Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တစ်ယောက်တည်း စကား……..

marblecommetSeptember 22, 20121min67127

ကိုယ်ဟာ သူမနဲ့ တွေ့ဖို့အတွက် အိမ်ပြန်နောက်ကျခဲ့လေသလား။
ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်ပဲ အိမ်ပြန်နောက်ကျပြီးမှ သူမနဲ့တွေ့ခဲ့လေသလား။
သေချာမသိနိုင်ပေမဲ့ ပိုပြီး သေချာပီပြင်လာတာကတော့
မြောက်ပြန်လေဟာ ခါတိုင်းထက်ပိုပြီး စနစ်တကျ တိုက်ခတ်တတ်လာပါတယ်။
မီးစုန်းရင်ခုန်မှော်ဓာတ်ကလေး ပိုမိုသက်ဝင်စီးမျောလာပါတယ်။ ပြတင်းပေါက်ဘောင် ထဲက
မြင်နေကျ လဝန်းကလည်း ပိုမိုလုံးဝန်းကျယ်ပြန့်လို့ လာပါတယ်။
ဒါဟာ အနုပညာအတွက်နဲ့ သက်ရှင်နေထိုင်မှုအတွက် သူမက
ပိုမို ကျစ်လျစ်တိကျလာတဲ့ ကမ္ဘာသစ်တစ်ခုဆီကို ညွန်းဆိုနေသလိုပဲပေါ့။
……..
ပြီးတော့…..သူမနဲ့ ကိုယ်ချိန်းဆိုထားတဲ့ ဆက်တင်တစ်ခုလည်း မကြာခင်
ဆိုက်ရောက်လာပါတော့မယ်။ အဲဒီအခါ မြေကြီးနဲ့ ကောင်းကင်ဟာ မတူညီတဲ့ဆွဲအားတွေနဲ့
ကောင်းချီးပေးကြဖို့ ကိုယ်တို့ရဲ့ ရိုးအတဲ့နှလုံးသားနဲ့ မျှဝေရင်းနှီးကြတဲ့အခါ ကြယ်အပေါင်းနဲ့
နက္ခတ်တာရာတွေကလည်း ထပ်ချပ်မကွာလိုက်ပြီး ချီးပင့်မြှောက်စားကြပါလိမ့်မယ်။
အကြောင်းကတော့ သူမဟာ သူငယ်နှပ်စားတွေနဲ့ ပလဲနံပ သင့်ပြီး ကျွန်စနစ်ကို မုန်းတီးတတ်တဲ့
ခွတီးခွကျ နတ်သမီးလေးတစ်ပါးဖြစ်နေလို့ပါ။
…..
အခုတော့
ကိုယ်တို့ရဲ့ ချိန်းဆိုထားတဲ့ ဆက်တင်မလာခင်..ခွတီးခွကျနတ်သမီးလေး တစ်ပါးရဲ့
ကံ၊ စိတ်၊ ဥတု၊ အာဟာရ ပေါင်းဆုံတဲ့ နေ့ကလေး တစ်နေ့မို့
ကိုယ်က ရိုရိုကျိုးကျိုးသိမ်မွေ့ပေးရမယ့် သီလ တစ်ခုကို အားထုတ်နေပါတယ်။ အဲဒီ သီလနဲ့ပဲ ကိုယ်တို့ဟာ
အနာဂတ္ထိကို မျှော်ကြည့်လို့။ ကိုယ်တို့ဟာ တိမ်ပြာရောင် နေ့ရက်ကလေးတွေကို တတ်နိုင်သလောက်
ထုဆစ်ကြမယ်ဆိုတဲ့ ရိုးဂုဏ်တွေနဲ့။ နေမြင့်လာတော့ ကမ္ဘာကြီးက ပိုပြီး ပူနွေးလာပါတယ်။
ကမ္ဘာကြီးပိုပြီးပူနွေးလာတာနဲ့အမျှ လူတွေရဲ့ မေတ္တာတရားက ပိုပြီး အေးစက်စိုစွတ်လာတဲ့အခါ
ကိုယ်တို့ဟာ တည်တည်ငြိမ်ငြိမ်နဲ့ တူညီမှုတစ်ခု၊ စိတ်တူကိုယ်တူ ကိုယ်ကျင့်သိက္ခာတစ်ခုကို တပ်ဆင်လို့
အချစ်ကို အခန်းပြောင်းလျှောက်မယ့် ဆက်တင်ကို ကျင့်ကြံအားထုတ်လို့။
…..
တကယ်တော့ ကိုယ်တို့ဟာ….မီးများမီးနိုင် ရေများရေနိုင် ကမ္ဘာကြီးမှာ
ကိုယ်နဲ့ သင့်တော်ရာ၊ ရေကြည်ရာ မြက်နုရာ ဘဝကို ရှာဖွေရင်း အိပ်မက်ဆိုးတွေနဲ့
ထိပ်တိုက်တိုးကြရ၊ နာကျင်ကြေကွဲမှုတွေနဲ့ ရှင်သန်ကြရင်း ကို်ယ်တို့အဖြစ်ဟာ
အဲဒီ တောကြီးဝင်္ကပါထဲက ကြည်နူးဖွယ်ဇာတ်ဝင်ခန်းလေးတစ်ခုမှာ အဓိကဇာတ်ကောင်အဖြစ်
မျှော်လင့်တကြီးပါဝင်ပတ်သက်လို့။ အဲဒီမှာ ကိုယ်တို့ ပုန်းကွယ်နေတဲ့ အလှတရားတွေကို ကိုယ်တို့
ရေတွက်ကြမယ်။ ဘုရားသခင်က ကွေ့ခွင့် ပြုထားတဲ့ ဂ ငယ်ကွေ့လေးကို လိုလိုချင်ချင်အကောင်အထည်
ဖော်ကြမယ်။ တိမ်မြုပ်နေတဲ့ လူသားစံနှုန်းတွေကို ပြန်လည်ရှာဖွေဖော်ထုတ်တဲ့ အတတ်ပညာတွေကို
လေ့လာဆည်းပူးရင်း ပျော်ရွှင်ခြင်းပွဲတော်ကို အတူတူ တက်ရောက်ကြမယ်လေ…….။

