Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အင်တာနက်ကိုအခြေခံပြီးလိမ်ကြသူများအကြောင်း…………

etoneJuly 9, 20101min1933

အခု ခေတ်ကြီးမှာ လိမ်နည်းတွေက ပိုပြီးများလာပါတယ်။ လိမ်တဲ့နည်း တွေကလည်းအရင့်၊
အရင်တုံးက နည်းအတိုင်းတွေပါဘဲ ၊ ဖဲသုံးချပ်လိမ်တာ ၊ ရွှေအတု ချ
ကောက်ရသလိုလုပ်ပြီးလိမ်တာ ၊ လိမ်ပြီး အလှူခံတာ ၊ ကုန်သည် က
ကုန်ဝယ်ချင်ယောင်ဆောင်ပြီးလိမ်

တာအခုမှ တော က တက်လာပြီး ၊ ရန်ကုန်ထဲ မှာ
မျက်စိသူငယ် ဖြစ်နေချင်ယောင်ဆောင်ပြီးလိမ်တာ စုံလို့ပါဗျာ ၊ အရင်တုံး က လူလိမ်
နေအေး ရဲ့ လိမ်နည်းများ ဆိုပြီး စာအုပ်ထုတ်ထား တာ ကြားဘူးပါတယ်။ ရှိ တဲ့ သူများ
ဗဟုသုတ အတွက် တင်ပေးကြပါဦး ။

လိမ်သမျှ နည်းတွေ က လဲ ၊ ကျွန်တော် တို့ ဗမာလူမျိုးတွေ ရဲ့ ယုံလွယ်တဲ့
စိတ်ကိုယ်ချင်းစာ တတ်တဲ့ စိတ် ၊ သူများ ကို ကူညီလိုတဲ့ စိတ် ၊ အားနာတတ်တဲ့
စိတ်သူများ ‘ဒုက္ခရောက်နေရင် မနေတတ်တဲ့ စိတ် တွေ ကို အခွင့်ကောင်းယူပြီးရိုးရိုး
ရှင်းရှင်း လေး လိမ်သွား ကြတာပါ။

အခုရက်ပိုင်း ကြားနေရတာက အင်တာနက် အခြေပြုပြီး လိမ်တာ တဲ့ ဗျ။ယာဟူးမေးလ် ၊
ဂျီမေးလ် ၊ ဂျီတော့ခ် တွေ ကို အခြေခံပြီး လိမ်တာ ၊ လိမ်တဲ့ သူ ကလဲ ဗမာပြည်က
လူတွေ ဘဲ ဖြစ် ပါတယ် ၊ အလိမ်ခံ ရတာလဲ ဗမာပြည် က လူတွေပါဘဲ။
အခု အင်တာနက် ဆက်သွယ်ရေး က ကောင်းလာတော့ ၊ ခု န ပြောတဲ့ယာဟူးမေးလ် ၊ ဂျီမေးလ် ၊
ဂျီတော့ခ် တွေ ကို လူသုံးများလာပါတယ် ။အများစု ကတော့ ဆိုင်တွေ မှာ သုံးကြပါတယ်

‘ဒီဟာတွေ က ၊ ပါတ်စ်ဝဒ် တွေကို လုံခြုံအောင် လူအများစု က
ဂရုမစိုက်ကြပါဘူး။ငါတို့ က လျို့ဝှက်စရာ မရှိဘူး ၊ မဟုတ်တာ ပြော တာ မဟုတ် ဘူး
၊ဟို လို မျိုး ၊ ရှုပ်ရှုပ် ရှက်ရှက် နိုင်ငံရေး လဲ မပြောဘူး ၊ဆင်ခြေ
အမျိုးမျိုး နဲ့ ပေါ့ဗျာ။ကိုယ် ကို တိုင် မသုံးတတ် တာလဲ ပါမှာပါ ၊ သူများ ကို
လုပ်ခိုင်းတာ ၊ဆိုင်ကိုဘဲ အားကိုးပြီး အပ်ထားတာ ၊ အကြောင်း အမျိုးမျိုး ပေါ့
ဗျာ။ကိုယ့် အီးမေးလ်တွေ ရဲ့ လုံခြုံရေး ကို ဂရုမစိုက်တတ်ကြ ပါဘူး ခင်ဗျ။

