ဆ = ဆရာမ ဝင့်ပြုံးမြင့် အတွက် surrealism လက်ဆောင်လေး…

alinsettAugust 27, 20122min58320

( နိဒါန်း )

အခုတလော ရွာထဲမှာရော ရွာ ့ပြင်မှာပါ.. ဆရာမ ဝင့်ပြုံးမြင့် ပျောက်ခြင်းလှလှ ပျောက်နေပါတယ်နော် ။

မိသားစု အရေးကိစ္စတွေနဲံ ့ ( ဘာသာပြန် ) စာအုပ် စာပေ ကိစ္စတွေကြားမှာ…

ဆရာမ တစ်ယောက် …မအားလပ်ရအောင် အလုပ်များနေလောက်ပြီ…ထင်ပါရဲ ့ ့..။

ကျွန်တော်နဲ ့လည်း..အဆက်အသွယ်ပြတ်တောက်နေတာ ရက်ပေါင်း 20 ကျော်ပါပြီ ။

အခု ဒီ ပိုစ် ကို ရေးမယ် ပြင်တော့ ဆရာမ ဝင့်ပြုံးမြင့်ကို ကျွန်တော် အရမ်းသတိရသွားပါတယ် ။

ဆ = ဆလိမ်ဆရာမ သတိရတဲ ့ပို့်စ်ပေါ့ဗျာ…

ဆ = မှာ.. surrealism အကြောင်း နည်းနည်းပြောမယ်..လို ့ တွေးမိတာနဲ ့…

ဆရာမ ဝင့်ပြုံးမြင့်ကို သွား သတိရတာပါ ။

ဘာလို ့ သတိရလဲ..ဆိုတော့……


____________________

ကျွန်တော်နှင့် ဆရာမ ဝင့်ပြုံးမြင့်

ကျွန်တော် နဲ ့ စကားအနည်းငယ် ပြောဖူးသမျှထဲမှာ….

ဆရာမ ဝင့်ပြုံးမြင့်က……………..

” ကိုသူရရေ…. အစ်မ က… surrealism ဆန်တဲ ့ကဗျာတွေ/ စာတွေ ကို အရမ်းကြိုက်တာ….။

ကိုသူရ ရေးတဲ ့ ကဗျာတစ်ချို ့ထဲမှာလည်း… surrealism ရဲ ့အငွေ ့အသက်တွေ တွေ ့နေရတယ်လေ…”

လို ့ ပြောဖူးပါတယ် ။

ကျွန်တော့်ရဲ ့ အမည်ရင်းက သူရ / Thura ပါ ။

ဦးဇာဂနာ နဲ ့ နာမည် ချင်း..တူပါတယ် ။

ဆရာမ ဝင့်ပြုံးမြင့် က တာရာမင်းဝေ ရေးတဲ ့ကဗျာတွေ.. စာတွေက်ိုလည်း.. နှစ်သက်သူပါ ။

ဆရာမ ဝင့်ပြုံးမြင့် သဘောကျ တယ်..ဆိုတဲ ့ ကျွန်တော် ရေးထားတဲ ့ကဗျာလေး…တစ်ပုဒ်လည်း..ရှိ ပါတယ် ။

ကဗျာ အမည် က … ညစာ စားနေတဲ ့ ညတွေ… တဲ ့ ။

ဒီ ရွာထဲ..ဝင်ရောက် စ… နေ ့ရက်တွေမှာ.. ကျွန်တော် ရေး တင် ဖုူးတဲ ့ကဗျာလေးပါ ။

အခု…. ပြန်လည် တင်ပြ ပေးပါရစေ… ။

ဆရာမ ဝင့်ပြုံးမြင့်အတွက် အမှတ်တရ လက်ဆောင်ပါ ။
___________________________

ဆရာမ ဝင့်ပြုံးမြင့် သဘောကျတဲ ့ကျွန်တော့် ကဗျာ

ညစာ စားနေတဲ ့ ညတွေ…

+ ငါနဲ ့အတူ က ခုန်ဖို ့

မိုးတိမ်တွေကို ဖိတ်ထားတယ်….

+ အဖြူစစ်စစ် ညစာ စားပွဲအတွက်..

ကွဲနေတဲ ့ ငါ့အသည်းကို…တစ်ဝက်တိတိ ချက်ပြုတ်ထားတယ်။

+ နှင်းဆီတွေရဲ ့ရိုးသားတဲ ့ရနံ ့ ကိုလည်း…

ထိုင်ခုံတွေပေါ် ကြိုတင် ဆွတ်ဖျန်းလို ့…….။

+ ပြီးရင်တော့ ၁ ၂ ၃ လို့ ငါအော်လိုက်တာနဲ ့…

မင်းတို ့ အားလုံး ကကြပေ့ါ…။

+ “ငါ တစ်ခု လုံး” ပျောက်နေတဲ ့ ငါ့အတွက် ကကြ။

ဝမ်းနည်းနာကျင်စွာ အော်ဟစ် မြည်တမ်း လိုက်သမျှ..

ငါ့ရင်ကွဲသံ ကိုလည်း……….

