Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဆြာအုပ် နှင့် ပေါ်ပြူလာမိုးပြာ(၃)

 အောက်မှာ ဖော်ပြမှာ ကတော့  dhammapalace.org  မှာ ရေးထားတဲ့ “ယက္ခိုက်” ရဲ့ post ပါ..

အနော်ရေးတာမဟုတ်ဘူးနော်.. ဟဲဟဲ

 

စိတ်ဝေဒနာရှင် ဦးဉာဏနဲ့ မိုးပြာစိတ္တဇဂိုဏ်း (၁)

ပစ္စုပန် ကမ္မဝါဒ ဂိုဏ်းခေါင်းဆောင် စိတ်ဝေဒနာရှင် ဦးဉာဏကို ဘာသာရေးဆရာအဖြစ် ကိုးကွယ်နေကြကြောင်း သိကာစက မြတ်စွာဘုရားအပေါ် Jealous ဖြစ်လွန်းတဲ့၊ ဘုရားကို ပြိုင်ဆိုင်ချင်တဲ့ မသူတော်လို့ပဲ မှတ်ချက်ချမိတယ်။ ခုတော့ သူတို့ဆရာကို စိတ်ရောဂါရှင်ဆိုတာ လက်မခံဘဲ ဆရာတစ်ဆူအဖြစ် ကိုးကွယ်နေကြသူများက ဒီစိတ်ရောဂါသည်ဟာ ရှင်တော်မြတ်ဘုရားရဲ့ တပည့်ကြီးအဖြစ် မတန်မရာ ဘေးတီးပေးနေတော့ သူ့ရောဂါကို လူသိအောင် ထုတ်ပြောရတော့မယ်။
ဦးဉာဏက စိတ်ကစဥ့်ကလျားရောဂါလို့ မြန်မာလို ခေါ်ကြတဲ့ schizophrenia ဝေဒနာစုထဲက paranoid schizophrenia စိတ်ဝေဒနာကို ခံစားနေရတယ်လို့ ယူဆရပါတယ်။ ရောဂါလက္ခဏာကတော့ ကိုယ်ဖြစ်ချင်တာတွေကို ကိုယ့်ဟာကိုယ် စိတ်ထဲက ဖန်ဆင်းထားပြီး ဒါတွေကို တကယ်အဟုတ်အမှန် ဖြစ်ခဲ့လေဟန် ဖြစ်နေလေဟန်နဲ့ ပြောတတ်တယ်။ စိတ္တဇလူသတ်သမားတွေ၊ ထူးဆန်း မော်ဒန်ဘာသာရေးဂိုဏ်းထောင်ပြီး နောက်လိုက်တွေကို ဂွတီးဂွကျ နေထိုင်နည်းတွေ ညွှန်ကြားတတ်တဲ့ အနောက်တိုင်း ဘိုးတော်တွေထဲမှာလဲ ဒီဝေဒနာသည်တွေ တွေ့ရတတ်တယ်။ ကမ္ဘာကြီးကို ဂြိုဟ်မွှေသွားတဲ့ နာဇီအာဏာရှင်ကြီး အဒေါ့ဖ်ဟစ်တလာလဲ ဒီရောဂါမျိုး ခံစားခဲ့ရပုံ ပေါ်တယ်။
-ဘုရားသခင်နဲ့ တွေ့ရအောင်ဆိုပြီး တစ်ရွာလုံးကို အဆိပ်ခတ်ထားတဲ့ အစာတွေကျွေးပြီး သေရွာခေါ်သွားတဲ့ ဘာသာရေးဆရာကြီး–
-ဘူတာရုံမှာ အဆိပ်ငွေ့တွေလွှတ်ပြီး လူတွေ အစုလိုက်သေစေခဲ့တဲ့ ဂျပန်ဘိုးတော်
သူတို့တွေလဲ စိတ်ဝေဒနာ တစ်မျိုးမျိုး ခံစားခဲ့ရသူတွေပါပဲ။ အပြောကောင်းတယ်၊ မြှောက်တန်မြှောက် ချော့တန်ချော့ ဟောပြောတတ်တယ်။ သူတို့ဖြစ်စေချင်တာတွေကို စိတ်ထဲက ဖန်ဆင်းထားတတ်တယ်။ type ၂ မျိုး ခွဲခြားရမှာက
၁- အုပ်စုက ဖြစ်စေချင်တာတွေ လျှောက်ပြောနေပေမယ့် သူပြောနေတာတွေ မဟုတ်မှန်း သူ့ကိုယ်သူ သိတယ်။ ဥပမာ သူနဲ့ မတည့်တဲ့သူ အလုပ်ပြုတ်ပြီ၊ ထောင်ကျသွားပြီ၊ ဇနီးကလဲ လင်ငယ်နေပြီ စသဖြင့် မလိုသူ သိက္ခာကျအောင် ဇာတ်လမ်းဆင် ပြောတာမျိုး။ သူဟာ မင်းမျိုးမင်းနွယ်ဖြစ်တယ်၊ ကျိကျိတက် ချမ်းသာခဲ့တယ် စသဖြင့် သူ့ကိုယ်သူ အမွှန်းတင်တာမျိုး။ ယုတ္တိရှိရှိ ဖိန့်နေပေမယ့် မဟုတ်ဘူးဆိုတာ စိတ်ထဲက သူ့ဟာသူ သိတယ်။
၂-အုပ်စုက သူ့ရဲ့ ထင်ယောင်ထင်မှား hallucination တွေကို သူ့ဟာသူ တကယ်ထင်သွားတာမျိုး။ ၁-အုပ်စုကနေ ကြာလာတာနဲ့အမျှ အနည်းနဲ့အများ ၂- အုပ်စုထဲ ရောက်သွားတတ်တယ်။ သူ လိမ်နေရတာတွေကို သူ့ဟာသူ ကြာတော့ အမှန်ထင်ပစ်လိုက်တာ။ ထင်သွားတာ။
