ပြည်ကြီးမွန်……………….မန္တလေးကန်တော်ကြီး

























“ပြည်ကြီးမွန်ဖောင်တော်”
မြန်မာလူမျိုးတွေမှာ မရှိမဖြစ်ပါတတ်တဲ့ အရာတစ်ခုက “ကရိဝိက်ဖောင်တော်”ပါဘဲ။
မင်းခန်းမင်းနားများမှာအသုံးပြုတတ်တဲ့တော်ဝင်နန်းသုံးပစ္စည်းဆိုပြန်ရင်လဲမမှားပါဘူး။
ဒီကရိဝိက်ဖောင်နဲ့ဘုရားပင့်တယ် ဘုရင်းမင်းမြတ်များ ရေလမ်းခရီးသွားရင်သုံးပါတယ်။
နောက်ဒီကရိဝိက်အသံကလည်း သာယာတယ်လို့ဆိုပေမယ့် တစ်ခါမှတော့ မမြင်ဘူးပါဘူး။
ရန်ကုန်မြို့က ကန်တော်ကြီးအရှေ့ဘက်ခြမ်းမှာ ဒီကရိဝိက်ဖောင်တော်ကြီးကို တည်လိုက်ပါတယ်။
အဲတော့လဲရုပ်ရှင်တွေထဲမှာထည့်ရိုက်ကြ သီချင်းထဲမှာထည့်စပ်ကြနဲ့အတော်လေးခေတ်စားခဲ့ပါတယ်။
ကျနော်တို့မန်းလေးကတောသားတွေမှာတော့ ဒီကရိဝိက်ဆိုတာကြီးကို တအံ့တဩပေါ့။
နောက်တော့ မန်းလေးကျုံးအရှေ့တောင်ဘက်မှာ ကရိဝိက်ဖောင်လောက်မကြီးတဲ့ ဖောင်တော်
တစ်ခုဆောက်လုပ်လိုက်ပါတယ်။
“ ပြည်ကြီးမွန်ဖောင်တော် “လုို့အမည်ပေးပါတယ်။
အဲဒီအပေါ်မှာ စားသောက်ဆိုင်ဖွင့်လိုက်ပါတယ်။
မင်္ဂလာဧည့်ခံပွဲများကို လဲလက်ခံပေးပါတယ်၊။
အခုတော့ လည်းဒီပြည်ကြီးမွန်ဖောင်တော်က မန်းလေးကန်တော်ကြီးအနောက်တောင်ဘက်ခြမ်းကိုရွှေ့လာပါတယ်။
ကရိဝိက်ပုံစံဆိုတော့လဲ ကရိဝိ်က်အမှတ်တံဆိပ်ပါတဲ့ ရွှေတံဆိပ်ခဏခဏရတဲ့
မြန်မာဘီယာ အတွက်ကြော်ငြာစရာနေရာတစ်ခုဖြစ်လာပါတယ်။
ကျနော်ကမနက်တိုင်းလမ်းလျောက်တဲ့အခါ ကန်တော်ကြီးအရှေ့မြောက်ထိပ်ကနေပြီး ကရိဝိက်ရှိရာ
အနောက်တောင်ထိပ်ထိ နေ့တိုင်းလျောက်ပါတယ်။.
အဲတော့ လဲ ဒီကရိဝိက်ကြီးကို မကြာခဏလက်ဆော့မိပါတယ်။
နွေမိုးဆောင်း ဥတုသုံးပါးစလုံး ရိုက်ဖြစ်ပါတယ်။
အရင်ကတော့ ပိုစ်တစ်ခုအနေနဲ့တင်ဘူးပါတယ်။
အခု ရက်မှာတော့ မိုးမရွာပေမယ့်တိမ်တွေကအရမ်းလှပါတယ်။
အဲတော့လဲ ဒီမိုးတွင်းမှာရို်က်ထားတဲ့ ပုံလေးများကို အမှတ်တရတင်ပေးလိုက်ပါတယ်။
နောက်ပြီး ပြည်ကြီးမွန်ကို ကျနော်ရိုက်ထားသမျှထဲကလဲ နှစ်သက်တဲ့ပုံတစ်ချို့တင်ပေးလိုက်ပါတယ်
နှစ်သက်ကြည်နူးစရာလေးဖြစ်မယ်လို့ ထင်ပါတယ်။
ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့
(26-8-2012)

11 comments
P chogyi
September 7, 2012 at 10:55 am
နံပါတ်(၁)ပုံက အကြိုက်ဆုံးပါ။ တိမ်တောက်နေတဲ့ပုံလေးကောင်းပါတယ်၊ ဒါပေမဲ့ အလင်းကနည်းနေချိန်ဖြစ်နေတယ်။
နံပါတ်(၃၀)ကြတော့ အလင်းကောင်းပြီး တိမ်က မရှိတော့ပြန်ဘူး။
အဲဒီနှစ်ပုံ ပေါင်းပေးပါလား။