22.9.2012
စနေ၊ နံနက်…..

27 comments

  • အရီးခင်လတ်

    September 22, 2012 at 4:03 am

    ဂ ငယ်ကွေ့
    နဲ့
    U Turn
    ဘာကွာလဲ ဆိုပြီး မဆီမဆိုင်တွေးမိနေတာ စိတ်မရှိပါနဲ့ တော်။ :harr:

    • surmi

      September 22, 2012 at 8:48 am

      တော်တော်နောက်တဲ ့အရီး
      ဒီမှာဘယ်လိုမန် ့ရမှန်းတောင်မသိတော ့ဘူး မုဒ် ပေါက်သွားပြီ ။ ပြန်လျော်ပေး

      ကိုကမ်းရေ
      ဟိုရက်က အဘနီက အနုပညာနဲ ့ပတ်သက်ပြီး တင်တဲ ့ ပို ့စ်ကို သဂျီးကစပေးလိုက်တာ
      စုံထောက်ရော ဂမ္ဘီရရော စုံသွားတာပဲ ခုလည်း အရီးက ဂငယ်ကွေ ့လုပ်ပြန်ပြီ

      • marblecommet

        September 22, 2012 at 10:22 am

        ကိုဆာရေ့
        အခုရက်ပိုင်း ပို့စ်သာ အပြေးအလွှား တင်လိုက်ရတာ
        ပို့စ်တွေ ဖတ်ဖို့အကြွေးကျန်သေးတာက အများကြီးဗျာ…
        ….

