တစ်သက်စာ အလွဲ (အပိုင်း ၁)

ဦးေက်ာက္ခဲSeptember 13, 20121min53538

 

 

 

 

 

 

 

 

 

 

ဒီရက်ထဲ စိတ်ထဲမှာလည်း မကြည်လင်၊ ရွာထဲမှာလည်း သူပုန်ဝင်တာမို့ စာရိုက်ချင်စိတ် သိပ်မရှိလှဘူး။ မတော် Post မရှိရင် Account အဖျက်ခံ ရမှာလည်းစိုး၊ Copy/Paste လဲ မတင်ချင်တာနဲ့မို့…….

 

မောင်ကျောက် က ရန်ကုန်မြို့၊ အလုံရပ် ဇာတိပါ။ အဲ မွေးတာကတော့ ဂျင်မခါနာ လို့ခေါ်တဲ့ ဗဟိုအမျိုးသမီးဆေးရုံကြီးပေါ့။ အများသူငှာလို မွေးခါနီးလည်း နိမိတ်မပေး၊ သန္ဓေတော်ခတော့လည်း အိမ်မက်တောင် မဆောင်တာမို့ လူထဲကလူ ပေါ့ဗျာ။ ဒါပေမည့် အိမ်အောက်ထပ်က တရုတ်အစ်ကိုများကတော့ မောင်ကျောက် မမွေးခင် ဘုံကျောင်းမှာ စာချကြတာ သူတို့အတွက် နဂါးနင်းတယ် ဆိုလားပဲ။ သေသေချာချာတော့ မမေးမိပါဘူး၊ ဒါပေမည့် မှတ်မိတာတော့ ပျဉ်ထောင် နှစ်ထပ်အိမ်မှာ အပေါ်ထပ်က မောင်ကျောက် သောင်းကျန်းလွန်းလို့ သူတို့အိပ်ရေးပျက်တာ၊ သူတို့”ဂေါ်” မယ်လို့ ဝတ်ကောင်းစားလှနဲ့ အိမ်ပြင်ထွက်လာရင် အိမ်ပေါ်ထပ် ဝရံတာကနေ ရွှေပြွန်က ရေသွန်တာတော့ မှတ်မိသဗျ။

 

အ ဟဲ…. ကလေးဆိုတော့လည်း ဘာပြောလို့ရတာမှတ်လို့! ဒါပေမည့်လို့ အမေ နဲ့ ကြီးတော်ကြီး ခမျာ သူတို့ကို ခဏခဏ တောင်းပန်ရ၊ အဝတ်တွေကို ပြန်လျှော်ပေးရနဲ့ အတော်အလုပ်ရှုပ်တာပေါ့။ ဒီတော့ ကြီးဒေါ်ကြီးက ကျောက်သူငယ် ကို ဒေါကန်ကန်နဲ့ ရွှေပြွန်ဖြတ်မယ် ဆိုပြီး ခြိမ်းခြောက်တာပေါ့ဗျာ။ ဒါလေးများ….. မောင်ကျောက် တို့က မကြောက်ပေါင်! (စကားချပ် : တန်ဖိုးမသိခင်တုံးကပါ။ ခုတော့ မရဘူး ပရိသတ်)

“ကြီးကြီး ဖြတ်ချင်ရင်ဖြတ်လေ။ ဟိုဘက်အိမ်က ဒေါ်လေး နဲ့ အတူတူ သားလည်းဖြစ်သွားတာပေါ့” ဆိုလို့ တစ်ဖက်ခန်းက အပျိုကြီးလဲ အရှက်ကွဲ၊ အရပ်ကတို့လည်း ပါးစပ်အဟောင်းသား ဖြစ်ပေါ့။

 

ဒီတော့ ကျောက်သူငယ်ကို နွေရောက်တိုင်း အမေ့ဖက်က အဖိုး၊ အဖွား ရှိရာ “ပုသိမ်” ကိုပို့ထားပါတယ်။ ဆေးစက်ကျရာ အရုပ်ထင်မယ့် မောင်ကျောက် ခမျာ မိဘအိမ်နဲ့ဝေးရမှာ ကြောက်လို့ မျက်ရည်ကျဖို့ ဝေးစွ၊ ဂျွမ်းတလှိမ့်လှိမ့် နဲ့ လာခေါ်တဲ့ ဦးလေးတွေကို အမြန်သွားကြပါစို့လို့ တိုက်တွန်း ရတာ ညတောင် အိပ်ပျော်တယ် မထင်ခဲ့ဘူး။

