Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ှုငဆန်နီရေဒီယို(၆)

SonnySeptember 6, 20121min55214

ငဆန်နီရေဒီယို(၆)

မင်္ဂလာပါခင်ဗျာ ငဆန်နီ နှုတ်ခွန်းဆက်ပါ၏။

 

ဒီရက်ပိုင်းခံစားရတာလေးတစ်ခုပြောချင်ပါတယ်။

ပညာရေးအကြောင်းပါ။ ဒီအကြောင်းကို ဆရာမကြီးဒေါက်တာဒေါ်မြင့်မြင့်ခင်တို့လည်း ပြည့်သူ့ခေတ်ဂျာနယ်မှာ

“ပညာဟူသည်မြတ်ရွှေအိုး” ခေါင်းစဉ်နဲ့ရေးပါတယ်။ မြန်မာနိုင်ငံပညာရေးစနစ်ကို “ဒီလိုပညာရေး” လို့ဆိုပြီး အမည်မှည့်ပေးလိုက်ပါတယ်တဲ့။

“ဒီလိုသင်မယ် ဒီလိုကျက်၊ ဒီလိုမေးမယ် ဒီလိုဖြေ၊ဒီလိုအောင်” တဲ့။

“ဘာကြောင့်နုံချာနေတဲ့ အကြောင်းကို ဆန်းစစ်မယ်ဆိုလျှင် တွေ့ရတာက စာသင်ရာမှာ နှုတ်တိုက်အာဂုံဆောင် ခြင်းကို တရားလွန်အားပေးနေတာက ပညာရေးစနစ်ရဲ့ အမည်းမှတ်ကြီးဖြစ်တယ်” လို့ဆရာမကြီးက ထောက်ပြထားပါတယ်။

Route Learning စံနစ်ပါ။

အမေစု (သို့) ဒေါ်အောင်ဆန်းစုကြည် ကလည်း ပညာရေးကိုဝေဖန်ထောက်ပြဘူးပါတယ်။အလွန်နိမ့်ကျနေပါသေး တယ်တဲ့။ လူငယ်တွေကိိုလည်းစာများများဖတ်ဖို့ ဒီတစ်ပတ်ထုတ် ဒီလှိုင်းဂျာနာယ်မှာ တိုက်တွန်းထားပါတယ်။ လူငယ်တွေကိုလည်း တက္ကသိုလ်ကျောင်းသူကျောင်းသားဘဝ အပြည့်ခံစားစေချင်တယ်တဲ့။ (CAMPUS LIFE)

ရတဲ့ဘွဲ့ ကို ကျောင်းပြီးရင် အလုပ်အာမခံချက်ပေးနိုင်တဲ့ဘွဲ့

မျိုးတွေဖြစ်စေချင်တယ်တဲ့။

အမေစု စာဘယ်လောက်ဖတ်သလည်းဆိုတာ သူနဲ့ Alan Clements တို့ရဲ့အင်တာဗျူး စာအုပ် “Voice of Hope” ဆိုတဲ့စာအုပ် ဖတ်ကြည့်လိုက်ရင် အမေစု ရဲ့ စာဖတ်အား ကြောက်ခမန်းလိလိကြုံကြရမှာပါ။

ကျနော်လည်းပညာရေးနဲ့အသက်မွေးပါတယ်။

တစ်နေ့က……

ကျောင်းလခဈေးကြီးတဲ့ အင်တာနေရှင်နယ်ကျောင်းက ကလေး တွေ ရဲ့ အိမ်စာတွေကို ကူညီရှင်းပြပေးပါတယ်။ အဲ ထူးခြားတာတစ်ခုက မန္တလေး ဧရာဝတီ ကျောင်းက Grade 6 မှာ PSHE (PERSONAL, SOCAIL, HEALTH EDUCATION) လူမှု့ရေး ဘာသာလို့ပြောရမယ်နော်..အဲဒီ စာအုပ်က အမေရိကားက ပြဌာန်းချက်ပါ။ မြန်မာနိုင်ငံ မှာလူမှု့ရေးဘာသာ ပါပါတယ်။ နှံ့နှံ့စပ်စပ်ရေးမထားပါဘူး။ တွေးစရာမပါပါဘူး။

ကျနော်ကြားဘူးတာတော့

 