ဦးဉာဏက ၁ အုပ်စုဝင် အဖြစ်နဲ့ သူ့စိတ်ဝေဒနာကို အစပျိုးခဲ့တာလို့ ကောက်ချက်ဆွဲမိတယ်။ အဲဒီအချိန်က သူ့ကို အနီးကပ် ဆက်ဆံဖူးခဲ့ရင်တော့ အဲဒီကတည်းက သူဟာ ကိုယ်လိမ်တာ ကိုယ့်ဟာကိုယ် ပြန်ယုံနေတဲ့ ၂ အုပ်စုဝင် ဖြစ်ပြီလား မဖြစ်သေးဘူးလား ဆန်းစစ်နိုင်လိမ့်မယ်။
ဦးဉာဏက သူ့ကိုယ်သူ ရဟန္တာကြီး ဖြစ်ပြီလို့ ၁၉၈ဝ ဝန်းကျင်ကာလတွေမှာ ကြေညာခဲ့တယ်။
schizophrenia ကို ယဉ်ယဉ်လေးနဲ့ ရူးတယ်လို့ အရပ်သုံး သုံးရလိမ့်မယ်။ သွက်သွက်ခါသွားတဲ့ အချိန် မဟုတ်ရင် လူနာဟာ လူကောင်းတွေနဲ့ ရောနှောနေလို့ရတယ်။ ဆရာကြီးတစ်ဆူတောင် ဖြစ်နိုင်တယ်။
စကားပြောရင်လဲ ငါ့စကားနွားရ၊ စားတာနေတာမှာလဲ ရာဂကို ဘယ်လိုမှ ဖုံးမနိုင်ဖိမရ လွှတ်ထားတတ်တဲ့ ဦးဉာဏက သူ့ကိုယ်သူ ရဟန္တာလို့ ကြော်ငြာပေမယ့် သူ့စကား သူ့အမူအရာနဲ့တင် ယုတ္တိမတန်မှန်းလဲ သူသိတယ်။ ပုဆိုးမနိုင်အောင် ရူးတာမျိုး မဟုတ်ဘဲ ယဉ်ယဉ်လေးနဲ့ ဖြစ်နေတဲ့ စိတ်ဝေဒနာရှင်ဆိုတော့ တွေးနိုင်ခေါ်နိုင် တွက်ချက်နိုင်စွမ်း Analytical skill ကလဲ ရှိသေးတယ်။ သူ့စကား ယုတ္တိမတန်ရင် ဖုံးတတ်ဖိတတ် တန်ဆာဆင်တတ်တယ်။
ရဟန္တာဆိုတာ ရာဂ၊ ဒေါသ၊ မောဟ၊ မာန ချုပ်ငြိမ်းသူကို ခေါ်တယ်ဆိုတော့ ဦးဉာဏ ခက်ပြီ။ ချုပ်ငြိမ်းဖို့ဝေးလာဝေး သူများထက် ပိုတောင်နေသေးတဲ့သူဆိုတော့ ဟန်လုပ်ဖို့ကလဲ ဒီနေရာမှာ သူ့အတွက် မလွယ်။
လွယ်ပါတယ်။ သူ့ကိုယ်သူ ပြင်လို့မရရင် တရားကို ပြင်ပစ်လိုက်တာပေါ့။ ကိလေသာကုန်အောင်လုပ်ဖို့ ဘုရားမဟောဘူးလို့ လုပ်ချလိုက်တယ်။ ကောင်းရော။ ဒီလိုနဲ့ တစ်ခါမှ မကြုံဖူးတဲ့ ကိလေသာတန်းလန်းနဲ့ ရဟန္တာကြီး ဦးဉာဏ ၂ဝ ရာစုမှာ ပေါ်ထွန်းလာရော။
ငါးပါးသီလလဲ ဦးဉာဏခမျာ မလုံရှာဘူး။ ဒီတော့ ငါးပါးသီလ မထိန်းနိုင်တဲ့ ရဟန္တာကြီး ဦးဉာဏခမျာ သူထိန်းနိုင်အောင် သီလအသစ်အဆန်းတွေ ထွင်ရပြန်ရော။ ငါးပါးသီလမှာ သူပြင်ပစ်လိုက်တာ တစ်ပါးမှ အကောင်းမကျန်တော့ဘူး။
-လူ့အသက်သတ်မှ ပါဏာတိပါတမြောက်တယ်။ တိရစ္ဆာန်ကို သတ်ရင် ပါဏာတိပါတ မမြောက်ဘူး။
လူသားရဲ့အသက်ကို သတ်ဖြစ်ဖို့ဆိုတာက သူခိုးဓားပြနဲ့ အခြားသူ အနည်းအကျဉ်းကလွဲရင် သေတဲ့အထိ လူလူချင်း သတ်မသွားဖူးတဲ့လူတွေက အများစုပဲ။ လူသတ်တယ်ဆိုတာ လွယ်တာမှ မဟုတ်တာ။ ဒီတော့ လူကို သတ်မှသာ ပါဏာတိပါတ မြောက်တယ်။ ကျန်တာ ဘာကောင်သတ်သတ် သူ့အသက်သတ်ရာ မရောက်ဘူးဆိုတော့ ဦးဉာဏဂိုဏ်းသာ ဝင်လိုက်ရင် ပါဏာတိပါတကံအတွက် ဘာမှ ပူစရာမလိုတော့ဘူး။ ရိုက်လိုက်စမ်း… ခြင်။ သတ်လိုက်စမ်း ငါးကြက်ဆိတ်… လတ်လတ်ဆတ်ဆတ်။ သားသမီးက အပျင်းပြေ ငါးမျှားထွက် ငှက်ပစ်ထွက်ချင်တယ်ဆိုလဲ တားမနေနဲ့။ အဲဒါ ပါဏာတိပါတမှ မမြောက်တာ။ သူ့ဝါဒက
”ပျော်သလိုသာနေ ကိုယ့်လူရေ့”ပဲ။
-သူ့ဥစ္စာ မခိုးရ ဆိုတာလဲ တစ်ဦးတည်းပိုင်ပစ္စည်းခိုးမှ ခိုးရာရောက်တယ်။ အများပိုင်ပစ္စည်းခိုးရင် အဒိန္နဒါနာ မမြောက်ဘူးဆိုပဲ။
