မျဉ်းကျားလေးမှာရပ်ပေးပါ၊သာတူညီမျှ နှစ်ဖက်ရ (X’ing
“Are you sleeping!” ဆိုတဲ့ကလေးသီချင်းလေးကို Alarm sound လုပ်ထားတဲ့ Cellphone က Alarm မြည်သံနဲ့အတူ ကျော်ကျော် နိုးထလာပါတယ်။
ဒီနေ့ တနင်္ဂနွေနေ့ဖြစ်ပေမယ့် ခါတိုင်းလို 8 နာရီ 9 နာရီထိ အိပ်နေလို့မဖြစ်ပါဘူး။
ဒီနေ့ အန်တီ မေအေးဦး တို့ရဲ့ 2000 Group က ယဉ်ကျေးလိမ္မာသင်တန်းနဲ့ အခမဲ့ ဆေးစစ်၊ ဆေးကုပေးခြင်းကို ရွှေပြည်သာ “ မြိုင် ” သီလရှင် စာသင်တိုက်မှာ လုပ်ဖို့ရှိပါတယ်။
ကျော်ကျော်က အဒေါ်တွေ၊ အမတွေဆီကနေ ဒီအဖွဲ့လေး သတင်းကြားပြီး ကြုံကြိုက်ရင် လုပ်အားပေးဖို့ ရည်ရွယ်ခဲ့ပါတယ်။
အခုတိုက်တိုက်ဆိုင်ဆိုင် သူကျောင်းပိတ်ရက်နဲ့ သင်တန်းကြုံကြိုက်ပြီဖြစ်လို့ ဘယ်လို လုပ်အား ပေးရပါ့မလဲ စဉ်းစားရင်း ကြိုပို့တာဝန်ယူပေးဖို့ စိတ်ကူးရပါတယ်။
ကလေးတွေကို စာသင်ဖို့ရာလည်း အတွေ့အကြုံမရှိသေး၊ ကျန်းမာရေးပညာပေးဖို့လည်း နားမလည်သေးတာဆိုတော့ ကိုယ်ကျွမ်းကျင်ရာ ကားမောင်းအတတ်ကို အသုံးချပြီး
လုပ်အားပေးရပါမယ်။
ဖေဖေနဲ့မေမေကလည်း အန်တီမေအေးဦးနဲ့ လုပ်အားပေးဆိုတော့ ကြည်ကြည်ဖြူဖြူပဲ လွှတ်ကြပါတယ်။
ကားဖြည်းဖြည်းမောင်းလို့သာမှာကြပါတယ်။ မနက်စာ ကော်ဖီနဲ့ ထမင်းကြော်စားပြီး အင်းလျားကန်စောင်းမှာလမ်းလျှောက်လေ့ကျင့်ခန်းသွားလုပ်ဖို့ ပြင်နေတဲ့ အသက် ၇၅ နှစ်
ဖိုးဖိုးကို ဖက်နမ်းရင်း မုန့်ဖိုးတောင်းခဲ့ပါသေးတယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အိမ်ကနေ အန်တီမေအေးဦးအိမ်ရှိရာ ဗိုလ်ချုပ်ဈေးအနီးကို မောင်းလာရင်း မနက်စောစောကားလည်းရှင်းတာဖြစ်လို့ အရှိန်လေးနဲ့မောင်းလာပါတယ်။
မီးပွိုင့်အဝင်တွေမှာ လမ်းကြောမှားယူမိလို့ ခေါင်းလေးထိုးပြီး တစ်စီးလောက်တောင်းတဲ့ကား တွေကို လီဗာလေးနည်းနည်းပိုတင်လိုက်ပြီး
မမြင်ချင်ယောင်ဆောင်လိုက်ပါတယ်။
မျဉ်းကျားထိပ်မှာရပ်စောင့်နေတဲ့ ဈေးသည် အဒေါ်ကြီးတွေကိုလည်း “နောက်မှကူးပါအဒေါ်ကြီးရယ်၊ နောက်ကားတွေဟွန်းတီးကုန်ပါ့မယ်” လို့ စိတ်ထဲကပဲ
တောင်းပန်ခဲ့ပါ တယ်။
ဟုတ်တယ်လေ နောက်ကျနေရင် အန်တီမေအေးဦးက အချိန်မတိကျဘူးလို့ ဆူမှာကိုး။
အန်တီ့အိမ်ရောက်တော့ ချိန်းထားတဲ့အတိုင်း မနက် ရ နာရီ ကွက်တိပါဘဲ။ ကလေးတွေကိုကျွေးဖို့ Good Morning ပေါင်မုန့်ထုပ်တွေရယ်။ နိဗ္ဗာန်ဈေး အတွက်
စာရေးကိရိယာတွေရယ်တင်ပြီး အန်တီနဲ့ သားလေး ဂွန်ဂွန်း တို့ကိုခေါ်ပြီး ထွက်လာပါတယ်။လမ်းမှာ မမ ဒေါက်တာမိုးမိုးကို ဝင်ခေါ်မယ်။ စာသင်လုပ်အားပေးမယ့်
မမရည်မွန်သန့်နဲ့ ကိုဇော်ဝင်းနိုင်တို့ကိုလည်း ဝင်ခေါ်ရ ပါမယ်။ လူအားလုံးစုံတဲ့အခါ ရွှေပြည်သာကို ဦးတည်မောင်းခဲ့ပါတယ်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ရွှေပြည်သာအသွားလမ်းမှာတော့ အန်တီမေအေးဦးရဲ့ ဆုံးမစကားတွေ စကြားရတော့တာပါဘဲ။ မီးဝါလုလု မီးပွိုင့်က 02 , 01 တွေ ကို
အရှိန်နဲ့ကျော်မယ်လုပ်ရင် အန်တီက “သားရေ၊ မီးပွိုင့်တစ်ခုစာ စောင့်ရရင် တစ်မိနစ်ပဲနော်၊ ဘာမှမကြာဘူး Accident ဖြစ်ရင်
အသက်ပေါင်းများစွာတန်တယ်” လို့တစ်မျိုး။
လူကူးမျဉ်းကျားက ဖြတ်ကူးမယ့်လူအုပ်တွေ့ရင်လည်း “သားရေ၊ သူတို့လည်း လိုရာကို အမြန်ရောက်ပြီး သူတို့ဆိုင်ရာ အလုပ်တွေလုပ်ချင်ရှာမှာပေါ့။ ကိုယ်က
စက်တပ်ယာဉ်ဆိုတော့ စောင့်ပေးရတာ ခဏပါပဲကွယ်။ နောက်ပြီးသူတို့က စည်းကမ်းရှိရှိ မျဉ်းကြားက ကူးတဲ့သူတွေလေ ဦးစားပေးလိုက်ပါ” လို့တစ်ဖုံ။
လမ်းတောင်းတဲ့ Bus ကားကြီးတွေ အတွက်လည်း “လူတွေ အများကြီး လိုရာရောက်ဖို့ သားကခဏလေး သည်းခံ လမ်းပေးလိုက်ပါကွယ်။ လူတွေ
စိတ်ချမ်းသာအောင်ကူညီရာရောက်ပါတယ်” လို့ တစ်သွယ်၊ ကြုံတိုင်းဆုံးမလာပါတယ်။
ကျော်ကျော်လည်း ရွှေပြည်သာ အသွားလမ်းတစ်လျှောက် လုပ်အားပေးအဖွဲ့တွေနဲ့ ရယ်ရင်း၊ မောရင်း၊ နောက်ပြောင် ရင်း အန်တီမေအေးဦီးခေါ်ရာကနေ
အများခေါ်သလို မာမီလို့ပဲ ခေါ်ဖြစ်ပါတော့တယ်။ မာမီ ဆုံးမတာကလည်း နာခံလွယ်အောင် အကျိုးသင့်အကြောင်းသင့် ရှင်းပြနေတော့ သူ့ကိုလည်းကြည်ညိုမိပါတယ်။
“မြိုင်”သီလရှင်ကျောင်းရောက်တော့ သီလရှင်တွေရော၊ ကလေးတွေရော လာကြိုကြတာ ပျော်စရာကြီးပါဘဲ။ လာနေ ကျအဖွဲ့ဆိုတော့ ရင်းနှီးပြီးသားပါ။
အရင်ဆုံး မာမီရဲ့ သင်တန်းအဖွင့်စကားပြောပါတယ်။ အကြိမ်ကြိမ်လာဖူးပြောဖူးပြီးသားဆိုတော့ မာမီက ဒီတစ်ခါ နည်းနည်းမြင့်တဲ့ ဆုံးမစကားပြောပါတယ်။ ကျော်ကျော်လည်း
ဘေးမှာလိုတာကူလုပ်ရင်း မာမီပြောပြနေတဲ့ ဧကူဒါနမထေရ် အကြောင်းမှာ မျောပါသွားပါတယ်။
တောအုပ်ထဲမှာ တစ်ပါးတည်းနေပြီး ဥဒါန်းဂါထာလေး တစ်ပုဒ်သာရ၊ အဲဒီဂါထာလေးအတိုင်း ကျင့်လို့ တောစောင့်နတ်အများက သူတရားဟောပြီးတိုင်း သာဓုခေါ်သံ
တစ်တောလုံးလွှမ်းတယ်ဆိုတဲ့ အကြောင်းလေးပါ။ ပိဋကတ်သုံးပုံ ချောက်ခြားစေနိုင်တဲ့ စာတတ် မထေရ် ၂ ပါး တရားလာဟောတော့ တောစောင့်နတ်တွေက
တစ်ကယ်မကျင့်ကြံတဲ့ သူတွေဟောတာဖြစ်တဲ့အတွက် သာဓုမခေါ်ကြပါဘူးတဲ့။
ဒီပုံပြင်လေးနားထောင်ရင်း ကျော်ကျော်လည်း သိသလောက်လေးကိုပဲ ကျင့်ဖြစ်အောင်ကြိုးစားမယ်လို့ ဆုံဖြတ်ချက်ချလိုက်ပါတယ်။
……………………………………………………………………….
