သိဝူး .. သိဝူး .. ဘာမှ သိဝူးးးး
တစ်ရံတစ်ပါး၌ ကျွန်ုပ် မောင်အံစာတုံး သည် နတ်သမီးမျှ လှပချောမောသော ကောင်မလေးတစ်ယောက်အား တော်ကီပွားရန် အလို့ငှာ ကြံရွယ်နေမိလေ၏ …
(ဤကား နိဒါန်း ….)
+++++++++++++
ကျွန်ုပ်သည် မှောက်၍တစ်ဖုံ၊ လှန်၍ တစ်ခါ၊ လျောက်လျက် တစ်လဲ၊ ဆေးလိပ်ကို ခဲလိုက်ဖြင့် စိတ်ကူးအတွင်း ဇာတ်ကွက်ချနေမိလေ၏ ..
“ဟေ့ …” ဟူ၍ စခေါ်ရင် ကောင်းမလား ??????
“ဟိတ် …” ဟူ၍ စခေါ်ရင် ကောင်မလား ??????
ခက်သည်က သူမ၏ အမည်နာမအား ကျွန်ုပ် မသိခြင်းပင် ဖြစ်လေသည် …
သို့တစေ နာမည် မသိ၍ ကိစ္စမရှိ။ အဓိကမှာ နှစ်လုံးတည်းသာ ဖြစ်လေ၏ …
ဟုတ်၏ … သူမအား “ချစ်သည်” ဟူ၍ ပြောလိုက်ဖို့ပင် ဖြစ်လေသည် ..
ဤသို့ ဤသို့ဖြင့် ကျွန်ုပ်သည် ယတိပြတ် ဇာတ်ကွက် ချပြီးသည့်နောက် နှစ်ခြိုက်စွာ အိပ်စက်လိုက်လေတော့၏ …
+++++++++++
“တိုက်ပွဲခေါ်သံ …..”
ဤသို့ သုံးနှုန်းပါက ကျွန်ုပ် လွန်အံ့ မထင် …
အဘယ်ကြောင့် ဆိုသော် အဆိုတော်ကြီး တွံတေးသိန်းတန်ပင် “စစ်ပွဲတစ်ရာ နွှဲလိုက်ချင်ရဲ့ .. ♪ .. ♫ .. အချစ်တစ်ပွဲတော့ မနွှဲချင်တော့ဘူးကွယ် .. ♫ .. ♪ .. တူးနှယ် .. တူးနှယ် ..” ဟူ၍ သီဆို ခဲ့ခြင်းကြောင့်ပင် ဖြစ်လေ၏ …
သို့တစေ .. ကျွန်ုပ်၏ တိုက်ပွဲကား မစသေး …
သို့ရာတွင်မူ ………….
++++++++++++
“ယိ … ယား .. ကျား …”
ကျွန်ုပ်သည် အခန်းတံခါးအား အလုံပိတ်၍ ကိုယ်လုံးပေါ် မှန်ကြီးရှေ့တွင် လေ့ကျင့်နေခြင်း ဖြစ်လေ၏ …
သေတ္တာ အတွင်းမှ အဝတ်အစားများမှာလည်း ကုန်လောက်လု နီးနီး ဖြစ်နေလေပြီ ..
သို့ရာတွင် ကျွန်ုပ်ကား စိတ်တိုင်း မကျနိုင်သေး …
အရေးထဲ … တိုင်ကပ် နာရီအားလည်း လှမ်းကြည့်ရသေး ….
သို့ဖြင့် နောက်ဆုံး၌ ကျွန်ုပ်သည် စိတ်တိုင်း အကျဆုံးဟု မယူဆနိုင်သော်လည်း … အကောင်းဆုံး ဖြစ်မှာပါပဲလေ ဟူသော စိတ်ဖြင့် …
အောက်က ဘောင်းဘီအတို ကြပ်ကြပ်၊ အပေါ်ဂ လက်ပြတ်အင်္ကျီ အနီရောင်ကို ဆင်မြန်းပြီးနောက် ဦးထုပ် အနက်ကျား တစ်လုံးအားလည်း ဘေးလွှဲ အနေအထားဖြင့် ဆောင်းလိုက်လေတော့၏ …
ကျွန်ုပ်ကား လွန်စွာ တောင့်၍ ဖြောင့်သော လူတစ်ယောက် ဖြစ်သည့်အတွက် စမတ်ကျ၍ နေတော့၏ …
သို့ဖြင့် အသင့် ပြင်ဆင်ထားသော လွယ်အိတ်အား လွယ်လျက် တိုက်ပွဲဆီသို့ ဦးတည် ထွက်လာခဲ့လေတော့၏ …
++++++++++++++
“ဘာ !!!!!!!!!!!”