ဒါဖြင့် အသင်းအဖွဲ့ပစ္စည်း အများပိုင် ရန်ပုံငွေ ဘုန်းချင်တဲ့လူတွေ မိုးပြာဂိုဏ်းသာ ဝင်ကြပေတော့။ အများပိုင်ပစ္စည်းခိုးတာ ခိုးမှုမမြောက်ဘူးဆိုတဲ့ဘာသာ ဒီတစ်ခါပဲ ကြားဖူးသေးတယ်။ ရူးတော့ရူးတယ်၊ အရူးပါး ဆိုတာ ဦးဉာဏတို့ပါပဲ။
သားသမီးတွေလဲ မိဘပိုက်ဆံ ခိုးချင်တိုင်းသာ ခိုးပေတော့။ မိဘပိုက်ဆံဆိုတာ မိသားစုပိုက်ဆံ… ဒီတော့ အများပိုင် ဖြစ်သွားပြီလေ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်မရပ်ဘဲ မိန်းမရတဲ့အထိ အဖေအမေ့ အိတ်ထဲက ပိုက်ဆံခိုးသုံးချင်တဲ့ သားမျိုးတွေ သိပ်ကြိုက်ပေါ့။ သားသမီးများ မိုးပြာဂိုဏ်းဝင်ပြီဆိုရင် မိဘတွေ ပိုက်ဆံအိတ် သော့ခတ်ထားပေတော့။ မိဘပိုက်ဆံ၊ မိသားစုပိုက်ဆံခိုးတာ အဒိန္နဒါနာ မမြောက်ဘူးဆိုပြီး ဘုန်းပြကြပါလိမ့်မယ်။
-သုရာမေရယတော့ လုံမလား မမှတ်လိုက်နဲ့။ သူပြောမှ ပိုတောင် ဆိုးသွားသေးတယ်။ မူးအောင်သောက်မှ သုရာမေရယ မြောက်တယ်။ သောက်ပြီးမမူးရင် မူးယစ်သေစာ သောက်စားရာ မရောက်ဘူးတဲ့။
သေဟဲ့နန္ဒိယ..။ မမူးပါဘူး..ချည်း ထပ်ထပ်ပြောနေတဲ့ အမူးသမားတွေ သတိရတယ်။ အန်ဖတ်ဆို့ပြီး လမ်းပေါ် မှောက်လဲနေပေ့စေ၊ မမူးဘူးလို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားရင် ဒီသိက္ခာပုဒ် မကျိုးတော့ဘူးပေါ့။ နိပ်ဟ…သူ့နည်းက ဟော်တယ်မှာ ညလုံးပေါက် ဇက်ကျိုးအောင်သောက်နေရင်းကို သုရာမေရယ သိက္ခာပုဒ် ထိန်းလို့ရတယ်။ စိုင်းထီးဆိုင်သီချင်းလို ”ငါမမူးသေးဘူး…ငါမမူးသေးဘူး”ပေါ့။
-မုသာဝါဒကလဲ သူ အဓိပါယ်ဖွင့်တာဖတ်ပြီး ဘယ်လို အတိုချုံး ပြန်ရေးပြရမှန်း မသိတော့လို့ ကူးပြီးသာ ဖော်ပြလိုက်ပါတယ်။ သူ့စကား ဘာသာပြန်ရင်း သူ့လို လိုက်မရူးတာတော်သေး။
ဒါကြောင့် လိမ်တာနဲ့ စပ်ပြီး အပျော်အပြောင်တောင် မပြောဝံ့ရလို့ သိနေတာတွေကို ကျော်လွားရမယ်။
ကိုယ့်မှာ ရှိတဲ့ ပစ္စည်းသူလာတောင်းတဲ့ အခါ မပေးနိုင်လို့ မရှိဘူးပြောလဲ လိမ်တာလို့ ဒီသီလမှာ ယူဖို့ မဟုတ်ဘူး။
ကိုယ်ရောင်းတဲ့ ပစ္စည်း အမြတ်ရအောင် ပိုပြောထားတဲ့ ဈေးကို အရင်းအတိုင်းဈေးပါပဲလို့ ပြောတာလည်း
ဒီသီလမှာ လိမ်တာ မမြောက်ဘူး။ ဒါမျိုးတွေကို အများအပြားသိရမယ်။
(ဘုရား စာအုပ်- နှာ- ၁၆၁)ဒီစာတွေ အရ လိမ်တာဟာ မကောင်းတာချည်း မဟုတ်ဘူးလို့ ဆိုလိုတယ်။
မကောင်းတဲ့ လိမ်တာတွေရှိသလို မကောင်းတာ မဟုတ်တဲ့ လိမ်တာလဲ ရှိတယ်လို့ ဆိုရာရောက်တာပေါ့။
ဒီတော့ မကောင်းတဲ့ လိမ်တာကို ကွဲကွဲပြားပြား သိမှဖြစ်မယ်။ ဒါမှ ဂရုဓမ္မသီလက တားတဲ့ လိမ်တာကို သိရမယ်”
(ဘုရား စာအုပ်- နှာ- ၁၆၃)
ဒါဖြင့် လိမ်တယ်ဆိုတာ ဘာကျန်သေးလို့လဲ မေးရမလိုပဲ။ သူပြောတဲ့အတိုင်းသာဆို သူ ရဟန္တာလို့ လိမ်ပြောတာလဲ မုသာဝါဒ မမြောက်တော့ဘူး။ ဟုတ်တယ်လေ…လိမ်တော့လိမ်တယ်..မုသာဝါဒကံ မမြောက်ဘူုးဆိုတော့ လိမ်ချင်သလောက် လိမ်ပေရော့။ ပျော်စရာ မိုးပြာဘာသာကြီးပါတကား။