 

အဲ “သ” “သင်္ဘော” ကြီးပျော်ပျော်စီးပြီး “ပုသိမ်” ရောက်ရင်တော့ မျောက်ရှုံးအောင်ဆော့တဲ့ မောင်ကျောက် အတွက် ခေါင်းကြီးရတာ ဦးလေးများပါ၊ သူတို့ခမျာ မောင်ကျောက် ဆော့တာတင်မက ပါးစပ် သရမ်းတဲ့ဒဏ်ပါ ခံရတာကိုး! ဒီလိုဗျ… အဲဒီ “ပုသိမ်” အိမ်နားမှာ ပါးပေါ်မှာ မွေးရာပါအမှတ် ကလေးရှိတဲ့ အဒေါ်တစ်ယောက် ရှိခဲ့ဖူးတယ်။ အဲဒီ အဒေါ်ကိုတွေ့ရင် မောင်ကျောက် က ခတ်ဟောင်း “ဒေါ်ကြည်အောင်” ရဲ့ “အလှဂုဏ်..ငါးဖြာ… တရားပါပဲရှင်၊ မှတ်ပါစေကြောင်းထင်…” ဆိုတဲ့ သီချင်းအပိုဒ်ကို ဖျက်ပြီး “ကျွန်မကို နမ်းတာ ကုလားပါပဲရှင်၊…ပါးမှာ အရာကြီးထင်…” လို့ သီချင်းဆိုတော့ အဲဒီအဒေါ်ရဲ့ ခင်ပွန်း ရခိုင်ကြီး ဦးစံကျော် က တင်းတာပေါ့ဗျာ။ ဘယ်လိုပဲ မောင်ကျောက် သောင်းကျန်း သောင်းကျန်း၊ မေတ္တာမပျက်တာက အဖိုးနဲ့ အဖွားပါ။ ဟင်းချက် မကောင်းတဲ့ အဖွားဟာ သူကိုယ်တိုင်လိပ်တဲ့ ပြောင်းဖူးဖက် ဆေးလိပ်ကို အဖိုးနဲ့ တစ်ယောက်တလဲ ဖွာရင်း မောင်ကျောက်ရဲ့ ပါးစပ်သရမ်းတာကို တဟားဟားနဲ့ ရယ်ပွဲဖွဲ့ပြီး ရယ်လို့မဆုံးခဲ့ကြပါဘူး။

 
ပြောရရင် မောင်ကျောက် ရဲ့အဖွားဟာ အရယ်သန်ပြီး စိတ်ဆိုးလွယ် စိတ်ပြေလွယ်ပါ၊ အဲ မောင်ကျောက်ရဲ့အဖိုးကတော့ ရိုးရှင်းပေမည့် စိတ်ခံစားမှုလွယ်ပြီး အရမ်းသနားတတ်ပါတယ်။ ဘယ်လောက်တောင်လဲဆိုရင် မှတ်မှတ်ရရ ဦးသုခ ရဲ့ “စကားပြောသော အသည်းနှလုံး” ရုပ်ရှင်ကို ဝမ်းနည်းစရာကောင်းပါတယ် မြေးတို့ရယ် ဆိုပြီး ကြည့်နေရင်း TV ထ ပိတ်ပါတယ်။ ဇာတ်လမ်းထဲမျောပြီး မျက်ရည်စက်လက်နဲ့ မောင်ကျောက် တို့ မောင်နှမတွေ ခမျာမှာတော့ ဖီလင်ပျက်လို့ “ဖု” တာပေါ့ဗျာ။

 

တကယ်တော့ အဖိုးနဲ့ အဖွားဟာ သက်တူရွယ်တူ ငယ်သူငယ်ချင်းတွေပါ။ စီးပွားရှာရာမှာ ဘက်ညီသလို၊ ရန်ဖြစ်တဲ့ နေရာမှာလည်း အရပ်က လက်မြှောက်ထားရတဲ့ လင်မယား ဆိုပါတော့။ သူတို့က ငယ်ငယ်ထဲက ကစားဖော် ကစာဖက်တွေ ဆိုတော့ တစ်ယောက်ကိုတစ်ယောက် လေးစားသမှုမရှိကြသလို၊ တစ်ယောက်အကြောင်း တစ်ယောက် အူမချေးခါးမကျန် သိနေတော့လည်း အမြဲရန်ဖြစ်ကြတာ သိပ်တော့မဆန်းပါဘူး။ မကြာမကြာ ရန်ဖြစ်တဲ့ သူတို့လင်မယား ကြားမှာ “ပဲလှော်ကြား ဆားညပ်” တဲ့ “ကံဆိုးသူ မောင်ရှင်” က မောင်ကျောက် ရဲ့ ဦးလေး အငယ်ဆုံးပါ၊ သူ့ခမျာ မိဘတွေ ရန်ဖြစ်ပြီဆိုရင် အဲဒီနေ့ အတွက် အပြင်ထွက် “လန်း” လို့ မရတော့ဘူးလေ။