“ကတောက် !!!!!!!!!!!!!”
သူမ ထံမှ ထွက်ပေါ်လာသည့် သာယာနာပျော်ဖွယ် အသံသာလေးများသာ ဖြစ်ပါတော့၏ …
“ရှင်က ဘာပြောတယ်၊ ပြန်ပြောစမ်းပါဦး”
“ဟို .. ဟိုလေ .. ဒီဂ မဟိုဒင်းကို ကျနော်က ဟိုဒင်း ချင်လို့ပါလို့ ပြော .. ပြော ..”
“တော် … တိတ် …၊ ရှင်က ကျမကို ဘာကောင်မများ မှတ်နေတုန်း”
“ဘာကောင်မ မှ မှတ်ပါဘူး ..၊ ဟိုလေ .. ရိုးရိုးသားသား ပြောရရင် မဟိုဒင်းက တိရစ္ဆာန် အကောင်ပလောင်တွေနဲ့ တူတာဆိုလို့ အမွေး .. အမွေး ပေါက်တာပဲ တူ .. တူ “
“ဘာ …. ရှင့် .. ရှင်တော့ လွန်ပြီနော် .. ဟင်း .. ဟင်း “
သူမ ၏ စကားသံတို့သည် ဒေါသများဖြင့် လွှမ်းနေပါလေ၏။ ကျွန်ုပ်အနေဖြင့် ရိုးသားစွာ ချစ်ခွင့် ပန်ခြင်းသာ ဖြစ်လေသော်လည်း သူမကတော့ လက်သင့်မခံ …
ဟူးးးးးးးးးးးးးး
ကျွန်ုပ် ရင်မောရလေပြီ။ ဘယ်လို ပြောရပါ့ … 🙄
ဤသို့ ကျွန်ုပ် အဝေးသို့ငေး၍ ပြောရမယ့် စကားများအား တွေးမိနေစဉ်မှာပင် …
“ကတောက် !!!!! ဘောက် … ဘောက်”
သူမ၏ ကျယ်လောင်သော တောက်ခေါက်သံနှင့်အတူ မြေကြီးကို ဆောင့်နင်း၍ ထွက်သွားသံတို့သည် ကျွန်ုပ်၏ နားဝသို့ တိုးဝင်လာလေ၏ …
ကျွန်ုပ် မနေသာတော့ …
“ဟေ့ … ဟိတ် .. နေ .. နေဦးလေ … မင်းကို ဟိုဒင်း .. ဟိုဒင်း …”
ကျွန်ုပ်၏ အသံအား အောင်မြင်ပေစွတကား ….
သူမ၏ ခြေလှမ်းတို့ တုန့်ခနဲ ရပ်သွားလေ၏ …
ပြီးနောက် ကျွန်ုပ်ဘက်သို့ ပြန်လှည့်လေ၏ …
ကျွန်ုပ်၏ အသံအား ဤမျှ စွမ်းလိမ့်မည်ဟု ကျွန်ုပ်ပင် ထင်မှတ်မထားမိပါပေ …
“ဘာရှင့် … “
သူမ၏ မျက်လုံးတို့သည် ဒေါသတို့ဖြင့် အရောင်တောက်နေလေ၏ …
“နောက်အခါ ရှင့်ရဲ့ ဟိုဒင်း ဆိုတဲ့ စကားကို ထပ်မပြောပါနဲ့၊ စောစောစီးစီး ကျက်သရေကို မရှိဘူး”
“မဟုတ် .. မဟုတ်ပါဘူးဗျာ .. ကျနော် ဟိုဒင်း ချင်တယ်ဆိုတာ တကယ့်ကို ဟိုဒင်း ချင်လို့ပါ”
“ရှင် .. ရှင်နော် … နောက်အခါ ထပ်ပြောရင် ကျမ အဆိုး မဆိုနဲ့”
“သူများတွေ ဟိုဒင်း သလို ကျနော်လည်း ဟိုဒင်းချင်တာ ကျနော် လွန်သလားဗျာ”
“ဘာ !!!!!!!”
“ဖြောင်း !!!!!!! ဖြောင်း !!!!!!! ဖြောင်း !!!!!!!”
“မှတ်ထား … ကတောက် !!!!! ဘောက် .. ဘောက် .. ဘောက်”
သူမ ကျောခိုင်း၍ ထွက်သွားသံကို အတိုင်းသား ကြားလိုက်ရလေသည် …
သို့ရာတွင် ကျွန်ုပ်၏ အမြင်အာရုံ၌ကား ကြယ်ရောင် စုံသည့် ကောင်းကင်ယံသာ ဖြစ်တည်နေလေ၏ ….
