Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ည = ညအခါ…. လ..သာ..သာ…

alinsettSeptember 7, 20121min41211


ညအခါ… လသာသာမှာ…

ကစားမလား… နားမလား…တွေ ဘာတွေ မေးနေရမယ့် အရွယ်တွေကို လွန်…ခဲ့ပြီ.ဆိုတော့…………

ကျွန်တော့်အရွယ်နဲ ့… ဆိုင်တာလေးကိုပဲ.ပြောကြည့်ပါမယ်.ဗျာ..။

ညအခါ…. လသာသာ မှာ………….

မိတ်ဆွေများ…. ကဗျာ… ရွတ်ဖူးကြပါသလား….

ညအခါ..လသာသာ မှာ.. ကဗျာ ရွတ်ဆိုနေသံ လေး တစ်ခုကို….

အေးအေးလူလူ နားထောင်ဖူးကြပါ…သလား…..

ကျွန်တော်ကတော့…………………..

လသာ တဲ ့ညတွေမှာ…. ကဗျာတွေ စပ် ဖူးတယ် ။

ကဗျာ လေးတွေ.ကို…ရင်ခုန် မက်မောစွာ..ရွတ်ကြည့်ဖူးတယ်..။

ဒါပေမယ့်…. …

သူတပါး..ရွတ်ပြတဲ ့ ကဗျာသံကိ်ုတော ့………….. နား မထောင်ဖူးသေးပါဘူး ။

အင်မတန်မှ လည်း..နားထောင်ကြည့်ချင်ပါတယ် ။

မြို ့ပြရဲ ့ ့အဆောင်အယောင်တွေ….. ကင်းစင်..ရာ…ကျေးလက် တစ်နေရာရာမှာ……………

သစ်ရွက်သစ်ခက်..တွေရဲ ့ လှုပ်ရှားသံ…ခပ်တိုးတိုး….

လေပြည်ညင်း ရဲ ့….. အေးမြမှု ခပ်ရိုးရိုး..နဲ ့…..

ဝါး ကွပ်ပျစ် လေးပေါ်….. ပက်လက် လှဲ..ပြီး… ကောင်းကင်မှာ. ထိန်ထိန်သာနေတဲ ့…..

လပြည့်ဝင်းကို…ကြည် ့ရင်း……ပေါ့ဗျာ…။

ကဗျာလေးတစ်ပုဒ်လောက်…. ရွတ်ပြ တာကို…

နားထောင်ချင်လှပါတယ် .။

ည အခါ….

လသာသာ မှာ….

ကျွန်တော့်ကို…. ဘယ်သူ များ..ကဗျာ ရွတ်ပြမလဲ….?

__________________________________

ကျွန်တော်…… ပင်လယ်ပြင်ကြီးနဲ ့…အလွန်နီးတဲ ့.. ဒေသလေး တစ်ခုမှာ..နေထိုင် ခဲ ့ဖူးပါတယ် ။

လေး ငါး နှစ်လောက်ပေါ ့…။

အဲဒီ…ဒေသေ လးမှာ…. လေကောင်းလေသန့်တွေကို ရှုရှိုက်ရင်း….

စိမ်းညှို ့ မှိုင်းမှောင်နေတဲ ့…. ရိုးမ တောင်တန်းကြီး တွေက်ို လှမ်းမျှော်…ငေး…ရင်း…………

ရိုးရှင်းလှပ သဘာဝ ကျလှတဲ ့… ရှုမျှော်ခင်းတွေက်ု… ကြည့်ရှု..ငေးမောရင်း…..

လှိုင်းသံ..တဝုန်းဝုန်းနဲ ့ အပြိုင်….

ကျွန်တော်…ရင်ခုန်သံ..မြန်ဖူးတယ် …။

အဲဒါ…

လွန်ခဲ့တဲ ့…..

5 နှစ်လောက် တုန်းကပေါ့…..

အဲဒီတုန်းက………………

_____________________

အဲဒီတုန်းက………

ကျွန်တော့်မှာ…………. တွယ်တာ ကျွမ်းချစ်စရာတွေက… ခပ်များ…များ နဲ ့ပေါ့..ဗျာ..။ ။

မိဘ နှစ်ပါး ရယ်….