ပျော်စရာ ဂီတ သံစဉ်တစ်ခု လို့ ့ သတ်မှတ်ပြီး…

က ……က …ကကြပါတော့ …..ကွယ်……….

….. . …. … .. .. . . . .. . . . . . . . . . . . . . .။

အလင်းဆက်

23.12.2010 ညနေ 4း00
https://myanmargazette.net/50640/uncategorized-other/copypaste

__________________

ကျွန်တော် လေ ့လာ မိသမျှ surrealism အကြောင်း

surrealism ကို အစောပိုင်း ကာလတွေမှာ…

( Fantasy . nonrealism ) စသဖြင့်…ခေါ် ခဲ့ကြဖူးပါတယ် ။

နောက်ပိုင်းမှာတော့…

သာလွန်တဲ ့သရုပ်မှန်ဝါဒ ဆိုတဲ ့သဘောနဲ ့ ( super surrealism ) လို ့ သတ်မှတ်ခဲ့ကြပါတော့တယ် ။

အခုတော့…….surrealism လို ့ပဲ ရေးသားခေါ်ဝေါ်နေကြပါပြီ ။

သရုပ်မှန်လွန် ဝါဒ ( surrealism ) ကို ဒါဒါဝါဒ ( Dadaism ) နဲ ့ စိတ်ပညာဆိုင်ရာ ဖရွုက်ဒီယန် သီအိုရီ တို ့ တွဲ စပ် ထားတာ လို ့…

ပြောကြတာလေး…မှတ်ဖူး / ဖတ်ဖူးခဲ့ပါသေးတယ် ။

အဲဒါ…..အမှန် ပဲ..လို ့ လ့ည်း… ပြောလို ့ရပါတယ် ။

ဒါဒါ ဝါဒီ တွေ ဟာ…..surrealism ကိုင်စွဲသူ ခေါင်းဆောင်ကြီးတွေအဖြစ်….. အသွင် ပြောင်းလဲ..လာခဲ့ကြတယ်.တဲ့ ။

( ဒါဒါ ဝါဒ အကြောင်းကို…. ကျွန်တော်… နောက်များမှ ဆက်လက် တင်ပြ ပါဥိးမယ် ။)

အနုပညာ ဖော်ဆောင်ရာမှာ….

သိစိတ်နဲ ့ဖော်ဆောင်တယ်..ဆိုပေမယ့်.. အပျက်ဆန်ဆန်…

ဖော်ဆောင်မှုတွေ ပါ..။

အိပ်မက် ( Dream ) နဲ ့ အစစ်အမှန် ( Reality ) ကို ရောထွေး တင်ပြ တတ်ကြတာပါ ။

မြန်မာ ဝတ္ထုတွေထဲမှာ….. ဂျူး ရဲ ့ ့ စာအုပ်အချို ့ မှာ အဲင်္ဒိလို… ရောထွေးတင်ပြ မှုုမျိုး…. တွေ ့ရတတ်ပါတယ် ။

( ဥပမာ…. ချစ်သူလား..စကားတစ်ပွင့် ပွင့်ခဲ့တယ်… ဆိုတဲ ့စာအုပ် )

ပြီးတော့…… တာရာမင်းဝေ ရေးတဲ ့…

သိူုးဆောင်း ဂစ်တာတစ်လက်ရဲ ့မှတ်တမ်း…. ဆိုတဲ ့စာအုပ်…. /

(အဲဒီ တာရာမင်းဝေရဲ ့ ့စာအုပ်ကို ဖတ်ကြည့်ကြစေချင်ပါတယ် ။

စိတ်ကူး ထဲက မိန်းမပျို တစ်ယောက် နဲ ့ အပြင် လက်တွေ ့ဘဝ ထဲက မိန်းမပျို တစ်ယောက်…

. ပြီးတော့

ကဗျာဆရာလေး..တစ်ယောက်…တို ့ရဲ ့… စိတ်ကုူး နဲ ့လက်တွေ ့ ရောထွေး..နေတဲ ့ အနုပညာ ပြချက်ကလေးတွေပါ ။ )

အခြား… မြန်မာ ဝတ္ထုတိုကလေးတွေမှာလည်း… မကြာခဏ တွေ ့လာရပါတယ် ။ င်္ဒီနေရာကနေ အကျယ်တဝင့် မပြောသာတော့လို ့..

ဒီလောက်ပဲ… ပြောခဲ့ပါရစေ..။

လူရဲ ့ ဖြစ်တည်မှု ဟာ…

အိပ်မက် ထဲမှာ တစ်ဝက် / အစစ်အမှန် ထဲမှာ တစ်ဝက်လို ့… surrealism ကို … ကိုင်စွဲသူတွေက ယူဆ ကြပါတယ် ။

မသိစိတ်ရဲ ့….. အလိုအလျောက်… ဖန်တီးမှု ကို… ဖော်ထုတ်ပေးတဲ ့ စနစ် ကို နည်းစနစ် တစ်ရပ် အဖြစ်….

အသု့းံးပြုခဲ ့ကြပါတော့တယ် ။

လက်ရှိ မာယာတွေ အလအာလွှာ အထပ်ထပ် နဲ ့ လောကဝင်္ကပါ ကြီးထဲမှာ……ပဲ..