အနော်ရေးတာမဟုတ်ဘူးနော်.. လို့ထပ်ကြေငြာပါတယ်..

ယက္ခိုက်
http://www.dhammapalace.org/

22 comments

  • ချိုတူး

    August 31, 2012 at 2:09 pm

    ဂန္ဓာရီ ဆြာအုပ် ခင်ဗျား
    နည်းနည်း လွဲနေပါတယ်
    Creative Writing ဆိုပီး Copy / Paste ဖြစ်နေပါတယ်။
    ကိုယ်ပိုင် အတွေးအမြင်ပါရမယ်လို့ ကြေငြာထားတာကိုး
    အဲတော့ မိုးပြာဝါဒ အပေါ် ဆြာအုပ် အမြင်လေး Comment နဲ့ ပြောပြပေးပါအုံး

    • ဂန္ဓာရီ ဆြာအုပ်

      August 31, 2012 at 2:21 pm

      “ဖာ်ပြထားတဲ့ အကြောင်းအရာတွေဟာ ကူးယူဖော်ပြထားတာ ဆိုပေမယ့် copy paste category ထဲကိုထည့်ထားရင် နောက်ကိုရောက်သွားတယ် ဆိုတာကြောင့် Creative Writing ထဲကိုထည့်သွင်းထားပါကြောင်း..” လို့တော့ အရင် post မှာရေးထားပါတယ် ဗျို့.. အကြောင်းကတော့ နောက်ကိုမရောက်ချင်လို့ပါ..

  • may flowers

    August 31, 2012 at 2:13 pm

    ကြည်ညိုစရာ ရဟန္တာ အရှင်မြတ်ကြီး မိုးပြာဂိုဏ်းချုပ် ဦးဉာဏ ကြီးပါလား…ဟာဟ။

  • Cerberus

    August 31, 2012 at 2:25 pm

    ပြာချင်ပြာ ဝါချင်ဝါ

    အပြာနဲ့ အဝါရောရင်တော့ အစိမ်းရတာပဲ
    အစိမ်းကြိုက်လို့လားဗျ

    ကျုပ်တော့မကြိုက်.
    👿

  • YE YINT HLAING

    August 31, 2012 at 3:08 pm

    မိုးပြာ
    ဆိုးသကွာ
    မရိုးပါ
    တိုးလာ
    အဖိုး မပါ
    ဒိုးကွာ ! ။ ။

  • ဦးဦးပါလေရာ

    August 31, 2012 at 3:24 pm

    စိတ်ပညာအရပြောမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ balance ညီတာ နဲပါတယ်။
    ထေရဝါဒအလိုအရ ဘုရားကလဲ ပုထုဇနောဥမ္မတ္တကောလို့ ပြောထားတော့
    ဘယ်သူဘယ်ဝါကို စိတ်ဝေဒနာရှိမရှိတော့ မပြောတတ်ပါဘူး….။