ကျွန်ုပ်၏ အမြင်အာရုံ ရှင်းလင်းချိန်၌ကား သူမသည် ဟိုးးး အဝေးသို့ ရောက်နေလေပြီ …
ပတ်ဝန်းကျင်မှ မျက်ဝန်းများမှာလည်း ကျွန်ုပ်ထံသို့သာ စုပြုံနေကြလေတော့၏ …..
+++++++++++
ယင်းနေ့ တစ်နေ့လုံး ကျွန်ုပ် စိတ်ဓါတ်တို့ အတုံးအရုံး လဲပြိုကျခဲ့၏ …
ကြားဖူးသော “တိုက်တယ် … ရှုံးတယ် .. ထပ်တိုက်တယ် .. ထပ်ရှုံးပြန်တယ် .. ထပ်တိုက်ပြန်တယ် .. ထပ်ရှုံးပြန်တယ် .. ဒီလိုနဲ့ နောက်ဆုံး အောင်ပွဲရရော” ဆိုသည့် စကားများဖြင့် ကိုယ့်ကိုယ်ကို အားတင်းလိုက်ပါသော်လည်း လတ်လတ်ဆက်ဆက် ဒဏ်ချက်က တက်လာသည့် စိတ်ဓါတ်အား ပြန်ကန်ချနေသည် …
ဟူးးးးးးးးး ရင်မောရတယ် ဒေဝီနတ်မိမယ် ….
ကျွန်ုပ်၏ ဇာတ်ကွက်အတိုင်း တာထွက်ခဲ့သော်လည်း တလွှဲတချော်များသာ ဖြစ်ခဲ့လေသည် …
စိတ်ညစ်ညစ်ဖြင့် ကွမ်းတရာ ထုတ်ဝါးလိုက်သည် …
ကွမ်းကုန်တော့ ဆေးလိပ် သောက်သည် ..
ဘာဖြစ်လဲ … မြန်မြန်သေတော့လည်း အေးတာပဲ .. သူမကမှ ပြန်မချစ်ဘဲနဲ့ .. အဟင့် .. ရွှတ် ..
ဒီလိုနဲ့ နောက်ဆုံး စိတ်ညစ်ညစ်နဲ့ ကြိတ်မှိတ် အိပ်ပစ်လိုက်လေသည် ….
သို့ရာတွင် ကြုံခဲ့ရတဲ့ အဖြစ်တွေက အတွေးကို နှိပ်စက်သည် ..
သို့နှင့် ကျွန်ုပ်သည်လည်း ခေါင်းအုံးအား ခေါင်းပေါ်သို့ ဖိရင်းဖြင့် ခုလို ကျုံးအော်လိုက်လေတော့၏ …
“သိဝူး .. သိဝူး .. ဘာမှ သိဝူးးးး”
“သိဝူး .. သိဝူး .. ဘာမှ သိဝူးးးး”
“သိဝူး .. သိဝူး .. ဘာမှ သိဝူးးးး”
++++++++++++++
{…
အထက်ပါ အဖြစ်အပျက်များ ဖြစ်ပျက်ပြီးနောက် တစ်နှစ်ခန့် ကြာသောအခါ မြန်ပြည်တစ်ဝှမ်း ဟုန်းဟုန်းတောက် ကျော်ကြားသော ကဗျာဆရာ တစ်ဦး ပေါ်ပေါက်ခဲ့လေ၏ …
တစ်နေ့သ၌ အဆိုပါ ကဗျာဆရာထံသို့ လွန်စွာ လှပသော မိန်းမပျိုလေးတစ်ယောက်သည် ရောက်လာလေ၏ ..
ထို မိန်းမပျိုလေး ရောက်သွားသည့် အချိန်တွင် ကဗျာဆရာမှာ ခေါင်းကို ငုံ့လျက် ကဗျာတစ်ပုဒ်အား စပ်စီနေသည် အခိုက် ဖြစ်လေသည်
“ဒီက အကိုက ကဗျာဆရာ xxxx လားဟင် ???”
ယင်းသို့ မေးလိုက်သော အခါ ကဗျာဆရာမှာ တစ်ချက်မော့၍ ကြည့်လိုက်လေ၏ …
မိန်းမပျိုလေးအား မြင်ရလိုက်သောအခါ ၎င်းကဗျာဆရာ၏ ပါးစပ်သည် အဟောင်းသား ဖြစ်သွားလေ၏ …
အနီးအနားတွင် ရှိနေသော ယင်ကောင်တို့မှာလည်း ဟနေသော ကဗျာဆရာ၏ ပါးစပ်ထဲသို့ အတိုင်းသား ဝင်သွားကြလေ၏ ..
