေချာချာ ဖမ်းထားနော်။

ဗိုက်ပူနံကားက လက်ကို ဆ..လွဲလွဲ လိုက်ရုံရှိသေးတယ်။ မိရှက်ပြာ က အော်တယ် ။

ပေါက်ပေါက်ရှာရှာ ကိုဗိုက်ပူနံဂါးရယ် ရှက်ပြာမ ဘဝမှာ အဲဒီတောက်တဲ့ကို အကြောက်ဆုံးဘဲ။ မြွေပွေးတောင် သူ့လောက်မကြောက်ဖူး။ ရွံကြောက်ကြီး ဖမ်းရဲပါဘူး။

ဟုပြန်အော်လိုက်သောကြောင့် ဗိုက်ပူနံကား ပစ်မယ့်လက် က အရှိန်ရပ်သွားတယ်။ဒီမသာမကလေးကတော့ .. ဟင်း ။ ဗိုက်ပူနံကားကြီး စိတ်ထဲက ဆဲနေမိတယ်။

အဲဒါဆို နင့်မန်ကျည်းသီး အပျွတ်ကြီး ကို ငါမချွေပေးဘူး။

ဗိုက်ပူနံကားက လည်း ပညာသုံးပြီး ဈေးကိုင်ကြည့်တယ်။

ရှက်ပြာမက

နေပေါ့ ။ကိုယ့်ဖာသာ ကိုယ် တက်ခူးမှာပေါ့။

ပြောပြောဆိုဆိုနဲ့ မန်ကျည်းပင်ခြေရင်းကို ရောက်လာပြီး တက်မယ် တကဲကဲလုပ်လာတယ်။ဗိုက်ပူနံကား အကျပ်ရိုက်ပြီ။ ခြေတွေကလည်း ပိုညောင်းလာတယ်။ လက်ကလည်း ချွေးတွေ ပြန်လာပြီး ချောတောတောကြီး တောင်ဖြစ်လို့လာတယ်။ ပုဆိုးကလည်း မနည်းကြီးကို ထိန်းထားရပြီ။ဟူး။ မန်ကျည်းပင်ပေါ်တက်ခါနီးတဲ့ ရှက်ပြာမ က စိတ်ပြောင်းသွားဟန်တူတယ် ။ နည်းနည်းနောက်ဆုတ်လိုက်ပြီး

ဒီလိုလုပ်ကို ဗိုက်ပူနံဂါးဂျီး..။ ကျုပ်က အဲဒီတောက်တဲ့ကြီးကို တုတ်နဲ့ ရိုက်သတ်လိုက်မယ်။ အဲလိုဆိုရင်ကောရလား။

ဗိုက်ပူနံကားက ခေါင်းကို လျင်မြန်စွာ ခါလို်က်တယ်။

မရဘူးဟ။ အရှင်မှ ရမှာ။ နင်အိမ်ပြန်ပြီး ကြက်အုပ်တဲ့ အုပ်ဆောင်းယူခဲ့ ။ ပြီးရင် ငါပစ်ချလိုက်တဲ့ တောက်တဲ့ကို မြန်မြန်လေးအုပ်လိုက် ဘယ်လိုလဲ။

ဟုတ်ပြီ အဲဒါဆို နေဦး။

ရှက်ပြာမ ရွာထဲကို ပြေးဝင်သွားပြန်တယ်။ဗိုက်ပူနံကားကြီး ညောင်းပြီ။တစ်ကိုယ်လုံးလည်း ဆတ်ဆတ်တုန်နေပြီ။ သို့သော် အံကိုကြိတ်ခါ အားတင်းထားတယ်။