အဲဒီအချိန် ကျော်ကျော့် Hand Phone ကို အိမ်ကအမေခေါ်လာပါတယ်။
“ဖိုးဖိုး အင်းလျားကန်စောင်းမှာ လေ့ကျင့်ခန်း သွားလုပ်ရင်း ဗြုုန်းကနဲ ရင်ဘတ်ကအောင့်ပြီး မောလာတာ အသက်ရှူတွေကြပ်နေလို့ အမြန်ပြန်ခေါ်လာပြီး ဆေးရုံတင်ထား
ရတယ်။ သားပြန်လာခဲ့ပါ။ ကားလည်းဖြည်းဖြည်းမှန်မှန်မောင်းခဲ့”
မာမီကိုခွင့်တောင်းပြီး မြို့ထဲဆေးရုံရှိရာ မောင်းပြန်လာခဲ့ပါတယ်။ မာမီကလည်း “သားစိတ်အေးအေးထားပြီးမောင်း၊ မင်းဖိုးဖိုး အတွက် မေတ္တာပို့သွား၊
လမ်းမှာတွေ့တဲ့သူတွေကိုလည်း နိုင်သလောက် မေတ္တာပွားသွားပါ၊ ကူညီသွားပါ” လို့မှာပါတယ်။
ကျော်ကျော်ရဲ့ အပြန်လမ်းမှာတော့ နာမည်ကျော် ဘုရင့်နောင်လမ်းဆုံကို ဖြတ်ခဲ့ရပါတယ်။ မီးပွိုင့်ကရှည်လျားတဲ့ ကားတန်းထဲစောင့်နေရင်း လမ်းသွယ်ထဲက
ခေါင်းပြူပြီး စောင့်နေကြတဲ့ ကားတွေရှေ့ကို ကျော်ကျော့်ကားအလှည့်အရောက်မှာ ရှေ့မတိုးပဲ လမ်းဟပေးထားလိုက်ပါတယ်။ ကျော်ကျော်ရှေ့ကနေဝမ်းသာအားရဖြတ်ပြီး
တစ်ဖက်ယာဉ်ကြောထဲ စီးဝင်မောင်းနှင်သွားတဲ့ ကားတွေလွန်မှ မဝေးသေးတဲ့ ရှေ့ကားနောက်ကို အသာကပ်လိုက်လိုက်ပါတယ်။ ကျေးဇူးတင်လက်ပြသွားတဲ့
ကားသမားတွေလည်း နောင်ဒီနေရာရောက်ရင် အခြားသူကို လမ်းပေးနိုင်ကြပါစေ လို့ဆန္ဒပြုမိပါတယ်။
တစ်စီးလောက်တောင်းတဲ့ Bus ကားကြီးတွေကို သိပ်အမြင်မကြည်ချင်ပေမယ့် ကားပေါ်ပါတဲ့ ခရီးသည်တွေ စိတ်ချမ်းသာပါစေ
ဆိုပြီး မာမီ့စကား နားထောင်သည်းခံပေးလိုက်ပါတယ်။
လူကူးမျဉ်းကျားတွေ ရောက်တိုင်းလည်း နောက်ကားတွေ ဟွန်းတီးချင်တီးကွာ ဆိုပြီး အရှိန်လျှော့ ကားရပ်ပေး လိုက်တော့ စိတ်ပေါ့ပါးစွာ
လုံခြုံစိတ်ချစွာ လမ်းကူးသွားတဲ့သူတွေကြည့်ပြီး သူပါ စိတ်လက်ပေါ့ပါးလာပါတယ်။
ဆေးရုံနားအရောက်မှာတော့ မြို့ထဲဝင်လာပြီဖြစ်လို့ ကားတွေဟာ လမ်းကောင်းပေါ်မှာ သွက်သွက်ကြီး သွားနေ ကြပါတယ်။ ဆေးရုံနဲ့မလှမ်းမကမ်းက
မျဉ်းကျားမှာတော့ မီးပွိုင့်လည်းမနီးတဲ့အတွက် မရပ်စတမ်းသွားနေကြတဲ့ ကားတွေကို ရပ်စောင့်နေတဲ့ လူအုပ်ကြီးဟာ ၁ဝယောက်မကပါဘူး။
ကျော်ကျော့်ကားလေးမျဉ်းကျားအရောက်မှာ ရပ်ပေးလိုက်မှ ဝေါကနဲ ကူးကြရပါတယ်။ အဲဒီလူအုပ်ထဲမှာမှ အသက် ၄ဝ လောက် အသားဖြူဖြူဘောင်းဘီရှည်နဲ့ Attache Case
ဆွဲပြီးဖြတ်သွားတဲ့ ဦးလေးတစ်ယောက်က ကျေးဇူးတင်တဲ့အကြည့်နဲ့ လက်ထောင်ပြပြီး ကမန်းကတမ်း ကူးသွားတာ မှတ်မှတ်ရရ မြင်လိုက်ရပါတယ်။
ဆေးရုံရဲ့ ယာဉ်ရပ်နားရာဆီ ကားကို စိတ်ရှည်ရှည်စောင့်မောင်းပြီး ကားရပ်ရာကွင်းထဲ သေချာနေရာချခဲ့ရတာ အချိန် ၁၅ မိနစ်လောက် စောင့်ရပါသေးတယ်။
ဆေးရုံ Emergency ခန်းထဲမှာပဲ ရှိသေးတဲ့ ဖိုးဖိုးကုတင်ဆီ အရောက်မှာတော့ သက်သာနေပြီဖြစ်တဲ့ ဖိုးဖိုးရယ် ၊ ဘေးမှာ ရပ်နေတဲ့ မေမေနဲ့ဖေဖေကို
တွေ့ရပါတယ်။ ဖိုးဖိုးကို ပြုစုကုသပေးနေတဲ့ ဆရာဝန်ကတော့ စောစောက မျဉ်းကျားမှာ ကျော်ကျော် ကားရပ်ပေးခဲ့တဲ့ ဦးလေးဖြစ်နေတာ တွေ့ရပါတယ်။ ဖိုးဖိုးဖြစ်ပုံက
လေ့ကျင့်ခန်းလုပ်ရာက အဆုပ်အမြှေးပါးပေါက်ပြီး အမြှေးပါးနဲ့အဆုပ်ကြားလေဝင်တဲ့ Pneumothorax ရသွားတာပါပဲ။ ဒါကြောင့်ချက်ခြင်းမောကြပ်လာတာပါ။ ဒါကို ဓာတ်မှန်မှာ
တွေ့နေရပေမယ့် တာဝန်ယူ ကုသပေးမယ့် ရင်ခေါင်းဆရာဝန် ဦးဦးက လမ်းတစ်ဖက်က ဆေးရုံမှာ ခွဲခန်းဝင်နေရပါတယ်။ ခွဲခန်းက ထွက်ထွက်ချင်း လမ်းသာခြားတဲ့
ဒီဘက်ဆေးရုံကို ကားနဲ့သွားတာထက် ပိုမြန်အောင် ခြေလျင်လျှောက်လာတုံး မရပ်မနား သွားနေတဲ့ ယာဉ်တန်းကြီးနဲ့ တိုးနေတာပါဘဲ။ ကျော်ကျော်ရပ်ပေးလို့ ဦးဦးဆရာဝန်
အမြန်ရောက်လာပြီး အမြှေးပါးကြားကလေကို ဖောက်စုပ်ပေးအပြီးမှာတော့ ဖိုးဖိုးဝေဒနာ ချက်ခြင်းသက်သာရာရသွားပါတယ်။ နည်းနည်းထပ်ကြာသွားရင်တော့
ဖိုးဖိုးအသက်တောင် စိုးရိမ်ရပါသတဲ့။ ဒီတော့ ဖိုးဖိုးသက်သာအောင် လုပ်ပေးတဲ့ အထဲမှာ ကျော်ကျော်လည်း တစ်ယောက်အပါအဝင် ဖြစ်ခဲ့တာပေါ့။
သက်သာပြီဖြစ်တဲ့ ဖိုးဖိုးကို ဆေးရုံအခန်းမှာ ပြောင်းထားပြီး ဖေဖေနဲ့ကျော်ကျော် အိမ်ပြန်လာခဲ့ပါတယ်။ အိမ်ရောက်ရောက်ချင်း Computer ဖွင့် Facebook အတက်မှာ
တန်းစီပြီး ဝင်လာတဲ့ Message တွေထဲ လွှတ်တော်ရောက်အမေစု ပုံတွေတွေ့ရလို့ အရင် နိုင်ငံခြားခရိးစဉ်မှာ နိုင်ငံတကာလူထုပရိသတ်
အလည် တင့်တယ်နေတဲ့ပုံတွေနဲ့အတူ Suu
folder ထဲမှာ save လုပ်လိုက်ပါတယ်။
အုဒီအချိန်ပဲG-talk ကခေါ်လာလို့ ကြည့်လိုက်တော့ ပြီးခဲ့တဲ့အပတ်ကမှ Singapore ကို ကျောင်းတက်ဖို့ပြန်သွားတဲ့ မမခေါ်လာတာပါဘဲ။ Singapore
Immigration မှာ အဆင်ပြေတဲ့အကြောင်း ၊ အရင်လို Passport စာအုပ်နီလေးကို အထင်သေးတဲ့ အကြည့်မျိုး အကြည့်မခံရတဲ့အကြောင်း ၊ Channel News Asia
ကနေလည်း Myanmar အကြောင်း ၊ ဒေါ်စုအကြောင်းတွေ အဖန်ဖန် လွှင့်နေတာ တွေ့ရကြောင်း ဝမ်းသာအားရ ပြောလာပါတယ်။ ပြီးတော့ သူဝယ်သွားတဲ့
ဒေါ်အောင်ဆန်းစုကြည်ပြည်ပခရီးစဉ်မှတ်တမ်းစာအုပ်ကို သူ့သူငယ်ချင်းတစ်ယောက်က သဘောကျလို့ လူကြုံရှိတဲ့အခါ
တစ်အုပ်ဝယ်ပေးပါလို့လည်းမှာပါသေးတယ်။
ကျော်ကျော် Computer သုံးပြီးလို့ ဖေဖေ့အလှည့် သူ့ e-mail တွေစစ်တော့လည်း ဖေဖေ့သူငယ်ချင်း UK ရောက်အန်တီလတ်က သူ့ရုံးမှာ မြန်မာတွေ
မျက်နှာပွင့်နေတဲ့ အကြောင်းကြွားလာကြောင်း ဖေဖေက ဖတ်ပြီးပြောပြပါတယ်။
TVရှေ့က ဆိုဖာပေါ်လဲလျောင်းနေရာယူရင်း တစ်နေကုန်ပင်ပန်းလာတဲ့ ကျော်ကျော် အိပ်ငိုက်လာပါတယ်။
အိပ်မပျော်ခင် သတင်းထဲမှာ နိုင်ငံတော်သမ္မတကြီးနှင့် စီးပွားရေး၊လူမှုရေးအကြံပေးကောင်စီဝင်များ ပြည်ပရောက်နိုင်ငံသားများအရေးနဲ့
လယ်ယာကဏ္ဍဆွေးနွေးဆိုပြီး ကြားလိုက်ရပါတယ်။
ကျော်ကျော့်အိပ်မက်ထဲမှာတော့
မျဉ်းကျားမှာ ကားရပ်ပေးတဲ့ ဘောင်းဘီစိမ်းစိမ်းဖိနပ်စိမ်းစိမ်းတွေရယ် ၊
လမ်းဖြတ်ကူးခွင့်ရသွားတဲ့ ပုဝါလေးတွေ၊ပိန်းတန်းဖိနပ်တွေ၊ဝေါ့ကင်းရှုးတွေရယ်၊
လမ်းတစ်ဖက်က မျှော်လင့်နေတဲ့ မျက်လုံးများနဲ့ အပြုံးများရယ် မြင်ယောင်နေပါတယ်။
မျဉ်းကျားတွေ့တိုင်း ရပ်ပေးနိုင်ကြပါစေ။
22 comments
kai
September 11, 2012 at 12:33 am
ပြန်ရှာတင်ပေးလိုက်ခြင်းဖြစ်ပါကြောင်း… 🙂
padonmar
September 11, 2012 at 12:40 am
သူကြီးရေ
ကျေးဇူးအများကြီးx၁၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀ဝ တင်ပါတယ်။
pooch
September 11, 2012 at 12:42 am
ကျေးဇူးပါ သူကြီး။ ကွန်းမန့်တွေကတော့ ပလုံပေါ့။ 🙁
ဒီရက်ပိုင်း နေရင်းထိုင်ရင်း အိပ်ရာအောက်ရေဝင် သလို ပြသာနာတက်နေတဲ့သူကြီးကို စိတ် ချမ်းသာအောင် အပြောအဆို ဆင်ခြင်ပါမည်။ 😀
ီ
ဒေါ်ဒေါ်ဆုံးမသလို ကိုယ်ချင်းစာတရားလက်ကိုင်ထားပြီး သီးခံစိတ်လေး မွေးပြီး နေပါ့မယ်။
kai
September 11, 2012 at 1:10 am
ဒိဗ္ဗစက္ကုများရှိလားထင်ရတယ်..။ နည်းနည်းပဲလွဲတာ..။
ညက အိုက်လို့အဲယားကွန်းလေးဖွင့်ပါတယ်..။ ရေငွေ့တွေကနေရေတွေစုပြီး.. မျက်နှာကျက်ကကျလာတာ..။
အိမ်မှာ ခွက်ကလေးတွေ.. အဝက်လေးတွေနဲ့.. အစီအရီ..။ 😀
pooch
September 11, 2012 at 1:24 am
ရွာက နတ်ကြီးတယ်လေ သူကြီးရဲ့ 😀
padonmar
September 11, 2012 at 1:25 am
ကထူးဆန်း via ip.secureserver.net
Sep 8 (3 days ago)
to me
မင်္ဂလာပါ…။
You’ve Got Comment!