    • marblecommet

      September 22, 2012 at 10:18 am

      ယူတန်းနဲ့ ဂ ငယ်ကွေ့
      ကွာခြားမှုကို အတွေးပွားသွားတဲ့
      အနော်တို့ အရီး
      သနားပါဒယ်….
      အာဟိ…..

    • Khaing Khaing

      September 22, 2012 at 11:27 am

      ခဏလေး … ခဏလေး သမီးရှင်းပြမယ် …. ဂ ငယ်ကွေ့က လမ်းတွေပေါ်မှာ ကွေ့ရင် ဂ ငယ်ကွေ့မကွေ့ရ လို့ရေးထားတာထင်တယ် …….. U Turn ကတော့ ဆရာစံလမ်းက Passport ရုံးရှေ့နားက ဆိုင်လေ စားလို့ ကောင်းတယ်လိုတော့ပြောကြတာပဲ … ကားနေရာသွားရလာရတာ လမ်းဆုံလမ်းဂွဖြစ်နေလို့ နည်း နည်းတော့အဆင်မပြေဘူး …… :p

  • kyeemite

    September 22, 2012 at 8:15 am

    ကိုကမ်းကြီးရေ…သိပ်တော့နားမလည်ပေမဲ့
    ယောင်ဝါးဝါးနဲ့ပဲခံစားသွားပါတယ်ဗျာ….
    ဘယ်လိုပဲဖြစ်ဖြစ်ပါလေ….
    “ ပျော်ရွှင်ခြင်းပွဲတော်ကို” တော့လိုက်ချင်သား…
    တစ်ယောက်ထဲတော့လည်းပြင်းစရာကြီး..ဆိုတော့..
    ဘေးမှာ…အဖေါ်လေးနဲ့ပေါ့ ကိုကမ်းရာ…နော. :harr: :chit: :om:

    • marblecommet

      September 22, 2012 at 10:24 am

      ကိုမိုက်ရေ့
      အဲဒီပွဲတော်ရောက်ခါနီးပြီဗျ….
      ကိုမိုက်အတွက်လည်း တစ်နေရာချန်ထားမယ်နော်…
      ဟိ…..

  • ahnyartamar

    September 22, 2012 at 9:14 am

    တယောက်တည်း မြည်တမ်းတနေတာတွေကို မျှဝေခံစားမိပါ၏။

  • မဟာရာဇာ အံစာတုံး

    September 22, 2012 at 9:46 am

    အဟမ်း ..
    ခင်ဗျား တစ်ယောက်တည်း ရေရွက်လိုက်တဲ့ စကားတွေထဲမှာ
    သူမက ခွတိခွကျ နတ်သမီးလေးတစ်ပါး ဆိုပြီး တွေ့လိုက်လေသလားပဲ ..
    အဲ့ဒါ ဂယ်လားဂျ ..
    ဘာပဲပြောပြော နတ်သမီးဆိုဒေါ့ လှမှာပေါ့နော် ..
    :kwi:

    • marblecommet

      September 22, 2012 at 10:28 am

      ကိုအညာရေ့
      မတွေ့တာ ကြာပြီနော့…..
      ဝင်မန့်သွားတဲ့အတွက် ကျေးဇူးဗျို့.
      ……
      အံကြီး
      ကျားကိုက်ပါတယ်ဆိုမှ
      အပေါက်နဲ့လား မေးသလို ဖြစ်နေပါသော်ကော
      ကိုရင်ရယ်
      နတ်သမီးပါ ဆိုမှ …..
      အာဟင့်…..

