မောင်လှထုံ….
“မောင်လေး မမအတွက် ခေါင်းကိုက်ပျောက်ဆေးဝယ်ပေးဦး”
မမကြီးမှ အိမ်တွင်ရှိသော အထွေးဆုံးမောင်အား ဈေးဝယ်ခိုင်းခြင်းဖြစ်သည်။
မောင်နှမ လေးယောက်တွင် အငယ်ဆုံး ဖြစ်ပြီး ယောက်ျားလေး တစ်ယောက်သာ
ပါသောကြောင့် မိသားစု၏ အလွန်ချစ်ခြင်းခံရသည်။ မမကြီး၏
ခိုင်းစေချက်ကြောင့် ဈေးဝယ်သွားရန် ဆိုင်ကယ်ပေါ် တက်ခွနေသော
မောင်လှထုံအား
“နေဦး မောင်လေး ခေါင်းကပ် ပလာစတာပါ ဝယ်ခဲ့နော်”
ထိုစကားကြောင့်
“ခေါင်းကပ်ပလာစတာလား အနာကပ်ပလာစတာလား”
မောင်လှထုံမှ သေချာရန် ထပ်မေးသည်။ မမကြီးကလည်း သေချာပြန်ဖြေလိုက်ပါသည်။
ခေါင်းကပ်ပလာစတာပါ။ မောင်လှထုံမှလည်း ဝယ်လာခဲ့ပါသည်။ ခေါင်းကပ်ပလာစတာပဲ
ဖြစ်ပါသည်။သို့ပေမယ့် ခေါင်းကိုက်ပျောက်ဆေးကဖြင့် ပါမလာတော့ပါ။ တစ်ခုမက
ဈေးဝယ်ခိုင်းလျှင် ပါးစပ်ဖြင့် မှာ၍ မရပါ။ သေချာ စာရင်းဖြင့် ဘယ်ဆိုင်မှ
ဘာပစ္စည်း ဘယ်လောက် စသည်ဖြင့် မှာဝယ်ခိုင်းမှ တန်ကာကျပါသည်။
ဒီလိုဖြင့် မောင်လှထုံတစ်ယောက် တက္ကသိုလ်ဝင်တန်းကိုဖြင့်
နှစ်နှစ်ဖြေဆိုလိုက်ရပြီး။ အောင်မြင်ခဲ့ပါသည်။ တက္ကသိုလ် မတက်ခင်
ကျောင်းသင်ခန်းစာမသင်ခင် အနားယူဆဲကာလ တစ်နေ့သောအခါ… ကျောင်းနေဖက်
သူငယ်ချင်း တစ်ယောက်၏ နားရေးသတင်းကြားရပါသည်။ ဆီကြိတ်စက်တွင်
အလုပ်လုပ်ကိုင်ရင်း စက်လည်နေချိန် ဘီးဖြင့် သွယ်တန်းထားသော် ဘတ်ကြိုးကို
ကျော်ရာ မလွတ်ပဲ ဆွဲရိုက်သလိုဖြစ်ပြီး ပွဲခြင်းပြီး သေဆုံးသွားခဲ့သည်။
သို့ဖြစ်၍ မောင်လှထုံတစ်ယောက် သူငယ်ချင်း၏ နောက်ဆုံး ဈာပန ပွဲသို့
လိုက်ပါ ပို့ဆောင်ခဲ့ပါသည်။ လိုက်ပါပို့ဆောင်ပြီး နောက်တစ်နေ့တွင်…
“ဟေ့ကောင် ကျော်ဝင်း”
“ဘာလဲကွ”
“ဟိုကောင် ရဲ့ရင့် ဆုံးပြီးကွ ဆီစက်မှာ လုပ်တဲ့ကောင်လေကွာ ငါ
လိုက်ပို့ခဲ့ပြီးပြီ ငါဖြင့် စိတ်ကို မကောင်းဘူးကွာ”
“ဟေ … အေး… ငါကြားတယ်ကွ မင့်က ဘယ်လို လိုက်ပို့ခဲ့တာတုန်းကွ သူက
ဒီနေ့မှ ချမှာ ပါကွ”
“ဟုတ်လို့လားကွာ ငါ အသေအချာ သင်္ချိုင်းကို လိုက်ပို့ခဲ့တာပါကွ”
