မင်္ဂလ မင်္ဂလာ မင်္ဂလာပါ
ကျွန်တော် မန်းတလေးဂေဇက်ကို စဖတ်မိတာ သိပ်မကြာသေး ။
စိတ်ဝင်စားစရာကောင်းသည် ။ အများသူငှါပျော်နေကြတာ ဆွေးနွေးနေကြတာတွေ ကို မြင်တော့ ကိုယ်ပါ အဲဒီထဲရောက်သွားသလို ခံစားရသည် ။
ယနေ ့၃.၉.၂၀၁၂ တွင်မူ ၊ ကျွန်တော်သုံးနေသော အင်တာနက်ဆိုင်မှာ လိုင်းကောင်းနေသဖြင့် ၊ ရွာသားအဖြစ် မှတ်ပုံတင်လိုက်ပါသည် ။
ယနေ ့မှ စပြီး ကွန်မင့်များလိုက်ပေးပါမည် ။
ယနေ ့မှ စပြီး သိထားသော အကြောင်းအရာလေးများကို စာစီပါမည် ။
အားပေးကြပါ အစ်ကိုတို ့အစ်မတို ့
ပုံ
အားလုံးကို ခင်မင်ချင်သော
ဝူးဝါး ဝူးဝါး
အသက် ၂ဝကျော်
အရပ် ၅ပေ ကျော်
ဘွဲ ့= သိမ်၂ခါထွက်ဖူးသဖြင့် ဘွဲ ့၂ခါရခဲ့ဖူးသည်။
အလုပ်အကိုင် = ပွဲစား
အိမ်ထောင်မရှိ
အထူးလျှို ့ဝှက်ချက် တစ်ခုမှာ ၊ ကျွန်တော်သည် အပြင်မှာ အရမ်းချောပါသည် ။ ထို ့ကြောင့် ကျွန်တော့် ဓါတ်ပုံကို မြင်လျှင် မိန်းကလေးတစ်ချို ့နှလုံးရောဂါရကြသည်ဟု ဆိုသည် ။ ထို ့ကြောင့် ရွာထဲရှိ အပျိုလေးများ နှလုံးရောဂါ ရမည်ကို ကျွန်တော့်မှာ စိုးရွံ ့မိသဖြင့် ၊ ကျွန်တော့် ဓါတ်ပုံအစား ကင်းကောင်ပုံကို တင်ထားခြင်းဖြစ်ပါသည် ။
11 comments
ကထူးဆန်း
September 3, 2012 at 10:09 pm
ဝူးဝါး ဝူးဝါး အစား ကင်းကောင်လို့ဘဲ ခေါ်လိုက်တော့မယ်လေ.. အရပ်၅ပေကျော်ဘဲဆိုတော့ ဒါလည်း မဖြစ်သေးဘူး … နောက်တာပါ ..
ကြိုဆိုပါတယ် ဝူးဝါး စကွဲရေ .. 😀
may flowers
September 3, 2012 at 10:27 pm
မင်္ဂံလာပါ ဝူးဝါးရေ။
Ko Khin Lwin
September 3, 2012 at 11:30 pm
ဓာတ်ပုံများတင်လိုက်မယ်ဆိုရင် ဝူးဝါး ဝူးဝါး နဲ့ပြေးနေရအုံးမလားဘဲ။
ခုတော့တော်သေးလို့ ကျေးဇူးပါ ဝူးဝါး x 2 ရေ။
YE YINT HLAING
September 4, 2012 at 7:25 am
ဝူးဝါး ဝူးဝါး ရေ ! ဝူးဝါး ဝူးဝါး လုပ်ကြဆို့ !
Htoo thin
September 4, 2012 at 7:34 am
ဝါး ဝူး များများတော့မမူးနဲ့ နော်
အတိသဉ္ဖာ နာဂရချစ်သူ
September 4, 2012 at 8:22 am
ကင်းကောင်း အမြီးထောင်၊
ဟပ်ချလောင်းးးးးးးးး
မဟာရာဇာ အံစာတုံး
September 4, 2012 at 11:53 am
ကင်းကောင် ပုံဂျီးနဲ့ဆိုတော့
“ဝူးဝါး ဝူးဝါး” က သိပ်မလိုက်ဖူးဗျ ..
“ဂရား ဂရား” ဆိုရင် ပိုလိုက်ဒယ် ..
နောက်ထာဘာ .. ကြိုဆိုပါတယ် ..
အပြင်မှာ ချောဒယ်ဆိုတဲ့ ဝူးဝါး ရယ် ..
ရွှေ ကြည်
September 4, 2012 at 12:18 pm
ရွာခြိမ်းခြောက်ခံနေရတဲ့အချိန်မှာမှဝင်လာတဲ့ ဝူးဝါးရေ ရွာသက်ရှည်အောင်အရင်ဆုတောင်းကြပါစို့။ 😀
ခပ်မိုက်မိုက် ကောင်မလေး
September 4, 2012 at 1:02 pm
ဝူးဝါးရေ…
ကြိုဆိုပါတယ်နော်…
ဂေဇက်ရွာလေးမှာ ပျော်ရွှင်ပါစေရှင်…:)
ကိုခင်ခ
September 4, 2012 at 2:18 pm
ဝူးဝါး ဝူးဝါး နဲ့ အထူးခြားဆုံး
ပိုစ့်တွေရေးနိုင်ပါစေလို့။
mayjuly
September 4, 2012 at 3:32 pm
ဝူးဝါးးးဝူးဝါးးး…..ဂူးဂါးးးးဂူးးဂါးးး ပဲ လုပ်လိုက်ပါတော့ဗျာ .. 😀
နောက်ထှာနော်… ရွာထဲမှာ ပျော်ရွင်တွေနဲ့ အများကြီးပေးနိုင်ပြီး ..
ပျော်ရွင်မှုတွေ အများကြီးရယူနိုင်ပါစေ …