ရောက်တတ်ရာရာ

အထီးကျန်ခြင်းတစ်ချို့..
ကြိတ်မှိတ်ကာမြိုသိပ်..
ဆို့တက်လာတဲ့ ခံစားချက်တွေ..
လွင့်ထွက်သွားမတတ် ပြင်းထန်လွန်းလို့..
အောင့်သက်သက်နဲ့ နာကျင်ရတယ်..။

ဖြစ်သမျှအရာအားလုံး..
င့ါ-အကြောင့်နဲ့ င့ါ-ဘဝဇာတ်ခုံက..
ပန်းခင်းထားတဲ့ လမ်းလည်း မဟုတ်ခဲ့ဘူး..
ရောက်တတ်ရာရာမှာ နေပျော်အောင်နေတတ်ခဲ့ဖို့အတွက်..
ငါကြိုးစားခဲ့တယ်..။

ဝမ်းနည်းခြင်းအတိ၊ ကြေကွဲခြင်းအတိနဲ့..
ပိုးဆိုးပက်စက် လမ်းဆုံးနေတဲ့..
အမှောင်ထုရဲ့ အဆုံးမှာ အလင်းတန်းစလေး တစ်ခုတွေ့လို့..
ငါရှာကြံပြီး ပျော်နေမိတော့မလို့..
ငါမသိခဲ့မိဘူး င့ါအတွက်ဆိုတာ..
မျှော်လင့်ခြင်းတွေ ယုံကြည်ချက်တွေ..
င့ါရဲ့ကတိတွေ ပျက်ဆီးဆုံးရှုံး ရိုက်ချိုးခံလိုက်ရပြီး..
ဥပေက္ခာတွေ တနင့်တပိုးရလိုက်ရမယ်လို့..
ငါတွေးမထားမိလိုက်ဘူး..။

လမ်းဆုံးမှာ ပျောက်ဆုံးနေတဲ့ င့ါရဲ့ပျော်ရွှင်ခြင်းတစ်ချို့..
ဦးတည်ချက်ရှိနေသလိုလိုနဲ့ ဦးတည်ချက်မဲ့နေခဲ့ပြီ..
င့ါရဲ့ခံစားချက် င့ါရဲ့ခြေလှမ်း င့ါရဲ့ပျော်ရွှင်ခြင်းတွေ ဆိုတာ……
ယဲ့ယဲ့လေးပဲ ကျန်တော့တယ်………..။

21 comments

  • ခပ်မိုက်မိုက် ကောင်မလေး

    August 31, 2012 at 11:43 am

    ငါအားတင်းကာရှေ့ဆက်ရဦးမယ်လေ…။

    • Mobile

      December 13, 2012 at 8:48 pm

      စကားလုံး အသုံး အနှုန်းများကို သဘောတွေ့လှကြောင်း။
      အားပေးသွားပါ၏။

  • ကို ခင်ခ

    August 31, 2012 at 12:05 pm

    ( င့ါရဲ့ခံစားချက် င့ါရဲ့ခြေလှမ်း င့ါရဲ့ပျော်ရွှင်ခြင်းတွေ ဆိုတာ……
    ယဲ့ယဲ့လေးပဲ ကျန်တော့တယ်………..။ ) ဆိုတဲ့ ခပ်မိုက်မိုက်လေးရေ။

    ကျန်တဲ့အင်အား စုစည်းထားလို့၊
    အသစ်တဖန် ပြန်စကြစို့၊
    လှမ်း၍မြင်တာ နေသစ်ပါ။

  • ကို ခင်ခ

    August 31, 2012 at 12:06 pm

    ( င့ါရဲ့ခံစားချက် င့ါရဲ့ခြေလှမ်း င့ါရဲ့ပျော်ရွှင်ခြင်းတွေ ဆိုတာ……
    ယဲ့ယဲ့လေးပဲ ကျန်တော့တယ်………..။ ) ဆိုတဲ့ ခပ်မိုက်မိုက်လေးရေ။

    ကျန်တဲ့အင်အား စုစည်းထားလို့၊
    အသစ်တဖန် ပြန်စကြစို့၊
    လှမ်း၍မြင်တာ နေ့သစ်ပါ။

  • ချိုတူး

    August 31, 2012 at 1:02 pm

    ခံစားချက်လေးကို မျှဝေပေးလို့ ကျေးဇူးတင်ပါတယ်
    အကြံလေး တစ်ခုပေးချင်ပါတယ် ………………..။
    ရင်နာစရာတွေ ကြုံချင်လို့များ
    ခပ်မိုက်မိုက်လို့ ပေးထားတာလားကွယ်

  • Kim Kumuddra

    August 31, 2012 at 1:08 pm

    အမှောင်ထုရဲ့ အဆုံးမှာ အလင်းတန်းစလေး တစ်ခုတွေ့လို့..
    ငါရှာကြံပြီး ပျော်နေမိတော့မလို့

    တဲ့လားကွယ်

    အားပေးသွားပါတယ်နော်

  • ခပ်မိုက်မိုက် ကောင်မလေး

    August 31, 2012 at 1:15 pm

    ရင်နာစရာတွေကြုံချင်တယ်လို့များ…
    တမင်တကာ ဝေမျှပေးထားတယ်လို့တော့…
    မဟုတ်ရပါဘူး…
    နာကျင်စရာတွေဆိုတာလည်း…
    အနည်းနဲ့အများတော့ ကြုံတွေ့နေရဦးမှာပါပဲ…
    အခုလို စာရေးခွင့်တွေ ပေးထားခဲ့တဲ့…
    ဂေဇက်ကို မိုက်လေး အရမ်းကျေးဇူးတင်ပါတယ်…
    ဝေဒနာတွေ အတွက်ဖွင့်ဟခွင့်လေး ရခဲ့လို့ပါ…။