 

အဲဒီလို ရန်ဖြစ်ရင် ဦးလေးက ခပ်တိုးတိုး အမြဲညည်းပါတယ်။
“အင်း….. ဖား နဲ့ ဆင်၊ လယ်ပြင်မှာ တွေ့ကြပြန်ပြီ” လို့!
အ..ဟတ်… သူညည်းမှာပေါ့ အဖွားရဲ့ အမေနာမည်က “ဒေါ်ဖား” ၊ အဖိုးရဲ့ အမေနာမည်က “ဒေါ်ဆင်” လေ!

 

အဖိုး နဲ့ အဖွား ရန် ဖြစ်တာက အခုပြန်စဉ်းစားရင် တော်တော် ရယ်ရတယ်ခင်ဗျ။ သူတို့က နပန်းလည်း မသတ်ပါ၊ ဆဲလည်း မဆဲကြပါဘူး။ ဒါပေမည့် လက်နက်ကြီး ပစ်ချက်ကတော့ ကမ်းကုန်ပဲ။ အကြောင်းမသိရင် ဖျားသွားမယ်။ သူတို့က “ငြိ” ပြီ ဆိုတာနဲ့ မောင်ကျောက် တို့ ငယ်ငယ်က သေနတ်ပစ်တမ်း ကစားတဲ့ “ဗျူဟာ” အတိုင်း စစ်ပြင် ပါတယ်။

၁။ နေရာယူ
ဟုတ်ကဲ့၊ အဖိုးက အိမ်အောက်ထပ် ကိုဆင်းပါတယ်၊ အဖွားက အိမ်အပေါ်ထပ်ကို သိမ်းပါတယ်….

၂။ အဆင်သင့်
ဆေးပေါ့လိပ်၊ ရေနွေးကြမ်း စားရေရိက္ခာ အစုံအလင်နဲ့ပါ….

၃။ ကျည်ဆံထည့်
အဖိုးက ထင်းခုတ်တဲ့ ဓားမ၊ အဖွားက သူ့ရဲ့လက်သုံးတော် ဝါးရင်းတုတ် နဲ့ပါ….

၄။ မောင်းချိန်
အဖိုးက ဓားမအနှောင့်ကို ကွပ်ပျစ်နဲ့ ဆောင့်၊ အဖွားက အိမ်တိုင်ကို ဝါးရင်းတုတ် နဲ့ရိုက်ပြီး တိုက်ပွဲ ခေါ်ပါတယ်….

၅။ ပစ်နိုင်ပြီ
တိုက်ပွဲစပါပြီ ခင်ဗျား…..(ဗေ ပုံ တီး ပုံ ဂျီ…)

 

“ဟဲ့…. ငခင်စိန်၊ နင်ငါ့ကို ဘယ်လိုကောင်မျိုးမှတ်နေလဲ? ဆင်းလာခဲ့၊ နင့်ကို ဒီဓားနဲ့ခုတ်ပြီး ကြိုးစင် တက်မဟဲ့”
“ဟဲ့…. မောင်တင်၊ နင်ငါ့လက်သံကို သိပါတယ်၊ အခု အိမ်ပေါ်တက်ခဲ့ နင့်ခေါင်းကို ရှစ်စိတ် ခွဲပြီး စက်တိုင် တက်ပြမယ်၊ လာခဲ့… မိဆင် ရဲ့ သား”
………………………………………….
……. အ ဟဲ၊ ကြားဖူးနားဝ သတ်နည်း မျိုးစုံ နဲ့ လေထဲမှာ သတ်ကြတာ သွေးထွက်သံယို များလွန်းလို့ ဆင်ဆာဖြတ်လိုက်ပါတယ်…..