အခု အဲဒီ ပါဆင်နယ် အီးမေးလ်တွေ ၊ ချတ်တင်လော့ဂ် တွေ ကို စိမ်ပြေ နပြေ
ထိုင်ဖတ်ပြီးယုတ်တိရှိရှိ အမှန် အကန် ၊ ပုံဖမ်းပြီး လိမ်နေတဲ့ ကိစ္စတွေ
ရှိလာပါပြီ။‘ဒီလူလိမ် က သူ့ မှာ နည်းမျိုးစုံ နဲ့ ရှာထားတဲ့ အီးမေးလ် ၊ ချတ်တင်
ပါတ်စ်ဝဒ်တွေ နဲ့စာတွေကို နေ့တိုင်း ဖတ်ပြီး လေ့လာတယ် ၊ပြီးတော့ သေချာတဲ့ ဂွင်
ဆို သွားလိမ်တော့တာပါဘဲ။

ကျွန်တော့ အသိ က စင်္ကာပူမှာ အလုပ်လုပ်တယ် ၊ မကြာခန တခြားနိုင်ငံတွေ ကို
အလုပ်သဘောအရ သွားရတယ် ၊ သူ နဲ့ သူ့ အိမ် နဲ့ ဆက်သွယ်သမျှ ၊ ချတ်တင် ပြောသမျှ
တွေ ကို
လူလိမ် က တော်တော် စောစော ကတဲက စာတွေ ခိုးဖတ်ထားလို့ အကုန် သိနေတယ် ခင်ဗျ။

ပြီးခဲ့ တဲ့ အပါတ် က အဲဒီ အသိ ၊ က ထုံးစံ အတိုင်း ခရီးသွားရပါတယ်။ခုန လူလိမ် က
အဲဒီအချိန် မှာ စ လိမ်တော့ တာပါဘဲ ၊ မင်္ဂလာဈေး က ၁သောင်းကျော်လောက်ပေးရတဲ့
သစ်သီးဖျော်စက်လေးရယ် ၊ မိတ်ကပ်ဘူး အပေါစားလေးတွေ ရယ်ကိုင်ပြီး ၊ သူ့မိဘ အိမ်
ကို ရောက်လာပါတယ် ၊ သူနဲ့ စင်္ကာပူ က သူတို့သား နဲ့လုပ်ဖော် ကိုင်ဘက်ဖြစ်ကြောင်း
၊ အခု သူ က ဗမာပြည်မှာ အလှူ လုပ်စရာရှိလို့ ခွင့်တပါတ်ယူလာတဲ့ အကြောင်း ၊ သူ့
သူငယ်ချင်းလဲ ခရီးသွားကာနီး ၊ သူ ဗမာပြည်ပြန်
မှန်း သိရလို့ ကသောကမျော လက်ဆောင်ဝယ် လူကြုံ ထည့်ပေးလိုက် လို့လာပို့ကြောင်း
ပြောပါတယ် ၊ သူနဲ့ အလွန်ခင်ကြောင်း ၊ သူ့ မိသားစု အကြောင်း တွေ ကိုဟို
အီးမေးလ်တွေ ချတ်တင်လောဂ် တွေထည်း က ခိုးဖတ်ထား လို့ သိရတာတွေ ပါရွှန်းရွန်းဝေ
အောင် ပြောသကိုးဗျ ၊ မိဘ တွေ က လဲ ၊ သား ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေကိုတွေ့ ရလို့
ဝမ်းတွေ သာ နေသကိုးဗျ။

နောက် ၂ ရက်လောက် ကြာတော့ မိဘ တွေ ဆီ ကို အီးမေးလ် လာတယ်။သားဖြစ်သူ က သူ ခန
သွားတဲ့ ဗီယက်နမ် နိုင်ငံ မှာ ပိုက်ဆံအိတ် ခါးပိုက် အနှိုက်ခံရကြောင်း ၊
ပါတ်စပို့တောင် ပါသွားလို့ ၊ အတော် အခက်အခဲ ဖြစ်နေကြောင်းရန်ကုန် မှာ
ရောက်နေတဲ့ ၊ သူ့ သူငယ်ချင်း ကို အကူအညီ တောင်းထားကြောင်းစိတ်ပူဘို့
မလိုကြောင်း ရေးထားပါတယ်။