“ဆရာတစ်ယောက်ဟာ သူ့တပည့်တွေကို အိ်မ်ပြန်ရင် အိမ်စာလည်းပေး တွေးစရာလည်းပေး လိုက်ရမယ်” တဲ့။

 

အဲဒီ စာအုပ်(PSHE) မန္တလေး ဧရာဝတီ ကျောင်းက Grade 6 မှာ နောက်ဆုံး ASIA အခန်းမှာ ထူးခြားတာကတော့ အမေစု (ခ) ဒေါ်အောင်ဆန်းစုကြည် အကြောင်းတခမ်းတနားဖေါ်ပြထားပါတယ်။ စံပြုထိုက်သူ၊ အာရှသူ၊ ဒီမိုကရေစီ အရေး လူထုအရေး ဆောက်ရွက်သူ၊ူ နိုဘယ်ဆုရှင် အဖြစ် သင်ခဏ်းစာထဲ ထည့်ထားခြင်းပါ။ အမေစု အကြောင်း ပါရမယ်လို့ မဆိုလိုပါဘူး။ သင်ရိုးဆွဲပုံ ကအလွန်ကောင်းပါတယ်။ ဆိုလိုတာက သင်ရိုးမှာ သိသင့်သိထိုက်တာတွေပါနေပါတယ်။ ဥပမာ ဘာသာရေးဆိုရင် ခရစ်ယာန်အကြောင်းရော ဗုဒ္ဓဘာသာအကြောင်းရော ဟိန္ဒူဘာသာရော အစ်လာမ် အကြောင်းရောပါပါတယ်။ ကျွန်တော် ဉာဏ်မှီသလောက်ကတော့ အနာဂတ် ကို ပုံဖေါ်ပေးနိုင်ပြီး လက်တွေ့ဘဝ ကို ရင်ဆိုင်နိုင်မည့် သင်ရိုး ( SYLLABUS ) ကို နိုင်ငံခြားအကူညီယူပြီးဖြစ်ဖြစ် ဒါမမဟုတ် ပြည်တွင်းက နိုင်ငံခြားအတွေ့အကြုံရှို ဆရာဆရာမများ ပူးပေါင်းပြီး ပြင်ဆင်ရေးဆွဲဖို့ အချိန်နောက်ကျနေပါပြီ မြန်မြန်ဆောင်ရွက်သင့်ပါကြောင်း ကြေငြာမောင်းခတ်လိုက်ပါရစေ။

အမေရိကားတော့ရောက်ဖို့နေနေသာသာ အိမ်မက်တောင်မမက်ဘူးပါဘူး ကြားဘူးနားဝရှိတာကတော့နှစ်စဉ် နှစ်တိုင်း သင်ရိုးတွေကိုု UPGRADE လုပ်တယ်လို့ ကြားဘူးတာပဲ။ဒါကြောင့်သာ အမေစု အကြောင်း PSHE မှာပါတာပေါ့။

အမေစုဟာ နိုင်ငံတစ်ကာကသင်ရိုးထဲမှာတောင်ပါနေတယ်။

အဲဒါဘာကြောင့်လည်းဆိုတာ…ကလေးတောင်တွေးတတ်မယ်ထင်ပါတယ်…မတွေးတတ်သူတွေတော့တွေးတတ်မှာမဟုတ်ပါဘူးလေ…

တွေးကြည့်တာပါလေ…စိတ်ကူးပေါ့

အင်း……

အမေစုကိုသာ တတ်သိပညာရှင်တွေနဲ့ပေါင်းခိုင်းပြီး

တိုင်းပြည်ရဲ့ ပညာရေး ရော စီးပွားရေးရော လူမှု့ရေးရော အခြေခံအဆောက်အအုံရော အပေါ်ထပ်အဆာက်အအုံရောသာ

ခင်ဗျားကြိုက်သလိုသာစီမံပါ..သမ္မတတော့ ဖွဲ့စီးပုံအခြေခံဥပဒေ က(တမင်တကာ)တားထားတော့ လုုပ်မရဘူး..