အိပ်မက်နဲ ့ အစစ်အမှန်ကို ကျကျနန လိမ်ယှက်ပြီး… ဖန်တီးပြတတ်ကြပါတယ် ။

ပြီးတော့…. …………..

လူ… / ဘဝ ..နဲ ့ လောက မာယာ တွေ ကို နက်နက် နဲနဲ ထင်ဟပ်ပြသ နိုင်တဲ ့….

surrealism ဟာ….

အခု ထိ..အောင်အောင်မြင်မြင်နဲ ့…. ပျံ ့နှံ ့ စီးမျောနေခဲ့ပါတယ် ။

( Modern art ) မော်ဒန်အနုပညာ နဲ ့ အတူ… ရေ …စီးဆင်းမှု..မပြတ်တဲ ့မြစ်တစ်စင်းလို……

တသွင်သွင် စီးဆင်း.နေခဲ့ပါတယ် ။

Modernist …တွေ… ချစ်ခင် နှစ်သက်တဲ ့…..

ဝါဒ တစ်ခု လည်း..ဖြစ်နေတယ်..လို ့…

ကျွန်တော်… ထင်မြင် မိပါကြောင်း…….

_________________

ဝန်ခံချက်

surrealism အကြောင်း…. နည်းနည်း တင်ပြခဲ့ပါတယ် ။

” သိ ‘ ထား.. ” မှတ်” ထား သလောက်လေး.. တင်ပြ ခဲ့တာပါ ။

သိတာ ထက်.. ပိုပြီး မပြောတာ ပိုကောင်းမယ် လို ့ ထင်ပါတယ် ။

အနုပညာ ဆိုင်ရာ စကားတွေ ပြောရာမှာ….

ကျွန်တော် ပြောတာတွေ ကို…. ပညာရှင်တစ်ယောက်ရဲ ့အယူအဆ အဆိုအမိန် ့တစ်ခုလို ့…မထင်မြင်ကြစေချင်ပါဘူး။

ထင်မှာလည်း…မဟုတ်ပါဘူး…နော် ။ အဟဲ..။

ကျွန်တော် တင်ပြခဲ့သမျှကို…အနုပညာကို..ချစ်နေတဲ ့…

လူငယ်လေးတစ်ယောက် ရဲ ့ရင်ဖွင့်စကားများ..အဖြစ်သာ… ဖတ်ကြစေလိုပါကြောင်း...

__________________________

ွှThe Rose Thieves အညွှန်း…

အခု ………….

ဆရာ မ ဝင့်ပြုံးမြင့် အတွက်… လက်ဆောင်… အမှတ် ( ၂ ) အဖြစ်… ကဗျာလေးတစ်ပုဒ် ရွတ်ပြပါဦးမယ် ။

surrealism အငွေ ့အသက်တွေ လွှမ်းခြုံနေတဲ ့ကဗျာဆရာ..လို ့…

လူသိများတဲ ့… Vasko popa ရဲ ့ ကဗျာလေး တစ်ပူဒ်ပါ ။

( တချို ့နေရာတွေမှာ… Vasco popa လို ့ စာလုံးပေါင်းနဲ ့တွေ ့ရပါသေးတယ် ။ . .. co… နဲ ့ … ko.. ဘယ် စာလုံးပေါင်း က အမှန်ဖြစ်မလဲ..

ကျွန်တော် မသိပါဘူး ။ ကျွန်တော် က လေ့လာမှု အားနည်းပါတယ် ။ )

ဒီကဗျာကို တင်ပြရာမှာလည်း….

အင်္ဂလိပ် ဘာသာနဲ ့ပဲ.. တင်ပြနိုင်မှာပါ ။

ကျွန်တော်…ဘာသာ မပြန်တတ်လို ့ပါ ။

ကျွန်တော်… ပြန်ထားတဲ ့ ဘာသာပြန် စာသားတွေက်ို ချ မပြရဲ..လို ့ပါ ။

ဘာသာပြန်ကောင်းတဲ ့ ဆရာမ ဝင့်ပြုံးမြင့်…ဘယ်လို စကားလုံးလှလှလေးတွေ နဲ ့ ဘာသာပြန်မလဲ..ဆိုတာလည်း..

သိချင်လှပါတယ် ။

_______________________

အမှတ်တရ

ဒီကဗျာလေးကို…

ကျွန်တော် ချစ်တဲ ့…

ရွာသူရွာသားများနဲ ့…

စာချစ်သူ မိတ်ဆွေများ..လည်း…

ဘာသာပြန်ပေးကြပါဦး…။

ကျွန်တော်တို ့ ခင်မင် လေးစားရတဲ ့…

ဆရာမ ဝင့်ပြုံးမြင့်အတွက်……..

လက်ဆောင်လေး အဖြစ်နဲ ့….ပေါ့နော် .။

___________________________

ကျွန်တော် ချစ်သော… ကဗျာ….

THE ROSE THIEVES

+ SOMEONE BE A ROSE TREE

SOME BE THE WIND’ S DAUGHTERS

SOME THE ROSE THIEVES .