 

စိတ်မပူပါနဲ့၊ အဖိုးလည်း အိမ်ပေါ် မတက်သလို၊ အဖွားလည်း အိမ်အောက် မဆင်းပါဘူး။ ဒါပေမည့် ကြားထဲက ဗျာများရတာက ဆက်သား ဦးလေးငယ်ပါ၊ သူ့ခမျာ ရေနွေးအိုးတွေ လိုက်ဖြည့်ရ၊ ထမင်းပွဲ အိမ်ပေါ် အိမ်အောက် ပို့ရ နဲ့ အလုပ်ကို လက်မလည်ပါဘူး။ စားပြီးသောက်ပြီး ရန်ဖြစ်လို့ မောသွားရင် အဖိုးကလည်း ကွပ်ပျစ်ပေါ်ါ် ဓားမ ဘေးချပြီး တစ်ရေးအိပ်သလို၊ အဖွားကလည်း အိမ်ပေါ်ထပ် ညောင်စောင်းမှာ ဝါးရင်းတုတ်ပိုက်ပြီး အားကျမခံ တစ်မှေး မှေးပါတယ်။ အဲ….ဒီ လိုဆိုရင်တော့ ငြိမ်းချမ်းရေး ရဖို့ တော်တော်သေချာပါပြီ။

 

 

(စိတ်မရှိပါနဲ့၊ ရှည်သွားလို့ ၂ပိုင်း ခွဲပါရစေ  ခင်ညာ!)

38 comments

  • TTNU

    September 13, 2012 at 9:33 pm

    ဦးကျောက်ခဲရေ..
    ပထမဆုံးအကြိမ် ဦးကျောက်ခဲစာတွေကိုဖတ်ဖူးခြင်းပါ။
    အရေးအသားနဲ့ အတွေးတွေက စာပေနဲ့ အတော်ရင်းနှီးကျွမ်းဝင်ချောမွေ့
    နေတယ်လို့ ခံစားရပါတယ်။ ဇာတ်လမ်းဆက်ဖတ်ချင်နေသေးအောင်
    ခေါ်သွားနှိုင်ခဲ့ပါတယ်။ ရေးတာလည်းစံနစ်ကျလို့ တော်တော်နှစ်ခြိုက်မိပါတယ်။
    ဆက်လက်အားပေးနေပါ့မယ်။

    • ဦး ကျောက်ခဲ

      September 13, 2012 at 9:50 pm

      ဆရာမကြီးခင်ဗျား၊ ပထမဦးဆုံး Comment ချီးမြှင့်တာ ကျေးဇူးတင်ပါတယ်၊ ဂုဏ်လဲယူပါတယ် ခင်ဗျာ။

  • မောင်ပေ

    September 13, 2012 at 9:35 pm

    ဖတ်ရင်းနဲ ့တစ်စိမ့်စိမ့်တွေးပြီး ပြုံးမိတယ်ဗျာ
    ဦးကျောက်ခဲ အပြင်စာပေလောကမှာကော ဘာကလောင်နာမည်နဲ ့ရေးသလဲ ခင်ဗျ ။ ဦးကျောက်ခဲ လက်ရာဖတ်ရတာ ခေတ်ပေါ် စာရေးတွေထက်တောင် ဖတ်လို ့ကောင်းတယ်ဗျို ့
    ဒါနဲ ့စာပါအကြောင်းထဲကနဲ ့ပတ်သက်ပြီး မေးချင်တာကတော့
    အခုထက်ထိ အသုံးပြုနေတုန်းပဲလားလို ့ပါ ၊ ဟီဟိ …. စိတ်ချိုးရဘူးနော
    “(စကားချပ် : တန်ဘိုးမသိခင်တုံးကဘာ၊ ခုတော့ မရဘူး ပရိသတ်)”

    • ဦး ကျောက်ခဲ

      September 13, 2012 at 10:11 pm

      ဟား…ဟ၊ ကိုပေ ကလဲ … ကျွန်တော်က တစ်ခါတလေ အပျင်းပြေ ရေးတဲ့ ဝါသနာရှင် အဆင့်ပဲ ရှိတာပါဗျာ။
      ကိုပေ တို့လို Pro မဟုတ်ရပါဘူး။ ချိတ် မဆိုးပါဘူး!
      အ…ဟိ တစ်ကိုယ်ရေ သမားမို့ ဟိုဟာလေးတော့ အရေးကြုံ သက်လုံကောင်းအောင် ဆောင်ထားသပေါ့!

