ဟက်ကာ ဆိုလို့ … ခွစ် ခွစ်

စိန်ကြက်ဆင်September 4, 20122min54658

နိဒါန်း

မနေ့က ရွာထဲမှာ ပွဲဆူနေတော့ အီဖေကိုယ်လဲ အမြီးတောင် မထောင်နိူင်ဘူး …. ကြောက်လိုက်တာလဲ ဖင်တောင် တုန်လို့ဗျာ …. မန်းလေးဂဇက်ဆိုတဲ့ အမေဒစ်ကန် ဖောင်ဒါတွေ တည်ထောင်ထားတဲ့ ဝက်ဆိုဒ်ကြီးကို အမျိုးဘာသာ သာသနာကို ချစ်မြတ်နိူးတဲ့ လူတစုက ပညာရှင်ဆန်ဆန် ဘမ်းကျတယ်တဲ့။ အဲ့ မန်းဂေဇက်က အသိတွေ ပြောလို့ သိရတယ်……. ဟိုက်ရှာဘား အလွန်ထိတ်လန့်ဖွယ် ကောင်းတဲ့ သတင်းပါဘဲ။ ဒါနဲ့ ဘာဆက်ဖြစ်လဲ မေးကြည့်တော့ အခုမန်းဂဇက်ကို ဝင်လို့မရတော့ဘူးတဲ့ ဃိန် …. ဂိန် …ကိန် သွားပီဟလို့ အော်မြည်လိုက်မိတယ် …..။ ဒါနဲ့ဘဲ ညနေလောက်ကျတော့ ပြန်ဝင်လို့ ရပီ ဆိုလို့ ကြောက်ကြောက်လန့်လန့်နဲ့ အိုင်ပီလေးချိန်း ( အထင်တော့ မကြီးနဲ့ ကျုပ်တို့ဆီမှာ အိုင်ပီချိန်းတာ ဆော့ဝဲမလိုဘူး ထိုင်နေကြ အင်တာနက်ဆိုင် မသွားဘဲ တခြားဆိုင် သွားလိုက်တာကို ပြောတာ 😀  ) မန်းဂဇက်ထဲ ဖရီးအကောင့် ရစ်ဂျစ်စတာလုပ်ပီး ဝင်လာလိုက်တော့ လားလား … ပညာရှင်တွေ ကိုယ်တိုင် ဆင်းလာပီး ပို့စ်တွေတင် ကွန်းမင့်တွေ ရေးထားကျ ဒက်ရှ်ဘုတ်မှာလဲ အသိပေး သတိပေးစာတွေ တွေ့ရတော့ အတော်ကို ပွင့်လင်းမြင်သာတဲ့ ဟက်ကာတွေပါလားလို့ အံ့ဩမိတယ် နည်းနည်းမြှောက်ပြော ရရင် စားထားတဲ့ ကွမ်းယာတောင် ယောင်ပီး အရည်တွေကော အဖတ်တွေပါ မြိုချမိသွားတယ် ဂလု.. ခွစ်… ခွစ်

စာကိုယ်

ဒါနဲ့ ဟိုဖတ်ဒီဖတ် လျှောက်ဖတ်ရင်း ဆြာ့ ဆြာတွေရဲ့ ဦးတည်ထားတဲ့ လမ်းကြောင်းက ထင်းထင်းကြီး ပေါ်လာတယ်။ ဟို သံတွဲက တယောက်ကို ပုဂ္ဂိုလ်ရေး ဆော်ချင်တာနဲ့ အမျိုး၊ဘာသာ၊ဿသနာ အတွက်ဆိုတာတွေရော နည်းပညာတွေရော အစုံလုံအောင် ဖုံးထားပေမဲ့ နောက်မှာ ရေးလာတဲ့ စာတွေက အကုန်ပေါ်နေပီး ဖင်ကြီးပြောင်နေတာ တွေ့တော့မှ အော် သူတို့က ငါ့လိုဘဲ ပုဆိုးသေးသေးခြုံပီး မိုးရေထဲ လမ်းထွက်လျှောက်တဲ့ သူတွေပါလားလို့ တွေးမိရဲ့ … ကျုပ်ပုဆိုးခြုံပီး လမ်းလျှောက်ရင် ရှေ့ကတော့ နင်ဂျာလိုလို အဆဆ်စင်လိုလိုပါဘဲ နောက်မှာက မလုံတော့ အကုန်မြင်နေရတယ်….. စိတ်ကူးထဲမှာသာ မြင်ကြည့်ပေတော့….။ ထားပါ စကားမစပ် ပြောရရင် ကျုပ်တို့ တနာရီ ၃၀ဝပေးပီး လက်ကမြင်းကြောထနေတဲ့ လွတ်လွတ်လပ်လပ် ထလို့ရတဲ့ ဒီဆိုဒ်ကိုလာလုပ်တော့ ကျုပ်လည်း နည်းနည်းတင်းတယ်။ အေးရှင်းရှင်းပြောရရင် ကျုပ်လို ပေါက်လွတ်ပဲစား တယောက်က ဆိုဒ်တကာ ဆိုဒ်မှာ ဘာမှမတတ်ဘဲ သူများရေးသမျှ ဝင်ဆဲတဲ့ကောင်က မန်းဂေဇက် ရောက်လာတော့ ဟာ… ဆဲတာဆိုတာလဲမရှိ ဟိုအပြာပုံတွေ မလုံ့တလုံပုံတွေလဲ မတွေ့တော့ အစပိုင်း ဝင်ရတာ နည်းနည်းပျင်းသလိုဘဲ နောက်ပိုင်းမှ လမ်းထိပ်က ဆိုက်ကာသမား ဆိုးအောင်မိုးနဲ့ အရက်သမားဇော်သူရတို့က ” ဟေ့ကောင် ငါတို့လဲ အရင်က သောက်လုပ်မရှိရင် တခြားဟာတွေ လိုက်လုပ်နေကျတာ မန်းဂေဇက် ဝင်ဖတ်ဖြစ်မှဘဲ လိမ္မာရေးခြား ရှိလာတာတဲ့ ….” ခုဆို သူတို့ နယ်စည်းမခြား အရက်သမားသမဂ္ဂတွေ ဘာတွေထဲ အဖွဲ့ဝင်လို့ အရက်သောက်နည်း သင်တန်းတောင် တက်နေပီဆိုဘဲ ဘာဘဲ ပြောပြော မကောင်းတာလုပ်တာတောင် အခြေမြစ်ကျကျနဲ့ သိက္ခာရှိရှိ လုပ်တတ်ဖို့လိုတာပေါ့ ။ကျုပ်တို့လမ်းထိပ်က ကေတီဘီမှာ ဝိတ်တာလုပ်နေတဲ့ ချိုတူးတောင် မန်းဂေဇက်မှာ အရိယသစ္စာတွေ နာကြားပီး မိုးပြာချိုတူးဆိုပီး နာမည်ကြီးနေလေရဲ့ … ကျုပ်တောင် မန်းဂေဇက် ဝင်ပီးနောက်ပိုင်း တခြားဆိုဒ်တွေမှာ အပြာပုံတွေ မကြည့်ဖြစ်တော့ဘူး ရိုးရိုးသားသား ဒတ်ပုံပညာကို လေ့လာတတ်ဖို့ မာဘယ်ကောမတ်ရဲ့ ဓာတ်ပုံပို့စ်တွေ အူးဖွတ်ကျားရဲ့ မော်ဒန်ကဗျာတွေ လေ့လာဖြစ်လေရဲ့ အရင်ဆို အင်တာနက်ဆိုင်သွားပီး ပြန်လာရင် စိတ်တွေက မရိုးမရွဖြစ် ဒီကြားထဲ ဆိုးအောင်မိုး ဆိုက်ကား လာစီးတဲ့ စကတ်တိုဝတ် ကာလသမီးတွေကြည့်ပီး စိတ်တွေထနေတာ ခုဆို ချိုတူးရဲ့ တရားတွေ နာထားတော့ အဲ့လို မဖြစ်တော့ဘူး။ ကဲပါလေ ပြောချင်တာကတော့ နည်းပညာ အကြောင်းပါ … ခုဆို ဒီဒေါ့စ်ဆိုတဲ့ အဖွဲ့ကြီးလဲ ရွာထဲမှာ ရောက်လာပီဆိုတော့ ကျုပ်ရွာ အပိတ်မခံနိူင်လို့ မခံချင်စိတ်နဲ့ လေ့လာဖြစ်တာ ဒါတွေ တွေ့လေရဲ့ ……။ ကျုပ်လဲ ခြောက်တန်းသာ မအောင်တာ ဂဇက်ဝင်ဖတ်ရင်း မြန်မာစာလက်ကွက်တို့ သတ်ပုံတို့ မှန်လာတော့ အကျိုးရှိစေတဲ့ ဒီဆိုဒ်ကို ကာကွယ်ဖို့ ဒီနေ့က စပီး တန်ပြန်ဟက်ကာ လုပ်မယ်ဆိုပီး အင်တာနက်မှာ ရှာနေတုန်း ဟက်ကာဆြာ တယောက်နဲ့ သွားတွေ့လေရဲ့ … အဲ့မှာ ဇာတ်လမ်းစပီ ဒန့် .. တန့် …တန့်

