“ အောင်ပင်လယ် မိုးညနေခင်းလေးကတိမ်…………………. “
“ အောင်ပင်လယ် မိုးညနေခင်းလေးကတိမ်…………………. “
1-9-2012 နေ့ နေ့လည်ခင်းလောက်မှာ တက်သိမ်းအင်းက တိမ်တွေကို လက်ဆော့အပြီးမှာ
ဦးပွားကုန်းကျော်ကနေ တက်လာခဲ့ပါတယ်။
ကုန်းအလည်ခေါင်အရောက်မြောက်ဘက်ကိုလှမ်းအကြည့် အင်မတန်လှပတဲ့မြင်ကွင်းလေးကိုမြင်ခဲ့ရပါတယ်.။
ဦးပွားဘုရားနဲ့ တိမ်အဆင် ကို လှမ်းလို့လက်ဆော့၊
တံတားရဲ့တောင်ဘက်ခြမ်းကိုလက်ဆော့ အပြီးမှာ တံခွန်တိုင်ဘက်ကိုသွားဘို့ စိတ်ကူးလိုက်ပါတယ်။
အဲဒီအချိန်ရွာသားကိုဖိုးထောင်ကို သတိရလို့ လမ်းဘေးမှာဆိုင်ကယ်ရပ်လို့ ဖုန်းဆက်တော့
အောင်ပင်လယ်မှာတဲ့…………..။
ဘယ်နားမှာလဲလု့ိ မေးတေ့ာ သံယောဇဉ်မြန်မာပင်ကျရည် ဆိုင်မှာရောက်နေပါသတဲ့။
မနက်က တင်အဲဒီဘက်က ပြန်လာခဲ့တာဆိုတော့ သိပ်တော့မသွားချင်။
“လေးပေါက်ရာ တိမ်တွေအရမ်းကိုလှနေတာ ကျနော်လဲ နေအကျဓါတ်ပုံရိုက်ချင်လို့စောင့်နေတာ”ဆိုတဲ့
အသံလဲကြားရော တံခွန်တိုင်ဘက်ကိုသွားဘို့ဦးတည်ထားတာကို သိပ္ပံလမ်းဘက်ေြပြာင်းလိုက်ပါတယ်။
အဲဒီနေ့ နေလည်ခင်းက နေအတော်ပူပါတယ်။
ဒါပေမယ် တိမ်တွေလှတယ် ဆိုတဲ့စကားလေးက အပူတွေကိုလျော့ပါးသွားစေသလိုပါဘဲ.။
ကျနော်ရောက်နေတဲ့နေရာနဲ့ ကိုဖိုးထောင်ရှိတဲ့နေရာ လေးမိုင်လောက်တော့ဝေးပါတယ်။
အဲဒါနဲ့သိပ္ပံလမ်းအတိုင်းအရှေ့တက် အောင်ပင်လယ်ကန်ဘောင်ရိုးရောက်တော့ မြောက်ဘက်ကိုဦးတည်လို့
ရေတံခွန်တောင်သွားတဲ့ လမ်းကို စီးတော်ဆိုင်ကယ်နဲ့ အပြင်းနှင်ခဲ့ပါတယ်.။
မနက်ရောက်တုန်းက မရိုက်ခဲ့ရတဲ့နေရာလေးတွေကို ပြန်ရိုက်ဘို့နေရာလေးတွေကိုလဲပြန်စဉ်းစားရင်းပေါ့။
ဒါနဲ့ နာရီဝက်သာသာလောက်မောင်းအပြီးမှာ အောင်ပင်လယ်ရင်ခွင်အစကိုရောက်။
ဘဲတွေမွေးထားတဲ့နားက ရေကန်ထဲကို တိမ်ရေသောက်ဆင်းနေတာတွေကိုရိုက်။
ရေထဲမှာအနွယ်လေးလိုဖြစ်နေတဲ့ ပန်းပွင့်လေးတွေကိုရိုက်။
ဟိုနားရပ်ပြီးတိမ်လေးတွေရိုက်။
ဒီနားရပ်ပြီးတိမ်လေးတွေရိုက်။
ကိုဖိုးထောင်ကလဲ “လေးပေါက်ဘယ်နားရောက်ပြီလဲ”လှမ်းမေး။
“ရောက်တော့မှာပါ”ဆိုပြန်ဖြေရင်း တိမ်တွေကိုလက်ဆော့လို့မဝနိုင်အောင်ပါဘဲ.။
ဒါနဲ့ သိပ်မကြာခင် ကိုဖိုးထောင်ရှိတဲ့နေရာကိုရောက်လာပါတယ်။
ရောက်တဲ့နဲ့ ရေသောက်.။
ဟိုတောင်ဘက်က လယ်ကွင်းတွေဘက်သွားလက်ဆော့။
အဲဒီအချိန်မှာ မနက်ကထက်တိမ်တွေကပိုလှနေပါတယ်။
လယ်ကွင်းစိမ်းစိမ်းတွေ့နဲ့လိုက်ဖက်လွန်းလှတဲ့ တိမ်တောင်ထုတွေတိမ်ပန်းချီတွေက
ကျနော်အတွက် ငေးမဝ ကြည့်မဝ။
သိပ်မကြာခင်လေးမှာ မိုးရိပ်ဆင်နေတဲ့တိမ်ထုထဲကို နေမင်းက ခဏလေးအပုန်း
လှပသော တိမ်အစုလေးကိုရခဲ့တာ စိတ်ထဲမှာကျေနပ်မိပါတယ်။
ကဲ ကြည့်လိုက်ပါအုံး ကျနော်ပြောတာ အပိုတွေမ ဟုတ်ဘူးဆိုတာကို သက်သေပြချင်လို့ပါ။
ကိုပေါက်ရဲ့လက်ဆောင်မြန်မာပြည်မှအလှတရားများ
(19-9-2012)
17 comments
မဟာရာဇာ အံစာတုံး
September 15, 2012 at 11:37 am
အတော် အေးချမ်းမယ့် နေရာလေးလို့
မြင်မိပါတယ် …
ဟို .. စေတီလေးတွေနဲ့ နေရာလေးမှာ
ဘုန်းကြီးကျောင်းတွေရော ရှိသလား ..