+ THE ROSE THIEVES CREEP UP ON THE ROSE TREE

ONE OF THEM STEAL A ROSE ,

HIDES IT IN HIS HEART .

+ THE WIND ‘ S DAUGHTERS APPEAR

SEE THE TREE PLUNDERD OF ITS BEAUTY

AND GIVE CHASE TO THE ROSE THIEVES .

+ OPEN UP THEIR BREAST ONE BY ONE

IN SOME THEY FIND A HEART

IN SOME SO HELP ME NONE

+ THEY GO ON OPENING UP THEIR BREAST

UNTIL THEY UNCOVER ON HEART

AND IN THAT HEART THE STOLEN ROSE .

…………………….
Vasko popa

—————————————————————————

ဆုတောင်း…

ကဲ.. အခု ဆ = မှာ.. အတော်လေး.ပြောခဲ့ပြီးပြီး…ဆိုတော့…

နိဂုံးလေး..ချုပ်လိုက်ရအောင်…..

နိဂုံးကို ဆုတောင်းစကားလေး တစ်ခုနဲ ့ပဲ…ရိုးရှင်းစွာ…/ ရိုးသားစွာ…

အဆုံး သတ်လိုက်ပါရစေ…

ဆရာမ ဝင့်ပြုံးမြင့် နှင့်တကွ…

ကျွန်တော် ချစ်တဲ ့….

စာချစ်သူ မိတ်ဆွေ များ…အားလုံး../ ရွာသူရွာသားများ.အားလုံး…

မြန်မာ နိုင်ငံသားများအားလုံး…/ ဒီ ့ထက် တစ်ဆင့် တက်ပြောရရင်…

ကမ္ဘာသား…ကမ္ဘာ သူများ…အားလုံး..အားလုံး….

ငြိမ်းချမ်း…စွာ.. ပြည့်စုံ လုံခြုံသော ဘဝ များ..ရကြပါစေ…လို ့….ဆုတောင်းလိုက်ပါရစေ…

______________________________________

လေးစားစွာဖြင့်……..

အလင်းဆက်

ဇ = ? ?????????

20 comments

    • kai

      August 27, 2012 at 11:14 pm

      တခုခုကို.. စိုက်လိုက်မတ်တတ်… ထိထိရောက်ရောက်လုပ်ရင်.. ပရိုတန်းဝင်လာတယ်လို့.. အသိအမှတ်ပြုရပါတယ်..
      ဒီလိုလူငယ်တွေကို.. အားကျ/အားရမိကြောင်း…

  • မဟာရာဇာ အံစာတုံး

    August 27, 2012 at 9:27 pm

    ဦးဇာဂနာနှင့် နာမည်ချင်း တူသော
    နာမည်ရင်း ကိုသူရ ဖြစ်သော
    အလင်းဆက် ဟူ၍ ကျွန်ုပ် သိသော .. 😀

    ကိုလင်းဆက် ရေးထားတဲ့
    “ညစာ စားနေတဲ ့ ညတွေ” ဆိုတဲ့ ကဗျာလေးကို ကြိုက်တယ်ဗျာ ..
    ကျနော် ချစ်သော ကဗျာ ကိုတော့
    ကျနော်က ဘာမှ မတတ်တဲ့ကောင်မို့ ..
    ဘာသာပြန်တတ်ကြောင်းရယ်ပါ …

  • surmi

    August 28, 2012 at 12:22 am

    လက်ဘက်ရည်ဆိုင်တစ်ခုခုမှာ ခတ်ကျကျလက်ဘက်ရည်တစ်ခွက်ရယ် ပြီးတော ့
    ဆေးပေါ့လိပ် တစ်စည်းလောက်နဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီး ဆွေးနွေးချင်မိတော ့တာပါဘဲ ….။
    မခံစားရဲလို့ …..မခံစားချင်တော ့လို့ရှောင်နေတာ တည့်တည့်တိုးတော ့လည်း …….အင်း …
    အနှစ် နှစ်ဆယ်လောက် နောက်ပြန်ဆုတ်သွားရင်ကောင်းမှာပဲ ….။
    ဆက်ပြီး စောင့်ဖတ်နေရဦးမှာပေါ ့ ကိုအလင်းဆက် ရေ …………….။

  • မောင်ပေ

    August 28, 2012 at 12:55 am

    လစ်ဇင် လစ်ဇင်
    အကုန်လိုချင်
    ငါ့မှာတစ်ကိုယ်ပင်
    ဝက်ပေ့ပေါ်မှာ
    လွန်ပျော်ပါး
    ကျန်တာအားလုံးနား