    သို့သော် ဦးဉာဏကို ဒီလောက်လေးနဲ့ မြောင်းထဲထည့်လို့တော့ရမယ်မထင်ဘူး…
    သူ့အတွေးအခေါ်တွေမှာ အဖုံးအပိတ်နဲ့ ရှေ့နောက်ညီအောင်လုပ်(လုပ်)ထားတယ်။

    ဦးဉာဏဟာ အတွေးအခေါ်အရာမှာလဲ တော်ပါတယ်။
    (သူှုအတွေးအခေါ်ကို ကျုပ် တလုံးမှ လက်မခံနိုင်တာက သပ်သပ်)
    ပြီးတော့ စကားနိုင်လုရာမှာလဲတော်တယ်
    စကားကပ်ပြောရာမှာလဲတော်တယ်
    စည်းရုံးရေးမှာလဲတော်တယ်
    သူမနှစ်သက်တဲ့အကြောင်းအရာတွေမှာ အပြစ်ရှာ အနာချဲ့ရာမှာလဲအလွန်တော်တယ်။
    သူတီထွင်ထားတဲ့တရားကိုက
    ရှေ့ဘဝ နောက်ဘဝ ဆိုတဲ့ သံသရာကို ပယ်ပြီး
    ဒီဘဝတခုထဲ/ ဒီဘဝတခုစာထဲ ကွက်ကြည့်တဲ့ လူပြိန်းကြိုက်ဝါဒဖြစ်တယ်။
    မိုးပြာဆိုတာ ရှေ့ဘဝ နောက်ဘဝ အခုဘဝ ဆိုတဲ့ သံသရာ ကို ပယ်ပြီးဖြစ်တာကြောင့်
    ဗုဒ္ဓဘာသာကို လုံးဝပယ်ပြီးဖြစ်ပါတယ်။
    ကမ္ဘာပေါ်က မည်သည့်ဗုဒ္ဓဘာသာမဆို မဟာယာန/တာအို/ဈင်/ထေရဝါဒ အားလုံး သံသရာကို လက်ခံတယ်နော်။
    သံသရာ ဆိုတာ ဗုဒ္ဓဘာသာရဲ့ အဓိကကျတဲ့ လမ်းအူကြောင်းနော်။ အဲဒီအပေါ်မှာ သွားထားတာ…။
    ဒါကြောင့် မိုးပြာါဒ / ပစ္စုပ္ပန်ကမ္မဝါဒ ဆိုရင် မှန်ပါတယ်။
    မိုးပြာဗုဒ္ဓဘာသာ သို့မဟုတ် ဗုဒ္ဓဘာသာပစ္စုပ္ပန်ကမ္မဝါဒ လို့ပြောရင် မမှန်ပါ။

  • သစ် တည်

    August 31, 2012 at 3:28 pm

    ဦးဉာဏက ဘုရားဟောကို အတုအစစ်ခွဲတာပိုင်တယ်ကွာ……

    သူကဘုရားဟောတရားအစစ်တွေကို နာဖူးပုံရတယ်….
    မိုက်တယ်ကွာ….

  • realman

    August 31, 2012 at 5:10 pm

    ဂန္ဓာရီတို့ရဲ့ဖော်ဆောင်ပေးမှုကြောင့် မိုးပြာတရား ဒိထက် ပိုပြီး ပြန့်ပွားမှာကို မြင်ယောင်မိနေပါတယ်။ ဒီခေတ်လူတွက ပြောတိုင်းလက်ခံကြသူများ မဟုတ်ကြပဲ သေချာအောင်
    http://www.ariyathitsa.org အရိယသစ္စာဆိုက်မှာ
    နှစ်ဖက်လေ့လာနေသူများက ရှိနေကြလို့ပါပဲ။

    မိုးပြာကို ဂန္ဓာရီတို့လိုပဲ အပြစ်ပြော၊ အပုတ်ချမယ်ဆိုပြီး အပျက်ကို ကြိမ်းဝါးခဲ့တဲ့
    မစိုးရိမ်စာသင်သား (စာရေးဆရာ -သင်္ဂဟ တောင်သာ) တောင်မှ မိုးပြာတရားတွေကို လေ့လာရင်းလေ့လာရင်းနဲ့ မြန်မာထေရဝါဒတရားတွေရဲ့ အချိုးမကျမှုတွေ ရှေ့နောက်မညီမှုတွေကိုကို သိမြင်သွားပုံရတယ်နဲ့ တူပါတယ်
    သူ့ကို အဘိဝံသဘွဲ့ကြီးပေးထားတဲ့ ထေရဝါဒ ရဟန်းဘဝကို အပြီးတိုင်စွန့်လွှတ်သွားတယ်လို့ ကြားသိရပါတယ်။

    “”ထာဝရ “ရဲ့ “ဘုန်းကြီးလူထွက်သွားသော မစိုးရိမ်စာသင်သား (သို့မဟုတ်) ခေတ်သစ်သုသိမ
    “http://myanmargazette.net/137662/uncategorized-other/copypaste ပို့စ်ကို ဖတ်ကြည့်မိရင်း
    ဂန္ဓာရီအနေနဲ့လဲ သင်္ဂဟကဲ့သို့ ထေရဝါဒလမ်းလွဲပေါ်မှ အမြင်မှန် လမ်းမှန်ပေါ်ရောက်မယ့်တစ်နေ့ကို စောင့်မျှော်နေမိပါတယ်။

    ခင်မင်စွာဖြင့် . . .