ယင်များသာ မဟုတ်၊ ခြင်များလည်း ပါလေ၏ ….
ကဗျာဆရာမှာကား မလှုပ်မယှက် …
မိန်းမပျိုလေးမှာလည်း ကဗျာဆရာ၏ မျက်နှာအား မြင်လိုက်ရချိန်တွင် ၎င်းကဗျာဆရာအား ကြည့်ရင်း အံ့အားသင့်လျက် …
လျက် …. လျက် … လျက် ….
နောက်ဆုံးတွင် မလှုပ်မယှက် ပါးစပ် အဟောင်းသား ဖြစ်နေသော ကဗျာဆရာမှ ရုတ်တရက် ဤသို့ အော်ဟစ်လိုက်လေတော့၏ …
“သိဝူး .. သိဝူး .. ဘာမှ သိဝူးးးး”
…}
ဤတွင် ပြီး၏ ……။
(ဘာရယ် ဟုတ်ပါဘူး .. ရေးမိရေးရာ ဟိုရောက်ဒီရောက် လျောက်ရေးလိုက်တာပါ … အစက ရေးပြီး ပြန်ဖျက်ပစ်မလို့ပဲ .. ဒါပေမယ့် ထူးဘာဘူး ဆိုပြီး တင်လိုက်တာ .. အားပေး ဖတ်ရှုသူအပေါင်းအား ကျေးဇူးပါလို့…)
ချစ်တဲ့ …
အံစာတုံး
25 comments
မိုးမှောင်
September 3, 2012 at 9:45 pm
ကောင်းခန်းလေးရောက်မှဗျာ ၊ ဟင်း း း
ဝူးဝါး ဝူးဝါး
September 3, 2012 at 9:53 pm
ဟိုဒင်း ကို ဟဝါ ပြုရင် သည်အတိုင်းမကောင်းဘူး ။ ဆီလေးနဲ ့မှ ကောင်းတာ
( လူထုဦးလှ ၏ ကျောင်းကန်အနီးမှ မြန်မာ့ပုံပြင်များ )
may flowers
September 3, 2012 at 10:23 pm
.သိဝူး.သိဝူး ရီတာပဲသိတယ်။
may flowers
September 3, 2012 at 10:24 pm
ရီရတာပဲသိတယ်။
Ko Khin Lwin
September 3, 2012 at 11:18 pm
ကဗျာဆရာအော်လိုက်တော့ ခုနပါးစပ်ထဲဝင်သွားသော ခြင်၊ယင်များ လန့်၍ပြန်ထွက်ပြေး သွားကြပါကြောင်း။
YE YINT HLAING
September 4, 2012 at 7:21 am
ဤသို့ ဖြင့် ကဗျာဆရာ ကိုဟိုဒင်း တစ်ယောက် ကြယ်တွေ ပျောက်သောည သကဲ့သို့ ဖြစ်သွားလေ သတည်း ။ သို့သော် သူကား ဆန်ပြုတ် မသောက်ရသေး သ၍ ဇွဲလျှောမည့်ပုံ မပေါ်ပါ ။ သူမ က မူ နောက်တကြိမ် အတွက် သံလက်အိတ် ( ၂ ) ကီလို ဝယ်ထား ပြီးဖြစ် လေသတည်း ။
အတိသဉ္ဖာ နာဂရချစ်သူ
September 4, 2012 at 8:23 am
ဟိုဒင်းချစ်လို ့ဆိုမှတော့ အကိုရေ……
Crystalline
September 4, 2012 at 10:03 am
ဘာမှန်းလဲသိဝူး…
Khaing Khaing
September 4, 2012 at 10:11 am
ဟား ….. ဟား …….. ဟား……… (အသံကျယ်ကြီးဖြင့်ရီသံ)
သူ့ကိုယ်သူများတောင့်တောင့်ဖြောင့်ဖြောင့်တဲ့ ……… ဝတ်ထားတဲ့ပုံကိုက ဘောင်ဘီအကြပ် အကျီင်္အရောင် ကလဲ တောက်တဲ့အရောင် ဦးထုပ်ကလည်း မြင်းကျား …… စကားပြောတာက အဆင်မပြေ နည်းတောင်နည်းသေးတယ် ……… ကောင်မလေးတပ်ခေါက်လိုက်တာ ……….
