ကမာ္ဘ့ဖလားတွင် စပိန် ဗိုလ်စွဲမည်ဟု စိတ်တန်ခိုးရှင် ရေဘဝဲ ပေါလ် ဟောကိန်းထုတ်ပြီ
၂၀၁ဝ ကမာ္ဘ့ဖလား ပွဲစဉ်များကို ရာနှုန်းပြည့် မှန်ကန်စွာ ခန့်မှန်းပေး နေသည့် ရေဘဝဲ ပေါလ်သည် စပိန် အသင်း ဗိုလ်လုပွဲ၌ အနိုင်ရကာ ဗိုလ်စွဲလိမ့်မည်ဟု ခန့်မှန်းလိုက် ပြန်ကြောင်း သိရသည်။
ပေါလ်သည် ယခုနောက်ဆုံး ကမာ္ဘ့ဖလား ဗိုလ်လုပွဲ အတွက် စပိန်နှင့် ဟော်လန် ၂ သင်း ထဲမှ အနိုင်ရမည့် အသင်းကို ရွေးချယ်စေခဲ့ရာ စပိန် အသင်းကို ရွေးချယ် လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဟော်လန် ပရိသတ် များသည် အဆိုပါ ခန့်မှန်းချက် အတွက် စိတ်ပျက် နေကြပြီး ရေဘဝဲ၏ ဟောပြောချက်များ မှားယွင်း ပါစေရန် ဆုတောင်းနေ ကြရကြောင်း သိရသည်။
ရေဘဝဲ ပေါလ်သည် ပြီးခဲ့သည့် ယူရို ၂၀၀၈ ပွဲစဉ်များကို ခန့်မှန်း စေခဲ့စဉ်က နောက်ဆုံး ဗိုလ်လုပွဲ၌ ဂျာမနီနှင့် စပိန် တွေ့ဆုံရာ ဂျာမနီ အနိုင်ရမည်ဟု တစ်ကြိမ် တခါ မှားယွင်းစွာ ခန့်မှန်းခဲ့ဖူးသည်။
ဂျာမနီ နိုင်ငံတွင် မွေးမြူထားသော အဆိုပါ ရေဘဝဲသည် ဂျာမနီ အသင်း၏ ပွဲစဉ်များကိုသာ ခန့်မှန်ပေးလေ့ ရှိသော်လည်း ယခု တစ်ကြိမ်တွင် ဂျာမနီ အသင်း မပါသည့် ပွဲစဉ် တစ်ခုကို ပထမဆုံး ခန့်မှန်းပေး ခဲ့ခြင်း ဖြစ်သည်။ သို့သော် ၎င်းတို့ ဂျာမနီ အသင်း ပါဝင်သည့် ပါရာဂွေးနှင့် တတိယ နေရာလုပွဲ ကိုလည်း တပါတည်း ခန့်မှန်း ပေးခဲ့ပြီး ဂျာမနီ အသင်းသာ အနိုင်ရ လိမ့်မည်ဟု ရွေးချယ်ခဲ့ ကြောင်းလည်း သိရသည်။
အဆိုပါ ရေဘဝဲ ပေါလ်သည် ယခုနှစ် ကမာ္ဘ့ဖလား ပြိုင်ပွဲတွင် ဂျာမနီ အသင်း၏ ပွဲစဉ် ၆ ပွဲ ခန့်မှန်းပေး ခဲ့ရာ ၆ ပွဲစလုံး ရာနှုန်းပြည့် မှန်ကန်ခဲ့သူ ဖြစ်သည်။ ၎င်း၏ ခန့်မှန်းပုံမှာ မှန်ပုံး ၂ ခု ၌ ယှဉ်ပြိုင်မည့် အသင်း ၂ သင်း၏ အလံများ ကပ်ထားပြီး အထဲတွင် ကမာကောင် တစ်ကောင်စီ ထည့်သွင်းကာ ရွေးချယ်ခြင်း ဖြစ်သည်။
ရေဘဝဲ ပေါလ် နှိုက်ယူ စားသုံးသည့် ကမာကောင် ထည့်ထားသော မှန်ပုံးတွင် ကပ်ထားသည့် အလံပိုင်ရှင် အသင်းသည် အမြဲ အနိုင်ရလေ့ ရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် ရေဘဝဲ ပေါလ်၏ ခန့်မှန်းရွေးချယ်မှုကို ဂျာမနီ ရုပ်သံ n-tv ကပင် အစီအစဉ် တစ်ခု အနေဖြင့် တိုက်ရိုက် ရိုက်ကူးပြသ နေရကြောင်း သိရသည်။
6 comments
zamte
July 9, 2010 at 2:34 pm
အထက်ပါ သတင်းမှာ Soccer Myanmar အားကစားသတင်းဌာနမှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ (မူရင်းပို့စ်မှာ ထည့်ဖို့ မေ့သွားလို့ပါ။)
ghost
July 9, 2010 at 5:32 pm
ဘယ်ကလာ…စိတ်တန်ခိုးရှင်ရမလဲ…ဦးနောက် မရှိတဲ့ ရေသတ္တဝါပါ…
chitlay
July 10, 2010 at 2:01 am
အမြဲတမ်းတော့ သူရွေးတာတွေက မှန်နေတာပဲလေ ဒီတစ်ခါလဲမှန်ပါစေ။
azure
July 10, 2010 at 3:17 am
ဒီကောင်က ငတ်ကြီးကျနေတာပါဗျာ ဂျာမနီနိုင်ငံက လူတွေများ ရူးနေကြလားမသိပါဘူး ဟုတ်ပါ့ ဦးနှောက် မရှိတဲ့ ရေသတ္တဝါကိုများ ……… ကျွန်တော်တို့နိုင်ငံက ခလေးတွေကို ချိုင်းကြားလက်ထောက်ပြီး မေးခိုင်းတာတောင် ဒီထက်တိကျ ပြီးတော့ပိုမှန်လိမ့်မယ်နဲ့တူတယ်
Shwemannmay
July 10, 2010 at 3:43 am
အော် သတ္တဝါကသူ ့ပာာသူ ပာိုသွားဒီသွား လုပ်တာကို ဗေဒင်လုပ်ပီးမေးကြတဲ ့လူတွေကရှိသေး
Pa Pa
July 10, 2010 at 3:47 am
လောက ဆိုတာ လကောဘဲ လေ….။ဖြူးဆရာတော် ဟောသလို ပြောရရင် ဂါစရိုင်း၊ဘော်ဒိုး၊နော်ဂဒက် လိုပါဘဲ…။ရေဘဝဲကတော့ မှန်မမှန် မသိ …..လူတွေကတော့ အရူးချီးပန်းတွေဘဲ…။