    ( မိုးပြာတရား မှန် မမှန်ထက် လက်ရှိ မြန်မာထေရဝါဒရဲ့ ရှေ့နောက်မညိမှု၊ အချိုးမကျမှုတွေကို ထောက်ပြနိုင်တဲ့ အချက်ကို အလေးထားမိပါတယ်။ )
    သမိုင်းဆိုတာ ညာလို့မရနိုင်တော့ပါ။)

    • မှော်ဆရာ

      August 31, 2012 at 5:57 pm

      ဆရာရယ် .. ခင်ဗျားဟာက ကျွန်တော်ပိုစ့်မှာလဲ ဒီစာသားပဲ …
      ဒီမှာလဲ ဒီစာသားပဲ … နဲနဲလေးတော့ စိတ်ကူးညဏ် ကွန့်မြူးပါဦး … 🙂

      • မောင်ပေ

        August 31, 2012 at 9:03 pm

        အော်… သူ ့ခဗျာလဲ
        နဂိုကတဲကမှ ကျပ်မပြည့်လို ့ အယူမှားနေပါတယ်ဆို
        ဒီလောက်မန် ့နိုင်တာကိုပဲ ချီးကျွေး အဲလေ ချီးကျူးပေးလိုက်စမ်းပါ
        ဒါဝတ်ဘိုင်ဂိုဏ်းသားတွေကလား

  • mggwa

    August 31, 2012 at 6:01 pm

    အင်း .. တော်တော်မိုက်မဲလှတဲ့ ဂန္ဓာရီကြီးပဲ . . .
    ကိုယ့်ဘာသာကိုယ် ပယောဂဆရာလိုလို ထွက်ရပ်ပေါက်ဆရာလိုလို ယောင်တောင်တောင် အလုပ်ကောင်းနေရက်နဲ့
    ဘဇာကြောင့် ကို်ယ်နဲ့ လားလားမှမဆိုင် ဒီတရား လိုင်းကို လာကြောင်နေရပါ့လိ်မ့်။

    မပိုင်ပဲနဲ့ သူများတွေ အတွေးချောင်ပြီး အကောက်အယူမတတ်ပဲ ရေးထားတာကို
    နင့်မို့ အဟုတ်ထင် အရေးတယူလုပ် ပြင်နေပါလား။

    နင့်ကြောင့် မိုးပြာတရား ပိုထင်းရှားမှာ မြင်သေးကွဲ့။
    နင်လုပ်မှ လူတွေက ပိုစိတ်ဝင်စာ သေချာလေ့လာကြည့်တော့
    http://www.ariyathitsa.org မှာ
    အော်တရားဆိုတာ ဒီလိုလား၊ သူတို့ပြောနေတဲ့ ဟိုလိုမဟုတ်လို့ သိ၊
    နင်တို့တော့ အထိပဲ..။
    သူများတွေယောင်တိုင်းလျှောက်မယောင်လေနှင့်
    အကျွန်ုပ် မောင်ဂွ ဂရုဏာကြီးစွာ မိန့်လိုက်လေ၏။

    “ပွတ်လေလေ၊
    ဂူရွှေမှာ အရောင်ထွက်တယ်၊
    ရှေးကထက်ကဲ”
    လို့ သူတို့ ပြောနေကြတယ်ပ။

  • nature

    August 31, 2012 at 6:59 pm

    မိုးပြာကိုနိုင်ချင်ရင်တော့မုသာဝါဒကံကိုလုံအောင်ထိမ်းပါ။ မုသာဝါဒကံကျုးလွန်သူတွေများလာတာနဲ့အမျှ မိုးပြာတွေဟာနောက်နှစ်ပေါင်း၂၅၀ဝ ကျော်သာသနာကွယ် ချိန်မှာ ထွန်းကားလာနိုင်ပါတယ်။

  • nature

    August 31, 2012 at 7:20 pm

    အများပိုင်ပစ္စည်းကိုခိုးလို့ အဒိန္နဒါနာ မမြောက်ဘူးလား?
    ခိုးတဲ့သူကတော့အဖမ်းခံရမှာသေချာတယ်။အဖမ်းခံရရင် မိုးပြာကခိုးမှုမမြောက်ဘူးလို့မြှောက်ပေးတယ်ပြော … ကြံရာပါအားပေးအားမြှောက်မှုမြောက်မှာသေချာတယ်။

