အ – အလင်းဆက်အတွက် Surrealism လက်ဆောင်

အလင်းဆက် ဆိုတဲ့ အနုပညာကို ရူးသွပ်သူ ဆရာသမားလေး တစ်ယောက်က Surrealism အငွေ့အသက်တွေ လွှမ်းခြုံနေတဲ့ လှပတဲ့ အင်္ဂလိပ်ကဗျာလေးတစ်ပုဒ် ပြုံးကို လက်ဆောင်ပေးလာခဲ့တယ်။ သူပေးတဲ့လက်ဆောင်လေးကတော့

THE ROSE THIEVES

+ SOMEONE BE A ROSE TREE

SOME BE THE WIND’ S DAUGHTERS

SOME THE ROSE THIEVES .

+ THE ROSE THIEVES CREEP UP ON THE ROSE TREE

ONE OF THEM STEAL A ROSE ,

HIDES IT IN HIS HEART .

+ THE WIND ‘ S DAUGHTERS APPEAR

SEE THE TREE PLUNDERED OF ITS BEAUTY

AND GIVE CHASE TO THE ROSE THIEVES .

+ OPEN UP THEIR BREAST ONE BY ONE

IN SOME THEY FIND A HEART

IN SOME SO HELP ME NONE

+ THEY GO ON OPENING UP THEIR BREAST

UNTIL THEY UNCOVER ON HEART

AND IN THAT HEART THE STOLEN ROSE .

…………………….
Vasko popa
————————————
သူပေးတဲ့ ကဗျာလေးကို ပြုံး စိမ်ပြေနပြေ ခံစားပြီး တတ်သလောက် ဘာသာပြန်ပေးလိုက်ပါတယ်။ ပြုံးရဲ့ လက်ဆောင်လေးပါ။

““နှင်းဆီစောရများ””

XX နှင်းဆီရှင်ရယ်
လေပြည်ရယ်
စောရများရယ်။
XX နှင်းဆီပင်၊ နှင်းဆီပိုင်ရှင်
စောရတွေ တွားတက်လာကြ။
ပန်း … ပန်းနှင်းဆီ
တစ်ဦးသောစောရ
ခိုးယူနိုင်ခဲ့သည်။
နှလုံးသားထဲ သိမ်းဝှက်ခဲ့
စောရရဲ့ နှလုံးသားနှင်းဆီ။
XX လေပြည်အလာ
မလှတော့တဲ့ နှင်းဆီပိုင်ရှင်
ပန်းမဲ့သစ်ပင်။
စောရတွေနောက်ကို လေပြည်သွေး
ဖမ်းဆီးရေး စတင်။
XX ရင်ကိုခွဲ … ရင်ကိုခွဲ
တစ်ဦးပြီးတစ်ဦးရဲ့ ရင်ကိုခွဲ
တချို့ရင်မှာ နှလုံးသားရှိ
တချို့ရင်မှာ နှလုံးသား မရှိ။
XX ရင်ကိုခွဲ … ရင်ကိုခွဲ
စောရတွေရဲ့ ရင်ကိုခွဲ
အပွဲပွဲနွှဲအပြီးမှာ … ရှာတွေ့ခဲ့ပြီ။
တစ်ခုသော နှလုံးသားတွင်းက
ခိုးရာပါ နှင်းဆီ … အို … နှင်းဆီ။
——————————
မွေးနေ့မှာ ပျော်ရွှင်ပါစေ ကိုသူရရေ။

13 comments

  • manawphyulay

    September 15, 2012 at 11:31 am

    စာပေချစ်သူချင်း အပြန်အလှန်
    ပေးတဲ့လက်ဆောင်လေးတွေကတော့
    တကယ့်ကို သိမ်မွေ့နူးညံ့လှပါတယ်။ အားလည်း ကျမိပါရဲ့ရှင်။

  • အလင်းဆက်

    September 15, 2012 at 8:44 pm

    ဝိုး………….