Comment:
မျဉ်းကျုုားတွေ့တိုင်းလည်း ရပ်ပေးချင်ပါတယ် ။
မျဉ်းကျားပေါ်က ကူးတာ ဘဲဆိုပြီး အေးအေးဆေးဆေး လျှောက်သူများလည်း လျော့နည်းပါစေ ။
မျဉ်းကျား မဟုတ်တဲ့ နေရာမှ ကူးသူများလည်း ပျောက်ကွယ်ပါစေ ။
မျုဉ်းကြားမှ မီးနီမီးစိမ်းများလည်း အလုပ်မှန်မှန်လုပ်နိုင်ကြပါစေ။
ခေါင်း အတင်းထိုးမှုများလည်း ပပျောက်ပါစေ။
တန်းစီတတ်သော အကျင့်များလည်း ရကြပါစေ။
မှတ်တိုင်မဟုတ်တဲ့ နေရာမှာလည်း ရပ်ခြင်းကင်းဝေးပါစေ။
လမ်းလယ်ပိတ်၍ လူတင်လူချ လုပ်ခြင်းလည်း ပပျောက်ပါစေ။
လမ်းဝပိတ်၍ ကားငှား ခြင်းလည်း မလုပ်ကြပါစေနဲ့။
yellow box မှာ မရပ်ရဆိုတာလည်းသိကြပါစေ။
မောသွားပြီ ။ အများကြီးကျန်သေးတယ် 😀 😀
You can see all comments here:
http://myanmargazette.net/148115/creative-writing#comments
surmi via ip.secureserver.net
Sep 8 (3 days ago)
to me
မင်္ဂလာပါ…။
You’ve Got Comment!
Comment:
ကောင်းလိုက်တာအစ်မရေ ….။
ပေးချင်တဲ့ မက်ဆေ့ချ် ကို ဒီလိုလေးလဲပေးလို့ရသားနော ။
ကားနဲ ့ လူတွေ ဒီလိုနားလည်မှုရှိကြရင် ကောင်းမှာဘဲ ။ တစ်နေ့ တစ်နေ့ လမ်းပေါ်မှာ ဒရိုင်ဘာလက်သစ်
တွေကြောင့်လည်း စိတ်ညစ်ရတယ် ….။ မထေမဲ့မြင် လမ်းကူးသူတွေကြောင့်လည်းစိတ်ညစ်ရတယ် ။
ဒီလိုဘဲ နဲနဲချင်း စ ရမယ်ထင်တယ်နော် …။
kai via ip.secureserver.net
Sep 8 (3 days ago)
to me
မင်္ဂလာပါ…။
You’ve Got Comment!
Comment:
အာမခံဗျို့.. ကားအာမခံ..
အားလုံးပြေလည်သွာ.မယ်..
ဦးဦးပါလေရာ via ip.secureserver.net
Sep 8 (3 days ago)
to me
မင်္ဂလာပါ…။
You’ve Got Comment!
Comment:
ကျော်ကျော်ရဲ့ အန်တီ မေအေးဦးက ကျုပ်ကိုလဲ ဆုံးမ သွားပါကြောင်း…။
အော် … ကျုပ်ငယ်ငယ်က ဆို နယ်မြို့မှာ နေတော့ စက်ဘီးနဲ့သွားလို့ ကုန်ကားကြီးတွေနဲ့ကြုံရင်-
(သူ့ခမျာ ကားအကြီးကြီး ၊ ဝန်အလေးကြီးနဲ့ ရှောင်နေရမှာ- ကိုယ်ကရှောင်လိုက်တော့ လွယ်လွယ်လေး) လို့ စဉ်းစားပြီး လမ်းဘေးချ မြောင်းထဲဆင်းပြီး ရှောင်သွားလေ့ရှိပါတယ်။
အသက်ကြီးလာလို့ ရန်ကုန်အနေကြာမှပဲ
တံငါနားနီးတံငါ ဖြစ်လာတာ ….။
မျဉ်းကျားကကူးတဲ့လူတွေကိုတော့ ကြည်ကြည်ဖြူဖြူရပ်ပေးဖြစ်ပေမယ့်
ဘတ်စ်ကားတွေကိုတော့ နဂိုကတည်းကအမြင်ကတ်တာနဲ့ပဲ…. 🙁
Novy via ip.secureserver.net
Sep 8 (3 days ago)
to me
မင်္ဂလာပါ…။
You’ve Got Comment!
Comment:
ကထူးဆန်းရေ…
မနိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက သူတို့က ခေါင်းထိုးထဲ့ပြီး
ကိုယ်က ပိုက်ဆံလျော် လိုက်ရလို့
“ခေါင်း အတင်းထိုးမှုများလည်း ပပျောက်ပါစေ။”
ဆိုတဲ့ စကားကို အပြည့်အဝ ထောက်ခံလိုက်ပါတယ်
Novy via ip.secureserver.net
Sep 8 (3 days ago)
to me
မင်္ဂလာပါ…။
You’ve Got Comment!
Comment:
မမပဒုမ္မာရေ..
ကိုယ်မောင်းတဲ့အလှည့်တော့ မျဉ်းကျားမှ ကိုယ်က ကြည်ကြည်ဖြူဖြူ ရပ်ပေးပေမဲ့
ကိုယ်ကူးတဲ့ အလှည့်ကျရင်တော့ သူတို့က မရပ်ပေးဘူး
surmi via ip.secureserver.net
Sep 8 (3 days ago)
to me
မင်္ဂလာပါ…။
You’ve Got Comment!
Comment:
US မှာ အမြန်လမ်းတွေပေါ် တရိစ္ဆာန်တွေဖြတ်ရင်ကော ဘယ်လိုလုပ်သလဲ သဂျီးရေ ။
ဒီမှာတော ့ဆိုင်းဘုတ်ထောင်အသိပေးပြီး အလကားဘဲ ။ ဘာမှအရေးမယူဘူး
အဲဒိကောင်တွေကိုရှောင်ရလို ့ မှောက်တဲ ့ ရာခိုင်နှု့းက တဝက်လောက်ရှိမယ်
ပိုဆိုးတာက ဆိုင်ကယ် ထော်လာဂျီ အဲ ့လိုကောင်တွေကလည်း မမောင်းရနယ်မြေမှာ
ဝင်မောင်းတယ် ။ ပြီးခဲ ့တဲ ့အခေါက်က နယ်သွားတာ အမြန်လမ်ပေါ် ကျွဲတွေ နွားတွေ
တက်လာတာ တော်တော်တွေ ့ရတယ် ။
ဥပဒေမစိုးမိုးနိုင်တာကိုပြတာဘဲ ။ ဥပဒေဆိုတာ စာအုပ်ထဲ နို ့တစ်စ်ဘုတ်ထဲမှာတင်မဟုတ်
အပြင်မှာလဲအမှန်တကယ် လိုက်နာမှ ဖြစ်မှာပါ။မလိုက်နာနိုင်တဲ ့ဥပဒေထုတ်တာကတော ့
နောက်ကိစ္စတစ်ခုပေါ ့ ။ ဆိုတော ့ ဒီမှာ လူတွေအများစုက လူ ့အခွင် ့ရေးတွေ ၊ ရပိုင်ခွင် ့
တွေမှာ တလွဲ အသုံးချနေကြတယ်။ ဆင်းရဲတဲ ့အောက်ခြေအလွှာမှာကလဲတစ်မျိုး
ချမ်းသာတဲ ့သူတွေကလည်းတစ်မျိုး အမျိုးမျိုးဖေါက်ဖျက်နေတာဘဲ ။ ဒီမိုကရေစီရပြီဆိုပြီး
လူသွားလမ်းဘေး ၊ ဈေးဆိုင်ရှေ ့၊ ခတ်မှောင်မှောင်လှေကားထောင် ့တွေမှာ ချီးထိုင်ပါကြ
တာတွေကလည်း ဘယ်လိုလုပ်မလဲ ။ စကားအဖြစ်ပြောတာပါ ချီးပါတာနဲ ့ဒီမိုကရေစီ
မဆိုင်ပါဘူး ။ ထားပါတော ့ ဒီတော ့ ကျနော်တို ့က နိုင်ငံသားတွေကိုဥပဒေလိုက်နာစေချင်
တယ် စည်းကမ်းရှိစေချင်တယ်ဆိုရင် အရင်ဆုံး အသိတရားလေးဘာလေးနဲ ့ ကိုယ်ချင်းစာ
တးလေးရှိအောင်လုပ်ရမှာပေါ ့ ။အဲဒီလောက်ဖြစ်အောင်လည်း စာတွေဖတ်မှတချို ့အသိ
ပညာလေးတွေရလာမယ် ဒါပေမဲ ့ ခုခေတ်က စာဖတ်နဲသွားပြီ ။အသိပညာနည်းပါးတဲ ့
တောရွာ ၊ရပ်ကွက် အခြေခံလူတန်းစားတွေထဲကိုဘယ်လိုပြန် ့နှံ့အောင်လုပ်ကြမလဲ။
ဥပဒေဆိုတာအလွတ်ကျက်ရန်မဟုတ် လိုက်နာရန်ဖြစ်သည် လို ့ လူတွေသဘောပေါက်
လက်ခံလာတဲ ့နေ ့မှာ တော်တော်များများအဆင်ပြေသွားလိမ် ့မယ် ။တခုပြောဦးမယ်
အခုပေးမဲ ့ဥပမာကတော ့ ကျနော ့ကိုဝိုင်းဆဲကြမဲ ့ ဥပမာပါ
ဒါပေမဲ ့ ဒရိုင်ဘာတစ်ယောက်အဖြစ် ကားပေါင်းစုံနဲ ့ ဝမ်းရေးအတွက်နေရာအနှံ့ကိုသွား
ခဲ ့ဘူးရင် နားလည်ပေးနိုင်မှာပါ။ ဆိုက်ကားတွေမြို ့ထဲမှာ စည်းမဲ ့ကမ်းမဲ ့ ရမ်းကားတာ
တွေ ့ဖူးမှာပါ ။ အဲ ့ ဆိုက်ကားတွေ ညဘက် ဟိုင်းဝေးလမ်းပေါ် ရောက်ရင် ဘယ်လောက်
ယဉ်ကျေးလဲဆိုတာတွေ ့ရလိမ် ့မယ် ။ပြောချင်တာက လုပ်လို ့ရလို ့လုပ်နေတာရှိသလို
ဥပဒေကလည်း လုပ်လို ့ရအောင် ဟ နေတာတွေရှိတယ် ။ ဘယ်လိုအစီရင်ခံရမယ်ဆိုတာ
သိရင် ဘယ်သူမှအမိုက်ခံပြီး စည်းကမ်းမဖေါက်ဘူး ။
သဂျီးပြောသလို လီဗာလေး နင်းရာက ဘရိတ်နင်းခဲ ့ပါတယ် ။ဒါပေမဲ ့ တစ်ခါတလေတော ့
ဂျစ်ကန်ကန်ကောင်တွေနဲ ့တွေ ့ရင်တော ့ လီဗာဘဲနင်းချင်တော ့တာပါဘဲ
လူ ့အခွင် ့ရေးဆိုတာ နားထောင်လို ့ကောင်းပေမဲ ့ အသုံးမချတတ်သူတွေလက်ထဲမှာတော ့
ပေါက်ကွဲခါနီးဗုံးတစ်လုံးလိုပါပဲ ။ လူ ့အခွင် ့ရေး ရသအမှန်ကို ခံစားတတ်ဖို ့ လေ ့ကျင် ့
ယူရဦးမည် ဟုထင်မိပါကြောင်း …………။
kyeemite via ip.secureserver.net
Sep 8 (3 days ago)
to me
မင်္ဂလာပါ…။
You’ve Got Comment!