    • ချိုတူး

      August 31, 2012 at 2:30 pm

      တမျိုးမထင်ပါနဲ့ ဗျာ
      ကျနော်ဆိုလိုတာက နာမည်ယူရင် သူ့ဓာတ်သက် ပါတတ်တာကိုး
      တခါတလေ ဘယ်ရယ်မဟုတ် ပေးလိုက်တဲ့ နာမည်က အဲ့ပုံအတိုင်း
      ဖြစ်သွားတတ်တယ်။
      အဲဒါလေးပြောတာ
      ခပ်လှလှလေး မပေးရင်တောင် အဆင်ပြေစေချင်လို့
      အဲ ဥပမာ ကျနော့်အိမ်နာမည် ချိုတူး
      အဖေ အမေကတော့ ချိုလွန်းစေချင်လို့
      ဒါပေမဲ့ ဘာဖြစ်သွားလဲ ဆိုတော့
      ချိုမလိုလိုနဲ့ ခါးတူးတာလား ချဉ်တူးတာလား
      ဖြစ်ကုန်ရော ခင်ဗျ

      အော် ဓာတ်သက် ဓာတ်သက်
      မသက်ရဲ့ ညီမ
      နှစ်တသောင်း ကျိန်စာ ( idea copy to Kai )

  • may flowers

    August 31, 2012 at 2:06 pm

    အားပေးသွားပါတယ် မိုက်လေးရေ…။

  • ခပ်မိုက်မိုက် ကောင်မလေး

    August 31, 2012 at 2:36 pm

    တစ်မျိုးမထင်ပါဘူး…
    အယူအဆဆိုတာ မတူမျှရင်တော့…
    အဆင်ပြေမှုတွေ နားလည်မှုတွေ…
    အရာရာကလည်း ပျောက်ဆုံးတတ်ပါတယ်…
    မိုက်လေးတော့ မသိတော့ပါဘူး…။
    ဖြစ်လာသမျှကိုပဲ မူတည်ပြီး…
    အကောင်းဆုံးကိုပဲ တွေးရတော့မှာပေါ့…။

    • ရဲစည်

      September 1, 2012 at 12:52 am

      ညီမ မိုက်လေးရေ
      ဘာပဲ ပြောပြော
      ညီမမှာ ပရိတ်သတ်ရှိနေပီမို့
      စာကောင်းပေမွန်လေးတွေ
      အလွမ်းအဆွေးလေးတွေနဲ့
      ဂဇက်မှာ နေရာတစ်နေရာ
      ရနေပါပီကွာ …………….
      အားလေး တင်းထားပါအုံးနော်

      ခင်တဲ့
      ခပ်မူးမူးကောင်လေး(ခ) ယွဲစည်

  • ရွှေ ကြည်

    August 31, 2012 at 3:07 pm

    မိုက်လေးရေ အားတင်းရင်းရှေ့ဆက်ကြစို့ 😀

  • mayjuly

    August 31, 2012 at 3:27 pm

    ပြီးခဲ့တာကို အတိတ်မှာထား ….

    ခုလက်ရှိပစ္စုပ္ပန်တည့်တည့်ကိုသာရှု့ကြည့်ပါ …..

  • Tun Tun Naing

    August 31, 2012 at 3:54 pm

    ကောင်မလေးရေ.. ကောင်းပါတယ်ခင်ဗျ(ဖတ်လို့ကောင်းတာကိုပြောတာနော်)
    ဒါပေမဲ့.. ဘာကို ဆိုလိုတယ်ဆိုတာလေးပြောပြရင်သိပ်ကောင်းမယ်ခင်ဗျ..
    အချစ်ကိုပြောတာလား.. ဘဝကိုပြောတာလား..ခင်ဗျ…
    တွေးရင်းခေါင်းစားရပါကြောင်းခင်ဗျ…

  • ခပ်မိုက်မိုက် ကောင်မလေး

    August 31, 2012 at 4:50 pm

    အချစ်နဲ့ဘဝ…

  • မိုက်လေးရယ် ..
    ဂလောက်နဲ့တော့ စိတ်ဓါတ်ကျပါနဲ့ကွယ် ..
    ဘူမှ မရှိလည်း ဘေးနားမှာ ကိုကို တစ်ယောက်လုံး ရှိတာပဲ .. အဟိ .. 😀

  • မောင်ပေ

    August 31, 2012 at 9:10 pm

    ခပ်မိုက်မိုက် ချစ်ကြစို ့
    အိုဘာတဲ့….
    ခပ်မိုက်မိုက် ချစ်ကြစို ့

  • ကြောင်ကြီး

    September 1, 2012 at 12:18 pm

    ရောက်တတ်ရာရာ
    ဂေါဖ့်ဆက်အမှာစာ
    ဘောက်ဖတ်ပါလာ
    ဖောက်ပျက်ဆာဗာ
    ကောက်တပ်အသာယာ
    သောက်ရှက်အာပလာ..။

  • ကိုရင်စည်သူ

    September 1, 2012 at 1:18 pm

    တိပါပီ.. တိပါပီ… မိုက်ကလေး ခံစားပြီး အဲ့လိုဖြစ်နေတာ..
    ဦးစည်ကြောင့်.. ဦးစည် မကောင်းခဲ့တာတွေကြောင့်ပါ… 😳 😳
    ထီးကျန်ပြီး မိုးမမိအောင် ဦးစည်ရဲ့ ကျောပြင်ကို
    ဝေါယာဉ်လုပ်ပလိုက်စမ်းပါ.. 🙂
    ဦးစည်က မိုက်ကလေးအတွက်ဆို လိုအပ်ရင် ဘွတ်အဲ..ပဲ.. ပဲ.. 😆 😆

Leave a Reply