  • P chogyi

    August 28, 2012 at 9:04 am

    ဆက်တိုက် ဆက်တိုက် စာတွေရေးနိုင်ဖို့
    ကိုယ်ကျန်းမာ စိတ်ချမ်းသာရှိပါစေ။

  • Wow

    August 28, 2012 at 9:19 am

    ကဗျာလေးကြိုက်လို့ကူးသွားတယ်နော်…

  • manawphyulay

    August 28, 2012 at 11:20 am

    အတော့်ကို လေ့လာစရာကောင်းပါတယ်။ ဒီလိုအပိုင်းတွေကျတော့ အမှန်အတိုင်းဝန်ခံရရင် နားသိပ်မလည်ဘူး။ ဖတ်တာတောင် နှစ်ခေါက် သုံးခေါက် ပြန်ပြန်ဖတ်နေရတယ်။ ဒီတော့အဆင်မပြေဘူးဖြစ်နေတာ နောက်မှရေးရေးပေါ်တယ်အဲလောက်တောင် ပိန်းမှန်း ကိုယ်ကိုယ်ကိုယ် ခုမှသိတယ်။ ကဗျာလေးတွေလည်း ကောင်းပါတယ်။

  • ရွှေ ကြည်

    August 28, 2012 at 4:17 pm

    အလင်းဆက်ရေ ဖတ်ပါတယ် ပြီးသွားတယ်နည်းနည်းလည်သွားတယ်။
    ဒါနဲ့ပြန်ဖတ်ပါတယ် သိသလိုလိုမသိသိလိုလို 😀
    ကဗျာလေးကောင်းတယ် အစ်မရွှေကြည်အခုမှဖတ်ဖူးတယ်။

  • ကျနော်လဲ ဒီကဗျာလေးကို စိတ်ဝင်စားတယ်ဗျာ။
    THE ROSE THIEVES

    + SOMEONE BE A ROSE TREE

    SOME BE THE WIND’ S DAUGHTERS

    SOME THE ROSE THIEVES .

    + THE ROSE THIEVES CREEP UP ON THE ROSE TREE

    ONE OF THEM STEAL A ROSE ,

    HIDES IT IN HIS HEART .

    + THE WIND ‘ S DAUGHTERS APPEAR

    SEE THE TREE PLUNDERD OF ITS BEAUTY

    AND GIVE CHASE TO THE ROSE THIEVES .

    + OPEN UP THEIR BREAST ONE BY ONE

    IN SOME THEY FIND A HEART

    IN SOME SO HELP ME NONE

    + THEY GO ON OPENING UP THEIR BREAST

    UNTIL THEY UNCOVER ON HEART

    AND IN THAT HEART THE STOLEN ROSE .

    …………………….
    Vasko popa

  • အလင်းဆက်

    August 28, 2012 at 6:58 pm

    သူကြီး..ရေ ့.. တားတား ဆက်လက် ကြိုးစားနေဦးမယ်..နော် .။ 🙂
    ___________
    မဟာ အံစာတုံး ကြီးရေ… ကျွန်တော့်ရဲ ့ညစာ စားနေတဲ့ ညတွေကို သဘောကျ တယ်.ဆိုလို ့ ဝမ်းသာရပါတယ် ။
    THE ROSE THIEVES ကိ်ု ဘာသာ မပြန်တတ်ပုံချင်း တူပြီ..ဆိုတော့ ဘဝတူတွေပေါ့နော် ။ 😀

    ___________
    လက်ဘက်ရည်ဆိုင်တစ်ခုခုမှာ ခတ်ကျကျလက်ဘက်ရည်တစ်ခွက်ရယ် ပြီးတော ့
    ဆေးပေါ့လိပ် တစ်စည်းလောက်နဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီး ဆွေးနွေးချင်မိတော ့တာပါဘဲ ဦးဦး…ဆာမိရေ…
    ကျွန်တော်လည်း… အနုပညာ အကြောင်း..တွေ..အဲသလိုလေး..ထိုင်ပြောချင်တာ..
    တစ်နေ ့လောက် ဆုံလိုက်ကြရအောင်ဗျာ.။ ကျွန်တော်က ဆေးပေါ့လိပ်တော့မသောက်ဘူးဗျ ။
    အရည် တစ်ခုခုသောက် ပြီး.ပြောရင် ဘယ့်နှယ်လဲ…။ 😀
    ____________
    ဦးပေ…ရေ…
    အဆက်မပြတ် ဖတ်ရှု..လာတာ တွေ ့နေရတော့ အရမ်း.. ကျေးဇူးတင်ပါတယ်ဗျာ..။
    တကယ်ပါ ။ တိမ်ယံသစ္စာ တုန်းကလည်း..အပိုင်း. 44 တစ်ပိုင်းမှ မပြတ်ခဲ့တဲ ့ဦးပေ…ပါ ။
    ကျေးဇူး ကမ္ဘာ ပါပဲ..။
    ____________
    P chogyi…ရေ…
    ကျွန်တော့်အတွက်လည်း..ဆုတောင်းစကားလေး..ချန်ခဲ့လို ့.. ကျေးဇူးပါပဲ.ဗျာ..။

