မွေးရပ်မြေနဲ ့ခွဲခွာပြီး အလုပ်လုပ်နေရတာ ပျော်ရဲ ့လား
ကုမ်မဏီ တစ်ခုကိုု ကျွန်မပြောင်းလာပြီးတဲ့နောက်အခြေအနေတစ်ခုကြောင့် ဘန်ကောက်ကို တစ်လအလုပ်ဆင်းဖို ့
ဖြစ်လာပါတယ်။ ကိုယ်တစ်ခါမှ မရောက်ဘူးတဲ့ နေရာတစ်ခုကို သွားရမှာဖြစ်တဲ့အတွက် ကျွန်မပျော်နေမိပါတယ်။
နိုင်ငံခြားဆိုတာ ဘာကြီးလဲဆိုတဲ့ ကလေးကလားအတွေးမျိုးတွေလည်းတွေးမိပါသေးတယ်။ ပတ်စ်ပို့လုပ်ချိန်၊ ဗီဇာလျှောက်ချိန်
ခက်ခဲတာတွေကိုတော့ စာမဖွဲ ့တော့ပါဘူး။
ဘန်ကောက်ကို စရောက်တော့ ကုမ်မဏီက ဒရိုက်ဘာက လာကြိုပါတယ်။ အဲဒီနေ ့အလုပ်ဆင်းတော့
ထိုင်းဝန်ထမ်းတွေပြောတဲ့ အင်္ဂလိ်ပ်စကားကို ကျွန်မ လုံးဝနားမလည်ပါဘူး။ Pronunciation အခက်အခဲကြောင့်
ကျွန်မပြောတာလည်း သူတို့ နားမလည်ပါဘူး။ ခြေဟန်လက်ဟန်တွေနဲ ့တစ်ကိုယ်လုံးအလုပ်လုပ်ပြီးပြောမှ
အဆင်ပြေပါတယ်။ ပုံမှန်ထက်ပင်ပန်းတာပေါ့နော်။ စစချင်း ၃၊၄ရက်ကတော့ သိပ်မသိသာသေးပါဘူး။
တဖြည်းဖြည်းရက်ကြာလာတော့ ဘာကိုလည်း မသိလွမ်းလာတယ်။ နေရတာကလည်း ကုမ်မဏီက ငှားပေးထားတဲ့
ဟိုတယ်မှာ ၁ယောက်တည်း နေရတာပါ။ဒီကြားထဲ ရုံးကမန်နေဂျာက သူအရင်တစ်ခေါက်
ဒီမှာ တည်းတုန်းက ဟိုတယ်မှာ သရဲ ခြောက်တယ်ဆိုတဲ့အကြောင်း သရဲ က ကလေးလေးဖြစ်ပြီး ညညဆို
ကုတင်နားမှာ ပတ်ဆော့ပြီး ရယ်နေတတ်ကြောင်း သိပ်မကြောက်တတ်တဲ့ ကျွန်မကို လာပြီး ပြောပြပါသေးတယ်။
ဖြစ်ချင်တော့ တစ်ရက် က ကျွန်မပင်ပန်းပြီး အိပ်နေတဲ့အချိန် ဟိုဘက်ခန်းက မိသားစု
က ပါလာတဲ့ ကလေးလေးက ရယ်နေတဲ့ အသံကိုကြားတာ အစက မသိတော့
သရဲ ပဲ ဆိုပြီး တစ်ညလုံးအိပ်လို ့မပျော်ပါဘူး။ ဘုရားစာရွတ်လည်း အသံက ပျောက်မသွားတော့
ထိုင်းသရဲက ပါဌိစကား နားမလည်ဘူးနဲ ့တူတယ်လို ့ လျှောက်တွေးပြီး ကြောက်တယ်ဆိုတာ ပြောမနေပါနဲ့တော့။
(သရဲ အစစ်မဟုတ်တော့ အသံက ဘယ်ပျောက်ပါ့မလဲ နော်။)
အဲဒီမှာတင်ပဲ နေ့ဘက်ဆို အလုပ်က ပင်ပန်း၊ ညကျရင် အိပ်လို ့မပျော်၊ ကြာတော့ လူက အိပ်ရေးမဝ
စိတ်ဓာတ်ကျတဲ့ ရောဂါဖြစ်လာပါတယ်။ ညဘက် အိပ်ရေးမဝတော့ နေ ့ဘက် အလုပ်လုပ်ရင်လည်း