ညီအစ်ကို မောင်နမ တွေရယ်….

သူငယ်ချင်းရောင်းရင်းတွေရယ်….

ပြီးတော့ သဘာဝတရားရယ်…..

ကဗျာတွေ…စာတွေရယ်…..

ပြီးတော့….

အင်း… ပြီးတော့………….

ကောင်မလေးတစ်ယောက်ရယ်……

________________________

ကဗျာ လေးတစ်ပုဒ်……….

သူမ ကို ရွတ်ပြခဲ့တယ်..။

ဟောဒိလို …. ည အခါ…လ သာသာ မှာပေါ့…။

မကျည်းပင်ရိပ်အောက်က… ခုံတန်းကလေးမှာ…. ထိုင်ပြီး….

ဝင်းဝါ..စိုလက်နေတဲ ့…. လပြည့်ည…. လတ်လတ်ဆက်ဆက် ထဲမှာ….

ရင်ခုန်သံ..သပ်သပ်ရပ်ရပ်တွေကို….. စနစ်တကျ ဖန်တီး..လို ့…

သဘာဝတရားနဲ ့အတူ..စီမျော.. ခံစား …လိုက်ပါရင်း…..

ကျွန်တော်..ရူးသွပ် ခုံမင်….စွာ..မက်မော တွယ်တာခဲ့ရတဲ ့….

ကဗျာလေးတစ်ပုဒ်ကို…. ရွတ်ပြခဲ့ပါတယ် ။

အဲဒီ….ည….။

အဲဒီ ညအခါ..လသာသာ တုန်းကပေါ့…

ကျွန်တော်ဟာ…ငြိမ်းချမ်းရေး ဝတ်ရုံကို ခြုံထားတယ်…။

ကြည်နူးခြင်း…. ဝတ်ရုံကို ခြုံထားခြင်းလည်း….ဖြစ်တယ်….

လမင်းရယ်….

အေးချမ်းတဲ ့ ညလေးရယ်….

ကဗျာ..ရယ်….

ချစ်သူရယ်….

အိုး….. ဘယ်လိုမှ… မေ့လို့မရကောင်းတဲ ့…. ည…..

အဲဒီည….

အဲဒီည……။

________________

အဲဒီ ည အခါ…လသာသာတုန်းက….. ကျွန်တော်…..လေ….

သူမရယ်..ကဗျာလေးတွေရယ်..ကို…

သိပ်………………ချစ်တာပဲ..ဗျာ…။

အခုတော့……………………

အဲဒီ ကဗျာ ည…..ဟာ…အတိ်တ်…ရေဆန်နဲ ့အတူ….. ပစု္စပ္မန် ကမ်းခြေကနေ…..

မျောပါသွားတဲ ့.. ပန်းကလေးတစ်ပွင့်…လို…..ပါပဲ.ဗျာ…

ပစ္စုပ္မန်…. ကမ်းခြေမှာတော့…..

ကျွန်တော် တစ်ယောက်ထဲ….

အထီးကျန်ဆန်…………။

ဒါပေမယ့်…………………

ကဗျာကို….ကျွန်တော် ချစ်ဆဲ…

သူမ ကိုလည်း…ကျွန်တော်..ချစ်ဆဲ….

ပြီးတော့………………….. ကျွန်တော်..ရွတ်ပြခဲ့တဲ ့…ကဗျာ့အသံလေးကလည်း….. ဟောဒီစကြာဝဠာ…လေထုထဲမှာ…

ပျံ ့ နှံ ့ ပျံသန်းနေဆဲ…..ပါကွယ်….

ကျွန်တော်… မသေ သေးသမျှ…ကဗျာ မသေဘူး..။

ကျွန်တော် ..မသေ သေး သမျှ..အနုပညာ..မသေစေရဘူး…။

ကဗျာရယ်…..

ကျွန်တော်..သူမကိုချစ်တဲ ့..လေးနက်တည်ကြည်သော..အချစ်ရယ်….