  • သစ် တည်

    September 13, 2012 at 9:45 pm

    ဦးကျောက်ခဲ တဂျီးက ပို ့မရှိရင် အကောင့် ဖျက်မာဂယ်လား……
    ဒါရှိုတူ လူ ့ခွင့်ရေးချိုးဒါ…..ဆန်ဒပြရမယ်….နော်

    • ဦး ကျောက်ခဲ

      September 13, 2012 at 10:13 pm

      ဒါတော့ မသိဘူး ဆရာ! မတော် အဲလို ဖြစ်မှာဆိုးလို့ ကြိုပြင်ထားတာ။

  • nozomi

    September 13, 2012 at 10:22 pm

    အရေးအသားကတော့ အားကျစရာပဲ

    သေသွားတဲ့ ကျောက် ရော အခု ရှင်နေတဲ့ ကျောက် ရော နှစ်ယောက်လုံးက အရေးအတွေး စတိုင်လေးတွေကလဲတူ ၊ ကျွန်တော်သဘောကျတာလဲ တူတယ်
    နောက်အပိုင်း မျှော်နေပါတယ် ခင်ဗျာ

    • ဦး ကျောက်ခဲ

      September 13, 2012 at 10:48 pm

      ဆရာ….. အမှန် အတိုင်း ပြောရရင်၊ အေးငြိမ်းရာကို ထွက်သွားတဲ့ Senior ကျောက် နဲ့ ကျွန်တော် Junior ကျောက်ဟာ အသက်မတူ ပေမည့် အလုပ်ခွင် တစ်ခုထဲမှာ အတူ အလုပ်လုပ်ခဲ့ကြတဲ့ ရဲဘော်ဟောင်းတွေပါ။

      အကိုကြီး Senior ကျောက် ကို လွမ်း လို့လဲ ဒီစာတွေ ကျွန်တော် ရေးပါတယ် ခင်ဗျာ။

  • ဦးဦးပါလေရာ

    September 13, 2012 at 10:53 pm

    အရေးအသားတော်တော်ကောင်းတာပါလား…
    ဆက်ရေးပါဗျို့.. အားပေးနေပါကြောင်း… 🙂

    • ဦး ကျောက်ခဲ

      September 13, 2012 at 11:04 pm

      ကျေးဇူးတင်ပါတယ် ဆရာပါ၊
      ဆက်ရေးဖို့ အားရှိ သွားကြောင်းပါ ခင်ဗျာ!

  • အရီးခင်လတ်

    September 14, 2012 at 3:54 am

    ဦးကျောက်ခဲ ရယ်

    ဖတ်လို့ လဲ ကောင်းပါ့။
    တွေးလို့လဲ ကောင်းပါ။
    မထိတထိ ရိ တာလဲ ရေးချင်တိုင်းရေးမရ စာရေး ပညာတတ်မှ ဆိုတာ သိသွားပါပြီ။

    ဒါထက် Post က ၁၀ဝလောက် ရှိမှ စိတ်ချရသတဲ့။
    ကျန် ၉ဝ ကို အမြန်ရေးသင့်ကြောင်းလေး။ 😉

  • kai

    September 14, 2012 at 4:41 am

    သေနတ်ပစ်တန်း ကစားတဲ့ “ဗျူဟာ” အတိုင်း စစ်ခင်းတာလေး.. မျက်စိထဲ.. မြင်မိတယ်.
    စာရေးတော်တယ်ပေါ့…

    အို..ဘယ့်.. အနုပညာ…

    • ဦး ကျောက်ခဲ

      September 14, 2012 at 8:56 am

      အရီး ၊ သူကြီး

      ကျေးဇူးတင်ပါတယ် ခင်ဗျာ။

      အရီးရေ စာများများ ရေးချင်ပါတယ်၊ ဒါပေမည့် စိတ်ထဲမှာ မကြည်ရင် ဘယ်လိုမှ စာကောင်း တစ်ပုဒ် မရတာမို့……….

    • ကြောင်ဝတုတ်

      September 14, 2012 at 4:08 pm

      ဟုတ်တယ် သူကြီးရေ…
      ဗျူဟာခင်းပုံလေးက မျက်စိထဲမြင်ယောင်လာအောင်ကိုဗျာ….

      ဦးကျောက်ရေ… အားပေးနေမယ်နော်….