အဲဒီစာ အားလုံး က ခုန လူလိမ် က ကြား ထဲ က ဝင်ရေးတာပါ။ နောက်နေ့မနက် မှာတော့
ဒီလူလိမ် အိမ် ကိုရောက်လာပါတယ် ၊ သူ စင်္ကာပူ ကို ပြန်တော့
မှာမို့လာနှုတ်ဆက်တာပါတဲ့ ၊ တခြား မှာ စရာ ရှိရင်ပြော ပါဆိုပြီးနှုတ်ဆက်ပါတယ်။
တခြားတော့ ဘာ မှာ မပြောပါဘူး ၊ ‘ဒါနဲ့ မိဘ တွေ က မေးရကောင်းနိုးနိုးမမေးရကောင်း
နိုးနိုး ပေါ့ ၊ မနေနိုင်လို့ အမေကြီးလုပ်သူ က သူ့ သားဗီယက်နမ် မှာ ပိုက်ဆံအိတ်
ပျောက်သွားတာ သိသလား ဆိုတော့ ၊ ဒီ လူ က မှင်သေသေနဲ့ဟာ ၊ မပူ နဲ့ အမေကြီး ၊ ဒါ က
ကျွန်တော့ တာဝန်ပါ အကုန်စီစဉ်ထားပါတယ်စိတ်မပူပါနဲ့ ဆိုပီး ရီရီမောမော ပြောပါတယ်
။ ပြီးတော့ တခြား သူခိုးဖတ်ထား တဲ့မိသားစု ရေးရာ တွေ ကို ကောင်းကောင်း
ရွှီးနေတော့ တာပါဘဲ တဲ့ ခင်ဗျ။
ပြန်ခါနီး မှ သူ့ မှာ သူငယ်ချင်းဆီ ပိုက်ဆံ ပို့တာ ၊ လက်ထဲ ရှိတဲ့ ဗမာငွေ
နဲနေလို့ခြောက်သိန်းလောက် ခနပေး ပါ။ ကျန်တာတော့ သူဘဲ စိုက်ပြီး ချက်ချင်း ငွေ
ပို့ချင်လို့ဆိုပြီးပြောပါတယ် ၊ မိဘ က လည်း သူ့သား ကိစ္စ ကို ကူညီ နေသူ ကို
ဆိုတော့ခြောက်သိန်း လောက်တော့ ပြော မနေတော့ပါဘူး ဆိုပီး ပေးလိုက်ပါတယ်။အဲဒီ မှာ
လူလိမ် ဆီ ကို ပိုက်ဆံ ပါ သွား ပါလေ ရော ဗျာ ။

ရိုးရိုး လေး လိမ်သွားတာပါ ၊ လိမ် ပုံ လိမ် နည်း က ဟုတ်တိ ပါတ်တိ ဆိုတော့ကာ
လိမ် နေ မှန်း ချက် ချင်း ဘယ် သိပါ့ မလဲ ၊ ကိုယ် က တောင် ကျေးဇူးတွေ
တပုံကြီးတင်လိုက်ရ ပြီး အလိမ်ခံ လိုက်ရတာပါ ။ ဒီလို ဇာတ်လမ်း မျိုး ၊ အီးမေးလ်
အကြောင်းပြု ပြီးအလိမ် ခံရတယ် ကြားရတာ ၂ ယောက် ၃ ယောက် ရှိပါပြီ။
ဘာ အကြောင်း ကြားကြား ၊ သွေးပူ သွားစရာ မရှိ ပါဘူး ၊ သေချာ အောင်တယ်လီဖုန်း
စောင့်ပါ။ တခြား ရင်းနှီးသူ သူငယ်ချင်းများ ကို ထပ်ဆက်သွယ်ပါ။၂ ထပ်ကွမ်း ၃
ထပ်ကွမ်း စုံစမ်းပြီး ၊ သတင်း ကို သေချာ အောင် စုံစမ်းကြပါ။အီးမေးလ် က ၊
ချတ်တင် က ကြားလို့ သိလို့ က တော့ ၊ ဘယ်သူ ဘယ်ဝါဘယ်သားချင်း ၊ ဘယ် သူငယ်ချင်းဘဲ
ဖြစ်ဖြစ် ၊ ချက်ချင်း မယုံလိုက် ကြပါနဲ့။သူ တို့ ကိုယ်တိုင် ရေးတာ ဟုတ်ချင် မှ
ဟုတ်မှာပါ။ ဘာ မှ မသေချာပါဘူး ခင်ဗျာ ။