လိုရင်း

ဟက်ကာ မလုပ်ခင် အင်တာနက် ဆက်ကြောင်းတွေ အကြောင်းလေ့လာပါတဲ့ ဘက်ဘုန်းဆိုလား …ဒီလိုတွေ့ခဲ့တယ်……

ကျုပ် အရှာမှားသလားဘဲ ကမာ္ဘကျော် ဟက်ကာတယောက်ကတော့ ဒီလိုပြောဖူးတယ် ကွန်ယက်တွေကို ဖောက်ချင်ရင် သူတို့ရဲ့ ဆက်ကြောင်းတွေကို ရှာဖို့ ဆာဗာတွေရဲ့ နောက်ခံလမ်းကြောင်းမှာ ဘက်ဘုံးတွေ ရှိတယ်တဲ့ ….. ခုဟာက ခိုအရိုးကြီး ဖြစ်နေတယ် 😀

ဒါကတော့ ပန်တဂွန် စစ်ဌာနချုပ်က အလိုရှိနေတဲ့ ကမာ္ဘကျော် ဟက်ကာ ဘရာဇီးသား တီအာ ရောဂျေနဟို အဝီဖတ်ရှာတဲ့ …. ကဒါဖီရဲ့တူလို့ပြောကျတယ်။ အောက်စဖို့တက္ကသိုလ် ဆင်းပီး အမေရိကန် လေတပ်စခန်း၆ခုနဲ့ ဝက်စ်ပွိုင့်ရဲ့ ဒေတာဘေ့စ်တွေကို ဝင်ရောက်ဖျက်ဆီးခဲ့သူတဲ့။ သူရဲ့ နည်းပညာတွေကြောင့် ဂနေ့အထိ ကက(လေ)မှာ ပိုင်းလော့တွေ ဖလိုက်ဟာဝါ အပြည့်မပျံတော့ဘဲ အုပ်မှူးနဲ့ပေါင်းပီး ဆိခိုးရောင်းတဲ့ စနစ်တွေ ပေါ်ပေါက်လာခဲ့တယ်တဲ့။ ၂၀၀၂ခုနှစ်က အမေရိကန်လေတပ်ပိုင် F-22 Raptor လေယာဉ်ရဲ့ ဒတ်ပုံတွေကို ခိုးယူခဲ့ပီး ဩစတြေးလျသား တစ်ဦးကို ရောင်းစားခဲ့တယ် ဘီဘီဖိုးရှာတာတဲ့ သူတို့များ နည်းပညာနဲ့ အပျော်လုပ်တာတောင် အကြံတော်တော်ကြီးတယ်…. သူက ဘာပြောလဲဆိုတော့ ဒေါင်းလွတ်စပိ 500/kbps တောင် မမြင်ဖူးတဲ့ မြန်မာပြည်မှာ ဟက်ကာတွေ ကောင်းစွာ အလုပ်လုပ်ဖို့ အတွက် အဓိက ထိုးနှက်ချက်ဘဲတဲ့ နောက်ပီး Core i7 Desktop PC တလုံးလောက်နဲ့ Window 7 ခိုးကူးခွေ သာသုံးနေသေးတဲ့ လိုင်စင်မဲ့ ဆော့ဝဲပေါင်းစုံပါ ကွန်ပျူတာ တစ်လုံးဟာ ယခုခေတ် နက်ဝက် ရုထ်တွေကို ဖြတ်ကျော်ဖို့ ခက်ခဲနေသေးတယ်တဲ့ ။ ဒါက ကျုပ်တို့ကို တိုက်ရိုက် စော်ကားတာ … မခံနဲ့ ပြန်ချဂျဘာ ..

ဆိုတော့….