ရှက်ပြာမ အိမ်ကို အမောတကောနဲ့ ပြန်လာတယ်။ ပြီးတော့ ကြက်အုပ်ဆောင်းကို လိုက်ရှာတယ်။ အရေးထဲ ကြက်အုပ်ဆောင်းကြီးက ကြက်မကြီး အုပ်ထားတာနဲ့ ကြုံနေပြန်တယ်။ ဟော်တော့။ ရှက်ပြာမ စဉ်းစားရင်းခေါင်းကုတ်မိတယ်။ ကိုယ့်ဖာသာကိုယ် မန်ကျည်းပင်ပေါ်တက်တာက မှာခေါင်း ခြောက်သက်သာဦးမယ်။ ဒီလို တွေးမိသေးတယ်။ ပြီးတော့မှာ ထူးပါဘူး။ ရောက်လာပြီးတော့မှ ဆိုပြီး ဘေးအိမ်( ဒေါ်လေးကွန့်အိမ်) က ကြက်အုပ်ဆောင်းငှားမယ် ဆိုတဲ့အကြံနဲ့ ဒေါ်လေးကွန့်အိမ်ဖက်ကို ကူးလိုက်တယ်။ ဒီတစ်ခါတော့ကံကောင်းသွားပြီ ဒေါ်လေးကွန့်ကို တွေ့တယ်။ လွယ်လွယ်ကူကူဘဲ ကြက်အုပ်တဲ့ အုပ်ဆောင်းကြီး ကို ငှားလို့ရသွားတယ်။ ရှက်ပြာမတော်တော်ပျော်သွားတယ်။ ဒီလိုနဲ့ ကြက်အုပ်ဆောင်းကြီး လက်က ကိုင်ပြီး ရွာအထွက် မန်ကျည်းပင်ကြီးဆီကို အားကုန်ပြေးတယ်။ဟိုလည်းရောက်ရော။

မန်ကျည်းပင်အောက်မှာ လူနည်းနည်းစု နေတာကို တွေ့လိုက်ရတယ်။ ရှက်ပြာမ အံ့ဩသွားပြီး လူကြားထဲတိုးကြည့်မိတယ်။

ဟောတော့…ကိုဗိုက်ပူနံဂါးဂျိီး။

 

ဗိုက်ပူနံကားကြီးခင်ဗျာ အားယားမှောက်ကြီး ပုံရက်သားဖြစ်နေတာကိုတွေ့ရတယ်။ လက်ကလည်း တောက်တဲ့ ကြီး ကိုကျစ်ကျစ်ပါအောင်ဆုတ်ထားလျှက် ပြဲနေသော ပုဆိုးကြီးကိုလည်း ကျစ်ကျစ်ပါအောင် ဆုတ်ထားသော အခြားလက်တစ်ဖက်နှင့် ပုဇွန်ကဲ့သို့ ပြူးနေသော မျက်လုံးကြီးများသည် ပိုမိုကြီးမားလာသည့်နှယ် မန်ကျည်းပင်ပေါ်မှ ပြုတ်ကျပြီး ကားကားကြီးသတိမေ့နေတာကိုတွေ့လိုက်ရပါတယ်။လူကြီးတွေ ဗိုက်ပူနံကားကြီးကို သယ်သွားပြီးတော့မှ ရှက်ပြာမက မန်ကျည်းပင်ပေါ်ကို လှမ်းကြည့်မိတယ်။

ဟယ်မန်ကျည်းသီးပျွတ်ကြီးလည်း မရှိတော့ပါလား။

ဟူသတက်။

7 comments

  • ဘဲဥ

    August 27, 2012 at 10:03 am

    မန်ကျည်းသီးပျွတ်ကြီးက ဘယ်ရှိတော့မလဲ အံချာဒုံးယူတွားဒါ 😀

    • မောင်မောင်ဂေါက်

      August 27, 2012 at 12:06 pm

      အမှန်အားဖြင့်
      အံချာဒုံး မဟုတ် ..
      ဘဲဥ ဟူသတတ် .. 😀

  • သုရှင်

    August 27, 2012 at 11:25 am

    သိပါဘူးဗျာ… ရှက်ပြာမက … မန်ကျည်းသီးမှည့် သာ ဖိ ရှာနေတာ။

  • သုရှင်

    August 27, 2012 at 12:40 pm

    ကိုဘဲဥ ကြီးက ဘဲဥ ချဉ်ရေဟင်းချက်ဖို့နဲ့ တူတယ်ဗျ …နော်…
    မန်ကျည်းသီးမှည့်နဲ့ ဆိုတော့လေ :mrgreen:

    • ဘဲဥ

      August 28, 2012 at 5:32 pm

      စားကြပါအုံးလား ဗျာတို့ :mrgreen:[;)]

      _________________________
      I added cool smileys to this message… if you don’t see them go to: http://s.exps.me

  • မောင်ပေ

    August 27, 2012 at 8:15 pm

    မန်ဂျီးသီးပျွတ်ကြီး ကြေမွသွားချေပြီတကား

  • Mobile

    December 16, 2012 at 6:34 pm

    အားပေးသွားပါကြောင်းးးးးးးးးးးးးး

Leave a Reply