စိတ်မပါဘူးဖြစ်နေတော့ ဘယ်လိုမှ အဆင်မပြေပါဘူး။ ပြီးတော့ ရုံးသွားတဲ့အခါ ဘတ်(စ)ကားပဲစီးစီး
ရထားပဲစီးစီး လူတွေက စက်ရုပ်တွေကြနေတာပဲ အသက်မပါကြသလို ခံစားမိပါတယ်။
မြန်မာမှာဆို ဘတ်စ်ကားစီးတဲ့အခါ အချင်းချင်းစကားပြောနေကြတော့ ဘာပဲပြောပြော
လူတွေဆိုတာ သိသာတယ်။ သူတို ့ကကျတော့ သီချင်းနားထောင်ဒါမှမဟုတ် ဖုန်းနဲ့တစ်ခုခုကိုကြည့်နေတာမျိုး
ပဲ တွေ ့ရတယ်။
ကျွန်မ လာရတာ တစ်လတည်းပါ။ ပြီးတော့ အနောက်တိုင်းလည်း မဟုတ်ဘူး ထိုင်းမှာ ဒါတောင်ကျွန်မ
လုံးဝမနေချင်တော့ပါဘူး။ အထီးကျန်ဆန်တဲ့ ခံစားမှုတွေ ခံစားလာရတယ်။ ရထားသံကြားရင် အိမ်ပြန်
ပြေးချင်စိတ်တွေ ပေါက်လာပါတယ်။ အလုပ်ထဲမှာ ဘယ်လောက်ပဲ စိတ်တင်းပြီးနေနေ ညရောက်ရင်
အိမ်ပြန်ချင်လို ့ငိုရတာ အမောပါပဲ။
တစ်လတည်း ထိုင်းမှာသွားနေရတာတောင် ၃ပတ်လောက်ငိုနေခဲ ့တာဆိုတော့ သူများတွေလို နှစ်ချီပြီး နေရမယ်ဆိုရင်
ကျွန်မအတွက် အဆင်မပြေနိုင်ဘူးထင်ပါတယ်။
အဲဒီအခါ ကျွန်မ အခု စင်ကာပူ၊မလေးရှားအပါအဝင် နိုင်ငံခြားမှာ အလုပ်လုပ်ပြီး ကိုယ့်ဘဝကို ရပ်တည်နေကြတဲ့ မြန်မာတွေရဲ ့
ဘဝကို စာနာမိသလို လေးလည်းလေးစားမိပါတယ်။ မေးလည်းမေးချင်မိပါတယ်
မိတ်ဆွေတို့ နိုင်ငံခြားမှာ အလုပ်လုပ်ကြတဲ့အခါ ပျော်ကြရဲ ့လားလို့ပါ။ ကျွန်မသာဆို နေနိုင်မယ်မထင်
ပါဘူး။ဘဝအတွက် ရပ်တည်မှုတစ်ခုအတွက် အလုပ်လုပ်နေကြပေမယ့် စက်ရုပ်လူသားဘဝမှာ
အဆင်ပြေကြရဲ ့လားဟင်။
ကျွန်မပြန်လာတဲ့နေ ့က ဆိုရင် ဖုန်ထူလမ်းကြပ် မီးပျက်နေပေမယ့် ငါအိမ်ပြန်ရောက်ပြီ ဆိုပြီးပျော်နေမိတာပါ။
ကျွန်မကို ရွာချစ်တဲ့ ရွာသူပဲ ပြောပြော မြန်မာနိုင်ငံကလွဲရင် ကျွန်မမနေနိုင်ပါဘူးရှင်။မွေးရပ်မြေမန်းတလေးက
နေ ရန်ကုန်ကို လာပြီး အလုပ်လုပ်ရတာကို ခံနိုင်ရည်ရှိပေမယ့် မြန်မာနိုင်ငံကနေ တခြားကို သွားပြီး
အလုပ်လုပ်ရတာကို ကျွန်မတော့ ခံနိုင်ရည် မရှိပါဘူး။
သူငယ်ချင်းရော မွေးရပ်မြေနဲ ့ခွဲခွာပြီး အလုပ်လုပ်နေရတာ ပျော်ရဲ ့လား။
22 comments
အတိသဉ္ဖာ နာဂရချစ်သူ
August 28, 2012 at 4:32 pm
ကိုယ့်ဇာတိဘဲ ကောင်းပါတယ်။သို ့သော် ပညာရေးအတွက်တော့…….