နိဂုံးချုပ်ရရင်

သဂျီး Kai ဆိုတာလဲ မမြင်ဖူးဘူး၊ ဒါပေမဲ့ အဆင့်အတန်း ရှိနေတဲ့ ဆိုဒ်တခုကို ဟုတ်တိပတ်တိ မပြောပလောက်တဲ့ အကြောင်းအချက်လေးနဲ့ မွှေတာ နှောက်တာတော့ လက်မခံဘူး … ဒီဆိုဒ်မှာ ကို ရို့စ်မင်းတို့ ၊ ကိုပစ်ပစ်ချန်တို့ ကိုအီးတုံးတို့ မအာဂတို့လို နက်ဝက် သမားတွေ အိုင်တီ ပညာရှင်တွေ အများကြီးဘဲ အဲတော့ နာဂရနဲ့ ဖြစ်တဲ့ပွဲမှာ မဆီမဆိုင် ဂဇက်ကို ဓါးနဲ့လာမချိုင်နဲ့ .. အိုကီဆပ်ပြာနဲ့ အားလုံးကို We will be Washing all လုပ်ပလိုက်မယ် … ဘာမှတ်လဲ ခွစ်..ခွစ်

အဲတော့ ကျုပ်လဲ ကျုပ်အဘ လယ်ကို ထွန်ပေးနေတာ ခဏရပ်လို့ ဟတ်ကာ လုပ်တော့မယ် …. အဲရွာထဲ အသက်၉ဝကျော် အဘွားပုချ် ပြောတာတော့ ဟက်ကာ ဆိုတာ ဂျိုနဲ့လားတဲ့။

အဘပေက ပြောဖူးတယ် ကောင်လေး ဟက်ကာဆိုတာ ကာကြက်နဲ့ ဘာကွာလဲတဲ့

အူးလေး ဖိုးထောင်ကတော့ မင်းမြို့သွားပီး ဟက်ကာ သွားလုပ်ရင် ဟက်ကာဆိုတာ ဒီဂျေလို နာမည်တပ်ပီး တရားဝင် ကြေငြာလို့ ရလားတဲ့ … ရွာထဲမှာ DJ Novy တို့ DJ Wei တို့ရှိတယ်လေ….။

အခု ကျုပ် အဘပါလေရာရဲ့ ထော်လာဂျီနဲ့ မြို့တက်မလို့ အူးဆာမိဆီမှာ ဘရာကြော် ၂ကျပ်ဖိုး ဝယ်နေတယ်၊ မြို့ရောက်ရင် ဂျီးတော်ဆူးတို့ အိမ်မှာ တည်းမယ်။ ကိုရင်ကြီး ရဲရင့်လှိုင်တို့နဲ့ ကျုပ်သိပ်ကြိုက်တဲ့ တွတ်ပီစာအုပ် ငှားဖတ်မယ် Ke$ha ရဲ့ မောင့်အချစ်မြားစူး နားထောင်မယ်။

ကဲ ကြွပီ ရွာစားရေ ကျုပ်ကို အလင်္ကာကျော်စွာ ရွှေမန်းကိုပေါက်ရဲ့ Rain Over Me နဲ့ ပို့ဗျာ ………

 

အော် ဒါလေး ထပ်ဖြည့်ပေးလိုက်မယ် ကျုပ်လေ့လာနေတာတွေပေါ့…..

Hacking Knowledge: 77 Ways to Learn Faster, Deeper, and Better

Hacking Knowledge: 74 Tips on How to Learn Faster, Deeper, and Better

Certified Ethical Hacker v7

http://www.globalknowledge.com/training/course.asp?pageid=9&courseid=15870&catid=191&country=United+States

http://www.secdocs.lonerunners.net/

hacking knowledge

http://manjildahal.tripod.com/hackingknowledge/

ပုံ

ကြက်ဥ ဟက်ဖရိုက်ကို အကာဘဲ စားသော ဟက်ကာယဲဆီ ( မြန်မာဒရိုင်းဂျင် ဒရင့်ကင်း ဒလဟော ဂလု)

 

58 comments

  • Inz@ghi

    September 4, 2012 at 12:43 pm

    ဘရာဇစ်လျှံ ဟက်ကာဂျီး ဟီးနေတာပဲ …
    လန့်ထှာကွယ် ..အသာလုပ်ကြပါ…။

    :mrgreen:

    ဇဂါးမစပ်
    အူးလေးတို့ ရေးလေတော့ ..ကျုပ်လည်း ရေးဂျင်သား..
    အဟိ..

    ရရမား …ဟင်င်င်င်

    • Foreign Resident

      September 4, 2012 at 1:54 pm

      ဒီ ကရဲစည် ဆိုတဲ့သူ မဟုတ်သေးပါဘူး ။
      လယ်ထွန်နေတဲ့ သူ့မျက်နှာကျတော့ ဖုံးထားပြီး ။
      ဘရာဇစ်လျှံ ဟက်ကာဂျီး ပုံကြတော့ ၊
      တကဲ့ အနီးကပ် Close Up ရိုက်ပြတယ် ။
      ကြောက်ထှာ ။ 😛

      • ရဲစည်

        September 4, 2012 at 3:13 pm

        ဟော …
        ၂၀၀၂ခုနှစ်က အမေရိကန်လေတပ်ပိုင် F-22 Raptor လေယာဉ်ရဲ့ ဒတ်ပုံတွေကို ခိုးယူခဲ့ပီး ဩစတြေးလျသား တစ်ဦးကို ရောင်းစားခဲ့တယ် …
        အဲ့မှာ ပေါ်လာဘီ တွေ့ပီ တွေ့ပီ … သူဘဲ .. သူဘဲ

        ဟီး :mrgreen: နောက်ထှာ

  • ကြောင်ဝတုတ်

    September 4, 2012 at 12:44 pm

    ကောင်းလိုက်တဲ့သရော်စာပဲဗျာ…
    ကိုရဲစည်ရေ… ဂဇက်ပျက်ရင် ခင်ဗျားနဲ့ကျုပ်တာဝန်ပဲဗျာနော်…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • Shwe Ei

    September 4, 2012 at 12:45 pm

    ဗရာဂျော် ကယွဲစည်။ ရှင့်ဆီက ဗယာကြော် ၂ကျပ်ဖိုးလုမစားတော့ဝူး။ သဘောကျလွန်းလို့ ထပ်ပေးလိုက်ဒလယ်။ ရော့စ် နောက်ထပ် ဗရာဂျော် !!!!!!!!!!!!!

  • အကိုရေ ကျနော့်အတွက်နဲ ့တိုက်ခိုက်နေတယ်လို ့ပြောရအောင် အဲ့သူတွေက နားတို ့မျက်စိတို ့မပါကြဘူးဗျ။မဆီမဆိုင် ကြက်သွန်က ငရုတ်သီးနဲ ့ရောထောင်းခံရပါပြီဗျာ။အကို ့ ကျနာ့်အပေါ်
    ထင်မြင်ချက်လေးအတွက်ကျေးဇူးပါဗျာ။