မဟာရာဇာ အံစာတုံး
September 4, 2012 at 4:51 pm
ရှူးးး
တိုးတိုး ပြောပါ မာမီရယ် ..
အနော့ဂို မမြင်ဖူးတဲ့လူဒွေ အဲ့ဂလို (တောင့်ဖြောင့်)
အထင်မှားသွားရင်လည်း နည်းမှတ်လို့ ..
သို့ဂလိုကြောင့်ပါ .. အဟဲ .. 😀
မိုးတိမ်
September 4, 2012 at 10:27 am
ဟိုဒင်းဟိုဟာချင်တာကို ဟိုလိုသွားပြောတာကိုးဗျ။အဲတော့ ဟိုလိုဗျင်းခံရတာနည်းတောင်နည်းသေး:mrgreen:
နာလဲ ဘာမှသိပါဝူး ဝင်အားပေးသသွားတာပါ။
ကြောင်ကြီး
September 4, 2012 at 10:38 am
ဟိုဒင်း ဟိုဒင်းနဲ့
အပျို မကမြင်းနဲ့
ဗိုလ်မင်း ငိုခြင်း
ချသွားမယ်
ဒါ၂၁ရာစုနှစ်..။
မောင်ပေ
September 4, 2012 at 11:39 am
၂၁ရာစုနှစ်မှာ
ကွက်ကာစုမနှစ်ရအောင်
ချက်ပါသုရစ်သွားမလုပ်နဲ့ဦး
ပျားတုတ်သလို
အားဆုတ်အောင်တီးမယ့်
အပျိုကမြင်း တွေကိုရှောင်
မဟာရာဇာ အံစာတုံး
September 4, 2012 at 11:47 am
မှတ်ချက် ။ ။ ကိုယ်တွေ့မို့
ဤသို့ ပြောရခြင်း ဖြစ်လေ၏ …
မွန်မွန်
September 4, 2012 at 11:01 am
ဘာပြောရမလဲဟင်..ဟိုဒင်းလေ..ဟိုဒင်း…
ဟိုဒင်း..ရီရပါတယ်လို့….
Shwe Ei
September 4, 2012 at 11:10 am
ကဗျာဆရာ အကျော်အမော်တောင် ဖစ်သွားလိုက်သေး ဟိ။
ခပ်မိုက်မိုက် ကောင်မလေး
September 4, 2012 at 1:36 pm
သိတော့ သိဝူးးးးးးပေါ့နော်…
ရီတော့ရီရတယ်…:P
အားပေးသွားပါတယ်နော်…။
surmi
September 4, 2012 at 2:20 pm
ဘာအခုမှသိဝူးလဲ
လုပ်ချင်တာလုပ်ပြီးမှ
နောက်တခါမသိရင် ဝူးပေးလိုက်မယ်
မဟာရာဇာ အံစာတုံး
September 4, 2012 at 2:36 pm
ဟုတ်တဲ့ ..
ခုလို လာရောက်ကာ အားပေးသွားတဲ့
ချစ်တဲ့ ရွာသူားအပေါင်းအား ကျေးကျေးဘာလို့ ..
ချစ်တဲ့ ..
အံစာတုံး
pooch
September 4, 2012 at 2:47 pm
သူငယ်အံ ဒီနေ့ကစပြီး ဆရာဝန်ပြောင်း ဆေးပြောင်းသောက်ဖို့ အကြံပေးချင်ပါတယ် 😀
မဟာရာဇာ အံစာတုံး
September 4, 2012 at 2:55 pm
ဟုတ် ..
ခုလို အကြံပေးဒါ ကျေးကျေးဘာ .. 😀
ယဉ်ယဉ်လေးနဲ့ ဂေါက်နေဒဲ့
မောင်အံ
mayjuly
September 4, 2012 at 2:56 pm
အယ် … ဒီနေရာမှာတော့ သိဝူးးး နဲ့တော့ လေ …
အခွင့်အရေးတစ်ကြိမ်လွတ်တွားပါပပေါ့ .. 😛
ကြည်ဆောင်း
September 4, 2012 at 4:10 pm
ဖတ်ကြည့်ရတာတော့ သေသေချာချာသိပြီးမှ ဝူးတဲ့ပုံပါဘဲ
Wow
September 4, 2012 at 5:01 pm
ဟိုသင်းလို့ မပြောဘဲ နောက်တစ်ခါကျ အဝှာ လို့ပြောင်းပြောကြည့်ပါလား….
😀
အလင်းဆက်
September 7, 2012 at 8:40 pm
အဟီး….
😀