Mobile
December 16, 2012 at 4:20 pm
ကုသိုလ် ပညာ ဥစ္စာရဖို့ သင့်ရာဒေသ အမြဲးနေဆိုတဲ့ ၃၈ ဖြာ
မင်္ဂလာ တရားတော်နဲ့ အညီပေါ့ဗျာ ပျော်တယ်ရယ်လို့ တော့ဘယ်ဟုတ်ပါ့မလဲ…
ပန်းစံပါယ်
August 28, 2012 at 5:07 pm
ကျွန်မငယ်ငယ်ကဆို မှတ်မှတ်ရရ ၆တန်းတုန်းကပေါ့။ ကျောင်းဖွင့်ရက်ဆို မြို့မှာနေရတာလေ။ တနင်္လာနေ့မနက်ကမှ အိမ်ကနေကျောင်းကိုလာတာ ဗုဒ္ဓဟူးနေ့ညနေကျောင်းဆင်းရင် အိမ်လွမ်းလို့ပြန်ချင်တာတအားပဲ တစ်ခါတစ်လေပြန်တယ်။ တစ်ခါတစ်လေ မိုးတွေတအားရွာလို့ မပြန်သင့်တဲ့အခြေအနေမို့ကိုယ့်ဘာသာမပြန်ဖို့ဆုံးဖြတ်ပြီး မပြန်ဖြစ်တဲ့အခါ ငိုနေရတာ။ ဒါကြောင့် အဲဒီခံစားချက်ကို အပြည့်အဝ ခံစား စာနာ နားလည်မိပါတယ်ရှင်။
အိမ်လွမ်းသူ
August 28, 2012 at 5:36 pm
Absolutely correct ! You can read our mind and also believed that almost all of expatriate Burmese have such kind of feeling (except some people) ! Sometime I felt that we live here just because of $$$$$ !
မဟာရာဇာ အံစာတုံး
August 28, 2012 at 5:36 pm
ကျုပ်ကတော့ ရွာနဲ့ခွဲပြီး
ရန်ကုန်မှာ လာအလုပ်လုပ်နေရတာကိုတောင်
ပျော်နိုင်ဘူး …
ဟိုသီချင်း ကြားမိတိုင်း မျက်ရည်တောင် ဝိုင်းရဒယ် .. 🙁
ဘာတဲ့ … “ကိုယ့်ရပ်ဌာနေ” တဲ့ဗျ .. ခေါင်းစဉ်က ..