ဒါမှ မဟုတ် ဘုရားချည်းပဲလား ..
ကိုပေါက်(မန္တလေး)
September 15, 2012 at 10:44 pm
ဘုန်းကြီးကျောင်းကလ မ်းအရှေ့ဘက်မှာရှိပါတယ်။
P chogyi
September 15, 2012 at 11:43 am
No.6 ပုံကို Desktop ပုံအနေနဲ့သုံးချင်လို့ ကူးသွားပါတယ်။
အားလုံးကောင်းပါတယ်။
ကိုပေါက်(မန္တလေး)
September 15, 2012 at 10:48 pm
ကူးပါခင်ဗျာ ရပါ၏
မောင်ပေ
September 15, 2012 at 12:35 pm
ကိုပေါက်ရေ ကင်မလာအသစ် ဝယ်ပြီး ပြီလားဗျို ့
အခုပို ့စ်ထဲက လယ်ကွင်းပုံတွေ ကြည့်ရတာ မျက်စိအေး စိတ်အေးရတယ်ဗျား
ကိုပေါက်(မန္တလေး)
September 15, 2012 at 10:56 pm
ကင်မလာအဟောင်းနဲ့ပါဘဲခင်ဗျာ
linnlinnn
September 15, 2012 at 12:50 pm
ပိုစ်နဲ့သိပ်တော့ မဆိုင်လှသလို..သီချင်းထဲကလို ကောနေတဲ့လယ်တောတွေ မဟုတ်ပေမဲ့ အောင်ပင်လယ်ဆိုသမို့ နန်းတော်ရှေ့ဆရာတင်ရဲ့ အောင်ပင်လယ်သီချင်းကိုသတိရသွားလို့..သီချင်းစာသားလေးနဲ့အတူ ဆြာပေါက်ရဲ့ တိမ်တွေကို ခံစားသွားပါတယ်ရှင်…
ကိုပေါက်(မန္တလေး)
September 16, 2012 at 1:28 pm
ဒီသီချင်းးကတော့ ကျနော်လဲကြိုက်ပါတယ်။
(ကြာစိမ်းကြာပြာ ပွင့်နီများ လှုပ်ရှားကာရယ် များစွာကွယ်) ၂ ။ လေယူရာကို ကြိုင်လှိုင်သွေးလို့ မွှေးကြည်တယ် ဆိုတဲ့အပိုဒ်လေးကိုနားထဲကြားမိတော့ ကြာပင်အိုင်အလွမ်းဆိုပြးိတော့ ပိုစ်တောင်တင်မိပါသေးတယ်။
mayjuly
September 15, 2012 at 1:37 pm
လေးပေါက်ရှင့် ….
ဂျူးမ ကြိုက်နှစ်သက်သောပုံများအား ကူးယူခွင့်ပြုပါ …..
ကိုပေါက်(မန္တလေး)
September 16, 2012 at 1:28 pm
ယူစေသတည်း………………………………
surmi
September 15, 2012 at 1:49 pm
အဲ့ လိုတိမ်အဆင်တွေ ခုချိန်မှာ မြင်ရခဲ တယ်အစ်ကိုရေ
ခုမှမိုးလေးနဲနဲပါးသွားတာ
တခါတလေ အစ်ကိုတို ့ကိုအားကျတယ်။ကျနော်လည်းဘယ်အချိန်ကျမှ
ဝါသနာပါတာတွေလုပ်နိုင်ပါ ့မလဲလို ့
kotun winlatt
September 15, 2012 at 3:18 pm
လေးပေါက်ရေ…
ပုံလေးတွေက လှချက်ဗျာ….
ငြိမ်းအေးလိုက်တာ….
ဘယ်ပန်းချီရေးလို့ မမီပေါ့…
ကြောင်ကြီး
September 15, 2012 at 9:19 pm
အောင်ပင်လယ်
ကြောင်ဆင်ဝယ်
မောင်ခင်တွယ်
ဖောင်ပြင်မယ်
ချောင်ဂွင်ကွယ်
ဘောင်ဘင်အယ်
ဒေါင်ဒင်ရှယ်
နောင်ကြဉ်ဖယ်..
TTNU
September 15, 2012 at 9:33 pm
ကိုပေါက်ရေ…
ဒါတတိယအကြိမ်မန်းတာပဲ။တင်လိုက်၊ Problem loading ပြလိုက်။
ထပ်တင်လိုက်။ကူးပြီးနော်။ကျေးဇူးပါ။ 🙂
si tone
September 15, 2012 at 9:42 pm
ဟာအရမ်းလှတယ်….
နောက်နေ.......
September 16, 2012 at 1:10 pm
လေးပေါက် ကင်မလာအသစ်ဝယ်ထားတယ်ဟုတ်…..
မောင်ရှမ်းတို့မနာလိုဘူးဗျို့…..
ဒါ့ပုံတွေရမ်းကိုလှနေတယ်……
ကိုပေါက်(မန္တလေး)
September 16, 2012 at 1:32 pm
အသစ်ဟုတ်ဘူး မောင်ရှမ်းရ မင်းနဲ့တွေ့တုံးက ပေါက်စနလေးဘဲမောင်မောင်ရှမ်းရေ့