Comment:
အင်မတန် လှပတဲ့ တင်ပြချက်ကလေးကို ဖတ်ရှု့ပီး
တတ်နိုင်သမျှ လိုက်နာဖို့ ကြိုးစားပါ့မယ်..ဒါပေမဲ့
ကိုပါလေရာ ပြောသလို ဘတ်စ်ကားတွေကိုတော့
လမ်းဖြတ်ဖြတ်ဝင်လုတာ၊ လမ်းပိတ်ရပ်ပြီးလူတင်ချတာ
မှတ်တိုင်မဟုတ်ပဲ ဗြုံးကနဲထိုးရပ်ပြီးလူတင်တာ…ဒါတွေကိုသီးခံဖို့
တော့ အတော်ကြိုးစားရအုံးမည်ဖြစ်ပါဂျောင်းးးးးးးးးးး
Shwe Tike Soe via ip.secureserver.net
Sep 8 (3 days ago)
to me
မင်္ဂလာပါ…။
You’ve Got Comment!
Comment:
အန်တီရေ သက်ကြီးစကား သက်ငယ်ကြားဆို တဲ့အတိုင်း သက်ကြီးပို.စ် သက်ငယ် ဖို. ဆိုပြီး ပြောချင်ပါတယ်…
ဘာလို.လဲ ဆိုတော့ အခု လို ပို.စ်လေးတွေ ဖတ်ရတော့ အင်းးးးးးးးးးးးးးးးး စဉ်းစားစရာတွေအများကြီးပေါ့ဗျာ…
ကျွန်တော်ထင်တာကတော့ ကားမောင်းတဲ့သူက ကားမောင်းတဲ့ စည်းကမ်း လမ်းကူးတဲ့သူက လမ်းကူးတဲ့ စည်းကမ်း ယာဉ်ထိန်းတဲ့သူက ယာဉ်ထိန်းတဲ့ အလုပ် မီးပွိုင်က သတ်မှတ်ထားတဲ့ အချိန် စိမ်း၊ဝါ၊နီ အချိန်မှန် ကိုယ့်အလုပ်ကို လုပ်နေကြရင် ကိုယ့်စည်းကမ်းကို လိုက်နာကြရင် ကျွန်တော်တို. လမ်းဘယ်လောက်ကျဉ်းကျဉ်း ကားဘယ်လောက်များများ လူတွေ ဘယ်လောက်ရှုပ်ရှုပ် ပြသနာမရှိပါဘူး…. အဲလို စည်�€
�ကမ်း တွေ ရှိနေကြရင် စည်းကမ်းဖောက်နေတဲ့ လူတွေ ထင်းထင်းကြီးပေါ်လာကြမှာပါ……. လူတွေကလဲ ကိုယ့်ရှေ.မှာ စည်းကမ်းဖောက်တာ တွေ.ရင် သူလဲဖောက်တာပဲ ငါလဲ ဖောက်လို.ရတယ် ဆိုတာ တွေးနေကျတော့ အင်းးးးးးးးးးးးးးးးး မလှလေး လို မပြောတော့ဘူး မပြောတော့ဘူး ပြောာာာာာာာကိုးးးမပြောချင်ဘူး ……….. ပေါ့ဗျာ
ပြောသာပြောရတာပါ….. စည်းကမ်းလိုက်နာတဲ့ အထဲလဲ ကျွန်တော်မပါသေးပါဘူးခင်ဗျာ…… အဟင့် အဟင့် 😀 🙂 🙁 🙁
weiwei via ip.secureserver.net
Sep 8 (3 days ago)
to me
မင်္ဂလာပါ…။
You’ve Got Comment!
Comment:
ကျွန်မကတော့ လူကူးမျဉ်းကြားမရှိတဲ့ ဘုရင့်နောင်လမ်းမကြီးရဲ့ အစည်ကားဆုံးနေရာကနေ တစ်နေ့ ၂ ကြိမ် လမ်းဖြတ်ကူးရပါတယ် … အသက်နဲ့ရင်းပြီး အလုပ်သွားရတယ်ဆိုတာ အဲဒါကိုခေါ်တာလို့ လမ်းကူးတိုင်း စိတ်ထဲမှာ ဖြစ်လာလေ့ရှိတယ် … ကားတွေက နဲနဲလေးမှ ညှာတာစိတ်မရှိကြဘူး … တစ်ခြမ်းကူးပြီး နောက်တစ်ခြမ်းကူးဖို့ အလယ်မျဉ်းဖြူလေးမှာ ရပ်နေတာတောင်မှ နဲနဲလေးအစွန်းထွက်နေတဲ့ ခြင်းတေ�€
�င်းကိုဖြစ်ဖြစ် ခြေထောက်အဖျားလေးကိုပဲဖြစ်ဖြစ် တိုက်သွားတတ်လို့ ကျွန်မတို့က လူကူးဖို့ ဂုံးကျော်တံတားလေးတစ်ခုလောက် ဆောက်ပေးရင်ကောင်းမှာပဲလို့ မကြာခဏပြောမိတယ် …
စိန်ဗိုက်ဗိုက် via ip.secureserver.net
Sep 8 (3 days ago)
to me
မင်္ဂလာပါ…။
You’ve Got Comment!
Comment:
ဒါကြောင့်လဲ စိတ်ရှည် သည်းခံ လမ်းကြောင်းမှန် မောင်းရန်မော်တော်ကား လို ့ ပြောကြသကိုးဗျ
အိမ်ကားအများစုကတော့ စိတ်ရှည်သည်းခံကြပါတယ်..
စိတ်မရှည်တာက လိုင်းကား….ဒရိုက်ဗာတွေ..
ဂျိန်းစဘွန်းနဲ ့ နင်လားငါလားပဲ..
နှစ်စီးဖိုက်ပြီဆို…အပေါ်ကြော..အောက်ကြော..အလယ်ကြော ဘယ်ကြောမှ အလွတ်မပေး
မြွေလိမ် မြွေကောက် လမ်းပြောင်းပြန် အသဲအသန် မောင်းသဗျာ..
တယ်ဆိုးတယ်…
kai
September 11, 2012 at 1:31 am
ပို့စ်အောက်မှာ ကော်မန်ပရေးရင်.. အီးမေးလ်ရသေးလား.. သိချင်ပါတယ်ခင်ဗျား..
အီးမေးလ်အကောင့်ကြီးရော.. ပါလာသလား.. သိချင်လို့ပါ..။
padonmar
September 11, 2012 at 1:37 am
ဦးဦးပါလေရာ
Sep 8 (3 days ago)
အခုပဲ… အခုပဲ…
လှည်းတန်းကဖြတ်၊ ဗဟိုလမ်းကဝင်ပြီး ဗန္ဓုလလမ်းတလျှောက် မောင်းပြန်လာတာ….။
ပေါက်ကရလုပ်သမျှကားတွေကို တင့်ကားနဲ့ကြိတ်ပြီးလောင်ချာနဲ့ထုချင်စိတ်ပေါက်လာလို့ ဒီပိုစ့်လေး ပြန်ဝင်ဖတ်ပြီး စိတ်အေးအောင် လုပ်ရပါတယ်။
ကျုပ်တသက် အမြဲပဲ စည်းနဲ့ကမ်းနဲ့ မောင်းဘို့ သတိထားပါတယ်..။
ဒါပေသိ ..
ဘဲအုပ်က တစ်ရာနှစ်ရာ မဗေဒါက တပင်ထဲ
အပွတ် အကျော် အဖြဲ အထောက် ခံလို့
ဗေဒါပျံ အံကိုခဲ…
တန်းစီလျှက်ပဲ…။ 🙁
မောင်ပေ
Sep 8 (3 days ago)
အန်တီမာရေ
စာအရေးအသားက ဗဲရီးဂွတ်
လူတွေနေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲကို လွယ်လွယ်ရှင်းလို့ရအောင် စဉ်းစားတွေးနိုင်မှုက ဗဲရီးဂွတ်
ဇါတ်လမ်းဖွဲ့ထားတာကလဲ အရမ်းဖတ်လို့ကောင်း
ပထမဆုံး +1 က ကျွန်တော့် လေးစားမှုပါ
ဒီပိုစ့်ကို မဂ္ဂဇင်းတိုက်တစ်ခုခုကို ပို့စေချင်ပါတယ်
တစ်နိုင်လုံးက စာဖတ်တဲ့ကားမောင်းသူများပါ ဖတ်ရရင် ပိုကောင်းမယ်လို့ ယုံပါတယ်
manawphyulay
Sep 8 (3 days ago)
မြန်မာနိုင်ငံရဲ့လူကူးမျဉ်းကြားတွေက လူပြေးမျဉ်းကြားတွေ ဖြစ်လို့နေပါတယ်။ လူတွေကူးတာမြင်နေရင်တောင် ဖြတ်မောင်းနေတော့ မျဉ်းကြားက ကူးတာတောင် တောင်ကြည့်မြောက်ကြည့်နဲ့ အသည်းအသန်ကူးရတဲ့ဘဝတွေ မြင်စေချင်ပါတယ်။ အန်တီရဲ့ ဒုတိယပုံက မြေနီကုန်းလူကူးမျဉ်းကြားလား။ လူကူးမီးပွိုင့်တွေပါ ထားပေးရင်ကောင်းမယ်နော်။ ဒါတွေက အစပြင်ဖို့သင့်နေပြီ။ အန်တီရဲ့ ဆောင်းပါးလေးက
အတော့်ကို ကောင်းတယ်။ ဆူးလေမှာကျတော့ လူကူးဖို့ ဂုံးကျော်ဆောက်ပေးထားတာကို လူတွေက အောက်ကဖြတ်ပြေးတယ်။ တံတားပေါ်မှာ ဈေးဆိုင်တွေ နေရာယူနေတာ အတော်တွေ့ရတယ် ဘယ်လိုရှင်းလင်းပေးကြမလဲမပြောတတ်ဘူး။ ကားကော လူကော နှစ်ဦးနှစ်ဖက် စည်းကမ်းလိုက်နာကြမယ်ဆိုရင်တော့ ယာဉ်တိုက်မှုလည်း အတော်လျော့နည်းသွားမယ်လို့ မြင်မိပါတယ် အန်တီရယ်..