    ___________
    Wow ရေ.. ကဗျာလေ းကို သဘောကျတယ်..ဆိုလို ့ ဝမ်းသာရပါတယ် ။
    ကျေးဇူးပါပဲ..နော် ။:D
    _____________
    manawphyulay ရေ…
    ကျွန်တော်… တင်ပြတဲ ့ကဗျာလေးတွေ ကို ခံစားပေးလို ့ကျေးဇူးပါပဲ.။
    ကွန့်မန့်အတွက်လည်း..ကျေးဇူးပါ ။
    ဖတ်ရတာ နှစ်ခေါက်သုံးခေါက် ပြန်ဖတ်ရတယ်..ဆိုတော့….
    နားမလည်ချင်သလို ဖြစ်နေတာဆိုတော့ ……….
    အစ်မ……..ညံ့တာ မဟုတ်လောက်ဘူးနော် ။
    တကယ်ဆို….အစ်မ က စာဖတ်အားရော./.လေ့လာမှု အား ပါ..အရမ်းကောင်းတယ်..ဆိုတာ ကျွန်တော် သိနေပါတယ်။
    ဒီတော့………
    ဖြစ်ပုံက ဒီလို..အစ်မ ရဲ ့ ။
    ကျွန်တော်… ရေးသားရှင်းပြတာက မရှင်းမရှင်း ဖြစ်နေလို ့နေမယ်..။
    ဒီ ့ထက်ပိုပြီး..ကျစ်လျစ်အောင် ထိထိမိမိ ရှင်းပြ နိုင်ဖို ့..
    အရေးအသားပြေပြစ်ဖို ့ ကျွန်တော် ကြိုးစားကြည့်ဦးမယ်…နော် ။
    ရှေ ့ဆက်မယ့် ဇ = မှ…. အ = အထိ ဆက်လက် ခံစားဖတ်ရှုပေးပါဦးနော် ..။
    ကျေးဇူးပါ..မမမနော…ရေ…..

    😀
    __________________
    မမရွှေကြည်….
    ဖတ်တယ်/..ပြီးသွားတယ်./.နည်းနည်း လည် သွားတယ် ။/ ပြန်ဖတ်တယ်…/
    သိသလိုလို မသိသလိုလို ဖြစ်သွားတယ်…/
    ဒီတော့ ကျွန်တော်… အစ်မ ရွှေကြည်ကို… တော်တော်လေး..အလုပ် ရှုပ်လိုက် နိုင်တာပေါ့နော် ..
    😀 ။
    အစ်မ နဲ ့စိမ်းနေတဲ ့ နယ်ပယ် တစ်ခု မို ့လို့ နေမှာပါ..အစ်မရယ် ။
    ပြိးတော့ အပေါ်မှာ မမမနောကို ကျွန်တော် ပြောခဲ့သလိုပေါ့….
    ကျွန်တော်… ရေးသားတင်ပြတာ မရှင်းမလင်း ဖြစ်နေလို ့ / မပြေပြစ်လို ့နေမှာပါ ။ 😀

    ကဗျာလေးတွေကို ခံစား..ပြီး.. ကောင်းတယ်..ဆိုတဲ ့မှတ်ချက် ကလေးက ကျွန်တော်…
    ရှေ ့ဆက် ရေးနိုင်ဖို ့…အင်အားလေး.ေ.ပးလိုက်တာပါ နော်..။
    ကျွန်တော် ရေးသားတင်ပြ သမျှ ကို အဆက်မပြတ် ဖတ်ရှု ခံစားလာပါသော…
    မမရွှေကြည်..နဲ ့အခြား စာချစ်သူများကို.. အရမ်းကျေးဇူးတင်ပါတယ်.လို့ ့..
    ဇ = ကနေ အ = အထိ ဆက်လက် ပြီး… တွေးမိတာလေးတွေကို..
    အကြောင်းအရာပေါင်းစုံ…ရေးသားဦးမှာမို ့…
    ဆက်လက် ခံစားပေးပါဦးနော်…:D
    ________________

    နာဂရ ချစ်သူရေ….

    ကဗျာလေးကို စိတ်ဝင်စားတယ်..ဆိုလို ့ ကျေးဇူးပါ….လို ့ပြောပါရစေ…
    ကဲ.. ကျွန်တော် နဲ ့ နာဂရတို ့…
    ကဗျာတွေ..စာတွေ…ကို ချစ်ကြတာချင်း… တူညီသွားကြပြီ….

    အားလုံးကို ချစ်ခင် လေးစားစွာ…
    ကျေးဇူးတင်လျက်…
    အလင်းဆက်

  • ကို ခင်ခ

    August 28, 2012 at 8:23 pm

    ဆ ရောက်ပြီပေါ့
    ဆရာမကို
    ဆဲပြီးပြောရင်
    ဆုံးမပေးပါ အလင်းဆက်ရေ။

  • pooch

    August 28, 2012 at 9:24 pm

    အိမ်မက်နဲ့ အစစ်အမှန်ကို ရောထွေးထားတဲ့ထဲကကျမ ဖတ်ဖူးတာက ဂျူးရဲ့ ချစ်သူလား စကားတပွင့်ပွင့်ခဲ့တယ် ဆိုတဲ့စာအုပ်ပဲ။ ဖတ်ရင်းနဲ့ အဲ့ဒီ စကားပွင့်တောထဲ မှာ သူနဲ့အတူ မျောပါသွားဖူးတယ်။
    ဇာတ်လမ်းသာ ဆုံးသွားရော ကျမက ဇာတ်ကောင်ကို စကားပွင့်ပင်တွေ ကြားထဲမှာ ထားခဲ့ရတာကို အရမ်းနှမြောတယ်။ တသသနဲ့ပေါ့။ ပြီးသွားလို့သာရပ်လိုက်ရတယ် လူက စကားပင်တွေကြားမှာ တဝဲလည်လည်။