“ ဟုတ်ပါတယ် ဒီနေ့မှ ချမှာပါ မင့်ကလည်း ဘယ်မသာ ပို့ခဲ့မှန်းမသိ”
ဒီလိုနဲ့ သူငယ်ချင်းနှစ်ယောက် အသုဘအိမ်သို့ သွားခဲ့ကြရာ ဟုတ်ပါသည် အသုဘက
ဒီနေ့မှ ချမှာဖြစ်ပါသည်။ ဖြစ်ပုံက… အသုဘအိမ်က ပေလမ်းမကြီးမှ လမ်းသွယ်သို့
ဝင်ရသည်။ မောင်လှထုံတစ်ယောက် ပေလမ်းမကြီးအတိုင်း ဆိုင်ကယ်စီးလာသည်။
လမ်းသွယ်သို့ ဝင်ရန် အရောက်တွင် လမ်းသွယ်အတွင်းမှ တခြား အသုဘ
တစ်လောင်းသင်္ချိုင်းပို့ရန် ထွက်လာရာ သူငယ်ချင်း၏ အသုဘ အလောင်းဆိုပြီး
သေချာ မစစ်ဆေးတော့ပဲ လိုက်ပါပို့ဆောင်ခဲ့ပါသည်။
တစ်နေ့ အိမ်တွင် နှပ်နေချိန် အဒေါ်အလတ်နှင့် အဘွားလေး တစ်ယောက် အလည်လာသည်။
အိမ်မှာက အဒေါ်အကြီးဆုံးနဲ့ အတူနေကြသည်။ အဒေါ်အကြီးဆုံးထံသို့
လာကြခြင်းဖြစ်သည်။
“မောင်လှထုံ ဟိုတစ်ခါ ကြီးလေးနဲ့ အတူဝယ်တဲ့ လမ်းဆုံက ခေါက်ဆွဲဆိုင်မှာ
ခေါက်ဆွဲသုတ် နှစ်ပွဲ သွားဝယ်ချေ”
“ဟုတ်ကဲ့ဗျ”
အကျီ င်္လေး ကောက်လဲပြီး ထွက်လာခဲ့သည်။ လမ်းဆုံရောက်တော့ ဆိုင်က
မဖွင့်သေးပါ။ ဆိုင်က ညနေပိုင်းဆိုင် သုံးနာရီခွဲလောက်မှ ဖွင့်သည်။ ခုမှ
နှစ်နာရီပဲ ရှိသေးသည်။ မောင်လှထုံ တစ်ယောက် တစ်ခြား ခေါက်ဆွဲရောင်းသော
ဆိုင်တွေ မမေးတော့ မဖွင့်ဘူးဆိုပြီး ပြန်လာခဲ့သည်။ အမေမှာတဲ့ ဆန်တစ်ခွဲ
သုံးစိတ်ဖြင့် မလဲနိုင်တဲ့ မောင်လှထုံပေ။
“ ကြီးလေး ဆိုင်က မဖွင့်သေးဘူးဗျ”
“ဟေ အဲ့ဒါဆိုလည်း ဖွင့်တဲ့ဆိုင်က ဝယ်ခဲ့ရောပေါ့။ ဒါဆိုလည်း “အာသီသ”
ဆိုင်သာ သွားလိုက်တော့”
မောင်လှထုံ နောက်တစ်ခေါက်ပြန်ထွက်ခဲ့သည်။ ဆိုင်သို့ ရောက်သောအခါ…
“အန်တီ ခေါက်ဆွဲသုတ်နှစ်ပွဲ ပါဆယ်”
“ ကလေး ဆီချက်ပဲ ရတာကွဲ့”
ခေါက်ဆွဲသုတ်နှင့် ဆီချက် လုပ်ပုံခြင်း ကွာတတ်သော်လည်း ဆီချက်သည်
ခေါက်ဆွဲကို လုပ်ထားခြင်းဖြစ်သည် ဆိုတာကို မသိလေသော မောင်လှထုံတစ်ယောက်
လှည့်ထွက်ခဲ့သည်။ တကယ်က ဆီချက်ကို ဝယ်လာခဲ့လျှင်လည်း ဖြစ်သည်။
ဒီတစ်ခါတော့ အိမ်မပြန်ချင်တော့ ရသည့် လမ်းဘေးဆိုင်မှ ဝယ်လာခဲ့တော့သည်။
“ဟဲ့ နင့်ဟာက အာသီသ မဟုတ်ဘူးလား ညံ့လိုက်တာ ဟင်းရည်က ကျဲကျဲ ကြက်သွန်နီက