ဒါပေမဲ့လုပ်ခွင့်ပေးတယ်ဗျာလို့ ဘဘသမ္မတကြီး ဦးသိန်းစိန်က သာ pass ပေးလိုက်ရင်………………(အတွေးမျှသာ)

အောက်မှာPSHE စာအုပ်က ဓါတ်ပုံလေးတွေဖေါ်ပြပေးလိုက်ပါတယ်

ချစ်ခြင်းအားးဖြင့်..ကိုဆန်နီ

အမေစု အကြောင်း ကလေးများကို နမူနာပေးထားသောစာပိုဒ်

 

PSHE မျက်နှာဖုံးပုံ

14 comments

  • ဦးဦးပါလေရာ

    September 6, 2012 at 3:38 pm

    မြန်မာပြည်ရဲ့ ပညာရေးမှာတော့
    ပြင်+ညာ+ရေး ခဲ့ကြတာ ရာစုဝက်ကျိုးခဲ့ပါပြီဗျာ…။

    သင်နည်းတွေလဲ ပြောင်းသင့်ပါပြီ
    သင်ရိုးတွေလဲ ပြောင်းသင့်ပါပြီ
    အရေးကြီးတာကတော့
    ဘယ်လိုပြောင်းမလဲ လို့ စီမံသူတွေကိုလဲ ပြောင်းသင့်ပါပြီ..။

    ကျုပ်ကိုတော့ ဆဲချင်လဲဆဲကြတော့ အရပ်ကတို့…..
    ကျုပ်ပြောချင်တာကတော့-
    တခြားဟာအပထား
    ပညာရေးကို စီမံတာ ပညာတတ်တွေရဲ့အလုပ် ဖြစ်မယ်ထင်ရဲ့..။

    ပညာတတ်စစ်စစ်တွေကို သူ့နေရာသူပို့ပါတော့………. လို့….။

    • Sonny

      September 7, 2012 at 11:12 am

      ဟုတ်ပါ့ ကိုပါလေရာရေ…
      မဆဲပါဘူး မှန်တာ အကျိုးရှိတာပြောတာပဲ ပြောသာပြော
      ချစ်ခြင်းအားဖြင့်…ကိုဆန်နီ

  • pooch

    September 6, 2012 at 4:08 pm

    ကိုဆန်နီရေ သူကြီးစကားကို ခဏငှားသုံးရရင် ကျမတို့ ပညာရေးက ဦးနှောက်မပါတော့တဲ့ အုပ်ချုပ်သူလူတန်းစား လက်ထက်တခုမှာ ကျိန်စာမိသွားတာပါ ။

    ခုလို လမ်းဆုံရောက်လာတဲ့ ကာလတခုမှာ ဆိုင်ရာများ ဦးနှောက်ကြီး နားကြီး မျက်စိကြီး အမြော်အမြင်ကြီးစွာနဲ့ ကျိန်စာဖြေစေနိုင်ဖို့ပဲ မျှော်လင့်ရပါတော့တယ်။

    • Sonny

      September 7, 2012 at 11:14 am

      ပူချရေ…
      ဆရာမကြီးဒေါ်မြင့်မြင့်ခင်ကတော့…မဆလ ခေတ်ကတည်းက နဝတ ထိ ကြိမ်စာသင့်ခဲ့တာတဲ့..
      ချစ်ခြင်းအားဖြင့်…ကိုဆန်နီ….

  • pyopyo may

    September 7, 2012 at 9:17 am


    ဒီလိုသင်မယ် ၊ ဒီလိုကျက် ၊ ဒီလိုမေးမယ်
    ဒီလိုဖြေ ၊ ဒီလိုအောင်
    ……….
    ဒီလိုမလုပ်ဖို့ ၊ ဒီလောက်ပြောလဲ
    ဒီလိုနားမလည် ၊ ဒီလိုပဲလုပ်နေကြတော့
    ဒီလိုပဲဖြစ်နေတာကို ဒီလိုပဲကြည့်နေကြတော့မှာလား

    • Sonny

      September 7, 2012 at 11:16 am

      ပျို၂မေရေ..
      ပျို၂မေရေ..သိပ်ခက်တယ်တဲ့..သူက ဆိုတဲ့ဗဒင် သီချင်းလိုပဲ
      ပညာရေးကတော့..ချောက်စားခတ်ပါ….
      ချစ်ခြင်းအားဖြင့်..ကိုဆန်နီ