ရှူံးနိမ့်မှုများနဲ့.. လူ
August 28, 2012 at 5:57 pm
မွေးရပ်မြေ… လို့ဆိုတဲ့အခါကျတော့ မွေးရုံလေးလောက်နဲ့ သံယောဇဉ်ရှိတယ်လို့ တပ်အပ် မပြောနိုင်ပါကြောင်း..။ ပျော်ရာမှာမနေရ တော်ရာမှာနေရဆိုတဲ့စကားလဲ ရှိပြန်တော့ တော်ရာမှာနေရင်း ပျော်နေရသူတွေများပါတယ်။ ပြန်မလွမ်းဘူးလားဆိုတော့ မလကဗျာအနေနဲ့ နိုင်ငံခြားသွားကာစ လူတွေ ဖြစ်လေ့ ဖြစ်ထရှိတဲ့ Home Sick ဖြစ်တာသက်သက်ပါ… မွေးရပ်မြေကို ချစ်လွန်းလို့တော့မဟုတ်ပါဘူး… လူဆိုတာ ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့နေထိုင်ခဲ့ကြတာ ဟိုး ကမ္ဘာဦးကာလကတည်းကပါ.. ဆိုတော့ကာ.. မွေးရပ်မြေဆိုတာထက် ဇာတိမြေကိုပေါ့နော်.. သတိရတယ်ဆိုတာ နေသားကျနေတဲ့ ဘဝလေးကို နေသားမကျသေးတဲ့နေရာကနေ ပြန်သတိရသလိုပေါ့၊ နောက်တစ်မျိုး၊ အဆီအဆိမ့်တွေချည်းပဲ စားလာရလို့ တစ်ခါတစ်လေတော့ အပြောင်းအလဲလေးအနေနဲ့ ငါးပိရည်လေးနဲ့ မြိန်မြိန်ရှက်ရှက်စားခဲ့ဖူးတာကို ပြန်လွမ်းသလိုပါပဲ။
ပြောချင်တာကတော့ သတိတော့ရပါတယ်၊ ပြန်ဖို့အတွက်လဲ အကြောင်းပြချက်ခိုင်ခိုင်လုံလုံရှိမှပဲ ပြန်ချင်ပါတယ်ဆိုတဲ့အကြောင်း…
Foreign Resident
August 29, 2012 at 5:22 am
” နိုင်ငံခြားသွားကာစ လူတွေ ဖြစ်လေ့ ဖြစ်ထရှိတဲ့
Home Sick ဖြစ်တာသက်သက်ပါ ”
ကို ရှူံးလူ ပြောတာ မှန်ပါတယ် ။
အစ ပိုင်းမှာ ခဏတော့ လွမ်းမှာပေါ့ ။
နောက်တော့လည်း မြန်မာပြည်ကို ပြန်ခိုင်းရင်တောင် ၊
မပြန်ချင်တော့တဲ့သူတွေ ဩဇီမှာ အများကြီးပါ ။
သူတို့ပြောကြတဲ့ အကြောင်းပြချက်က ၊
ခြင်ယင်ပေါ ၊ ဖုန်ထူ ၊ လှုရှုပ် ၊ ဆင်းရဲ ၊
ကျန်းမာရေး အတွက် တော်တော်ဆိုးတယ်တဲ့
မောင်ပေ
August 28, 2012 at 7:50 pm
မန်းတလေးသူ မွန်းကဗျာလေးမှန်း အခုမှသိရတယ်
ဒီကနေ ့ကစပြီး လုံးဝ စိတ်အားမငယ်ရဘူးနော်
မောင်ပေ အမြဲတမ်း အားပေးနေပါမယ်
🙂
ကို ခင်ခ
August 28, 2012 at 9:48 pm
ကျွန်တော်ကတော့ ရောက်တဲ့အရပ်မှာ အဆင်ပြေအောင်နေလိုက်တာဘဲ။
အဓိက အလုပ်အဆင်ပြေရင်ပေါ့လေ။
ကျွန်တော့မွေးဇာတိက ရန်ကုန်ဆိုပေမယ့် အခုမန်းမှာအခြေချနေ ဖြစ်နေတယ်လေ။
kai
August 29, 2012 at 4:09 am
ဇာတိမြေကိုခွဲ.. တခြားတနေရာ.. ရောက်ခါစ..လွမ်းကြတာပေါ့..။
နိုင်ငံပါခြားပြီဆို.. Culture shock လည်းရှိတာကိုး..