မသေနိုင်သေးပါဘူး။

ရှင်သန် စီးမျော… မမောပန်းနိုင်ပါစေနဲ ့ဦး….။

ဟောဒီ စကြဝဠာ… ထဲမှာ… စီးမျော နေတဲ ့….

အဲဒီတုန်းက..ကျွန်တော်..ရွတ်ခဲ့တဲ ့… ကဗျာရဲ ့ ့အသံ…..

အခု ..ရှိနေသေးတယ်..။

လေထုထဲမှာ../.ကောင်းကင်မှာ… ရှိနေသေးတယ်…။

ရှိသေးတယ်..ရှိသးတယ်…။.

အိူးးးးးးးးးးးးးးးးးးးးး …… အခု..အခု..ဟောဒီနေရာမှာကို…

ရှိနေသေးတာ….။

မယုံရင်…ခင်ဗျား….. တို့..နားစွင့်ကြည့်လိုက်…ပါလား..။

အခြား..အာရုံတွေက်ို….. ခဏ..ဖယ် ထုတ်လိုက်…..

ကြားရလိ်မ့်မယ်…။

ကဗျာ ရွတ်သံ……..

ကဗျာရွတ်သံလေးတစ်ပုဒ်…..ကြားရလိ်မ့်မယ်…။

ရင်ခုန်…. ပျော်ရွှင်…နေတဲ ့ လူငယ်လေးတစ်ယောက်ရဲ ့ကဗျာ..ရွတ်ဆိုသံ….

…………………………………

______________________________

နတ်ဆိုးတွေ…… ငါ့ပန်းရနံ ့ကို ရှုရင်းလဲကျ

ကောင်မလေးတစ်ယောက် ငါ့ကိ်ု လွမ်းတဲ ့ည ။

ငါ့ကောင်းကင်မှာ… နက္ခတ်တွေ ရှက်သွေးရောင် တောက်ပ

ကောင်မလေးတစ်ယောက် … ငါ့အမည်ကို ရွတ်တဲ့ည ။

ငါ့ပင်လယ်… ခဲလုံးတွေ ပြုတ်ကျ

ငါ့ရင်မှာ… မီးပြတို်က် ထွန်းရ

ငါတစ်ယောက်တည်း… လင်း…လင်းနေတဲ ့..ည

ငါ တစ်ကိုယ်တည်း…. လင်းသွားတဲ့ည ။

သူမိုက်တွေ… ဆောင်မြဲ ဓါးကို ယောင်ယမ်းကာ လွှတ်ချ…

ကောင်မလေးတစ်ယောက် … အဝေးကို ငေးတဲ့ည ။

ငါ့လမ်းမှာ…. လျှောက်ရင်းနဲ့တောင်… ကျောက်တုံးတွေ မွှေးမြ….

ကောင်မလေးတစ်ယောက် ငါ့ကို ချစ်တဲ့ ည..။

ငါ့ကိုယ်ငါ….. မိုးကြိုးတွေ ပစ်ချ….

င့ါကိုယ်မှာ….. မီးစုန်းတွေ…. ထွက်ကျ….

ငါ တစ်ကိုယ်တည်း….. လင်း…လင်းနေတဲ့ ..ည

ငါ တစ်ယောက်တည်း..လင်းသွားတဲ ့…ည…။

_________________________

ကဲ…………………

ကြားလိုက်ရပါသလား….။

လေစီးထဲက…. ကဗျာရဲ ့အသံတော်…..

အဲဒီ အသံဟာ… လွန်ခဲ့တဲ ့ငါးနှစ်လောက်က…..

သူမကို ကျွန်တော်..ရွတ်ပြခဲ့တာလေ…။

ဟောဒီလို…ညအခါ…လသာသာမှာပေါ့….