Hnin Hnin
Sep 8 (3 days ago)
– မpadonmar ပို့စ်လေးကိုကြိုက်လို့ လက်မထောင်ခဲ့ပါတယ်။ ဖတ်ရှု့ အားပေးသွားပါတယ်။ အရမ်း
ကောင်းတဲ့ ပို့စ်လေးပါပဲ။ ဒီမှာတော့ လမ်းကူးသူ၊ ကားမောင်းသူ နှစ်ဖက်ညီမျှရင်တော့ ပိုအဆင်ပြေမယ်
ထင်ပါတယ်။
-ခရီးတစ်ထောက်နားခဲ့ရဖူးတဲ့ ပြင်သစ်မှာလည်တုန်းကတော့ သတိထားခဲ့မိသလောက် ဟွန်းသံလည်း
တစ်ချက်မကြားရဘဲ လမ်းငါးခု၊ခြောက်ခုဆုံတဲ့ အဝိုင်းပတ်မှာတောင် လူတွေကနားလည်မှုနဲ့တစ်စီးနဲ့
တစ်စီး ဦးစားပေးပြီး ယဉ်ယဉ်ကျေးကျေး၊အေးအေးဆေးဆေး မောင်းကြပါတယ်။ ကျန်တဲ့နေရာတွေမှာ
လည်း ကားကိုပရမ်းပတာမမောင်းကြပါဘူး။ စိတ်ရှည်ပြီးစည်းကမ်းရှိတဲ့ ပြင်သစ်သူ၊ပြင်သစ်သွားတွေပါ။
-တခါတုန်းက ဘုရင့်နောင်လမ်းမကြီးကိုကူးပြီး လမ်းလယ်မှာ အပြားလိုက်ရပ်နေတာ(အဲလိုမရပ်ရင်
မweiwei ပြောသလိုပဲ ကျောပေးရပ်ထားရတော့ ကူးပြီးခြမ်းကကားတွေက တိုက်မလိုသီသီလေးပွတ်ဆွဲ
ကြလို့ပါ)၊ဟိုဘက်လမ်းခြမ်းကိုကူးဖို့ စောင့်နေရင်းကနေ ခပ်ဝေးဝေးထဲကသစ်လုံးတင်ကားအပြာကြီး
နှစ်စီး ယှဉ်ပြီးပြိုင်မောင်းလာကြတာ ကားကြီးတွေကမောင်းလာတာ ကြောက်စရာကြီးဆိုပြီး ကြည့်နေတာ
..အတော်နီးလာတဲ့အထိကားလေးတွေကလည်း မပြတ်နိုင်နဲ့ကူးလို့မရနိုင်သေးဘူး။ အဲဒီကားအပြာကြီး
နှစ်စီးထဲက တစ်စီးမှအရှိန်မလျှော့ရင်တော့ ဘေးလည်းဆုတ်တိုးလို့မရ၊သေမယ့်အတူတူ ဘုရားအောက်
မေ့ပြီး မျက်စိကိုစုံမှိတ်လိုက်တာ စက္ကန့်ပိုင်းလေးပဲ မတိုက်သေးပါလားဆိုပြီး မျက်စိပြန်ဖွင့်လိုက်တာ လမ်းလယ်ကပ်လျက်ကကားက မယုံနိုင်လောက်အောင်ကို အရှိန်လျှော့သွားတယ်။ကျန်တစ်စီးကတော့ ဆက်မောင်းသွားတယ်။အဲဒီအထိ ကြောင်နေတုန်းပဲ။ အရှိန်လျှော့ပေးတဲ့ကားကလူက လမ်းကူးဖို့အချက်ပြ
တာနဲ့ ကူးလိုက်တယ်။ အဲဒီခဏလေးကို မမေ့နို်င်သေးဘူး။ အဲဒီကတည်းက ဘုရင့်နောင်လမ်းမကြီးဆို အသေကြောက်တယ်။ ပြီးတော့ တိုက်လိုက်ပြီဆိုရင် ပွဲချင်းပြီးတွေများတယ်တဲ့။ ဒါကြောင့် လမ်းကူးရင်
လူကူးမျဉ်းကြားမှာပဲ အမြဲအပြေးအလွှားကူးပါ၊ ကားတအားရှုပ်တဲ့လမ်းတွေကို ကူးမယ်ဆိုရင် ကားလမ်းကူး
ဖို့ (နေ့စဉ်)အချိန်တစ်ခုကြိုသတ်မှတ်ပြီး ကားရှင်းအောင်စိတ်ရှည်ရှည်စောင့်ပြီးမှ ကူးကြပါလို့
စေတနာနဲ့ သတိပေးလိုက်ပါရစေ။
pooch
Sep 8 (3 days ago)
ဒေါ်ဒေါ်ရေ ဒီစည်းကမ်း ပြသာနာက တနေရာ တမြို့ထဲတင် မဟုတ်ပဲ တတိုင်းပြည်လုံးမှာရှိတဲ့ လမ်းရှိတဲ့နေရာတိုင်းမှာ သက်ရောက်မှုရှိနေတာပါ.
ရန်ကုန် ရန်ကုန်အလျောက် မန်းလေး မန်းလေး အလျောက် တောင်ငူ တောင်ငူ အလျောက် တနေရာနဲ့ တနေရာ မတူအောင် ဆိုးနေတာပါ။
ရန်ကုန်မှာ လူကူးမျဉ်းကြားပြသာနာ ရှိသလို
ကျမတို့ ဆီက ဆိုင်ကယ် ပြသာနာ လည်း အတော်ကြီးပါတယ်။ အဓိကတော့ ကိုဆာမိပြောသလို ဥပဒေ က အမှန်တကယ် မသက်ရောက်နိုင်လို့ပါ။ ငွေပေးရှင်းလို့ ရနေသေးတဲ့အတွက် ဖောက်ဖျက်တဲ့သူကလည်း ဖောက်ဖျက်တယ်။ ဂရုမစိုက်တဲ့သူကလည်း လုံးဝကို ဂရုမစိုက်ဘူး။
ကိုယ်တိုင်ကတော့ ခုနောက်ပိုင်း အတော်လေးကို သတိထားပြီး အလျော့ပေးသွားလာနေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ယာဉ်ကြီးချင်ကြီး ငယ်ချင်ငယ် ခံစရာရှိရင် ကိုယ်ပဲ အရင်ခံရတာမို့ စိတ်လျှော့လိုက်တာပါ။
ဒေါ်ဒေါ်ရေးပြသလို စိတ်ကောင်းလေး မွေးမြူတတ်အောင် ကြိုးစားပါအုန်းမယ်။
ကိုခင်ခ
Sep 8 (3 days ago)
မပဒုမ္မာရေ အရေးကောင်းလေးပါဗျာ။
မန်းအနေကြာတော့ ရန်ကုန်ရောက်ရင် ကျီးကန်းတောက်မောက်ကြည့်တယ် ဆိုတဲ့အတိုင်း လမ်းကူးတော့မယ်ဆိုရင် အဲလိုကြည့်ပြီး ပြေးရတယ်ဗျာ။
မိုး မင်းသား
Sep 8 (3 days ago)
မမပဒုမ္မာရေ..ဖတ်သွားပါတယ်ခင်ဗျာ
ကြောင်ကြီး
Sep 8 (3 days ago)
ကျော်ကျော်ဆိုတာ အထီးလား အမလား။ ရဘူး ခြစ်မှာပဲ … ခွီးဂရား..။
Mလုလင် via ip.secureserver.net
Sep 8 (3 days ago)
သူများ ခေါင်းထိုးထည့် တာကို ကိုယ်က လျှော်ရတယ် ဆိုတော့ .. အင်း … တံခါး ကျော်ပြီး နောက်ခြမ်း ကိုများ သွားခြစ် လေသလား တီတီ နိုုဗီ ရေ …….. ကျွန်တော် တော့ အပ်ကား တစ်စီးလောက်ရှာပြီး ခေါင်းထိုး တဲ့ ကားတွေကို လိုက်တိုက်ပြီး လျှော်ကြေး လိုက်တောင်း ရင်ကောင်းမလား စဉ်းစားမိတယ် ..။
အတိသဉ္ဖာ နာဂရချစ်သူ/ သန်းထွဋ်ဦး
ဒေါ်အောင်ဆန်းစုကြည်ပြည်ပခရီးစဉ်မှတ်တမ်းစာအုပ် အွန်လိုင်းပေါ်မှာ
ရှိလား ပြောပြပေးပါလားနော့ မမပဒုမ္မာရေ။
Victory
Sep 8 (3 days ago)
ခင်မင်လေးစားရပါသော အစ်မဒေါက်တာပဒုမ္မာခင်ဗျား……………
ပထမပြောလိုတာကတော့
(လက်တွေ့ဖြစ်ရပ်လို့ကျနော်ယူဆပေမဲ့ ကော်မန့်ရေးရာမှာဇာတ်လမ်းလို့သုံးခွင့်ပြုပါခင်ဗျ)
ကားသမားများရဲ့ထားရှိအပ်တဲ့ ကျင့်ဝတ်၊ လမ်းသွားလမ်းလာတို့ရဲ့ လိုက်နာအပ်တဲ့ကျင့်ဝတ်၊တွေကိုဇာတ်လမ်းဆင်ထားတယ်။
ကိုယ့်စေတနာကိုယ်ကျိုးအပေးတယ်ဆိုတဲ့ စကားကိုလက်တွေ့ပြတဲ့ ဇာတ်လမ်းဆင်ထားတယ်။
လူငယ်ဆိုတာအတွေ့အကြုံရှိသူတွေလူကြီးတွေရဲ့အဆုံးအမကိုလိုက်နာအပ်တယ်လို့ဇာတ်လမ်းဆင်ထားတယ်။
လူသားဆိုတာ ကျေးဇူး “ကြီးသည်ဖြစ်စေ၊ငယ်သည်ဖြစ်စေ” သူတထူးကျေးဇူးကိုအသိအမှတ်ပြုပေးရမယ်ဆိုတာကိုဇာတ်လမ်းဆင်ထားတယ်။
လူဆိုတာ မိမိကျရာတာဝန်ကိုအတတ်နိုင်ဆုံးကျေရမယ်/ကျေကြသူတွေရှိတယ်ဆိုတာကိုဇာတ်လမ်းဆင်ထားတယ်။
ပြီးတော့ သည်စာထဲမှာ ဘယ်နေရာမှာမှတလုံးမှမရေးထားပါဘဲ ထင်ထင်ရှားရှားကြီးပါနေတဲ့ စကားတလုံးရှိတယ်။
“မေတ္တာ” ပါဘဲ။”မေတ္တာ” ပါဘဲ။”မေတ္တာ” ပါဘဲ။”မေတ္တာ” ပါဘဲ။”မေတ္တာ” ပါဘဲ။
ဒါက အပေါ်ယံတွေ့ရှိချက်ပေါ့ဗျာ။
လေးနက်တဲ့ အတွေးကိုဆက်ရေးရရင်….