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • ကြောင်ကြီး

    September 14, 2012 at 10:13 am

    သဂျီးနဲ့ သဂျီးဂဒေါ်လည်း သည်အတိုင်းဗဲဒဲ့…။ ခေတ်ခြင်း မတူတော့ ပုံစံပဲကွာတယ်။ သဂျီး စိတ်ဆိုးရင် ဂဇက်ဆိုက်တက်ပြီး ဘာလုပ်မယ် ညာလုပ်မယ် ပွိုင့်ဖြတ်မယ် ထောက်ခံစာလုပ်မယ် ကြိမ်းတယ်၊ သဂျီးဂဒေါ်ကကြတော့ မြင်မြင်ရာ အနီပေးတော့တာပဲ။ ကြားက သမီးဒေါ်ဂလေး သနားစရာ။ ဒီလိုနဲ့ပဲ ဦးကြောင်ခင်ဗျာ တရားမကျင့်နိုင်ပဲ ဝင်ဖြန်ဖြေရင်း သဂျီးနဲ့သဂျီးဂဒေါ်ကို ပါပါနဲ့ မာမာလို့ ပါးစပ်က ယောင်ခေါ်မိရော…. :8O

  • ကိုသင်း

    September 14, 2012 at 10:18 am

    ဥိးကျောက်၊ကိုကျောက်၊ညိကျောက်——–
    အချက်မသိတော့ သမက်သူခိုးထင်
    အသက်မသိတော့ အင်း ဘယ်လိုခေါ်ရမတုန်း
    ခင်ဗျားစာတွေဖတ်ပြိး ငယ်ဘဝလွမ်းလိုက်တာဗျာ
    ဆက်ပြိး များများမြန်မြန် ရေးဗျာ၊ပို ့စ်မရှိလို ့
    ရွာသားအဖြစ်ကရပ်စဲမယ်ဆိုရင် နောင်ဆိုခင်ဗျား
    ကို အားပေးစကားပြောနိုင်မှာ မဟုတ်ဘူး၊ဝေးဝေး
    ကပဲလွမ်းနေရမှာ၊ကျုပ်တို ့က စာရေးလွှတ်ပျင်းဗျာ

    • ဦး ကျောက်ခဲ

      September 14, 2012 at 11:06 am

      ဦးကြောင် ၊ ကိုသင်း

      မင်္ဂလာပါ ခင်ဗျာ….

      ဦးကြောင်ရဲ့ သူကြီးကို ထေ့လုံး ငေါ့လုံး တွေ က၊ ဘယ်အချိန်ဖတ်ဖတ် ပြုံးရပါတယ်။ Catology ကတော့ ကြိုက်ဗျို့!

      ကိုသင်း၊ အားပေးစကား ပြောတာ ကျေးဇူးပါခင်ဗျာ။ အဆင်ပြေသလို ခေါ်ပါဗျာ၊ ကျွန်တော်က Early 40 ပါ

  • Mon Kit

    September 14, 2012 at 11:04 am

    ဦးကျောက်ခဲရေ…..
    တစ်သက်စာ အလွဲအပိုင်း(၁) က ဆွဲဆောင်ထားတာ နောက်အလွဲပိုင်းတွေ မြန်မြန်လေးရေးတင်ပေးပါ…
    ဖတ်ချင်လို့ စောင့်မျှော်နေပါပီ… သူကြီးမင်း ရွာသူအဖြစ် မှ ရပ်စဲလိုက်ရင် မဖတ်လိုက်ရမှာ စိုးလို့ပါ…

    ပို့စ်တစ်ခုမှ မတင်ဖူးဘဲ ကြိုးကြား ကြိုးကြား စိတ်ပါမှ ကွန်မန့်ပေးတတ်သူ…
    ရွာသူ မွန်ကစ်…… 😀

    • ဦး ကျောက်ခဲ

      September 14, 2012 at 11:13 am

      တူမ ရေ ကျေးဇူးပါ။

      ဦးလေး လဲ ရွာအပြင်က စာဖတ်နေတာ နှစ်ချီပြီး ကြာခဲ့ပါတယ်။
      သိပ်မကြာခင်ကမှ စာရေးချင်စိတ်ပေါ်လာလို့ ရွာထဲဝင်လာတာပါ။

  • Moe Z

    September 14, 2012 at 11:47 am

    အူးလေးကျောက် နောက်တစ်ပိုင်းစောင့်နေပါတယ်ဗျို့ ..