( ပြန်တွေးကြည့်ရင်… ပြန်ရင်ခုန်တယ် ။ ခုဏတုန်းကလေးတင် ဖြစ်ပျက်သွားသလိုပါပဲ… )

ပြန် ..မြင်ယောင်တယ်..။

အခု ကြားလိုက်ရတယ် မဟုတ်လား။

ကြားလိုက်ရတဲ ့ ကဗျာ့အသံတော်..ဟာ…

1997 / ဇွန်လ ထုတ် / မိုးခေါင်လို ့တီးတဲ ့ဗုံသံ.ကဗျာစုစည်းမှု…. လေးထဲက… ကဗျာပါ ။

ရေးသူကတော့. ကျွန်တော့်ရဲ ့ဆရာဆိုလည်းဟုတ်… ကျေးဇူးရှင် ဆိုလည်း..ဟုတ်နေတဲ ့…

ဆရာ တာရာမင်းဝေ ပါ ။

___________________________________

အခု… ခင်ဗျားတို ့ကြားလိုက်ရတဲ ့…..

သီချင်း..လို ့အမည်ရတဲ ့

ကဗျာလေးကို………………..

ကျွန်တော့်ရဲ ့သူမ လည်း..ကြားနိုင်မယ် ထင်ပါတယ် ။

ကြားပါစေ…။

ကြားလည်း..ကြားစေချင်ပါတယ် ။

ဘာလို ့ကြားနိုင်မယ်..ထင်သလဲ..ဆိုတော့……..

သူမလည်း…. ဒီမှာ ရှိနေတယ်..လေ ။

ဒီ ရွာကြီးထဲမှာကို… ရွာသူတစ်ယောက်အဖြစ်..ရှိနေတယ်လေ ။

သူမ….ဘယ်သူလဲ..ဆိုတာကိုတော့ ကျွန်တော် အခုချိန်ထိ.. ဖွင့်ဟ မပြောပြဖြစ်သေးပါဘူး။

သူမ..ကြားပါစေ…။

သူမ..ကြားမှာပါ ။

တစ်ခုပဲ………………..

သူမ..နားထောင် တတ်မယ်..ဆိုရင်ပေါ့ …။

_________________________________________

ကျွန်တော့် ရဲ ့စာချစ်သူ မိတ်ဆွေများ..အားလုံးကို..ခင်မင်လေးစာလျက်…

အလင်းဆက်

7 .9 .2012
alinsett.art@gmail.com

11 comments

  • အလင်းဆက်

    September 7, 2012 at 8:16 pm

    က = http://myanmargazette.net/141855/arts-humanities
    ခ = http://myanmargazette.net/143018/arts-humanities
    ဂ = http://myanmargazette.net/143588/arts-humanities
    ဃ = http://myanmargazette.net/144518/arts-humanities
    င = http://myanmargazette.net/145317/arts-humanities
    စ= http://myanmargazette.net/145905/arts-humanities
    ဆ= http://myanmargazette.net/146558/arts-humanities
    ဇ= http://myanmargazette.net/147491/arts-humanities
    ဈ = http://myanmargazette.net/147883/creative-writing

    ကျွန်တော် ခံစားခဲ့တဲ ့ အက္ခရာ ထွေရာလေးပါးများကို စဉ်ဆက်မပြတ် ဖတ်ရှု ခံစားပြီး
    ဝေဖန် အကြံပြု.ကြသော..
    ကျွန်တော်ချစ်သော စာချစ်သူများကို…
    လေးစားစွာ..ခင်မင်..ကျေးဇူးတင်လျက်ပါ ။