    • ရဲစည်

      September 4, 2012 at 1:05 pm

      ဒါက ဒီလိုရှိပါဒယ်….
      ဒက်ရှ်ဘုတ်ပေါ်မှာရော
      ပို့စ်ပေါ်မှာပါ ခင်ဗျား နာမည်ကြီး တပ်ထားတော့ ရှင်းရှင်းလင်းလင်း ဖြစ်စေချင်တာ
      ကျနော့် အယူအဆကတော့ ရှင်းတယ် .. ဘယ်သူ့ဘက်မှ မလိုက်သလို ဟိုဘက်မှာ
      ကြောင်ဝတုတ် ရေးထားသလို လွတ်လပ်စွာ ကွဲလွဲနိူင်တယ် .. ဒါပေမဲ့ မစွပ်ဖပ်မိစေနဲ့ပေါ့ …. ။
      ကျနော်က အဲ့လို ဆိုလိုချင်တာပါ
      ဟိုဘက်မှာလဲ ဖတ်ပီးသွားပါဘီ ..
      အစကတည်းကလဲ မတူမှန်း သိပါတယ်
      ကျနော်တို့ ရွာသူ/သားတွေ အဲ့လောက်တော့ နားလည်ကျပါတယ်
      ကိုယ့်ဆြာတွေ လုပ်ပုံ ဟန်မကျလို့ ချဉ်လို့ ရေးလိုက်တာ
      အစ်ကို့ နာမည်ပါသွားတယ်ဗျို့ ဆောရီး …

  • နွယ်ပင်

    September 4, 2012 at 12:56 pm

    ဟိဟိ ဖတ်ပြီးရယ်ရလွန်းလို့ ဗိုက်တောင်အောင့်တယ် ကရဲစည်ရယ် …
    ရေးလည်းရေးတယ်ပ ဒါနဲ့ အခုထိ ထမင်းမစားရသေးလို့ ဗယာကြော် နည်းနည်းကျွေးဦး …. 😛

  • Novy

    September 4, 2012 at 1:00 pm

    ကြွက်မနိုင် ရွာမီးနဲ့ ရှို့မယ်ဆိုတဲ့
    ဟတ်ကာတွေရယ်
    စဉ်စဉ်စားစားလေလည်းလုပ်ကြပါလို့

    လန့်ထှာအေ (ဂီဂီ့စကား)

    ပုံ
    DJ Novy

  • pooch

    September 4, 2012 at 1:00 pm

    အမလေး ငါဖြင့် ရွာမီးလောင်လို့ ကုန်ပြီကြားတော့ ဂယောင်ဂတမ်းတွေကို ဖြစ်လို့ နလံထစညနေခင်းမှာ
    ခုမှပဲ ဇာတ်စုံသိတော့တယ်။ 😀

    ကဒါဖီရဲ့ ဟက်ကာတူကလည်း ရုပ်မြင်တာနဲ့ တော်ရုံဖမ်းရဲကြမယ် မထင်ဘူး။ ဖြုံသွားမှာ။ :mrgreen:

    အကာပဲ စားတဲ့ဟက်ကာကြီးလည်း မိုးနဲ့လာရင်း မိုးကြိုးစက်ကွင်းလည်း လွတ်အောင်ရှောင်အုန်းလို့ 😀

  • Rose Minn

    September 4, 2012 at 1:00 pm

    ဟတ်ကာ ဟတ်ကာဆိုတာ……အော်အော် နောက်ကြောင်းလိုုက်ပုံများ ခိုအရိုးနဲ့ လိုက်တယ် လား မသိလို့ပါဟယ်။ကျေးဇူးတင်တယ် နော် ကိုရင်သိအောင်ပြောပေးလို့။

    ဟတ်ကာဟတ်ကာ= ခိုအရိုး (pigeon skeleton)
    မှတ်သားသွားပါကြောင်း……… 😀

    • Inz@ghi

      September 4, 2012 at 1:04 pm

      ကြက်ရိုး ဗေဒင်
      ခိုရိုး ဟက်ကာ ..
      😀
      ခွိ..ခွိ…

    • ရဲစည်

      September 4, 2012 at 1:08 pm

      ဒီလိုဗျို့
      How to trace the net route အဲ့လာ လိုက်ဖတ်နေရင်း
      Back Bone ဆိုလားတွေ့မိရဲ့ အဲ့လာ ပုံရမယ်ထင်လို့ Google မှာ ရိုက်လိုက်တာ Bird Bone ဖြစ်သွားတယ်ဗျို့ ဟိဟိ..

  • Novy

    September 4, 2012 at 1:02 pm

    မေ့လို့
    ဒုတိယမြောက်လက်မလာထောင်သွားတယ်

    ဒါဗြဲ

  • Kim Kumuddra

    September 4, 2012 at 1:02 pm

    ပိုစ့်ကောင်းတပုဒ်မို့
    လက်ခုတ်တီးပြီး
    အားပေးသွားပါတယ်. လို့

  • nozomi

    September 4, 2012 at 1:10 pm

    ကိုရဲစည် အမှန်အကန်ကို သဘောကျကြောင်းပါ

    တစ်ခု အတည်ပြုပေးပါခင်ဗျာ

    ဟို တစ်နေ့က အင်တာနက် သတင်း တစ်ခုမှာ တွေ့လိုက်မိတာ
    ကိုရဲစည် ပို့စ် ထဲက ကမာ္ဘကျော် ဟက်ကာ ကို ဖမ်းမိထားတယ်
    ဖမ်းမိတဲ့ သူတွေက သူ့ဦးလေး ကဒါဖီကို လုပ်သလို ဝိုင်းလုပ်ကြတယ် လို့ ဖတ်မိလိုက်လို့

    အဲဒီသတင်း မှန် မမှန်ရယ် ၊ သူ့ဦးလေးကို ဘယ်လို ဝိုင်းလုပ်ကြတယ် ဆိုတာလေး ပြောပေးပါလား နော

    • ရဲစည်

      September 4, 2012 at 1:23 pm

      အဲ့လာ
      ဆက်ဒမ်ဟူစိန်လို အခွေ မထွက်သေးကြောင်း
      အခွေ ထွက်လာရင် ပို့ပေးမယ် ဖြစ်ကြောင်း ..

      ဝိုင်းတော့ အလုပ်ခံရမှာ သေချာတယ် …..ဟိဟိ
      လောလောဆယ်တော့ ဒီည ဩဂုတ်လ စာပေဆုပွဲ အငြိမ့် ကြည့်ရပါ့မလား မသိ
      အမေဒစ်ကန် သံရုံးပြေးပီး ဆာဗာ အကောင့် အပ်ရမလို ဖြစ်နေပီ အူးနိူရေ ……
      ဃိန် .. ဂိန် .. ကိန်

      • Inz@ghi

        September 4, 2012 at 1:34 pm

        မချိမဆန့် ဂျီးနေမှာပါဗျာ …
        အဲ့ ဟက်ကာဂျီး သနားပါတယ်နော်….