  • kyeemite

    September 14, 2012 at 12:00 pm

    ပြသနာပဲဗျို့…ဒီလောက်စာရေးကောင်းသူတွေကြားမှာ
    ကြီးမိုက်လိုကောင်တော့ ..ဖတ်ပီး အသာလေးဇက်ပုနေရုံပဲပေါ့…
    ကြိုက်သဗျာ…ရေးနည်းအတုခိုးအုံးမှ….“စု၊တု၊ပြု” လို့ဆိုသမို့လား…
    အားပေးနေပါဂျောင်း ဆြာကျောက်ရေ….

    • ဦး ကျောက်ခဲ

      September 14, 2012 at 12:34 pm

      တူမလေး မိုးစက် ၊ ကိုကြီးမိုက်

      မင်္ဂလာပါ ခင်ဗျာ….

      တူမရေ အပိုင်း ၂ ဇတ်သိမ်းပိုင်း ဆက်ရေးနေပါတယ်။ ပြီးရင် တင်ပေးပါ့မယ်

      ကိုကြီးမိုက်၊ ကျေးဇူးပါ ခင်ဗျာ

  • လုံမလေး မွန်မွန်

    September 14, 2012 at 12:27 pm

    လေးကျောက်… လာဖတ်တာ နောက်ကျသွားတာ ဆောဒီးပါနော်… ခုမှ ဝင်လို့ရတာ….

    လေတိုက်ပွဲကို ကြည့်ပြီး…အဲ..ဖတ်ပြီး…မျက်နှာပိုးက သတ်လို့မရဘူးဖြစ်နေတယ်… :mrgreen:
    အပိုင်း (၂) ကို မျှော်နေပါ့မယ်ချင့်…

    ခင်တဲ့
    လုံမလေး

    • ဦး ကျောက်ခဲ

      September 14, 2012 at 12:39 pm

      လုံမလေးရေ

      ဦးကျောက် ငယ်ငယ်က အဲဒီ လေတိုက်ပွဲကို
      “ ဖား နဲ့ ဆင်၊ လယ်ပြင်မှာ တွေ့ပြီဟေ့” လို့ အားပေးလာတာ….

  • TNA

    September 14, 2012 at 3:07 pm

    အရေးအသားကောင်းလို့ မျက်စိထဲကွက်ကွက်ကွင်းကွင်းမြင်ပြီးအားရပါးရရီသွားပါကြောင်း နှင့် အပိုင်း နှစ်အားစောင့်မျှော်လျှက်ရှိပါကြောင်း။

  • TNA

    September 14, 2012 at 3:09 pm

    အရေးအသားကောင်းလွန်းလို့ မျက်စိထဲကွက်ကွက်ကွင်းကွင်းမြင်ပြီးအားရပါးရရီသွားပါကြောင်း နှင့် အပိုင်း နှစ်အားစောင့်မျှော်လျှက်ရှိပါကြောင်း။

  • ကြည်ဆောင်း

    September 14, 2012 at 3:25 pm

    အဖိုး နဲ့အဖွား စစ်ဗျူဟာခင်းနေတုန်း ဦးကျောက်ဘာများလုပ်နေမလဲတွေးနေမိတယ်…
    ဒီတိုင်းတော့နေမယ်မထင် 🙄

  • pooch

    September 14, 2012 at 3:29 pm

    ဦးကျောက် စရေးကတည်းက စာအရေးကောင်းသူတယောက်မှန်း သတိထားမိပါတယ်။ အသောလေးတွေ အထေ့လေးတွေနဲ့မို့ ကိုယ်တွေ့လည်း ဖြစ်တော့ ဖတ်ရတာလည်း မပျင်းရအောင်ပါပဲ။
    နောက်အပိုင်းတွေလည်း မျှော်နေပါတယ်။ တရက်ကို ၂ ပိုင်းတင်လို့ရတယ်လေ ဦးကျောက် 😀
    ဖတ်ချင်လို့ပါ။

    • etone

      September 14, 2012 at 4:17 pm

      အစ်မရေ .. အဲ့အူးလေးဂျီး ..စာရေးကောင်းရုံတင်မဟုတ်ဘူး … တော်ကီလည်းကောင်းတယ် …. အင်တာနေရှင်နယ် …စကီလေး ငါးယောက်တပြိုင်ထဲ ပြတ်ကြွေသွားအောင် အားလူးဖုတ်နိုင်စွမ်း ရှိတယ် ….. ။