    သိပ်ကို ကောင်းမွန် လှပ..တဲ ့

    စာပေ လက်ဆောင်မွန်….။

    မမပြုံး..ရေ…
    ကျေးဇူးပါ့ပဲဗျာ.။

    ကဗျာလေးကို…ကျွန်တော့်ကိုယ် တိုင်…

    ဘာသာပြန်ကြည့်ဖူးတယ် ။ အခု မမပြုံး ပြန်ထားတဲ ့စကားလုံးတွေနဲ ့…
    ယှဉ် ဖတ်လိုက်တော့….
    အဟဲ…..
    မယှဉ်ဝံ့သူ…. ကိုယ် အဖြစ်များရယ်…..ပေါ့ဗျာ.။

    __________
    အင်မတန်… လှပ တဲ ့စကားလုံးတွေ.နဲ ့… ဘာသာပြန်သွ့ားတာလေး….

    ဦးညွတ်လိုက်ပါတယ်..ဗျာ.။

    လေးစားစွာ…
    အလင်းဆက်

  • ဝင့်ပြုံးမြင့်

    September 15, 2012 at 11:00 pm

    မနောရေ အားပေးတာ ကျေးဇူးနော်။
    ——-
    ကိုသူရ ကြိုက်တယ်ဆိုလို့ ဝမ်းသာပါတယ်။ ဒါ surrealism အငွေ့အသက်လေးပဲ ရှိသေးတာနော်။ တကယ့် အစစ်တွေ ချမပြရသေးပါလား။ အစစ် ဝတ္ထု တစ်ပုဒ်လောက်သာ ဖတ်ပြီးရင်တော့ လူကို လှုပ်တောင်မလှုပ်နိုင်တော့ဘူး။ ကိုယ်တွေ့ အဟီး။

  • အလင်းဆက်

    September 16, 2012 at 7:48 pm

    ဒီကဗျာလေးကို မူရင်းကိုလည်း..ကြိုက်တယ် ။ အခု ဆရာမ ဘာသာပြန်ပုံလေးကလည်း..လှနေတာပဲ..ဆိုတော့..
    ကြိုက်ပြီးရင်း..ကြိုက်ရင်းပေါ့ဗျာ။
    ________________
    နှလုံးသားထဲ သိမ်းဝှက်ခဲ့
    စောရရဲ့ နှလုံးသားနှင်းဆီ။…ဆိုတဲ ့စာသားပြန်ထားပုံလေး…
    ________________
    လေပြည်အလာ
    မလှတော့တဲ့ နှင်းဆီပိုင်ရှင်
    ပန်းမဲ့သစ်ပင်။
    စောရတွေနောက်ကို လေပြည်သွေး..

    ဆိုတာ မျိုး….ဘာသာပြန်ထားပုံ…
    ________________________

    ရင်ကိုခွဲ … ရင်ကိုခွဲ
    စောရတွေရဲ့ ရင်ကိုခွဲ
    အပွဲပွဲနွှဲအပြီးမှာ …..

    အဲဒီ လို အရေးအဖဲွံ ့မျိုး….
    ________________

    ရပ်ကွက်ထဲက လူတွေ ပြောသလိုပြောရရင်တော့…

    မိုက်..တယ် ..ဗျာ..။

    စာသား…တွေ က… တကယ်.ကောင်းပါတယ် ။ ကဗျာလေးကလည်း.တကယ် ကောင်းပါတယ် ။
    _____________________
    ဒီလက်ဆောင်ကတော့…

    ကျွန်တော့်ဘဝမှာ..မေ့မရတော့မယ့် လက်ဆောင်တစ်ခုပါ ။
    ကျေးဇူးပါ ။

    ကျွန်တော့် …အသက် 25 နှစ်ပြည့်တဲ ့နေ ့…18 .9 .2012 မှာလည်း..
    ကျွန်တော့်ကိုယ် ကျွန်တော်… ပြန်ဆုံးမ ထားတဲ ့…
    စာလေး တစ်ပုဒ် ရေးတင် ဦးမယ်..လို့ရည်ရွယ်ထားပါတယ် ။
    ( ဒါက ကြော်ငြာ ဝင်တာပါ ။ အဟိ ။) 😀

    ခင်မင်လေးစားစွာ…..