  • mggwa

    August 31, 2012 at 7:48 pm

    အများပိုင်ပစ္စည်းကို ယူတာနဲ့ ခိုးမှုလို့ အသိကျဉ်းကျဉ်းလေးနဲ့ မပြောရဘူးကွဲ့။

    မောင်ဂွ ပြောပြီးပြီလေ။ နင်တယ်နားဝေတာပဲ။
    ရပ်ကွက်အများပိုင်ရေကန်ထဲက ရေခပ်နေကြတဲ့ သူတွေဟာ သူခိုးတွေလား။
    တောထဲ ထင်ခုတ်၊ မှိုရှာ၊ မျှစ်ချိုးတဲ့ သူတွေ သူခိုးတွေလား နဖူးပေါ်လက်တင်ပြီး စဉ်းစာကြည့်စမ်းဘာ။

    အမှုမဟုတ်တာကို အမှုလုပ်ချင်နေကြတာကိုးကွဲ့။
    အေး … အစိုးရက သူ့တို့သီးသန့်သတ်မှတ်ထားတဲ့ ပစ္စည်းဆိုလို့ကတော့ ရေတောင် သွားမခပ်နဲ့
    ၆၁-နဲ့ ညာသွားမယ်ကွဲ့။

    ဒါကတော့ အစိုးရသတ်မှတ်ချက်နဲ့ ဆိုင်တယ်ကွဲ့။
    မွတ်စလင်နိုင်ငံမှာ ဝက်သားသွားရောင်းလို့ကတော့ အမှုကို အကြီးအကျယ်ဖြစ်မှာ အတိအကျပဲ၊
    ဒါက နိုင်ငံအစိုးရသတ်မှတ်ချက်ပဲလို့ နားလည်စမ်းဘာ။

    တရုတ်ပြည်မှာ ခလေးတစ်ဦးထက်ပိုယူမိရင်လဲ အကြီးအကျယ် ကွိုင်တတ်မှာပဲ၊
    ဒါကလဲ အကုသို်လ် ဟုတ်ဘူး။ အစိုးရသတ်မှတ်ချက်ပဲကွဲ့။

    အများပိုင်ပစ္စည်းအပေါ်သုံးစွဲနေကြတာနဲ့ အစိုးရသတ်မှတ်ချက်နဲ့ မရောရဘူးလေ။

    အစိုးရက သူတို့ အဆင်ပြေသလို သတ်မှတ်မှာပဲနော့။
    သူတို့သတ်မှတ်တာနဲ့ လွတ်ကင်းတဲ့ အများပိုင်ပစ္စည်းတွေကတော့ စိတ်ချလက်ချသာ ယူငင်သုံးစမ်းဘာ။

    ဘာမှ မဖြစ်စေရဘူး။ မောင်ဂွအာမခံပါတယ်ကွယ်။

    တော်ကြာ နင် ရပ်ကွက်ထဲက ရေကန်မှာတောင် ရေမခပ်ရဲတော့ရင် ဒုက္ခရောက်နေမှာဆိုးလို့ပါ ခလေးမရဲ့။

    • မှော်ဆရာ

      August 31, 2012 at 8:19 pm

      နိုင်ငံတော်ပိုင် ပစ္စည်းခိုးတာ ဂရုဓမ္မသီလ မခိုးရ သိက္ခာပုဒ် မပျက်ဘူး..ပစ္စည်းပိုင်သူဟာ ပုဂ္ဂလိက မဟုတ်လို့ဘဲ..
      နိုင်ငံတော်ပိုင် ဖြစ်နေလို့ဘဲ…
      ဒါ Ko out of ရေးသွားတာနော် …။

      တွက်ကြည့်ရင် အစိုးရပိုင် ပစ္စည်းခိုးတာ ၆၁ နဲ့တော့ အစွဲခံရနှိုင်တယ် .. ဒါပေမယ့် ခိုးမှု မမြောက်ဘူးလို့ဆိုလိုတာပေါ့နော် …။ ၆၁ ကို လွတ်အောင် ရှောင်နှိုင်ရင် အစိုးရပိုင် ပစ္စည်း ခိုးသာခိုး အပြစ်မဖြစ်ဘူးလို့ ဆိုလိုတာပေါ့နော် …..။

    • nature

      August 31, 2012 at 10:18 pm

      ရေတွေကပိုင်ပေမဲ့ အစိုးရကမသုံးရလို့ အမိန့်ထုတ်တားတဲ့ ကန်ကို သွားသုံးရင်တော့ အဖမ်းခံရမှာပေါ့။ အသုံးပြုခွင့်ပေးထားတဲ့ ရေကိုသုံးရင်တော့ ခိုးမှုဘယ်မြောက်မလဲ။ သစ်တောကြိုးဝိုင်းဆိုပြီးအစိုးရကသတ်မှတ်ပေးတဲ့နေရာမှာသစ်ကိုခိုးယူသူသာလျှင်ခိုးမှုမြောက်ပြီး မျှစ်ကိုမယူရလို့ ကန့်သတ်မထားတဲ့အတွက်ခိုးမှုမမြောက်ပါ။ ဉာဏ်ရည်မမှီလို့
      နားမလည်တာရှိရင်မေးနိုင်ပါတယ်။