        :mrgreen:

      • ကထူးဆန်း

        September 4, 2012 at 1:42 pm

        ရွာရေး အခြေအနေ အရ ကာဖျူး ထုတ်ပြန်၍ အငြိမ့်ဖျက်သိမ်းပါကြောင်း … 😀
        နောက်တာနော်…. :green:

      • surmi

        September 4, 2012 at 2:11 pm

        ကရဲစည်ရဲ ့
        အငြိမ် ့တော ့မသိဘူးဗျ ဒါပေမဲ ့
        ကျုပ်ဖိတ်စာဝေထားတဲ ့ ပဒေသာကပွဲ ကတော ့ ည ၉ နာရီကျော်ရင်စမှာပါဗျာ
        ကို ့ လူမပျက်မကွက်နော

  • ကိုရင်စည်သူ

    September 4, 2012 at 1:13 pm

    ခွစ် ခွစ်.. ခွစ်
    ဘဲရီးဂွတ်ဒ်… ဘဲရီးဘတ်စ်…
    ကြောင်ဟတ်ကာနဲ့ ဒီဂျေဟတ်ကွာ ပြန်လွှတ်လိုက်မယ်…
    ဂါး… ဂါးး… 👿 👿

  • Wow

    September 4, 2012 at 1:19 pm

    ဗရာကြော်.. ဗူးသီးကြော်… ဂေါ်ရခါးသီးကြော်….
    ရွာထဲပွဲကြမ်းနေလို့ အကြော်တောင်ကောင်းကောင်းမရောင်းရတော့ဘူး ကြောက်ထှာ (ခွက်ဒစ်တူ ဂီဂီ) 😛

  • surmi

    September 4, 2012 at 1:30 pm

    ဟေ ့ ဟေ ့ ဗရာကျော်ဝယ်ပြီးထွက်မသွားနဲ ့ဦး
    မြို ့ပေါ်သွားရင်ကျုပ်လဲ လိုက်မယ်လေ
    အဲဒီဟက်ကာကို ဂျလေဘီကျွေးချင်လို ့

    ဂျလေဘီဟက်ကာ ……ဟက်ကာဂျလေဘီ
    အဟွတ် အဟွတ်

  • မွန်မွန်

    September 4, 2012 at 1:31 pm

    အနော်ကတော့ လက်မလေးတစ်ချောင်းထောင်ပြီး ပြန်ထွက်သွားပါဂျောင်း….

  • amatmin

    September 4, 2012 at 1:37 pm

    အူးလေးကရဲစီ..
    ခင်ညားလေ့လာနေတာတွေက အများသားပါလား..
    ကျုပ်တို့ ဆိုက်ကားသမား ငမူးဒွေ ရော အဲ့ဂလို
    ဟက်ကင်းအဌာရသ (၇၇) ရပ်လိုဟာဒွေကိုလေ့လာလို့ရလားဗျ..
    အဲ့ ပြင်ညာတွေကို လူတကာသင်လို့ အဆင်ပြေတယ်ဆိုရင်..
    သင်ပေးပါလား…ဆိုက်ကားပေါ်မှာတပ်ဆင်ထားတဲ့ ..
    စီစီတီဗီက ကပ်စတန်မာတချို့ရဲ့စကပ်တို ပုံဒွေကို ပြန်ရှယ်ပေးဗါ့မယ်. 🙂
    ဒါပေသိ..ဆိုက်ကားသမားငမူးဒွေဆိုပီး
    ဟက်ကင်းအကြောင်းဖောလို့ဒေါ့ရဘူးနော် ဗျ.. 😛

  • ကိုရင်မောင်

    September 4, 2012 at 1:50 pm

    လယ်ကွင်းထဲမှာပုဆိုးခြုံ နားဂျားကြည့်ရတာနောက်ပိုင်းလုံလုံခြုံခြုံရှိပုံမပေါ်ဘူး….ဟိ
    ရေးလဲ ရေးနိုင်ပါပေ ကိုရဲစည်ရေ…
    အာရုံနောက်နေတာတွေတောင်ဘယ်ရောက်သွားမှန်မသိတော့ဘူး..
    လက်မထောင်အားပေးသွားပါတယ် ကိုရဲစည်ရေ….

  • ချိုတူး

    September 4, 2012 at 2:16 pm

    ကိုရဲစည်ဗျ ….
    ကျနော့် နာမည်ကို ယူသုံးတာ
    ခင်လို့ နောက်တာမို့ ရပါတယ်
    ဖတ်လို့ ကောင်းပါတယ်ဗျ ….
    အားပေးသွားပါတယ် ………။

    ဂေဇက်အမြဲတည်တံ့ဖို့ ဆုတောင်းပေးပါတယ် ခင်ဗျ

  • သူရဇော်

    September 4, 2012 at 2:26 pm

    ဟက်ဟက် ကရဲစည်ရေ Bird Bone လိုချင်ရင်တော့ လာခဲ့ဗျာ၊ ကျုပ်က ရှက်ကီသမားဆိုတော့ စာကလေးတို့၊ ခိုတို့ တစ်ခုမှ အလွတ်ပေးတာမဟုတ်ဘူးရယ်၊ အိမ်နောက်ဘက်မှာ စားပီး လွှင့်ပစ်ထားတဲ့ ငှက်ရိုးတွေက အများသားလားဗျ၊ ဒါနဲ့ ဘလာစီးခြိုင်နံငါးသား တီအာ ရောဂျေနဟို အဝီဖတ်ရှာ ကိုပြောလိုက်ပါဗျာ၊ ကိုစိုးမိုး ဆိုက္ကားငှားလာပီး ဘုံဆိုင်ကို လာခဲ့ပါလို့၊ ဂုဏ်ပြုချင်တာလေ၊ မိုးရွာထဲမှာ ပုဆိုးတိုကို ခေါင်းမှာခြုံတော့ နောက်မှာ ခွေးတွေတစီစီဖြစ်လေရောပေါ့နော်…..ကံကောင်းရင် ကောင်မလေးချောချောလေးတွေ တန်းစီပီးပါလာမှာ (ဝိုင်းသတ်ဖို့)…… ရွာထဲမလဲ လက်ဆောင်းထက်ကျသဗျနော်….. အခုဆိုပေါ့သေးသေးဆိုဒ်မဟုတ်တော့ဘူး….. မြန်မာ တင်ကနွင်ရှင်ဟက်ကာတွေက ဘမ်းတွေဘာတွေနဲ့ အကြော်တောင်လာရောင်းနေကြပါရော့လား၊ ကရဲစည်ရေ ကျုပ်ကတော့ သီချင်းလေးနဲ့ ဂုဏ်ပြုလိုက်ချင်သဗျ…….. မီးဘေးရှောင်လို့ မလောင်ခင်တားကြပါ….. မြန်မာ Hacker များကို ပန်းခွေစွပ်ကာ သေးနဲ့ပန်းဗျာ……. ဆိုဒ်တစ်ခုလုံးပြောင်တတ်တာမို့ သူကြီးအိမ်မှာ ခေါ်ထားစေချင်တာ….. လူတိုင်း လူတိုင်း ဟက်တတ်ကြစေသား………

  • ဘဘဖရဲ

    September 4, 2012 at 2:27 pm

    ဟာဂျာ ပွဲကောင်းနေပြီဘဲ
    ဟက်ကာ ၃ မျိုးချိတယ်စို
    အဖြူဟက်ကာ အမဲဟက်ကာ ဂွေးဟက်ကာ အဟီမှားလို့ gray hacker
    ဟက်ကာနဲ့ပလာတာ ဘယ်ဟာပိုကောင်းလဲအူးလေး
    ကြက်ဥနဲ့တို့စားရင်ရောကောင်းလားဟင်

  • ဟက်ကာဂျီးဒွေဂ …
    မြင်ရုံနဲ့ ကြောက်ချာကောင်းလောက်ဒယ် .. ခွစ် .. ခွစ် .. 😀
    ပလာတာကြော်ဘာဂျို့ ..
    ရှိတဲ့ တစ်ချောင်းထောင်ပြီး အားပေးတွားဘာဒယ် .. (လက်မ) :mrgreen:
    11 ခြောင်းမျောက် ဘစ်လေ၏ ..