  • ကြောင်ကြီး

    September 17, 2012 at 8:00 am

    နှင်းဆီစောရ
    မြင်းသည်ခေါမ
    အင်းဆည်တောဝ
    သင်းကြည်ချောလှ
    ကင်းဖီသောမ
    ဒင်းရီဘောကျ
    လင်းညီထောပါ့
    ချင်းပြည်ဗျောတ..။

  • ကိုပေါက်(မန္တလေး)

    September 17, 2012 at 12:42 pm

    ဗျောတ တာက အင်းဆီတောဝက လူတွေပါ။
    ထောပြီးဝတာက ခရိုနီ
    အပျိုကိုပြီတီတီလုပ်တာကြောင်ကြီး
    ရီသလိုလို မပီကလာလုပ်တာကသင်းကြည်
    စောရနှင်းဆီက မြင်းသည်ကိုခေါ်တော့
    ကြေးမကိုက်လို့ မလိုက်ဘူးတဲ့ဗျာ။
    ကဲ ဘာတတ်နိုင်သေးသတုံး တူတော်မောင်ရေ

  • မိုး မင်းသား

    September 17, 2012 at 7:17 pm

    ဆရာမရေ…

    အလင်းဆက်အတွက်လက်ဆောင်လေး……တင်ပေးတဲ ့အတွက်

    အလင်းဆက်ကိုယ်စားကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ

  • အလင်းဆက်

    September 17, 2012 at 8:28 pm

    ကျွန်တော့် ကိုယ် စား.ကျေးဇူးတင်သွားတဲ ့ကိုမိုးမင်းသားကို…
    ဆရာမ စင့်ပြုံးမြင့်ကိုယ်စား..ကျေဇူးတင်ပါကြောင်း…
    😀

  • ကြောင်ကြီး

    September 18, 2012 at 8:26 am

    ဆရာမဝင့်ပြုံးမြင့်အတွက် ကျေးဇူးတင်သွားတဲ့ အလင်းဆက်ကို သဂျီးကိုယ်စား ဦးကြောင်ကြီးမှ (အသက်ငယ်သောကြောင့်) ကျေးဇူးတင်ပါဂျောင်း….

    • ဒဿ ဖွတ်ကျား

      September 18, 2012 at 8:31 am

      သဂျီးကိုယ်စား ကျေးဇူးတင်သွားသော
      အူးကြောင်ကြီးအား .. နှူးဘာဂိုဏ်း ကိုယ်စား
      ဒဿဖွတ်ကျား မှ ကျေးဇူး တင်ပါကြောင်း..

      :mrgreen:

  • အလင်းဆက်

    September 18, 2012 at 9:18 am

    နှူးဘာဂိုဏ်း ကိုယ်စား
    ကျေးဇူး တင်..သွားသော… ဒဿဖွတ်ကျား…အား..
    အနုပညာလောက မှ အလင်းဆက်က…
    ကျေးဇူးတင်ပါကြောင်း…
    ထို ့နောက်….
    သူဂျီးး ကိုယ်စား ကျေးဇူးတင်သွားသော..
    ဦးကြောင် အား…
    ဆရာမ -ဝင့်ပြုံးမြင့်… ကိုယ် စား..
    အနော်က ပဲ..ကျေးဇူးတင်ပါကြောင်း..
    ထိုက်နော့က်..ကျေးဇူးတင်ပါကြောင်း..
    😀
    ( ရှုပ် ကုန်ပြီ ။)

    • mayjuly

      September 18, 2012 at 12:42 pm

      အပျော်လွန်နေတာပေါ့လေ .. 😀

Leave a Reply