      …အစိုးရက သူတို့ အဆင်ပြေသလို သတ်မှတ်မှာပဲနော့။
      သူတို့သတ်မှတ်တာနဲ့ လွတ်ကင်းတဲ့ အများပိုင်ပစ္စည်းတွေကတော့ စိတ်ချလက်ချသာ ယူငင်သုံးစမ်းဘာ။….
      သူတို့သတ်မှတ်တာနဲ့လွတ်ကင်းတဲ့ပစ္စည်းဆိုတာထက် သူတို့စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ သူတို့ပိုင်ပစ္စည်းကို သူတို့ခွင့်ပြုရင်တော့ယူသုံးနိုင်ပါတယ်။

      …ဒါကတော့ အစိုးရသတ်မှတ်ချက်နဲ့ ဆိုင်တယ်ကွဲ့။
      မွတ်စလင်နိုင်ငံမှာ ဝက်သားသွားရောင်းလို့ကတော့ အမှုကို အကြီးအကျယ်ဖြစ်မှာ အတိအကျပဲ၊
      ဒါက နိုင်ငံအစိုးရသတ်မှတ်ချက်ပဲလို့ နားလည်စမ်းဘာ။…..
      သူတို့ပိုင်ဆိုင်တဲ သူတို့စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့နိုင်ငံတော်နယ်နိမိတ်အတွင်းမှာ သူတို့ရဲ့ခွင့်ပြုချက်မရှိတာကို်လုပ်ရင်အာဏာဖီဆန်မှုမြောက်ပါတယ်။ အရေးယူခံရပါမယ်။(မှန်တာမမှန်တာကိုခဏထား)

  • ရာဇဝင်လူဆိုး

    August 31, 2012 at 9:08 pm

    မှော်ကြီးရေ..တစ်ဖြည်းဖြည်းတော့ သူတို့ဘာသာ ကိုယ့်ရှုးကို်ယ်ပတ်နေကြပြီ… ဖတ်နေရတာ အထက်လမ်းဆရာက အောက်လမ်းစုန်းမကို စစ်နေသလိုပါပဲလား ..။ အဟက်အဟက်

  • ဂန္ဓာရီ ဆြာအုပ်

    August 31, 2012 at 9:36 pm

    ကမိုးပြာတို့ရေတခါလာလဲ ဟို ဆိုက် မှာ ကြည့်လိုက် ဒီဆိုက်မှာ ကြည့်လိုက်နဲ့ ခေါင်းခြောက်ပါသကွယ်
    ရှားရှားပါးပါး ပေါက်ကရတွေ ရေးထား တဲ့ ဒီ သူခိုးအားပေး အယူတွေလာလာ ပြောမနေနဲ့နော်..

    ဘာတဲ့ “ပွတ်လေလေ၊ ဂူရွှေး ရင် အရောင်ထွက်တယ် ” တဲ့လား …ဟီဟိ….. ကိုယ့်ဘာသာကိုယ်ဘဲ ရွှေးကြပါနော်

  • ရဲစည်

    September 1, 2012 at 12:56 am

    အင် …
    ဘာမှ နားမလည်တော့ဘူးဗျာ
    ဟိုဘက်မှာ ပို့စ်မော်ဒန် ဖတ်ပီး
    ဒီဘက် ကူးလာတာ အာမီရမ်ကို ဒူးရင်းသီးနဲ့ မြည်းရသလိုဘဲ 🙁

    မယုံ အဲလိုမြည်းကြည့် ဘယ်လိုနေလဲ သိလိမ့်မယ် :mrgreen:
    ခံစားရ တော်တော် ခက်လာပီ
    ဓာတ်ပုံဆြာလဲ ဘာလိုင်းကြောင် သွားပီလဲဗျာ ………………..။

    • ဂန္ဓာရီ ဆြာအုပ်

      September 1, 2012 at 9:39 am

      လိုင်းကြောင်တယ်တော့ မထင်ပါနဲ့ဗျို့.. တွေ့ရတာ ကန့်လန့်..ကန့်လန့် ဖြစ်လာပြီး မနေနိုင်တော့လို့ပါဗျာ

  • Foreign Resident

    September 1, 2012 at 8:19 am

    အင်း ၊ ပစ္စုပန် ကမ္မဝါဒ ဂိုဏ်းခေါင်းဆောင် ဦးဉာဏကို ၊
    ပုဂ္ဂိုလ်ရေးပြောထားတာတွေ မပါလို့ / ဖယ်လိုက်လို့ ရှိရင် ၊
    ထေရဝါဒ တွေဖက်က ဒီ Post က တော်တော် ကောင်းတာပဲ ။
    အတွေးအခေါ် ကို ထောက်ခံပါတယ် ( ထောက်ခံပါတယ် ) ဗျာ ။
    ( မိုးပြာ ဦးဉာဏကို ပုဂ္ဂိုလ်ရေး စော်ကားတာကိုတော့ မကြိုက်ပါ )

  • မိုးတိမ်

    September 1, 2012 at 6:32 pm

    ဘယ်သူက ဘာလဲဆိုတာ ကော်မန့်တွေ ဖတ်ရင်းပိုပိုသိလာပေါ့…
    ဘာသာတရားကို ပူးသတ်တာလောက် ယုတ်မာတာမရှိဘူးဗျို ့
    မိုးပြာက တော်တော်ကြောက်စရာကောင်းတာကို ပြည်သူားတွေ နားလည်လာတာ ဝမ်းသာစရာပါဗျာ။

Leave a Reply