ပြီးတော့ ပြည်ကြီးမွန်ဖောင်တော် ရှေ့တည့်တည့် ရေထဲကနေ
တစ်ပုံလောက်ရိုက်ပေးပါလား။
(ရေထဲက ဆိုတာ လှေနဲ့ပြောတာပါ)
ကိုပေါက်(မန္တလေး)
September 7, 2012 at 1:25 pm
နံပါတ်တစ်ပုံလေးရဘိုး မနက်ငါးနာရီအိမ်ကထွက်လမ်းလျောက်သွားပြီး
ဒီလိုလေးရအောင် နှစ်ရက်တောင်စောင့်ရိုက်ထားရတာပါကွဲ့
မောင်ပေ
September 7, 2012 at 11:00 am
မေဒီတစ်ခါ အားလို့ရှိရင် ကြီးကိုးကြီးပုံ တစ်ပိုစ့်ထဲစုတင်ပေးပါဗျို့
Khaing Khaing
September 7, 2012 at 11:53 am
လေးပေါက်ရဲ့ ပုံတွေကို အခုချိန်မှာ ကြည့်ရတာ ရင်ထဲမှာခံစားချက်အပြည့်နဲ့ကြည့်ဖြစ်တယ် … မကြာသေး ခင်ကမှ ရောက်ထားတဲ့နေရာ ကိုယ်ချစ်ခင်သူတွေနဲ့ ပျော်ပျော်ပါးပါးသွားခဲ့တဲ့နေရာလေးတွေဆိုတော့ အခုတော့ အမှတ်တရာ လွမ်းစရာလေးတွေပေ့ါ …… အဲဒီနားကို အနီးကပ်တော့မရောက်ဖြစ်ဘူးလေးပေါက်ရေ စစ်ကိုင်းသွားတုန်းကတော့ ဖြတ်သွားလိုက်ရတယ် ……
kotun winlatt
September 7, 2012 at 11:59 am
ဝိုးးးးးးးးးးးးးလှလိုက်တဲ့ ပုံတွေပါလားးးးလေးးးးပေါက်ရေ…အားလုံးကြိုက်အိ…။
Hnin Hnin
September 7, 2012 at 12:56 pm
မန္တလေးကို တခြားကိစ္စတွေနဲ့ရောက်ရောက်ခဲ့ပေမယ့် မဟာမြတ်မုနိပဲ သိတယ်။ မလည်ဖူးသေးဘူး။ ပြည်ကြီးမွန်ဆိုတာ အခုမှမြင်ဖူးတယ်။ တစ်ဝမြင်ဖူးလိုက်တဲ့အတွက် ကျေးဇူးပါ။အလင်းထဲကပြည်ကြီးမွန် နဲ့ အမှောင်ထဲကပြည်ကြီးမွန်(1နဲ့31)၂ပုံကို ကြိုက်ပါတယ်။အမှန်အတိုင်းပြောရရင်တော့ အရင့်အရင်ပုံတွေ
လောက် ကြည့်ရတာအားမရဘူး။
ခပ်မိုက်မိုက် ကောင်မလေး
September 7, 2012 at 2:12 pm
29 – ကပုံလေး အရမ်းကြိုက်တယ်…
ပုံလေးတွေအားလုံးရော…
ရှုခင်းလေးတွေပါ အကုန်လှပါတယ်…။
ရွှေ ကြည်
September 7, 2012 at 2:23 pm
လေးပေါက်ရေ ပြည်ကြီးမွန်ကိုအချိန်မျိုးစုံမှတ်တမ်းတင်ထားတာကို
အားရပါးရကြည့်သွားတယ် 2 ကိုကြိုက်တယ် တိမ်တွေကတနေရာကနေပြေးထွက်လာသလိုပဲ။
surmi
September 7, 2012 at 3:23 pm
အဲဒါကြီးရွှေ ့သွားတာမသိလိုက်ဖူး
၂၀၀၂ ၂၀၀၃ မှာရောက်ပေမဲ ့ အလုပ်တွေများနေလို ့ဘယ်မှမရောက်ဖြစ်ဘူး
ကျနော်သိခဲ ့ တာက အရင်ကကျုံးထဲမှာလေ
Moe Z
September 7, 2012 at 4:01 pm
အရင်အခေါက်တွေကတော့ အဲဒီကိုမရောက်သေးဘူးလေးပေါက်ရေ
နောက်တစ်ခါသွားဖြစ်မှ ဓာတ်ပုံရိုက်ရမယ်..
ကိုပေါက်(မန္တလေး)
September 7, 2012 at 6:26 pm
9-9-12 မှာ မန်းလေးကို လာရင် သွားသင့်ဓါတ်ပုံရိုက်သင့်တဲ့နေရာလေးတွေကို ပိုစ်တင်ထားပါတယ်