သမီးကြေးမုံဂျီး မှားပါဗီ ကိုကိုကြောင်ကြီးရဲ့ အဲ့ဟဲ့ဟဲ့ဟဲ့ emotion
အသက်မက အသဲအနှလုံး အူကျောက်ကပ် ကလီစာ အသွေးအသား အကုန်ပုံချစ်ရပါသော ကိုကိုကြောင်ကြီးရှင့်… သမီးကြေးမုံဂျီး မှားမှန်းသိပါပြီ၊ ဝန်ချတောင်းပန်ပါတယ်။ 😥 သမီးလေ ကိုကိုကြောင်နဲ့ ဟိုကောင်မ ရှာရာပိုဗာတို့ တဦးနဲ့တဦး ချစ်ကြည်နူး ရွှေလက်တွဲနေကြတာ မနာလိုလို့ ရွာထဲမှာ ရှာရာပိုဗာဂလေး လင်ယူတော့မယ်လို့ ဝမ်းသာအားရ ပြောမိခဲ့ပါတယ်။ အဲဒါ လံကြုတ်လုပ်ကြံ မဟုတ်မမှန် မဟုတ်တရုတ်ကြီးပါ။ ကိုကိုကြောင် ကြးမုံဂျီးလူလိမ် ပို့စ်မှာ ခိုင်းတဲ့အတိုင်း တောင်းပန်တာ ကြေနပ်ပါတော့နော်။ သမီးလေ ငိုနေရပါပြီ။ မယုံလျင် ဓာတ်ပုံသာ ကြည့်ပါတော့။

လိမ်မိတဲ့အပြစ်
ငါ့အဖြစ်
ဦးကြောင်ကပစ်
ငါကျန်ရစ်
အချစ်နဲ့စစ်
ရန်သူဟစ်
ဆိုးလှတဲ့နှစ်
၂၀၁၂
အီးဟီးဟီး
ဂစ်ဂစ်ဂစ်.. 😥
12 comments
ကြေးမုံ ဂျီး
September 7, 2012 at 11:40 am
သဂျီးချင့်
သမီးရေးထားတဲ့ ပို့စ်ကို mirror the great လို့ tagမှာ၊ category ကို my diary လို့ပြင်ပေးပါနော်။ နောက်ပြီးတော့ စာထဲမှာ ဒါရိုက်လင့်ခ် ကြေးမုံဂျီးလူလိမ် ထည့်ထားတာ HTMLနဲ့ VIRTUAL လွဲသွားလို့လားမသိဘူး၊ အဲဒါလေးပါ UPDATE လုပ်ပေးပါ ဘဘသဂျီးဥခိုင်ချင့်…။
ချစ်လှစွာသော ကြေးမုံဂျီး MIRROR THE GREAT 👿
Wow
September 7, 2012 at 11:48 am
ဖစ်မှ ဖစ်ရ ပလေဒယ် … 😛
Khaing Khaing
September 7, 2012 at 11:48 am
အော် ….. ကြေးမုံဂျီးက ကြောင်စာကျွေးနေတာပဲ ……. အဲဝုတ်ပါဝူး … ကြောင်ကို တောင်းပန်စာ ရေးတာပဲ ……..
kotun winlatt
September 7, 2012 at 11:52 am
အမ်…ကြေးမုံဂျီးးးကို ရဲဖမ်းသွားပီလားးး
ဦးကြောင်ရေ..ပြူးကြောင့် ကြည့်မနေနဲ့နော်..
ဟိုက တောင်းပန်နေပီ…
ဦးကြောင်က အားကျမခံ စကောပန်လိုက်တော့…ဟီးးးးးးးးးးးးးးးး
Inz@ghi
September 7, 2012 at 11:58 am
စိတ်ကို ဒုံးဒုံးချလိုက်ပီပေါ့ ….ကိုကိုကြောင်
အာဟိ..
ဒက်ဂလောက်
Moe Z
September 7, 2012 at 12:00 pm
၂ ကိုယ်ခွဲ ၃ ကိုယ်ခွဲတွေ သဂျီးကဖမ်းမယ်တဲ့
pooch
September 7, 2012 at 2:29 pm
ထင်တော့ ထင်သား သူပဲ ကိုယ်ခွဲထားတာနေမှာလို့ … ခုအယောင်ဆောင်မှုနဲ့ တိုက်ပွဲတွေဘက်ကို ပေါ်တာဆွဲခံလိုက်ရပြီ ကြားတယ်။
ဟိုဘက်က သတင်းတွေထဲမှာ တိုက်ပွဲတွေ ကြားထဲ ကြောင်ကြီး တကောင် ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်နဲ့ တဲ့
ဦး ကျောက်ခဲ
September 7, 2012 at 12:06 pm
တော် တော် နောက်တဲ့ ကိုကြောင်၊ အဟုတ်မှတ်လို့။ ဒီလူဂျီး ပွဲဆူအောင် လုပ်ပြန်ဘီ!
Crystalline
September 7, 2012 at 1:18 pm
ဦးကြောင့်သမီးပုံလား..အမေတူတာထင်တယ်..နှုတ်ခမ်းမွေးလည်းမပါဘူး. 🙂
မောင်ပေ
September 7, 2012 at 3:36 pm
ဟိုက်ရော ဟိုက်ရောတဲ့မှ
ဘဲနမ်း
အကဲစမ်း
ရဲဖမ်း
သဲထမ်း
တွဲရမ်း
အရီးခင်လတ်
October 12, 2012 at 6:10 pm
ကကြောင်ကြီး
ဒီ Post ကို ကြိုက်သူ ၁၁ဦး မှ အနဲဆုံး ၂ဦး အမည်တပ်ပေးနိုင်လျှင် ဇကာတင် ထဲ ထည့်ပေးမည်။
ဘယ်သူတွေ ပေါသလဲ ကြည့်ကြ သေးတာပေါ့။
(အဲ …. စာလုံးပေါင်းသည်းခံပါ။ “ပါသလဲ” မှာ “ေ” ပိုများ သွားလားလို့။ ) :harr:
ဦး ကျောက်ခဲ
October 12, 2012 at 6:59 pm
အဟေ့……
အရီးလတ် ကျွန်တော်လဲ ပေါ တယ်။
အမ် မေ့ပြန်ပြီ “ေ” ပိုပါ သွားတယ်