လူလိမ် ဆိုတာက ဂျို ပါ နေတာ မဟုတ်ပါဘူး ၊ကိုယ့် ကို လိမ် ဘို့ ၊ ဘယ် အချိန်
ကတဲက ၊ ဘယ်လို ကြံစီ နေတယ် ဆို တာကိုယ် က သိနိုင်တာ မှ မဟုတ် တာ လား၊ ခင်ဗျာ ။
မြန်မာပြည်သူ ၊ မြန်မာပြည်သားများ အားလုံး ၊ လူ အချင်းချင်း လှည့်ပါတ်ခံ ရ
ခြင်း၊ ဘေး မှ ကင်းဝေး နိုင်ကြပါစေ။နှလုံး စိတ်ဝမ်း အေးချမ်း ကြပါစေ ခင်ဗျား ။

(သူငယ်ချင်းတစ်ယောက်ပေးပို့လာတာလေးကိုရှယ်ပေးလိုက်ပါတယ်..အားလုံးပဲလူလိမ်ခံရခြင်းမှ
ကင်းဝေးပါစေ)

3 comments

  • SoeLin

    July 21, 2010 at 3:12 am

    ဟုတ်တယ်ဗျာ ..
    လူတွေက တဖြည်းဖြည်းနဲ့ ကိုယ်ကျင့်တရားတွေ ပျက်စီးလာနေကြပြီ . ..
    ဒါက တိုင်းပြည်စီးပွားရေးနဲ့လည်းဆိုင်တယ်လု့ိထင်ပါတယ် . .
    ငွေရှာရတာခက်လာတော့ လွယ်တဲ့လမ်းကို လိုက်ကြတာနဲ့တူပါတယ် ..
    ဒီလိုပါပဲဗျာ …
    ငွေကိုလိမ်တာအပြင် … အချစ်ကိုလိမ်တာတွေလည်း အများကြီးတွေ့ဖူးတယ် …
    စိတ်တော့မကောင်းဘူး …

  • kokothandar

    August 7, 2011 at 7:30 pm

    Live is such a dream.If you belief somebody more than the current situation you will be face such kind of problems.

  • pyinlepyaw

    August 7, 2011 at 10:30 pm

    ငွေ ရလွယ်တဲ့လုပ်ငန်းနောက် ကောက်ကောက်ပါအောင် လိုက်သွားရင်း တီထွင်ကြံဆ နည်းလမ်းရ ပုံစံ
    မျိုးတွေ ကိုတစ်လွဲ ဆံပင် သုံးကြတယ် လို့ယူဆမိ ပါတယ် ၊
    ကျွန်တော်တို့ နိုင်ငံမှာ အလုပ်လုပ်ကြရသလောက် ရသင့်ရထိုက်တဲ့ အသပြာ က နဲတယ်မို့လား ၊
    ဝမ်းရေးကလဲ ခက်လေတော့ ကြံမိကြံရာ ကြံရာကတဆင့် လိမ်လို့ရလာတဲ့ ငွေ အပေါ် မတော်လောဘ
    တက် အသက်မွေးဝမ်းကျောင်း အဖြစ်အသွင်ပြောင်းသွားရတယ် လို့ ထင်မြင်မိပါတယ်၊
    ကိုယ်လုပ်သလောက် ကြိုးစားသလောက် ထိုက်တန် တဲ့ လုပ်အားခ ငွေ ကြေး မျိုးသာရရှိ ခဲ့မယ်ဆိုရင်
    ဝမ်းရေးအတွက် လိမ်စားသူတွေ လျော့ နည်းသွားမယ်လို့ တွေးနေမ်ိပါတယ် ။

Leave a Reply