နောက်တော့.. ပျော်လာမှာပါ.
နောက်တော့.. ပျက်ပါတယ်.. ။ အပျော်တွေလွန်ပြီးပေါ့…။မွေးရပ်ဇာတိလည်း မေ့ပါပြီ..။
ဂျပန်မှာ ပြီးခဲ့တဲ့.. ဆယ်စုနှစ်တွေ ၂ခုလောက်ကအလုပ်လုပ်ကြသူတွေပြောဆိုရိုးကတော့..
“ပျင်း၊၊ပျော်၊ပျက်၊ပြေး” တဲ့…
ပြေးအဆင့်မှာ.. မြန်မာတွေပြည်တော်ပြန်ပါတယ်.တဲ့..
သာမန်အားဖြင့်..အနောက်နိုင်ငံတနိုင်ငံမှာ.. အခြေကျသွားဖို့အတွက်…အာရှသားတယောက်အဖို့.. ၅နှစ်ကနေ.. ၁ဝနှစ်အချိန်ယူပါတယ်..။
ဒီခေတ်..ဒီကမ္ဘာမှာ…
မွေးရပ်မြေနဲ ့ခွဲခွာပြီး အလုပ်လုပ်နေရတာ ထုံးစံဖြစ်လာနေပါပြီ..
ယူအက်စ်ပြည်တွင်း စစ်တမ်းတခုအရ.. အယောက်၁၀ဝမှာ.. ၆ဝလောက်.. စွန့်ခွာထွက်ကြတာတဲ့..
မြန်မာပြည်မှာ.. လူသန်း၆ဝ ဆိုပါစို့..
.. ၆သန်းလောက် နိုင်ငံအပြင်ထွက်အလုပ်လုပ်ကြတော့.. လူဦးရေ ၁ဝရာခိုင်နှုန်းလောက်ကြီးဖြစ်နေတယ်..
ဒါက.. နိုင်ငံခြားထွက်..အလုပ်လုပ်ကြတာနော..
မြန်မာ့ရာဇာဝင်သမိုင်းမှာ.. အကြီးဆုံး..အများဆုံး.. ပြောင်းရွေ့မှုကြီးပေါ့..
မဟာမြန်မာရွေ့ပြောင်းမှု..
နိုင်ငံမခြားပဲ.. မြို့.ရွာ..မွေးဇာတိ.. ကနေ.. တခြားပြည်တွင်းမြို့တခုုခုကို.. ခွဲထွက်ပြီးအလုပ်လုပ်ကြ.. ပညာသင်ကြ..အခြေချကြတဲ့သူများ.. အယောက်၁၀ဝမှာ.. ၅ဝလောက်တော့..ရှိလောက်တယ်..။
ဆိုလိုချင်တာက..