အတုံးလိုက်နဲ့”
“ဟုတ်ဗျ အာသီသက ဆီချက်ပဲ ရတာဆိုလို့ လမ်းဘေးဆိုင်ကပဲ ဝယ်လာခဲ့တော့တာ”
“အေး အဲ့ဒီ ဆီချက်ပဲ ဝယ်လာခဲ့လေ”
“ကြီးလေးက ခေါက်ဆွဲလို့ မှာတာကို”
“အမလေး… ဆီချက်က ခေါက်ဆွဲကို လုပ်ထားတာပဲလေ ”
“သိမှ မသိဘဲ”
မောင်လှထုံတစ်ယောက် ဒီလိုမျိုးလဲ ထုံတတ်ပါသေးသည်။ ဒီလိုနဲ့ တက္ကသိုလ်
မတက်ခင် အစ်မများက မောင်ငယ်လေးတစ်ယောက် အတတ်ပညာ ကြွယ်ဝရန် အလို့ငှာ
ကွန်ပျူတာ အခြေခံ သင်တန်းသို့ ပို့လိုက်သည်။ သင်တန်းတွင် …
“ကဲ သင်တန်းသားအားလုံး ပရိုဂရမ် တစ်ခု ဖွင့်ရန် screen ရဲ့ ဘယ်ဘက်
ဒေါင့်မှာ ရှိတဲ့ start button ပေါ်မှာ mouse နဲ့ click နှိပ်ပါ”
မောင်လှထုံတစ်ယောက် အဆင်ပြေချောမွေ့လို့နေသည်။
“ပြီးရင် program ပေါ်မှာ mouse ကို တင် နောက်ထပ် menu တစ်ခု ပေါ်လာမည်။
နောက်ထပ် menu ပေါ်ကို ရောက်ဖို့ mouse pointer ကို တည့်တည့်ထားပြီး
ထွက်လိုက်ပါ”
အဲ့ဒီကနေ ဇာတ်လမ်းစတော့တာပါပဲ။ မောင်လှထုံတစ်ယောက် program ပေါ်တွင်
ရပ်နေသည်။ဒါနဲ့ သင်တန်းဆရာမမှ အနားသို့လာပြီး…
“ဒီတိုင်း တည့်တည့် ထွက်ခဲ့လိုက်”
မောင်လှထုံတစ်ယောက် ကွန်ပျူတာ ထိုင်ခုံမှ ထ၍ ဆရာမ စာသင်လျှင် လျှောက်သော
အလယ် စင်္ကြင်္ ံလမ်းသို့ ထွက်ခဲ့ပါသည်။ ဆရာမလည်း မျက်လုံးပြူးပြီး…
“ဟဲ့ မင့်က ဘယ်ကို သွားမလို့လဲ”
“ဆရာမပဲ ထွက်ခဲ့ဆို”
“ဗုဒ္ဓေါ… ငါက mouse pointer ကို ပြောတာဟဲ့”
ဆရာမက အလွယ်ပြောလိုက်သည့် စကားကို သူ့ကို အပြင်သို့
ထွက်ခိုင်းသည်မှတ်ပြီး ထထွက်လာခဲ့ခြင်းဖြစ်ပေသည်။ ဒီလိုနဲ့ သင်ခန်းစာ
ဆက်သင်ကြပါတာ့သည်။
“ ကဲ အားလုံး စာရွက်အသစ်ယူရအောင်”
စာရိုက် ရိုက်ထားသောစာဖိုင်များ သိမ်း၍ ပိတ်ပြီး နောက်ထပ်စာရိုက်ရန်
စာရွက်ယူဖို့ ပြောခြင်းဖြစ်ပါသည်။ အဲ့ဒီချိန်တွင် မောင်လှထုံတစ်ယောက်
အလုပ်ရှုပ်နေပါသည်။ သူ့တွင် ပါလာသော လွယ်အိတ်အတွင်း လှန်လှော မွှေနောက်
ရှာဖွေနေပြီး နောက်တွင်…
“ဆရာမ စာရွက်အသစ် မပါဘူးဗျ”