    • ရဲစည်

      September 4, 2012 at 8:14 pm

      နင့်ပုံ ပထမတင်မလို့
      ဘယ်လိုက် ဆက်သွယ်ရမှန်း မသိလို့ .. ခွစ်..ခွစ်

      • လုပ်ပါနဲ့ဂျာ ..
        တော်ကြာနေ ..
        ဝိုင်းဝိုင်းလည်နေပါ့မယ် ..
        (ဘာဒုန်းတော့သိဝူး) အဟိ .. 😀

  • ဘဘဖရဲ

    September 4, 2012 at 2:40 pm

    ဟဲ့ကောင်မခြောက်မျက်နှာ
    နာ့ရဲ့ ပလာတာကို လာမလုနဲ့
    စားချင်ရင် ညည်းဘာသာဝယ်စား
    ရော့ ချပ်ပါတီ အင့်

    • ဟဲ့ .. ဖရဲမ
      နင်ဘဲ မေးဒယ်လေ ..
      ဟက်ကာနဲ့ ပလာတာ ဘယ်ဟာ ကောင်းလဲဆို ..
      နင် အရွေးခက်နေမှာစိုးလို့
      ငါက ပလာတာကို ဆွဲစားလိုက်ဒါ ..
      ပီးဒေါ့ နာဂ ပလာတာဘဲ ကြိုက်ဒယ် ..
      မကျေနပ်ရင် အသေသာသတ် .. (ကိုယ့်ကိုယ်ကို) 😀

  • etone

    September 4, 2012 at 3:04 pm

    ကရဲစည် မဏ္ဍပ်ထဲမှာ လာနောက်နေတယ်မှတ်လို့ …… ရွာထဲဝင်ကြည့်တော့မှပဲ ….. ပါးညောင်းအောင်ရယ်လိုက်ရတယ် 😆
    ကရဲစည်ပြောတာ အဲ့ဒီဟက်ကာ ကြီးလား … ခွိခွိ ။ ချစ်ချာဂျီးဟယ် … တူ ့ပုံကို မြင်မြင်ချင်း ရန်တွေခုန် ပြီး သောက်လက်စ ကော်ဖီခွက်တောင် လွတ်ကျသွားရလောက်အောင် အသက်ရှုမှားသွားတယ် . ….. :mrgreen: အိပ်မက်တွေအထိ စွဲမိတော့မှာပဲ 😛

  • Shwe Ei

    September 4, 2012 at 3:24 pm

    ကယွဲစည် မကြောက်မရွံ့ ကျွဲတက်စီးနေဒယ်။ ခွေ့တတ်တယ်နော အဲဒိ မဲမဲကောင်ဂျီးဒွေက 🙂

  • သူရဇော်

    September 4, 2012 at 3:28 pm

    ဆယ့်သုံးချောင်းမြောက် ကျုပ်ဟာလေးတစ်ချောင်းထောင်သွားပါတယ်…… လက်မပြောတာနော်……

  • မိုချို

    September 4, 2012 at 3:58 pm

    တနင်္ဂနွေ ဆို အင်တာနက် သုံးလေ့မရှိတော့တနင်္ဂလာနေ့ မှ ဝင်ပြီး အငမ်း မရ ဖတ်နေကြ ဟာ မနေ့ က ဖွင့် မရ လို့ ဘာတွေ မျာ း ဖြစ်ကုန် ပြီးလဲ လို့ ၊ အဟတ် ခံ ရ တယ်လို့ ထင် ကို မထင် မိတာ ။ ဒီနေ့ မနက် ဖွင့် ကြည့် မှ အကြောင်း စုံ သိပြီး စိတ် တွေ မချမ်း မသာ ဖြစ်နေ လို့ ပိုစ့်တွေ ဖတ် ရုံ ဖတ်ပြီး မမန့် ဖြစ်ဘူး ။ အခု မှ ပဲ ရီ လိုက်ရ လို့ စိတ် ထဲ ပေါ့ သွား တယ်။ ဗရာ ဗို ပါ ရဲစည် ရေ။
    စကား မစပ် ကျွဲ စီးနေ တာ ရဲ စည်လား။ အမ ကတော့ ကျွဲ ဆို အနားတောင် မကပ် ရဲ ဘူး ၊အရမ်း ကြောက်။

    • ရဲစည်

      September 4, 2012 at 8:13 pm

      အစ်မ မိုချိုရေ …
      ကျနော်တို့လဲ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်ဗျာ။
      လာအားပေးလို့ ကျေးကျေးပါ။