  • etone

    September 22, 2012 at 9:56 am

    အော .. ဂလိုဂျောင့်ထင်ဒယ် … :chit:
    အိပ်မက်ဆိုးတွေနဲ့ ……. ထိပ်တိုက်တိုးနေလို့ ….. သန်းခေါင်ယံရော၊ ဝေလီဝေလင်းမကျန် …. မဏ္ဍပ်ထဲ ထထအော်နေတာကိုး … ။ အခုမှပဲ ..သိတော့တယ် …. သူလည်း … အတီးကွဲနေဒါ … ခွိခွိ ။ :byae:

    နာ့ကျမှ အတီးကွဲ .. နာ့ကျမှ .. အတီးကွဲ… နာ့ကျမှ အတီးတွေ ကွဲဘီကွယ် …. ခွိခွိ ။ :kwi:

    • ဒဿ ဖွတ်ကျား

      September 22, 2012 at 10:02 am

      ဟုတ်ဗျာ.
      အဲ့လူ သန်းခေါင်သန်းလွဲ.
      သားကိုပစ်ထားတယ် အော်လိုအော်.

      ကိုဂီနဲ့ စကားမပေါရတာ ကြာပီ ဆို လာပေါလိုပေါ.
      အချိန်ကြည့်တော့ သည်မှာ မနက် ၅နာရီ.

      အဲ့သည့်. ဇီးဂွက်ကြီး ကိုယ် နှိုက်က ဂွကျနေတာပါအေ.

      :kwi:

      • etone

        September 22, 2012 at 10:08 am

        ဟုတ်ပါရဲ့တော် ……. သူကိုယ်တိုင်က ဇီးကွက်ဖြစ်နေတာကိုး :chee:
        အဲ့လာနဲ့များ ပစ်ထားဒယ်လေး … ဘာလေးနဲ့ ……. ။ ဒါတင်မကဘူး …. ဝမ်းစာရှာရတယ်ဆိုလား .. ဘာဆိုလားပဲ … ပြောသေးတယ် …. သူများတွေများ အလုပ်ကောင်းတာ … .. နေ့မနား .. ညမအားပဲ … :kwi:

  • marblecommet

    September 22, 2012 at 10:31 am

    အုံမာ အုံမာ….
    ဒီနှစ်ယောက် အတိုင်အဖောက်
    ဂလိုင်ခေါက်နေလို်က်ကြထှာအေ….
    မဏ္ဍပ်မှာ ဇဂါးမပြောရဲအောင် လုပ်နေကြတာလား ဟင်စ်…

  • Khaing Khaing

    September 22, 2012 at 11:29 am

    ကဗျာလေးရဲ့ အဓိပ္ပာယ်ကို လေးနက်စွာ ခံစားဖတ်ရှုသွားပါသည် …….

    အပေါ်ကလူတွေလို လှောင်ပြောင်ခြင်းမပြုပါ …. နှလုံးသားမရှိတဲ့ ဒသမယ်တုံ ………… :hee

    • etone

      September 22, 2012 at 3:50 pm

      အောင်မယ် ဂဲတလုံးနဲ့ ဌက်နှစ်ကောင်ထိအောင်ပစ်တာပေါ့ ဟုတ်လား ဒေါ်ဗိုက်ဖူးခိုင် ။ ယောက္ခမလည်း အလျော့မပေးဘူးနော် ပြောသင့်တာတော့ပြောရမှာပဲအေ ။ ဘာဒဲ့ဒသမယ်တုန်ဟုတ်လား 👿 ကျုပ်တို့ လတူနှစ်တူ မောင်နှမကို စော်ကားလိုက်တာပဲ ။ သူ့သားကိုယူပြီးမှ ကောင်းကောင်းခိုင်းပစ်ဦးမယ် ခွိခွိ :kwi:

  • pooch

    September 22, 2012 at 3:14 pm

    “Walk on a rainbow trail;
    walk on a trail of song,
    and all about you will be beauty.
    There is a way out of every dark mist,
    over a rainbow trail. ”

    (NAVAJO SONG)

    သက်တံမျဉ်းကွေးပေါ် လျှောက်လှမ်းကြည့်ပါ
    သီချင်းသံစဉ် အမျှင်တန်းပေါ် လျှောက်လှမ်းကြည့်ပါ
    ကိုယ့်နဲ့ ပတ်သတ်သမျှ အလှတရားတွေချည်း ဖြစ်နေတော့မှာ
    မြူမှောင်ရီသိုင်းနေတဲ့ အရာကနေ ထွက်လမ်းတလမ်းတော့ ရှိတတ်တာမှာ
    အဲ့ဒါ သက်တံမျဉ်းကွေးအထက်မှာ…..