    ကဗျာကို ဘာသာပြန်ကြည့်အုန်းမယ် စိတ်ပါတဲ့တနေ့ ။ကဗျာလေးကူးသွားပါတယ်။

  • အလင်းဆက်

    August 29, 2012 at 8:24 pm

    ကိုခင်ခ ရေ
    အဆက်မပြတ် ခံစား..လာလို ့ကျေးဇူးပါ ။
    ______________
    pooch…ရေ..
    အဲဒီ စာအုပ်ကို ကျွန်တော်လည်း…ကြိုက်တယ် ။
    ခွန်သာ ဆိုတဲ ့ဇာတ်ကောင်က လူ လား… သရဲ..လား…
    ဇဝေဇဝါ..နဲ ့ ပြီးလိုက်ရတာလေ… ။ သေသွားပြီးသား..ခွန်သာ…နဲ ့ စကားတွေ.ပြောနေရတာ..
    အစစ်အမှန်နဲ ့ စိတ်ကူး.. ရောထွေးပြီး……………….

    ကျွန်တော့်ပိုစ့်ကို ခံစား..ဖတ်ရှု ပေးလို ့ကျေးဇူးပါပဲ..ဗျာ.။

    😀

  • ရဲစည်

    August 30, 2012 at 2:20 am

    ကိုအလင်းဆက်ရေ …
    သိတာ ထက်.. ပိုပြီး မပြောတာ ပိုကောင်းမယ် လို ့ ထင်ပါတယ် ။
    ဒီစကားတစ်ခွန်းအတွက် ကျေးဇူးပါဗျို့
    စိတ်ထဲပေါ်လာလို့ ရေးကြည့် ပါရစေ။

    တွေးမိပါတယ် ..
    မရေးမိပါ ………
    ရေးမိပါတယ် ….
    အတွေးထိ မပါ ..
    ဝိ ဝါဒတွေနဲ့ နောက်ဆက်တွဲ
    အဝေးက ကြည့်နေသူရဲ့
    မှုန်ရီမှုကို
    သင် အကဲဖြတ်ရင် …….
    မှတ်ချက် နည်းနည်းတော့ ပိုပေးပါ။

    Surrealism အတွက် မှတ်မှတ်ရရ ….

  • kai

    August 30, 2012 at 3:45 am

    ကိုရင်အလင်းဆက်ရေ့
    အနုပညာနဲ့ပါတ်သက်လာတာမို့.. မန္တလေးဂဇက်နဲ့အင်တာဗျုုးထားတဲ့..ဦးဝင်းဖေ ရဲ့စကားလေးကူးတင်ပေးလိုက်ပါတယ်.
    ကိုရင့်ဝန်ခံချက်နဲ့လည်း.. ဆက်စပ်မိလိုက်လို့ပါ..

    ဝန်ခံချက်
    သိတာ ထက်.. ပိုပြီး မပြောတာ ပိုကောင်းမယ် လို ့ ထင်ပါတယ် ။

    မန္တလေးဂေဇက်၊ အနုပညာဖန်တီးမှုမှာဘယ်အချက်တွေအရေးကြီးသလဲဆရာ၊
    ဦးဝင်းဖေ၊ ၊ pretension ကိုယ်ရသင့်ရထိုက်တာထက်ပိုလိုချင်တဲ့စိတ်နဲ့ပြုလုပ်ခြင်း၊ ကိုယ်တတ်တာထက်ကိုယ်လုပ်နိုင်တာထက်ပိုလုပ်ချင်တာ၊ အနုပညာရှင်တွေမှာသိပ်ဖြစ်တယ်၊ လောဘတက်တာ၊ လူတိုင်းမှာလဲရှိပါတယ်၊ အဲဒီစိတ်ကအနုပညာကိုအလွန်ဖျက်တာ၊ ပန်းချီဆွဲလည်းကိုယ်ဆွဲနိုင်တာထက်ပိုဆွဲတယ်၊ စာရေးလဲကိုယ်ရေးနိုင်တာထက်ပိုရေးတယ်၊ လူဆိုတာကိုယ်ကငွေ၁ဝတန်ရင်အဲဒီထက်ပိုလိုချင်ကြတာမဟုတ်လား၊
    ဂျွမ်းပစ်ရော၊ ကိုယ်တတ်နိုင်သလောက်ဖန်တီးမယ်ဆိုတဲ့တင်းတိမ်တဲ့စိတ်မျိုးရှိရင်အနုပညာဟာရိုးသားမယ်၊ သိလိုက်ရင်တော့ပြန်နှုတ်လို့ရတဲ့အခါရတယ်၊ ကိုယ့်ကိုကိုယ်မသိလိုက်ရင်လဲပါသွားရောဘာမှမတတ်နိုင်ဘူး၊ အနုပညာသန့်စင်မှုတွေလျော့သွားရော၊ နောက်ငွေကြေးအရအောင်မြင်တိုင်းအနုပညာမှာအောင်မြင်တယ်ပြောလို့မရပါဘူး၊