      အူးလေးရေ .. ပါးပါးလေးဖွသွားတဲ့ အမိုက်မဲလေးကို ခွင့်လွှတ်ပါ …. ခွိခွိ 😉

  • etone

    September 14, 2012 at 3:45 pm

    အူးလေးရဲ့ ပြောပြတဲ့ ငယ်ဘဝနဲ့ … လက်ရှိအခြေနေ တစွန်းတစကို နှိုင်းယှဉ်မိရင်း …. ပျော်ပျော်နေတတ်တဲ့ လူအဖြစ် မြင်မိပါတယ် ။ ဒါကြောင့်လည်း ဘယ်လောက်ပဲ နှိပ်ကွပ်ကွပ် ၊ ဘယ်လိုပဲ စစ ….. စိတ်မဆိုးတတ်တာ …. ။ ဟီး :mrgreen:

    (အကောင်းမထင်နဲ့နော် …… နောက်ကြုံရင် လက်နက်ကြီးနဲ့ဆော်မှာမို့ … မျက်နှာချိုသွေးနေတာ .. ခွိ ခွိ 😆 )

  • ဦး ကျောက်ခဲ

    September 14, 2012 at 5:25 pm

    ကိုကြောင်ဝတုတ် ၊ ကိုTNA ၊ ညီမကြည်ဆောင်း ၊ ညီမ pooch နဲ့ တူမ etone

    မင်္ဂလာပါ ခင်ဗျာ….

    ကိုကြောင်ဝတုတ်
    ကျေးဇူးတင်ပါတယ် ခင်ဗျာ။

    ကိုTNA ၊ ညီမ pooch
    အပိုင်း ၂ ဇတ်သိမ်းပိုင်းက ရေးတုံးတန်းလန်းပါ၊ Burglish နဲ့ရိုက်ရတာမို့ သိပ်ပြီး ခရီးမတွင်လှဘူး။ ပြီးရင် တင်ပေးပါ့မယ်….

    ညီမကြည်ဆောင်း
    အဖိုး နဲ့ အဖွား ရန်ဖြစ်တာက ရိုးနေလို့၊ အဆော့တောင် မပျက်ဘူး၊ အ ဟိ….. ဒါလေးများ

    တူမ etone
    အေးပါအေ ၊ အလှည့်ကျရင် ချိတ်မဆိုးကြေး ခွိ ခွိ 😆

    • TNA

      September 14, 2012 at 5:38 pm

      TNA သည် သားတယောက်အမေ အပျိုဂျီးဖြစ်ပါကြောင်း။ [:@]

      • ဦး ကျောက်ခဲ

        September 14, 2012 at 5:51 pm

        မှားတဲ့အခါလဲ မှားပေမပေါ့
        မဟုတ်မှလွဲရော သဲနုအေး ဖြစ်ရမယ်! 😆

  • ခင်ဇော်

    April 13, 2015 at 3:25 pm

    တူမဂျီး ရဲ့ ဦးလေး က ငယ်ကတည်း က ဇ မသေးဝူးးး
    ခိခိခိ

    :mrgreenn:

    • ဦးကျောက်ခဲ

      April 14, 2015 at 8:50 am

      သင်္ကြန်တွင်းမှာ မယ်ချွိတို့ ကျောက်တူးတာခံလိုက်ရတယ်…
      နေနှင့်ဦး … လူထူမှ ခင်ဇော်ကို ပို့စ်တင်ပြီး နှိပ်စက်ဦးမှ…
      :k:

  • ဟိဟိ… ဖတ်ပြီးသားတောင် ပြန်ဖတ်ရင်း တဟီးဟီးနဲ့ ပါးစပ်မစေ့ရဘူး… 😀 😀
    အပိုင်း (၂) ကို ပြေးလိုက်ဦးမယ်…

  • Crystalline

    April 14, 2015 at 7:27 pm

    အူး​လေးပိုစ်​့​တွေအကုန်​ဖတ်​ပြီးသား… မနှစ်​ကတူးတာ.. ပြန်​ဖတ်​​တော့လည်​း ပြန်​ရီရပြန်​..

  • uncle gyi

    April 14, 2015 at 11:00 pm

    ရန်ဖြစ်မဲ့လင်မယားများအတုယူဖွယ်
    အဖိုးနဲ့အဖွား
    လို့ပြောရမှာ

Leave a Reply