ဆရာမလည်း အနည်းငယ် ကြောင်သွားပြီး “ ပါ ပါတယ် ဟဲ့”
“မပါဘူးဆရာမ ကျနော် အိမ်က စာအုပ် အလွတ် ယူမလာခဲ့ဘူးရယ်”
“အွန် … ငါ့နှယ်နော် အဲ့ဒီ စာရွက်ယူခိုင်းတာ မဟုတ်ဖူးဟဲ့ နောက်ထပ်
စာထပ်ရိုက်ဖို့ စာရွက်ဖိုင် အသစ်ကို ယူခိုင်းတာ မောင်လှထုံရဲ့”
မောင်လှထုံတစ်ယောက် ဒီလိုများလည်း ထုံတတ်ပြီး သင်တန်းလည်း
ပြီးဆုံးခဲ့ပြီး သင်တန်းမှ သင်ပေးလိုက်သော အကျိုးကျေးဇူးကြောင့် အင်တာနက်
ဆိုသော် ရွာကြီးအတွင်းတွင် လှည့်လည်နေပါတော့သည်။ အကယ်၍ အင်တာနက်
သုံးသော ပရိတ်သတ်များ ခုလို ထုံသော သူတစ်ယောက်ကို တွေ့ခဲ့မည် ဆိုလျှင်……..
လေးစားစွာဖြင့်…..
မေနှင်းကျော်
16 comments
Khaing Khaing
September 7, 2012 at 11:44 am
ကိုထွန်းဝင်းလတ်ပဲဖြစ်မယ် …. မောင်လှထုံဆိုတာက …….. ဟီးးးးးး ဟီးးးးးးးးးး
kotun winlatt
September 7, 2012 at 11:50 am
အော…..ဒီလိုဆို…သမီးးးအဖြေ လုံးဝ..လုံးဝ..လုံးဝကို မှန်ပါဒယ်ကွယ်…..။
linnlinnn
September 7, 2012 at 12:07 pm
ဖတ်ပြီးရယ်သွားပါကြောင်း.. 😀
kotun winlatt
September 7, 2012 at 12:12 pm
ဟုတ်…ဘဝအမောတွေ ရယ်ပြုံးခြင်းဖြင့် ပြေပျောက်နိုင်ကြပါစေ….။
amatmin
September 7, 2012 at 12:26 pm
တခါတလေ ထုံသင့်တဲ့နေရာမှာ ထုံပလိုက်တာ အကောင်းဆုံးပဲဗျ..
ကိုလှထုံလို အမြဲတော့ မထုံရဲဘူးရယ်.. 🙂
ဖတ်ရင်း ပြုံးရယ်သွားပါ၏..။
kotun winlatt
September 7, 2012 at 12:32 pm
ဟုတ်…..တစ်ခါတစ်လေတော့လည်း ထုံပေပေ..
တစ်ခါတစ်လေတော့လည်း..နတတ..
ဒီလိုနဲ့..ထုံရာက န…နရာကနေ…အသွားတတ်ပါတယ်….ကိုမတ်ရေ..
ထုံသင့်တဲ့နေရာမှာ ထုံ…ပီးးးနသင့်တဲ့နေရာမှာတော့..နလိုက်ရတာပါပဲ..
ဒါပေမယ့်…အတဲ့ အဆင့်တော့ မရောက်သင့်ဘူးပေါ့…
အတယ်….ဆိုတော့..ဘာမှပြောလို့ မရတော့ဘူးလေ…
ရယ်ပြုံးချင်းဟာ..အသက်ရှည်စေပါသတဲ့…ကိုယ့်ဆရာရေ…။
Mon Kit
September 7, 2012 at 12:31 pm
ခုဆို မောင်လှထုံ တစ်ယောက် ဂဇတ် ရွာကြီးတွင် ဂျင်ကလယ် နှင့် ကိုပန်ကာ ဖြစ်နေချေသတည်းး…..