သည်စာလေးကိုဖတ်လိုက်ရာမှာ
အစကနဦးမှာတော့ စာတပုဒ်ကို ဖတ်နေတာလို့ ရိုးရိုးလေးဘဲ စိတ်ထဲရှိနေခဲ့ပါရဲ့။
ဆက်ပြီး ဖတ်ရင်းဖတ်ရင်း “နေရာ” တခုကိုရောက်သွားသလို ခံစားလိုက်ရတယ်။
ဘယ်လိုနေရာလဲဆိုတော့ပန်းခင်းတခုထဲ ရောက်သွားသလိုမျိုး။
တကယ်လိုအပ်တဲ့ လိုအပ်ချက်တွေကို (ဆုံးမတယ်ဆိုတာထက်) လက်တွေ့ကြင်ကြင်နာနာနဲ့
အချိန်ကိုက် နေရာကိုက် ကာလဒေသပယောဂနဲ့ ညီသော “လမ်းညွှန်မှု” ပေးတတ်တဲ့ အန်တီမေအေးဦး၊
စာအရ လူငယ်လို့ထင်ရပေမဲ့ ရင့်ကျက်တဲ့ စိတ်နှလုံးပိုင်ရှင်၊ဆုံးမနာခံလွယ်သူ ကျော်ကျော်ရဲ့ လက်တွေ့လိုက်နာမှု၊
အသိအမှတ်မပြုလဲဖြစ်တယ်လို့ယူဆထားကြတဲ့ “ကားရပ်ပေးသူ(လက်ရှိမြန်မာစံအရ)=ကျေးဇူး”ကို သတိတရအသိအမှတ်ပြုခဲ့သော….အလုပ်တာဝန်ကို တကယ်လေးလေးစားစားနဲ့တာဝန်သိစိတ်ပြည့်ဝသူ ဦးဦးဆရာဝန်၊
အဲဒီ သုံးဦးကို မွှေးရနံ့သင်းပျံ့လှတဲ့ပန်းသုံးပွင့်လို့ ကျနော်မြင်သွားတယ်။
ဘယ်လိုမွှေးရနံ့လဲ ဆိုတော့ ကောင်းရာညွန်လတ်-မေတ္တ္တာမွှေးရနံ့၊ ဆုံးမနာလွယ်-မေတ္တ္တာမွှေးရနံ့၊
တာဝန်”သိ”တဲ့မွှေးရနံ့၊ စိတ်ဓာတ်အဆင့်မြင့် “လူသား” မွှေးရနံ့ တွေနဲ့ထုံသင်းနေတဲ့ ပန်းခင်းကြီးထဲရောက်သွားသလိုလိုပါ။
ဖတ်ရင်းနဲ့ကြည်နူးရတယ်။
ပြီးတော့ သတိပြုဆင်ခြင်စရာကိုလဲ လှုံ့ဆော်ပေးတယ်။
ပြီးတော့ …………..
(ဟိုသီချင်းလေးလို)
အသဲတွေ~~~~ခွဲဝေ ပေး နိုင် ရ ပါမည်~~~မေတ္တာ ယူတော့ မေတ္တာ ပေး ~~ပေး
~~လိမ့်မယ်~~သွယ်သွယ်~~~ခုတလီ~~ကျေးဇူး~~~တင်ရပါစေမည်..
ဆိုတဲ့ လောကတခုလုံးဆိုင်ရာအမှန်တရား။
ဆိုတော့ စနစ်တကျရှင်းပြရရင်………….
ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရဲ့အာဘော်လေးကို ကိုးကားပါရစေ။
~~~~~~~~စာကောင်းတပုဒ်သည်
၁။ ဖျော်ဖြေရေး၊စိတ်ခံစားမှု၊ရသတွေ (Entertainment) ဖြစ်ရပါမယ်။
—————————————
၂။ ဆင်ခြင်စရာ၊အသိတရား (Awareness) တွေရရှိပြီးမိမိကိုယ်ကိုပြန်လည်ဆန်းစစ်မိပါတယ်။
အသိတရားအတွေးဖြာစေပါတယ်။
—————————————-
၃။ Universal Truth=လောကသစ္စာ ကို ကိုယ်စားပြုရပါမယ်။အမှန်တရားကိုကိုယ်စားပြုစာမျိုးပါ။
အဲဒီ အချက်တွေနဲ့ ညီတဲ့ သည်စာလေးကိုဖတ်အပြီးမှာ ရပ်ပြီးမနေနိုင်၊ ကော်မန့်ထိုင်ရေး စာစီပေးခဲ့မိပါကြောင်း။
—————————————-
မေတ္တာ ဖြင့်
ရာဇဝင်လူဆိုး
Sep 8 (3 days ago)
Ma Padonmar ရေ..။ အားပေးသွားတယ်ဗျာ။ ကျနော်တို့ တိုင်းပြည်ရဲ့ လိုအပ်ချက်၊ ဟာကွက်၊ ပြုပြင်သင့်တဲ့အချက်လေးကို ထောက်ပြဝေဖန်ပေးလို့။ အထက်လူကြီးတွေ ဘယ်သူမှ မသိ၊ မဖတ်၊ စီစဉ်မပေးခဲ့ ရင်တောင်…. ဒီရွာမှာမှာရှိတဲ့ ရွာသူရွာသား အပေါင်းကတော့ သေချာသိရုံမျှမက သတိတရရှိနေမှာပါ။
.ေ…ကျးဇူး……
kai
Sep 9 (2 days ago)
ဖရီးဝေးတွေဘေးတလျှောက် ခြံစည်းရိုးကားထားတာတွေရှိပါတယ်..။ အကောင်ကြီးတွေဝင်လို့မရဘူးပေါ့..
နောက်.. သတိပေးဆိုင်းဘုတ်တွေရှိတယ်..။ ဝက်ဝံ၊ သမင်၊နွား တောရိုင်းတိရိစ္ဆာန်များဖြတ်တတ်သည် စသဖြင့်ပေါ့..။
ဖြတ်နေတာထက်.. အကောင်က လမ်းမပေါ်ရပ်နေလို့ ကြိုမြင်ရင်တော့.. ကားရပ်ပေတော့ပဲ..။
ကိုယ်က ကားပေါ်ကလေ..။ Rights ချင်းတူချင်ရင်.. ကားပေါ်ကဆင်းပြီးမှ ပြသနာရှင်းပေါ့..
အမေရိကန်တွေက.. သေနပ်ချင်းယှဉ်ပစ်ရင်တောင် အခွင့်အရေးတူအောင် လုပ်ကြတယ်.. ။နောက်ကခိုးပစ်တာမျိုး.. မရှိဘူးဆိုတာ ကျုပ်တော့သတိထားမိတယ်..။
ဒါဟာ.. သူတို့ရဲ့အခြေခံဥပဒေမဖြစ်ခင်ကတည်းက..
The quotation “All men are created equal” has been called an “immortal declaration”, and “perhaps” the single phrase of the United States Revolutionary period with the most grand “continuing importance”.[1][2] Thomas Jefferson first used the phrase in the Declaration of Independence as a rebuttal to the going political theory of the day: the Divine Right of Kings.
ကြောင့်ပဲ..။
မြန်မာပြည်မှာ အဓိက(အဓိက)လိုတာ.. လူလူချင်းတန်းတူမှုလို့.. အဲဒီကတည်းကသဘောပေါက်မိတယ်..
ဆိုတော့…
တချို့ ပင်လယ်ကမ်းခြေသွားရင်.. လမ်းဖြတ်တဲ့လူတန်းကမပြတ်တာမို့.. ကားတွေဒုက္ခရောက်ပြီး.. မဖြတ်နိုင်ဖြစ်ပါတယ်..
အဲဒီလိုအခါမှာ တချို့လူတယောက်ယောက်က.. လမ်းမဖြတ်ပဲ.. ကားတွေကို လက်ပြပြီး.. အရင်ဖြတ်ခွင့်ပေးပါတယ်..။
အဲဒီမှာကားတွေဖြတ်နိုင်ကြသပေါ့..
၄-၅စီးလောက်ပြီးရင်.. အဲဒီလူက..လက်ထောင်လိုက်ပြီး.. ငါဖြတ်မယ်ဟေ့ဆိုပြီးစဖြတ်ပါတယ်..
ကားတွေကရပ်ရတာပေါ့..
ဒါတွေက ပုံမှန်တွေ့နေရတဲ့.. အဖြစ်တွေပဲ..