  • မောင်ပေ

    September 7, 2012 at 9:49 pm

    ညအခါတွင်ဖြစ်သည်
    တစ်နေ ့တာ အလုပ်များမှ ပြန်လာသူများရှိသည်
    ညရောက်မှ အလုပ်ထွက်လုပ်သူများလဲရှိသည်
    ညမှ အမောဖြေသူများလဲ ရှိသည်
    ညမှ မောဖို ့တာစူနေသူများလဲရှိသည်
    သူခိုးများလဲ ခြေလှမ်းပြင်နေကြသလို
    သွေးဆိုးသော ငမူးများလဲ ခြေလှမ်းယိုင်တော့မည်
    နိုက်ကလပ်များတွင် အရောင်တွေစုံသလို
    ကေတီဗီ မာဆတ် ပြည်တန်ဆာခန်းများလဲ ညမှာ လူပိုစည်သည်
    သူတော်စင်များကတော့ တရားဓမ္မကျင့်ကြံရှာဖွေအားထုတ်ရင်း မေတ္တာပို ့သလျှင်ရှိ၏
    အိမ်ထောင်သည်အမျိုးသမီးများကတော့ ပြန်မရောက်သေးသော သူရို ့အိမ်ဦးစီးများကို စောင့်နေ၏
    ညမှချိန်းတွေ ့သော သမီးရည်းစားများ ခြင်သွေးလှူရမည်
    ညအခါတွင်ဖြစ်သည်

  • Shwe Ei

    September 7, 2012 at 10:30 pm

    လွမ်းခဲ့ဖူးတယ်
    ညအခါလသာသာမှာ ကောက်ရိုးပုံပေါ်
    ပက်လက်လှန်ရင်းမော့ကြည့်ခဲ့ရတဲ့ ငွေလမင်းကို။
    လွမ်းခဲ့ဖူးတယ်
    ညအခါ လသာသာမှာ ရေဆင်းတံတားပေါ်ထိုင်ရင်း
    ငေးကြည့်ခဲ့ရတဲ့ ငွေလမင်းကို
    လွမ်းခဲ့ဖူးတယ်
    ညအခါလသာသာမှာ အိမ်ခေါင်မိုးပေါက်က
    လျှံကျလာတဲ့ ငွေလမင်းရဲ့ အလွမ်းပန်းချီကို။

  • အရီးခင်လတ်

    September 10, 2012 at 4:36 pm

    Good Writing. 🙂

    • မဟာရာဇာ အံစာတုံး

      September 10, 2012 at 4:39 pm

      ဤသည်မှာ စမ်းသပ်ချက် ဖြစ်လေ၏ .. :mrgreen:
      နောက်တော့မှ ဖတ်တော့မယ်နော် ကိုလင်းဆက် ..
      ခု စမ်းသပ်ဆဲ ကာလမို့ .. 😀

  • Moe Z

    September 10, 2012 at 4:45 pm

    ဒီရွာထဲက သူမဆိုပါလား (၂ ခါရှိပြီ အဲလိုပြောတာ)
    ဘယ်သူလဲဗျို့ 🙄

  • ကိုခင်ခ

    September 10, 2012 at 4:53 pm

    ည တုံးကတော့ ရွာနဲ့ဝေး၊
    အခုအခါတော့ ဖတ်ရသေး၊
    အဓွန့်ရှည်ဖို့ ဆုတောင်းပေး။

  • MaMa

    September 10, 2012 at 5:18 pm

    အက္ခရာစဉ်လိုက်ရေးဖို့ စိတ်ကူးရတာရော၊
    အက္ခရာစဉ်လိုက် ရေးနိုင်တာရော၊
    အက္ခရာစဉ်လိုက် တစိုက်မတ်မတ် ရေးလာတာရော…..
    အားပေးပါတယ်။
    အားကျပါတယ်။
    အဲ- နောက်ပိုင်း ခက်ခဲတဲ့၊ အသုံးနည်းတဲ့ အက္ခရာတွေကျရင်တော့…
    ဘယ်လိုများ ဖတ်ရမလဲလို့ စောင့်မျှော်အားပေးနေပါတယ်။ 🙂

  • ကိုရင်စည်သူ

    September 10, 2012 at 5:32 pm

    ကိုအလင်းဆက် အနုပညာကို ချစ်ပုံမျိုးတော့
    အားကျမိဒယ်ဗျာ.. ဘဲရီးဂွဒ်.. ဘဲရီးဘတ်ဒ်…
    ဘဲရီးဂွတ်က ကဗျာကောင်းလို့
    ဘဲရီးဘတ်ဒ်က အဲ့လိုမရေးတတ်လို့ပါဗျာ.. 🙁 🙁
    သူမဆိုတာ ဘီသူများလဲ အတိုလင်း 🙄 🙄

  • အလင်းဆက်

    September 10, 2012 at 7:58 pm

    ဦးပေ ရဲ ့..ညအခါ..က လည်း.တယ် မိ သကိူး..