  • R Ga

    September 4, 2012 at 5:04 pm

    သို့။ ကိုရင်ရဲစည်

    စောက်တောင် ရဲစည်. တောင်းတောင်းမနေဘူး ဟွန့်ငါ့ နာမည်ကိုထည့်သုံးတယ်။ ကျုပ် တတ်တဲ့ ပညာတွေကို ထည့်သုံးတယ်။ မိ အာဂ တို့ အကြောင်း သိတယ်မဟုတ်လား…။ ဒီလိုလာလုပ်လို့ကတော့ လှန်ပြ အဲ လှံပြလိုက်မှာနော့…။ စောက်တောင်…ဟွန်း ပြောကို မပြောချင်ဘူး..။ ဘာပဲ.. ပြောပြော နင်ပြတဲ့ ဓာတ်ပုံထဲက ဟက်စ်ကား ကြီးတော့ ကျုပ် မြင်တာနဲ့ သဘောကျတော်..။ ရှင်ရွှာပြန်ရောက်ရင် ကျုပ်နဲ့ မိတ်ဆက်ပေးတော့..။ အဟီး ဝဝကစ်ကစ်လေးနဲ့ ချစ်စရာလေးတော့..။ ကောင်စုတ်…..အဝေးရောက်နေတာတောင် ကျုပ်အကြွေး မစပ်သေးဘူး…။ နင်ပြန်လာမှ..မိဂ အကြောင်း ကောင်းကောင်းသိမယ်…။ ဒါနဲ့…ရွာက မိကြောင်ဝတုတ်ကြီးလည်း ကိုယ်ဝန် ၆ လလောက်ရှိနေဘိတဲ့…။ အဲဒါ နင်နဲ့လိုလို အပြင်မှာ သတင်းတွေ ပြန့်နေသတဲ့…။ ဆိုက်ကားသမား သူရတို့ ။ အရက်သမား ငတိုမတ်တို့ကလည်း သူနဲ့ ရတာမဟုတ်ဘူးတဲ့အေ…။ အဲဒါ..သူကြီးက နင်လာမှ ရှင်းဖို့စောင့်နေကျသတဲ့…။ ဒီကြားတဲ့ မိတိုက်ကလည်း နင့်ကို လွမ်းကြောင်းပြောလိုက်ဦးတဲ့..။ သူထည့်ပေးလိုက်တဲ့ ဥလေး စားရသလားဘာလားနဲ့အေ အရစ်ရှေနေသေးတယ်အေ့..။ အေးအေး…..နင်နေကောင်းရင်ပြီးတာဘဲ..။ အဟိ ရွှာပြန်ရောက်ရင်တော့ ဟက်စ်ကား ကြီးနဲ့ ကျူပ်ကိုမိတ်ဆက်ပေးဦးအေ့..။ ဒါဗြဲအေ…။ အခုတောင်နင့်ကို ပြောရတာ နဲ့ ကျောင်းထားတဲ့ နွားတွေပြန်သွားကောက်ရဦးမယ်။ တော်ကြာ ကိုအီးတုံးက ကျုပ်ကို ဆူနေဦးမယ်သူနွားတွေ အချိန်မှန်ပြန်မရောက်ရင်လေ..။ ဒါဗြဲအေ..။ အော်မေ့လို့ ကိုပေါက်အခွေလည်း လူကြုံရှိရင်ပို့လိုက်ဦးဟေ့..။

  • YE YINT HLAING

    September 4, 2012 at 5:08 pm

    ၁၄ ချောင်းမြောက် လက်မ ထောင်သွားပါတယ် ကရဲစည် ရေ ! နာတော့ မရရအောင် ဖွင့်မယ် ကြိုးစားလိုက်တာ မနက် ( ၃ ) နာရီ ထိုးရော ! ကိုယ်က နားမှ မလည်တာကိုး ! ဖွင့်လို့ မရတော့ တင်းပြီး အိပ်လို့ မရ ဖြစ်တာနဲ့ Face Book က ဟာသ ဓာတ်ပုံတွေ ကြည့်ပြီး စိတ်လျှော့သွားပြီဆိုမှအိပ်လိုက်တယ် ! အေဘေး တွေ တော်တော် ဒုက်ခ ပေးတယ် ။ ဒါနဲ့ လေယဉ်ဆီ တစ်ဂါလံ ဘယ်လောက်လဲ မေးပေးပါဦး ! ခွက်မှန်တယ် လို့လည်း ပြောပေးဦး နော် !

  • မိုးတိမ်

    September 4, 2012 at 6:01 pm

    ပန်တဂွန် စစ်ဌာနချုပ်က အလိုရှိနေတဲ့ ကမာ္ဘကျော် ဟက်ကာ ဘရာဇီးသား တီအာ ရောဂျေနဟို အဝီဖတ်ရှာကြီးက မျက်တွင်းတွေမည်းနေအောင်တောင် ဟတ်ရရှာသကိုး
    ဟဲဟဲ စတာနော် ချိတ်မချိုးကြပါနဲ့………….

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 4, 2012 at 6:25 pm

    ဥုံ………………………..
    ဂေဇက်ဂေဇက် ..ပျက်ပျက် .ဟုတ်ဘာဘူးယောင်လို့
    ဂေဇက်ရွာသူကြီးဥက္ကဌကြီး ဦးခိုင်ဆိုတာ ခေသူမဟုတ်ဘူး
    ဆော့ဝဲ ဟာ့ဝဲ ဝဲစို ဝဲခြောက် ဘာဝဲညာဝဲ တွေအသာထား ဖင်မှာပွေးပေါက်နေခဲ့မယ်ဆိုရင်တောင်
    အမှန်တိုင်းသာဖွင့်ပြောပြလိုက် တစ်ချက်ထဲ ကြက်ပွဲပြီးသွားမယ် 😀
    နည်းပညာပိုင်းမှာ အိပ်စပတ်ဖြစ်သလို ဂါထာမာန်တန်တွေမှာလည်း အင်မတန်အစွမ်းထက်တာ
    ကျုပ်သိသလောက် ဂေဇက်ဆိုတာကိုဖိုက်ခြင်ရင် ဆယ်ဘီးကားလေး ဆယ့်လေးငါးစီးပိုင်ဆိုင်မှု့လောက်နဲ့
    လာမညုနဲ့
    အနည်းဆုံး ဂြိုလ်တုတွေဘာတွေရှိမှပြော ညှင်းညှင်းညှင်း
    ဆိုခြင်တာက ဂေဇက်ဆိုတာ ဘယ်တော့မှ ဆီဝယ်စရာမလိုတဲ့ ဘီအိုစီ မန်နေဂျာအိမ်က ကားလိုဘဲ
    ဘယ်တော့မှမပျက်ဘူး
    တစ်လောကလုံးစူပါ့စူပါ ဝက်ဆိုက်ကြီးတွေတောင်အဘန်းခံနေရတာ ဂေဇက်က ဘာမှမဖြစ်ဘူးဆိုရင်
    လူပြောစရာဖြစ်မှာစိုးလို့ နည်းနည်းပါးပါးလုပ်ပြတာ
    ကြားဘူးကြတယ်မှတ်လား ဆင်ပိန်တာ ကျွဲဝတယ်လောက်ကျန်သေးတယ်ဆိုတဲ့စကားလေး
    ဒါဂေဇက်ပိန်သွားတာမဟုတ်ဘူး နည်းနည်းချောင်းဆိုးတာ
    အဟမ်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

    • မှော်ဆရာ

      September 4, 2012 at 8:58 pm

      ထောက်ခံလိုက်ပါ၏ ..