    အောက်ကလင့်ခ်မှာ.. အပြည့်ဖတ်နိုင်ကြောင်း..
    http://myanmargazette.net/105833/arts-humanities/politician-musician-celebrity-interviews-profiles

    • ရဲစည်

      August 30, 2012 at 5:02 am

      ရှဲရှဲပါ သဂျီး…..
      ပြန်ချပြပေးလို့
      အနော်လဲ လိုက်မှတ်သွားပါဘီ

  • အလင်းဆက်

    August 31, 2012 at 9:52 pm

    သူကြီးရေး…. ကျေးဇုူးပါ ။
    အနုပညာ နဲ ့ပက်သက်ရင်..ကျနော်…. အများကြီး..လေ့လာဖို ့…/ ကြိုးစားဖို ့ လိုနေသေးပါတယ်..
    😀

    ___________
    ကိုရဲ…
    အဆက်မပြတ် အားပေး..ဖတ်ရှု / ခံစားလာလို ့ကျေးဇူးနော် ။
    ကွန်မန်း မပေးဖြစ်သော်လည်း…
    ကျွန်တော့် အက္ခရာများကို အားပေး ဖတ်ရှု ခံစား..ပေးနေသော…
    ကျွန်တော့် စာချစ်သူများ….
    အားလုံးကို ခင်မင်လေးစားလျက်….
    အလင်းဆက်
    alinsett.art@gmail.com

  • ဝင့်ပြုံးမြင့်

    September 12, 2012 at 2:12 pm

    အနုပညာကို ဇိမ်ခံပစ္စည်းလို့ တွေးမိတာ ကြာပါပကောရှင်။ ဟိုအရင်ကတော့ ဆာရီယာယ်ကဗျာတွေနောက် ကောက်ကောက်ပါအောင် လိုက်ခဲ့ဖူးတယ်။ အလင်းဆက်ရဲ့ ကဗျာတွေမှန်သမျှထဲမှာ အဲဒီ “ညစာ” ကို အကြိုက်ဆုံးပါ။ ဟိုတုန်းကတော့ ကုန်ဈေးနှုန်းအကြောင်း မကြားဖူးခဲ့တော့ ရေးခဲ့တဲ့ စာတွေကလည်း နုရွပြီး အနုပညာအားကောင်းခဲ့တယ်။ အခုနောက်ပိုင်းမှာတော့ ကိုယ့်ကိုယ်ကိုယ်တောင် နားမလည်ချင်တော့တဲ့ဘဝ။ တကယ်တော့ အေဖိုး တစ်မျက်နှာ ၁ဝဒေါ်လာဆိုတဲ့ ကြေးစားဘဝရောက်သွားတာ မကောင်းပါဘူး။ အပေါ်မှာ သူကြီးတင်ပေးထားတဲ့ ဦးဝင်းဖေ ပြောတဲ့ အနုပညာသန့်စင်မှု ဆိုတာ အခုနေ ပြုံးဆီမှာ ရှာတွေ့မှာမဟုတ်ဘူး။ ပြုံးတို့လို ဘာသာပြန်သမားမှာလည်း အနုပညာပိုင်း တကယ်ရှိခဲ့ဖူးပါတယ်။ အနုပညာပိုင်းက အားပိုကောင်းစွာ အတတ်ပညာလေး စွက်ပြီးဘာသာပြန်ခဲ့ဖူးပါတယ်။ ခုများမှာတော့ အလုပ်တစ်ခုကို လုပ်ရင်းလုပ်ရင်း ပိုတတ်သွားတာများလားတော့မသိ၊ အနုပညာပိုင်းလေး မဆိုစလောက်ကလေး ဖြစ်နေတယ်။ ဘာသာစကားကျွမ်းကျင်မှု ဆိုတဲ့ အတတ်ပညာနဲ့ ရေးထားတာတွေ ချည်းပဲဖြစ်နေတယ်။ ကိုယ့်ကိုယ်ကိုယ် မကြိုက်နိုင်တော့သလိုပဲ။
    အလင်းဆက်ရဲ့ ဒီပို့စ်လေး ဖတ်လိုက်ရတော့ အရင်ဘဝကို ပြန်လွမ်းသွားတယ်။ အချိန်ရယ် ငွေရယ် ဒီနှစ်မျိုးအတွက် ပူစရာသာမလိုတော့ဘူးဆိုရင် အနုပညာဇိမ်ခံပစ္စည်းလေးကို မရအရ ပြန်ကောက်ရဦးမယ်လို့ …

  • အလင်းဆက်

    September 14, 2012 at 7:04 pm

    မမပြုံးရေ…
    ကျွန်တော်တိ်ို ့ အသက်လို ချစ်မြတ်တွယ်တာရတဲ ့..အနုပညာ..ကို..
    သန့်စင် သည် ထက်…. သန့်စင်အောင်…
    ကျွန်တော်တို့မျိုးဆက်မှာ… ( တတ်စွမ်းသလောက်..) ဖန်တီးပေးခဲ့မယ်လေ..။

    အတူတူ..ချီတက်ကြပါစို ့နော်…။

    😀

Leave a Reply