    ဦးပေ.. ရေ.. အဆက်မပြတ် ခံစာ ဖတ်ရှု.လာလို ့ကျေးကျေး.နော့ ။
    ___________________
    ညအခါလသာသာမှာ အိမ်ခေါင်မိုးပေါက်က
    လျှံကျလာတဲ့ ငွေလမင်းရဲ့ အလွမ်းပန်းချီကို။..တဲ ့..

    စကားလုံးလေးတွေ.အရမ်းလှ တာပဲ..Shwe Ei ရေ..
    ခံစား ဖတ်ရှုသွားလို ့ကျေးဇူးပါနော ့။
    ______________________
    အရီးခင်လတ်..ရေ…

    အားပေး.လို ့တကယ် ဝမ်းသာရပါတယ် ဗျာ.။ ကျွန်တော်..ကြျိုးစားဦးမယ်ဗျာ.။
    😀
    ______________________-
    အံစာကြီးရေ…
    ခုတလောလည်း.ရွာက မငြိမ်သက်ဘူးဗျာ.။
    ဝင်လို ့မရတာနဲ ့. ..ဘာနဲ ့ညာ.နဲ ့။ အဟိ ။
    နောက်မှ..ပေါင်းဖတ်နော် ။
    ထ = ….ကျရင်.. အံစာတို ့..အံ ့ဩ ရမယ့် စာ…ရေးထားတယ် ။
    😀
    ____________________
    မိုးဇက်…ရေ…
    ပြောချင်သေးဘူးဂျာ..။
    တစ်နေ ့တော့ ပြောဖြစ်မှာပါ.။
    မှန်းကြည့်ပေါ့နော်..။
    😀
    _____________

    ကိုခင်ခ.ရေ..
    အဆက်မပြတ် ဖတ်ရှု.ခံစားပေးလာလို ့လည်းကျေးဇူးတင်ရပါတယ် ။
    အဲဒီ…ဆုတောင်းစကားလေးကိုလည်း…ချစ်တယ် ။
    _____________
    အန်တီမ.မ ေ ရ…

    ကျေးဇူးပါပဲ..ဗျာ.။
    _______________
    တိုရင်စည်တူရေ…
    တူလေးက…ဘီတူလည်း..ဆိုတော့…..

    အဟဲ… အဟဲ..ပေါ့နော် .။ အဟိ အဟ်ိပေါ့နော် ။
    ဘယ်လိုပြောရမလဲ.ပေါ့နော် ..။
    အဟွတ် အဟွတ်ပေါ့နော်..
    အဲ..နောက်မှ ပြော..ပြမယ်ပေါ့နော် …။
    ကျွန်တေ်ာ… အနုပညာက်ို အရမ်းချစ်တယ်..ဗျ ။
    ဂေဇက် ရွာသူရွာသားတွေကိုလည်း.ချစ်လိုက်တာ….

    ______________

    အဲ.. ကြားထဲမှာ.. Comment တွေ.. ပျောက်နေတယ်နော် ။
    ဘယ်ရောက်ကုန်ပါလိ်မ် ့ ။
    မေးလ် ထဲကိုရောက်နေတာ…
    Inz@ghi
    etone
    တို ့လည် းပါ ပါတယ် ။ အခု..ဘယ်မလဲ.. သူရို ့…။

    အားလုံးကို ခင်မင်လေးစားစွာ.ကျေးဇူးတင် လျက်..ပါဗျာ.။

  • rain pricess

    September 11, 2012 at 8:51 pm

    လွန်ခဲ.တဲ. 5 နှစ်တုန်းက ချစ်ခဲ.တဲ.ကောင်မလေးက
    ဒီ ဂေဇက် ထဲရောက်နေတယ်ပေါ.
    စိတ်ဝင်စားစရာပါလားနော်……..
    သိချင်လိုက်တာ WHO???

Leave a Reply