  • Htoo thin

    September 4, 2012 at 7:09 pm

    လုပ်ပြီ ဘေုဘု

  • အလင်းဆက်

    September 4, 2012 at 7:38 pm

    ကိုရဲ ပုဆိုးခြုံ ပြီးလမ်းလျှောက်တာကို မြင်ယောင်ကြည်လိုက်တယ်..
    အဟိ…အဟိ..:D
    ပန်တဂွန် စစ်ဌာနချုပ်က အလိုရှိနေတဲ့ ကမာ္ဘကျော် ဟက်ကာ ဘရာဇီးသား တီအာ ရောဂျေနဟို အဝီဖတ်ရှာတဲ့ …. ကဒါဖီရဲ့တူလို့ပြောကျတယ်။ အောက်စဖို့တက္ကသိုလ် ဆင်းပီး အမေရိကန် လေတပ်စခန်း၆ခုနဲ့ ဝက်စ်ပွိုင့်ရဲ့ ဒေတာဘေ့စ်တွေကို ဝင်ရောက်ဖျက်ဆီးခဲ့သူ..ဆိုတာက
    ဟိုလူကြီးနဲ ့သွားတုူနေပါလားဗျ.။
    ကိုညောင်…တုတ်တုတ်ကြီး.လေ…
    😀

  • MaMa

    September 4, 2012 at 7:51 pm

    ဟက်ကာလား….
    ဗလာဒီမာရဲစိနဲ့ တွေ့သွားမယ်။ [:D]
    ဟက်ကာဝတုတ်ပုံကြည့်ရတာ ကြောက်နေပုံပဲ [:))]

    _________________________
    I added cool smileys to this message… if you don’t see them go to: http://s.exps.me

    • ကိုမြင့်မြတ်သူ ခုပြတဲ့ နည်းကိုတော့
      ကျနော်လည်း စမ်းဖူးတယ်ဗျ .. 😀
      ဂျီမေးလ် လော့အင်ပေ့ချ် အတုပေါ့ .. အဟဲ ..

      • ရဲစည်

        September 4, 2012 at 8:16 pm

        အံကြီးရေ ပြောရရင်လဲ မကောင်းတော့ဘူး … အေ
        စိတ်လေဒယ် …….။

  • မောင်ပေ

    September 4, 2012 at 8:27 pm

    အပေါ်က ဟက်ကာပုံကြီးက အိုင်းရှဲဒိုးတွေများနေသလိုပါလား
    ကျွဲစီးတဲ့ အစ်ကိုကြီးကိုတော့ လေးစားပါတယ်
    ၄၅
    ၅၆
    ၆၇
    ၇၈
    ၈၉
    ၉၀

  • Myint Myat Thu

    September 4, 2012 at 8:33 pm

    🙂 ဟက်ကာတွေကို စော်ကားရင် မကောင်းဘူးနော် မကောင်းတဲ့ရလာဒ်တွေဖြစ်လာတော့မယ် အဟက် 🙂

    your site down LoL

    We love Myanmar We love Rakhine

    • အဟက် .. အဟက် .. ဟက်ချိုး .. 😀
      အပေါ်မှာ မိုက်ကယ်ဂျော်နီအောင်ပု ဆိုတဲ့
      ဆြာ့ဆြာဂျီး ပြောထားတာလေး ဖတ်ကြည့်ပါဦးလို့ ..

  • အရီးခင်လတ်

    September 4, 2012 at 8:49 pm

    adidas ဦးထုတ် နဲ့ ပုဆိုး ကို မျက်နှာဖုံး လုပ်ထားတာ မင်းလား။
    ကျွဲစီးနေတာ ကလဲ တစ်ယောက်ထဲထင်ရဲ့။
    ပုံထဲမှာ ပြုတ်ကျမှာ ကြောက်နေသလား။
    အားလုံး ပြုံးရီနိုင် အောင် လုပ်လိုက်လို့ သာဓုပါတော်။ 😆

  • ကြောင်ဝတုတ်

    September 5, 2012 at 3:19 pm

    စက်ကျူရတီနိမ့်လားမြင့်လားတော့မသိဘူးဗျာ… ဟက်ကာတဲ့… ဘာစက်ကျူရတီမှမရှိတဲ့ဆိုဒ်ကို ဟက်လုပ်ပြီး ပျော်နေတယ်… သိပ်ပြီးရခိုင်ကိုချစ်ရင်ဗျာ… ရိုဟင်ဂျာတွေတင်ထားတဲ့ဆိုဒ်တွေကို ဟက်ပြီး ဘယ်လိုဟက်လိုက်ကြောင်း FB မှာဖြစ်ဖြစ်… ကိုယ်ပိုင်ဆိုဒ်လေးတစ်ခုမှဖြစ်ဖြစ်တင်ပြီး လင့်လေးကိုရှဲပါလားဗျာ… ကြည့်ချင်လို့ဗျာ…

    ဝီခိပီးဒီးယားကလဲ ဒီလိုဆိုသဗျ…
    http://en.wikipedia.org/wiki/Rohingya_people

    ရိုဟင်ဂျာတွေကလဲ ဒီလိုဆိုဒ်တင်ပြီးတော့ ဖြဲသကိုး
    http://www.rohingya.org/portal/

    အနောက်ကျွန်းရောက် ရိုဟင်ဂျာတွေကလဲ အဖွဲ့အစည်းနဲ့ ဝက်ဆိုဒ်နဲ့
    http://www.bro-uk.org/v1/

    ရိုဟင်ဂျာတွေဆီမှာလဲ… ဒီလိုဘလော့ကာတွေရှိဆိုဘဲဗျ…
    http://www.rohingyablogger.com/

    မလေးရှားမှာအခြေစိုက်တဲ့ ရိုဟင်ဂျာတွေလဲရှိတယ်ဆိုဘဲဗျာ…
    http://ric-malaysia.weebly.com/

    ဒီဆိုဒ်မှာလဲ ရိုဟင်ဂျာတွေကို ကယ်ဖို့မူစလင်တွေက အကူအညီတွေတောင်းနေတယ်…
    http://muslimhands.org.uk/emergencies/2012/myanmar-emergency-appeal/?gclid=CPqsw8WGnrICFUQLfAodOhYA4A

    အဲဒီတော့အဲဒီဆိုဒ်လေးတွေကို ဟက်ပြီးပြပါဦး…
    မြန်မာနိုင်ငံနှင့် ရခိုင်ပြည်နယ်ကို သိပ်ချစ်ကြသော အမည်မသိဆရာကြီးများခင်ဗျား…

    လေးစားလိုလျက်-
    ကြောင်ဝတုတ်

  • ကိုရင်မောင်

    September 6, 2012 at 9:48 am

    ဟုတ်ပ…ကြောင်ဝတုတ်ရေ ဟက်ကာတွေတကယ်ဖိုက်ရမှာက
    ရိုဟင်ဂျာမကောင်းဆိုးဝါးဆိုက်တွေလေ….
    ခင်ဗျာတို့ပညာတွေကြည့်ချင်စမ်းပါဘိ……

  • kotun winlatt

    September 6, 2012 at 11:29 am

    ကိုရဲစည်ရေ…
    login ဝင်လို့ ရရခြင်းး ခီများပို့စ်ကို ဖတ်လိုက်ရသဗျားးးး
    ညစ်နေတဲ့ စိတ်တွေပျောက်သွားတယ်ဗျို့…
    ကျေးးးဇူးးပါ…

Leave a Reply