မွေးရပ်မြေနဲ ့ခွဲခွာပြီး အလုပ်လုပ်နေကြရတယ်ဆိုတာ…
ဒီခေတ်.. လူသားတွေရဲ့.. ယဉ်ကျေးမှုထဲ.. ဝင်သွားပြီဖြစ်ပါကြောင်း…
Foreign Resident
August 29, 2012 at 5:12 am
” သူငယ်ချင်းရော မွေးရပ်မြေနဲ ့ခွဲခွာပြီး အလုပ်လုပ်နေရတာ ပျော်ရဲ ့လား ”
ပျော်တဲ့ဟာတွေ ပျော်ပြီး ၊ မပျော်တဲ့ဟာတွေ မပျော်ဘူး ။
နိုင်ငံခြားမှာ
၁ ။ ချစ်ရတဲ့ ဇနီး နှင့် ခွေးလေးတွေရှိလို့ ၊
၂ ။ ဥပဒေ က လုံခြုံစွာ အကာအကွယ်ပေးတာခံရလို့ ၊
၃ ။ ပိုကောင်းတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ၊
ပိုကောင်းတဲ့ လမ်း မီး အင်တာနက် ၊
စတဲ့ အခြေခံ အဆောက်အဦး တွေရှိလို့ ၊
၄ ။ ပိုကောင်းတဲ့ သဘာဝ ပါတ်ဝန်းကျင် ၊
အစားအစာ ၊ အသုံးအဆောင်တွေရှိလို့ ၊
ပျော်တယ် ။
မြန်မာပြည်မှာက ၊
၁ ။ မိဘ ဆွေမျိုး နှင့် ရင်းနှီးတဲ့ ငယ်ပေါင်းတွေ ရှိနေလို့ ၊
၂ ။ ကိုယ်တွေက သာမာန် အထက် နေရာမှာရှိနေလို့ ၊
အိမ်ဖေါ်တွေနှင့် သက်သက်သာသာ နေရလို့ ၊
၃ ။ မြန်မာ အစားအစာ တွေကို လွယ်လွယ် စားနိုင်လို့ ၊
၄ ။ လူ တွေက အစ ၊ အစစ အရာရာ ဈေးပေါလို့ ၊
ပျော်တယ် ။
ဘယ်နေရာမဆို ၊
သူ့နေရာနှင့်သူတော့ ပျော်စရာတွေ ရှိကြတာပဲ ။
kai
August 29, 2012 at 5:56 am
အဘဖေါရေ့..
၁နဲ့ ၄ အချိုးချလိုက်ရမလား..
ချလိုက်ရမလား.. အချိုး…။ 🙂
ပျော်စေ ..ပျောက်စေပါနော..
Foreign Resident
August 29, 2012 at 5:20 pm
ဟဲ ဟဲ ၊ သူကြီးက အရမ်းမြင်တတ်တာပဲ ။ လူဇိုး ။ 😛
we R one
August 29, 2012 at 10:16 am
အိမ်ပြန်ချင်တယ်..ဟူး……….အနွေးထွေးဆုံးအမေ့အိမ်………….။
အိမ်ပြန်ချင်တယ်ဟူး………….. အငြိမ်းချမ်းဆုံးအမေ့အိမ်……………။
ရွှေ ကြည်
August 29, 2012 at 11:00 am
ရွှေကြည်ကတော့ အမေရှိတဲ့အရပ်ကိုလွမ်းတယ် မိသားစုကိုလွမ်းတယ် မွေးရပ်မြေကတော့သံယောဇဉ်ရှိတာပေါ့။
မွေးကတည်းက 15 နှစ်လောက်ရင်းနှီးကျွမ်းဝင်ခဲ့တဲ့နေရာလေ။
ဒီအချိန်ဆိုငါတို့ဒေသမှာဘာသီးနှံတွေပေါနေပြီ။မိုးတွင်းဆို မြစ်ရေတွေတက်နေလောက်ပြီ၊
နွေဆိုသောင်တွေထွန်းနေလောက်ပြီ အဲလိုလေးပေါ့။
ဒါပေမယ့် မိသားစုကိုယ်နဲ့အတူရှိနေပြီဆိုရင်တော့ ဘယ်မှာပဲဖြစ်ဖြစ်အဆင်ပြေပါတယ်။
kotun winlatt
August 29, 2012 at 11:09 am
မွေးရပ်မြေကိုတော့ ဘယ်သူတွေက ခွဲလိုကြပါ့မလဲ..
ဒါပေမယ့်လည်း ပျော်ရာမှာ မနေရ တော်ရာမှာနေရဆိုတဲ့ စကားအတိုင်း ရေကြည်ရာမြက်နုရာမှာ နေကြရတာလေ…
ဒီတော့….လည်းးးးးဒီလိုပါပဲလေ…။
mamanoyar
August 29, 2012 at 12:06 pm
ပျော်ရာမှာမနေ တော်ရာမှာနေရတဲ့ဘဝမို့
……………………………
ကိုရင်စည်သူ
August 29, 2012 at 12:14 pm
ကုန်းပေါ်မှာ နိုင်ငံခြားခွဲခွာပြီးလုပ်တဲ့လူထက်…
ပင်လယ်ထဲမှာ လုပ်ကိုင်ရတဲ့လူက ပိုပြီး Home sick ဖြစ်ပါတယ်..