    (နာဗာဂျိုဆောင်း)

  • manawphyulay

    September 22, 2012 at 3:36 pm

    ထင်တော့ ထင်သား ခုတစ်လော ဘာတွေပေါက်နေလို့ လာလာရစ်နေပါလိမ့်လို့ .. ခုတော့ သဘောပေါက်ပြီ.. 😛

  • မောင်ပေ

    September 22, 2012 at 8:34 pm

    ချစ်သူရဲ ့အမှတ်တစ်ရနေ ့ရက်လေးမှာ
    စိတ်အဆာမပြေမှုတွေကြောင့်မို ့
    အနုပညာတစ်ပုဒ် ထုဆစ်မိသွားသူပါကလား

  • ကိုခင်ခ

    September 22, 2012 at 9:37 pm

    ပျော်ရွှင်ခြင်းပွဲကို အတူတူတက်ကြမယ်ဆိုပါလား၊ ဂ ကွေ့ပြန်ကွေ့ ရောကွေ့ရအုံးမှာလားဟင်၊
    အဲဒါလေးရှင်းအောင် အရင်ပြောပေးအုံး။

  • may flowers

    September 24, 2012 at 12:36 am

    အားပေးသွားပါတယ် သေသေချာချာဖတ်ကြည့်ပေမဲ့ ကိုယ်က ထုံလွန်းတော့ နားအလည်ဘူး :bar: :hee:

  • Shwe Ei

    September 24, 2012 at 11:33 am

    အော် တကိုယ်တည်းသမား လူပိုဂျီးတွေများ တယ်လဲ အသဲနုသကိုး။ ရုပ်ကြမ်းသလောက် စိတ်နုဒယ်ဆိုတာ မမကမ်းမှ အစစ်။ စာသားတွေ နုလွန်း ရွလွန်းလို့ နုနုရွရွ ခံစားသွားပါဂျောင်း :hee:

    • etone

      September 24, 2012 at 11:49 am

      ထောက်ခံပါတယ် ….. ဘာတဲ့…. စိတ်ကြမ်းသလောက် ..ရုပ်နုတယ်ဆိုလား .. ဘာလား …. အဟိ … :kwi:

      (နောက်တာပါအေ … တော်ကြာ… ဖီးလ်ငုတ်သွားရင် ညဘက် မဏ္ဍပ်ထဲ သီချင်းလာဆိုနေဦးမယ် … ခွိခွိ :hee: )

  • စိန်ဗိုက်ဗိုက်

    September 24, 2012 at 11:49 am

    တစ်ယောက်တဲ စကား ပြီးတော့..
    တစ်ယောက်ခွဲ စကားလေးလည်း ဖတ်ချင်သေးတယ် အူးကမ်းရေ့

    • mayjuly

      September 24, 2012 at 12:10 pm

      တော်တော် ခွဲ ချင်နေတယ်ပေါ့လေ ဟုတ်စ..
      ရော့ ဓါး သွားခွဲလိုက် … (ထင်းကျောပါဒယ် ) :kwi:

  • aemoshu

    September 25, 2012 at 5:00 pm

    ဟေဟေ့ တူလည်းနာ့လိုပဲ တစ်ယောက်တည်း ဂျကားကြောတယ်တော့ …

  • AKKO

    September 25, 2012 at 8:33 pm

    တစ်ယောက်တည်းပြောလို့သာပဲ ကိုကမ်းရာ ။
    အပြန်လှန်သာပြောလျှင် မိုးလင်းသွားမလားပဲ ။ :kwi:

Leave a Reply