တန်းတူညီမျှမှု…
မိုက်ကယ်ဂျော်နီအောင်ပု
Sep 9 (2 days ago)
အဲ့သည်ပြည်လမ်းက အင်္ဂလိပ်တွေ လုပ်ခဲ့တာဆိုဆိုဆို
ကားလမ်းတွေအပေါ် တောနေသတ္တဝါတွေဖြတ်ကျော်တဲ့ကိစ္စကတော့
မြန်မာပြည်အနေနှင့်ကတော့ မလိုအပ်သေးဘူးထင်ဒါဘဲ
အဲ့သည်သတ္တဝါတွေ လမ်းဖြတ်ကူးဘို့မပြောနဲ့
အဲ့သည်နေရာမှာ ရှိတယ်ဆိုတာလူတွေသိရင်
အသက်ကိုဖက်နဲ့ထုပ်ထားဘဲ
Hnin Hnin
Sep 9 (2 days ago)
ဟောတော့..အရှည်ကြီးဖြစ်သွားပြီ..ရိုက်ထားတုန်းက အဲလိုဟုတ်ပါဘူး..နေရာယူများသွားရင်
ဆောရီးပါ…
Hnin Hnin via ip.secureserver.net
Sep 9 (2 days ago)
– ဟုတ်တယ်နော်… မမပဒုမ္မာ..ရောင်ပြန်ဟပ်တာ အမှန်ပဲထင်တယ်။
နှင်းနှင်းလည်း ဆင်းကာနီးပိုက်ဆံပေးရင် ကျေးဇူးပဲနော်လို့ ပြောရင် ဟုတ်ကဲ့၊ဟုတ်ကဲ့ခင်ဗျ ဒါမှမဟုတ် ကျေးဇူးပါပဲလို့အရင်စပြောသူတွေလည်း ရှိတယ်။ သူတို့ကို ကြီးကြီးငယ်ငယ် ယဉ်ယဉ်ကျေးကျေးပဲပြောတယ်။ တောင်းထားတာနဲ့တန်အောင် လမ်းကြောရှည်အောင်
လျှောက်မောင်းနေပြီဆိုတာသိရင် အချိန်တွေဖင့်လွန်းလို့ ဘယ်လမ်းဘယ်လိုမောင်းဆိုပြီး
ပြောလို့ရအောင်လည်း ပါတာပေါ့ း)…။ နှင်းနှင်းတော့ ညမိုးချုပ်ငှားမိရင်တော့ နဂိုကတည်းက
တစ်ယောက်ထဲ လုံးဝမစီးရဲဘူး၊မစီးဘူး။ အသိညီမလေးတစ်ယောက် ညဘက်ကားငှားစီးတာ စကတ်တိုတိုတွေပဲ အမြဲဝတ်လေ့ရှိတော့ သူ့ကိုမကောင်းတဲ့မိန်းကလေးထင်ပြီး တက္ကစီသမား
က အထင်မြင်သေးပြောတာ ခံခဲ့ရဖူးပါတယ်။ သူကမိကောင်းဖခင်သားသမီး၊ အိမ်ကလာမကြို
ဖြစ်လို့ ကားငှားစီးလိုက်တာ အဲဒီလိုဖြစ်သွားတာပါ။ စကတ်တိုတိုမှကြိုက်တဲ့ မိကောင်းဖခင်
ညီမငယ်လေးများ ညကြီးမိုးချုပ်ကားငှားစီးရင် သတိထားဖို့ပါ။ တခါတုန်းကလည်း သူငယ်ချင်း
ညီမလေးနဲ့ဒီဇိုင်နာရှိုးပွဲကအပြန် ည ၈း၃ဝ တက္ကစီနဲ့ပြန်တော့ တက္ကစီသမားက
ကုလားမုတ်ဆိတ်(ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူးလို့..အဲဒီကားသမားတစ်ယောက်ထဲကိုပါပဲ)
ပြောလာလိုက်တဲ့စကား ရေပက်မဝင်..တစ်လမ်းလုံး MCC ကနေ အိမ်အထိ မိနစ် ၄ဝလောက်
ကြာတယ်။ သူ့ပုံက ရောသလို၊ဖောသလို၊ပြီတီတီမို့ နှုတ်ဆိတ်ပဲနေတာ။သူငယ်ချင်းနဲ့လေပေး
ဖြောင့်နေရင်းကနေ သူငယ်ချင်းက ဦးလေးကားကလည်း ခုန်လိုက်တာအရမ်းပဲ၊ တစ်နေကုန် ပင်ပန်းရတဲ့ကြားထဲ ခါးတွေတောင်နာလာပြီဆိုတော့ ဒါတောင်ကျွန်တော်အောက်ပိုင်းပြင်ထား
တာ၊ကျွန်တော်က အောက်ပိုင်းကိုင်ရတာ ဝါသနာပါတယ်တဲ့။ မျက်နှာကြည့်တော့လည်း တစ်မျိုးပဲ။ အဲဒါနဲ့ သူငယ်ချင်းကို စကားဆက်မပြောနဲ့တော့ဆိုပြီး မျက်စပစ်ပြလိုက်ရတယ်။
လူ့စိတ်က ညမှောင်တော့ စိတ်လည်းမှောင်သွားတယ်နဲ့တူရဲ့နော်။ သူတို့ဆီက နားထောင်
ရင်းကနေ သူ့အဆင့်အတန်း၊သူ့လူနေမှုဘဝ သိရတယ်။များသောအားဖြင့်တော့ နှင်းနှင်း
ကြုံဖူးသမျှတက္ကစီသမားတွေက တော်တော်များများ ယဉ်ကျေးကြပါတယ်။ ဒီပို့စ်လေးမှာ
ရှည်ရှည် မန့်တဲ့သူတွေ တအားများလို့ တအားပျော်ပြီး ၂ခါပြန် မန့်လိုက်ပါ
တယ်။ ကျေးဇူးတင်ပါတယ်နော်..မမ..
အရီးခင်လတ်
Sep 9 (2 days ago)
အစ်မပဒုမ္မာရေ
အကြော်စုံပါ။
ရေးထားတဲ့ ပုံစံလေးက လှတယ်။
ပြောခဲ့တဲ့အကြောင်းကို ပုံစံမျိုး နဲ့ တောင် အတွေးဆက်ပွါးနေမိပါ၏။
ကိုယ်က အသိနဲ့ လမ်းကူးသူတွေကို ရပ်အပေး၊ နောက်က ကားက ဟွန်းတီးဆဲပြီး ကျော်အတက် ကိုယ်ကလမ်းပေးလိုက် လို့ ကူးနေတဲ့ သူတွေကို တိုက်မလို ဖြစ်သွားဘူးတယ်။
အများ နဲ့ အနဲ ဖြစ်ရာကနေ တဖြေးဖြေး နဲ့ အများဖြစ်
အများပြိုင်တူ တွန်းရင်တော့ ရွေ့ကောင်းပါရဲ့ အစ်မရေ။
ဒီလို အများတူနိုင်ဖို့ အစ်မ ရဲ့ ဒီလို အသိပေး စာလေးတွေ က တစ်အား ဆိုတာကို အပြည့်အဝ ယုံကြည်ပါတယ်။
ဒါထက်
ဆရာဝန် ဆိုတာ စာရေးရင်လဲ စာရေးကောင်းတယ်ဆိုတာကို ကောင်းကောင်းကြီး သိခဲ့ပါပြီ အသင်လောက။ 🙂
Crystalline
Sep 9 (2 days ago)
အန်တီပဒုမ္မာရှင့်..လက်မထောင်ရင်းအားပေးခဲ့ပါတယ်..တကယ့်ကိုပေးချင်တဲ့အကြောင်းအရာလေးကို လူတွေရင်ထဲညင်သာစွာဝင်သွားစေပါတယ်..သတင်းစာတို့ဂျာနယ်တို့ထဲမှာပါထည့်သင့်ပါတယ်. ကားတွေလမ်းကြောင်းလုတာနဲ့ပတ်သက်ပြီး ထိရောက်တဲ့အရေးယူမှု့တွေပြုလုပ်သင့်ပေမယ့် ဘာမှထိထိရောက်ရောက်မလုပ်ပေးနိုင်လို့ မဖြစ်သင့်တဲ့ယာဉ်တိုက်မှု့တွေမကြာခဏကြားရတယ်.. နစ်နာတဲ့သူတွေမှာလည်းတခါ
တလေမိအေးနှစ်ခါနာဖြစ်ရတာတွေလည်းမနည်းဘူးလေ. သူများနိုင်ငံတွေမှာ လိုအပြည့်အဝအာမခံထားရမလိုဖြစ်နေပြီး.. ထားလည်းထားသင့်နေပြီးလေ. သူများနိုင်ငံတွေမှာတော့ လူငယ်တွေလိုင်စင်ရခါစတွေ ဆိုရင် ပေးရတဲ့အာမခံကြေးတွေကမနည်းဘူးလေ. ယာဉ်တိုက်မှု့အမှားတခုခုဖြစ်တာနဲ့ဒီမှာလို ပိုက်ဆံနဲ့ ဖြေရှင်းမရပဲ လိုင်စင်ကပွိုင့်တွေပြုတ်တာဆိုတော့ အလိုအလျောက်ဆင်ခြင်ပြီးသားလည်းဖြစ
်သွားတယ်.. အခုနှစ်ပိုင်းမှာကားတွေအရမ်းများလာ လမ်းတွေ ပိတ်လာတော့ တချို့ခရီးတွေဆိုဖြစ်နိုင်ရင်လမ်းပဲလျှောက်တော့တယ်.. လမ်းလျှောက်တာက တခါတလေပိုမြန်သလိုဖြစ်နေတာလေ.
htet way
Sep 9 (2 days ago)
နယ်က တက်လာတဲ့ အခါ တောသားမို့ မျဉ်းကျား က ကူးမိတယ်။ နည်းနည်းဝေးလည်း
ရှာပြီးကူးတယ် ။ အဖမ်းလည်း မခံနိုင်ဘူး။
ကားတွေကလည်း မျဉ်းကြားဆိုသော်လည်း မောင်းတာပါပဲ။တောသားကားကြောက်တယ်လေ
အခုပို့စ်မှာ လေးစားလောက်တဲ့ စိတ်ကိုဖေါ်ပြပေးတဲ့ ဒေါက်တာ့ကို ကျေးဇူးပါ။
ဒီလို စိတ်နဲ့ ဆိုင်တဲ့ အတွေးအမြင် ဆောင်းပါး Realism တွေ ရေးပါအုံးလို့ အားပေးလိုက်ပါတယ်။
padonmar
September 11, 2012 at 1:41 am
ကွန်မန့် အီးမေးရပါတယ်။
အီးမေးအကောင့် မပါပါ။
padonmar
September 11, 2012 at 1:49 am
အရင် ပေးထားကြတဲ့ ကွန်မန့်ပေးသူတွေကို လေးစားသောအားဖြင့် မေးထဲက ရှာတင်ပေးလိုက်ပါတယ်။
တစ်ပုဒ်စီ မတင်ပေးနိုင်တာခွေးလွှတ်ကြပါကုန်လော့။
အရသာတော့ အရင်လောက်မရှိပေမယ့် မှတ်တမ်းလို့သာ သဘောထားပေးကြပါနော်။
ဒီလရဲ့ နောက်ပိုင်း ရက်20 မှာ စာမေးပွဲ ၃ခုတောင်ဖြေရမှာကတစ်ကြောင်း၊
အိမ်သော့အပ်သွားတဲ့ အကို ပြန်လာတော့ အဖီလေးကိုပြန်ဆင်းရမှာက တစ်ကြောင်း (ကွန်ပူတာကို လုသုံးရမှာ)နောက်မန့်တာလေးတွေများရှိရင် ပြန်ဆွေးနွေးပေးဖို့ အကြွေးမှတ်ပြီး ခွေးလွှတ်ကြပါအုံး။
အရီးခင်လတ်
September 11, 2012 at 3:26 am
အစ်မရေ
Post လေးပြန်မြင်ရလို့ ဝမ်းသာသွားပါတယ်။
အရသာ ဒီ အတိုင်း ကောင်းဆဲ ပါဘဲ။
ကိုဗစ်ထရီ ရဲ့ အမှတ်တရ Post လေး က အမြတ်ပေါ့။ 🙂
MaMa
September 11, 2012 at 7:19 am
ခုမှပဲ ဖတ်မိတော့တယ်။
အရင်ကဆိုရင် မျဉ်းကျားက ကူးဖို့ မကြိုးစားမိသလို…
ကားမောင်းတဲ့အခါ မျဉ်းကျားမှာ ရပ်ပေးဖို့လည်း မကြိုးစားမိဘူး။
(နိုင်ငံကြီးသား ပီသတာများ ပြောပါတယ်။)
တခါတုန်းက စီဒိုးနားရှေ့မှာ နိုင်ငံခြားသားတစ်ယောက် မျဉ်းကျားကနေ လမ်းကူးဖို့ ကြိုးစားနေချိန်မှာ…
ကားတွေက တဝီးဝီးနဲ့ ဖြတ်ကျော်သွားလို့ အခက်အခဲဖြစ်နေတာကို တွေ့လိုက်လို့ ကိုယ့်အလှည့်ကျတော့ ရပ်ပေးလိုက်မိတယ်။
အဲဒီနိုင်ငံခြားသားက ဝမ်းသာအားရ လမ်းဖြတ်ကူးရင်း ပြုံးပြီးလက်မထောင်ပြသွားတဲ့အခါ ကိုယ်လုပ်လိုက်တာ ဘာမှမဟုတ်ဘူးထင်ရပေမယ့် အခုလို အသိအမှတ်ပြုခံရတော့ အတော်လေး ဝမ်းသာသွားပြီး (ကြီးကြီးကျယ်ကျယ်ပြောရရင် ကိုယ့်နိုင်ငံအတွက်ပါ ဂုဏ်တက်စေတယ်လို့ ခံစားပြီး) နောင်ဆို စည်းကမ်းလိုက်နာဖို့ ပိုပြီး ကြိုးစားမိသွားတယ်။
အခုလို ဂေဇက်မန်ဘာဖြစ်လာတဲ့အခါ အခုလို အကျိုးပြု အသိပညာပေးစာတွေ ဖတ်ရတဲ့အခါ ပိုလို့တောင် ကိုယ့်ကိုကိုယ် ထိန်းသိမ်းဖို့ ကြိုးစားမိလာလို့ ဒီရွာ ဒီသဂျီးနဲ့ ဒီစာရေးသူတွေကို ကျေးဇူးတင်စိတ်တွေ ဖြစ်မိပါတယ်။ 🙂
Moe Z
September 11, 2012 at 9:20 am
အန်တီပဒုမ္မာရေ နူးနူးညံ့ညံ့လေးနဲ့ လိုရင်းကိုအရောက်ပို့လိုက်တာပါပဲ
လိုက်နာနိုင်အောင်ကြိုးစားပါ့မယ်..