  • မောင်ပေ

    September 7, 2012 at 9:26 am

    ကျွန်တော် အင်စတီကျုယူနီဗာစတီကို ရောက်ခဲ့တယ်
    ကျွန်တော် ၁ဝတန်းအောင်တဲ့အထိ သင်ခဲ့တာက ဆရာ/မ , ဂိုက်များက ဘာသာတိုင်းကို တစ်လုံးချင်း တစ်ကြောင်းချင်းစီရှင်းပြပေးပြီးမှ အလွတ်ကျက်ခဲ့တာကိုး
    ယူနီမှာကြ ဖတ်ရုံပဲ ဖတ်ပြသွားတဲ့ ဆရာ/မ များတယ်
    ကိုယ့်ဘာသာကို ဒစ်ရှင်နရီ ကိုင်ပြီး ရွှိုင်းရမယ်ပေါ့
    ဒါနဲ့ အပျင်းထူတဲ့ ကျွန်တော် ငမောင်ပေ လဲ တစ်ဖြေးဖြေးနဲ့ စိတ်ဝင်စားမှုနဲလာပြီး အဆုံးမှာ ကိုယ့်ဘာသာကိုယ် ထွက်လာခဲ့တာပဲ

    • Sonny

      September 7, 2012 at 11:18 am

      ်မောင်ပေ..
      မင်ဂလာပါနော်
      နှမြောပါတယ် ညီလေးအတွက်….
      နိုင်ငံအတွက် အလွန်အသုံးဝင်သော စာရေးဆရာဒေါက်တာ ဖြစ်နိုင်သားနဲ့…
      ချစ်ခြင်းအားးဖြင့်..ကိုဆန်နီ

  • ကြောင်ကြီး

    September 7, 2012 at 10:22 am

    မျက်နှာဖုံး
    ဖတ်တုံး
    မှတ်သုံး
    ကြပ်ကုန်း
    ဆက်ပြုံး
    ဓာတ်လုံး
    နတ်ဘုန်း
    ဆက်အုံး..။

  • Sonny

    September 7, 2012 at 11:22 am

    ကြောင်ကြီးရေ…

    မျက်နှာဖုံး
    မဲ့ပြုံးနဲ့။
    ကြောင်ကြီး
    ရောင်ပြီးငယ်ငယ်က
    အလွှတ်ကျက်ခဲ့ရမှာ( တစ်ခါတရံ အလွတ်ကျက် ဖို့ လိုအပ်ပါတယ် )
    အသေအချာ။
    ချစ်ခြင်းအားဖြင့်…ကိုဆန်နီ….

  • kotun winlatt

    September 7, 2012 at 11:31 am

    ကိုဆန်နီရေ…
    ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့ ဆိုပီး ကျောင်းတွေမှာ ရေးထားတယ်ခင်ဗျ….
    ပညာရေးကိုတော့ အမှန်အကန် ပြောင်းလဲသင့်နေပါပြီဗျာ….
    အလွတ်ကျက်စနစ်နဲ့ အောင်ပြီး တက္ကသိုလ်ရောက်လာသူတွေကို ကျက်ကသိုလ်လို့
    ဆရာဦးအောင်သင်းပြောသွားတာလေးကို သတိရမိပါရဲ့..ကိုယ့်ဆရာရေ…။

    • Sonny

      September 13, 2012 at 10:13 am

      ကိုထွန်းဝင်းလတ်ရေ
      ဟုုတ်တယ် ကျက်က္ကသိုလ် အစစ်ပါ အက်ဆေးတောင် ကျက်ဖြေတာပဲ
      ဆရာဦးအောင်သင်းတော့ လေးစားတယ်ဗျာ
      ဆရာကပြောဘူးတယ်
      “လူငယ်တွေက ငယ်တုန်းများများကို်ယ့်ကိုကိုခိုင်းရမယ်တဲ့ ကြီးရင် သူများးခိုင်းသွားလိမ့်မယ်တဲ့”
      ချစ်ခြင်းအားဖြင့်..ကိုဆန်နီ….

  • ရွှေ ကြည်

    September 7, 2012 at 11:58 am

    ဟုတ်ကဲ့ နောက်ကျနေပါပြီကောကိုဆန်နီရေ။

    • Sonny

      September 13, 2012 at 10:15 am

      ရွှေကြည်ရေ..
      နောက်ကျတာအမှန်ပဲ
      ဒါပေမယ့်လိုက်လို့မှီိပါသေးတယ်
      လူငယ်တွေကိုတိုက်တွန်းရမယ်
      ပညာရေးကို သူတို့ကိုယ်တိုင် မြှင့်တင်လိုစိတ်ရှိုရမှာပါ။
      ချစ်ခြင်းအားဖြင့်..ကိုဆန်နီ…..

Leave a Reply