😛
မောင်လှထုံလို လူမျိုးတွေ အများကြီး ရှိတတ်ပါတယ်… ဖတ်လို့ အရမ်းကောင်းပါတယ်…
မလှထုံအကြောင်းလဲရေးပါအုံးနော်……..
kotun winlatt
September 7, 2012 at 12:34 pm
တိန်….ဟုတ်ပါ့မလားးးးးမွန်ကစ်ရယ်…..
ဟုတ်….ရေးချင်ပါသည်…..
လာပြီးဖတ်ရှု့ပေးတာ ကျေးဇူးတင်ပါအိ….။
surmi
September 7, 2012 at 12:39 pm
ဒီမှာလည်းမောင်လှထုံတစ်ယောက်ရှိသေးတယ်
ဆီဒိုးနားမှာ မင်္ဂလာဆောင်မှားဝင်မိလို ့
စားသောက်ပြီးမှသိတော ့ ဘာရမလဲ လက်ဖွဲ ့လေးအသာပြန်တောင်းပြီး
ဟိုတစ်ဘက်ခန်းက အသိမင်္ဂလာဆောင်ကိုဝင်ရတာ
ကိုယ်တွေ ့ ကိုယ်တွေ ့
Mon Kit
September 7, 2012 at 1:05 pm
ကိုရင် ဆာမိ… အားမငယ်နဲ့… မွန်ကစ် မိတ်ဆွေတစ်ယောက်လဲ … အဲ့ဂလိုဘဲ…
ချွတ်စွတ်… ချွတ်စွတ်… အဖြစ်ချင်းတူတာ ပြောပါဒယ်……….. 😀
kotun winlatt
September 7, 2012 at 1:32 pm
ဟားးးဟားးးကိုရင်ဆာမိရဲ့ အလွဲက အလွဲကောင်းကြီးရယ်ပါဗျာ..
လက်ဖွဲ့ တစ်ခုတည်းနဲ့ နှစ်ခါစားရတာလေ…
ကျနော်လွဲတာကမှ တော်တော်လွဲတာရယ်…ကျနော်သူငယ်တန်းတုန်းက အဖေက ငါ့သားကြီး စာရေးတတ်နေပြီပဲ..အဖေ့နာမည်ရေးပြစမ်းပါကွာဆိုလို့..ရေးပြလိုက်တာ…
ဦးအောင်ထောင်ဒိုင်းဆိုပြီးးးးလေ….
တကယ် အဖေ့နာမည်က ဦးထွန်းအောင်လေ…
ကဲ..ဘယ်လောက် ထုံတဲ့ကောင်လဲနော်…..။
Wow
September 7, 2012 at 12:52 pm
အဲလိုမျိုးထုံတဲ့သူတွေက လူချစ်လူခင်အများသားနော်…
kotun winlatt
September 7, 2012 at 1:36 pm
ဝိုးးးးးးးးးးးးးးးးး တကယ်လူချစ်လူခင်ပေါတာလားးးဗျ…
အဟိ…..
လုံမလေး မွန်မွန်
September 7, 2012 at 2:33 pm
တွေ့ရင် ရွာထဲမှာ ဖွပါမယ်ရှင်… 😛
အဟဲ..တစ်ခါတစ်လေကျတော့လည်း ထုံချင်ယောင်ဆောင်ရတယ်… စိတ်မရှည်တော့ရင် မသိဘူးလေ လို့ ဖြေလိုက်တာပဲ… 🙂
မောင်ပေ
September 7, 2012 at 7:29 pm
ကိုလှထုံ တစ်ယောက်ရဲ ့ ရိုးပုံ အပုံ ထုံပုံတွေ ဖတ်လာရင်းနဲ ့စာအဆုံးကြမှာ ၊ ကျောင်းဆရာ ကတော် နာမည်ကို ဘွားကနဲ တွေ ့လိုက်ရပါကလား ။ ကြေငြာထိုးတယ် ထင်ပါရဲ ့
MaMa
September 10, 2012 at 6:01 pm
မောင်လှထုံကို ဖတ်ပြီး မောင်ပေကတော့ မထုံကြောင်း သက်သေပြသွားပြီ။ 😀