ကြာကြာနေရင် ရေကြောင်တောင် ကြောင်နိုင်ပါတယ်…
ကိုရင်တက်ခါစက တောင်တရုတ်ပင်လယ်မှာ ဘာလေးဘာနဲ့ သွားအတွေ့
လှိုင်းမူးတာ ၄ရက်လောက် ထမင်းမစားနိုင်ပါဘူး။
စားရင်လည်း အကုန်ပြန်အန်ထွက်ပါတယ်။
မွေးရပ်ကိုလွမ်းတဲ့ဒဏ်ကော စဉ်းစားသာကြည့် လွမ်းတောင် ဖုန်းမခေါ်နိုင်တဲ့အဖြစ်… :'( :'(
မွန်မွန်
August 29, 2012 at 12:20 pm
တစ်လ… မွန်မွန်တော့ တစ်ပတ်ကလေးကိုတောင် သေမတတ်ဖြစ်နေတာ။
ကြာလာရင်တော့ နေတတ်သွားမယ် ထင်တာပဲ။
နိုင်ငံခြားထိ မပြောသေးပါဘူး။ ဇာတိမြို့နဲ့ ရန်ကုန်ဆိုရင်ပဲ။ လွမ်းလိုက်တာ ကိုယ့်မြို့ကို…
နေရာတိုင်းကြားရတဲ့ ကားသံ၊ ဆူညံသံတွေ။ ပတ်ပတ်လည် ကြည့်လိုက်တိုင်းလည်း တိုက်တွေ။ နေထွက်ချိန်မသိ၊ နေဝင်ချိန်မသိ၊ ပိုက်ဆံတစ်ခုအတွက်နဲ့ မိုးလင်းမိုးချုပ် အလုပ်လုပ်နေရတဲ့ ရန်ကုန်မြို့ကြီး။
ဒါပေမယ့် တစ်ပတ်လောက်ပဲ နယ်ကိုပြန်သွား။ ရန်ကုန်ကို ပြန်ပြေးလာချင်မိတယ်။ ဘာမှလည်း မရှိဘူး။ ပျင်းစရာကြီးဆိုတာ ဖြစ်လာတယ်။ 😛
နိုင်ငံဂျား ဆိုရင်လည်း ဒီလိုပဲ ဖြစ်ပါလိမ့်မယ်… 🙂
Shwe Ei
August 29, 2012 at 12:25 pm
မပျော်ဝူး မပျော်ဝူး အတဲယေးက နယ်မှာကျန်ခဲ့တယ် အဟိ ခွိ 😀
DEPARKO DEPARKO
August 29, 2012 at 3:35 pm
ပျော်ရာမှာမနေ တော်ရာမှာနေ ဆိုတဲ့ဆိုရိုးစကားလို ဝန်ထမ်းတွေအဖို့ကတော့ ကျရာနေရာတာဝန်ထမ်းရတဲ့ကျွန်တော်တို့လို ဝန်ထမ်းတွေအတွက်ကတော့ နှစ်ပေါင်းများစွာအိမ်ဆိုတဲ့ အရာနဲ့ဝေးနေခဲ့ရတော့ အင်း ပြောရခက်သား
mayjuly
August 29, 2012 at 4:58 pm
ခွဲခွာခြင်းအစမှာတော့ သတိရခြင်းတွေ ဖြစ်တတ်ပါတယ်…
အလုပ်နဲ့ ခွဲနေရတယ်ဆိုတော့ ကြာတော့လဲ နေသားကျလာပါတယ်….