အမြဲတမ်းအချိန်လုပြီး ပြေးလွှားနေရလို့ အဲဒီလိုအတွေးမျိုးမဝင်ဖူးဘူးဆိုတာဝန်ခံပါတယ်
အန္တရာယ်ဖြစ်မှာစိုးလို့သာ ရပ်ကြည့်သွားလုပ်နေတာ..
ကိုယ်တိုင်မမောင်းရင်လည်း လိုက်ပို့တဲ့သူကို ဘယ်အချိန်အရောက်နော်ဆိုပြီးလောနေကြ
ဒီပို့စ်လေးက သမီးကိုဆုံးမလိုက်တာပဲအန်တီရေ ကျေးဇူးပါရှင့်…
လက်မထောင်ချင်ပေမယ့် ပျောက်နေတယ်သဂျီးရေ…
Kim Kumuddra
September 11, 2012 at 9:25 am
ဟို ဘက်မှာ ကိုဗစ်ထရီ ကိုပြောခဲ့သလိုပဲ.
လက်ရာမွန်ကောင်းမို့ နှစ်နှစ်ချိုက်ချိုက် အားပေးသွားပါတယ် လို့
လေးစားခင်မင်စွာ
ကုမုဒြာ
Shwe Ei
September 11, 2012 at 12:35 pm
ကားတွေကျော်တက်ကြတာပွိုင့်ကျပ်လွန်းလို့ လမ်းကျဉ်းလွန်းလို့ ဂျိုင့်ခွက်ထူလို့ လမ်းပေါ်က အပေါက်ကြီးတွေကိုရှောင်ချင်လို့ အချိန်နောက်ကျနေလို့ ဆိုတာကိုနားလည်နိုင်ပါတယ်။ ဂလိုဘဲ အမြဲတမ်းဖြစ်နေတော့မှာလားဆိုတာကို စဉ်းစားကြစေလိုပါတယ်။ 🙂 လမ်းကောင်းပေါ်မှာစွတ်မောင်းတာ လမ်းကူးသူကို ဂရုမစိုက်တာကတော့ လူနဲ့ဘဲဆိုင်သွားပြန်ပါတယ်။ စနက်တံကြောင့်မဟုတ် 🙂
အန်တီပဒုမ္မာတယောက် မီးပွိုင့်ခဏ ခဏ မိချင်းဘေးကင်းဝေးလို့ လိုရာခရီးအမြန်ရောက်ပါစေဗျာ။
တူမလေး
ရွှေအိ
ရွှေ ကြည်
September 11, 2012 at 1:11 pm
အန်တီပဒုမ္မာရေ ရွှေကြည်တော့လေ လမ်းကူးရမှာဆိုအသေကြောက်တယ်။
ဘူတာရုံလမ်းမှတ်တိုင်နားက ကန်လမ်းဘက်ကိုလမ်းကူးမယ်ဆိုကားတွေအရမ်းရှုပ်တယ်။
မှတ်တိုင်ရော လူကူးမျဉ်းကြားရော လမ်းကွေ့ရောဖြစ်နေတယ်။ လိုင်းကားရှေ့ဆိုလုံးဝမဖြတ်ရဲဘူး။
မှတ်တိုင်ကိုအတင်းဝင် ရှိတဲ့နေရာရပ် အတင်းတိုးထွက်ဆိုတော့မျဉ်းကြားဖြစ်လည်း လုံးဝမကူးရဲတာ။
အနည်းဆုံး 10 မိနစ်လောက်အချိန်ယူလိုက်ရတယ် 😀
ဗရာကြော်ပါအန်တီပဒုမ္မာရေ..။
မိုချို
September 11, 2012 at 2:47 pm
အန်တီပဒုမ္မာရေ
ပထမဆုံး နေ့ ထဲ့ မန့် ချင်တာ မရ လို့ ခုမှ ပဲ မန့် ရတော့ တယ်။ ပိုစ့် လေး က အရမ်း ကောင်း သလို ကွန်မန့် တွေ ကလည်း အရမ်း ကောင်း တော့ ဘာ မန့် ရမှန်းတောင် မသိဘူး။ ရင်ထဲက စိတ်ရင်း ကို ပြော ရရင်စာတစ် ပိုဒ် ဟာ စာရေး သူရဲ့ စိတ် ကို ဖေါ် ပြနေတယ် ဆိုတော့ ပိုစ့် ထဲကနေ မြင်နေ ရတဲ့ အန်တီ ရဲ့ စိတ်ရင်း၊ သူတပါး အပေါ်၊ အလေးထား မှု ၊ စာနာ မှု လေး တွေ ကို လေးစားအားကျ မိ ပါတယ် လို့ပဲ ပြောပါရစေ။
Ma Ei
September 11, 2012 at 3:55 pm
အစ်မပဒုမ္မာရေ…
လုကူးမျဉ်းကျားကနေ ကူးနေရသူမို့
နှစ်ဦးနှစ်ဖက် စာနာပေးကြရင်ကောင်းမှာလို့
နေ့တိုင်းတွေးမိရပါတယ်…ခုတော့
မျဉ်းကျားနေရာမှာ လူများလူနိုင်
ကားများကားနိုင်ပါဘဲလေ…
အလင်းဆက်
September 11, 2012 at 7:26 pm
ကျေးဇူးပါ… အန်တီ..
ကိုသင်း
September 11, 2012 at 9:54 pm
စင်ကာပူမှာ လမ်းကူးရတာ အရမ်းစိတ်ချမ်းသာတယ်၊
လမ်းကူးတိုင်း သာဓုခေါ်မိတယ် ကုသိုလ်ရတယ်။
မြန်မာပြည်မှာ လမ်းကူးရတိုင်း အရမ်းစိတ်ညစ်တယ်၊
လမ်းကူးတိုင်း ဆဲနေမိလို ့အကုသိုလ်ပဲရတယ်။
ရွှေတပ်မှကြိုက်တဲ့ ကိုရွှေဗမာများ ဆင်ခြင်နိုင်ပါစေ—
padonmar
January 30, 2013 at 9:32 pm
Yellow Box post ရေးရင်း သတိရလို့ မျဉ်းကျားပို့စ်လေးပြန်ကြည့်တာ ရဲရဲနီ(ကြံရည်ရောင်)တွေ ဖြစ်နေပါလားနော်။
………….
အသက်ကြီးတဲ့သူတွေများ လုကူးမျဉ်းကျားက ကူးတာတောင် ရဲရဲ မကူးရဲပါဘူး။
ကားတစ်စီးက ရပ်ပေးပေမယ့် နောက် ယာဉ်ကြောက ကားက အတင်းလုမောင်းတော့ လမ်းလယ်မှာ ကန့်လန့်ကြီး ဘုရားတနေရတတ်တယ်။
မနေ့က ပြည်လမ်းပေါ် အင်းလျားဘက်အသွား အလယ်ကြောက မောင်းနေရင်း ကမ္ဘောဇဘဏ်နားက လူကူးမျဉ်းကြားမှာ လမ်းကူးဖို့ရပ်စောင့်နေတာ ၃-၄ ယောက်တွေ့လို့ ရပ်ပေးလိုက်ပါတယ်။
အဲဒီလို ကျမတို့ကားရပ်ပေးလို့ လမ်းဖြတ်ကူးလာတဲ့ သူတွေကို လမ်းလယ်မှာ ရပ်ကြည့်နေတဲ့ ယာဉ်ထိန်းရဲ လုံမေက သူကူးခွင့်မပြုပဲ
ကူးလာတာ ကားတိုက်တော့မှ အပြစ်လာမပြောနဲ့ လို့ ကြိမ်းနေတော့
အင်း……ဘယ်သူ့ကို စပြီး ပညာပေးရမှာပါလိမ့်လို့ ………………..
padonmar
May 24, 2015 at 9:45 am
2012 ရေးခဲ့တုံးက ရွာကို သူပုန်ဝင်စီးသွားလို့ မူရင်းပို့စ်ပျောက်သွားတာကို သူကြီး ပြန်ရှာတင်ပေးလို့ ပြန်ရပါတယ်။သူများကွန်မန့်တွေက အီးမေးကနေ ပြန်ရှာပြီး စုထားပေးခဲ့ပါတယ်။ ကိုယ်ပြန်ဆွေးနွေးတာတွေ တော့ မရတော့ဘူး။
ကွန်မန့်တွေ ပျောက်သွားတာ နှမျောတယ် ပြောမိတဲ့ ကျေးဇူးကြောင့် Victory ရဲ့ ပို့စ်လေး အဆစ်ရလိုက်တဲ့အတွက် အရှုံးထဲက အမြတ်ကြီးကြီးရခဲ့တာ အမှတ်တရပါပဲ။
အဲဒီတုံးက မန့်တဲ့သူတိုင်းက လူကူးမျဉ်းကျားအကြောင်းမှာပဲ ဆွေးနွေးသွားကြတယ်။ နောက်က အကြောင်းအရာကို မဆွေးနွေးကြဘူး။ကိုယ်ပေးချင်တဲ့ မတ်စိ သိပ်မထိရောက်သွားခဲ့ဘူး။အခု ၂၀၁၅ နီးလာတော့ အဆက်မပြတ်မောင်းဖို့ ကြိုးစားနေတဲ့ ကားတန်းကြီးထဲက ခဏလေးရပ်ပေးမယ့်သူတွေကို ရှာဖွေ နားချချင်နေမိတယ်။
ဒါလည်း အောင်မြင်မယ်တော့ မထင်မိပါဘူး။ဒါပေမယ့် သမိုင်းတရားခံမဖြစ်အောင် ကိုယ်ပြောသင့်တဲ့ အချိန် ပြောဖို့ ကြိုးစားတာပါပဲ။